ဖက်ဒရယ်လစ်ဇင်အကြောင်း

ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy)

ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy)

ကျောင်းမှာ တနင်္လာနေ့ဆိုရင် ဉာဏ်ကျယ်လေးဖော်တို့ အဝါသင်း သန့်ရှင်းရေးအလှည့်ကျတဲ့နေ့ပါ။

သူတို့ကတော့ ဗီရိုမှာရှိတဲ့ သန့်ရှင်းရေးလုပ်တဲ့ပစ္စည်းအစုံအလင် ယူသုံးပြီး မြန်မြန်အခန်းသန့်ရှင်းအောင် လုပ်ကြတယ်။ အင်္ဂါနေ့သန့်ရှင်းရေးအလှည့်ကျတဲ့ အစိမ်းသင်းကတော့ လက်နဲ့ပဲ သန့်ရှင်းရေးလုပ်ရတာကို ပိုအားရတဲ့အဖွဲ့ပေါ့။ အဲ့တော့ ပစ္စည်းတွေ သိပ်မသုံးဘဲ အဝတ်စ,ကို ရေစွတ်၊ လက်နဲ့ပဲ အားရပါးရ တိုက်ချွတ်ပြီး အခန်းသန့်ရှင်းအောင် လုပ်ကြတယ်။ အခန်းသန့်ရှင်းဖို့အတွက် အသင်းအားလုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကောင်းဆုံးလုပ်ကြတာကို တွေ့ရတယ်။

အတန်းထဲမှာ ဆရာမက အသင်းလိုက် စာသင်ခန်းကို ပုံမှန်သန့်ရှင်းရေးလုပ်ဖို့ပြောထားပေမဲ့ ဘယ်ပုံ၊ ဘယ်နည်းနဲ့ လုပ်ရမယ်ဆိုပြီး မသတ်မှတ်ပေးထားပါဘူး။ ကျောင်းသူ၊ ကျောင်းသားတွေမှာ ကိုယ့်အလုပ်တာဝန်ကို ကိုယ်အဆင်ပြေတဲ့နည်းလမ်းနဲ့လုပ်ဖို့  ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အပြည့်အဝရှိထားပါတယ်။။ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်” ကို ဘယ်လိုအသုံးချပြီး အသင်းလိုက် သန့်ရှင်းရေးလုပ်သွားလဲ၊ ဘယ်လို ရလဒ်ထွက်လာလဲဆိုတာတော့ အဝါသင်းနဲ့ အစိမ်းသင်းကို ယှဉ်ကြည့်ရင် သိနိုင်ပါတယ်။

နောက်အပတ် သောကြာနေ့ ညနေ (၃) နာရီမှာ နောက်ထပ် ဝေါဟာရအသစ်တစ်ခု ထပ်လေ့လာဖို့ ဉာဏ်ကျယ်လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။

ဖက်ဒရယ်ဂျာနယ်

ဖေဖော်ဝါရီ ၄၊ ၂၀၂၂

Related Articles

Back to top button