တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

စည်းလုံးညီညွတ်မှုနှင့် လက်နက်အင်အား တောင့်တင်းလာနိုင်ဖို့ ကရင်နီပြည်သူ့ တော်လှန်ရေး တပ်ပေါင်းစု KRU ကိုဖွဲ့စည်းကြောင်းပြော

ဧပြီ ၇၊ ၂၀၂၂ (လွိုင်ကော်)

ကရင်နီပြည်နယ်အတွင်းရှိ စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်လျက်ရှိသော တော်လှန်ရေး တပ်ဖွဲ့များစု စည်း၍ လူအင်အား၊ လက်နက်အင်အားများ ပိုမိုတောင့်တင်းလာစေရန် နှင့် စစ်ဆင်ရေးကိစ္စရပ် များတွင် စနစ်တကျ အချိတ် အဆက်မိစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မနေ့က ကရင်နီပြည်သူ့ တော်လှန်ရေး တပ်ပေါင်းစု (Karenni Revolution Union – KRU)ကို ဖွဲ့စည်းလိုက်ကြောင်း ၎င်းတို့က အသိပေး ကြေညာထားသည်။
“တော်လှန်ရေးတပ်ဖွဲ့များကြား အခုလို စုစည်းနိုင်ဖို့အတွက် အချိန်ကကာလကတော့ အကြမ်းဖျင်း (၃)လ လောက်ကြာခဲ့တယ်။ စစ်အင်အား လက်နက်အင်အားပိုမိုတောင့်တင်းဖို့ရယ်၊ နောက် စစ်တိုက်တဲ့နေရာမှာ စည်းကမ်းရှိရှိနဲ့ တိုက်တဲ့ အင်အားစုတွေဖြစ်ဖို့အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းထားသာဖြစ်တယ်ပေါ့နော်။ အဓိက တော့ အဲရည်ရွယ်ချက်နဲ့ဖွဲ့ လိုက်သာပေါ့” ဟု KDF တာဝန်ရှိသူ တဦးက ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။
အခုလို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များကြား စုစည်းလိုက်နိုင်သာကြောင့် မြေပြင်တိုက်ပွဲတွေမှာ ပိုမိုပြီး အင်အား တောင့်တင်းလာမည့် အင်အားစုများ ဖြစ်လာနိုင်သလို တပ်ဖွဲ့ဝင်များကြား နားလည်ယုံကြည်မှု ပိုမိုရရှိပြီး စည်းလုံး ညီညွတ်စေမှာ ဖြစ်သည်။
“ပထမတချက်အနေနဲ့ မြေပြင်တိုက်ပွဲဖြစ်နေတဲ့နေရာမှာ စည်းလုံးညီညွတ်စွာနဲ့ စစ်အာဏာရှင်ကို အတူတကွ တိုက်ထုတ်နိုင်ကြမှာ ဖြစ်တယ်၊ ဒုတိယတချက် ကတော့ တဦးနဲ့ တဦး နားလည်မှုတွေ ရှိလာမယ်၊ လက်နက် အင်အား ပိုမိုတောင့်တင်းသွားဖို့အတွက် လက်နက်အင်အား ကြည်အင်အား ပိုမိုတောင့်တင်းသွားပေါ့နော်။
ရှေ့ဆက်ပြီး လုပ်သွားမယ့် အလုပ်တွေကတော့ တခြား ကရင်နီပြည်မှာ ရှိတဲ့ PDF တွေမြေပြင်မှာ ပိုမိုပြီး ချိတ်ဆက်မှုတွေ ရှိလာနိုင်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းထားသာဖြစ်သာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာ တဖွဲ့နဲ့တဖွဲ့ အချိတ်အဆက်မိမိနဲ့ သွားခြင်သာပေါ့နော် စည်းလုံးညီညွတ်စွာနဲ့ ချိတ်ဆက်သွားနိုင်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းသာလည်း ဖြစ်ပါတယ်” ဟု KDF တာဝန်ရှိသ တဦးက ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။
ကရင်နီပြည်သူ့ တော်လှန်ရေးတပ်ပေါင်းစု (Karenni Revolution Union – KRU) ကို
 Karenni Generation – Z (KGZ)
 Karenni Democratic Front (KDF)
 Fight for Justice (JPDF)
 GZ – 21 (Loikaw)
 Medic Unit
 Southern Shan People Defense Force (SSPDF)
စသည့်အဖွဲ့များဖြင့် ဖွဲ့စည်းလိုက်ကြောင်း ၎င်းတို့က ထုတ်ပြန်ကြေညာထားသည်။

Related Articles

Back to top button