ဖက်ဒရယ်ဂျာနယ် ဇွန် – ၇
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝန်းခိုင်သန်းသည် ရှေ့တန်းစစ်စခန်းတစ်ခုသို့ သွားရောက်ပြီး PDF ရဲဘော်များကို တွေ့ဆုံအားပေးခဲ့ကြောင်း Mahn Winn Khaing Thann – Prime Minister of NUG (Facebook)စာမျက်နာတွင် ဖော်ပြထားပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ်က လူငယ်တွေ တကယ်တော့ အေးအေးချမ်းချမ်းပညာသင်နေကြရမယ့်ကလေးတွေ တိုင်းပြည်လိုအပ်ချိန်မှာ ရှေ့တန်းထွက်ပြီး ပါဝင်လာကြတာ အရမ်းပဲ လေးစားကျေးဇူးတင်ကြောင်း၊ စိတ်ဓါတ်ကအရေးကြီးကြောင်း၊ CDM တွေဆိုလည်း ဒီလိုပဲ တောင့်ခံပေးထားကြတာ အရမ်းလေးစားဖို့ ကောင်းကြောင်း စတဲ့အားပေးစကားများပြောဆိုခဲ့ကြောင်းသိရသည်။
PDF စခန်းရောက် NUG ဝန်ကြီး မန်းဝင်းခိုင်သန်း
ထို့အပြင် တိုင်းရင်းသားတွေနဲ့ ငါတို့နဲ့ တသားတည်း ဒီတော်လှန်ရေးကို နိုင်အောင်တိုက်ကြမည်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ပြီး ရှေ့တန်းရောက် PDF ရဲဘော်များနှင့်အတူ PDF အလံအားအလေးပြုခြင်း၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
#FederalJournal
#MahnWinnKhaingThann-Prime Minister
#Photo_ Mahn Winn Khaing Thann – Prime Minister of NUG