တိုင်းရင်းသားအကြောင်းမော်ကွန်းသတင်း

စစ်ကောင်စီ၏ စစ်ကြောင်း ထိုးစစ်ဆင်ခြင်းခံနေရသည့် တိုင်းရင်းသားဒေသများ၏ အခြေအနေ

(စကားဝိုင်း) အနှစ်ချုပ်

 “နိုင်ငံထဲနေပြီး စစ်ကောင်စီရဲ့ အစီအစဉ်အတိုင်း လိုက်ပါနေတဲ့သူတွေကိုတော့ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး။ လူတိုင်းကကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ဆိုပေမဲ့ အမှားနဲ့အမှန်ကိုခွဲခြားတတ်တဲ့ ဆင်ခြင်တုံ တရားရှိဖို့ဖို့တော့လို့မယ်။ အဆိုးဆုံးကတော့ စစ်ကောင်စီက ဦးဆောင်ပြီး လုပ်ဆောင်တဲ့အရာမှန်သမျှကို အထမြောက်အောင် လိုက်ပါဆောင်ရွက်နေတဲ့ ဘယ်သူ့မဆို ဒီတော်လှန်ရေးထဲမှာ အသက်ပေးသွားခဲ့တဲ့ ရဲဘော်တွေကို စော်ကားရာရောက်တယ်”

ဗိုလ်မျက်မှန် (ကရင်နီပြည် ပြည်သူ့ကာကွယ်ရေးတပ် – KNDF )

ကျနော်တို့ ကရင်နီပြည်နယ်မှာ တိုက်ပွဲစဖြစ်တဲ့အချိန်နဲ့ ဒီကနေ့အချိန် တိုက်ပွဲ ကွာခြားမှုပုံစံကို ပြောရမယ် ဆိုရင် အပိုင်းနှစ်ပိုင်းနဲ့ ကျနော် ပြောပါမယ်။ နံပါတ်တစ်ကတော့ သာမှန် KNDF၊ ကရင်နီပူးပေါင်း ကာကွယ်ရေးတပ်တွေနဲ့ စကစရဲ့ လက်နက်ခဲယမ်းပုံစံကတော့ မတူဘူးပေါ့။ ဒါပေမဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေဘက်က မြောက်များစွာသော အောင်ပွဲတွေရခဲ့တယ်ဆိုတာကတော့ ငြင်းလို့မရတဲ့ သက်သေသာဓက တွေ အများကြီးရှိတယ်ပေါ့လေ။ ဒါပေမဲ့ နှစ်ကုန်ပိုင်း တစ်နှစ်ပြည့်တဲ့အချိန်မှာတော့ ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးတဲ့ပုံစံက နှစ်မျိုးရှိပါမယ် တစ်ခုက ခြေလျဉ် ကားယာဉ်တန်းတွေနဲ့ထိုးတယ်။ နောက်တစ်ခုက လေကြောင်းနဲ့တိုက်ခိုက်တာပေါ့ ဒါကလက်ရှိချိန်ထိ အဆက်မပျက်ပေါ့လေ။ ထိုးစစ် နှစ်ခုစလုံးရဲ့ ပုံစံခြင်းကမတူပေမဲ့ ကျနော်တို့ ပြည်သူ့ကွယ်ရေးတပ်တွေ၊ ကရင်နီပြည်မှာရှိတဲ့ ပြည်သူတစ်ရပ်လုံးသော်လည်းကောင်း ဒီဟာကို ခါးခါးသီးသီးနဲ့ ခုခံရင်ဆိုင်တော်လှန်နေတုန်းပဲဆိုတာကို ကျနော့အနေနဲ့ ပြောလိုပါတယ်။

စိန်ခေါ်မှုနဲ့ အခက်အခဲဆိုရင်တော့ လက်နက်ခဲယမ်းက အဓိကလိုအပ်ပါတယ်။ ဒါက ကျနော်တို့ တဖွဲ့တည်း မဟုတ်ပါဘူး တစ်နိုင်ငံလုံး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအားလုံးလိုအပ်နေပါတယ်။ နောက်တချက်က ကျနော်တို့က ရန်သူစစ်ကောင်စီထက် ဗျူဟာမကျတဲ့အပိုင်းတွေရှိတယ်။ ဗျူဟာမကျတဲ့အပိုင်းရှိတယ် ဆိုတာက အသေးစိတ်မြေပြင်တိုက်ခိုက်ရေး ဗျူဟာမဟုတ်ဘူး ဒီတိုက်ပွဲအတွင်းမှာ အသုံးပြုရမဲ့ ပစ္စည်း ကိရိယာတွေမဆုံတဲ့အခါကျတော့ စစ်ကောင်စီက ဒီအပိုင်းမှာ ကျနော်တို့ထက်သာလွန်သွားတာပေါ့။ ပြီးတော့ လေကြောင်းရန်ကို ကျနော်တို့ ဘယ်လိုမှမဟန့်တားနိုင်ဘူး။ နောက် စစ်ကောင်စီဘက်က လူထုတွေကို ဦးတည်ပြီးတိုက်ခိုက်လာတယ်။ ဒါကိုကျနော်တို့ ပြင်းပြင်းထန်ထန်ပြောတာတွေရှိပေမဲ့ အရေးတယူဆောင် ရွက်ပေးမယ့်သူတွေမရှိတဲ့အခါ ကျနော်တို့က စစ်ကောင်စီထက် တိုက်ခိုက်မှုအပိုင်းမှာ သတိထား နေရတယ်။ ကျနော်တို့က လူထုမျက်နှာကိုကြည့်ရတယ်။ ပြီးတော့ နောက်တချက်က ကျနော်တို့ ဒီတော်လှန်ရေးကို မျှော်လင့်ထားတဲ့ပုံစံက လုံးလုံးမှားသွားတယ်လို့ပဲ အမှန်တိုင်းပြောပါစေ။ ဘာကြောင့်လည်းဆိုတော့ တော်လှန်ရေးကာလက အချိန်တိုတိုအတွင်းပြီးသွားမယ်ဆိုတာကို အရင်တုန်းက ဒီလူထုအပေါ် ဩဇာရှိတဲ့ လူတချို့က အဲ့လိုပေါ်ပေါ်တင်တင်ပြောတဲ့အခါ လူထုမှာက အဲ့ဒီ အတွင်းစိတ်စွဲနေပြီပေါ့လေ။

ကျနော်က ဒီအပေါ်မှာအတော်လည်း စိတ်ခံစားခဲ့ရပါတယ်။ တကယ်ပဲ ဒီတော်လှန်ရေးကို လက်နက် ခဲယမ်းတွေ မလုံလောက်တဲ့အတွက် တချို့လူငယ် ဒီတော်လှန်ရေးထဲမှာ မပါဖြစ်ဘူးဆိုတာက ခိုင်မာတဲ့ အကြောင်းပြချက်တော့ မဟုတ်ဘူး ဘာကြောင့်လည်းဆိုတော့ တနိုင်ငံလုံးအာဏာသိမ်းတာကို လက်မခံတဲ့ အတွက်ကြောင့် အားလုံးက ရရာလက်နက်ကိုစွဲကိုင်ပြီးတော့ ဒီတော်လှန်ရေးကိုစခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအကြောင်းပြချက်က ထိုက်သင့်သလောက်မှန်ပေမဲ့ တော်လှန်ရေးအတွက်တော့ အထောက်အကူ မဖြစ်ဘူးပေါ့။ ကိုယ့်အစီအစဉ်နဲ့ နိုင်ငံခြားကို ပညာတော်သင် သွားတဲ့လူတွေကိုကျတော့ ကျနော်အားပေး ထောက်ခံတယ်။ ဒါပေမဲ့ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ပေးတဲ့သူတွေပဲဖြစ်ရမယ်လို့ ကျနော်က ယူဆတယ်။ စစ်ကောင်စီက စီစဉ်ပေးပြီးသွားတယ်ဆိုရင်တော့ လက်ခံမှာမဟုတ်ပါဘူး။ ကျနော်တို့ ကရင်နီပြည်မှာလည်း နိုင်ငံခြားကိုထွက်သွားတဲ့သူတွေ များစွာရှိပါတယ်။ အနီးစပ်ဆုံး ကျနော်ရှိနဲ့နေတဲ့ သူချို့တောင် အဲ့လိုလွတ်ရာကျွတ်ရာသို့ သွားဖို့စဉ်းစားခဲ့တဲ့သူတွေလည်းရှိတယ်။ ကျနော်က ဒီကစ္စနဲ့ ပတ်သက်ပြီးတော့ အိုင်ဒီယာလည်းပေးဖြစ်ပါတယ် ဒီနိုင်ငံမှာနေပြီး ဒီတော်လှန်ရေးကိုမှ ကျနော်တို့ ခြေစုန်ပစ်လုပ်ဖို့လိုမယ်ဆိုတောပေါ့။ နောက်တချို့တွေ နိုင်ငံထဲနေပြီး စစ်ကောင်စီရဲ့ အစီအစဉ်အတိုင်း  လိုက်ပါနေတဲ့သူတွေကိုတော့ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး အဆိုးဆုံးကတော့ စစ်ကောင်စီက ဦးဆောင်ပြီး လုပ်ဆောင်တဲ့အရာမှန်သမျှကို အထမြောက်အောင် လိုက်ပါဆောင်ရွက် နေတဲ့ဘယ်သူ့မဆို ဒီတော်လှန်ရေးထဲမှာ အသက်ပေးသွားခဲ့တဲ့ ရဲဘော်တွေကို စော်ကားရာရောက်တယ်လို့ယူဆတယ်။

ဟာအွမ်း ( CDF-Mindat ပြောရေးဆိုခွင့်ရှိသူ )

လက်ရှိ ကျနော်တို့ဆီမှာ ထိုးစစ်ဆင်ခံနေရတဲ့ အနေအထားဟာဆိုရင် ပြီးခဲ့တဲ့ မတ်လ(၂၆)ရက်နေ့ကနေစပြီး ဘက်ကို မုံရွာ – ကျောက်ထုပြီးတော့ မင်းတပ်မှာဝင်လာတဲ့ ယာဉ်တန်းက (၈၄)စီးကျော်ရှိတယ်။ နောက် မတူပီမြို့ ထဲကို ဝင်သွားတာကတော့ ကျနော်တို့ သိရသလောက်တော့ တင့်ကားနှစ်စီးအပါအဝင် (၆၉)စီး ဝင်သွားတယ်။ မတူပီနဲ့မင်းတပ်က မိုင်(၁၀၂)ကျော် ဝေးတယ်။ သူတို့ မတူပီထဲကို ဧပြီလ(၇)ရက်နေ့လောက်မှ ရောက်တယ်ဆိုတော့ ဒီကြားထဲမှာ (၁၃)ရက်လောက်ကြာတယ်ပေါ့ အဲ့ဒီအတောအတွင်းမှာ နေ့စဉ် တိုက်ပွဲ တွေပြင်းပြင်းထန်ထန်ဖြစ်တယ်။ စစ်ကောင်စီဘက်က သေဆုံးတဲ့စာရင်းကို အသိအကျပြော နိုင်တာကတော့ ပထမတိုက်ပွဲမှာ (၅)ယောက်၊ နောက်ပြီး (၁၅)ယောက် မြို့ပေါ်မှာ (၂)ယောက် စုစုပေါင်း  (၂၂)ယောက် သေဆုံးခဲ့တယ်။ ဒါတွေကိုလည်း ကျနော်တို့ CDF-Mindat ကနေပြီးတော့ နေ့စဉ်ထုတ်ပြန်ထားတာရှိတယ်။ အခုလောလောဆယ်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ် ဒါကိုတော့ ကျနော်တို့ မဖော်ပြနိုင်သေးပါဘူး။    ဒီမတိုင်ခင်မှာလည်း ဒီဇင်ဘာလ၊ ဇန်နဝါရီလတွေမှာ ထိုးစစ်အကြီးအကျယ်လုပ်တယ်။ အရင်နဲ့ အခုကွာခြား တာက အရင်က အင်တာနက်လိုင်းပဲဖြတ်တယ် ဖုန်းလိုင်းမဖြတ်ဘူး အခုက ဖုန်းလိုင်းတွေပါဖြတ်လာတယ်။ ဒီအတိုင်းဆိုရင် နောက်တရက်နှစ်ရက်ဆိုရင် မတူပီမြို့ကနေ ပြန်ထွက်လာဖို့ရှိမယ်။ ဆိုတော့ တိုက်ပွဲပြန် ဖြစ်လာဖို့ရှိတယ်။ ဒီအတွက် ကျနော်တို့ဘက်ကလည်း စနစ်တကျပြင်ဆင်ထားပါတယ်။

ကျနော်တို့အားလုံးမှာ အခက်အခဲဆုံး အလိုအပ်ဆုံးက လက်နက်ခဲယမ်းပေါ့ နောက်တခုက ဆက်သွယ်ရေး ကိရိယာပေါ့ ဖုန်းလိုင်းတွေဖြတ်ထားတယ်ဆို ဆက်သွယ်ရေးအတွက် အခက်အခဲတွေအများကြီးရှိပါတယ် တပ်ရင်းတစ်ရင်းနဲ့တစ်ရင်းချိတ်ဆက်ဖို့ ဖုန်းလိုင်းတွေဖြတ်လိုက်တော့ မြေပြင်မှာအတော်အခက်အခဲဖြစ်ပါ တယ်။ အဓိကကတော့ လက်နက်ပေါ့ ကျနော်တို့ ချင်းပြည်နယ်တခုလုံးအပါ CDF-Mindat ကို ထောက်ပံ့ပေးမဲ့လူရှိရင်တောင် လက်နက်ဝယ်ယူဖို့အရမ်းခက်ခဲတယ်။ ကျနော်တို့ ဝယ်ယူတဲ့ လက်နက်အရေ အတွက်နဲ့ အဖမ်းခံရတဲ့ အရေအတွက်က သုံးပုံနှစ်ပုံလောက်ဖြစ်နေတယ်။ အစောပိုင်းက ဒေါက်တာငြိမ်း ကူညီခဲ့တဲ့ လက်နက်အတော်တော်ဆိုရင် အကြောင်းကြောင်းကြောင့် အဖမ်းခံခဲ့ရတယ်။ ဒီလိုသယ်ရင်းပြု ရင်းနဲ့ပဲ ကျနော့အကိုဆိုလည်း အဖမ်းခံခဲ့ရတာပေါ့။ အားလုံးက ခက်ခဲတယ်ဆိုပေမဲ့ စစ်ကိုင်းတိုင်းဘက်ကသူ တွေဆို အခု NUG ကတဆင့် ဝယ်ယူတာတွေရှိတာတွေရှိ။ ပြီးတော့ ကချင်ပြည်နယ်နဲ့ ထိစပ်နေတော့ နည်းနည်းအဆင်ပြေတယ်။ ကျနော်တို့    CDF-Mindat မှာ တပ်ရင်းပေါင်း ထောက်ပို့တပ်ရင်းအပါအဝင် တပ်ရင်း(၂၀)ရှိတယ် အဲ့တော့ စားနပ်ရိက္ခာပိုင်းမှာလည်း အခက်အခဲရှိတယ်။ လုံလောက်မှုမရှိဘူး ကျနော်တို့ရဲ့ ကုန်ကျစရိတ်က တလကို သိန်းငါးရာနီးပါးရှိတယ်။ ဆိုတော့ ကျနော်တို့ ရဲဘော်တွေကို ဖူလုံအောင်မပေးနိုင်ဘူး ဆန်၊ ကုလားပဲ၊ ဆီ၊ ဆား တာတွေပဲ ပေးနိုင်ခဲ့တယ်။ ခက်တာက စစ်ကောင်စီက မင်းတပ်မြို့ကို ထိန်းချုပ်ထားတော့ ဝယ်ယူဖို့ခက်တယ်။ ပြီးတော့ ကုန်ဈေးနှုန်းကလည်း အတော်ကြီးတယ်။ ချင်းတောင်က အားလုံးသိတဲ့အတိုင်း ခေတ်အဆက်ဆက်မှာ ဖွံ့ဖြိုးမှုနောက်ကျတယ်ဆိုတော့ မိုးတွင်းဆိုရင် လမ်းခရီးကလည်း အတော်ခက်တယ်။ တောင်တစ်တောင်နဲ့တစ်တောင်သွားလာဖို့မလွယ်ဘူး။

ဒီအရေးတော်ပုံထဲမှာ အကြောင်းပြချက်အမျိုးမျိုးနဲ့ မပါဝင်လာတဲ့ လူတွေများလေ အရေးတော်ပုံ ကကြာ လေပဲ။ ကျနော်မေးခွန်းထုတ်ချင်တာက တော်တော်များကပြောကြတယ် လူငယ်တွေရဲ့ အနာဂါတ်လို့ပြော ကြတယ် ကျနော်တို့ မင်းတပ်ထဲမှာ တပ်ရင်း ၂၀ ကျော်ရှိတယ် ၇၀ ရာခိုင်နှုန်းက အသက်(၂၅)နှစ် အောက် ကလေးတွေပဲ ဖြစ်တယ်။ အသက် ၃၀/၄၀ ကျော် တကယ်အားသန်မောင်းသန်တဲ့သူ တွေ အရေးတော်ပုံမှာ မပါကြတော့ဘူးလား ဒါက ကျနော်တို့ CDF-Mindat ကို အခြေခံပြီးပြောတာဖြစ်တယ်။ ကျန်တဲ့ဒေသက အဖွဲ့အစည်းတွေမှာတော့ ရှိရင်ရှိမှာပါ။ ဆိုတော့ ကျနော်တို့ စကားက မှားများမှားနေပြီလား လူငယ်တွေရဲ့ အနာဂတ်ဆိုပြီးတော့ ဒီလူငယ်တွေရဲ့ အနာဂတ်လှဖို့ လူကြီးတွေက ဘာလုပ်နေကြတာလဲပေါ့။ ကျနော်တို့ မြို့ထဲမှာ ပထမဆုံးတိုက်ပွဲမှာ ကျသွားတဲ့ ရဲဘော်ဆို အသက်(၁၇)နှစ်ပဲရှိတယ်။ ဒီလို မျှော်လင့်စရာ အနာဂတ် တွေအများကြီးရှိတဲ့ လူငယ်တွေအသက်ပေးနေကြရတယ်။ အခု ကျနော်တို့ရဲ့ ရဲဘော်တွေဆို တအား သနားစရာကောင်းတယ် မိုးရာသီဆို သူတို့မှာ ခက်ခက်ခဲခဲ စားနေရတယ် အိပ်ဖို့အမိုးအကာတောင် မရှိတဲ့ထဲမှာ နေထိုင်ရတယ်။

ဖက်ဒရယ်ဂျာနယ် ( ဧပြီ – ၁၂ – ၂၀၂၂ )

Related Articles

Back to top button