တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဥပဒေများ

KLAC မှ ဦးဆောင်ပြီး ခရိုင်အတွင်းရှိ C. L. V (လူထု ဥပဒေ အထောက်အကူပြုအဖွဲ့) များနှင့်ပူးပေါင်းကာ ပထမဆုံးအကြိမ် ဥပဒေ စာဆောင် KNU ထုတ်ဝေ

                                                                                              ဖက်ဒရယ်ဂျာနယ် ဇွန် – ၂၈

     
KLAC (ကရင် ဥပဒေအထောက်အကူပြုဖွဲ့) မှ အဓိကဦးဆောင်ပြီး ခရိုင်အတွင်းရှိ C. L. V (လူထု ဥပဒေ အထောက်အကူပြုအဖွဲ့) များနှင့်ပူးပေါင်းကာ ဥပဒေစာစောင်ကို ပထမဆုံးအကြိမ်ထုတ်ဝေခဲ့ကြောင်းသိရသည်။

ကော်သူးလေဒေသအတွင်းနေထိုင်ကြသည့် လူထုထံသို့ အချိန်နဲ့တပြေးညီ ကော်သူးလေပြဌာန်း ဥပဒေ နှင့် တရားရေးစနစ်ဆိုင်ရာ ဗဟုသုတတွေကို ကျယ်ကျယ်ပြန့်ပြန့်သိနားလည်ရန်ရည်ရွယ်ကာ ဆက်လက်ပြီး ကော်သူးလေ နယ်မြေအတွင်း တရားဥပဒေဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုတွေက ဘာတွေရှိလဲ၊ ဥပဒေချိုး ဖောက်ရင် ဘယ်လိုအရေးယူမှုတွေရှိနိုင်လဲ ဆိုတာတွေကို လူထုတွေသိရှိ နိုင်ရန်နှင့် တရားဥပဒေကို လေးစား လိုက်နာပြီး ဥပဒေဆိုင်ရာ အခွင့်အရေးတွေဘာတွေရှိလဲ၊ ကော်သူးလေဥပဒေအပြင် အခြားသော နိုင်ငံတကာ ဥပဒေတွေကို လူထုတွေနားလည်နိုင်အောင် ရည်ရွယ်ပြီး ဥပဒေသတင်းစာစောင်ကို စတင်အကောင်အထည်ဖော် ထုတ်ဝေခြင်းဖြစ်သည်ဟု သိရသည်။

ကော်သူးလေနယ်မြေဒေသတွင်း နေထိုင်ကြသည့် ပြည်သူလူထုများ အပြင် လက်ရှိ ကော်သူးလေဒေ သတွင်း လာရောက်နေထိုင်ကြသည့် အခြားသောဒေသမှ လူထုများအား တရားရေးဆိုင်ရာ ကိစ္စရပ်တစ် ခုခုရှိ လာပါက တရားရေးလက်လှမ်းမီမှုအား မည်ကဲ့သို့ ရရှိနိုင်မလဲဆိုသည့် ဗဟုသုတများရရှိသွားစေရန်ဖြစ်ကြေညင်းနှင့် နောက်ထပ် တရားရေးပံ့ပိုးသူများမှ ၎င်းတို့အနေနှင့် ယခုစာစောင်တွင် တင်ပြထားသည့် လူထုစိန်ခေါ် ချက်များ၊ ဆောင်းပါးများကို ဖတ်ရှုခြင်းအားဖြင့် ၎င်းတို့အနေဖြင့် ပိုမိုကောင်းသည့် တရားရေးပံ့ပိုးမှုတွေကို ပေးနိုင်ရန်ဟု ဆိုသည်။

Related Articles

Back to top button