တိုင်းရင်းသားများသတင်း

ကျောက်စီမ်းလုပ်ကွက် ကျင်းဟောင်းထဲ ပြုတ်ကျသွားသည့် မိသားစု ရုပ်အလောင်း မတွေ့ရှိသေး

ဓါတ်ပုံ – စီဂျေ

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၁၁

ဖားကန့်မြို့နယ် အေးမြသာယာကျေးရွာရှိကျောက်စိမ်းလုပ်ကွက် ကျင်းဟောင်းထဲ ကာကွယ်‌ဆေးထိုးပြီး ပြန်လာသည့်လမ်း၌ ပြုတ်ကျသွားသော အိမ်စီးကားနှင့် မိသားစု (၃)ဦးရုပ်အလောင်းကို ရရှိနိုင်ဖို့ ကယ်ဆယ်ရေး အဖွဲ့တို့ ရှာဖွေနေရာမှာ ယနေ့ည‌နေ (၇)နာရီဝန်းကျင်ခန့်တွင် နှစ်မြုပ်သွားသည့်ကားအား ဆယ်ယူနိုင်ခဲ့ သော်လည်း မိသားစု ရုပ်လောင်းမပါလာ‌သေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“အခုအဲဒီကားကို ရှရှော်ခ(Sharaw Hka) လူတွေအားလုံးစုဝေးပြီးတော့ ဆယ်ထုတ်နိုင် ဖို့တော့ကြိုးစား နေကြတယ်။ မိသားစုတစ်စုပေါ့ ၆လသားလေးလည်း ပါသွားတယ်။ အခုအဲဒီဟာ ယမန်နေ့ကတည်းကနေ ဆယ်ယူဖို့အတွက်တော့ လုပ်နေတယ်၊ ရှရော်ခ(Shara Hka) လမ်းဟိုဘက်ဆိုတော့ ဘယ်လိုဖြစ် လို့ ချော်ကျသွားလဲ မသိပါဘူးကွယ်” ဟု ကချင်လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အမျိုးသမီးရေးရာ ဦးဆောင်သူ ကိုင်ရိန်က ပြောပါတယ်။

ယနေ့ညနေ (၇)နာရီဝန်းကျင်ထိ ရှာဖွေမှုပြုလုပ်ရာ နှစ်မြုပ်သွားသည့် ကားအား ဆယ်ယူနိုင်ခဲ့ပြီ ဖြစ်သော်လည်း မိသားစု သုံးဦး၏ ရုပ်အလောင်း မပါလာသေးဘူးဟု သိရပါတယ်။

ဇွန်လ ၉ရက်နေ့တွင် ကလေးကာကွယ်ဆေးထိုးပြီးပြန်လာသည့်လမ်း၌ ကားဘရိတ်ပေါက်ကာ ကျောက်စိမ်း လုပ်ကွက် ကျင်းဟောင်းထဲသို့ ပြုတ်ကျသွားတယ်ဟု ဒေသခံများက ယူဆနေကြပြီး အဲဒီဖြစ်စဉ်အတွင်းမှာ လသားအရွယ် ကလေးတစ်ဦးနှင့်မိဘနှစ်ဦးလည်း သေဆုံးသွားခဲ့သာဖြစ်ပါတယ်။

Related Articles

Back to top button