Photo – ဆယ်ဇင်း KIO အဖွဲ့
ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၁၃
ဥရုချောင်း ရေကြီးရေလျှံဖြစ်မှုကြောင့် ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာ ၂ခု၏ ပြည်သူ ၈၀၀ ဝန်းကျင်ခန့်က ရေးဘေးဒဏ်ကို ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဟောင်ပါးအုပ်စု ဆယ်ဇင်းနှင့် ဟုမ္မလင်းမြို့နယ် ရွှေတွင်းအုပ်စု ရွှေပြည်မြင့်စသော ကျေးရွာတို့မှာ ချောင်းရေလျှံပြီး ရေဝင်လာသာကြောင့် အဲဒီဒေသနေ ပြည်သူများ အရေးပေါ် ပြောင်းရွေ့ခဲ့ကြရတယ်လို့ ဆိုကြပါတယ်။
“အရင်နှစ်ကထက် ဥရုချောင်းရေကြီးလာတယ်လို့ ပြောလို့ရပါတယ်။ အရင်နှစ်ကတော့ ဥရုချောင်း ရှင်းလင်းရေးအဖွဲ့တွေ သေချာ လုပ်ထားကြတော့ ချောင်းရေကြီးလာသာ လျှံလာသာ မရှိခဲ့ဘူးပေါ့၊ ဒီနှစ်တော့ ဥရုချောင်းရေကြီးတာ စောတယ်လို့ ပြောလို့ရပါတယ်။ အရင်လွန်ခဲ့တဲ့နှစ်တွေတုန်းကလောက်တော့ ချောင်းရေ လျှံလာတဲ့အဆင့်ထိတော့မရောက်သေးဘူး၊ သို့ပေမယ့် ရေဝင်လာတဲ့ ကျေးရွာများက ပြည်သူတွေကတော့ အရေးပေါ်ရွေ့ပြောင်းပေးရသာပေါ”ဟု ဖားကန့်ဒေသခံတဦးက ဖက်ဒရယ်ဂျာနယ်သို့ ပြောပါတယ်။
၃ ရက်ခန့်အကြာ အဆက်မပြတ်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ နံနက်အစောပိုင်းက ချောင်းတွေ ကျေးရွာများထဲသို့ ဝင်ရောက်လာသာလို့ ဆိုပါတယ်။
အဲဒီလို ချောင်းရေလျှံမှုကြောင့် ရေးဘေးသင့်ခဲ့ရတဲ့ ပြည်သူများကို ကေအိုင်အေ ရဲဘော်များက အရေးပေါ် သွားရောက်အကူအညီပေးခဲ့ပြီး ကေအိုင်အို ဌာန ဆိုင်များက အစားအသောက်အချို့ကိုလည်း ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
အခုတော့ ရေကြီးရေလျှံဖြစ်မှုကြောင့် ရေဘေးဒဏ်သင့် ပြည်သူများက ဘုန်းကြီး ကျောင်းများနှင့် စာသင် ကျောင်းများတွင် ရွေ့ပြောင်းတိမ်းရှောင်နေကြောင်းသိရသည်။
လက်ရှိချိန်အထိ မိုးများလျက်ရှိနေပြီး ရေဘေးကြုံတွေ့နေရသော ပြည်သူများက ခေတ်ကာလ မငြိမ်းချမ်းနေတဲ့ ကာလမှာ ရေဘေးဒဏ်ကို ထပ်မှန် ရက်ရှည်ကြုံတွေ့ရမည်ကိုလည်း ဒေသခံများက စိုးရိမ် နေကြပါတယ်။
ဒါ့အပြင် ဖားကန့်ဒေသသည် အင်တာနက်လှိုင်းဖြတ်တောက်ခံထားရသည်မှာလည်း (၁၀) လ ဝန်းကျင် ရှိလာပြီဖြစ်ပါတယ်။