ဆောင်းပါး

ဖက်ဒရယ်မူနှင့်နှစ် ၆၀ ခရီး

ဖက်ဒရယ်မူနှင့်နှစ် ၆၀ ခရီး

၂၀၂၂ ခုနှစ် မတ်လ (၂) ရက်နေ့ဟာ လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းခဲ့ခြင်း နှစ် ၆၀ ပြည့် တဲ့နေ့ဖြစ်ပါတယ်။ စစ်တပ်ဟာတော်လှန်ရေးကောင်စီဆိုတဲ့အမည်နဲ့ မြန်မာနိုင်ငံရေးထဲကို စတင်ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်တဲ့ အာဏာသိမ်းမှုကြောင့် လွတ်လပ်ရေးရပြီးနောက်ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီအသီးအပွင့်တွေ လည်း ကြွေလွင့်ခဲ့ရပါတယ်။

၁၉၆၂ ခုနှစ်အာဏာသိမ်းချိန်မှာ နိုင်ငံတော်သမ္မတကမန်းဝင်းမောင်၊ ဝန်ကြီးချုပ်ကဉီးနုတို့ဖြစ်ကြပါတယ်။ စစ်တပ်ကဘာ ကြောင့်အာဏာသိမ်းခဲ့လဲ၊ ဘာတွေဖြစ်ခဲ့လဲဆိုတာသမိုင်းကို တစ်ချက်လောက်ပြန်ကြည့်ရအောင်ပါ။

၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပါလီမန်အထွေထွေရွေးကောက်ပွဲကြီးကျင်းပပါတယ်။ သန့်ရှင်း၊ တည်မြဲ၊ ပမညတ တို့အကြိတ်အနယ်ယှဉ်ပြိုင်ကြပြီး ဉီးနုရဲ့သန့်ရှင်းဖဆပလက အနိုင်ရရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းက ရွေးကောက်ပွဲမှာ ဘက်မလိုက်ဖို့စစ်တပ်အတွင်းပြောကြားခဲ့ပေမယ့် တပ်မှူးကြီးငယ်များစွာဟာ ရွေးကောက်ပွဲမှာ ဘက်လိုက်ခဲ့ပါတယ်။

၁၉၆၀ ပြည့်နှစ် ဧပြီလ (၄) ရက်နေ့မှာ အိမ်စောင့်အစိုးရဟာရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ သန့်ရှင်းဖဆပလကို အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။ ဉီးနုဟာသန့်ရှင်းဖဆပလကို ပြည်ထောင်စုပါတီ (ပထစ) ဆိုပြီးပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။

ဉီးနုဝန်ကြီးချုပ်တာဝန်ယူထားတဲ့ ပထစအစိုးရဟာ ၁၉၆၁ ခုနှစ်ထဲမှာ တရုတ်ဖြူကျူးကျော်မှုပြဿနာ၊ မွန်နဲ့ရခိုင်ပြည်နယ် ပေးရေး ပြဿနာတွေကို ရင်ဆိုင်ရပါတယ်။ တရုတ်ဖြူဆန့်ကျင်ရေးနဲ့နယ်ချဲ့ဆန့်ကျင်ရေးကန့်ကွက်ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက် လာပါတယ်။

၁၉၆၁ ခုနှစ် မတ်လ (၁၅) ရက်နေ့မှာ ရန်ကုန်ကမ်းနားလမ်းခြောက်ထပ်ရုံးသစ်ကြီးမှာ ပြည်နယ်များပြဿနာသုံးသပ်ရေး ကော်မတီအစည်းအဝေးထိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့က အခြေခံဥပဒေပြင်ဆင်ရေးစာတမ်းတွေကို တင်သွင်းပါ တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဝန်ကြီးချုပ်ဉီးနုကိုယ်တိုင်လမ်းဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို တရားရေးဝန်ကြီးဒေါက်တာဉီးအေးမောင် ဥက္ကဠအဖြစ်ဆောင်ရွက်တဲ့ (၂၉) ဉီးနဲ့ဖွဲ့ စည်းပါတယ်။ ကော်မတီဟာဒီမိုကရေစီကို ထိခိုက်လာမည့် အချက်များ၊ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးကို ထိခိုက်လာမည့် ပြဠာန်းချက်များ၊ ပြည်ထောင်စုကြီးစည်းလုံးညီညွတ်ရေးကို ထိခိုက်မည့်အချက်များကို မူတည်ပြီး အခြေခံဥပဒေကြီးတစ်ခုလုံးရဲ့မူကို မပျက်စေဘဲ ပြင်ဆင်မယ်လို့ဆိုပါတယ်။

ပြင်ဆင်ရေးကော်မတီဖွဲ့စည်းပြီးတဲ့နောက်မှာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး စည်းရုံး၊ ဆွေးနွေး၊ ဝေဖန်သုံးသပ် ကြတာတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးနဲ့အတူနောက်ထပ်ပေါ်ထွက်လာတာကတော့ ပြည်ထောင်စုစနစ် (federation)ကိုလိုချင်ကြကြောင်းပါ။ ရှမ်းပြည်နယ်ကစပြီးအသံထွက်ခဲ့ပြီး ဝန်ကြီးစပ်ခွန်ချို၊ ရှမ်းပြည်လွှတ်တော် အမတ်များ၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့ပုဂ္ဂိုလ်များကပါ တက်တက်ကြွကြွဆောင်ရွက်မှုတွေ ပြုလုပ်ကြပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်တွေဖြစ်တဲ့ လွတ်လပ်ရေးရပြီး ၁၀ နှစ်ကြာရင်ခွဲထွက်လိုက ခွဲထွက်နိုင်တယ်ဆိုတဲ့ တရားဝင် ပြဠာန်းမှုအပေါ် စဉ်းစားသုံးသပ်လာကြတာဖြစ်ပါတယ်။။

၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှာ ရှမ်းပြည်နယ်ပြည်လုံးကျွတ်ညီလာခံကို တောင်ကြီးမြို့မှာ ကျင်းပပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးစာတမ်းကို ညီလာခံကအတည်ပြုခဲ့ပြီး ထိုစာတမ်းကို ပြည်ထောင်စုစစ်မူ၊ ရှမ်းမူလို့လည်းခေါ်ကြပါတယ်။

ရခိုင်၊ မွန်၊ ချင်း ပြည်နယ်သစ်များဖွဲ့စည်းရေးပြဿနာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွေကို အစိုးရရဲ့ဉပဒေ ဘောင်အတွင်း တရားဝင်ဖြစ်ပေါ်ရေးလှုပ်ရှားနေစဉ်မှာပဲ အာဏာကို ပထစပါတီအတွင်းမှာ “ဉီး-ဗိုလ်-သခင်” တို့ရဲ့ကွဲသံအက်သံ ေတွကလည်းဆူညံလာပါတယ်။ ထို့အတူ တရုတ်ဖြူကျူးေကျာ်ေရးကိစ္စကလည်း ပြည်သူလူထုအတွင်းမှာ ေရှ့တန်းေရာက် လာပါတယ်။

ဖက်ဒရယ်မူနဲ့ပတ်သက်ပြီးေတာ့ဉီးနုက ေကြာက်စရာေကာင်းတဲ့ မူမဟုတ်ဘူးလို့လက်ခံထားပါတယ်။ ဒီမူမှာ (၁) ဗမာပြည်မကို တစ်ခြားပြည်နယ် ေတွလိုပြည်နယ်တစ်ခုသတ်မှတ်ရန်၊ (၂) လူမျိုးစု လွှတ်တော်နဲ့ပြည်သူ့လွှတ်တော်ကို အာဏာချင်း တူတယ်လို့သတ်မှတ်ရန်၊ (၃) လူမျိုးစုလွှတ်တော်မှာ ပြည်နယ်တိုင်းရဲ့အမတ်ဉီးရေညီတူညီမျှဖြစ်စေရန်ဆိုတာဘဲလို့သဘောထား လိုက်ပါတယ်။

၁၉၆၂ ခုနှစ် မတ်လ(၁) ရက်နေ့မှာ မြန်မာ့အသံအသံလွှင့်ခန်းမကြီးမှာ ဖက်ဒရယ်မူနဲ့ပတ်သက်ပြီး တင်ပြပြောဆိုဆွေးနွေး လာကြပါတယ်။ နှီးနှောဖလှယ်ပွဲကြီးရဲ့ပထမနေ့မှာ ကိုယ်စားလှယ်တော်တွေရဲ့ ပမာဏမိန့်ခွန်းနဲ့သာပြီးဆုံးသွားခဲ့ပါတယ်။ အစည်းအဝေးပြီးချိန်ညကြီးမှာပဲ ဖက်ဒရယ်မူကို ဉီးဆောင်တင်သွင်းသူဖြစ်တဲ့ ရှမ်းပြည်နယ်ဥက္ကဠ စပ်ခွန်ချိုနဲ့ ကယားပြည်နယ်ဥက္ကဠ စပ်ဝဏ္ဏတို့ဟာ ဉီးနုအိမ်လိုက်လာကြပြီး ရှမ်းပြည်နယ်ပြည်ထောင်စုကြီးထဲက ခွဲထွက်တော့မယ်ဆိုတဲ့ ကောလဟလနဲ့ပတ်သက်ပြီး မဟုတ်ကြောင်းရှင်းပြခဲ့ပါတယ်။ ဉီးနုကလည်း စပ်ခွန်ချိုကို ယုံကြည်ကြောင်းနဲ့ ဒီကောလဟလတွေကို ဘယ်သူတွေကဘာရည်ရွယ် ချက်နဲ့ ဖြန့်နေတာမသိဘူးလို့ပြောခဲ့ပါတယ်။

အဲ့ဒီနေ့ည ၂ နာရီမှာဘဲ ဝန်ကြီးချုပ်ဉီးနုနဲ့ သမ္မတကြီး မန်းဝင်းမောင်တို့အပါအဝင် ဝန်ကြီးအဖွဲ့ဝင်များ၊ နှီးနှောဖလှယ်ပွဲအ တွက် ရောက်ရှိနေတဲ့ တိုင်းရင်းသားကိုယ်စားလှယ်များပါ ထိန်းသိမ်းခံခဲ့ရပါတယ်။ မတ်လ (၂) ရက်နေ့ နံနက်ပိုင်းမှာတော့ နိုင်ငံတော် ပြိုကွဲမည့်အန္တာရာယ်ရှိတာကြောင့် တပ်မတော်ကအာဏာသိမ်းလိုက်ကြောင်း မြန်မာ့အသံကနေကြေညာခဲ့ပါတယ်။

ထိုစဉ်ကစပြီးတော်လှန်ရေးကောင်စီလက်ထက်၊ မဆလပါတီလက်ထက်တစ်လျှောက်လုံး ဖက်ဒရယ်ဆိုတာခွဲထွက်ရေးလို့ ပြည်သူလူထုကို လိမ်လည်လှည့်ဖြားထားခဲ့တာဖြစ်ပါတယ်။ ဖက်ဒရယ်နဲ့ နှစ် (၆၀) ပြည့်ခရီးကို အမှတ်တရရေးသားရခြင်းဖြစ်ပါ တယ်။

မောဂ္ဂလိ ရေးတယ်

ဖက်ဒရယ်ဂျာနယ်

မတ် ၁၂၊ ၂၀၂၂

Related Articles

Back to top button