တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ရှမ်းနီလူထု အကျိုးစီးပွား နှောက်ယှက်ပျက်ဆီးသူများကို ထိရောက်စွာ တုန့်ပြန်အရေးယူမည်လို့ SNA ပြော

ဓါတ်ပုံ – SNA 

ဧပြီ ၁၃၊ ၂၀၂၂ (ဖက်ဒရယ်ဂျာနယ်)

ရှမ်းနီအမျိုးသားများဒေသအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထုအပေါင်းရဲ့ အကျိုးစီးပွားကို နှောက်ယှက်ပျက်ဆီးစေမည့် လုပ်ရပ်များအား လုပ်ဆောင်သော မည်သည့်အဖွဲ့အစည်းကို မဆို ပြင်းထန်စွာ ရှုပ်ချကြောင်း ရှမ်းနီအမျိုးသားတပ်မတော် (SNA)က ယနေ့  ဧပြီ  (၁၃) ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါထုတ်ပြန်ချက်တွင် ရှမ်းနီအမျိုးသားဒေသအတွင်းရှိ ပြည်သူလူထုအကျိုးစီးပွားကို နှောက်ယှက် ပျက်စီးရန် ဆောင်ရွက်သူ မှန်သမျှအား ရှမ်းနီအမျိုးသားတပ်မတော် (SNA) က ထိရောက်စွာ တုံ့ပြန်အရေးယူ သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီ(၁၀) ရက်က ခန္တီးမြို့နယ် မိုင်းနောင်ရွာအနောက်ဘက် SNA စခန်းငယ်တစ်ခုကို စစ်ကောင်စီက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သာကြောင့် SNA တပ်သား ၂ ဦး ကျဆုံးခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် ကချင်ပြည်နယ်ထဲက မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်၊ ဝိုင်းမော် စသည့် မြို့နယ်များနှင့် စစ် ကိုင်းတိုင်း ဒေသကြီးထဲက ဟုမ္မလင်း၊ ခန္တီးနှင့် ဗန်းမောက် စသည့် မြို့နယ်များထဲတွင် ရှမ်းနီတိုင်းသားများ နေ ထိုင်ကြပြီး SNA ကလည်း ထိုဒေသများကို အခြေပြု၍ လှုပ်ရှားနေကြောင်း သိရသည်။

Related Articles

Back to top button