တိုင်းရင်းသားများသတင်း

အပတ်စဉ်စုဆောင်း တိုင်းရင်းသားသတင်းလွှာ စုစည်းတင်ပြခြင်း

Zawgyi

အပတ္စဥ္ တိုင္းရင္းသတင္းမ်ားစုစည္းတင္ျပျခင္း
(No.31 ,April 26 , 2022)
၁။ ေအာင္ျမင္သာ အပန္းေျဖစခန္း ဆိုင္ခန္းနဲ႔ ဝါးတဲ ၂၈ ခု မီးေလာင္ဆုံးရႈံး
၂။ ၂ ႏွစ္ၾကာရပ္နားထားေသာ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးလုပ္ငန္းစဥ္မ်ား ျပန္လည္စတင္မည္
၃။ ဝန္းသို ၿမိဳ႕နယ္မွာ ေက်း႐ြာ ၈ ႐ြာ မီးရႈိ႕ခံရၿပီး ႐ြာေပါင္း ၄၀ ေက်ာ္ ထြက္ေျပး တိမ္းေရွာင္ေနရ
၄။ ရဲတပ္ဖြဲ႕ မွ CDM မ်ား NUG အစိုးရထံ ဆက္သြယ္ရန္ ထုတ္ျပန္
၅။ ဖမ္းဆီးခံ PDF လူငယ္မ်ား၏ ဖုန္းမွတဆင့္ အျခားအဖြဲ႕ဝင္မ်ားကို ေနာက္ေယာင္ခံေန
၆။ ျမစ္ႀကီးနားၿမိဳ႕ရွိ စစ္ေရွာင္စခန္းအမ်ားစုတြင္ စားနပ္ရိကၡာပိုမိုခက္ခဲလာ
၇။ စစ္ေကာင္စီတပ္ကို ၿမိဳ႕လွ KPDF ေစာင့္ႀကိဳတိုက္ခိုက္သျဖင့္ ထိခိုက္က်ဆုံးမႈ ရွိႏိုင္
၈။ လွ်ပ္စစ္မီး ျဖတ္ေတာက္သည့္ နဘား လွ်ပ္စစ္ ႐ုံးခြဲကို PDF အဖြဲ႕ သတိေပး
၉။ ဖမ္းဆီးခံ ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ကို အဂတိအမႈတစ္ခုအတြက္ ေထာင္ဒဏ္ ၁၂ ႏွစ္ ခ်မွတ္
၁၀။ ေ႐ႊကူၿမိဳ႕မ ရဲစခန္း ထပ္မံပစ္ခတ္ခံရ
၁၁။ ကရင္နီျပည္တြင္းမွာ က်န္းမာေရး ေစာင့္ေရွာက္မႈ ၃၀ ရာခိုင္ႏႈန္းပဲ လုပ္ေဆာင္ေပးႏိုင္ေသး KSCC က်န္းမာေရး ေကာ္မတီေျပာ
၁၂။ အာဏာသိမ္းၿပီး တစ္ႏွစ္နဲ႔သုံးလအတြင္း ကရင္နီျပည္ အရပ္သားေသဆုံးသူ ၂၅၀ေက်ာ္အထိ ရွိေန
၁၃။ ဒုတိယအႀကိမ္ဖြင့္လွစ္မယ့္ ေႏြဦးဂု႐ု ေလးမ်ား ပညာေရးစင္တာမွာ လူငယ္ ၂၀၀ ေက်ာ္ဝင္ခြင့္ေျဖဆိုခဲ့
၁၄။ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားသူေတြကို KSP ျပစ္ဒဏ္ေပး
၁၅။ စစ္ေၾကာင္းထိုးေနတဲ့ စစ္ေကာင္စီတပ္နဲ႔ စစ္ေရးတင္းမာေနဆဲ
၁၆။ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ဖိတ္ေခၚမႈဟာ စစ္ေကာင္စီတပ္ ဖ႐ိုဖရဲျဖစ္ေနတာျဖစ္တယ္လို႔ KNPP ေျပာ
၁၇။ အလႉရွင္ေပးပို႔တဲ့ ေငြေတြနဲ႔ ေရကို စက္ျဖင့္သယ္ယူေနၾကတဲ့ စစ္ေရွာင္မ်ား
၁၈။ ကရင္နီျပည္အတြက္ လူသားခ်င္းစာနာ ေထာက္ထားမႈအကူအညီ သန္းသုံးရာနီးပါးကို NUG ေထာက္ပံ့ေပးခဲ့ဟုဆို
၁၉။ CDM ၀န္ထမ္းမ်ားအား ခံ၀န္ထိုး႐ုံးျပန္လာတက္ရန္ အေၾကာင္းၾကားၿပီး ဖမ္းဆီးစစ္ေၾကာခံေနၾကရသူမ်ားရွိေန
၂၀။ စစ္ေကာင္စီတပ္ ဖမ္းဆီးေခၚေဆာင္ျခင္းခံရသည့္ ခလယ္-တံခြန္တိုင္႐ြာသားအခ်ိဳ႕ ျပန္လြတ္ေျမာက္လာ
၂၁။ ေကအဲန္ယူ တပ္မဟာ(၁) နယ္ေျမတြင္ တိုက္ပြဲျပင္းထန္၍ ေဒသခံေထာင္ခ်ီတိမ္းေရွာင္ေနရ
၂၂။ ၁၅ ရက္အတြင္း စခန္းမ်ားကို အၿပီးတိုင္႐ုပ္သိမ္းရန္ စစ္ေကာင္စီကို KNDO တပ္ရင္း ၄ သတိေပး
၂၃။ က်ိဳက္ဒုံအနီး မိတန္႐ြာတြင္ ပစ္ခတ္မႈျဖစ္ပြား၍ စစ္ေကာင္စီတပ္ဖြဲ႕ ၂ ဦးဒဏ္ရာရ
၂၄။ ျမ၀တီ တံတားထိပ္ေပါက္ကြဲမႈ ေနအိမ္ဆိုင္ခန္းမ်ားထိခိုက္ပ်က္စီးမႈမ်ားျပား၊ တံတားအနီး၀န္းက်င္ရွိ ေနအိမ္ CCTV မ်ား စစ္ေဆးမႈမ်ား လုပ္ေဆာင္ေန
၂၅။ ဟားခါး-ဂန႔္ေဂါလမ္းတိုက္ပြဲ စစ္ေကာင္စီဘက္ အက်ဆုံးမ်ား
၂၆။ CDF-Kanpetlet တပ္ဖြဲ႕ကို စစ္ေကာင္စီတပ္က စစ္ေၾကာင္းႏွစ္ေၾကာင္းျဖင့္ ၾကားညႇပ္တိုက္ခိုက္
၂၇။ မတူပီၿမိဳ႕နယ္ လည္မ်ိဳေခ်ာင္းဆုံတိုက္ပြဲတြင္ စစ္ေကာင္စီဗိုလ္ႀကီးအဆင့္အပါအဝင္ ၈ ဦးေသဆုံး
၂၈။ ေမာ္လၿမိဳင္၊ မင္း႐ြာေက်း႐ြာတြင္ ဆိုင္ကယ္ Taxi ေမာင္းသူ တစ္ဦး အသတ္ခံရ
၂၉။ မြန္အမ်ိဳးသားေရးရာညီလာခံ-၂၀၂၂ ကို လာမည့္ေမလ ၂ ရက္တြင္ က်င္းပသြားမည္
၃၀။ UPDJC ႏိုင္ငံေရးပါတီမ်ား အစုအဖြဲ႕ ေ႐ြးခ်ယ္မႈ မြန္ညီၫြတ္ေရးပါတီ တက္ေရာက္မည္
၃၁။ NUG က ရခိုင္ျပည္နယ္မွ ၫႊန္မႉးအဆင့္ရွိသူ ၂ ဦးကို အမည္ပ်က္စာရင္းတြင္ထည့္သြင္းၿပီးထုတ္ပယ္ေၾကာင္းေၾကညာ
၃၂။ အမ္းၿမိဳ႕မွ ေနာက္ထပ္ေနအိမ္မ်ားကို ဆက္ဖယ္ရွားရန္ စကစအာဏာပိုင္တို႔ ေၾကာ္ျငာဆိုင္းဘုတ္ေထာင္၍ သတိေပး ခ်က္ထုတ္ျပန္
၃၃။ ေထာင္ (၁၃)ႏွစ္ ခ်မွတ္ခံထားရသည့္ ေျမာက္ဦးဂုဏ္ကြၽန္းမွလူငယ္တစ္ဦးက သူအားေမ့ေပ်ာက္မထားၾကရန္စစ္ေတြ ေထာင္ထဲကေမတၱာရပ္ခံ
၃၄။ ၿငိမ္းခ်မ္းေရးဖိတ္ေခၚထားခ်ိန္တြင္ စစ္ေကာင္စီအေနျဖင့္လည္း ရခိုင္အပါအဝင္ တိုင္းရင္းသားနယ္ေျမမ်ား၌ တပ္အင္ အားတိုးခ်ဲ႕ျခင္း၊ စုေဆာင္းျခင္းမျပဳလုပ္သင့္ဟုဆို
၃၅။ ဆနင္းေတာင္ေၾကာ စကစ အင္အားျဖည့္တင္း၊ ေဒသခံတခ်ိဳ႕ ေၾကာက္လန႔္/ထြက္ေျပးေန
၃၆။ စစ္ေရွာင္မ်ားကို ကူညီသည့္ ေတာင္ႀကီးလူငယ္ တစ္ဦး ေထာင္ဒဏ္ (၁၀)ႏွစ္ခ်ခံရ
၃၇။ ႐ြာငံၿမိဳ႕နယ္ ပဲရင္းေတာင္႐ြာသားမ်ားကို စစ္ေကာင္စီ ဖမ္းဆီး သတ္ျဖတ္
၃၈။ ေတာင္ႀကီးၿမိဳ႕ရွိ အစိုးရ႐ုံးမ်ား ဗုံးဒဏ္ကာကြယ္သည့္ စက္မ်ားတပ္ဆင္ထား
********************
၁။ ေအာင္ျမင္သာ အပန္းေျဖစခန္း ဆိုင္ခန္းနဲ႔ ဝါးတဲ ၂၈ ခု မီးေလာင္ဆုံးရႈံး
26th April 2022

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕နယ္ရွိ နာမည္ေက်ာ္ ေအာင္ျမင္သာအပန္းေျဖစခန္းမွ ဆိုင္ခန္းအပါအဝင္ ဝါးတဲ ၂၈ တဲ ယေန႔ ဧၿပီ ၂၆ ရက္ေန႔ နံနက္ပိုင္းက မီးေလာင္သြားေၾကာင္း သိရသည္။ ျမစ္ဆုံစီမံကိန္းေၾကာင့္ ေ႐ြ႕ေျပာင္းခံရေသာေဒသခံမ်ားကို ေနရာခ်ထားသည့္ ေအာင္ျမင္သာေဒသခံမ်ား ကိုယ္ထူကိုယ္ထ ဖြင့္လွစ္ထားေသာေနရာျဖစ္ကာ ဆိုင္ရွင္ ၃ ဦး၏ ဝါးတဲ ၃၀ နီးပါး မီးေလာင္ခဲ့ျခင္း ျဖစ္သည္ဟု ဆိုင္ရွင္တစ္ဦးျဖစ္သူ ေဒၚလုရာက KNG သတင္းဌာနသို႔ ေျပာသည္။ မီးေလာင္သြားေသာ ဆိုင္ပိုင္ ရွင္ ၃ ဦးမွာ ဦးလေထာ္လွ၊ ေဒၚဂ်ာနန္ႏွင့္ ေဒၚလုရာတို႔ျဖစ္သည္။

အဆိုပါ ဆိုင္ခန္းနဲ႔ ဝါးတဲ ေပါင္း ၂၈ ခု ခန္႔အနက္ ေဒၚလုရာ၏ ဆိုင္ခန္း ၁၈ ပါဝင္ရာ အမ်ားဆုံး မီးေလာင္ဆုံးရႈံးမႈ ျဖစ္ခဲ့သည္။ ထို႔ ေၾကာင့္ တစ္ဦးလွ်င္ ဆုံးရႈံးမႈတန္ဖိုးမွာ က်ပ္ သိန္း ၁၀၀ ဝန္း က်င္ရွိေၾကာင္းသိရသည္။ ေအာင္ျမင္သာေဒသခံမ်ားသည္ ျမစ္ဆုံ စီမံကိန္းေၾကာင့္ လြန္ခဲ့သည့္ ၁၀ ႏွစ္ေက်ာ္ခန႔္ ျမစ္ဆုံေဒသမွ ယခုေနရာသို႔ ေျပာင္းေ႐ြ႕လာစဥ္ စားဝတ္ေနေရး အဆင္ေျပေစရန္ အတြက္ အပန္းေျဖစခန္းကို ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

ယခုဆိုင္ခန္းမီးေလာင္မႈတြင္ပါဝင္သည့္ေဒၚလုရာသည္ လြန္ခဲ့သည့္ ၂၀၁၃ ခုႏွစ္ကလည္း ေနအိမ္မီးေလာင္မႈ ျဖစ္ခဲ့ေၾကာင္း သိရသည္။ https://burmese.kachinnews.com/2022/04/26/apr26-az1/
**************
၂။ ၂ ႏွစ္ၾကာရပ္နားထားေသာ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးလုပ္ငန္းစဥ္မ်ား ျပန္လည္စတင္မည္
25th April 2022

ကခ်င္လူထု မူးယစ္ေဆးဝါးတိုက္ဖ်က္ေရး (Pat Jasan ) အဖြဲ႕သည္ ယခုႏွစ္မွ စတင္ကာ ၂ ႏွစ္ေက်ာ္ၾကာ ရပ္နားခဲ့ေသာ ကခ်င္ ေဒသတြင္း မူးယစ္ေဆးဝါးအသိပညာေပးလုပ္ငန္းမ်ားကို ျပန္လည္ စတင္လုပ္ေဆာင္ေတာ့မည္ဟု သိရသည္။ ကိုဗစ္-၁၉ ကူးစက္ေရာဂါ ႏွင့္ စစ္တပ္အာဏာသိမ္းမႈေၾကာင့္ ၂ ႏွစ္တာအတြင္း ကခ်င္ေဒသ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးလုပ္ငန္းမ်ား ေရွ႕မဆက္ႏိုင္ပဲ ရပ္နားထားခဲ့ရေသာ္လည္း ယေန႔ ဧၿပီ ၂၅ ရက္ေန႔ က်ေရာက္ေသာ Kachin Anti-Drug-Day ေန႔မွစၿပီး လုပ္ငန္း မွာ ဆက္လက္အေကာင္အထည္ေဖာ္ လုပ္ေဆာင္ေတာ့မည္ျဖစ္ေၾကာင္း ကခ်င္ေဒသ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရး အဖြဲ႕ (Pat Jasan) ဗဟိုမွ တာဝန္ရွိသူတစ္ဦးက KNG ကို ေျပာသည္။

မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးလုပ္ငန္းကို အခက္အခဲမ်ိဳးစုံၾကား ေရွ႕ဆက္လုပ္ေဆာင္ရန္ ခက္ခဲေသာေၾကာင့္ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလမွ ရပ္နားခဲ့သည္မွာ ၂ ႏွစ္ေက်ာ္ခဲ့ၿပီ ျဖစ္ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ၂၀၂၂ ယေန႔က်ေရာက္သည့္ Kachin Anti-Drug Day အထိမ္းအမွတ္ေန႔မွစၿပီး ယခင္ရပ္နားထားရေသာ စီမံကိန္းလုပ္ငန္းမ်ားကို ျပန္လည္ လႈပ္ရွားလုပ္ေဆာင္ေတာ့မည္ ျဖစ္ေၾကာင္း ေျပာဆိုသည္။

ကခ်င္လူထု မူးယစ္တိုက္ဖ်က္ေရး Pat Jasan ကို ၂၀၁၄ ခုႏွစ္ ဧၿပီ ၂၅ ရက္ေန႔မွစၿပီး စတင္ဖြဲ႕စည္းခဲ့သည္။ ထို႔ေနာက္ ၂၀၁၅ -၂၀၁၆ ခုႏွစ္မ်ားတြင္ ကခ်င္ျပည္နယ္ ေနရာအႏွံ ဘိန္းခင္း ဖ်က္ဆီးျခင္း လုပ္ငန္းမ်ား လုပ္ေဆာင္ခဲ့သည္။ သို႔ေသာ္လည္း ေႏွာင္းပိုင္းတြင္ မူးယစ္ေဆးဝါးႏွင့္ပတ္သက္ၿပီး ျပည္သူလူထုအား အသိပညာေပးမႈ အစီစဥ္မ်ားကိုသာ ပိုမို အားစိုက္ျပဳလုပ္လာ ေၾကာင္း သိရသည္။ https://burmese.kachinnews.com/2022/04/25/apr-25-ld-1/
*****************
၃။ ဝန္းသို ၿမိဳ႕နယ္မွာ ေက်း႐ြာ ၈ ႐ြာ မီးရႈိ႕ခံရၿပီး ႐ြာေပါင္း ၄၀ ေက်ာ္ ထြက္ေျပး တိမ္းေရွာင္ေနရ
25th April 2022

ကခ်င္ စစ္ကိုင္းနယ္စပ္ ဝန္းသိုၿမိဳ႕နယ္အတြင္း ေက်း႐ြာေပါင္း ၈ ႐ြာကို စစ္ေကာင္စီတပ္က မီးရႈိ႕ဖ်က္ဆီးခဲ့ေသာေၾကာင့္ လက္ရွိ ေဘးလြတ္ရာ တိမ္းေရွာင္ေနသည့္ ေက်း႐ြာေပါင္း ၄၀ ေက်ာ္အထိရွိေၾကာင္း ဝန္းသို ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕မွ သိရသည္။ စစ္ေကာင္စီတပ္ အင္အား ၅၀ ခန္႔သည္ ဧၿပီ ၂၃ ရက္ေန႔မွ စ၍ ဝန္းသိုနယ္ အတြင္းသို႔စစ္ေၾကာင္းထိုး ဝင္ေရာက္လာကာ လူေနအိမ္မ်ားကို စတင္မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း Wonto Revolution_WR တပ္ဖြဲ႕ဝင္တစ္ဦးက KNG သတင္းဌာနသို႔ ေျပာသည္။

စစ္ေကာင္စီ မီးရႈိ႕ဖ်က္ဆီးခဲ့သည့္ ေက်း႐ြာေပါင္းရွစ္႐ြာမွာ စိန္လည္၊ သေျပသာ၊ ေအာင္ကုန္း၊ ရွမ္းစု ေက်း႐ြာႏွင့္ ဥသွ်စ္ခုံ၊ ေက်ာက္ေပါက္ခုံ၊ လယ္ခုံ၊ ေ႐ႊေတာင္ေက်း႐ြာ တို႔ျဖစ္ေၾကာင္းသိရသည္။ ဝန္းသိုနယ္သို႔ စစ္ေၾကာင္းထိုးလာသည့္ စစ္ေကာင္စီ တပ္သည္ ေနအိမ္မ်ားကို မီးရႈိ႕ဖ်က္ဆီးေနသည့္အျပင္ အရပ္သားျပည္သူမ်ားအား ဖမ္းဆီးျခင္း၊ သတ္ျဖတ္ျခင္းမ်ား ျပဳလုပ္ေန ေသာေၾကာင္း လက္ရွိတြင္ ဝန္းသိုၿမိဳ႕နယ္မွ ေဘးလြတ္ရာသို႔ထြက္ေျပးတိန္းေရွာင္ေနသည့္ ေက်း႐ြာေပါင္း ၄၀ ေက်ာ္ရွိၿပီးဒုကၡ သည္ေပါင္း ၂၄၀၀၀ ေက်ာ္ရွိေၾကာင္း Wonto Revolution_WR မွ တာဝန္ရွိသူတစ္ဦးက ေျပာသညိ။

လတ္တေလာ မီးရႈိ႕ဖ်က္ဆီးခံရသည့္ ႐ြာ ၈ ႐ြာမွ မီးေဘးသင့္ျပည္သူမ်ားႏွင့္ ေဘးလြတ္ရာထြက္ေျပးတိမ္းေရွာင္ရသည့္ ျပည္သူ ၂ ေသာင္းေက်ာ္အတြက္ အဝတ္အထည္၊ စားေသာက္ကုန္ႏွင့္ ေနရာထိုင္ခင္းအတြက္ မိုးကာမ်ားခိုအပ္ေနေၾကာင္း သိရသည္။ ဧၿပီ ၂၄ ရက္ေန႔ည ၁၁ နာရီအခ်ိန္ခန္႔တြင္လည္း စစ္ေၾကာင္းထိုးလာသည့္ စစ္ေကာင္စီတပ္ႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားခဲ့ရာ စစ္ေကာင္စီဘက္မွ ၅ ဦးေသဆုံးခဲ့ၿပီး ယေန႔ နံနက္ပိုင္း ဝန္းသိုၿမိဳ႕ေပၚတြင္ ဗုံးသံႏွင့္ မိုင္းသံမ်ား ၾကားေနရ ေၾကာင္း သိရသည္။ https://burmese.kachinnews.com/2022/04/25/apr25-az1/
*******************
၄။ ရဲတပ္ဖြဲ႕ မွ CDM မ်ား NUG အစိုးရထံ ဆက္သြယ္ရန္ ထုတ္ျပန္
26th April 2022

ျမန္မာႏိုင္ငံ တစ္ဝန္း CDM ျပဳလုပ္ထားေသာ ရဲတပ္ဖြဲ႕ စုစုေပါင္း ၆၀၀၀ ေက်ာ္ ရွိလာေသာ္လည္း ထက္ဝက္ခန႔္သာ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ NUG ႏွင့္ ခ်ိတ္ဆက္ေနေသာေၾကာင့္ က်န္ရွိသူမ်ားလည္း အျမန္ဆက္သြယ္ရန္ ထုတ္ျပန္ထားသည္။ ဧၿပီလ ၂၅ ရက္ ရက္စြဲျဖင့္ ယေန႔ ထုတ္ျပန္ေသာ NUG အစိုးရ၏ ျပည္ထဲေရးႏွင့္ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးဌာန၏ စာရင္းအရ CDM ျပဳလုပ္ထားေသာ ရဲတပ္ဖြဲ႕ အင္အား ၆၀၀၀ မွ ၇၀၀၀ ၾကားရွိၿပီး CDM ျပည္သူ႔ယာယီ ရဲတပ္ဖြဲ႕ႏွင့္ ဆက္သြယ္လာေသာ လူဦးေရ ၂၉၃၇ ဦးသာ ရွိေၾကာင္း သိရသည္။

ဝန္ႀကီးဌာနမွ စုံစမ္းသိရွိရသမွ် CDM ျပည္သူ႔ရဲတပ္ဖြဲ႕ဝင္အင္အားစာရင္းသည္ ၆၀၀၀ ႏွင့္ ၇၀၀၀ ၾကားမွာရွိေနၿပီး အျခားခ်ိတ္ ဆက္မရေသာ CDM ျပည္သူ႔ရဲတပ္ဖြဲ႕ဝင္ေတြကို ဝန္ႀကီးဌာနဘက္မွလည္းခ်ိတ္ဆက္ႏိုင္ေရးအတြက္ ႀကိဳးပမ္းလ်က္ရွိရာ၊ ခ်ိတ္ ဆက္မရေသးေသာ CDM ျပည္သူ႔ရဲတပ္ဖြဲဝင္ေတြမ်ားအေနျဖင့္ ဝန္ႀကီးဌာနရဲ႕ ျပည္သူ႔ရဲတပ္ဖြဲ႕ယာယီအုပ္ခ်ဳပ္ေရး ေကာ္မတီထံ ကို အျမန္ဆုံး ဆက္သြယ္ေဆာင္႐ြက္ေပးၾကရန္ ထုတ္ျပန္ထားသည္။

ျပည္သူ႔ရင္ခြင္ မခိုလႈံဘဲ စစ္ေကာင္စီႏွင့္ပူးေပါင္းလုပ္ကိုင္ေနေသးပါက ျပည္သူအေပၚ အၾကမ္းဖက္ရာ သက္ေရာက္ေနသည္ဟု မွတ္ယူထားၿပီး အၾကမ္းဖက္သမားမွန္သမွ်ကို ဘယ္ခ်ိန္ဘယ္ကာလျဖစ္ျဖစ္ တစ္ဦးတစ္ေယာက္မွ် လြတ္ေျမာက္မႈ မရွိေစဘဲ၊ တရားဥပေဒနဲ႔အညီ အျပစ္ေပးအေရးယူခံရမည္ျဖစ္ေၾကာင္းလည္း သတိေပးထားသည္။

ရဲတပ်ဖွဲ့ မှ CDM များ NUG အစိုးရထံ ဆက်သွယ်ရန် ထုတ်ပြန်


*****************
၅။ ဖမ္းဆီးခံ PDF လူငယ္မ်ား၏ ဖုန္းမွတဆင့္ အျခားအဖြဲ႕ဝင္မ်ားကို ေနာက္ေယာင္ခံေန
25th April 2022

ျမစ္ႀကီးနား ရမ္ပူရပ္ကြက္တြင္ ယမန္ေန႔က ဖမ္းဆီးခံရေသာ PDF လူငယ္မ်ား၏ ဖုန္းမွ တဆင့္ အျခားအခ်ိတ္အဆက္မ်ားကို လည္း ေနာက္ေယာင္ခံေနေၾကာင္း အဆိုပါ လူငယ္မ်ားႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။ ဧၿပီလ ၂၄ ရက္ေန႔ မြန္းလြဲပိုင္းတြင္ ျမစ္ႀကီးနား ရမ္ပူ ရပ္ကြက္ရွိ ေနအိမ္တစ္အိမ္ကို စစ္ေကာင္စီတပ္သားမ်ား လာေရာက္ပစ္ခတ္ဖမ္းဆီးခဲ့ရာ လူငယ္အဖြဲ႕မွ ၂ ဦး ေသဆုံးၿပီး ၃ ဦး ဖမ္းဆီးခံရေၾကာင္း သိရသည္။

လက္ရွိ ထိုလူငယ္မ်ားကို ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ မပခ တြင္ ဖမ္းဆီး စစ္ေဆးေနၿပီး အျခားသူမ်ားကိုလည္း လိုက္လံ စုံစမ္းေနသည္ဟု သိရသည္။ အဆိုလူငယ္မ်ားအနက္ တစ္ဦးကို ယမန္ေန႔ မြန္းလြဲ ၁၂ နာရီခန႔္ ၿမိဳ႕သစ္ႀကီးရပ္ကြက္တြင္ စတင္ဖမ္းဆီးခဲ့ၿပီးေနာက္ ထိုသူမွတဆင့္ ရမ္ပူရပ္ကြက္ရွိ ေနအိမ္ကို စစ္သားမ်ားက သြားေရာက္ပစ္ခတ္ဖမ္းဆီးခဲ့ျခင္းျဖစ္သည္ ဟု သူက ဆက္ေျပာသည္။

သို႔ေသာ္ အဆိုပါလူငယ္မ်ားကို ကားဓါးျပတိုက္ေသာအဖြဲ႕ကဲ့သို႔ လူမႈကြန္ရက္တြင္ ပုံေဖာ္ထားသည္ကို မလိုလားေၾကာင္း သူက ေျပာသည္။ https://burmese.kachinnews.com/2022/04/25/apr-25-s-1/
*******************
၆။ ျမစ္ႀကီးနားၿမိဳ႕ရွိ စစ္ေရွာင္စခန္းအမ်ားစုတြင္ စားနပ္ရိကၡာပိုမိုခက္ခဲလာ
23rd April 2022

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ရွိ စစ္ေရွာင္စခန္းမ်ားတြင္ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP) မွ ပုံမွန္ေထာက္ပံ့မႈ ရရွိေန‌ေသာ္ လည္း ရိကၡာအခက္အခဲ ႀကဳံေနရဆဲျဖစ္ေၾကာင္း စစ္ေရွာင္စခန္းမ်ားထံမွ သိရသည္။ စစ္ေရွာင္တစ္ဦးလွ်င္ တစ္လ ၁၂၀၀၀ ပုံမွန္ရရွိေနေသာ္လည္း လက္ရွိျမန္မာႏိုင္ငံအတြင္း ကုန္ေဈးႏူန္း ျမင့္တက္လာသည့္အျပင္ ယခင္ကဲ့သို႔ အျခားအလႉရွင္မ်ား၊ NGO အဖြဲ႕အစည္းမ်ား၏ ေထာက္ပံ့မႈ မရေတာ့သည့္အတြက္ စားနပ္ရိကၡာ ပိုမိုခက္ခဲလာေၾကာင္း သိရသည္။

ျမစ္ႀကီးနားၿမိဳ႕ရွိ စစ္ေရွာင္စခန္းတြင္ ေနထိုင္သူမ်ားသည္ ၂၀၁၁ ခုႏွစ္မွစ၍ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ႏွင့္ စစ္ေကာင္စီ တပ္တို႔ၾကား ျဖစ္ပြားခဲ့ေသာစစ္ပြဲမ်ားေၾကာင့္ထြက္ေျပးတိမ္းေရွာင္လာၾက‌သူမ်ားျဖစ္ၿပီး စစ္ေရွာင္ဘဝႏွင့္ ျဖတ္သန္းလာၾကရ သည္မွာ ဆယ္စုႏွစ္တစ္စုရွိလာၿပီျဖစ္သည္။ ယင္းစစ္ေရွာင္မ်ားသည္ စစ္အာဏာသိမ္းမူ မျဖစ္ခင္အထိ အလုပ္အကိုင္အခြင့္အ လမ္းအေနျဖင့္ ပန္ဝါ၊ တ႐ုတ္ျပည္ ဘက္သို႔ သြားေရာက္လုပ္ကိုင္ခြင့္မ်ား ရရွိတာေၾကာင့္ စားဝတ္ေနေရးအဆင္ေျပခဲ့ၾက‌ေသာ္ လည္း လက္ရွိတြင္ ႏိုင္ငံေရးမၿငိမ္သက္မူေၾကာင့္ သြားေရာက္လုပ္ကိုင္ႏိုင္ျခင္း မရွိေတာ့ေၾကာင္း သိရသည္။

ျမစ္ႀကီးနားၿမိဳ႕ရွိ စစ္ေရွာင္အမ်ားစုသည္ ျမစ္ႀကီးနားၿမိဳ႕ေတာင္ဘက္ပိုင္း တာပေတာင္း၊ ေရၾကည္၊ တာေလာႀကီး၊ ျမစ္ႀကီးနား ေျမာက္ဘက္ဆြမ္ပရာဘြမ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္ နန္႔ဆန္ယန္ေက်း႐ြာႏွင့္ ဖားကန္႔ၿမိဳ႕နယ္ ကန္စီး (Ginsi) ေက်း႐ြာစသည့္ ေဒသ ဘက္မွ တိမ္းေရွာင္လာသူမ်ားျဖစ္သည္။ ျမစ္ႀကီးနားၿမိဳ႕တြင္ စစ္ေရွာင္စခန္းစုစုေပါင္း ၂၆ ခု ရွိၿပီး ၁၆ ခု မွာ ကခ်င္ႏွစ္ျခင္း ခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC လက္ေအာက္မွာရွိၿပီး က်န္ ၁၀ ခု မွာအျခားေသာအဖြဲ႕အစည္းမွ ျဖစ္ေၾကာင္း သိရသည္။

မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းအများစုတွင် စားနပ်ရိက္ခာပိုမိုခက်ခဲလာ


******************
၇။ စစ္ေကာင္စီတပ္ကို ၿမိဳ႕လွ KPDF ေစာင့္ႀကိဳတိုက္ခိုက္သျဖင့္ ထိခိုက္က်ဆုံးမႈ ရွိႏိုင္
23rd April 2022

ကသာနယ္၊ ေခ်ာင္းဝေက်း႐ြာမွ မင္းေက်ာင္းကုန္းဖက္သို႔ ေျခလွ်င္စစ္ေၾကာင္းျဖင့္ တက္လာသည့္ စစ္ေကာင္စီတပ္ ယမန္ေန႔ည က တိုက္ခိုက္ခံရေၾကာင္း သိရသည္။ ဧၿပီ ၂၂ ရက္ ယမန္ေန႔ည ၈ နာရီဝန္းက်င္ အင္အား ၄၀ ခန္႔ပါသည့္ စစ္ေကာင္စီ ေျခလွ်င္ စစ္ေၾကာင္းသည္ ေခ်ာင္းဝ႐ြာဖက္မွ မင္းေက်ာင္းကုန္း႐ြာဖက္သို႔ ဦးတည္ထြက္ခြာစဥ္ ၿမိဳ႕လွ KPDF တပ္ခြဲ (၁) မွ RPG လက္နက္ ႏွင့္ ၇၉ မမ မ်ားျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း ၿမိဳ႕လွ PDF တပ္မွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

ထိုသို႔တိုက္ခိုက္ခံရၿပီးေနာက္ မိနစ္အနည္းငယ္ၾကာေအာင္ အျပန္အလွန္ပစ္ခတ္မႈမ်ားရွိခဲ့သည့္အျပင္ စစ္ေကာင္စီဘက္မွ ေက်း႐ြာမ်ားသို႔ ဒဏ္ရာရရွိသူမ်ားသယ္ေဆာင္လာသည့္အတြက္ ထိခိုက္ေသဆုံးမႈ အမ်ားအျပားရွိႏိုင္ေၾကာင္း ၎က ဆက္ေျပာ သည္။ စစ္ေကာင္စီတပ္သည္ ကသာနယ္အထက္ပိုင္း ေ႐ြကူ၊ ဗန္းေမာ္ျမစ္ေၾကာင္းတစ္ေလွ်ာက္ စစ္အင္အားတိုးခ်ဲ႕ျခင္း ရိကၡာ မ်ား ျဖည့္တင္းေနသည္မွာ ၂လနီးပါးရွိလာၿပီ ျဖစ္သည္။

၂၀၂၂ ခုႏွစ္ ဇန္န၀ါရီလမွ ဧၿပီလအထိ ကသာနယ္အထက္ပိုင္း ေ႐ႊကူ၊ ဗန္းေမာ္ျမစ္ေၾကာင္းႏွင့္ ကုန္းလမ္းေၾကာင္းတြင္ စစ္ေကာင္စီတပ္ႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္တို႔ၾကား တိုက္ပြဲေပါင္း ၄၀ ဝန္းက်င္ ျဖစ္ပြားခဲ့ေၾကာင္း သိရပါသည္။

စစ်ကောင်စီတပ်ကို မြို့လှ KPDF စောင့်ကြိုတိုက်ခိုက်သဖြင့် ထိခိုက်ကျဆုံးမှု ရှိနိုင်


*****************
၈။ လွ်ပ္စစ္မီး ျဖတ္ေတာက္သည့္ နဘား လွ်ပ္စစ္ ႐ုံးခြဲကို PDF အဖြဲ႕ သတိေပး
22nd April 2022

ကသာခ႐ိုင္ အင္းေတာ္ၿမိဳ႕နယ္ ထီးခ်ိဳင့္-ေမာ္လူး-ကသာ ၿမိဳ႕နယ္မ်ားတြင္ လွ်ပ္စစ္မီး ျဖတ္ေတာက္ထားသည့္ နဘား လွ်ပ္စစ္႐ုံးခြဲ ကို ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ႏွစ္ဖြဲ႕က သတိေပးထားေၾကာင္း သိရသည္။

အဆိုပါ ၿမိဳ႕နယ္မ်ားတြင္ နဘား လွ်ပ္စစ္႐ုံးခြဲမွ လွ်ပ္စစ္မီးျဖတ္ေတာက္ထားသည္မွာ ၄ ရက္ခန႔္ရွိလာသျဖင့္ ဆက္လက္ ျပဳလုပ္ ေနပါက အေရးယူသြားမည္ဟု ထီးခ်ိဳင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ တာဝန္ရွိသူတစ္ဦး က KNG သတင္းဌာန သို႔ ေျပာသည္။

ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕မ်ား၏ ေျပာဆိုခ်က္အရ နဘား လွ်ပ္စစ္႐ုံးခြဲသည္ လွ်ပ္စစ္ ဓါတ္အားေပးရန္ ျပႆနာတစ္စုံ တစ္ရာ မရွိေသာ္လည္း ျဖတ္ေတာက္ထားေၾကာင္း သိရသည္။ https://burmese.kachinnews.com/2022/04/22/apr22-az1-2/
******************
၉။ ဖမ္းဆီးခံ ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ကို အဂတိအမႈတစ္ခုအတြက္ ေထာင္ဒဏ္ ၁၂ ႏွစ္ ခ်မွတ္
22nd April 2022

ျမစ္ႀကီးနားၿမိဳ႕ အက်ဥ္ေထာင္တြင္ ဖမ္းဆီးခံထားရသည့္ NLD အစိုးရ၏ ကခ်င္ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္ကို ပုဒ္မ ၅၅ အဂတိလိုက္စားမႈ တစ္မႈအတြက္ ေထာင္ဒဏ္ ၁၂ ႏွစ္ ခ်မွတ္လိုက္ၿပီး အျခားဝန္ႀကီးမ်ားကိုလည္း ေထာင္ဒဏ္ အသီးသီးခ် မွတ္လိုက္ေၾကာင္း သိရသည္။ ယေန႔ ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီး ၇ ဦးကို အမိန႔္ခ်မွတ္ရာတြင္ ေဒါက္တာခက္ေအာင္သည္ ေထာင္ဒဏ္အမ်ားဆုံး ၁၂ ႏွစ္ ျဖစ္ၿပီး ဘ႑ာအခြန္ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးေဝလင္း ေထာင္ဒဏ္ ၉ႏွစ္၊ လူမႈေရး ဝန္ႀကီး ဦးေနဝင္း ၃ႏွစ္၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူစြမ္းအားအရင္းအျမစ္ ဝန္ႀကီး ဦးေဇာ္ဝင္း ၃ႏွစ္၊ လွ်ပ္စစ္နဲ႔စက္မႈ လက္မႈဝန္ႀကီး ဦးဝင္းၫြန႔္ ၃ ႏွစ္ ၊ သယံဇာတနဲ႔သဘာဝ ပတ္ဝန္းက်င္ဝန္ႀကီး ဦးဒါရွီလဆိုင္း ၃ ႏွစ္ ၊ ကခ်င္ျပည္နယ္ စည္ပင္ဝန္ႀကီး ဦးေနာ္လီ(ခ)ခမ္းရယ္ ၃ ႏွစ္ အသီးသီး ခ်မွတ္ခံရလိုက္ေၾကာင္း သိရသည္။

ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္အပါအဝင္ ဝန္ႀကီး ၇ဦးကို တရားစြဲဆိုထားသည့္ အမူမ်ားထဲမွ အဂတိတိုက္ဖ်က္ေရးပုဒ္မအတြက္ ဧၿပီလ ၈ရက္ေန႔ အမိန႔္ခ်မွတ္မည္ဟု စစ္ေကာင္စီမွ ခ်ိန္းဆိုထားေသာ္လည္း အမိန္႔ခ်‌ေပးခဲ့ျခင္း မရွိဘဲ ဧၿပီလ ၂၂ ရက္ေန႔ ယေန႔ ခ်မွတ္လိုက္ျခင္း ျဖစ္သည္။ အဆိုပါ ဝန္ႀကီးမ်ားသည္ စစ္တပ္မွ အာဏာစသိမ္းသည့္ ၂၀၂၁ ေဖေဖာ္ဝါရီလ ၁ရက္ေန႔ နံနက္ပိုင္းတြင္ ဖမ္းဆီးထိန္းသိမ္းလိုက္ရၿပီး စစ္ေၾကာေရးသို႔ ပို႔ေဆာင္စစ္ေဆးကာ အဂတိတိုက္ဖ်က္ေရးပုဒ္မ ၅၅ အပါအဝင္ ပုဒ္မအမ်ိဳးမ်ိဳးျဖင့္ တရားစြဲဆိုခံထားရသည္။
ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ခက္ေအာင္ႏွင့္ ဝန္ႀကီးမ်ားကို စြပ္စြဲထားေသာ အခ်က္မ်ားမွာ ၿမိဳ႕နယ္၊ ျပည္နယ္ NLD ႐ုံးမ်ားတည္ ေဆာက္ရန္ လုပ္ငန္းရွင္းမ်ားထံမွ ေငြေၾကးေတာင္းခံထားသည့္အခ်က္မ်ားျဖင့္ စစ္ေကာင္စီက စြပ္စြဲထားျခင္း ျဖစ္သည္။ အဆိုပါ ဝန္ႀကီးမ်ားကို စစ္ေကာင္စီမွ စြဲဆိုထားေသာ အမႈမ်ားမွာ တစ္ဦးလွ်င္ ၂ မႈႏွင့္ ၆ မႈဝန္းက်င္တြင္ ရွိသည္။

ဖမ်းဆီးခံ ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို အဂတိအမှုတစ်ခုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်


*****************
၁၀။ ေ႐ႊကူၿမိဳ႕မ ရဲစခန္း ထပ္မံပစ္ခတ္ခံရ
22nd April 2022

ဗန္းေမာ္ခ႐ိုင္ ေ႐ႊကူၿမိဳ႕ အမွတ္(၃) ရပ္ကြက္ရွိ ၿမိဳ႕မရဲစခန္းကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ PDF အဖြဲ႕က ဧၿပီလ ၂၁ရက္ေန႔ ယမန္ည ၁၀ နာရီဝန္းက်င္ခန႔္တြင္ လက္နက္ႀကီးျဖင့္ သြားေရာက္ပစ္ခတ္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိပါ သည္။

ယမန္ည ေ႐ႊကူၿမိဳ႕မရဲစခန္း တိုက္ခိုက္ခံရမႈတြင္ ရဲစခန္းဘက္က ထိခိုက္မႈရွိႏိုင္ၿပီး ရဲစခန္းအနီးတဝိုက္ရွိ လူေနအိမ္မ်ားႏွင့္ ျပည္သူမ်ား ထိခိုက္မႈမရွိခဲ့ေၾကာင္းလည္း ဆက္လက္သိရသည္။

စစ္တပ္ကအာဏာသိမ္းၿပီေနာက္ ေ႐ႊကူၿမိဳ႕မရဲစခန္း မၾကာခဏ ပစ္ခတ္ခံရလ်က္ရွိေနၿပီး တစ္ႏွစ္အတြင္း ၁၀ ႀကိမ္ထက္နည္း ပစ္ခတ္ခံရမႈရွိၿပီျဖစ္ပါသည္။ အဆိုပါ ေ႐ႊကူၿမိဳ႕မရဲစခန္း KIA ႏွင့္ PDF မၾကာခဏ သြားေရာက္ပစ္ခတ္မႈမ်ားရွိခဲ့သျဖင့္ ရဲစခန္း ဘက္လည္ပစ္ခတ္ရာတြင္ ရဲစခန္း အနီးတဝိုက္ ရွိ လူေနအိမ္တစ္ခ်ိဳ႕ လက္နက္ႀကီးထိမွန္မႈမ်ားလည္းရွိခဲ့သည္။

ရွှေကူမြို့မ ရဲစခန်း ထပ်မံပစ်ခတ်ခံရ


*******************
၁၁။ ကရင္နီျပည္တြင္းမွာ က်န္းမာေရး ေစာင့္ေရွာက္မႈ ၃၀ ရာခိုင္ႏႈန္းပဲ လုပ္ေဆာင္ေပးႏိုင္ေသး KSCC က်န္းမာေရး ေကာ္မတီေျပာ
April 25, 2022

ကရင္နီျပည္နယ္အတြင္းက ျပည္သူေတြရဲ႕ ၃၀ ရာခိုင္ႏႈန္းေလာက္ကိုသာ က်န္းမာေရးေစာင့္ေရွာက္မႈေတြေပးႏိုင္ေသးတယ္လို႔ ကရင္နီျပည္နယ္ အတိုင္ပင္ခံေကာ္စီ KSCC ရဲ႕ က်န္းမာေရးေကာ္မတီ ၫြန္ၾကားေရးမႉးျဖစ္သူ ခြန္းဖီးလစ္ကေျပာပါတယ္။ ကရင္နီျပည္နယ္မွာ အာဏာသိမ္းစစ္ေကာင္စီကို ေတာ္လွန္တိုက္ခိုက္တဲ့ တိုက္ပြဲျဖစ္ပြားတာ တစ္ႏွစ္နီးပါးရွိေနၿပီျဖစ္ၿပီး စစ္ေရွာင္ ႏွစ္သိန္းနီးပါးအထိရွိေနပါတယ္။

စစ္ေရွာင္အမ်ားစုဟာ ေတာေတာင္ထဲမွာ စစ္ေရွာင္ရတဲ့အတြက္ က်န္းမာေရးကုသခြင့္ ယခင္ကလို လုံလုံေလာက္ေလာက္ မရွိပါဘူး။ ကရင္နီျပည္တြင္းက တခ်ိဳ႕ေသာ စစ္ေရွာင္စခန္းေတြမွာ ေဆးဝါးမလုံေလာက္တာေတြ၊ ေဆးကုသတဲ့ ကိရိယာ မလုံေလာက္တာေတြရွိပါတယ္။ လမ္းပန္းဆက္သြယ္ေရးခက္ခဲတဲ့အျပင္ စစ္ေကာင္စီက ေဆးဝါးစားနပ္ရိကၡာေတြကို ပိတ္ဆို႔ဖို႔ ႀကိဳးစားေနတဲ့အတြက္ ေဆးဝါးပို႔ေဆာင္ေရးမွာ အခက္အခဲေတြ ျဖစ္ေနတယ္လို႔ ခြန္းဖီးလစ္က ဆက္ေျပာပါတယ္။ လက္ရွိမွာ ကရင္နီျပည္တြင္းမွာ အရည္ေသြးျပည့္ဝတဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈေပးႏိုင္ဖို႔အတြက္ ဖယ္ဒရယ္ က်န္းမာေရးဌာနကို ဖြဲ႕စည္း ထားတယ္လို႔ ခြန္းဖီးလစ္က ေျပာပါတယ္။

ဒါ့အျပင္ အမ်ိဳးသားညီၫႊတ္ေရး အတိုင္ပင္ခံေကာင္စီ ( NUCC-JCC Health ) ၊ အမ်ိဳးသား က်န္းမာေရး ေကာ္မတီ ( Nation Health Committee ) ၊တို႔ အျပင္ ကရင္နီျပည္ တြင္းက ကရင္နီ က်န္းမာေရး ဌာန ( KnHD ) ၊ လူထုက်န္းမာေရးႏွင့္ ဖြံ႕ၿဖိဳးေရး ကြန္ယက္ ( CHDN ) ၊ ဖယ္ဒရယ္က်န္းမာေရး ပညာရွင္မ်ားေကာင္စီ ( Federal Health Profession Council ) ၊ ကရင္နီ သူနာျပဳ အစည္းအ႐ုံး ( Karenni nurses Association )၊ ကရင္နီျပည္ ဆရာဝန္မ်ားအဖြဲ႕ ၊ ပုဂၢလိက က်န္းမာေရး အဖြဲ႕အစည္းမ်ား စတဲ့ အဖြဲ႕ေတြနဲ႔ပါ ပူးေပါင္းၿပီး လုပ္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။ ကရင္နီျပည္နယ္မွာ အာဏာသိမ္းၿပီး တစ္ႏွစ္ေက်ာ္ကာလ အတြင္း အရပ္သားေသဆုံးမႈ ၂၅၇ဦးရွိေနၿပီး စစ္ေရွာင္ရင္းနဲ႔ ေသဆုံးသူ ၂၄ဦးအထိ ရွိေနတယ္လို႔ တိုးတက္ေသာ ကရင္နီ ျပည္သူ႔အင္အားစု ( PKPF ) က ဧၿပီလ ၂၄ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။ https://www.kantarawaddytimes.org/
******************
၁၂။ အာဏာသိမ္းၿပီး တစ္ႏွစ္နဲ႔သုံးလအတြင္း ကရင္နီျပည္ အရပ္သားေသဆုံးသူ ၂၅၀ေက်ာ္အထိ ရွိေန
April 25, 2022

ကရင္နီျပည္မွာ အာဏာသိမ္းကာလ ( တစ္ႏွစ္နဲ႔သုံးလအတြင္း) ဧၿပီ (၂၄)ရက္ေန႔အထိ အရပ္သားေသဆုံးသူ (၂၅၇) ဦး အထိ ရွိေနၿပီျဖစ္တယ္လို႔ တိုးတက္ေသာကရင္နီျပည္သူ႔အင္အားစု (PKPF) က ဧၿပီလ ၂၄ ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။ အဓိက အရပ္သားျပည္သူေတြကို စစ္ေကာင္စီကေနၿပီး အေၾကာင္းမဲ့ သတ္ျဖတ္တာေတြ၊ လက္နက္ႀကီး ရမ္းသမ္းပစ္ခတ္မႈေၾကာင့္ ေသဆုံးရတာေတြ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ေကာက္ယူရတဲ့အခ်က္အလက္အရ ဒီးေမာ့ဆိုၿမိဳ႕နယ္မွာ ေသဆုံးမႈ အမ်ားဆုံးျဖစ္တယ္လို႔ သူကဆက္ေျပာပါတယ္။ အသတ္ခံရ တဲ့ မိသားစုဝင္ေတြနဲ႔ ေတြ႕ဆုံတာေတြ၊ ေဒသခံ PDFေတြနဲ႔ ခ်ိတ္ဆက္ သြားေရာက္ၿပီး လက္လွမ္းမွီသေလာက္ အခ်က္အလက္ ေကာက္ယူၾကတာ ျဖစ္တယ္လို႔ သိရပါတယ္။ အဲ့ဒီအတြက္ လုံၿခဳံေရးအခက္အခဲ ေတြလည္း ရွိေနတယ္လို႔ ဆိုပါတယ္။

အရပ္သားေသဆုံးသူ (၂၅၇) ဦးမွာ စစ္ေကာင္စီက အေၾကာင္းမဲ့ သတ္ျဖတ္တာ၊ လက္နက္ႀကီး ရမ္းသမ္းပစ္ခတ္တာေၾကာင့္ ေသဆုံးတာ (၂၃၁) ဦး၊ စစ္ေဘးေရွာင္ရင္း ေသဆုံးသူ (၂၄) ဦး နဲ႔ သပိတ္ကာလအတြင္းေသဆုံးသူ (၂)ဦး တို႔ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီ ၁၆ ရက္ေန႔မွာလည္း လြိဳင္ေကာ္ၿမိဳ႕နယ္ ခ်ိကယ္ရပ္ကြက္အတြင္း အသက္(၈)ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးကို ပစ္သတ္ခဲ့ တယ္လို႔ KNDF က ဧၿပီလ ၂၃ ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။ https://www.kantarawaddytimes.org/
******************
၁၃။ ဒုတိယအႀကိမ္ဖြင့္လွစ္မယ့္ ေႏြဦးဂု႐ု ေလးမ်ား ပညာေရးစင္တာမွာ လူငယ္ ၂၀၀ ေက်ာ္ဝင္ခြင့္ေျဖဆိုခဲ့
April 24, 2022

ေမလ (၂)ရက္ေန႔မွာ ဒုတိယအႀကိမ္ျပန္လည္ဖြင့္လွစ္မယ့္ ေႏြဦးဂု႐ုေလးမ်ားရဲ႕ ႏွစ္လတာ ပညာေရးအစီအစဥ္ကို စစ္ေရွာင္လူ ငယ္ ၂၃၁ဦး ဝင္ခြင့္ ေျဖဆိုခဲ့ၾကတယ္လို႔ သိရပါတယ္။ အမွန္တကယ္ တက္ေရာက္ႏိုင္မယ့္ ေက်ာင္းသား၊ ေက်ာင္းသူ ဦးေရက ေတာ့ ၆၀ပဲ လက္ခံႏိုင္ေသးတယ္လို႔ သိရပါတယ္။

အသက္ ၁၅ႏွစ္ကေန ၂၂ႏွစ္ အတြင္း စစ္ေရွာင္လူငယ္ေတြ ေျဖဆိုခဲ့ၾကၿပီး ဝင္ခြင့္ရလဒ္ကို ဧၿပီလ ၂၆ရက္ေန႔မွာ ထုတ္ျပန္ေပး သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒီးေမာ့ဆိုၿမိဳ႕နယ္အေရွ႕ဖက္ျခမ္း စစ္ေရွာင္တစ္ေနရာမွာ ဖြင့္လွစ္ေပးေနတာျဖစ္ပါတယ္။ မိခင္ဘာသာစကားျဖစ္တဲ့ ကရင္နီစာေပနဲ႔ သမိုင္းေၾကာင္း၊ လက္မႈပညာ၊ ပန္းခ်ီ၊ ဂီတ၊ အဂၤလိပ္ ဘာသာ စတာေတြကို သင္ၾကား ေပးတာျဖစ္ပါတယ္။ ပထမအႀကိမ္ဖြင့္လွစ္ရာမွာ လူငယ္ ၅၄ေယာက္ တက္ေရာက္ခဲ့ၾကၿပီး အသက္ျပည့္ၿပီးသား လူငယ္ ၂၀ေယာက္ကို အလုပ္သင္ ေပးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

သင္တန္းၿပီးသြားတဲ့ လူငယ္ေတြအေနနဲ႔လည္း ေက်း႐ြာေတြမွာ ျပန္လည္ၿပီး ကေလးေတြကို စာျပန္သင္ၾကားပို႔ခ်တာေတြ ျပဳလုပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။ ကရင္နီျပည္တြင္းက ေက်ာင္းေနအ႐ြယ္ လူငယ္ေတြဟာဆိုရင္ ၃ႏွစ္ေလာက္ ေက်ာင္း မတက္ခဲ့ၾကရတာျဖစ္တဲ့အတြက္ အခုလို စစ္ေရွာင္ကေလးေတြအတြက္ ဖြင့္လွစ္ေပးေနတာျဖစ္ပါတယ္။ ေႏြဦးဂု႐ုေလးမ်ား အဖြဲ႕ကို ၂၀၂၁ ခုႏွစ္ ဩဂုတ္လအတြင္းမွာ လူငယ္ ၆ ဦးကေန စတင္ဖြဲ႕စည္းခဲ့ၿပီး လက္ရွိမွာေတာ့ က်န္းမာေရး၊ ပညာေရး၊ စစ္ေရွာင္ကူညီေရး၊ ေထာက္ပို႔ စတဲ့လုပ္ငန္းေတြကို အဖြဲ႕ဝင္ ၁၅ ဦးနဲ႔ ကရင္နီျပည္တြင္း ပါဝင္လႈပ္ရွားေနတာ ျဖစ္ပါတယ္။

Homepage


******************
၁၄။ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားသူေတြကို KSP ျပစ္ဒဏ္ေပး
April 23, 2022

ကရင္နီျပည္အတြင္း မၾကာခဏ မူးယစ္ေဆးဝါးေရာင္းဝယ္ေဖာက္ကားသူေတြကို ဖမ္းဆီးမိၿပီး ၎တို႔ကို ျပစ္ဒဏ္ခ်မွတ္ ထားတာရွိတယ္လို႔ ကရင္နီျပည္ရဲဌာန(KSP) ေျပာဆိုခြင့္ရွိသူ ကိုဘိုဘိုက ေျပာပါတယ္။ ကရင္နီျပည္ ဒီးေမာ့ဆို၊ လြိဳင္ေကာ္၊ ဖ႐ူဆိုၿမိဳ႕နယ္အတြင္းမွာ မူးယစ္ေဆးဝါးေရာင္းဝယ္ေဖာက္ကားသူနဲ႔ သုံးစြဲသူကို မၾကာခဏဖမ္းဆီးမိေနရတယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလ ၂၁ ရက္ေန႔မွာ လြိဳင္ေကာ္ၿမိဳ႕နယ္အတြင္း လြိဳင္လင္ေလးၿမိဳ႕ ပိန္းခ်စ္ေက်း႐ြာမွာ မူးယစ္ေဆးဝါး ေရာင္းဝယ္ ေဖာက္ကားသူ (၁၀) ဦးကို သတင္းအရ KNDF B-14 ၊ KSP ပူးေပါင္းအဖြဲ႕တို႔ သြားေရာက္ဖမ္းဆီးခဲ့တယ္လို႔ KNDF B-14 က ဧၿပီလ ၂၂ ရက္ေန႔မွာ သတင္းထုတ္ျပန္ထားပါတယ္။ သိမ္းဆည္းမိတဲ့ (WY) စာတန္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂၃၁ ) ျပား၊ မူးယစ္ေဆးဝါးေရာင္းဝယ္ေဖာက္ကားသူ (၁၀)ဦးနဲ႔ သက္ေသခံပစၥည္းေတြကို KSP ထံလႊဲေျပာင္းေပးခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္ထိ သိမ္းဆည္းမိတဲ့မူးယစ္ေဆးဝါးေတြကို အမ်ားေရွ႕မွာ ပြင့္လင္းျမင္သာစြာနဲ႔ မီးရႈိ႕ဖ်က္ဆီးသြားမယ္လို႔ KSP ေျပာဆိုခြင့္ရွိသူ ကိုဘိုဘိုက ဆိုပါတယ္။ ျပည္သူလူထုအေနနဲ႔ မူးယစ္ေဆးဝါးလက္ဝယ္ထားရွိျခင္း၊ သုံးစြဲျခင္း၊ ေရာင္းဝယ္ေဖာက္ ကားျခင္း၊ သယ္ေဆာင္ျခင္း မျပဳလုပ္ၾကဖို႔နဲ႔ ေတြ႕ရွိပါက သက္ဆိုင္ရာတာဝန္ရွိသူထံ အေၾကာင္းၾကားဖို႔ KNDF နဲ႔ KSP က အသိေပးထားပါတယ္။ https://www.kantarawaddytimes.org/
******************
၁၅။ စစ္ေၾကာင္းထိုးေနတဲ့ စစ္ေကာင္စီတပ္နဲ႔ စစ္ေရးတင္းမာေနဆဲ
April 23, 2022

ကရင္နီျပည္ နဲ႔ ရွမ္း-ကရင္နီ နယ္စပ္ မိုးၿဗဲအနီးတစ္ဝိုက္ေတြမွာ ဧၿပီလ တတိယပတ္အတြင္း စစ္ေကာင္စီတပ္နဲ႔ ကရင္နီေဒသခံ ကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႕တို႔ စစ္ေရးတင္းမာေနဆဲ ျဖစ္ပါတယ္။ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ေဒါကမီးေက်း႐ြာမွာဆိုရင္ ယမန္ေန႔ (ဧၿပီ ၂၂ ) ရက္ေန႔ကေန ဒီကေန႔ ( ဧၿပီလ ၂၃ ) ရက္ေန႔အထိ စစ္ေကာင္စီတပ္နဲ႔ KA ၊ KNDF တို႔ ထိေတြ႕ တိုက္ပြဲ ျပင္းထန္ေနဆဲ ျဖစ္တယ္လို႔ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF တာဝန္ရွိသူတစ္ဦးက ဒီကေန႔ မနက္ (၁၁)နာရီအခ်ိန္မွာ ကႏၲာရဝတီတိုင္း(မ္) ကို အတည္ျပဳ ေျပာၾကားပါတယ္။ မိုးၿဗဲ – ဝါရီဆူးပလိုင္အနီးတစ္ဝိုက္မွာလည္း မေန႔ကထိေတြ႕ တိုက္ပြဲျဖစ္ ပြားတာေတြ ရွိတယ္လို႔ သိရပါတယ္။

စစ္ေကာင္စီဖက္ အထိနာတာေတြရွိေနတဲ့အတြက္ ထပ္မံ အင္အား ျဖည့္တင္းလာေနတာေတြလည္း ရွိတယ္လို႔ သူက ဆက္ေျပာ ပါတယ္။ တိုက္ပြဲျဖစ္ပြားေနဆဲ ျဖစ္တဲ့အတြက္ ႏွစ္ဖက္ထိခိုက္မႈ အေျခအေနကိုေတာ့ အေသးစိတ္ မသိရွိရေသးဘူးလို႔ ဆိုပါ တယ္။

ၿပီးခဲ့တဲ့ ဧၿပီ (၂၀) ရက္ နဲ႔ ယမန္ေန႔ ( ၂၂ ) က မိုးၿဗဲ မွာ တိုက္ပြဲျဖစ္ပြားတာေတြ ရွိခဲ့သလို စစ္ေကာင္စီတပ္ကေနၿပီး လက္နက္ ႀကီးေတြ ရမ္းသန္းပစ္ခတ္တဲ့အတြက္ ျပည္သူ႔ေနအိမ္ ထိခိုက္ပ်က္စီးတာေတြလည္း ရွိခဲ့ပါတယ္။ ယမန႔္ေန႔ နံနက္ ၉နာရီ ဝန္းက်င္အခ်ိန္မွာလည္း စစ္ေကာင္စီတပ္က ဒီးေမာ့ဆို ၿမိဳ႕နယ္ ေခါက္ပေလာ့ရပ္ကြက္နဲ႔ ငူးပေလာ့ ရပ္ကြက္ၾကား လူေနအိမ္ ႏွစ္လုံးကို မီးရႈိ႕ဖ်က္စီးခဲ့တယ္လို႔ KNDF B-08 က ထုတ္ျပန္ထားပါတယ္။ https://www.kantarawaddytimes.org/
******************
၁၆။ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ဖိတ္ေခၚမႈဟာ စစ္ေကာင္စီတပ္ ဖ႐ိုဖရဲျဖစ္ေနတာျဖစ္တယ္လို႔ KNPP ေျပာ
April 23, 2022

လက္ရွိမွာ စစ္ေကာင္စီတပ္ေတြ ဖ႐ိုဖရဲျဖစ္ေနၿပီး ထိခိုက္က်ဆုံးမႈေတြ၊ တပ္ေျပးမႈေတြ မ်ားျပားလာတာေၾကာင့္ အာဏာသိမ္းစစ္ ေခါင္းေဆာင္ မင္းေအာင္လႈိင္ဟာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြကို ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ေျပာလာတာျဖစ္ တယ္လို႔ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ(KNPP) အတြင္းေရးမႉး-၁ ခူဒယ္နီယာက ကႏၲာရဝတီတိုင္း(မ္)ကို ေျပာပါတယ္။ ၿငိမ္းခ်မ္းေရးလုပ္ငန္း အေကာင္အထည္ေဖာ္ႏိုင္ဖို႔ ဧၿပီလ ၂၂ ရက္ေန႔မွာ စစ္ေကာင္စီ ေခါင္းေဆာင္ မင္းေအာင္လႈိင္ရဲ႕ မိန႔္ခြန္း ေျပာၾကားခ်က္အေပၚ KNPP က သုံးသပ္ေျပာဆိုလိုက္တာျဖစ္ပါတယ္။

ဧၿပီလ ၂၃ရက္ေန႔ မနက္ပိုင္းအထိ တရားဝင္အေၾကာင္းၾကားစာ ေပးပို႔တာမရွိသလို ဖိတ္ၾကားမႈအေပၚလည္း ေတြ႕ဆုံေဆြးေႏြးဖို႔ မရွိဘူးလို႔ KNPP ဖက္က သေဘာထားေျပာဆိုထားပါတယ္။ အာဏာသိမ္းစစ္ေခါင္းေဆာင္ ေျပာတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈဟာ အေျပာနဲ႔ လုပ္ရပ္ဟာ မတူဘူးလို႔ ဆိုပါတယ္။ လူထုတစ္ရပ္လုံးက စစ္ေကာင္စီကို ေတာ္လွန္ေနတာျဖစ္ၿပီး ၿငိမ္းခ်မ္းေရးေဆြး ေႏြးခ်င္ရင္ လက္နက္ကိုင္အဖြဲ႕အစည္းအားလုံးပါဝင္မွသာ ရမွာျဖစ္တယ္လို႔ ခူဒယ္နီယာက ေျပာပါတယ္။ ယမန္ေန႔ စစ္ေခါင္း ေဆာင္ေျပာၾကားခဲ့တဲ့ မိန႔္ခြန္းမွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ေခါင္းေဆာင္ေတြကို ေတြ႕ဆုံေဆြးေႏြးဖို႔ ဖိတ္ေခၚထား တာျဖစ္ပါတယ္။

အဖြဲ႕ဝင္အားလုံးကို ကိုယ္တိုင္ေတြ႕မွာျဖစ္ၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ကိုယ္စားလွယ္အဖြဲ႕ေတြနဲ႔ ေဆြးေႏြးမႈ ျပဳလုပ္ သြားမယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ တက္ေရာက္သူ အမည္ကို ၂၀၂၂ ေမလ ၉ ရက္ ေနာက္ဆုံးထား အေၾကာင္းျပန္ၾကားဖို႔ သူက ေျပာသြားပါတယ္။ https://www.kantarawaddytimes.org/
******************
၁၇။ အလႉရွင္ေပးပို႔တဲ့ ေငြေတြနဲ႔ ေရကို စက္ျဖင့္သယ္ယူေနၾကတဲ့ စစ္ေရွာင္မ်ား
April 23, 2022

အလႉရွင္ေတြ ေပးပို႔တဲ့ေငြနဲ႔ ဒီဇယ္ဝယ္ထည့္ၿပီး ေရခပ္ယူေနၾကတဲ့ လြိဳင္ေကာ္ၿမိဳ႕နယ္ အေရွ႕ဘက္ျခမ္းက စစ္ေဘးဒုကၡသည္ စခန္းတစ္ခုျမင္ေတြ႕ရတာျဖစ္ပါတယ္။

ေရတစ္ပုံးရဖို႔ မနက္အေစာႀကီး တစ္နာရီေလာက္ သြားတန္းစီၿပီး ေရခပ္ေနရပါတယ္။ ေရရွားပါးတဲ့ အရပ္ေဒသျဖစ္တာေၾကာင့္ ေသာက္သုံးေရ အခက္အခဲႀကဳံေတြ႕ေနၾကရပါတယ္။ အခုအခါမွာေတာ့ အလႉရွင္ေတြလႉဒါန္းေပးတဲ့ ေငြေၾကးေတြနဲ႔ ဓါတ္ဆီ၊ဒီ ဇယ္ေတြဝယ္ၿပီး စက္ေတြနဲ႔ သြားေရာက္ခပ္ယူေနၾကရပါၿပီ။

ၿပီးခဲ့တဲ့ မတ္လ၂၇ ရက္ေန႔က လြိဳင္ေကာ္ၿမိဳ႕နယ္ အေရွ႕ဘက္ျခမ္းက ျပည္သူေတြ ေရခပ္ခက္ခက္ခဲခဲ ေရခပ္ေနၾကရတဲ့ သတင္းဓါတ္ပုံကို ကႏၲာရဝတီတိုင္း(မ္)က တင္ၿပီးေနာက္ အလႉရွင္တခ်ိဳ႕ရဲ႕ ဆက္သြယ္လာမႈေၾကာင့္ အခုလို ေရသြားေရာက္ သယ္ယူႏိုင္ၾကျဖစ္ပါတယ္။ https://www.kantarawaddytimes.org/
******************
၁၈။ ကရင္နီျပည္အတြက္ လူသားခ်င္းစာနာ ေထာက္ထားမႈအကူအညီ သန္းသုံးရာနီးပါးကို NUG ေထာက္ပံ့ေပးခဲ့ဟုဆို
April 22, 2022

အမ်ိဳးသားညီၫြတ္ေရးအစိုး ( NUG )က ကရင္နီျပည္အတြက္ လူသားခ်င္းစာနာ ေထာက္ထားမႈအကူအညီ ( ၂၈၁.၂၅ ) က်ပ္သန္းကို ေထာက္ပံ့ေပးခဲ့တယ္လို႔ လူသားခ်င္းစာနာေထာက္ထားေရးႏွင့္ ေဘးအႏၲာရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရးဝန္ႀကီးဌာမွ အစီရင္ခံစာ ထုတ္ျပန္ခ်က္အရ သိရပါတယ္။ ထုတ္ျပန္ခ်က္ပါေဖာ္ျပခ်က္အရ ၂၀၂၁ခုႏွစ္ ဧၿပီလ (၁၀)ရက္မွ ၂၀၂၂ခုႏွစ္ ဧၿပီလ (၁၀)ရက္ေန႔အတြင္း ေထာက္ပံ့ခဲ့တာျဖစ္ၿပီး ကရင္နီျပည္ဟာ တတိယ ေထာက္ပံ့မႈ အမ်ားဆုံးရတဲ့ ျပည္နယ္တစ္ခုျဖစ္ပါတယ္။ တစ္ႏွစ္အတြင္း တစ္ႏိုင္ငံလုံးအတိုင္းအတာအတြက္ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီ ၂.၇၃ဘီလီယံ က်ပ္ကို ေထာက္ ပံ့ခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာေတြ႕ရွိရပါတယ္။

အမ်ားဆုံးေထာက္ပံ့ခဲ့တဲ့ ေနရာကေတာ့ ကရင္ျပည္နယ္ျဖစ္ၿပီး က်ပ္ ၆၁၅ သန္းေက်ာ္၊ ဒုတိယအမ်ားဆုံးကေတာ့ စစ္ကိုင္း တိုင္းေဒသႀကီးျဖစ္ၿပီး က်ပ္ ၄၁၁ သန္းေက်ာ္ ေထာက္ပံ့ခဲ့ပါတယ္။ ရရွိထားတဲ့ အကူအညီေတြကို ကရင္နီျပည္မွာရွိတဲ့ စစ္ေရွာင္ ေတြရဲ႕ စားနပ္ရိကၡာ၊က်န္းမာေရး၊ သယ္ယူပို႔ေဆာင္ေရးစရိတ္၊ ပညာေရး၊ CDM ေထာက္ပံ့မႈ စတဲ့အပိုင္းေတြမွာ အမ်ားဆုံးအသုံး ျပဳခဲ့တယ္လို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ျပည္ထဲေရးႏွင့္လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးဌာနမွ ဒုဝန္ႀကီး ခူးထဲဘူးက ေျပာပါ တယ္။

ဒီေထာက္ပံ့ကူညီမႈဟာ ျပည္သူမွျပည္သူသို႔ လႉဒါန္းမႈျဖစ္ၿပီး ႏိုင္ငံတကာမွ တသီးပုဂၢလအဖြဲ႕အစည္း၊ လူပုဂၢိဳလ္အခ်ိဳ႕မွ ရရွိမႈသာ ျဖစ္ၿပီး လက္ရွိအခ်ိန္ထိ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ လူသားခ်င္းစာနာမႈအဖြဲ႕အစည္းထံမွ ေထာက္ပံ့မႈ လုံးဝမရရွိခဲ့ဘူးလို႔ NUG က ဆိုပါတယ္။ NUG ရရွိတဲ့ ႏိုင္ငံအလိုက္ေထာက္ပံ့မႈမွာ ကိုးရီးယား၊ အေမရိကန္၊ ဂ်ပန္၊ ထိုင္း၊ ဩစေတးလ်၊ စကၤာပူ၊ ယူေက၊ ျမန္မာ၊ မကာအို၊ ဥေရာပႏိုင္ငံ ျဖစ္တယ္လို႔ အစီရင္ခံစာအရ သိရပါတယ္။ https://www.kantarawaddytimes.org/
******************
၁၉။ CDM ၀န္ထမ္းမ်ားအား ခံ၀န္ထိုး႐ုံးျပန္လာတက္ရန္ အေၾကာင္းၾကားၿပီး ဖမ္းဆီးစစ္ေၾကာခံေနၾကရသူမ်ားရွိေန
April 26, 2022

ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္း စစ္အာဏာရွင္ျပဳတ္က်ေရး ၀န္ထမ္းသပိတ္ ဆႏၵထုတ္ေဖာ္ မႈမ်ားတြင္ ပါ၀င္ခဲ့ၾက သည့္ အၾကမ္းမဖက္ အာဏာဖီဆန္ေရးလႈပ္ရွားမႈ- CDM ၀န္ထမ္းမ်ားအား စစ္ေကာင္စီ ဌာနဆိုင္ရာမ်ားမွ ခံ၀န္ထိုး၍ ႐ုံးျပန္လာ တက္ရန္ မလိမ့္တစ္ပတ္ အေၾကာင္းၾကားၿပီး ဖမ္းဆီး စစ္ေၾကာခံေနၾကရသူမ်ား ရွိေနေၾကာင္း နီးစပ္သူမ်ားက ေျပာသည္။ ေကာ့ကရိတ္ ၿမိဳ႕နယ္ရွိ CDM ၀န္ထမ္းမ်ားအား စစ္ေကာင္စီဌာနဆိုင္ရာမွ ႐ုံးဌာနကို ဆက္သြယ္ကာ ခံ၀န္လက္မွတ္ထိုး၍ ႐ုံးျပန္တက္ၾကရန္ မလိမ့္တစ္ပတ္ အေၾကာင္းၾကားၿပီး ေနရပ္ျပန္လည္ ေနထိုင္႐ုံျပန္တက္ၾကၿပီးမၾကာမီတြင္ ဖမ္းဆီးစစ္ေၾကာမႈ မ်ားခံေနၾကေၾကာင္း ေကာ့ကရိတ္ေဒသခံ CDM ၀န္ထမ္းမ်ားက ေျပာသည္။

ေကာ့ကရိတ္ေဒသ ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းအပါအအ၀င္ ၿမိဳ႕ေပၚေန ၀န္ထမ္းမ်ား စစ္အာဏာသိမ္းကာလ ဆန္႔က်င္ဆႏၵျပပြဲ မ်ားတြင္ ပါ၀င္ခဲ့ၾကၿပီး CDM ျပဳလုပ္သည့္အတြက္ ေဒသအုပ္ခ်ဳပ္ေရး၊ ပညာေရး၊ က်န္းမာေရးႏွင့္ အျခားဌာန ဆိုင္ရာ ၀န္ထမ္းအမ်ားအျပား ႐ုံးမတက္ၾကေတာ့သည့္အတြက္ ဌာနမွ အလုပ္ရပ္စဲထုတ္ပယ္စာမ်ား၊ ေခ်းေငြ ျပန္ဆပ္ရန္အေၾကာင္း ၾကားစာမ်ား၊ ဖမ္း၀ရမ္း ထုတ္ဆင့္စာမ်ား၊ ထုတ္ျပန္ေၾကျငာခံထားရသည္။ အဆိုပါ ေၾကျငာျခင္းခံရသည့္ ၀န္ထမ္းမ်ားအား စစ္ေကာင္စီသစၥာခံ၍ ႏိုင္ငံ့၀န္ထမ္းအျဖစ္ ဆက္လက္ထမ္းေဆာင္ရန္ ခံ၀န္ကတိလက္မွတ္ထိုးကာ ျပန္လည္အမႈထမ္းရန္ အေၾကာင္းၾကားေသာေၾကာင့္ အခ်ိဳ႕ CDM ၀န္ထမ္းမ်ားမွာ ေနရပ္ျပန္လာ၍ ႐ုံးဌာနႏွင့္ဆက္သြယ္ကာ ႐ုံးျပန္တက္ၾကၿပီး ယခု ဧၿပီလ သၾကၤန္ကာလအၿပီး ၁၇ ရက္မွ စတင္ကာ စစ္ေကာင္စီ ေဒသရပ္႐ြာ အတြင္း ဖမ္းဆီး စစ္ေၾကာေမးျမန္းမႈမ်ား လုပ္ေဆာင္ခံေနၾကရေၾကာင္း ေကာ့ကရိတ္ၿမိဳ႕ရွိ CDM ဝန္ထမ္းတစ္ဦးက ေျပာသည္။

ကရင္ျပည္နယ္ စစ္ေကာင္စီ ဥကၠ႒ ေစာျမင့္ဦးက ၿပီးခဲ့သည့္ မတ္လ ၁ ရက္ေန႔တြင္ CDM ျပဳလုပ္ခဲ့ၾကၿပီးေနာက္ Non CDM အျဖစ္ လုပ္ငန္းခြင္ျပန္၀င္သည့္ ပညာေရး၀န္ထမ္း ၂၆၅ ဦးအား ျပည္နယ္ခန္းမ၌ ဆုံးမဩဝါဒေပးကာ ရာထူးတိုး ၂ ႏွစ္ ဆိုင္းငံ့ျပစ္ဒဏ္ျဖင့္ ဆက္လက္ တာ၀န္ ထမ္းေဆာင္ ခြင့္ျပဳထားေသာ္လည္း ၀န္ထမ္းလိုအပ္ခ်က္အား ျဖည့္ဆည္းလည္ပတ္ ႏိုင္မႈမရွိသည့္အတြက္ ပုံစံအမ်ိဳးမ်ိဳးျဖင့္ ျပန္လည္ေခၚယူ အမႈထမ္းၾကရန္ ဆက္သြယ္စည္း႐ုံးလုပ္ေဆာင္ေသာ္လည္း CDM ျပဳလုပ္ထားသူအမ်ားစုမွာ ဆက္လက္ဆန္႔က်င္ေရွာင္တိမ္းေနထိုင္ေနဆဲျဖစ္သည္ဟု သိရသည္။ ထို႔အျပင္ KNU- ကရင္အမ်ိဳး သားအစည္းအ႐ုံး ထိန္းခ်ဳပ္နယ္ေျမ ခ႐ိုင္/တပ္မဟာ ေဒသမ်ားအတြင္း ေရာက္ရွိ ခိုလႈံရာေနရာမ်ားတြင္ ပညာေရး၊ က်န္းမာေရး၊ ေဒသဖြံၿဖိဳးေရး၊ စစ္ေဘးေရွာင္ကူညီေစာင့္ ေရွာက္ေရး လုပ္ငန္းမ်ားတြင္ ပါ၀င္ကူညီ၍ စစ္အာဏာရွင္ ျပဳက်ေရး ဆက္လက္ တိုက္ပြဲ ၀င္ေနၾကဆဲျဖစ္ေၾကာင္း CDM ဝန္ထမ္းမ်ားက ေျပာသည္။ https://kicnews.org/2022/04/
****************
၂၀။ စစ္ေကာင္စီတပ္ ဖမ္းဆီးေခၚေဆာင္ျခင္းခံရသည့္ ခလယ္-တံခြန္တိုင္႐ြာသားအခ်ိဳ႕ ျပန္လြတ္ေျမာက္လာ
April 25, 2022

ယေန႔ နံနက္ပိုင္းက စစ္ေကာင္စီစစ္ေၾကာင္း၏ ဖမ္းဆီးေခၚေဆာင္ျခင္းခံရေသာ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ဝင္းေရာ္ေဒသ ခလယ္-တံခြန္တိုင္တိုက္နယ္ ေက်း႐ြာမ်ားရွိ ေတာင္ညိဳေတာင္တန္း ေတာင္ေျခမ်ားတြင္ ဥယ်ာဥ္ၿခံစိုက္ပ်ိဳးျခင္းျဖင့္ အသက္ေမြး လုပ္ကိုင္ၾကသည့္ ေတာင္သူ ၃၀ ေက်ာ္မွ အခ်ိဳ႕ မွာ ျပန္လည္လြတ္ေျမာက္လာသည္ဟု သိရသည္။ ဝင္းေရာ္ေဒသ၏ အေနာက္ ဘက္ ေတာင္ညိဳေတာင္ေျခတြင္ ခလယ္၊ ၿမိဳ႕ေဟာင္း၊ ခလယ္႐ြာေလးႏွင့္ အျခားေက်း႐ြာမ်ားမွ ဥယ်ာဥ္ၿခံလုပ္ကိုင္ေနၾကသည့္ ေဒသခံ ၃ဝ ေက်ာ္ကို ယေန႔ ဧၿပီလ ၂၅ ရက္၊ ေန႔လည္ ၁၁ နာရီေက်ာ္အခ်ိန္တြင္ ထိုးစစ္ဆင္လာသည့္ စစ္ေကာင္စီစစ္ေၾကာင္းက ဖမ္းဆီးေခၚေဆာင္ခဲ့ျခင္းျဖစ္သည္။

ထိုသို႔ ဖမ္းဆီးေခၚေဆာင္ၿပီးေနာက္ အမ်ိဳးသမီး၊ ကေလးငယ္မ်ားကို ျပန္လည္လႊတ္ေပးခဲ့ၿပီး လူလတ္ပိုင္း အမ်ိဳးသားအမ်ားစုကို ၎တို႔၏ အထုပ္လက္နက္မ်ားထမ္းခိုင္းၿပီး၊ လမ္းျပအျဖစ္ခိုင္းေစကာ က်န္ေနခဲ့ေသးေၾကာင္း ျပန္လည္လြတ္ေျမာက္လာ သူမ်ားက ေျပာသည္။ စစ္ေကာင္စီတပ္မွ ၎တို႔စစ္ေၾကာင္းသြားသည့္ လမ္းမတစ္ေလွ်ာက္ အမ်ိဳးသမီး၊ အမ်ိဳးသား၊ ကိုယ္ဝန္သည္ႏွင့္ ကေလးငယ္မ်ားပါမက်န္ ေခၚေဆာင္သြားၿပီး ပါလာသည့္ဖုန္းမ်ားသိမ္းဆည္း ေမးျမန္းျခင္းႏွင့္ အမ်ိဳးသားမ်ား ကို ေသာက္ေဆးတစ္မ်ိဳးတိုက္ကာ အထုပ္၊ လက္နက္ႀကီးမ်ား ထမ္းခိုင္းသည္ဟု ၎ျပန္လည္လြတ္ေျမာက္လာသူက ဆက္ေျပာ သည္။

ဝင္းေရာ္ေဒသ ခလယ္-တံခြန္တိုင္တိုက္နယ္ ရဲစခန္းတြင္ ဧၿပီလ ၂၃ ရက္ေန႔က ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္ပြားေနစဥ္ ရဲစခန္းဝင္း အတြင္း ေျခကုပ္ယူထားသည့္ စစ္ေကာင္စီတပ္မွ ပစ္ခတ္လိုက္သည့္ လက္နက္ႀကီးေၾကာင့္ ေဒသခံအမ်ိဳးသမီးတစ္ဦး က်ည္ထိ မွန္ေသဆုံးၿပီး အျခားအမ်ိဳးသား ၂ ဦးလည္း ျပင္းထန္ဒဏ္ရာရရွိခဲ့သည္။ ၎အျပင္ ထိုေန႔ည (၁၀)နာရီအခ်ိန္တြင္ အဘစ္႐ြာရွိ စစ္ေကာင္စီတပ္ အေျမႇာက္တပ္ရင္းမွ ေက်း႐ြာအတြင္းသို႔ လက္နက္ႀကီးမ်ား လွမ္းပစ္ခတ္မႈမ်ား လုပ္ေဆာင္ေသာေၾကာင့္ ေဒသခံ႐ြာသား ေထာင္ႏွင္ခ်ီ ေဘးလြတ္ရာသို႔ စစ္ေဘးတိမ္းေရွာင္ေနၾကရသည္ဟု ကူညီကယ္ဆယ္ေရးမ်ားထံမွ သိရသည္။
https://kicnews.org/2022/04/
****************
၂၁။ ေကအဲန္ယူ တပ္မဟာ(၁) နယ္ေျမတြင္ တိုက္ပြဲျပင္းထန္၍ ေဒသခံေထာင္ခ်ီတိမ္းေရွာင္ေနရ
April 25, 2022

ေကအဲန္ယူ-ကရင္အမ်ိဳးသားအစည္းအ႐ုံး သထုံခ႐ိုင္ (တပ္မဟာ -၁ နယ္ေျမ) ၊ ဘီးလင္းၿမိဳ႕နယ္တြင္ ဧၿပီလ ၂၃ ရက္ေန႔ မွစတင္၍ တိုက္ပြဲျပင္းထန္လာၿပီး စစ္ေကာင္စီတပ္ဘက္က ေက်း႐ြာမ်ားအတြင္းသို႔ လက္နက္ႀကီးျဖင့္ ပစ္ခတ္မႈမ်ားလုပ္ေဆာင္ သည့္အတြက္ ေဒသခံျပည္သူ ေထာင္ခ်ီ ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရသည္ဟု သိရသည္။

ေကအဲန္ယူ ဘီးလင္းၿမိဳ႕နယ္ရွိ စစ္ေကာင္စီတပ္၏ ေလးေကႏွင့္ ဝင္တာပန္စခန္း ႏွစ္ခုကို ဧၿပီ ၂၃ ရက္ေန႔တြင္ ေနာက္ဆုံးထား ဆုတ္ခြာရန္ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕-KNDO တပ္ရင္း ၂ က သတိေပးစာ ထုတ္ျပန္မႈကို စစ္ေကာင္စီတပ္ဘက္က ေနာက္မဆုတ္သည့္အျပင္ ေက်း႐ြာမ်ားထဲသို႔ လက္နက္ႀကီး ရမ္းသမ္းပစ္ခတ္မႈမ်ားကိုပါ လုပ္ေဆာင္လာသည္ဟု KNU သထုံခ႐ိုင္ဥကၠဌ ပဒိုေစာစိုးျမင့္က ေကအိုင္စီသို႔ ေျပာသည္။

ၿပီးခဲ့သည့္ ဧၿပီလ ၂၃ ရက္ေန႔တြင္လည္း ဖာပြန္ခ႐ိုင္ တပ္မဟာ(၅) နယ္ေျမအတြင္းရွိ စစ္ေကာင္စီ ကတိုင္တိစခန္းမွ ေဒါဇံႀကီး ေက်း႐ြာသို႔ လက္နက္ႀကီးႏွင့္လွမ္းပစ္ခတ္သည့္အတြက္ လူေနအိမ္(၅)လုံး ထိခိုက္ပ်က္စီးခဲ့သလို အရပ္သား ၂ဦး ဒဏ္ရာရရွိ ခဲ့သည္။ ထိုပစ္ခတ္မႈေၾကာင့္ ေဒါဇံႀကီး၊ ေလးေက၊ ဝင္းတာပန္၊ ျမစ္က်ိဳး ၊ ေက်ာက္ဖ်ာ အပါအဝင္ ေက်း႐ြာေပါင္း ၁၀ ေက်ာ္မွ ေထာင္ႏွင့္ခ်ီေသာ ေဒသခံ႐ြာသားမ်ားလည္း ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရသည္ဟု ေကအဲန္ယူက သတင္းထုတ္ ျပန္ထားသည္။ ထို႔အတူ ေဒသခံ႐ြာသားအခ်ိဳ႕သည္ စစ္ေကာင္စီ၏ ေလေၾကာင္း တိုက္ခိုက္မႈျပဳလုပ္လာ မည္ကိုစိုးရိမ္ေန သည့္အတြက္ နီးစပ္ရာ ေက်ာက္ဂူ၊ လႈိဏ္ဂူရွိရာေနရာမ်ားတြင္ မိသားစုအလိုက္ သြားေရာက္တိမ္းေရွာင္သူလည္းရွိသည္ဟု သိရ သည္။ https://kicnews.org/2022/04/
****************
၂၂။ ၁၅ ရက္အတြင္း စခန္းမ်ားကို အၿပီးတိုင္႐ုပ္သိမ္းရန္ စစ္ေကာင္စီကို KNDO တပ္ရင္း ၄ သတိေပး
April 25, 2022

ေဒသခံ လူထုမ်ားအတြက္ ေဘးဒုကၡႏွင့္ စိုးရိမ္ေၾကာက္႐ြံ႕မႈ ျဖစ္ေစသည့္ စစ္ေကာင္စီ တပ္စခန္း ၂ ခုကို ယေန႔ ဧၿပီလ ၂၅ ရက္ေန႔မွစ၍ ၁၅ ရက္အတြင္း အၿပီးတိုင္ ႐ုပ္သိမ္းေပးရန္ ကရင္အမ်ိဳးသား အစည္းအ႐ုံး-KNU တပ္မဟာ (၂)နယ္ေျမရွိ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕-KNDO တပ္ရင္း(၄) ဌာနခ်ဳပ္က ယေန႔ ရက္စြဲျဖင့္ သတိေပးထုတ္ျပန္ေၾကညာလိုက္သည္။ ေတာင္ငူခ႐ိုင္၊ ထန္းတပင္ၿမိဳ႕နယ္၊ KNU တပ္မဟာ (၂) ၊ KNDO တပ္ရင္း(၄) နယ္ေျမအတြင္းရွိ စစ္ေကာင္စီ၏ က်ီးေခ်ာင္း စစ္စခန္းႏွင့္ ၄၈ မိုင္ကိုးေဒး စစ္စခန္းမ်ားေၾကာင့္ ထိုေဒသရွိ ေဒသခံလူထုမ်ားအေနျဖင့္ ထိတ္လန႔္ေၾကာက္႐ြံ႕ေနရၿပီး မိုင္းကြင္း မ်ားေၾကာင့္ ေန႔စဥ္သြား လာေနထိုင္စားေသာက္ရာ၌ အဟန႔္အတား ျဖစ္ေစသလို စစ္ေကာင္စီ၏ ဦးတည္ခ်က္မဲ့ ပစ္ခတ္မႈမ်ား ကို စိုးရိမ္ေၾကာက္လန႔္ေနရေၾကာင္း ေဖာ္ျပထားသည္။

ထိုစစ္ေကာင္စီ တပ္စခန္းမ်ား တည္ရွိေနျခင္းအေပၚ ၎တို႔အေနျဖင့္ လုံးဝလက္မခံႏိုင္ေၾကာင္းႏွင့္ အဆိုပါ စာထုတ္ျပန္ သည့္ရက္မွစ၍ ၁၅ ရက္အတြင္း စစ္စခန္းမ်ားကို အၿပီးတိုင္ ႐ုပ္သိမ္းထြက္ခြာ သြားရန္ ေဖာ္ျပထားၿပီး အဆိုပါ ရက္မ်ားထက္ ေက်ာ္လြန္တပ္စြဲထားပါက ေနာက္ဆက္တြဲကိစၥမ်ားအား တာဝန္ယူမည္ မဟုတ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။ အလားတူ ဧၿပီလ ၂၀ ရက္ေန႔က ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕ (KNDO) တပ္ရင္း ၂ ဌာနခ်ဳပ္က KNU တပ္မဟာ (၁) နယ္ေျမအတြင္းရွိ ေလးေကႏွင့္ ဝင္းတာပန္ ေက်း႐ြာမ်ားတြင္ တပ္စြဲထားေသာ နယ္ျခားေစာင့္တပ္(BGF) ႏွင့္ စစ္ေကာင္စီ တပ္စခန္းမ်ားအေနျဖင့္ ဧၿပီလ ၂၃ ရက္ေန႔ ေနာက္ဆုံး ထားၿပီး နယ္ေျမအတြင္းမွ ထြက္ခြာေပးရန္၊ မထြက္ခြာပါက စစ္ေရးအရ ျပင္းထန္စြာ အေရးယူမည္ထုတ္ျပန္ခဲ့ေသးသည္။

KNDO တပ္ရင္း ၂ ဌာနခ်ဳပ္က သတိေပးစာထုက္ျပန္ခဲ့ေသာ္လည္း စစ္ေကာင္စီတပ္ႏွင့္ BGF မ်ားမွာ စခန္းအတြင္း ထြတ္ခြာ ျခင္းမရွိသည့္အေပၚ KNDO ဘက္မွ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲျပင္း ထန္လာခဲ့ကာ စစ္ေကာင္စီဘက္မွ လက္နက္ႀကီး မ်ားျဖင့္ ပတ္ဝန္းက်င္သို႔ ျပန္လည္၍ ရမ္းသမ္းပစ္ခတ္မႈမ်ားျပဳလုပ္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။ KNU ဘီးလင္းၿမိဳ႕နယ္၊ KNDO တပ္ရင္း ၂ ဌာနခ်ဳပ္က ေၾကညာခ်က္ထုက္ျပန္ၿပီးေနာက္ပိုင္း ေလးေက ေက်း႐ြာႏွင့္ ဝင္းတာပန္ေက်း႐ြာတြင္ တပ္စခန္း ခ်ထားေသာ BGF တပ္ဖြဲ႕မ်ားမွ လမ္းမ်ားကို ပိတ္ထားကာ ေဒသခံမ်ားအား သြားလာခြင့္ ပိတ္ပင္ျခင္းမ်ားရွိလာၿပီး ႏွစ္ဖက္စစ္ေရး တင္းမာလာႏိုင္ဖြယ္ရွိသျဖင့္ အနီးတစ္ဝိုက္ရွိ ေဒသခံျပည္သူမ်ားမွာ ေနအိမ္စြန္႔ခြာ ထြက္ေျပးတိမ္းေရွာင္ ေနမႈမ်ားရွိေၾကာင္း ေကအဲန္ယူက သတင္းထုတ္ျပန္ထားသည္။ https://kicnews.org/2022/04/
****************
၂၃။ က်ိဳက္ဒုံအနီး မိတန္႐ြာတြင္ ပစ္ခတ္မႈျဖစ္ပြား၍ စစ္ေကာင္စီတပ္ဖြဲ႕ ၂ ဦးဒဏ္ရာရ
April 24, 2022

ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ က်ိဳက္ဒုံ -မိတန္ေက်း႐ြာတြင္ ယေန႔ ဧၿပီလ ၂၄ရက္ေန႔ နံနက္ ၁၀ နာရီဝန္းက်င္က စစ္ေကာင္စီတပ္၊ နယ္ျခားေစာင့္တပ္-BGF ပူးေပါင္းတပ္ႏွင့္ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ -KNLA တပ္ဖြဲ႕အ ၾကား ထိပ္တိုက္ပစ္ခတ္မႈျဖစ္ပြားၿပီး စစ္ေကာင္စီတပ္ဘက္မွ ၂ဦး ျပင္းထန္ဒဏ္ရာရရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ထိုသို႔ႏွစ္ဖက္ထိပ္တိုက္ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ စစ္ေကာင္စီတပ္ဘက္မွ ပစ္ခတ္မႈျဖစ္ပြားရာေနရာအနီးတြင္ တပ္ခ်ေနရာယူ ထားဆဲျဖစ္၍ တိုက္ပြဲ ဆက္လက္ျဖစ္ပြားလာမည္ကို ေဒသခံမ်ားက စိုးရိမ္လ်က္ရွိၿပီး မိတန္႐ြာသားအခ်ိဳ႕လည္း ညအခ်ိန္ ေျပာင္း ေ႐ႊ႕အိပ္ေနၾကရသည္ဟု သိရသည္။ https://kicnews.org/2022/04/
****************
၂၄။ ျမ၀တီ တံတားထိပ္ေပါက္ကြဲမႈ ေနအိမ္ဆိုင္ခန္းမ်ားထိခိုက္ပ်က္စီးမႈမ်ားျပား၊ တံတားအနီး၀န္းက်င္ရွိ ေနအိမ္ CCTV မ်ား စစ္ေဆးမႈမ်ား လုပ္ေဆာင္ေန
April 24, 2022

ကရင္ျပည္နယ္ ျမ၀တီၿမိဳ႕ ထိုင္း-ျမန္မာနယ္စပ္ ခ်စ္ၾကည္ေရးတံတား အမွတ္ ၁ ျမန္မာဘက္အျခမ္းေနရာတြင္ ဧၿပီလ ၂၃ ရက္ ည ၁၀နာရီခြဲက ျဖစ္ပြားခဲ့ေသာ အႀကီးစား မိုင္းေပါက္ကြဲမႈတြင္ ေနအိမ္ဆိုင္ခန္းမ်ားအပါအဝင္ ထိခိုက္ပ်က္စီးမႈ မ်ားျပား လ်က္ရွိသည္ဟု သိရသည္။ ဧၿပီလ ၂၃ ရက္ ည ၁၀နာရီခြဲက မိုင္းဗုံးတပ္ဆင္ ထားသည့္ကားဟု ယူဆရသည့္ ကားတစ္စီး အတြင္းမွ မိုင္းေပါက္ကြဲမႈတြင္ တံတား႐ုံးလုပ္ငန္းေဆာင္႐ြက္သည့္ အေဆာက္အအုံမ်ားအပါအဝင္ တံတားအနီး ပတ္၀န္းက်င္ လူေနဆိုင္ခန္း၊ ကားႏွင့္ဆိုင္ကယ္မ်ား ထိခိုက္ပ်က္စီးခဲ့ၿပီး တံတားလုံၿခဳံေရး တာ၀န္က် နယ္ျခား ေစာင့္တပ္ -BGF တပ္ဖြဲ႕ ၀င္ ၂ ဦး ထိခိုက္ ဒဏ္ရာ ရရွိခဲ့ေၾကာင္း ျမ၀တီစစ္ေကာင္စီ အုပ္ခ်ဳပ္ေရးပိုင္းႏွင့္ နီးစပ္သူမ်ား ေျပာစကားအရ သိရသည္။

အဆိုပါ ကားမိုင္းေထာင္ ေပါက္ကြဲ မႈျဖစ္စဥ္အၿပီး ျမ၀တီၿမိဳ႕အျပင္ ေနရာတြင္လည္း ပစ္ခတ္မႈတခ်ိဳ႕ရွိ႕ခဲ့ၿပီး ယေန႔ ဧၿပီ ၂၄ ရက္နံနက္ပိုင္းအထိ ျမ၀တီ အမွတ္ ၁ တံတား အနီး၀န္းက်င္ ေနရာတစ္ဝိုက္တြင္ စစ္ေကာင္စီ တပ္မ်ားမွ ေနအိမ္ CCTV မ်ားႏွင့္ မိုင္းေပါက္ကြဲ မႈျဖစ္စဥ္အား သိျမင္သူမ်ားအား စုံစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနသည္ဟု သိရသည္။

ကားမိုင္းေပါက္ကြဲမႈျဖစ္စဥ္အား မည္သည့္အဖြဲ႕အစည္းက ျပဳလုပ္ေဖာက္ခြဲခဲ့ေၾကာင္း မသိရေသးေသာ္လည္း ေပါက္ကြဲအားျပင္း ထန္သည့္အတြက္ စစ္ေကာင္စီဘက္မွ လုပ္ႀကံဖန္တီးေဖာက္ခြဲသည့္ ကိစၥမ်ိဳးျဖစ္ႏိုင္ေၾကာင္း ျမ၀တီၿမိဳ႕ခံအခ်ိဳ႕က ထင္ေၾကးေပး ေျပာဆိုမႈမ်ားရွိေနေၾကာင္း သိရွိရသည္။ https://kicnews.org/2022/04/
****************
၂၅။ ဟားခါး-ဂန႔္ေဂါလမ္းတိုက္ပြဲ စစ္ေကာင္စီဘက္ အက်ဆုံးမ်ား
APRIL 26, 2022

ခ်င္းျပည္နယ္ ဟားခါး-ဂန႔္ေဂါကားလမ္းတြင္ စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ ခ်င္းအမ်ိဳးသားတပ္မေတာ္ (CNA)၊ CDF-Hakha ပူးေပါင္း တပ္ဖြဲ႕တို႔ ၂ ရက္တာတိုက္ပြဲတြင္ စစ္ေကာင္စီဘက္က ထိခိုက္က်ဆုံးမႈမ်ားခဲ့ၿပီး အနည္းဆုံး အေယာက္ ၃၀ ခန႔္ ေသဆုံးႏိုင္ သည္ဟု သိရသည္။ မေကြးတိုင္း ဂန႔္ေဂါဘက္မွ ဟားခါးၿမိဳ႕သို႔ စစ္အင္အားျဖည့္တင္းရန္ေျခလ်င္ျဖင့္ စစ္ေၾကာင္းထိုးလာေသာ စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ ခ်င္းကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕တို႔သည့္ ဧၿပီလ ၂၃ ကစ၍ ဟားခါး-ဂန႔္ေဂါလမ္း လုံေကြၽးႏွင့္ လမ္သုတ္ ေက်း႐ြာၾကားတြင္ တိုက္ပြဲျဖစ္ပြားကာ စစ္ေကာင္စီဘက္က အနည္းဆုံးအေယာက္ ၃၀ ခန္႔ေသဆုံးသည္ဟု CDF- Hakha မွ တာဝန္ရွိသူတစ္ဦး က ေျပာသည္။

အင္အား ၄၀၀ ဝန္းက်င္ခန႔္ရွိသည့္ စစ္ေကာင္စီတပ္ဖြဲ႕သည္ ဟားခါးၿမိဳ႕မွ မိုင္ ၄၀ ေလာက္ကြာေဝးေသာ လမ္းသုတ္ေက်း႐ြာသို႔ ေရာက္ရွိေနၾကၿပီး တိုက္ပြဲထပ္မံျဖစ္ပြားႏိုင္သည္ဟု သိရသည္။ ဟားခါး-ဂန္ေဂါၾကားရွိ ေက်း႐ြာမ်ားမွေဒသခံျပည္သူမ်ားသည္ လည္း ေတာထဲသို႔ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္ဟု သိရသည္။

ၿပီးခဲ့သည့္ မတ္လလယ္ပိုင္းကလည္း ဟားခါး- ဂန႔္ေဂၚကားလမ္းတြင္ စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ ခ်င္းပူးေပါင္းကာကြယ္ေရးတပ္ဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားခဲ့ၾကၿပီးေနာက္ သီနမ္းေက်း႐ြာမွ လူေနအိမ္ ၇ လုံး ႏွင့္ ျပည္သူပိုင္အေဆာက္အဦး ၂ လုံး စုစုေပါင္း ၉ လုံးကို စစ္ေကာင္စီတပ္ဖြဲ႕က မတ္လ ၂၈ ရက္ မနက္ပိုင္း ၁၀ နာရီခန႔္က မီးရႈိ႕ဖ်က္ဆီးခဲ့ၿပီးျဖစ္သည္။ အလားတူ ယမန္ေန႔ ဧၿပီလ ၂၅ ရက္ကလည္း ဟားခါးၿမိဳ႕နယ္ ခြၽန္က်ဴံးေက်း႐ြာအဝင္တြင္ စစ္ေကာင္စီတပ္ႏွင့္ CDF-Hakha တပ္ဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားကာ CDF-Hakha ဘက္မွ ရဲေဘာ္ ၂ ဦး က်ဆုံးခဲ့သည္ဟု သိရသည္။ https://khonumthung.org/
****************
၂၆။ CDF-Kanpetlet တပ္ဖြဲ႕ကို စစ္ေကာင္စီတပ္က စစ္ေၾကာင္းႏွစ္ေၾကာင္းျဖင့္ ၾကားညႇပ္တိုက္ခိုက္
APRIL 25, 2022

ခ်င္းျပည္နယ္ေတာင္ပိုင္း ကန္ပက္လက္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္ဖြဲ႕သည္ စစ္ေၾကာင္း ၂ ေၾကာင္းျဖင့္ ထိုးစစ္ဆင္ လာသည့္အတြက္ CDF-Kanpetlet ႏွင့္ ဧၿပီလ ၂၁ ရက္ေန႔ကစ၍ တိုက္ပြဲျဖစ္ပြားေနသည္ဟု သိရသည္။ အင္အား ၁၅၀ ဝန္းက်င္ခန႔္ရွိေသာ စစ္ေကာင္စီတပ္ဖြဲ႕သည္ မေကြးတိုင္းေဆာၿမိဳ႕မွ စစ္ေၾကာင္းတစ္ေၾကာင္းႏွင့္ ကန္ပက္လက္ၿမိဳ႕ေပၚမွ စစ္ေၾကာင္းတစ္ေၾကာင္းျဖင့္ CDF-Kanpetlet တပ္ဖြဲ႕ကို ၾကားညႇပ္ထိုးစစ္ဆင္တိုက္ခိုက္ေနသည္ဟု CDF-Kanpetlet မွ ေျပာေရး ဆိုခြင့္ရွိသူ တစ္ဦးက ေျပာသည္။

စစ္ေကာင္စီတပ္ဖြဲ႕သည္ ေဆာၿမိဳ႕မွ ကန္ပက္လက္ၿမိဳ႕သို႔ အင္အား ၆ဝေက်ာ္ျဖင့္ စစ္ေၾကာင္းထိုးလာၿပီး ကန္ပက္လက္ ၿမိဳ႕ေပၚ တြင္ တပ္စြဲထားေသာ စစ္ေကာင္စီတပ္ ၈၀ ခန႔္သည္လည္း စစ္ေၾကာင္းဆင္းလာျခင္းျဖစ္ၿပီး CDF-Kanpetlet တပ္ဖြဲ႕သည္ ႏွစ္ဖက္ညႇပ္တိုက္ခံရကာ ထိုခိုက္က်ဆုံးမႈမ်ားရွိႏိုင္ၿပီး တိုက္ပြဲမ်ားလည္းဆက္လက္ျပင္းထန္လာဖြယ္ရွိသည္ဟု CDF-Kanpetlet ကထုတ္ျပန္ထားသည္။

တိုက္ပြဲမ်ားျပင္းထန္လာႏိုင္သည့္အတြက္ မိဘျပည္သူမ်ားအေနျဖင့္ မည့္သည့္အေရးႀကီးေၾကာင္းအရာမ်ားရွိေနပါေစ၊ ေဆာနဲ႔ ကန္ပက္လက္အၾကားသြား လာျခင္းမျပဳၾကရန္ CDF-Kanpetlet မွ အသိေပးထုတ္ျပန္ထားသည္။

Main Home


****************
၂၇။ မတူပီၿမိဳ႕နယ္ လည္မ်ိဳေခ်ာင္းဆုံတိုက္ပြဲတြင္ စစ္ေကာင္စီဗိုလ္ႀကီးအဆင့္အပါအဝင္ ၈ ဦးေသဆုံး
APRIL 22, 2022

မတူပီၿမိဳ႕နယ္ မင္းတပ္-မတူပီလမ္းမေပၚရွိ လည္မ်ိဳေခ်ာင္းဆုံတြင္ CDF-Matupi ႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕တို႔ ဧၿပီလ ၂၀ ရက္ ယမန္ေန႔က တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္မွ ဗိုလ္ႀကီးအဆင့္အပါအဝင္ ၈ ဦးေသဆုံးခဲ့သည္ဟု CDF-Matupi ျပန္ၾကား ေရးတာဝန္ရွိသူ တစ္ဦးက ေျပာသည္။

မတူပီၿမိဳ႕အေျခစိုက္ စစ္ေကာင္စီတပ္ ခမရ ၃၀၄ တပ္ရင္းသည္ နယ္ေျမရွင္းလင္းေရးျပဳလုပ္သည္ဟုဆိုကာ CDF-Matupi တပ္ရင္း ထိန္းခ်ဳပ္နယ္ေျမဧရိယာအတြင္းသို႔ ဝင္ေရာက္လာျခင္းေၾကာင့္ ႏွစ္ဘက္တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု သိရသည္။ စစ္ေကာင္စီတပ္ဘက္မွ ယမန္ေန႔တိုက္ပြဲျဖစ္ပြားၿပီးေနာက္ပိုင္းတြင္လည္း စစ္အင္အား ၁၀၀ ဝန္းက်င္ထပ္မံ ျဖည့္တင္းလာ သည္ဟု သိရသည္။

CDF-Matupi ႏွင္ စစ္ေကာင္စီတပ္ဖြဲ႕တို႔ ယေန႔မနက္ပို္င္းတြင္ ထိေတြ႕မႈထပ္မံမရွိေသးေသာ္လည္း စစ္ေကာင္စီ ဘက္မွ ဖုန္း လိုင္းမ်ားျဖတ္ေတာက္ၿပီး မၾကာမွီအခ်ိန္တြင္းမွာလည္း တိုက္ပြဲမ်ားဆက္လက္ ျပင္းထန္းလာႏိုင္ဖြယ္ရွိသည္ဟု CDF-Matupi က ျပန္ၾကားေရးတာဝန္ရွိသူက ေျပာသည္။ https://khonumthung.org/
****************
၂၈။ ေမာ္လၿမိဳင္၊ မင္း႐ြာေက်း႐ြာတြင္ ဆိုင္ကယ္ Taxi ေမာင္းသူ တစ္ဦး အသတ္ခံရ
(၂၀၂၂ ဧၿပီ ၂၅)

ေမာ္လၿမိဳင္ၿမိဳ႕၊ မင္း႐ြာေက်း႐ြာ၊ အားကစားသိပၸံေရွ႕ေရာ္ဘာၿခံ၌ ယေန႔ (ဧၿပီ ၂၅ ရက္) နံနက္ ၉ နာရီဝန္းက်င္ခန႔္က ဆိုင္ကယ္ Taxi ေမာင္းႏွင္သူတစ္ဦး အသတ္ခံရၿပီး ပိုက္ဆံအိတ္၊ လက္ကိုင္ဖုန္းႏွင့္ ဆိုင္ကယ္ လုယက္ခံရေၾကာင္း သိရသည္။ အသတ္ခံ ရသူသည္ ဆိုင္ကယ္ Taxi သမားမွာ ေမာ္လၿမိဳင္ၿမိဳ႕၊ လႈိင္ရပ္ကြက္၊ ေတာင္ရွမ္းစုရပ္ေန အသက္ ၃၂ ႏွစ္ အ႐ြယ္ ကိုေက်ာ္ေက်ာ္ထူး ဆိုသူျဖစ္ေၾကာင္း သိရသည္။

ကိုေက်ာ္ေက်ာ္ထူးသည္ ေထာ့မဲပါဆိုင္ကယ္ Taxi လိုင္းမွ Taxi ေမာင္းသူ တစ္ဦးျဖစ္ေၾကာင္း သိရသည္။ အသတ္ခံရသူ၏ မ်က္ႏွာကိုသာ ေတြ႕လိုက္ရၿပီး မ်က္ႏွာတြင္ ေသြးမ်ားရဲေနေၾကာင္း မိသားစုဝင္ႏွင့္ နီးစပ္သူ တစ္ဦးက ေျပာသည္။ လုယူခံရေသာ ဆိုင္ကယ္မွာ Wave – NCX 110 ေမာ္ဒယ္အသစ္ျဖစ္ေသာေၾကာင့္ နံပါတ္ျပားပင္ မထုတ္ရေသးေၾကာင္း သိရသည္။

အသတ္ခံရသည့္ ကိုေက်ာ္ေက်ာ္ထူးတြင္ ဇနီးသည္ႏွင့္ ကေလးငယ္တစ္ဦး က်န္ရစ္ခဲ့ေၾကာင္း သိရသည္။ အသတ္ခံရသည့္ ဆိုင္ကယ္ Taxi ေမာင္းႏွင္သူ ကိုေက်ာ္ေက်ာ္ထူး၏ Dead Body အား ဘိုဘိုဝင္းအေရးေပၚ လူမႈကူညီကယ္ဆယ္ေရးအဖြဲ႕မွ ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီးေနာက္ ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
https://burmese.monnews.org/
*******************
၂၉။ မြန္အမ်ိဳးသားေရးရာညီလာခံ-၂၀၂၂ ကို လာမည့္ေမလ ၂ ရက္တြင္ က်င္းပသြားမည္
(ဧၿပီ-၂၅-၂၀၂၂)

မြန္အမ်ိဳးသားေရးရာညီလာခံ-၂၀၂၂ ကို မြန္ျပည္နယ္ ေရးေခ်ာင္းဖ်ားေဒသရွိ မြန္ျပည္သစ္ထိန္းခ်ဳပ္နယ္ေျမ မြန္အမ်ိဳးသားပညာ ေရးဌာနအေျခစိုက္ရာ ညီစားစခန္းတြင္ ေမလ ၂ ရက္ေန႔မွစတင္၍ ၄ ရက္ၾကာ က်င္းပသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ညီလာခံကိုယ္စားလွယ္မ်ားအျဖစ္ မြန္ျပည္သစ္ပါတီ NMSP ၃၀ ဦး၊ မြန္ညီၫြတ္ေရးပါတီ ၃၀ ဦး၊ အရပ္ဖက္ မြန္အဖြဲ႕အစည္းမ်ား ၄၅ ဦး၊ မြန္သံဃာေတာ္ ၃၀ ပါး၊ ဖိတ္ၾကားသင့္သည့္ အဖြဲ႕အစည္းႏွင့္ ပညာရွင္ လူပုဂၢိဳလ္တို႔အပါအဝင္ စုစုေပါင္း ၂၅၀ ဦးတို႔အျပင္ ေလ့လာသူမ်ားပါ တက္ေရာက္ၾကမည္ျဖစ္ေၾကာင္း ညီလာခံက်င္းပေရးေကာ္မတီမွ သိရသည္။

မြန္အမ်ိဳးသားေရးရာညီလာခံ ၂၀၁၆ (Mon National Conference)-ကို မြန္ျပည္သစ္ပါတီထိန္းခ်ဳပ္နယ္ေျမ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ေပါေလာကုန္းေက်း႐ြာတြင္လည္းေကာင္း၊ မြန္အမ်ိဳးသားကြန္ဖရင့္-၂၀၁၃ ကို ေမာ္လၿမိဳင္ၿမိဳ႕ မြန္ျပည္ နယ္ခန္းမတြင္လည္းေကာင္း က်င္းပခဲ့သည္။ https://burmese.monnews.org/
*******************
၃၀။ UPDJC ႏိုင္ငံေရးပါတီမ်ား အစုအဖြဲ႕ ေ႐ြးခ်ယ္မႈ မြန္ညီၫြတ္ေရးပါတီ တက္ေရာက္မည္
(၂၀၂၂ ဧၿပီ ၂၂)

ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတြဲေကာ္မတီ (UPDJC)၏ ႏိုင္ငံေရးပါတီ အစုအဖြဲ႕ ေ႐ြးခ်ယ္မႈကို မြန္ညီၫြတ္ေရးပါတီ (MUP) က တက္ေရာက္မည္ျဖစ္ေၾကာင္း ႏိုင္တလညီ MUP ဒုဥကၠဌ(၁) က ေျပာသည္။ သို႔ေသာ္လည္း မဲခြဲေ႐ြးခ်ယ္မႈကို ကန႔္သတ္ခ်က္ျဖင့္ မလုပ္သင့္ေၾကာင္း MUP မွ ဒုဥကၠ႒ ႏိုင္တလညီက ေျပာသည္။

ႏိုင္ငံေရးပါတီမ်ား အစုအဖြဲ႕ UPDJC ေ႐ြးခ်ယ္မႈကို ဧၿပီ ၂၇ ရက္မွာ ေ႐ြးခ်ယ္သြားမည္ျဖစ္ၿပီး၊ ယင္း ေ႐ြးခ်ယ္မႈကို ႏိုင္ငံေရးပါတီ အမ်ားစု တက္ေရာက္မွာ ျဖစ္ေၾကာင္း သိရသည္။ ယင္း UPDJC အစုအဖြဲ႕မွ ႏိုင္ငံေရး ေဆြးေႏြးမႈျဖစ္ရန္ အားလုံးရည္မွန္း ခ်က္ရွိေၾကာင္း၊ သို႔ေသာ္လည္း ေအာင္ျမင္ျခင္း၊ မေအာင္ျမင္ဘူးဆိုသည္မွာ ပါဝင္ပတ္သက္တဲ့ လူအားလုံးအေပၚတြင္ မူတည္ ေၾကာင္း ႏိုင္တလညီက ေျပာသည္။

ရခိုင္အမ်ိဳးသားပါတီ (ANP) အေနျဖင့္လည္း UPDJC ေ႐ြးခ်ယ္မႈကို တက္ေရာက္ရန္ ေျပာၾကားထားေၾကာင္း ANP မွ ဥကၠ႒ ဦးသာထြန္းလွက ေျပာသည္။ UPDJC ႏိုင္ငံေရးပါတီမ်ား အစုအဖြဲ႕အျဖစ္ ႏိုင္ငံေရးပါတီ ၉၂ ပါတီ ရွိတဲ့အနက္ အၿမဲတမ္းေကာ္မ တီဝင္ (၁၆) ပါတီႏွင့္ အရန္ ေကာ္မတီဝင္ (၁၆) ပါတီကို ေ႐ြးခ်ယ္မွာျဖစ္ေၾကာင္း သိရသည္။ ႏိုင္ငံေရးပါတီ အစုအဖြဲ႕က ၿငိမ္းခ်မ္းေရးမွာ ပါဝင္ရန္အတြက္ လုပ္ေဆာင္ေနျခင္မွာ ၿငိမ္းခ်မ္းေရးကို အေကာင္အထည္ေဖာ္လိုသည့္အတြက္ ေကာင္းမြန္ ေၾကာင္း ကရင္အမ်ိဳးသား ဒီမိုကရတ္တစ္ပါတီမွ ဥကၠ႒ မန္းေအာင္ျပည္စိုးက ေျပာသည္။ https://burmese.monnews.org/
*******************
၃၁။ NUG က ရခိုင္ျပည္နယ္မွ ၫႊန္မႉးအဆင့္ရွိသူ ၂ ဦးကို အမည္ပ်က္စာရင္းတြင္ထည့္သြင္းၿပီးထုတ္ပယ္ေၾကာင္းေၾကညာ
26 Apr, 2022

အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က ရခိုင္ျပည္နယ္မွ အမိန႔္အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) မပါဝင္သည့္ သာသနာ ေရးဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉးအဆင့္ရွိသူ ၂ ဦးကို အမည္ပ်က္စာရင္း ထည့္သြင္းၿပီး အလုပ္က ထုတ္ပယ္ေၾကာင္း ယမန္ေန႔ ဧၿပီလ ၂၅ ရက္ေန႔က မန္းဝင္းခိုင္သန္း၊ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရက ထုတ္ျပန္ေၾကာညာသည္။ ရခိုင္ျပည္နယ္တြင္ CDM လႈပ္ရွားမႈ ျပဳလုပ္သူ ဝန္ထမ္းမရွိသူသေလာက္ နည္းပါးၿပီး ထိုအထဲမွ ရခိုင္ျပည္နယ္ သာသနာေရး မႉး႐ုံး၊ သာသနာေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးေဇာ္ဦးႏွင့္ ဒုၫႊန္ၾကားေရးမႉး ဦးခင္လႈိင္တို႔ႏွစ္ဦးကို NUG က အမည္ပ်က္ စာရင္း သြင္းကာ ထုတ္ပယ္ခဲ့ျခင္း ျဖစ္သည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ ရခိုင္ျပည္နယ္ သာသနာေရးမႉး႐ုံး၊ သာသနာေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးေဇာ္ဦးကို ဆက္သြယ္ေမးျမန္းခဲ့ရာ ၎အေနျဖင့္ မသိေသးေၾကာင္းေျပာကာ ဖုန္းခ်သြားခဲ့သည္။ ဝံလက္ေဒသဖြံ႕ၿဖိဳးေရး ေဖာင္ေဒးရွင္း၏ အမႈေဆာင္ဒါ႐ိုက္တာ ဦးခိုင္ေကာင္းစံက ထိုသို႔ ရခိုင္က အစိုးရဝန္ထမ္း ႏွစ္ဦးကို အမည္ပ်က္စာရင္းသြင္းကာ ထုတ္ပယ္ ေသာ္လည္း အက်ိဳးသက္ေရာက္မႈ မရွိႏိုင္ဟု သုံးသပ္ေျပာဆိုသည္။

NUG က ထုတ္ျပန္ခ်က္ထဲတြင္ တရားမဝင္အာဏာသိမ္းစစ္ေကာင္စီ၏လက္ေအာက္တြင္ ဆက္လက္တာဝန္ ထမ္းေဆာင္ေန ၿပီး CDM ဝန္ထမ္းမ်ားအား ဖိအားေပးျခင္း၊ ၿခိမ္းေျခာက္ျခင္း၊ ရာထူးမွထုတ္ပယ္ျခင္း၊ ဝန္ထမ္းအျဖစ္မွထုတ္ပယ္ျခင္း၊ တရားစြဲဆို ျခင္းႏွင့္ ဥေပဒႏွင့္အညီ ျပန္ဆပ္ရန္မလိုေတာ့သည့္ လစာေခ်းေငြမ်ားအား အတင္းအဓမၼ ျပန္လည္ေပးဆပ္ခိုင္းျခင္းမ်ား စသည့္ အမ်ိဳးမ်ိဳးေသာ ဖိႏွိပ္မႈမ်ားကိုက်ဴးလြန္ေနေသာ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန (သာသနာေရးဦးစီးဌာန) မွ ဝန္ထမ္း မ်ားအား အမည္ပ်က္စာရင္းသြင္းလိုက္ၿပီး ဝန္ထမ္းအျဖစ္မွ ထုတ္ပယ္လိုက္ေၾကာင္း ေဖာ္ျပထားသည္။ သာသနာေရးႏွင့္ယဥ္ ေက်းမႈဝန္ႀကီးဌာနမွ အမည္ပ်က္စာရင္းထည့္သြင္းကာ ထုတ္ပယ္ လိုက္သည့္ ဝန္ထမ္းမ်ားမွာ ရခိုင္ျပည္နယ္က ၫႊန္မႉအဆင့္ ရွိသူႏွစ္ဦး အပါအဝင္ တစ္ႏိုင္ငံလုံးတြင္ ဝန္ထမ္းေပါင္း (၉၂) ဦး အထိရွိေၾကာင္း NUG ၏ စာရင္းအရ သိရသည္။
https://burmese.narinjara.com/news/detail/62678d580e719f232cb31876
********************
၃၂။ အမ္းၿမိဳ႕မွ ေနာက္ထပ္ေနအိမ္မ်ားကို ဆက္ဖယ္ရွားရန္ စကစအာဏာပိုင္တို႔ ေၾကာ္ျငာဆိုင္းဘုတ္ေထာင္၍ သတိေပး ခ်က္ထုတ္ျပန္
26 Apr, 2022

စကစ၏ အေနာက္ပိုင္းစစ္ဌာနခ်ဳပ္တည္ရွိရာ ရခိုင္ျပည္နယ္ အမ္းၿမိဳ႕မွ ေနအိမ္အမ်ားအျပားကို ဧၿပီ ၂၀ ရက္ေန႔က စတင္ၿပီး ၿဖိဳဖ်က္ဖယ္ရွားေနၿပီး ေနာက္ထပ္လည္း ေနအိမ္မ်ား၊ ေစ်းဆိုင္မ်ားကို ဖယ္ရွားသြားမည္ဟု အမ္းၿမိဳ႕နယ္အာဏာပိုင္မ်ားက ေၾကာ္ျငာဆိုင္းဘုတ္ေထာင္၍ သတိေပးခ်က္ ထုတ္ျပန္ထားေၾကာင္း သတင္းရရွိသည္။ ေနာက္ထပ္ ဖယ္ရွားခံရမည့္ ေနအိမ္မ်ားမွာ အမ္းၿမိဳ႕၊ ေလယာဥ္ကြင္းရပ္ကြက္၊ အမ္းၿမိဳ႕မ ရဲစခန္း(ေဟာင္း) ေျမေပၚရွိ ေစ်းဆိုင္ခန္းမ်ား၊ အေဆာက္အဦမ်ား ျဖစ္ၾကၿပီး ၂၀၂၂ ခုႏွစ္ ေမ ၂၁ ရက္ေန႔တြင္ အၿပီးသတ္ဖယ္ရွားမည္ဟု ဆိုသည္။

ေမလ ၂၁ ေန႔ထိအၿပီး သတ္မဖယ္ရွားေပးပါက ၁၉၉၅ ခုႏွစ္၊အစိုးရအိမ္ ဥပစာ (ႏွင္ထုတ္ျခင္း) အက္ဥပေဒႏွင့္အညီ ဖယ္ရွားေပး သည္အထိ ဆက္လက္ ေဆာင္႐ြက္သြားမည္ဟု အမ္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး (အခြင့္အာဏာပိုင္)က ေၾကာ္ျငာဆိုင္းဘုတ္ေထာင္ကာ သတိေပးခ်က္ ထုတ္ျပန္ထားသည္။ ၎အျပင္ အမ္းၿမိဳ႕ ေလယာဥ္ကြင္းအနီးရွိ အိမ္ေျခ ၂၀၀ ခန႔္ကိုလည္း ေမလအတြင္း ဖယ္ရွား မည္ဟု သိရေၾကာင္း ေဒသခံတစ္ဦးက ေျပာၾကားသည္။

လြန္ခဲ့သည့္ ဧၿပီ ၂၀ ရက္ေန႔ကလည္ စစ္တပ္ပိုင္ေျမေပၚ က်ဴးေက်ာ္ ေနထိုင္သည္ဟု ဟုဆိုကာ ေနအိမ္ အမ်ားအျပား ၿဖိဳဖ်က္ ဖယ္ရွားခံရၿပီး လက္ရွိတြင္ လူေပါင္း ရာႏွင့္ခ်ီ၍ အိုးမဲ့အိမ္မဲ့ျဖစ္ေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။ ဧၿပီ ၂၀ ရက္ေန႔က ၿဖိဳဖ်က္ခံရသည့္ အထဲတြင္ အမ္းၿမိဳ႕နယ္၊ နတ္စင္ကုန္း႐ြာမွ ေနအိမ္အလုံး ၂ ၄ လုံး၊ ပရဟိတစာသင္ေဆာင္ ၁ ေဆာင္၊ ေတာင္ကုတ္-မအီလမ္းဆုံရွိ ဆိုင္ခန္းအခ်ိဳ႕တို႔ပါဝင္ၿပီး လက္ရွိတြင္ ေလယာဥ္ကြင္းရပ္ကြက္မွ ရဲစခန္း၊မယက ၊ လဝက အနီး အနားရွိ ေနအိမ္မ်ားကိုလည္း ဖယ္ရွားေနေၾကာင္း သိရသည္။
https://burmese.narinjara.com/news/detail/62674e280e719f232cb31870
********************
၃၃။ ေထာင္ (၁၃)ႏွစ္ ခ်မွတ္ခံထားရသည့္ ေျမာက္ဦးဂုဏ္ကြၽန္းမွလူငယ္တစ္ဦးက သူအားေမ့ေပ်ာက္မထားၾကရန္စစ္ေတြ ေထာင္ထဲကေမတၱာရပ္ခံ
24 Apr, 2022

လြတ္ၿငိမ္းခြင့္ျဖင့္ေသာ္လည္းေကာင္း၊ ရကၡိဳင့္တပ္ေတာ္ ( AA) ႏွင့္ ဆက္စပ္၍ အၾကမ္းဖက္မႈႏွင့္ တရားစြဲဆို ေထာင္ခ်ထားသူ မ်ားကိုေသာ္လည္းေကာင္း လက္ရွိ စစ္ေကာင္စီက ျပန္လည္ လႊတ္ေပးေနေသာ္လည္း AA ႏွင့္ပတ္သက္၍ ေထာင္ (၁၃) ႏွစ္ထိ ခ်မွတ္ခံထားရသည့္ ေျမာက္ဦးၿမိဳ႕နယ္ ဂုဏ္ကြၽန္း ေက်း႐ြာမွ လူငယ္တစ္ဦးမွာ လႊတ္ေျမာက္လာျခင္း မရွိသည့္အျပင္ သူႏွင့္ပတ္ သက္ၿပီး အျပင္မွ လူပ္ရွားမႈ အစအန တစုံတရာ မၾကားရဘဲျဖစ္ေနသျဖင့္ သူ႔အား ေမ့ေပ်ာက္မထားၾကရန္ စစ္ေတြေထာင္ထဲ ကေန ေမတၱာရပ္ခံလိုက္သည္။ ၎လူငယ္မွာ ေက်ာ္မင္းႏိုင္ျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ ဇန္နဝါရီ ၁၈ ရက္ေန႔က ေျမာက္ဦးၿမိဳ႕ အမွတ္ (၅၄၀) တပ္ရင္းေရွ႕တြင္ ဖမ္းဆီးခံရသူျဖစ္ေၾကာင္း ၎က ေျပာၾကားသည္။

ဖမ္းဆီးၿပီး ၃ ရက္အၾကာ ဧၿပီ ၂၁ ရက္ေန႔တြင္ သူ႔အား စစ္တပ္မွ ေျမာက္ဦးၿမိဳ႕မရဲစခန္းကို ပို႔ေဆာင္ခဲ့ေၾကာင္း၊ ၎ေနာက္ သူ႔အား စရဖအဖြဲ႕က ရဲစခန္းက ျပန္လည္ေခၚထုတ္ၿပီး သုံးရက္တိုင္တိုင္ ႐ိုက္ႏွက္ စစ္ေဆးခဲ့ေၾကာင္း၊ ေျမာက္ဦးၿမိဳ႕နယ္ တရား႐ုံးက ၎အား ၁၅ ရက္တစ္ႀကိမ္ျဖင့္ ႏွစ္ႀကိမ္ထိ ႐ုံးတက္ခဲ့ရၿပီး ေျမာက္ဦးခ႐ိုင္တရား႐ုံးသို႔ ထပ္မံ လႊဲေျပာင္းခံခဲ့ရသည္ဟု ဆိုသည္။

၎ေနာက္ ၂၀၂၀ ခုႏွစ္ ၈ ရက္ ၁၁ လပိုင္းတြင္လည္း အခ်ဳပ္ခန္းထဲမွ ျပင္ပသို႔ ေခၚယူၿပီး မတရားမဲ့ ႏွိပ္စက္ျခင္းကို ခံခဲ့ရၿပီး ဒဏ္ရာမ်ား ရရွိခဲ့သည္ဟု ၎က ဆိုသည္။ ၎အား ေျမာက္ဦးခ႐ိုင္ တရား႐ုံးက ၂၀၂၁ ခုႏွစ္ ဇန္နဝါရီ ၂၁ ရက္တြင္ အၾကမ္းဖက္ ပုဒ္မက ၅၀(က)၊ ၅၂ (ဈ) တို႔ျဖင့္ ေထာင္ (၁၃) ႏွစ္ခ်မွတ္ခဲ့သည္ဟု သိရသည္။
https://burmese.narinjara.com/news/detail/6264b0120e719f232cb31862
******************
၃၄။ ၿငိမ္းခ်မ္းေရးဖိတ္ေခၚထားခ်ိန္တြင္ စစ္ေကာင္စီအေနျဖင့္လည္း ရခိုင္အပါအဝင္ တိုင္းရင္းသားနယ္ေျမမ်ား၌ တပ္အင္ အားတိုးခ်ဲ႕ျခင္း၊ စုေဆာင္းျခင္းမျပဳလုပ္သင့္ဟုဆို
25 Apr, 2022

ၿငိမ္းခ်မ္းေရး ဖိတ္ေခၚထားစဥ္ကာလအတြင္း တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕မ်ားအေနျဖင့္ အင္အားစုေဆာင္းျခင္း၊ နယ္ေျမ ခ်ဲ႕ထြင္ျခင္းႏွင့္ တိုက္ခိုက္ျခင္းမ်ားျပဳလုပ္ပါက အေရးယူ တုန႔္ျပန္မႈမ်ားျပဳလုပ္သြားမည္ဟု စစ္ေကာင္စီက ဧၿပီ ၂၂ ရက္ေန႔တြင္ အသိေပးခ်က္ထုတ္ျပန္ခဲ့သည္။ အလားတူ စစ္ေကာင္စီအေနျဖင့္လည္း ၿငိမ္းခ်မ္းေရး ဖိတ္ေခၚထားစဥ္ ကာလအတြင္း ရခိုင္အပါ အဝင္ တိုင္းရင္းသားနယ္ေျမမ်ားတြင္ စစ္တပ္ အင္အားျဖည့္တင္းတိုးခ်ဲ႕ျခင္း၊ စုေဆာင္းျခင္းမ်ား မျပဳလုပ္ သင့္ဟု ရခိုင့္ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ေျမပုံၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးေဖသန္းက ေျပာဆိုသည္။

၎ျပင္ ယခုႏွစ္ကို ၿငိမ္းခ်မ္းေရးႏွစ္အျဖစ္ သတ္မွတ္လွ်င္ ၿငိမ္းခ်မ္းေရးကို ရည္ေမွ်ာ္ၿပီး ေအာက္ေျခတြင္ စစ္ေရးျပင္ဆင္မႈမ်ားကို မလုပ္ဖို႔ လိုအပ္သည္ဟုလည္း ၎က ဆက္လက္ေျပာဆိုသည္။ ရခိုင္ျပည္နယ္တြင္ ျမန္မာစစ္တပ္မွ တပ္အင္အားႏွင့္ လက္နက္ အင္အားမ်ား ျဖည့္တင္းျခင္း၊ တပ္မ်ားတိုးခ်ဲ႕ခ်ျခင္း၊စစ္တပ္တပ္ရင္းမ်ားတြင္ လက္နက္ႀကီးမ်ားတပ္ဆင္ျခင္း၊ ရိကၡာမ်ား စုေဆာင္းျခင္းကို ေန႔စဥ္ ရက္ဆက္ဆိုသလို ျပဳလုပ္ေနေၾကာင္း ေျမျပင္တြင္ သတင္းမ်ား က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚေနသည္။ ၿငိမ္းခ်မ္းေရး ဖိတ္ေခၚထားစဥ္ အခ်ိန္အတြင္း တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားကို သတိေပးမႈ ျပဳလုပ္သကဲ့သို႔ တစ္ျခားတစ္ဖက္တြင္လည္း စစ္ေကာင္စီအေနျဖက့္ ေအာက္ေျခတြင္ စစ္ေရးလႈပ္ရွားမႈမ်ားကို ခ်င့္ခ်ိန္ စဥ္းစားလုပ္ေဆာင္ သင့္ေၾကာင္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးဦးထြန္းဝင္းကလည္း ေျပာဆိုသည္။

စစ္ေတြၿမိဳ႕နယ္အတြင္း ေက်း႐ြာမ်ားႏွင့္ ၿမိဳ႕နယ္အမ်ားအျပားတြင္ စစ္ေရး လႈပ္ရွားမႈမ်ားကို ယခင္ကထက္ ပိုေတြ႕ျမင္ေနရသလို စစ္ေတြ – ေ႐ႊမင္းဂံ ကားလမ္းမႀကီးအတိုင္း လက္နက္ႀကီးမ်ား၊ ရိကၡာမ်ား ျဖည့္တင္းေနေသာ စစ္ကားမ်ား သြားလာေနမႈကို ေန႔စဥ္လိုလို ေတြ႕ရွိေနေၾကာင္း အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက ေျပာသည္။ ျမန္မာစစ္တပ္က ေျမာက္ဦးၿမိဳ႕ရွိ တပ္ရင္းမ်ား အပါအဝင္ လင္းေႁမြေတာင္၊ ပန္းေျမာင္း မဂၤလာေတာင္၊ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ မင္းျပား (က်ိန္းေတာင္) ၊ အမ္းစသည့္ ၿမိဳ႕နယ္မ်ားရွိ တပ္စခန္းမ်ားတြင္ အင္အားမ်ား ျဖည့္တင္းေနၿပီး လက္နက္ႀကီးမ်ားကိုလည္း ယခင္ကထက္ တိုးၿပီး တပ္ဆင္ထား သည္ဟု ေဒသခံမ်ားက ေျပာဆိုမႈမ်ားလည္း ရွိေနသည္။
https://burmese.narinjara.com/news/detail/6265f60b0e719f232cb3186a
*******************
၃၅။ ဆနင္းေတာင္ေၾကာ စကစ အင္အားျဖည့္တင္း၊ ေဒသခံတခ်ိဳ႕ ေၾကာက္လန႔္/ထြက္ေျပးေန
April 25, 2022

သွ်မ္းျပည္ေတာင္ပိုင္း လြိဳင္လင္ၿမိဳ႕နယ္ ပင္လုံၿမိဳ႕ရွိ ဆနင္းေတာင္ေၾကာတစ္ေလွ်ာက္တြင္ စစ္ေကာင္စီတပ္သားတို႔မွ အင္အား အမ်ားအျပားျဖည့္တင္းေနသျဖင့္ ေဒသခံမ်ားတခ်ိဳ႕ ေၾကာက္လန႔္ကာထြက္ေျပး တိမ္းေရွာင္ေနရေၾကာင္း သတင္းသိရသည္။ ၿပီးခဲ့သည့္ မတ္လကုန္ပိုင္းမွ စတင္ကာ သွ်မ္းျပည္တိုးတက္ေရးပါတီ၊ သွ်မ္းျပည္တပ္မေတာ္ (SSPP/SSA) တို႔ရွိေနသည့္ ဆနင္းေတာင္ေၾကာႏွင့္ အနီးပတ္ဝန္းက်င္မ်ားသို႔ စစ္ေကာင္စီ အင္အားျဖည့္တင္း တိုးခ်ဲ႕မႈမ်ား ျပဳလုပ္ေနခဲ့ေၾကာင္း သတင္း သိရသည္။

ယင္းကဲ့သို႔ အင္အားျဖည့္တင္းမႈမ်ား ရွိေနသည့္အတြက္ စစ္ေရးထိေတြ႕ပစ္ခတ္မႈမ်ား မရွိေသးေသာ္လည္း ေဒသခံတခ်ိဳ႕က ေၾကာက္လန႔္ကာ ပင္လုံၿမိဳ႕ေပၚႏွင့္ တျခားေဒသရွိ အမ်ိဳးမ်ားထံသို႔ တိမ္းေရွာင္ထြက္ေျပး ေနေၾကာင္း ဆနင္းေဒသမွ အမ်ိဳးသား လူငယ္တစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။ ပင္လုံၿမိဳ႕ေပၚသို႔ ႀကိဳတင္တိမ္းေရွာင္ေနၾကသူမ်ားအနက္ ပန္ဟူေက်း႐ြာ အုပ္စုႏွင့္ ဆနင္းေက်း႐ြာအုပ္စုတို႔မွ ေဒသခံမ်ား ျဖစ္ၾကၿပီး တခ်ိဳ႕သည္ ၿခံယာအလုပ္မ်ား ျပစ္ပယ္ထားရၿပီး တိမ္းေရွာင္ေနရ ေၾကာင္းလည္း သိရသည္။

ယင္းကဲ့သို႔ ေဒသခံမ်ား တိမ္းေရွာင္ထြက္ေျပးေနရျခင္းႏွင့္ ပက္သက္ၿပီး ဆနင္းေဒသအတြင္းမွ ရပ္ေက်းတာဝန္ရွိ သူ တစ္ဦးကို ဆက္သြယ္ေမးျမန္းရာ စစ္ေကာင္စီဘက္မွ အင္အားျဖည့္တင္းမႈ အဆက္မျပတ္ရွိေနေသာ္လည္း ထိေတြ႕မႈမရွိေသးေၾကာင္း သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။ ထို႔အျပင္ လက္ရွိ ေျမျပင္အေနအထားအရ တိုက္ပြဲျဖစ္ပြားမႈ မရွိေသးသည့္အတြက္ တိမ္းေရွာင္ ေနသည့္ ျပည္သူမ်ား အေနျဖင့္လည္း ေနအိမ္သို႔ျပန္လာလိုပါက ျပန္လာႏိုင္ေၾကာင္း ႏွင့္ မိမိတို႔ လယ္ယာၿခံလုပ္ငန္းမ်ားကို လည္း ဆက္လက္လုပ္ကိုင္ႏိုင္ေၾကာင္း အထက္ပါ ရပ္ေက်းတာဝန္ရွိသူက ဆက္လက္ေျပာသည္။

ဆနင်းတောင်ကြော စကစ အင်အားဖြည့်တင်း၊ ဒေသခံတချို့ ကြောက်လန့်/ထွက်ပြေးနေ


*******************
၃၆။ စစ္ေရွာင္မ်ားကို ကူညီသည့္ ေတာင္ႀကီးလူငယ္ တစ္ဦး ေထာင္ဒဏ္ (၁၀)ႏွစ္ခ်ခံရ
April 22, 2022

သွ်မ္းျပည္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕တြင္ ေနထိုင္ၿပီး စစ္ေရွာင္မ်ားကို ကူညီေထာက္ပံ့ေပးေနသည့္ လူငယ္တစ္ဦးကို စစ္ေကာင္စီမွ ယေန႔ (ဧၿပီ ၂၂)ရက္တြင္ ေထာင္ဒဏ္ (၁၀) ႏွစ္ခ်လိုက္ေၾကာင္း သတင္းရရွိသည္။

ေတာင္ႀကီးၿမိဳ႕တြင္ေနထိုင္သည့္ အသက္ ၃၂ ႏွစ္အ႐ြယ္ရွိ ေအာင္မင္းသူကို ယေန႔ (ဧၿပီ ၂၂)ရက္တြင္ ေတာင္ႀကီးခ႐ိုင္ တရား႐ုံး တြင္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၀ (ည) ျဖင့္ ေထာင္ (၁၀) ႏွစ္ ခ်လိုက္ေၾကာင္း နီးစပ္သူ အမ်ိဳးသမီးတစ္ဦးက သွ်မ္းသံေတာ္ဆင့္ကိုေျပာသည္။ ေအာင္မင္းသူကို ယခုႏွစ္ လဆန္းပိုင္းတြင္ စစ္ေကာင္စီက ၎၏ ေနအိမ္တြင္ ၀င္ေရာက္ဖမ္း ဆီးခ်ိန္ မေတြ႕ရွိသျဖင့္ မိခင္ျဖစ္သူကို ဓားစားခံအျဖစ္ဖမ္းဆီးရန္ ႀကိဳးစားခဲ့ေသးေၾကာင္းသိရသည္။

မိခင္ျဖစ္သူကို ဖမ္းဆီးသြားမည္ကို စိုးရိမ္မႈေၾကာင့္ ေအာင္မင္းသူသည္ လာေရာက္အဖမ္းခံခဲ့သည္။ စစ္ေကာင္စီ အုပ္စုသည္ ယခုေနာက္ပိုင္း စစ္ေရွာင္ကူညီေပးေနသည့္ လူငယ္မ်ားကို PDF တပ္ဖြဲ႕ကို ေထာက္ပံ့ေနသူဟု စြပ္စြဲကာ လိုက္လံဖမ္း ဆီးေနေၾကာင္း၊ Kpay မွ တဆင့္ ေနာက္ေယာင္ခံလိုက္ကာ ေတာင္ႀကီးလူငယ္မ်ားကို ဖမ္းဆီးေနသည္ ဟု သိရသည္။

စစ်ရှောင်များကို ကူညီသည့် တောင်ကြီးလူငယ် တစ်ဦး ထောင်ဒဏ် (၁၀)နှစ်ချခံရ


******************
၃၇။ ႐ြာငံၿမိဳ႕နယ္ ပဲရင္းေတာင္႐ြာသားမ်ားကို စစ္ေကာင္စီ ဖမ္းဆီး သတ္ျဖတ္
April 22, 2022

သွ်မ္းျပည္ေတာင္ပိုင္း ႐ြာငံၿမိဳ႕နယ္ ပဲရင္းေတာင္႐ြာသားမ်ားကို စစ္ေကာင္စီတပ္သားမ်ားႏွင့္ ၎တို႔၏ လက္ေအာက္ခံ ပ်ဴေစာထီးမ်ားက ဖမ္းဆီးေခၚေဆာင္သြားၿပီး အေၾကာင္းမဲ့ သတ္ျဖတ္လိုက္ေၾကာင္း သတင္းသိရသည္။ ၿပီးခဲ့သည့္ ဧၿပီလ ၁၇ ရက္တြင္ ပဲရင္းေတာင္ေက်း႐ြာမွ ႐ြာသား ၆ ဦးကို ဒလန္သတင္းေပးမႈေၾကာင့္ ဖမ္းဆီး ေခၚေဆာင္သြားၿပီးေနာက္ သတ္ျဖတ္ခံ လိုက္ရျခင္းျဖစ္ေၾကာင္း ေဒသခံ႐ြာသားတစ္ဦးက သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။

ဖမ္းဆီးသတ္ျဖတ္ခံရသူမ်ားသည္ ပဲရင္းေတာင္ေက်း႐ြာ ေဒသခံ ကိုတင္ေဖ ၊ ကိုလွစိုး ၊ ကိုထြန္းဦး ၊ ေမာင္သက္ ေအာင္ ၊ ကိုမ်ိဳးေထြး ၊ ကိုဝင္းႏိုင္ တို႔ျဖစ္ၾကၿပီး အေလာင္းမ်ားကိုလည္း စစ္ေကာင္စီတပ္ဖြဲ႕တို႔မွ ကားတာယာ မ်ားျဖင့္ မီးရႈိ႕သြားေၾကာင္း သတင္းသိရသည္။ ယင္းကဲ့သို႔ ပဲရင္းေတာင္႐ြာသားမ်ား သတ္ျဖတ္ခံရျခင္းႏွင့္ ပက္သက္ၿပီး အျပစ္မဲ့ ေဒသခံျပည္သူမ်ားကို အၾကမ္းဖက္ စစ္ေကာင္စီက PDF ဟု အမည္တပ္ စြပ္စြဲကာ သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ႐ြာငံျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ (YPDF) က ယေန႔ ဧၿပီလ ၂၂ ရက္တြင္ ထုတ္ျပန္ခဲ့သည္။

ယင္းျဖစ္စဥ္မ်ားအေပၚ စစ္ေကာင္စီ Telegram Channel မ်ားတြင္ ပဲရင္းေတာင္ေက်း႐ြာမွ PDF အေလာင္း ၆ ေလာင္း၊ တူမီး ၂ လက္၊ လက္လုပ္ဗုံး ၄ လုံး၊ မွန္ေျပာင္း ၁ လက္ သိမ္းဆည္းရမိခဲ့ေၾကာင္း ဝါဒျဖန႔္ ေဖာ္ျပခဲ့သည္။ လက္ရွိ ႐ြာငံၿမိဳ႕နယ္အတြင္းတြင္ စစ္ေကာင္စီတပ္သားတို႔၏ လူမဆန္သည့္ အၾကမ္းဖက္ လုပ္ရပ္မ်ားေၾကာင့္ ေဒသခံျပည္သူမ်ား ၄၀၀ ခန႔္ထြက္ေျပးတိမ္း ေရွာင္ေနၾကရၿပီး ေဒသခံျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕မ်ားႏွင့္ စစ္ေရွာင္တို႔အတြက္ အေရးေပၚ ကူညီေထာက္ပံ့မႈမ်ားလိုအပ္ ေနေၾကာင္းသိရသည္။ https://burmese.shannews.org/archives/27820
*****************
၃၈။ ေတာင္ႀကီးၿမိဳ႕ရွိ အစိုးရ႐ုံးမ်ား ဗုံးဒဏ္ကာကြယ္သည့္ စက္မ်ားတပ္ဆင္ထား
April 22, 2022

သွ်မ္းျပည္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ရွိ ျပည္နယ္အစိုးရအဖြဲ႕႐ုံးႏွင့္ ဌာနဆိုင္ရာ႐ုံးတစ္ခ်ိဳ႕တြင္ ဗုံးဒဏ္ကာကြယ္ေရးစက္မ်ား တပ္ဆင္ထားေၾကာင္း စုံစမ္းသိရွိရသည္။ အဆိုပါ ဗုံးဒဏ္ကာကြယ္ေရးစက္မ်ားကို သၾကၤန္ကာလေနာက္ပိုင္း ႐ုံးမ်ား ျပန္လည္ ဖြင့္ခ်ိန္မွာ တပ္ဆင္ထားေၾကာင္း အစိုးရ႐ုံး ႏွင့္ နီးစပ္သူ တစ္ဦး ကေျပာသည္။

ျပည္နယ္အစိုးရအဖြဲ႕႐ုံးအပါအဝင္ ျပည္နယ္အဆင့္ လွ်ပ္စစ္အင္ဂ်င္နီယာ႐ုံး၊ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံး၊ ခ႐ိုင္၊ၿမိဳ႕နယ္ ေထြအုပ္ စုေပါင္း႐ုံး၊ သွ်မ္းျပည္နယ္လႊတ္ေတာ္႐ုံး၊ ျပည္နယ္ရဲ႐ုံးေတြမွာ တပ္ဆင္ေနေၾကာင္း သိရွိရသည္။

ေတာင္ႀကီးၿမိဳ႕သည္ ျပည္နယ္အစိုးရအဖြဲ႕႐ုံးအျပင္၊ သွ်မ္းျပည္နယ္လႊတ္ေတာ္၊ ခ႐ိုင္၊ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား ႐ုံးစိုက္ရာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။ https://burmese.shannews.org/archives/27817
****************
မွတ္ခ်က္။ သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္းျဖစ္ပါသည္။

** ၿပီး **

Unicode

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း
(No.31 ,April 26 , 2022)
၁။ အောင်မြင်သာ အပန်းဖြေစခန်း ဆိုင်ခန်းနဲ့ ဝါးတဲ ၂၈ ခု မီးလောင်ဆုံးရှုံး
၂။ ၂ နှစ်ကြာရပ်နားထားသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်မည်
၃။ ဝန်းသို မြို့နယ်မှာ ကျေးရွာ ၈ ရွာ မီးရှို့ခံရပြီး ရွာပေါင်း ၄၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
၄။ ရဲတပ်ဖွဲ့ မှ CDM များ NUG အစိုးရထံ ဆက်သွယ်ရန် ထုတ်ပြန်
၅။ ဖမ်းဆီးခံ PDF လူငယ်များ၏ ဖုန်းမှတဆင့် အခြားအဖွဲ့ဝင်များကို နောက်ယောင်ခံနေ
၆။ မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းအများစုတွင် စားနပ်ရိက္ခာပိုမိုခက်ခဲလာ
၇။ စစ်ကောင်စီတပ်ကို မြို့လှ KPDF စောင့်ကြိုတိုက်ခိုက်သဖြင့် ထိခိုက်ကျဆုံးမှု ရှိနိုင်
၈။ လျှပ်စစ်မီး ဖြတ်တောက်သည့် နဘား လျှပ်စစ် ရုံးခွဲကို PDF အဖွဲ့ သတိပေး
၉။ ဖမ်းဆီးခံ ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို အဂတိအမှုတစ်ခုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်
၁၀။ ရွှေကူမြို့မ ရဲစခန်း ထပ်မံပစ်ခတ်ခံရ
၁၁။ ကရင်နီပြည်တွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု ၃၀ ရာခိုင်နှုန်းပဲ လုပ်ဆောင်ပေးနိုင်သေး KSCC ကျန်းမာရေး ကော်မတီပြော
၁၂။ အာဏာသိမ်းပြီး တစ်နှစ်နဲ့သုံးလအတွင်း ကရင်နီပြည် အရပ်သားသေဆုံးသူ ၂၅၀ကျော်အထိ ရှိနေ
၁၃။ ဒုတိယအကြိမ်ဖွင့်လှစ်မယ့် နွေဦးဂုရု လေးများ ပညာရေးစင်တာမှာ လူငယ် ၂၀၀ ကျော်ဝင်ခွင့်ဖြေဆိုခဲ့
၁၄။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကို KSP ပြစ်ဒဏ်ပေး
၁၅။ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ စစ်ရေးတင်းမာနေဆဲ
၁၆။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှုဟာ စစ်ကောင်စီတပ် ဖရိုဖရဲဖြစ်နေတာဖြစ်တယ်လို့ KNPP ပြော
၁၇။ အလှူရှင်ပေးပို့တဲ့ ငွေတွေနဲ့ ရေကို စက်ဖြင့်သယ်ယူနေကြတဲ့ စစ်ရှောင်များ
၁၈။ ကရင်နီပြည်အတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီ သန်းသုံးရာနီးပါးကို NUG ထောက်ပံ့ပေးခဲ့ဟုဆို
၁၉။ CDM ၀န်ထမ်းများအား ခံ၀န်ထိုးရုံးပြန်လာတက်ရန် အကြောင်းကြားပြီး ဖမ်းဆီးစစ်ကြောခံနေကြရသူများရှိနေ
၂၀။ စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ခလယ်-တံခွန်တိုင်ရွာသားအချို့ ပြန်လွတ်မြောက်လာ
၂၁။ ကေအဲန်ယူ တပ်မဟာ(၁) နယ်မြေတွင် တိုက်ပွဲပြင်းထန်၍ ဒေသခံထောင်ချီတိမ်းရှောင်နေရ
၂၂။ ၁၅ ရက်အတွင်း စခန်းများကို အပြီးတိုင်ရုပ်သိမ်းရန် စစ်ကောင်စီကို KNDO တပ်ရင်း ၄ သတိပေး
၂၃။ ကျိုက်ဒုံအနီး မိတန်ရွာတွင် ပစ်ခတ်မှုဖြစ်ပွား၍ စစ်ကောင်စီတပ်ဖွဲ့ ၂ ဦးဒဏ်ရာရ
၂၄။ မြ၀တီ တံတားထိပ်ပေါက်ကွဲမှု နေအိမ်ဆိုင်ခန်းများထိခိုက်ပျက်စီးမှုများပြား၊ တံတားအနီး၀န်းကျင်ရှိ နေအိမ် CCTV များ စစ်ဆေးမှုများ လုပ်ဆောင်နေ
၂၅။ ဟားခါး-ဂန့်ဂေါလမ်းတိုက်ပွဲ စစ်ကောင်စီဘက် အကျဆုံးများ
၂၆။ CDF-Kanpetlet တပ်ဖွဲ့ကို စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် ကြားညှပ်တိုက်ခိုက်
၂၇။ မတူပီမြို့နယ် လည်မျိုချောင်းဆုံတိုက်ပွဲတွင် စစ်ကောင်စီဗိုလ်ကြီးအဆင့်အပါအဝင် ၈ ဦးသေဆုံး
၂၈။ မော်လမြိုင်၊ မင်းရွာကျေးရွာတွင် ဆိုင်ကယ် Taxi မောင်းသူ တစ်ဦး အသတ်ခံရ
၂၉။ မွန်အမျိုးသားရေးရာညီလာခံ-၂၀၂၂ ကို လာမည့်မေလ ၂ ရက်တွင် ကျင်းပသွားမည်
၃၀။ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ ရွေးချယ်မှု မွန်ညီညွတ်ရေးပါတီ တက်ရောက်မည်
၃၁။ NUG က ရခိုင်ပြည်နယ်မှ ညွှန်မှူးအဆင့်ရှိသူ ၂ ဦးကို အမည်ပျက်စာရင်းတွင်ထည့်သွင်းပြီးထုတ်ပယ်ကြောင်းကြေညာ
၃၂။ အမ်းမြို့မှ နောက်ထပ်နေအိမ်များကို ဆက်ဖယ်ရှားရန် စကစအာဏာပိုင်တို့ ကြော်ငြာဆိုင်းဘုတ်ထောင်၍ သတိပေး ချက်ထုတ်ပြန်
၃၃။ ထောင် (၁၃)နှစ် ချမှတ်ခံထားရသည့် မြောက်ဦးဂုဏ်ကျွန်းမှလူငယ်တစ်ဦးက သူအားမေ့ပျောက်မထားကြရန်စစ်တွေ ထောင်ထဲကမေတ္တာရပ်ခံ
၃၄။ ငြိမ်းချမ်းရေးဖိတ်ခေါ်ထားချိန်တွင် စစ်ကောင်စီအနေဖြင့်လည်း ရခိုင်အပါအဝင် တိုင်းရင်းသားနယ်မြေများ၌ တပ်အင် အားတိုးချဲ့ခြင်း၊ စုဆောင်းခြင်းမပြုလုပ်သင့်ဟုဆို
၃၅။ ဆနင်းတောင်ကြော စကစ အင်အားဖြည့်တင်း၊ ဒေသခံတချို့ ကြောက်လန့်/ထွက်ပြေးနေ
၃၆။ စစ်ရှောင်များကို ကူညီသည့် တောင်ကြီးလူငယ် တစ်ဦး ထောင်ဒဏ် (၁၀)နှစ်ချခံရ
၃၇။ ရွာငံမြို့နယ် ပဲရင်းတောင်ရွာသားများကို စစ်ကောင်စီ ဖမ်းဆီး သတ်ဖြတ်
၃၈။ တောင်ကြီးမြို့ရှိ အစိုးရရုံးများ ဗုံးဒဏ်ကာကွယ်သည့် စက်များတပ်ဆင်ထား
********************
၁။ အောင်မြင်သာ အပန်းဖြေစခန်း ဆိုင်ခန်းနဲ့ ဝါးတဲ ၂၈ ခု မီးလောင်ဆုံးရှုံး
26th April 2022

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ နာမည်ကျော် အောင်မြင်သာအပန်းဖြေစခန်းမှ ဆိုင်ခန်းအပါအဝင် ဝါးတဲ ၂၈ တဲ ယနေ့ ဧပြီ ၂၆ ရက်နေ့ နံနက်ပိုင်းက မီးလောင်သွားကြောင်း သိရသည်။ မြစ်ဆုံစီမံကိန်းကြောင့် ရွေ့ပြောင်းခံရသောဒေသခံများကို နေရာချထားသည့် အောင်မြင်သာဒေသခံများ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသောနေရာဖြစ်ကာ ဆိုင်ရှင် ၃ ဦး၏ ဝါးတဲ ၃၀ နီးပါး မီးလောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်လုရာက KNG သတင်းဌာနသို့ ပြောသည်။ မီးလောင်သွားသော ဆိုင်ပိုင် ရှင် ၃ ဦးမှာ ဦးလထော်လှ၊ ဒေါ်ဂျာနန်နှင့် ဒေါ်လုရာတို့ဖြစ်သည်။

အဆိုပါ ဆိုင်ခန်းနဲ့ ဝါးတဲ ပေါင်း ၂၈ ခု ခန့်အနက် ဒေါ်လုရာ၏ ဆိုင်ခန်း ၁၈ ပါဝင်ရာ အများဆုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ခဲ့သည်။ ထို့ ကြောင့် တစ်ဦးလျှင် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် သိန်း ၁၀၀ ဝန်း ကျင်ရှိကြောင်းသိရသည်။ အောင်မြင်သာဒေသခံများသည် မြစ်ဆုံ စီမံကိန်းကြောင့် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ခန့် မြစ်ဆုံဒေသမှ ယခုနေရာသို့ ပြောင်းရွေ့လာစဉ် စားဝတ်နေရေး အဆင်ပြေစေရန် အတွက် အပန်းဖြေစခန်းကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုဆိုင်ခန်းမီးလောင်မှုတွင်ပါဝင်သည့်ဒေါ်လုရာသည် လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်ကလည်း နေအိမ်မီးလောင်မှု ဖြစ်ခဲ့ကြောင်း သိရသည်။ https://burmese.kachinnews.com/2022/04/26/apr26-az1/
**************
၂။ ၂ နှစ်ကြာရပ်နားထားသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်မည်
25th April 2022

ကချင်လူထု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး (Pat Jasan ) အဖွဲ့သည် ယခုနှစ်မှ စတင်ကာ ၂ နှစ်ကျော်ကြာ ရပ်နားခဲ့သော ကချင် ဒေသတွင်း မူးယစ်ဆေးဝါးအသိပညာပေးလုပ်ငန်းများကို ပြန်လည် စတင်လုပ်ဆောင်တော့မည်ဟု သိရသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် ၂ နှစ်တာအတွင်း ကချင်ဒေသ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ရှေ့မဆက်နိုင်ပဲ ရပ်နားထားခဲ့ရသော်လည်း ယနေ့ ဧပြီ ၂၅ ရက်နေ့ ကျရောက်သော Kachin Anti-Drug-Day နေ့မှစပြီး လုပ်ငန်း မှာ ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ကချင်ဒေသ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ (Pat Jasan) ဗဟိုမှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို အခက်အခဲမျိုးစုံကြား ရှေ့ဆက်လုပ်ဆောင်ရန် ခက်ခဲသောကြောင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ရပ်နားခဲ့သည်မှာ ၂ နှစ်ကျော်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ၂၀၂၂ ယနေ့ကျရောက်သည့် Kachin Anti-Drug Day အထိမ်းအမှတ်နေ့မှစပြီး ယခင်ရပ်နားထားရသော စီမံကိန်းလုပ်ငန်းများကို ပြန်လည် လှုပ်ရှားလုပ်ဆောင်တော့မည် ဖြစ်ကြောင်း ပြောဆိုသည်။

ကချင်လူထု မူးယစ်တိုက်ဖျက်ရေး Pat Jasan ကို ၂၀၁၄ ခုနှစ် ဧပြီ ၂၅ ရက်နေ့မှစပြီး စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၂၀၁၅ -၂၀၁၆ ခုနှစ်များတွင် ကချင်ပြည်နယ် နေရာအနှံ ဘိန်းခင်း ဖျက်ဆီးခြင်း လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း နှောင်းပိုင်းတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ပြည်သူလူထုအား အသိပညာပေးမှု အစီစဉ်များကိုသာ ပိုမို အားစိုက်ပြုလုပ်လာ ကြောင်း သိရသည်။ https://burmese.kachinnews.com/2022/04/25/apr-25-ld-1/
*****************
၃။ ဝန်းသို မြို့နယ်မှာ ကျေးရွာ ၈ ရွာ မီးရှို့ခံရပြီး ရွာပေါင်း ၄၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
25th April 2022

ကချင် စစ်ကိုင်းနယ်စပ် ဝန်းသိုမြို့နယ်အတွင်း ကျေးရွာပေါင်း ၈ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သောကြောင့် လက်ရှိ ဘေးလွတ်ရာ တိမ်းရှောင်နေသည့် ကျေးရွာပေါင်း ၄၀ ကျော်အထိရှိကြောင်း ဝန်းသို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ သိရသည်။ စစ်ကောင်စီတပ် အင်အား ၅၀ ခန့်သည် ဧပြီ ၂၃ ရက်နေ့မှ စ၍ ဝန်းသိုနယ် အတွင်းသို့စစ်ကြောင်းထိုး ဝင်ရောက်လာကာ လူနေအိမ်များကို စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း Wonto Revolution_WR တပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာပေါင်းရှစ်ရွာမှာ စိန်လည်၊ သပြေသာ၊ အောင်ကုန်း၊ ရှမ်းစု ကျေးရွာနှင့် ဥသျှစ်ခုံ၊ ကျောက်ပေါက်ခုံ၊ လယ်ခုံ၊ ရွှေတောင်ကျေးရွာ တို့ဖြစ်ကြောင်းသိရသည်။ ဝန်းသိုနယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သည် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့်အပြင် အရပ်သားပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်နေ သောကြောင်း လက်ရှိတွင် ဝန်းသိုမြို့နယ်မှ ဘေးလွတ်ရာသို့ထွက်ပြေးတိန်းရှောင်နေသည့် ကျေးရွာပေါင်း ၄၀ ကျော်ရှိပြီးဒုက္ခ သည်ပေါင်း ၂၄၀၀၀ ကျော်ရှိကြောင်း Wonto Revolution_WR မှ တာဝန်ရှိသူတစ်ဦးက ပြောသညိ။

လတ်တလော မီးရှို့ဖျက်ဆီးခံရသည့် ရွာ ၈ ရွာမှ မီးဘေးသင့်ပြည်သူများနှင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူ ၂ သောင်းကျော်အတွက် အဝတ်အထည်၊ စားသောက်ကုန်နှင့် နေရာထိုင်ခင်းအတွက် မိုးကာများခိုအပ်နေကြောင်း သိရသည်။ ဧပြီ ၂၄ ရက်နေ့ည ၁၁ နာရီအချိန်ခန့်တွင်လည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးခဲ့ပြီး ယနေ့ နံနက်ပိုင်း ဝန်းသိုမြို့ပေါ်တွင် ဗုံးသံနှင့် မိုင်းသံများ ကြားနေရ ကြောင်း သိရသည်။ https://burmese.kachinnews.com/2022/04/25/apr25-az1/
*******************
၄။ ရဲတပ်ဖွဲ့ မှ CDM များ NUG အစိုးရထံ ဆက်သွယ်ရန် ထုတ်ပြန်
26th April 2022

မြန်မာနိုင်ငံ တစ်ဝန်း CDM ပြုလုပ်ထားသော ရဲတပ်ဖွဲ့ စုစုပေါင်း ၆၀၀၀ ကျော် ရှိလာသော်လည်း ထက်ဝက်ခန့်သာ အမျိုးသား ညီညွတ်ရေးအစိုးရ NUG နှင့် ချိတ်ဆက်နေသောကြောင့် ကျန်ရှိသူများလည်း အမြန်ဆက်သွယ်ရန် ထုတ်ပြန်ထားသည်။ ဧပြီလ ၂၅ ရက် ရက်စွဲဖြင့် ယနေ့ ထုတ်ပြန်သော NUG အစိုးရ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ စာရင်းအရ CDM ပြုလုပ်ထားသော ရဲတပ်ဖွဲ့ အင်အား ၆၀၀၀ မှ ၇၀၀၀ ကြားရှိပြီး CDM ပြည်သူ့ယာယီ ရဲတပ်ဖွဲ့နှင့် ဆက်သွယ်လာသော လူဦးရေ ၂၉၃၇ ဦးသာ ရှိကြောင်း သိရသည်။

ဝန်ကြီးဌာနမှ စုံစမ်းသိရှိရသမျှ CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်အင်အားစာရင်းသည် ၆၀၀၀ နှင့် ၇၀၀၀ ကြားမှာရှိနေပြီး အခြားချိတ် ဆက်မရသော CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကို ဝန်ကြီးဌာနဘက်မှလည်းချိတ်ဆက်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိရာ၊ ချိတ် ဆက်မရသေးသော CDM ပြည်သူ့ရဲတပ်ဖွဲဝင်တွေများအနေဖြင့် ဝန်ကြီးဌာနရဲ့ ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေး ကော်မတီထံ ကို အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ပေးကြရန် ထုတ်ပြန်ထားသည်။

ပြည်သူ့ရင်ခွင် မခိုလှုံဘဲ စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ကိုင်နေသေးပါက ပြည်သူအပေါ် အကြမ်းဖက်ရာ သက်ရောက်နေသည်ဟု မှတ်ယူထားပြီး အကြမ်းဖက်သမားမှန်သမျှကို ဘယ်ချိန်ဘယ်ကာလဖြစ်ဖြစ် တစ်ဦးတစ်ယောက်မျှ လွတ်မြောက်မှု မရှိစေဘဲ၊ တရားဥပဒေနဲ့အညီ အပြစ်ပေးအရေးယူခံရမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။

ရဲတပ်ဖွဲ့ မှ CDM များ NUG အစိုးရထံ ဆက်သွယ်ရန် ထုတ်ပြန်


*****************
၅။ ဖမ်းဆီးခံ PDF လူငယ်များ၏ ဖုန်းမှတဆင့် အခြားအဖွဲ့ဝင်များကို နောက်ယောင်ခံနေ
25th April 2022

မြစ်ကြီးနား ရမ်ပူရပ်ကွက်တွင် ယမန်နေ့က ဖမ်းဆီးခံရသော PDF လူငယ်များ၏ ဖုန်းမှ တဆင့် အခြားအချိတ်အဆက်များကို လည်း နောက်ယောင်ခံနေကြောင်း အဆိုပါ လူငယ်များနှင့် နီးစပ်သူများထံမှ သိရသည်။ ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မြစ်ကြီးနား ရမ်ပူ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်သားများ လာရောက်ပစ်ခတ်ဖမ်းဆီးခဲ့ရာ လူငယ်အဖွဲ့မှ ၂ ဦး သေဆုံးပြီး ၃ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

လက်ရှိ ထိုလူငယ်များကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တွင် ဖမ်းဆီး စစ်ဆေးနေပြီး အခြားသူများကိုလည်း လိုက်လံ စုံစမ်းနေသည်ဟု သိရသည်။ အဆိုလူငယ်များအနက် တစ်ဦးကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခန့် မြို့သစ်ကြီးရပ်ကွက်တွင် စတင်ဖမ်းဆီးခဲ့ပြီးနောက် ထိုသူမှတဆင့် ရမ်ပူရပ်ကွက်ရှိ နေအိမ်ကို စစ်သားများက သွားရောက်ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည် ဟု သူက ဆက်ပြောသည်။

သို့သော် အဆိုပါလူငယ်များကို ကားဓါးပြတိုက်သောအဖွဲ့ကဲ့သို့ လူမှုကွန်ရက်တွင် ပုံဖော်ထားသည်ကို မလိုလားကြောင်း သူက ပြောသည်။ https://burmese.kachinnews.com/2022/04/25/apr-25-s-1/
*******************
၆။ မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းအများစုတွင် စားနပ်ရိက္ခာပိုမိုခက်ခဲလာ
23rd April 2022

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းများတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ပုံမှန်ထောက်ပံ့မှု ရရှိနေ‌သော် လည်း ရိက္ခာအခက်အခဲ ကြုံနေရဆဲဖြစ်ကြောင်း စစ်ရှောင်စခန်းများထံမှ သိရသည်။ စစ်ရှောင်တစ်ဦးလျှင် တစ်လ ၁၂၀၀၀ ပုံမှန်ရရှိနေသော်လည်း လက်ရှိမြန်မာနိုင်ငံအတွင်း ကုန်ဈေးနူန်း မြင့်တက်လာသည့်အပြင် ယခင်ကဲ့သို့ အခြားအလှူရှင်များ၊ NGO အဖွဲ့အစည်းများ၏ ထောက်ပံ့မှု မရတော့သည့်အတွက် စားနပ်ရိက္ခာ ပိုမိုခက်ခဲလာကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းတွင် နေထိုင်သူများသည် ၂၀၁၁ ခုနှစ်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော်နှင့် စစ်ကောင်စီ တပ်တို့ကြား ဖြစ်ပွားခဲ့သောစစ်ပွဲများကြောင့်ထွက်ပြေးတိမ်းရှောင်လာကြ‌သူများဖြစ်ပြီး စစ်ရှောင်ဘဝနှင့် ဖြတ်သန်းလာကြရ သည်မှာ ဆယ်စုနှစ်တစ်စုရှိလာပြီဖြစ်သည်။ ယင်းစစ်ရှောင်များသည် စစ်အာဏာသိမ်းမူ မဖြစ်ခင်အထိ အလုပ်အကိုင်အခွင့်အ လမ်းအနေဖြင့် ပန်ဝါ၊ တရုတ်ပြည် ဘက်သို့ သွားရောက်လုပ်ကိုင်ခွင့်များ ရရှိတာကြောင့် စားဝတ်နေရေးအဆင်ပြေခဲ့ကြ‌သော် လည်း လက်ရှိတွင် နိုင်ငံရေးမငြိမ်သက်မူကြောင့် သွားရောက်လုပ်ကိုင်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ စစ်ရှောင်အများစုသည် မြစ်ကြီးနားမြို့တောင်ဘက်ပိုင်း တာပတောင်း၊ ရေကြည်၊ တာလောကြီး၊ မြစ်ကြီးနား မြောက်ဘက်ဆွမ်ပရာဘွမ်၊ ဝိုင်းမော်မြို့နယ် နန့်ဆန်ယန်ကျေးရွာနှင့် ဖားကန့်မြို့နယ် ကန်စီး (Ginsi) ကျေးရွာစသည့် ဒေသ ဘက်မှ တိမ်းရှောင်လာသူများဖြစ်သည်။ မြစ်ကြီးနားမြို့တွင် စစ်ရှောင်စခန်းစုစုပေါင်း ၂၆ ခု ရှိပြီး ၁၆ ခု မှာ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC လက်အောက်မှာရှိပြီး ကျန် ၁၀ ခု မှာအခြားသောအဖွဲ့အစည်းမှ ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းအများစုတွင် စားနပ်ရိက္ခာပိုမိုခက်ခဲလာ


******************
၇။ စစ်ကောင်စီတပ်ကို မြို့လှ KPDF စောင့်ကြိုတိုက်ခိုက်သဖြင့် ထိခိုက်ကျဆုံးမှု ရှိနိုင်
23rd April 2022

ကသာနယ်၊ ချောင်းဝကျေးရွာမှ မင်းကျောင်းကုန်းဖက်သို့ ခြေလျှင်စစ်ကြောင်းဖြင့် တက်လာသည့် စစ်ကောင်စီတပ် ယမန်နေ့ည က တိုက်ခိုက်ခံရကြောင်း သိရသည်။ ဧပြီ ၂၂ ရက် ယမန်နေ့ည ၈ နာရီဝန်းကျင် အင်အား ၄၀ ခန့်ပါသည့် စစ်ကောင်စီ ခြေလျှင် စစ်ကြောင်းသည် ချောင်းဝရွာဖက်မှ မင်းကျောင်းကုန်းရွာဖက်သို့ ဦးတည်ထွက်ခွာစဥ် မြို့လှ KPDF တပ်ခွဲ (၁) မှ RPG လက်နက် နှင့် ၇၉ မမ များဖြင့် ပစ်ခတ်ခဲ့ကြောင်း မြို့လှ PDF တပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသို့တိုက်ခိုက်ခံရပြီးနောက် မိနစ်အနည်းငယ်ကြာအောင် အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့သည့်အပြင် စစ်ကောင်စီဘက်မှ ကျေးရွာများသို့ ဒဏ်ရာရရှိသူများသယ်ဆောင်လာသည့်အတွက် ထိခိုက်သေဆုံးမှု အများအပြားရှိနိုင်ကြောင်း ၎င်းက ဆက်ပြော သည်။ စစ်ကောင်စီတပ်သည် ကသာနယ်အထက်ပိုင်း ရွေကူ၊ ဗန်းမော်မြစ်ကြောင်းတစ်လျှောက် စစ်အင်အားတိုးချဲ့ခြင်း ရိက္ခာ များ ဖြည့်တင်းနေသည်မှာ ၂လနီးပါးရှိလာပြီ ဖြစ်သည်။

၂၀၂၂ ခုနှစ် ဇန်န၀ါရီလမှ ဧပြီလအထိ ကသာနယ်အထက်ပိုင်း ရွှေကူ၊ ဗန်းမော်မြစ်ကြောင်းနှင့် ကုန်းလမ်းကြောင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပေါင်း ၄၀ ဝန်းကျင် ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

စစ်ကောင်စီတပ်ကို မြို့လှ KPDF စောင့်ကြိုတိုက်ခိုက်သဖြင့် ထိခိုက်ကျဆုံးမှု ရှိနိုင်


*****************
၈။ လျှပ်စစ်မီး ဖြတ်တောက်သည့် နဘား လျှပ်စစ် ရုံးခွဲကို PDF အဖွဲ့ သတိပေး
22nd April 2022

ကသာခရိုင် အင်းတော်မြို့နယ် ထီးချိုင့်-မော်လူး-ကသာ မြို့နယ်များတွင် လျှပ်စစ်မီး ဖြတ်တောက်ထားသည့် နဘား လျှပ်စစ်ရုံးခွဲ ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့က သတိပေးထားကြောင်း သိရသည်။

အဆိုပါ မြို့နယ်များတွင် နဘား လျှပ်စစ်ရုံးခွဲမှ လျှပ်စစ်မီးဖြတ်တောက်ထားသည်မှာ ၄ ရက်ခန့်ရှိလာသဖြင့် ဆက်လက် ပြုလုပ် နေပါက အရေးယူသွားမည်ဟု ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး က KNG သတင်းဌာန သို့ ပြောသည်။

ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောဆိုချက်အရ နဘား လျှပ်စစ်ရုံးခွဲသည် လျှပ်စစ် ဓါတ်အားပေးရန် ပြဿနာတစ်စုံ တစ်ရာ မရှိသော်လည်း ဖြတ်တောက်ထားကြောင်း သိရသည်။ https://burmese.kachinnews.com/2022/04/22/apr22-az1-2/
******************
၉။ ဖမ်းဆီးခံ ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို အဂတိအမှုတစ်ခုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်
22nd April 2022

မြစ်ကြီးနားမြို့ အကျဉ်ထောင်တွင် ဖမ်းဆီးခံထားရသည့် NLD အစိုးရ၏ ကချင်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို ပုဒ်မ ၅၅ အဂတိလိုက်စားမှု တစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ပြီး အခြားဝန်ကြီးများကိုလည်း ထောင်ဒဏ် အသီးသီးချ မှတ်လိုက်ကြောင်း သိရသည်။ ယနေ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီး ၇ ဦးကို အမိန့်ချမှတ်ရာတွင် ဒေါက်တာခက်အောင်သည် ထောင်ဒဏ်အများဆုံး ၁၂ နှစ် ဖြစ်ပြီး ဘဏ္ဍာအခွန် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း ထောင်ဒဏ် ၉နှစ်၊ လူမှုရေး ဝန်ကြီး ဦးနေဝင်း ၃နှစ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်း ၃နှစ်၊ လျှပ်စစ်နဲ့စက်မှု လက်မှုဝန်ကြီး ဦးဝင်းညွန့် ၃ နှစ် ၊ သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင်ဝန်ကြီး ဦးဒါရှီလဆိုင်း ၃ နှစ် ၊ ကချင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးနော်လီ(ခ)ခမ်းရယ် ၃ နှစ် အသီးသီး ချမှတ်ခံရလိုက်ကြောင်း သိရသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၇ဦးကို တရားစွဲဆိုထားသည့် အမူများထဲမှ အဂတိတိုက်ဖျက်ရေးပုဒ်မအတွက် ဧပြီလ ၈ရက်နေ့ အမိန့်ချမှတ်မည်ဟု စစ်ကောင်စီမှ ချိန်းဆိုထားသော်လည်း အမိန့်ချ‌ပေးခဲ့ခြင်း မရှိဘဲ ဧပြီလ ၂၂ ရက်နေ့ ယနေ့ ချမှတ်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ ဝန်ကြီးများသည် စစ်တပ်မှ အာဏာစသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းလိုက်ရပြီး စစ်ကြောရေးသို့ ပို့ဆောင်စစ်ဆေးကာ အဂတိတိုက်ဖျက်ရေးပုဒ်မ ၅၅ အပါအဝင် ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိုခံထားရသည်။
ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် ဝန်ကြီးများကို စွပ်စွဲထားသော အချက်များမှာ မြို့နယ်၊ ပြည်နယ် NLD ရုံးများတည် ဆောက်ရန် လုပ်ငန်းရှင်းများထံမှ ငွေကြေးတောင်းခံထားသည့်အချက်များဖြင့် စစ်ကောင်စီက စွပ်စွဲထားခြင်း ဖြစ်သည်။ အဆိုပါ ဝန်ကြီးများကို စစ်ကောင်စီမှ စွဲဆိုထားသော အမှုများမှာ တစ်ဦးလျှင် ၂ မှုနှင့် ၆ မှုဝန်းကျင်တွင် ရှိသည်။

ဖမ်းဆီးခံ ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို အဂတိအမှုတစ်ခုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်


*****************
၁၀။ ရွှေကူမြို့မ ရဲစခန်း ထပ်မံပစ်ခတ်ခံရ
22nd April 2022

ဗန်းမော်ခရိုင် ရွှေကူမြို့ အမှတ်(၃) ရပ်ကွက်ရှိ မြို့မရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့က ဧပြီလ ၂၁ရက်နေ့ ယမန်ည ၁၀ နာရီဝန်းကျင်ခန့်တွင် လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။

ယမန်ည ရွှေကူမြို့မရဲစခန်း တိုက်ခိုက်ခံရမှုတွင် ရဲစခန်းဘက်က ထိခိုက်မှုရှိနိုင်ပြီး ရဲစခန်းအနီးတဝိုက်ရှိ လူနေအိမ်များနှင့် ပြည်သူများ ထိခိုက်မှုမရှိခဲ့ကြောင်းလည်း ဆက်လက်သိရသည်။

စစ်တပ်ကအာဏာသိမ်းပြီနောက် ရွှေကူမြို့မရဲစခန်း မကြာခဏ ပစ်ခတ်ခံရလျက်ရှိနေပြီး တစ်နှစ်အတွင်း ၁၀ ကြိမ်ထက်နည်း ပစ်ခတ်ခံရမှုရှိပြီဖြစ်ပါသည်။ အဆိုပါ ရွှေကူမြို့မရဲစခန်း KIA နှင့် PDF မကြာခဏ သွားရောက်ပစ်ခတ်မှုများရှိခဲ့သဖြင့် ရဲစခန်း ဘက်လည်ပစ်ခတ်ရာတွင် ရဲစခန်း အနီးတဝိုက် ရှိ လူနေအိမ်တစ်ချို့ လက်နက်ကြီးထိမှန်မှုများလည်းရှိခဲ့သည်။

ရွှေကူမြို့မ ရဲစခန်း ထပ်မံပစ်ခတ်ခံရ


*******************
၁၁။ ကရင်နီပြည်တွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု ၃၀ ရာခိုင်နှုန်းပဲ လုပ်ဆောင်ပေးနိုင်သေး KSCC ကျန်းမာရေး ကော်မတီပြော
April 25, 2022

ကရင်နီပြည်နယ်အတွင်းက ပြည်သူတွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကိုသာ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်သေးတယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကော်စီ KSCC ရဲ့ ကျန်းမာရေးကော်မတီ ညွန်ကြားရေးမှူးဖြစ်သူ ခွန်းဖီးလစ်ကပြောပါတယ်။ ကရင်နီပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်တဲ့ တိုက်ပွဲဖြစ်ပွားတာ တစ်နှစ်နီးပါးရှိနေပြီဖြစ်ပြီး စစ်ရှောင် နှစ်သိန်းနီးပါးအထိရှိနေပါတယ်။

စစ်ရှောင်အများစုဟာ တောတောင်ထဲမှာ စစ်ရှောင်ရတဲ့အတွက် ကျန်းမာရေးကုသခွင့် ယခင်ကလို လုံလုံလောက်လောက် မရှိပါဘူး။ ကရင်နီပြည်တွင်းက တချို့သော စစ်ရှောင်စခန်းတွေမှာ ဆေးဝါးမလုံလောက်တာတွေ၊ ဆေးကုသတဲ့ ကိရိယာ မလုံလောက်တာတွေရှိပါတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အပြင် စစ်ကောင်စီက ဆေးဝါးစားနပ်ရိက္ခာတွေကို ပိတ်ဆို့ဖို့ ကြိုးစားနေတဲ့အတွက် ဆေးဝါးပို့ဆောင်ရေးမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ခွန်းဖီးလစ်က ဆက်ပြောပါတယ်။ လက်ရှိမှာ ကရင်နီပြည်တွင်းမှာ အရည်သွေးပြည့်ဝတဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့အတွက် ဖယ်ဒရယ် ကျန်းမာရေးဌာနကို ဖွဲ့စည်း ထားတယ်လို့ ခွန်းဖီးလစ်က ပြောပါတယ်။

ဒါ့အပြင် အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ ( NUCC-JCC Health ) ၊ အမျိုးသား ကျန်းမာရေး ကော်မတီ ( Nation Health Committee ) ၊တို့ အပြင် ကရင်နီပြည် တွင်းက ကရင်နီ ကျန်းမာရေး ဌာန ( KnHD ) ၊ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ကွန်ယက် ( CHDN ) ၊ ဖယ်ဒရယ်ကျန်းမာရေး ပညာရှင်များကောင်စီ ( Federal Health Profession Council ) ၊ ကရင်နီ သူနာပြု အစည်းအရုံး ( Karenni nurses Association )၊ ကရင်နီပြည် ဆရာဝန်များအဖွဲ့ ၊ ပုဂ္ဂလိက ကျန်းမာရေး အဖွဲ့အစည်းများ စတဲ့ အဖွဲ့တွေနဲ့ပါ ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ကရင်နီပြည်နယ်မှာ အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလ အတွင်း အရပ်သားသေဆုံးမှု ၂၅၇ဦးရှိနေပြီး စစ်ရှောင်ရင်းနဲ့ သေဆုံးသူ ၂၄ဦးအထိ ရှိနေတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု ( PKPF ) က ဧပြီလ ၂၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ https://www.kantarawaddytimes.org/
******************
၁၂။ အာဏာသိမ်းပြီး တစ်နှစ်နဲ့သုံးလအတွင်း ကရင်နီပြည် အရပ်သားသေဆုံးသူ ၂၅၀ကျော်အထိ ရှိနေ
April 25, 2022

ကရင်နီပြည်မှာ အာဏာသိမ်းကာလ ( တစ်နှစ်နဲ့သုံးလအတွင်း) ဧပြီ (၂၄)ရက်နေ့အထိ အရပ်သားသေဆုံးသူ (၂၅၇) ဦး အထိ ရှိနေပြီဖြစ်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဧပြီလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အဓိက အရပ်သားပြည်သူတွေကို စစ်ကောင်စီကနေပြီး အကြောင်းမဲ့ သတ်ဖြတ်တာတွေ၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးရတာတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကောက်ယူရတဲ့အချက်အလက်အရ ဒီးမော့ဆိုမြို့နယ်မှာ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ အသတ်ခံရ တဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံတာတွေ၊ ဒေသခံ PDFတွေနဲ့ ချိတ်ဆက် သွားရောက်ပြီး လက်လှမ်းမှီသလောက် အချက်အလက် ကောက်ယူကြတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် လုံခြုံရေးအခက်အခဲ တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အရပ်သားသေဆုံးသူ (၂၅၇) ဦးမှာ စစ်ကောင်စီက အကြောင်းမဲ့ သတ်ဖြတ်တာ၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် သေဆုံးတာ (၂၃၁) ဦး၊ စစ်ဘေးရှောင်ရင်း သေဆုံးသူ (၂၄) ဦး နဲ့ သပိတ်ကာလအတွင်းသေဆုံးသူ (၂)ဦး တို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့မှာလည်း လွိုင်ကော်မြို့နယ် ချိကယ်ရပ်ကွက်အတွင်း အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦးကို ပစ်သတ်ခဲ့ တယ်လို့ KNDF က ဧပြီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ https://www.kantarawaddytimes.org/
******************
၁၃။ ဒုတိယအကြိမ်ဖွင့်လှစ်မယ့် နွေဦးဂုရု လေးများ ပညာရေးစင်တာမှာ လူငယ် ၂၀၀ ကျော်ဝင်ခွင့်ဖြေဆိုခဲ့
April 24, 2022

မေလ (၂)ရက်နေ့မှာ ဒုတိယအကြိမ်ပြန်လည်ဖွင့်လှစ်မယ့် နွေဦးဂုရုလေးများရဲ့ နှစ်လတာ ပညာရေးအစီအစဉ်ကို စစ်ရှောင်လူ ငယ် ၂၃၁ဦး ဝင်ခွင့် ဖြေဆိုခဲ့ကြတယ်လို့ သိရပါတယ်။ အမှန်တကယ် တက်ရောက်နိုင်မယ့် ကျောင်းသား၊ ကျောင်းသူ ဦးရေက တော့ ၆၀ပဲ လက်ခံနိုင်သေးတယ်လို့ သိရပါတယ်။

အသက် ၁၅နှစ်ကနေ ၂၂နှစ် အတွင်း စစ်ရှောင်လူငယ်တွေ ဖြေဆိုခဲ့ကြပြီး ဝင်ခွင့်ရလဒ်ကို ဧပြီလ ၂၆ရက်နေ့မှာ ထုတ်ပြန်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်း စစ်ရှောင်တစ်နေရာမှာ ဖွင့်လှစ်ပေးနေတာဖြစ်ပါတယ်။ မိခင်ဘာသာစကားဖြစ်တဲ့ ကရင်နီစာပေနဲ့ သမိုင်းကြောင်း၊ လက်မှုပညာ၊ ပန်းချီ၊ ဂီတ၊ အင်္ဂလိပ် ဘာသာ စတာတွေကို သင်ကြား ပေးတာဖြစ်ပါတယ်။ ပထမအကြိမ်ဖွင့်လှစ်ရာမှာ လူငယ် ၅၄ယောက် တက်ရောက်ခဲ့ကြပြီး အသက်ပြည့်ပြီးသား လူငယ် ၂၀ယောက်ကို အလုပ်သင် ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းပြီးသွားတဲ့ လူငယ်တွေအနေနဲ့လည်း ကျေးရွာတွေမှာ ပြန်လည်ပြီး ကလေးတွေကို စာပြန်သင်ကြားပို့ချတာတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကရင်နီပြည်တွင်းက ကျောင်းနေအရွယ် လူငယ်တွေဟာဆိုရင် ၃နှစ်လောက် ကျောင်း မတက်ခဲ့ကြရတာဖြစ်တဲ့အတွက် အခုလို စစ်ရှောင်ကလေးတွေအတွက် ဖွင့်လှစ်ပေးနေတာဖြစ်ပါတယ်။ နွေဦးဂုရုလေးများ အဖွဲ့ကို ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းမှာ လူငယ် ၆ ဦးကနေ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာတော့ ကျန်းမာရေး၊ ပညာရေး၊ စစ်ရှောင်ကူညီရေး၊ ထောက်ပို့ စတဲ့လုပ်ငန်းတွေကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ကရင်နီပြည်တွင်း ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။

Homepage


******************
၁၄။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကို KSP ပြစ်ဒဏ်ပေး
April 23, 2022

ကရင်နီပြည်အတွင်း မကြာခဏ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေကို ဖမ်းဆီးမိပြီး ၎င်းတို့ကို ပြစ်ဒဏ်ချမှတ် ထားတာရှိတယ်လို့ ကရင်နီပြည်ရဲဌာန(KSP) ပြောဆိုခွင့်ရှိသူ ကိုဘိုဘိုက ပြောပါတယ်။ ကရင်နီပြည် ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူဆိုမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူနဲ့ သုံးစွဲသူကို မကြာခဏဖမ်းဆီးမိနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့မှာ လွိုင်ကော်မြို့နယ်အတွင်း လွိုင်လင်လေးမြို့ ပိန်းချစ်ကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူ (၁၀) ဦးကို သတင်းအရ KNDF B-14 ၊ KSP ပူးပေါင်းအဖွဲ့တို့ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ KNDF B-14 က ဧပြီလ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ သိမ်းဆည်းမိတဲ့ (WY) စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၂၃၁ ) ပြား၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ (၁၀)ဦးနဲ့ သက်သေခံပစ္စည်းတွေကို KSP ထံလွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ သိမ်းဆည်းမိတဲ့မူးယစ်ဆေးဝါးတွေကို အများရှေ့မှာ ပွင့်လင်းမြင်သာစွာနဲ့ မီးရှို့ဖျက်ဆီးသွားမယ်လို့ KSP ပြောဆိုခွင့်ရှိသူ ကိုဘိုဘိုက ဆိုပါတယ်။ ပြည်သူလူထုအနေနဲ့ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိခြင်း၊ သုံးစွဲခြင်း၊ ရောင်းဝယ်ဖောက် ကားခြင်း၊ သယ်ဆောင်ခြင်း မပြုလုပ်ကြဖို့နဲ့ တွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူထံ အကြောင်းကြားဖို့ KNDF နဲ့ KSP က အသိပေးထားပါတယ်။ https://www.kantarawaddytimes.org/
******************
၁၅။ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ စစ်ရေးတင်းမာနေဆဲ
April 23, 2022

ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲအနီးတစ်ဝိုက်တွေမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာမှာဆိုရင် ယမန်နေ့ (ဧပြီ ၂၂ ) ရက်နေ့ကနေ ဒီကနေ့ ( ဧပြီလ ၂၃ ) ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ KA ၊ KNDF တို့ ထိတွေ့ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တာဝန်ရှိသူတစ်ဦးက ဒီကနေ့ မနက် (၁၁)နာရီအချိန်မှာ ကန္တာရဝတီတိုင်း(မ်) ကို အတည်ပြု ပြောကြားပါတယ်။ မိုးဗြဲ – ဝါရီဆူးပလိုင်အနီးတစ်ဝိုက်မှာလည်း မနေ့ကထိတွေ့ တိုက်ပွဲဖြစ် ပွားတာတွေ ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီဖက် အထိနာတာတွေရှိနေတဲ့အတွက် ထပ်မံ အင်အား ဖြည့်တင်းလာနေတာတွေလည်း ရှိတယ်လို့ သူက ဆက်ပြော ပါတယ်။ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်တဲ့အတွက် နှစ်ဖက်ထိခိုက်မှု အခြေအနေကိုတော့ အသေးစိတ် မသိရှိရသေးဘူးလို့ ဆိုပါ တယ်။

ပြီးခဲ့တဲ့ ဧပြီ (၂၀) ရက် နဲ့ ယမန်နေ့ ( ၂၂ ) က မိုးဗြဲ မှာ တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့သလို စစ်ကောင်စီတပ်ကနေပြီး လက်နက် ကြီးတွေ ရမ်းသန်းပစ်ခတ်တဲ့အတွက် ပြည်သူ့နေအိမ် ထိခိုက်ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။ ယမန့်နေ့ နံနက် ၉နာရီ ဝန်းကျင်အချိန်မှာလည်း စစ်ကောင်စီတပ်က ဒီးမော့ဆို မြို့နယ် ခေါက်ပလော့ရပ်ကွက်နဲ့ ငူးပလော့ ရပ်ကွက်ကြား လူနေအိမ် နှစ်လုံးကို မီးရှို့ဖျက်စီးခဲ့တယ်လို့ KNDF B-08 က ထုတ်ပြန်ထားပါတယ်။ https://www.kantarawaddytimes.org/
******************
၁၆။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှုဟာ စစ်ကောင်စီတပ် ဖရိုဖရဲဖြစ်နေတာဖြစ်တယ်လို့ KNPP ပြော
April 23, 2022

လက်ရှိမှာ စစ်ကောင်စီတပ်တွေ ဖရိုဖရဲဖြစ်နေပြီး ထိခိုက်ကျဆုံးမှုတွေ၊ တပ်ပြေးမှုတွေ များပြားလာတာကြောင့် အာဏာသိမ်းစစ် ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြောလာတာဖြစ် တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး-၁ ခူဒယ်နီယာက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်း အကောင်အထည်ဖော်နိုင်ဖို့ ဧပြီလ ၂၂ ရက်နေ့မှာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိန့်ခွန်း ပြောကြားချက်အပေါ် KNPP က သုံးသပ်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဧပြီလ ၂၃ရက်နေ့ မနက်ပိုင်းအထိ တရားဝင်အကြောင်းကြားစာ ပေးပို့တာမရှိသလို ဖိတ်ကြားမှုအပေါ်လည်း တွေ့ဆုံဆွေးနွေးဖို့ မရှိဘူးလို့ KNPP ဖက်က သဘောထားပြောဆိုထားပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ပြောတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ အပြောနဲ့ လုပ်ရပ်ဟာ မတူဘူးလို့ ဆိုပါတယ်။ လူထုတစ်ရပ်လုံးက စစ်ကောင်စီကို တော်လှန်နေတာဖြစ်ပြီး ငြိမ်းချမ်းရေးဆွေး နွေးချင်ရင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်မှသာ ရမှာဖြစ်တယ်လို့ ခူဒယ်နီယာက ပြောပါတယ်။ ယမန်နေ့ စစ်ခေါင်း ဆောင်ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထား တာဖြစ်ပါတယ်။

အဖွဲ့ဝင်အားလုံးကို ကိုယ်တိုင်တွေ့မှာဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ဆွေးနွေးမှု ပြုလုပ် သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တက်ရောက်သူ အမည်ကို ၂၀၂၂ မေလ ၉ ရက် နောက်ဆုံးထား အကြောင်းပြန်ကြားဖို့ သူက ပြောသွားပါတယ်။ https://www.kantarawaddytimes.org/
******************
၁၇။ အလှူရှင်ပေးပို့တဲ့ ငွေတွေနဲ့ ရေကို စက်ဖြင့်သယ်ယူနေကြတဲ့ စစ်ရှောင်များ
April 23, 2022

အလှူရှင်တွေ ပေးပို့တဲ့ငွေနဲ့ ဒီဇယ်ဝယ်ထည့်ပြီး ရေခပ်ယူနေကြတဲ့ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက စစ်ဘေးဒုက္ခသည် စခန်းတစ်ခုမြင်တွေ့ရတာဖြစ်ပါတယ်။

ရေတစ်ပုံးရဖို့ မနက်အစောကြီး တစ်နာရီလောက် သွားတန်းစီပြီး ရေခပ်နေရပါတယ်။ ရေရှားပါးတဲ့ အရပ်ဒေသဖြစ်တာကြောင့် သောက်သုံးရေ အခက်အခဲကြုံတွေ့နေကြရပါတယ်။ အခုအခါမှာတော့ အလှူရှင်တွေလှူဒါန်းပေးတဲ့ ငွေကြေးတွေနဲ့ ဓါတ်ဆီ၊ဒီ ဇယ်တွေဝယ်ပြီး စက်တွေနဲ့ သွားရောက်ခပ်ယူနေကြရပါပြီ။

ပြီးခဲ့တဲ့ မတ်လ၂၇ ရက်နေ့က လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ပြည်သူတွေ ရေခပ်ခက်ခက်ခဲခဲ ရေခပ်နေကြရတဲ့ သတင်းဓါတ်ပုံကို ကန္တာရဝတီတိုင်း(မ်)က တင်ပြီးနောက် အလှူရှင်တချို့ရဲ့ ဆက်သွယ်လာမှုကြောင့် အခုလို ရေသွားရောက် သယ်ယူနိုင်ကြဖြစ်ပါတယ်။ https://www.kantarawaddytimes.org/
******************
၁၈။ ကရင်နီပြည်အတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီ သန်းသုံးရာနီးပါးကို NUG ထောက်ပံ့ပေးခဲ့ဟုဆို
April 22, 2022

အမျိုးသားညီညွတ်ရေးအစိုး ( NUG )က ကရင်နီပြည်အတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီ ( ၂၈၁.၂၅ ) ကျပ်သန်းကို ထောက်ပံ့ပေးခဲ့တယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာမှ အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရပါတယ်။ ထုတ်ပြန်ချက်ပါဖော်ပြချက်အရ ၂၀၂၁ခုနှစ် ဧပြီလ (၁၀)ရက်မှ ၂၀၂၂ခုနှစ် ဧပြီလ (၁၀)ရက်နေ့အတွင်း ထောက်ပံ့ခဲ့တာဖြစ်ပြီး ကရင်နီပြည်ဟာ တတိယ ထောက်ပံ့မှု အများဆုံးရတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ တစ်နှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ၂.၇၃ဘီလီယံ ကျပ်ကို ထောက် ပံ့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာတွေ့ရှိရပါတယ်။

အများဆုံးထောက်ပံ့ခဲ့တဲ့ နေရာကတော့ ကရင်ပြည်နယ်ဖြစ်ပြီး ကျပ် ၆၁၅ သန်းကျော်၊ ဒုတိယအများဆုံးကတော့ စစ်ကိုင်း တိုင်းဒေသကြီးဖြစ်ပြီး ကျပ် ၄၁၁ သန်းကျော် ထောက်ပံ့ခဲ့ပါတယ်။ ရရှိထားတဲ့ အကူအညီတွေကို ကရင်နီပြည်မှာရှိတဲ့ စစ်ရှောင် တွေရဲ့ စားနပ်ရိက္ခာ၊ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ ပညာရေး၊ CDM ထောက်ပံ့မှု စတဲ့အပိုင်းတွေမှာ အများဆုံးအသုံး ပြုခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ခူးထဲဘူးက ပြောပါ တယ်။

ဒီထောက်ပံ့ကူညီမှုဟာ ပြည်သူမှပြည်သူသို့ လှူဒါန်းမှုဖြစ်ပြီး နိုင်ငံတကာမှ တသီးပုဂ္ဂလအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အချို့မှ ရရှိမှုသာ ဖြစ်ပြီး လက်ရှိအချိန်ထိ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုအဖွဲ့အစည်းထံမှ ထောက်ပံ့မှု လုံးဝမရရှိခဲ့ဘူးလို့ NUG က ဆိုပါတယ်။ NUG ရရှိတဲ့ နိုင်ငံအလိုက်ထောက်ပံ့မှုမှာ ကိုးရီးယား၊ အမေရိကန်၊ ဂျပန်၊ ထိုင်း၊ ဩစတေးလျ၊ စင်္ကာပူ၊ ယူကေ၊ မြန်မာ၊ မကာအို၊ ဥရောပနိုင်ငံ ဖြစ်တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။ https://www.kantarawaddytimes.org/
******************
၁၉။ CDM ၀န်ထမ်းများအား ခံ၀န်ထိုးရုံးပြန်လာတက်ရန် အကြောင်းကြားပြီး ဖမ်းဆီးစစ်ကြောခံနေကြရသူများရှိနေ
April 26, 2022

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း စစ်အာဏာရှင်ပြုတ်ကျရေး ၀န်ထမ်းသပိတ် ဆန္ဒထုတ်ဖော် မှုများတွင် ပါ၀င်ခဲ့ကြ သည့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု- CDM ၀န်ထမ်းများအား စစ်ကောင်စီ ဌာနဆိုင်ရာများမှ ခံ၀န်ထိုး၍ ရုံးပြန်လာ တက်ရန် မလိမ့်တစ်ပတ် အကြောင်းကြားပြီး ဖမ်းဆီး စစ်ကြောခံနေကြရသူများ ရှိနေကြောင်း နီးစပ်သူများက ပြောသည်။ ကော့ကရိတ် မြို့နယ်ရှိ CDM ၀န်ထမ်းများအား စစ်ကောင်စီဌာနဆိုင်ရာမှ ရုံးဌာနကို ဆက်သွယ်ကာ ခံ၀န်လက်မှတ်ထိုး၍ ရုံးပြန်တက်ကြရန် မလိမ့်တစ်ပတ် အကြောင်းကြားပြီး နေရပ်ပြန်လည် နေထိုင်ရုံပြန်တက်ကြပြီးမကြာမီတွင် ဖမ်းဆီးစစ်ကြောမှု များခံနေကြကြောင်း ကော့ကရိတ်ဒေသခံ CDM ၀န်ထမ်းများက ပြောသည်။

ကော့ကရိတ်ဒေသ တောင်ပိုင်းနှင့် မြောက်ပိုင်းအပါအအ၀င် မြို့ပေါ်နေ ၀န်ထမ်းများ စစ်အာဏာသိမ်းကာလ ဆန့်ကျင်ဆန္ဒပြပွဲ များတွင် ပါ၀င်ခဲ့ကြပြီး CDM ပြုလုပ်သည့်အတွက် ဒေသအုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားဌာန ဆိုင်ရာ ၀န်ထမ်းအများအပြား ရုံးမတက်ကြတော့သည့်အတွက် ဌာနမှ အလုပ်ရပ်စဲထုတ်ပယ်စာများ၊ ချေးငွေ ပြန်ဆပ်ရန်အကြောင်း ကြားစာများ၊ ဖမ်း၀ရမ်း ထုတ်ဆင့်စာများ၊ ထုတ်ပြန်ကြေငြာခံထားရသည်။ အဆိုပါ ကြေငြာခြင်းခံရသည့် ၀န်ထမ်းများအား စစ်ကောင်စီသစ္စာခံ၍ နိုင်ငံ့၀န်ထမ်းအဖြစ် ဆက်လက်ထမ်းဆောင်ရန် ခံ၀န်ကတိလက်မှတ်ထိုးကာ ပြန်လည်အမှုထမ်းရန် အကြောင်းကြားသောကြောင့် အချို့ CDM ၀န်ထမ်းများမှာ နေရပ်ပြန်လာ၍ ရုံးဌာနနှင့်ဆက်သွယ်ကာ ရုံးပြန်တက်ကြပြီး ယခု ဧပြီလ သင်္ကြန်ကာလအပြီး ၁၇ ရက်မှ စတင်ကာ စစ်ကောင်စီ ဒေသရပ်ရွာ အတွင်း ဖမ်းဆီး စစ်ကြောမေးမြန်းမှုများ လုပ်ဆောင်ခံနေကြရကြောင်း ကော့ကရိတ်မြို့ရှိ CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

ကရင်ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ စောမြင့်ဦးက ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့တွင် CDM ပြုလုပ်ခဲ့ကြပြီးနောက် Non CDM အဖြစ် လုပ်ငန်းခွင်ပြန်၀င်သည့် ပညာရေး၀န်ထမ်း ၂၆၅ ဦးအား ပြည်နယ်ခန်းမ၌ ဆုံးမဩဝါဒပေးကာ ရာထူးတိုး ၂ နှစ် ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် ဆက်လက် တာ၀န် ထမ်းဆောင် ခွင့်ပြုထားသော်လည်း ၀န်ထမ်းလိုအပ်ချက်အား ဖြည့်ဆည်းလည်ပတ် နိုင်မှုမရှိသည့်အတွက် ပုံစံအမျိုးမျိုးဖြင့် ပြန်လည်ခေါ်ယူ အမှုထမ်းကြရန် ဆက်သွယ်စည်းရုံးလုပ်ဆောင်သော်လည်း CDM ပြုလုပ်ထားသူအများစုမှာ ဆက်လက်ဆန့်ကျင်ရှောင်တိမ်းနေထိုင်နေဆဲဖြစ်သည်ဟု သိရသည်။ ထို့အပြင် KNU- ကရင်အမျိုး သားအစည်းအရုံး ထိန်းချုပ်နယ်မြေ ခရိုင်/တပ်မဟာ ဒေသများအတွင်း ရောက်ရှိ ခိုလှုံရာနေရာများတွင် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံဖြိုးရေး၊ စစ်ဘေးရှောင်ကူညီစောင့် ရှောက်ရေး လုပ်ငန်းများတွင် ပါ၀င်ကူညီ၍ စစ်အာဏာရှင် ပြုကျရေး ဆက်လက် တိုက်ပွဲ ၀င်နေကြဆဲဖြစ်ကြောင်း CDM ဝန်ထမ်းများက ပြောသည်။ https://kicnews.org/2022/04/
****************
၂၀။ စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ခလယ်-တံခွန်တိုင်ရွာသားအချို့ ပြန်လွတ်မြောက်လာ
April 25, 2022

ယနေ့ နံနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ ခလယ်-တံခွန်တိုင်တိုက်နယ် ကျေးရွာများရှိ တောင်ညိုတောင်တန်း တောင်ခြေများတွင် ဥယျာဉ်ခြံစိုက်ပျိုးခြင်းဖြင့် အသက်မွေး လုပ်ကိုင်ကြသည့် တောင်သူ ၃၀ ကျော်မှ အချို့ မှာ ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။ ဝင်းရော်ဒေသ၏ အနောက် ဘက် တောင်ညိုတောင်ခြေတွင် ခလယ်၊ မြို့ဟောင်း၊ ခလယ်ရွာလေးနှင့် အခြားကျေးရွာများမှ ဥယျာဉ်ခြံလုပ်ကိုင်နေကြသည့် ဒေသခံ ၃ဝ ကျော်ကို ယနေ့ ဧပြီလ ၂၅ ရက်၊ နေ့လည် ၁၁ နာရီကျော်အချိန်တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်ပြီးနောက် အမျိုးသမီး၊ ကလေးငယ်များကို ပြန်လည်လွှတ်ပေးခဲ့ပြီး လူလတ်ပိုင်း အမျိုးသားအများစုကို ၎င်းတို့၏ အထုပ်လက်နက်များထမ်းခိုင်းပြီး၊ လမ်းပြအဖြစ်ခိုင်းစေကာ ကျန်နေခဲ့သေးကြောင်း ပြန်လည်လွတ်မြောက်လာ သူများက ပြောသည်။ စစ်ကောင်စီတပ်မှ ၎င်းတို့စစ်ကြောင်းသွားသည့် လမ်းမတစ်လျှောက် အမျိုးသမီး၊ အမျိုးသား၊ ကိုယ်ဝန်သည်နှင့် ကလေးငယ်များပါမကျန် ခေါ်ဆောင်သွားပြီး ပါလာသည့်ဖုန်းများသိမ်းဆည်း မေးမြန်းခြင်းနှင့် အမျိုးသားများ ကို သောက်ဆေးတစ်မျိုးတိုက်ကာ အထုပ်၊ လက်နက်ကြီးများ ထမ်းခိုင်းသည်ဟု ၎င်းပြန်လည်လွတ်မြောက်လာသူက ဆက်ပြော သည်။

ဝင်းရော်ဒေသ ခလယ်-တံခွန်တိုင်တိုက်နယ် ရဲစခန်းတွင် ဧပြီလ ၂၃ ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားနေစဉ် ရဲစခန်းဝင်း အတွင်း ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ကျည်ထိ မှန်သေဆုံးပြီး အခြားအမျိုးသား ၂ ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ၎င်းအပြင် ထိုနေ့ည (၁၀)နာရီအချိန်တွင် အဘစ်ရွာရှိ စစ်ကောင်စီတပ် အမြှောက်တပ်ရင်းမှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ လှမ်းပစ်ခတ်မှုများ လုပ်ဆောင်သောကြောင့် ဒေသခံရွာသား ထောင်နှင်ချီ ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ကူညီကယ်ဆယ်ရေးများထံမှ သိရသည်။
https://kicnews.org/2022/04/
****************
၂၁။ ကေအဲန်ယူ တပ်မဟာ(၁) နယ်မြေတွင် တိုက်ပွဲပြင်းထန်၍ ဒေသခံထောင်ချီတိမ်းရှောင်နေရ
April 25, 2022

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် (တပ်မဟာ -၁ နယ်မြေ) ၊ ဘီးလင်းမြို့နယ်တွင် ဧပြီလ ၂၃ ရက်နေ့ မှစတင်၍ တိုက်ပွဲပြင်းထန်လာပြီး စစ်ကောင်စီတပ်ဘက်က ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများလုပ်ဆောင် သည့်အတွက် ဒေသခံပြည်သူ ထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။

ကေအဲန်ယူ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ လေးကေနှင့် ဝင်တာပန်စခန်း နှစ်ခုကို ဧပြီ ၂၃ ရက်နေ့တွင် နောက်ဆုံးထား ဆုတ်ခွာရန် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း ၂ က သတိပေးစာ ထုတ်ပြန်မှုကို စစ်ကောင်စီတပ်ဘက်က နောက်မဆုတ်သည့်အပြင် ကျေးရွာများထဲသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကိုပါ လုပ်ဆောင်လာသည်ဟု KNU သထုံခရိုင်ဥက္ကဌ ပဒိုစောစိုးမြင့်က ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင်လည်း ဖာပွန်ခရိုင် တပ်မဟာ(၅) နယ်မြေအတွင်းရှိ စစ်ကောင်စီ ကတိုင်တိစခန်းမှ ဒေါဇံကြီး ကျေးရွာသို့ လက်နက်ကြီးနှင့်လှမ်းပစ်ခတ်သည့်အတွက် လူနေအိမ်(၅)လုံး ထိခိုက်ပျက်စီးခဲ့သလို အရပ်သား ၂ဦး ဒဏ်ရာရရှိ ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် ဒေါဇံကြီး၊ လေးကေ၊ ဝင်းတာပန်၊ မြစ်ကျိုး ၊ ကျောက်ဖျာ အပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်မှ ထောင်နှင့်ချီသော ဒေသခံရွာသားများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ကေအဲန်ယူက သတင်းထုတ် ပြန်ထားသည်။ ထို့အတူ ဒေသခံရွာသားအချို့သည် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုပြုလုပ်လာ မည်ကိုစိုးရိမ်နေ သည့်အတွက် နီးစပ်ရာ ကျောက်ဂူ၊ လှိုဏ်ဂူရှိရာနေရာများတွင် မိသားစုအလိုက် သွားရောက်တိမ်းရှောင်သူလည်းရှိသည်ဟု သိရ သည်။ https://kicnews.org/2022/04/
****************
၂၂။ ၁၅ ရက်အတွင်း စခန်းများကို အပြီးတိုင်ရုပ်သိမ်းရန် စစ်ကောင်စီကို KNDO တပ်ရင်း ၄ သတိပေး
April 25, 2022

ဒေသခံ လူထုများအတွက် ဘေးဒုက္ခနှင့် စိုးရိမ်ကြောက်ရွံ့မှု ဖြစ်စေသည့် စစ်ကောင်စီ တပ်စခန်း ၂ ခုကို ယနေ့ ဧပြီလ ၂၅ ရက်နေ့မှစ၍ ၁၅ ရက်အတွင်း အပြီးတိုင် ရုပ်သိမ်းပေးရန် ကရင်အမျိုးသား အစည်းအရုံး-KNU တပ်မဟာ (၂)နယ်မြေရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း(၄) ဌာနချုပ်က ယနေ့ ရက်စွဲဖြင့် သတိပေးထုတ်ပြန်ကြေညာလိုက်သည်။ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ KNU တပ်မဟာ (၂) ၊ KNDO တပ်ရင်း(၄) နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ ကျီးချောင်း စစ်စခန်းနှင့် ၄၈ မိုင်ကိုးဒေး စစ်စခန်းများကြောင့် ထိုဒေသရှိ ဒေသခံလူထုများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့နေရပြီး မိုင်းကွင်း များကြောင့် နေ့စဉ်သွား လာနေထိုင်စားသောက်ရာ၌ အဟန့်အတား ဖြစ်စေသလို စစ်ကောင်စီ၏ ဦးတည်ချက်မဲ့ ပစ်ခတ်မှုများ ကို စိုးရိမ်ကြောက်လန့်နေရကြောင်း ဖော်ပြထားသည်။

ထိုစစ်ကောင်စီ တပ်စခန်းများ တည်ရှိနေခြင်းအပေါ် ၎င်းတို့အနေဖြင့် လုံးဝလက်မခံနိုင်ကြောင်းနှင့် အဆိုပါ စာထုတ်ပြန် သည့်ရက်မှစ၍ ၁၅ ရက်အတွင်း စစ်စခန်းများကို အပြီးတိုင် ရုပ်သိမ်းထွက်ခွာ သွားရန် ဖော်ပြထားပြီး အဆိုပါ ရက်များထက် ကျော်လွန်တပ်စွဲထားပါက နောက်ဆက်တွဲကိစ္စများအား တာဝန်ယူမည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ အလားတူ ဧပြီလ ၂၀ ရက်နေ့က ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၂ ဌာနချုပ်က KNU တပ်မဟာ (၁) နယ်မြေအတွင်းရှိ လေးကေနှင့် ဝင်းတာပန် ကျေးရွာများတွင် တပ်စွဲထားသော နယ်ခြားစောင့်တပ်(BGF) နှင့် စစ်ကောင်စီ တပ်စခန်းများအနေဖြင့် ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံး ထားပြီး နယ်မြေအတွင်းမှ ထွက်ခွာပေးရန်၊ မထွက်ခွာပါက စစ်ရေးအရ ပြင်းထန်စွာ အရေးယူမည်ထုတ်ပြန်ခဲ့သေးသည်။

KNDO တပ်ရင်း ၂ ဌာနချုပ်က သတိပေးစာထုက်ပြန်ခဲ့သော်လည်း စစ်ကောင်စီတပ်နှင့် BGF များမှာ စခန်းအတွင်း ထွတ်ခွာ ခြင်းမရှိသည့်အပေါ် KNDO ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်း ထန်လာခဲ့ကာ စစ်ကောင်စီဘက်မှ လက်နက်ကြီး များဖြင့် ပတ်ဝန်းကျင်သို့ ပြန်လည်၍ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ KNU ဘီးလင်းမြို့နယ်၊ KNDO တပ်ရင်း ၂ ဌာနချုပ်က ကြေညာချက်ထုက်ပြန်ပြီးနောက်ပိုင်း လေးကေ ကျေးရွာနှင့် ဝင်းတာပန်ကျေးရွာတွင် တပ်စခန်း ချထားသော BGF တပ်ဖွဲ့များမှ လမ်းများကို ပိတ်ထားကာ ဒေသခံများအား သွားလာခွင့် ပိတ်ပင်ခြင်းများရှိလာပြီး နှစ်ဖက်စစ်ရေး တင်းမာလာနိုင်ဖွယ်ရှိသဖြင့် အနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူများမှာ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေမှုများရှိကြောင်း ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။ https://kicnews.org/2022/04/
****************
၂၃။ ကျိုက်ဒုံအနီး မိတန်ရွာတွင် ပစ်ခတ်မှုဖြစ်ပွား၍ စစ်ကောင်စီတပ်ဖွဲ့ ၂ ဦးဒဏ်ရာရ
April 24, 2022

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံ -မိတန်ကျေးရွာတွင် ယနေ့ ဧပြီလ ၂၄ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA တပ်ဖွဲ့အ ကြား ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၂ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့နှစ်ဖက်ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်မှုဖြစ်ပွားရာနေရာအနီးတွင် တပ်ချနေရာယူ ထားဆဲဖြစ်၍ တိုက်ပွဲ ဆက်လက်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိပြီး မိတန်ရွာသားအချို့လည်း ညအချိန် ပြောင်း ရွှေ့အိပ်နေကြရသည်ဟု သိရသည်။ https://kicnews.org/2022/04/
****************
၂၄။ မြ၀တီ တံတားထိပ်ပေါက်ကွဲမှု နေအိမ်ဆိုင်ခန်းများထိခိုက်ပျက်စီးမှုများပြား၊ တံတားအနီး၀န်းကျင်ရှိ နေအိမ် CCTV များ စစ်ဆေးမှုများ လုပ်ဆောင်နေ
April 24, 2022

ကရင်ပြည်နယ် မြ၀တီမြို့ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား အမှတ် ၁ မြန်မာဘက်အခြမ်းနေရာတွင် ဧပြီလ ၂၃ ရက် ည ၁၀နာရီခွဲက ဖြစ်ပွားခဲ့သော အကြီးစား မိုင်းပေါက်ကွဲမှုတွင် နေအိမ်ဆိုင်ခန်းများအပါအဝင် ထိခိုက်ပျက်စီးမှု များပြား လျက်ရှိသည်ဟု သိရသည်။ ဧပြီလ ၂၃ ရက် ည ၁၀နာရီခွဲက မိုင်းဗုံးတပ်ဆင် ထားသည့်ကားဟု ယူဆရသည့် ကားတစ်စီး အတွင်းမှ မိုင်းပေါက်ကွဲမှုတွင် တံတားရုံးလုပ်ငန်းဆောင်ရွက်သည့် အဆောက်အအုံများအပါအဝင် တံတားအနီး ပတ်၀န်းကျင် လူနေဆိုင်ခန်း၊ ကားနှင့်ဆိုင်ကယ်များ ထိခိုက်ပျက်စီးခဲ့ပြီး တံတားလုံခြုံရေး တာ၀န်ကျ နယ်ခြား စောင့်တပ် -BGF တပ်ဖွဲ့ ၀င် ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း မြ၀တီစစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများ ပြောစကားအရ သိရသည်။

အဆိုပါ ကားမိုင်းထောင် ပေါက်ကွဲ မှုဖြစ်စဉ်အပြီး မြ၀တီမြို့အပြင် နေရာတွင်လည်း ပစ်ခတ်မှုတချို့ရှိ့ခဲ့ပြီး ယနေ့ ဧပြီ ၂၄ ရက်နံနက်ပိုင်းအထိ မြ၀တီ အမှတ် ၁ တံတား အနီး၀န်းကျင် နေရာတစ်ဝိုက်တွင် စစ်ကောင်စီ တပ်များမှ နေအိမ် CCTV များနှင့် မိုင်းပေါက်ကွဲ မှုဖြစ်စဉ်အား သိမြင်သူများအား စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

ကားမိုင်းပေါက်ကွဲမှုဖြစ်စဉ်အား မည်သည့်အဖွဲ့အစည်းက ပြုလုပ်ဖောက်ခွဲခဲ့ကြောင်း မသိရသေးသော်လည်း ပေါက်ကွဲအားပြင်း ထန်သည့်အတွက် စစ်ကောင်စီဘက်မှ လုပ်ကြံဖန်တီးဖောက်ခွဲသည့် ကိစ္စမျိုးဖြစ်နိုင်ကြောင်း မြ၀တီမြို့ခံအချို့က ထင်ကြေးပေး ပြောဆိုမှုများရှိနေကြောင်း သိရှိရသည်။ https://kicnews.org/2022/04/
****************
၂၅။ ဟားခါး-ဂန့်ဂေါလမ်းတိုက်ပွဲ စစ်ကောင်စီဘက် အကျဆုံးများ
APRIL 26, 2022

ချင်းပြည်နယ် ဟားခါး-ဂန့်ဂေါကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Hakha ပူးပေါင်း တပ်ဖွဲ့တို့ ၂ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများခဲ့ပြီး အနည်းဆုံး အယောက် ၃၀ ခန့် သေဆုံးနိုင် သည်ဟု သိရသည်။ မကွေးတိုင်း ဂန့်ဂေါဘက်မှ ဟားခါးမြို့သို့ စစ်အင်အားဖြည့်တင်းရန်ခြေလျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည့် ဧပြီလ ၂၃ ကစ၍ ဟားခါး-ဂန့်ဂေါလမ်း လုံကျွေးနှင့် လမ်သုတ် ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အနည်းဆုံးအယောက် ၃၀ ခန့်သေဆုံးသည်ဟု CDF- Hakha မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

အင်အား ၄၀၀ ဝန်းကျင်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့မှ မိုင် ၄၀ လောက်ကွာဝေးသော လမ်းသုတ်ကျေးရွာသို့ ရောက်ရှိနေကြပြီး တိုက်ပွဲထပ်မံဖြစ်ပွားနိုင်သည်ဟု သိရသည်။ ဟားခါး-ဂန်ဂေါကြားရှိ ကျေးရွာများမှဒေသခံပြည်သူများသည် လည်း တောထဲသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လလယ်ပိုင်းကလည်း ဟားခါး- ဂန့်ဂေါ်ကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် သီနမ်းကျေးရွာမှ လူနေအိမ် ၇ လုံး နှင့် ပြည်သူပိုင်အဆောက်အဦး ၂ လုံး စုစုပေါင်း ၉ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၂၈ ရက် မနက်ပိုင်း ၁၀ နာရီခန့်က မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်။ အလားတူ ယမန်နေ့ ဧပြီလ ၂၅ ရက်ကလည်း ဟားခါးမြို့နယ် ချွန်ကျူံးကျေးရွာအဝင်တွင် စစ်ကောင်စီတပ်နှင့် CDF-Hakha တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ CDF-Hakha ဘက်မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ https://khonumthung.org/
****************
၂၆။ CDF-Kanpetlet တပ်ဖွဲ့ကို စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် ကြားညှပ်တိုက်ခိုက်
APRIL 25, 2022

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင် လာသည့်အတွက် CDF-Kanpetlet နှင့် ဧပြီလ ၂၁ ရက်နေ့ကစ၍ တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။ အင်အား ၁၅၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် မကွေးတိုင်းဆောမြို့မှ စစ်ကြောင်းတစ်ကြောင်းနှင့် ကန်ပက်လက်မြို့ပေါ်မှ စစ်ကြောင်းတစ်ကြောင်းဖြင့် CDF-Kanpetlet တပ်ဖွဲ့ကို ကြားညှပ်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု CDF-Kanpetlet မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဆောမြို့မှ ကန်ပက်လက်မြို့သို့ အင်အား ၆ဝကျော်ဖြင့် စစ်ကြောင်းထိုးလာပြီး ကန်ပက်လက် မြို့ပေါ် တွင် တပ်စွဲထားသော စစ်ကောင်စီတပ် ၈၀ ခန့်သည်လည်း စစ်ကြောင်းဆင်းလာခြင်းဖြစ်ပြီး CDF-Kanpetlet တပ်ဖွဲ့သည် နှစ်ဖက်ညှပ်တိုက်ခံရကာ ထိုခိုက်ကျဆုံးမှုများရှိနိုင်ပြီး တိုက်ပွဲများလည်းဆက်လက်ပြင်းထန်လာဖွယ်ရှိသည်ဟု CDF-Kanpetlet ကထုတ်ပြန်ထားသည်။

တိုက်ပွဲများပြင်းထန်လာနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် မည့်သည့်အရေးကြီးကြောင်းအရာများရှိနေပါစေ၊ ဆောနဲ့ ကန်ပက်လက်အကြားသွား လာခြင်းမပြုကြရန် CDF-Kanpetlet မှ အသိပေးထုတ်ပြန်ထားသည်။

Main Home


****************
၂၇။ မတူပီမြို့နယ် လည်မျိုချောင်းဆုံတိုက်ပွဲတွင် စစ်ကောင်စီဗိုလ်ကြီးအဆင့်အပါအဝင် ၈ ဦးသေဆုံး
APRIL 22, 2022

မတူပီမြို့နယ် မင်းတပ်-မတူပီလမ်းမပေါ်ရှိ လည်မျိုချောင်းဆုံတွင် CDF-Matupi နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ဧပြီလ ၂၀ ရက် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် ၈ ဦးသေဆုံးခဲ့သည်ဟု CDF-Matupi ပြန်ကြား ရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။

မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၀၄ တပ်ရင်းသည် နယ်မြေရှင်းလင်းရေးပြုလုပ်သည်ဟုဆိုကာ CDF-Matupi တပ်ရင်း ထိန်းချုပ်နယ်မြေဧရိယာအတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဘက်မှ ယမန်နေ့တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင်လည်း စစ်အင်အား ၁၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းလာ သည်ဟု သိရသည်။

CDF-Matupi နှင် စစ်ကောင်စီတပ်ဖွဲ့တို့ ယနေ့မနက်ပို်င်းတွင် ထိတွေ့မှုထပ်မံမရှိသေးသော်လည်း စစ်ကောင်စီ ဘက်မှ ဖုန်း လိုင်းများဖြတ်တောက်ပြီး မကြာမှီအချိန်တွင်းမှာလည်း တိုက်ပွဲများဆက်လက် ပြင်းထန်းလာနိုင်ဖွယ်ရှိသည်ဟု CDF-Matupi က ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ https://khonumthung.org/
****************
၂၈။ မော်လမြိုင်၊ မင်းရွာကျေးရွာတွင် ဆိုင်ကယ် Taxi မောင်းသူ တစ်ဦး အသတ်ခံရ
(၂၀၂၂ ဧပြီ ၂၅)

မော်လမြိုင်မြို့၊ မင်းရွာကျေးရွာ၊ အားကစားသိပ္ပံရှေ့ရော်ဘာခြံ၌ ယနေ့ (ဧပြီ ၂၅ ရက်) နံနက် ၉ နာရီဝန်းကျင်ခန့်က ဆိုင်ကယ် Taxi မောင်းနှင်သူတစ်ဦး အသတ်ခံရပြီး ပိုက်ဆံအိတ်၊ လက်ကိုင်ဖုန်းနှင့် ဆိုင်ကယ် လုယက်ခံရကြောင်း သိရသည်။ အသတ်ခံ ရသူသည် ဆိုင်ကယ် Taxi သမားမှာ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ တောင်ရှမ်းစုရပ်နေ အသက် ၃၂ နှစ် အရွယ် ကိုကျော်ကျော်ထူး ဆိုသူဖြစ်ကြောင်း သိရသည်။

ကိုကျော်ကျော်ထူးသည် ထော့မဲပါဆိုင်ကယ် Taxi လိုင်းမှ Taxi မောင်းသူ တစ်ဦးဖြစ်ကြောင်း သိရသည်။ အသတ်ခံရသူ၏ မျက်နှာကိုသာ တွေ့လိုက်ရပြီး မျက်နှာတွင် သွေးများရဲနေကြောင်း မိသားစုဝင်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ လုယူခံရသော ဆိုင်ကယ်မှာ Wave – NCX 110 မော်ဒယ်အသစ်ဖြစ်သောကြောင့် နံပါတ်ပြားပင် မထုတ်ရသေးကြောင်း သိရသည်။

အသတ်ခံရသည့် ကိုကျော်ကျော်ထူးတွင် ဇနီးသည်နှင့် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။ အသတ်ခံရသည့် ဆိုင်ကယ် Taxi မောင်းနှင်သူ ကိုကျော်ကျော်ထူး၏ Dead Body အား ဘိုဘိုဝင်းအရေးပေါ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
https://burmese.monnews.org/
*******************
၂၉။ မွန်အမျိုးသားရေးရာညီလာခံ-၂၀၂၂ ကို လာမည့်မေလ ၂ ရက်တွင် ကျင်းပသွားမည်
(ဧပြီ-၂၅-၂၀၂၂)

မွန်အမျိုးသားရေးရာညီလာခံ-၂၀၂၂ ကို မွန်ပြည်နယ် ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ မွန်အမျိုးသားပညာ ရေးဌာနအခြေစိုက်ရာ ညီစားစခန်းတွင် မေလ ၂ ရက်နေ့မှစတင်၍ ၄ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ညီလာခံကိုယ်စားလှယ်များအဖြစ် မွန်ပြည်သစ်ပါတီ NMSP ၃၀ ဦး၊ မွန်ညီညွတ်ရေးပါတီ ၃၀ ဦး၊ အရပ်ဖက် မွန်အဖွဲ့အစည်းများ ၄၅ ဦး၊ မွန်သံဃာတော် ၃၀ ပါး၊ ဖိတ်ကြားသင့်သည့် အဖွဲ့အစည်းနှင့် ပညာရှင် လူပုဂ္ဂိုလ်တို့အပါအဝင် စုစုပေါင်း ၂၅၀ ဦးတို့အပြင် လေ့လာသူများပါ တက်ရောက်ကြမည်ဖြစ်ကြောင်း ညီလာခံကျင်းပရေးကော်မတီမှ သိရသည်။

မွန်အမျိုးသားရေးရာညီလာခံ ၂၀၁၆ (Mon National Conference)-ကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပေါလောကုန်းကျေးရွာတွင်လည်းကောင်း၊ မွန်အမျိုးသားကွန်ဖရင့်-၂၀၁၃ ကို မော်လမြိုင်မြို့ မွန်ပြည် နယ်ခန်းမတွင်လည်းကောင်း ကျင်းပခဲ့သည်။ https://burmese.monnews.org/
*******************
၃၀။ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ ရွေးချယ်မှု မွန်ညီညွတ်ရေးပါတီ တက်ရောက်မည်
(၂၀၂၂ ဧပြီ ၂၂)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၏ နိုင်ငံရေးပါတီ အစုအဖွဲ့ ရွေးချယ်မှုကို မွန်ညီညွတ်ရေးပါတီ (MUP) က တက်ရောက်မည်ဖြစ်ကြောင်း နိုင်တလညီ MUP ဒုဥက္ကဌ(၁) က ပြောသည်။ သို့သော်လည်း မဲခွဲရွေးချယ်မှုကို ကန့်သတ်ချက်ဖြင့် မလုပ်သင့်ကြောင်း MUP မှ ဒုဥက္ကဋ္ဌ နိုင်တလညီက ပြောသည်။

နိုင်ငံရေးပါတီများ အစုအဖွဲ့ UPDJC ရွေးချယ်မှုကို ဧပြီ ၂၇ ရက်မှာ ရွေးချယ်သွားမည်ဖြစ်ပြီး၊ ယင်း ရွေးချယ်မှုကို နိုင်ငံရေးပါတီ အများစု တက်ရောက်မှာ ဖြစ်ကြောင်း သိရသည်။ ယင်း UPDJC အစုအဖွဲ့မှ နိုင်ငံရေး ဆွေးနွေးမှုဖြစ်ရန် အားလုံးရည်မှန်း ချက်ရှိကြောင်း၊ သို့သော်လည်း အောင်မြင်ခြင်း၊ မအောင်မြင်ဘူးဆိုသည်မှာ ပါဝင်ပတ်သက်တဲ့ လူအားလုံးအပေါ်တွင် မူတည် ကြောင်း နိုင်တလညီက ပြောသည်။

ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့်လည်း UPDJC ရွေးချယ်မှုကို တက်ရောက်ရန် ပြောကြားထားကြောင်း ANP မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့အဖြစ် နိုင်ငံရေးပါတီ ၉၂ ပါတီ ရှိတဲ့အနက် အမြဲတမ်းကော်မ တီဝင် (၁၆) ပါတီနှင့် အရန် ကော်မတီဝင် (၁၆) ပါတီကို ရွေးချယ်မှာဖြစ်ကြောင်း သိရသည်။ နိုင်ငံရေးပါတီ အစုအဖွဲ့က ငြိမ်းချမ်းရေးမှာ ပါဝင်ရန်အတွက် လုပ်ဆောင်နေခြင်မှာ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်လိုသည့်အတွက် ကောင်းမွန် ကြောင်း ကရင်အမျိုးသား ဒီမိုကရတ်တစ်ပါတီမှ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။ https://burmese.monnews.org/
*******************
၃၁။ NUG က ရခိုင်ပြည်နယ်မှ ညွှန်မှူးအဆင့်ရှိသူ ၂ ဦးကို အမည်ပျက်စာရင်းတွင်ထည့်သွင်းပြီးထုတ်ပယ်ကြောင်းကြေညာ
26 Apr, 2022

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရခိုင်ပြည်နယ်မှ အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မပါဝင်သည့် သာသနာ ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးအဆင့်ရှိသူ ၂ ဦးကို အမည်ပျက်စာရင်း ထည့်သွင်းပြီး အလုပ်က ထုတ်ပယ်ကြောင်း ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့က မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြောညာသည်။ ရခိုင်ပြည်နယ်တွင် CDM လှုပ်ရှားမှု ပြုလုပ်သူ ဝန်ထမ်းမရှိသူသလောက် နည်းပါးပြီး ထိုအထဲမှ ရခိုင်ပြည်နယ် သာသနာရေး မှူးရုံး၊ သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဦးနှင့် ဒုညွှန်ကြားရေးမှူး ဦးခင်လှိုင်တို့နှစ်ဦးကို NUG က အမည်ပျက် စာရင်း သွင်းကာ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် သာသနာရေးမှူးရုံး၊ သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် မသိသေးကြောင်းပြောကာ ဖုန်းချသွားခဲ့သည်။ ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံက ထိုသို့ ရခိုင်က အစိုးရဝန်ထမ်း နှစ်ဦးကို အမည်ပျက်စာရင်းသွင်းကာ ထုတ်ပယ် သော်လည်း အကျိုးသက်ရောက်မှု မရှိနိုင်ဟု သုံးသပ်ပြောဆိုသည်။

NUG က ထုတ်ပြန်ချက်ထဲတွင် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင်နေ ပြီး CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခြင်း၊ တရားစွဲဆို ခြင်းနှင့် ဥပေဒနှင့်အညီ ပြန်ဆပ်ရန်မလိုတော့သည့် လစာချေးငွေများအား အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းခြင်းများ စသည့် အမျိုးမျိုးသော ဖိနှိပ်မှုများကိုကျူးလွန်နေသော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေးဦးစီးဌာန) မှ ဝန်ထမ်း များအား အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ဖော်ပြထားသည်။ သာသနာရေးနှင့်ယဥ် ကျေးမှုဝန်ကြီးဌာနမှ အမည်ပျက်စာရင်းထည့်သွင်းကာ ထုတ်ပယ် လိုက်သည့် ဝန်ထမ်းများမှာ ရခိုင်ပြည်နယ်က ညွှန်မှူအဆင့် ရှိသူနှစ်ဦး အပါအဝင် တစ်နိုင်ငံလုံးတွင် ဝန်ထမ်းပေါင်း (၉၂) ဦး အထိရှိကြောင်း NUG ၏ စာရင်းအရ သိရသည်။
https://burmese.narinjara.com/news/detail/62678d580e719f232cb31876
********************
၃၂။ အမ်းမြို့မှ နောက်ထပ်နေအိမ်များကို ဆက်ဖယ်ရှားရန် စကစအာဏာပိုင်တို့ ကြော်ငြာဆိုင်းဘုတ်ထောင်၍ သတိပေး ချက်ထုတ်ပြန်
26 Apr, 2022

စကစ၏ အနောက်ပိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့မှ နေအိမ်အများအပြားကို ဧပြီ ၂၀ ရက်နေ့က စတင်ပြီး ဖြိုဖျက်ဖယ်ရှားနေပြီး နောက်ထပ်လည်း နေအိမ်များ၊ စျေးဆိုင်များကို ဖယ်ရှားသွားမည်ဟု အမ်းမြို့နယ်အာဏာပိုင်များက ကြော်ငြာဆိုင်းဘုတ်ထောင်၍ သတိပေးချက် ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။ နောက်ထပ် ဖယ်ရှားခံရမည့် နေအိမ်များမှာ အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်၊ အမ်းမြို့မ ရဲစခန်း(ဟောင်း) မြေပေါ်ရှိ စျေးဆိုင်ခန်းများ၊ အဆောက်အဦများ ဖြစ်ကြပြီး ၂၀၂၂ ခုနှစ် မေ ၂၁ ရက်နေ့တွင် အပြီးသတ်ဖယ်ရှားမည်ဟု ဆိုသည်။

မေလ ၂၁ နေ့ထိအပြီး သတ်မဖယ်ရှားပေးပါက ၁၉၉၅ ခုနှစ်၊အစိုးရအိမ် ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေနှင့်အညီ ဖယ်ရှားပေး သည်အထိ ဆက်လက် ဆောင်ရွက်သွားမည်ဟု အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး (အခွင့်အာဏာပိုင်)က ကြော်ငြာဆိုင်းဘုတ်ထောင်ကာ သတိပေးချက် ထုတ်ပြန်ထားသည်။ ၎င်းအပြင် အမ်းမြို့ လေယာဉ်ကွင်းအနီးရှိ အိမ်ခြေ ၂၀၀ ခန့်ကိုလည်း မေလအတွင်း ဖယ်ရှား မည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

လွန်ခဲ့သည့် ဧပြီ ၂၀ ရက်နေ့ကလည် စစ်တပ်ပိုင်မြေပေါ် ကျူးကျော် နေထိုင်သည်ဟု ဟုဆိုကာ နေအိမ် အများအပြား ဖြိုဖျက် ဖယ်ရှားခံရပြီး လက်ရှိတွင် လူပေါင်း ရာနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ ဧပြီ ၂၀ ရက်နေ့က ဖြိုဖျက်ခံရသည့် အထဲတွင် အမ်းမြို့နယ်၊ နတ်စင်ကုန်းရွာမှ နေအိမ်အလုံး ၂ ၄ လုံး၊ ပရဟိတစာသင်ဆောင် ၁ ဆောင်၊ တောင်ကုတ်-မအီလမ်းဆုံရှိ ဆိုင်ခန်းအချို့တို့ပါဝင်ပြီး လက်ရှိတွင် လေယာဉ်ကွင်းရပ်ကွက်မှ ရဲစခန်း၊မယက ၊ လဝက အနီး အနားရှိ နေအိမ်များကိုလည်း ဖယ်ရှားနေကြောင်း သိရသည်။
https://burmese.narinjara.com/news/detail/62674e280e719f232cb31870
********************
၃၃။ ထောင် (၁၃)နှစ် ချမှတ်ခံထားရသည့် မြောက်ဦးဂုဏ်ကျွန်းမှလူငယ်တစ်ဦးက သူအားမေ့ပျောက်မထားကြရန်စစ်တွေ ထောင်ထဲကမေတ္တာရပ်ခံ
24 Apr, 2022

လွတ်ငြိမ်းခွင့်ဖြင့်သော်လည်းကောင်း၊ ရက္ခိုင့်တပ်တော် ( AA) နှင့် ဆက်စပ်၍ အကြမ်းဖက်မှုနှင့် တရားစွဲဆို ထောင်ချထားသူ များကိုသော်လည်းကောင်း လက်ရှိ စစ်ကောင်စီက ပြန်လည် လွှတ်ပေးနေသော်လည်း AA နှင့်ပတ်သက်၍ ထောင် (၁၃) နှစ်ထိ ချမှတ်ခံထားရသည့် မြောက်ဦးမြို့နယ် ဂုဏ်ကျွန်း ကျေးရွာမှ လူငယ်တစ်ဦးမှာ လွှတ်မြောက်လာခြင်း မရှိသည့်အပြင် သူနှင့်ပတ် သက်ပြီး အပြင်မှ လူပ်ရှားမှု အစအန တစုံတရာ မကြားရဘဲဖြစ်နေသဖြင့် သူ့အား မေ့ပျောက်မထားကြရန် စစ်တွေထောင်ထဲ ကနေ မေတ္တာရပ်ခံလိုက်သည်။ ၎င်းလူငယ်မှာ ကျော်မင်းနိုင်ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့က မြောက်ဦးမြို့ အမှတ် (၅၄၀) တပ်ရင်းရှေ့တွင် ဖမ်းဆီးခံရသူဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဖမ်းဆီးပြီး ၃ ရက်အကြာ ဧပြီ ၂၁ ရက်နေ့တွင် သူ့အား စစ်တပ်မှ မြောက်ဦးမြို့မရဲစခန်းကို ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းနောက် သူ့အား စရဖအဖွဲ့က ရဲစခန်းက ပြန်လည်ခေါ်ထုတ်ပြီး သုံးရက်တိုင်တိုင် ရိုက်နှက် စစ်ဆေးခဲ့ကြောင်း၊ မြောက်ဦးမြို့နယ် တရားရုံးက ၎င်းအား ၁၅ ရက်တစ်ကြိမ်ဖြင့် နှစ်ကြိမ်ထိ ရုံးတက်ခဲ့ရပြီး မြောက်ဦးခရိုင်တရားရုံးသို့ ထပ်မံ လွှဲပြောင်းခံခဲ့ရသည်ဟု ဆိုသည်။

၎င်းနောက် ၂၀၂၀ ခုနှစ် ၈ ရက် ၁၁ လပိုင်းတွင်လည်း အချုပ်ခန်းထဲမှ ပြင်ပသို့ ခေါ်ယူပြီး မတရားမဲ့ နှိပ်စက်ခြင်းကို ခံခဲ့ရပြီး ဒဏ်ရာများ ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။ ၎င်းအား မြောက်ဦးခရိုင် တရားရုံးက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် အကြမ်းဖက် ပုဒ်မက ၅၀(က)၊ ၅၂ (ဈ) တို့ဖြင့် ထောင် (၁၃) နှစ်ချမှတ်ခဲ့သည်ဟု သိရသည်။
https://burmese.narinjara.com/news/detail/6264b0120e719f232cb31862
******************
၃၄။ ငြိမ်းချမ်းရေးဖိတ်ခေါ်ထားချိန်တွင် စစ်ကောင်စီအနေဖြင့်လည်း ရခိုင်အပါအဝင် တိုင်းရင်းသားနယ်မြေများ၌ တပ်အင် အားတိုးချဲ့ခြင်း၊ စုဆောင်းခြင်းမပြုလုပ်သင့်ဟုဆို
25 Apr, 2022

ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားစဥ်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် အင်အားစုဆောင်းခြင်း၊ နယ်မြေ ချဲ့ထွင်ခြင်းနှင့် တိုက်ခိုက်ခြင်းများပြုလုပ်ပါက အရေးယူ တုန့်ပြန်မှုများပြုလုပ်သွားမည်ဟု စစ်ကောင်စီက ဧပြီ ၂၂ ရက်နေ့တွင် အသိပေးချက်ထုတ်ပြန်ခဲ့သည်။ အလားတူ စစ်ကောင်စီအနေဖြင့်လည်း ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားစဉ် ကာလအတွင်း ရခိုင်အပါ အဝင် တိုင်းရင်းသားနယ်မြေများတွင် စစ်တပ် အင်အားဖြည့်တင်းတိုးချဲ့ခြင်း၊ စုဆောင်းခြင်းများ မပြုလုပ် သင့်ဟု ရခိုင့်နိုင်ငံရေး လေ့လာသုံးသပ်သူ မြေပုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောဆိုသည်။

၎င်းပြင် ယခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်လျှင် ငြိမ်းချမ်းရေးကို ရည်မျှော်ပြီး အောက်ခြေတွင် စစ်ရေးပြင်ဆင်မှုများကို မလုပ်ဖို့ လိုအပ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။ ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်မှ တပ်အင်အားနှင့် လက်နက် အင်အားများ ဖြည့်တင်းခြင်း၊ တပ်များတိုးချဲ့ချခြင်း၊စစ်တပ်တပ်ရင်းများတွင် လက်နက်ကြီးများတပ်ဆင်ခြင်း၊ ရိက္ခာများ စုဆောင်းခြင်းကို နေ့စဉ် ရက်ဆက်ဆိုသလို ပြုလုပ်နေကြောင်း မြေပြင်တွင် သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။ ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားစဉ် အချိန်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို သတိပေးမှု ပြုလုပ်သကဲ့သို့ တစ်ခြားတစ်ဖက်တွင်လည်း စစ်ကောင်စီအနေဖြက့် အောက်ခြေတွင် စစ်ရေးလှုပ်ရှားမှုများကို ချင့်ချိန် စဉ်းစားလုပ်ဆောင် သင့်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းကလည်း ပြောဆိုသည်။

စစ်တွေမြို့နယ်အတွင်း ကျေးရွာများနှင့် မြို့နယ်အများအပြားတွင် စစ်ရေး လှုပ်ရှားမှုများကို ယခင်ကထက် ပိုတွေ့မြင်နေရသလို စစ်တွေ – ရွှေမင်းဂံ ကားလမ်းမကြီးအတိုင်း လက်နက်ကြီးများ၊ ရိက္ခာများ ဖြည့်တင်းနေသော စစ်ကားများ သွားလာနေမှုကို နေ့စဥ်လိုလို တွေ့ရှိနေကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။ မြန်မာစစ်တပ်က မြောက်ဦးမြို့ရှိ တပ်ရင်းများ အပါအဝင် လင်းမြွေတောင်၊ ပန်းမြောင်း မင်္ဂလာတောင်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား (ကျိန်းတောင်) ၊ အမ်းစသည့် မြို့နယ်များရှိ တပ်စခန်းများတွင် အင်အားများ ဖြည့်တင်းနေပြီး လက်နက်ကြီးများကိုလည်း ယခင်ကထက် တိုးပြီး တပ်ဆင်ထား သည်ဟု ဒေသခံများက ပြောဆိုမှုများလည်း ရှိနေသည်။
https://burmese.narinjara.com/news/detail/6265f60b0e719f232cb3186a
*******************
၃၅။ ဆနင်းတောင်ကြော စကစ အင်အားဖြည့်တင်း၊ ဒေသခံတချို့ ကြောက်လန့်/ထွက်ပြေးနေ
April 25, 2022

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့ရှိ ဆနင်းတောင်ကြောတစ်လျှောက်တွင် စစ်ကောင်စီတပ်သားတို့မှ အင်အား အများအပြားဖြည့်တင်းနေသဖြင့် ဒေသခံများတချို့ ကြောက်လန့်ကာထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှ စတင်ကာ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) တို့ရှိနေသည့် ဆနင်းတောင်ကြောနှင့် အနီးပတ်ဝန်းကျင်များသို့ စစ်ကောင်စီ အင်အားဖြည့်တင်း တိုးချဲ့မှုများ ပြုလုပ်နေခဲ့ကြောင်း သတင်း သိရသည်။

ယင်းကဲ့သို့ အင်အားဖြည့်တင်းမှုများ ရှိနေသည့်အတွက် စစ်ရေးထိတွေ့ပစ်ခတ်မှုများ မရှိသေးသော်လည်း ဒေသခံတချို့က ကြောက်လန့်ကာ ပင်လုံမြို့ပေါ်နှင့် တခြားဒေသရှိ အမျိုးများထံသို့ တိမ်းရှောင်ထွက်ပြေး နေကြောင်း ဆနင်းဒေသမှ အမျိုးသား လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ပင်လုံမြို့ပေါ်သို့ ကြိုတင်တိမ်းရှောင်နေကြသူများအနက် ပန်ဟူကျေးရွာ အုပ်စုနှင့် ဆနင်းကျေးရွာအုပ်စုတို့မှ ဒေသခံများ ဖြစ်ကြပြီး တချို့သည် ခြံယာအလုပ်များ ပြစ်ပယ်ထားရပြီး တိမ်းရှောင်နေရ ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ဒေသခံများ တိမ်းရှောင်ထွက်ပြေးနေရခြင်းနှင့် ပက်သက်ပြီး ဆနင်းဒေသအတွင်းမှ ရပ်ကျေးတာဝန်ရှိ သူ တစ်ဦးကို ဆက်သွယ်မေးမြန်းရာ စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းမှု အဆက်မပြတ်ရှိနေသော်လည်း ထိတွေ့မှုမရှိသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ ထို့အပြင် လက်ရှိ မြေပြင်အနေအထားအရ တိုက်ပွဲဖြစ်ပွားမှု မရှိသေးသည့်အတွက် တိမ်းရှောင် နေသည့် ပြည်သူများ အနေဖြင့်လည်း နေအိမ်သို့ပြန်လာလိုပါက ပြန်လာနိုင်ကြောင်း နှင့် မိမိတို့ လယ်ယာခြံလုပ်ငန်းများကို လည်း ဆက်လက်လုပ်ကိုင်နိုင်ကြောင်း အထက်ပါ ရပ်ကျေးတာဝန်ရှိသူက ဆက်လက်ပြောသည်။

ဆနင်းတောင်ကြော စကစ အင်အားဖြည့်တင်း၊ ဒေသခံတချို့ ကြောက်လန့်/ထွက်ပြေးနေ


*******************
၃၆။ စစ်ရှောင်များကို ကူညီသည့် တောင်ကြီးလူငယ် တစ်ဦး ထောင်ဒဏ် (၁၀)နှစ်ချခံရ
April 22, 2022

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် နေထိုင်ပြီး စစ်ရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် လူငယ်တစ်ဦးကို စစ်ကောင်စီမှ ယနေ့ (ဧပြီ ၂၂)ရက်တွင် ထောင်ဒဏ် (၁၀) နှစ်ချလိုက်ကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့တွင်နေထိုင်သည့် အသက် ၃၂ နှစ်အရွယ်ရှိ အောင်မင်းသူကို ယနေ့ (ဧပြီ ၂၂)ရက်တွင် တောင်ကြီးခရိုင် တရားရုံး တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် ထောင် (၁၀) နှစ် ချလိုက်ကြောင်း နီးစပ်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ အောင်မင်းသူကို ယခုနှစ် လဆန်းပိုင်းတွင် စစ်ကောင်စီက ၎င်း၏ နေအိမ်တွင် ၀င်ရောက်ဖမ်း ဆီးချိန် မတွေ့ရှိသဖြင့် မိခင်ဖြစ်သူကို ဓားစားခံအဖြစ်ဖမ်းဆီးရန် ကြိုးစားခဲ့သေးကြောင်းသိရသည်။

မိခင်ဖြစ်သူကို ဖမ်းဆီးသွားမည်ကို စိုးရိမ်မှုကြောင့် အောင်မင်းသူသည် လာရောက်အဖမ်းခံခဲ့သည်။ စစ်ကောင်စီ အုပ်စုသည် ယခုနောက်ပိုင်း စစ်ရှောင်ကူညီပေးနေသည့် လူငယ်များကို PDF တပ်ဖွဲ့ကို ထောက်ပံ့နေသူဟု စွပ်စွဲကာ လိုက်လံဖမ်း ဆီးနေကြောင်း၊ Kpay မှ တဆင့် နောက်ယောင်ခံလိုက်ကာ တောင်ကြီးလူငယ်များကို ဖမ်းဆီးနေသည် ဟု သိရသည်။

စစ်ရှောင်များကို ကူညီသည့် တောင်ကြီးလူငယ် တစ်ဦး ထောင်ဒဏ် (၁၀)နှစ်ချခံရ


******************
၃၇။ ရွာငံမြို့နယ် ပဲရင်းတောင်ရွာသားများကို စစ်ကောင်စီ ဖမ်းဆီး သတ်ဖြတ်
April 22, 2022

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပဲရင်းတောင်ရွာသားများကို စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးများက ဖမ်းဆီးခေါ်ဆောင်သွားပြီး အကြောင်းမဲ့ သတ်ဖြတ်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်တွင် ပဲရင်းတောင်ကျေးရွာမှ ရွာသား ၆ ဦးကို ဒလန်သတင်းပေးမှုကြောင့် ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခံ လိုက်ရခြင်းဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူများသည် ပဲရင်းတောင်ကျေးရွာ ဒေသခံ ကိုတင်ဖေ ၊ ကိုလှစိုး ၊ ကိုထွန်းဦး ၊ မောင်သက် အောင် ၊ ကိုမျိုးထွေး ၊ ကိုဝင်းနိုင် တို့ဖြစ်ကြပြီး အလောင်းများကိုလည်း စစ်ကောင်စီတပ်ဖွဲ့တို့မှ ကားတာယာ များဖြင့် မီးရှို့သွားကြောင်း သတင်းသိရသည်။ ယင်းကဲ့သို့ ပဲရင်းတောင်ရွာသားများ သတ်ဖြတ်ခံရခြင်းနှင့် ပက်သက်ပြီး အပြစ်မဲ့ ဒေသခံပြည်သူများကို အကြမ်းဖက် စစ်ကောင်စီက PDF ဟု အမည်တပ် စွပ်စွဲကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရွာငံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ယနေ့ ဧပြီလ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်များအပေါ် စစ်ကောင်စီ Telegram Channel များတွင် ပဲရင်းတောင်ကျေးရွာမှ PDF အလောင်း ၆ လောင်း၊ တူမီး ၂ လက်၊ လက်လုပ်ဗုံး ၄ လုံး၊ မှန်ပြောင်း ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း ဝါဒဖြန့် ဖော်ပြခဲ့သည်။ လက်ရှိ ရွာငံမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်သားတို့၏ လူမဆန်သည့် အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံပြည်သူများ ၄၀၀ ခန့်ထွက်ပြေးတိမ်း ရှောင်နေကြရပြီး ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ရှောင်တို့အတွက် အရေးပေါ် ကူညီထောက်ပံ့မှုများလိုအပ် နေကြောင်းသိရသည်။ https://burmese.shannews.org/archives/27820
*****************
၃၈။ တောင်ကြီးမြို့ရှိ အစိုးရရုံးများ ဗုံးဒဏ်ကာကွယ်သည့် စက်များတပ်ဆင်ထား
April 22, 2022

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ဌာနဆိုင်ရာရုံးတစ်ချို့တွင် ဗုံးဒဏ်ကာကွယ်ရေးစက်များ တပ်ဆင်ထားကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ဗုံးဒဏ်ကာကွယ်ရေးစက်များကို သင်္ကြန်ကာလနောက်ပိုင်း ရုံးများ ပြန်လည် ဖွင့်ချိန်မှာ တပ်ဆင်ထားကြောင်း အစိုးရရုံး နှင့် နီးစပ်သူ တစ်ဦး ကပြောသည်။

ပြည်နယ်အစိုးရအဖွဲ့ရုံးအပါအဝင် ပြည်နယ်အဆင့် လျှပ်စစ်အင်ဂျင်နီယာရုံး၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ ခရိုင်၊မြို့နယ် ထွေအုပ် စုပေါင်းရုံး၊ သျှမ်းပြည်နယ်လွှတ်တော်ရုံး၊ ပြည်နယ်ရဲရုံးတွေမှာ တပ်ဆင်နေကြောင်း သိရှိရသည်။

တောင်ကြီးမြို့သည် ပြည်နယ်အစိုးရအဖွဲ့ရုံးအပြင်၊ သျှမ်းပြည်နယ်လွှတ်တော်၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်သည်။ https://burmese.shannews.org/archives/27817
****************
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

** ပြီး **

Related Articles

Back to top button