တိုင်းရင်းသားများသတင်း

လေယာဉ်မပျံသန်းရဇုံ သတ်မှတ်ပေး ရန်နှင့် ပြည်သူတွေကို အကာအကွယ်ပေးနိုင်မည့် Safe Zone သတ်မှတ်ပေးရေး တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့ တောင်းဆို

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၂၃၊ ၂၀၂၂

တိုက်ပွဲများ ဖြစ်ပွားလာလပါက နောက်ဆက်တွဲ ပြဿနာ တစ်ခုအနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ရရှိရေးဟာ

ကြီးမားသော စိန်ခေါ်မှုတရပ်အနေဖြင့် ကြုံတွေ့ဖြစ်ပွားလျက်ရှိပါတယ်။

 

နောက်ဆက်တွဲအနေနဲ့ စစ်ဘေးရှောင်ရသည့် အခြေအနေထိ ဖြစ်ပွားလာပါက ယင်းအခြေအနေတို့ကို အရေးတကြီး ဖြေရှင်းဖို့ လိုအပ်နေပြီး စောလျင်စွာဖြေရှင်းရမယ့် အကြောင်းအရပ် အဖြစ်ရှိနေမြဲဖြစ်ပါတယ်။

 

အဓိက ဖြေရှင်းဖို့ လိုအပ်နေဟာ ဒုက္ခသည်များ နေထိုင်ဖို့ စားသောက်ဖို့ရန်အတွက် ချက်ခြင်းဖြေရှင်းနိုင်ရန် လိုအပ်နေတဲ့ အရာဖြစ်ပါတယ်။

 

အမှန်တကယ် စောလျင်စွာ ဖြေရှင်းဖို့ လိုအပ်နေသည်မှာ အရပ်သားပြည်သူများကို အကာအကွယ်ရရှိဖို့ ဖြစ်ပါတယ်။ အကာအကွယ်ပေးမှု မရှိပဲ၊ စောလျင်စွာဖြေရှင်းနေရမည့် အခြေအနေကို မဖြေရှင်းပဲ ဆက်သွားနေမည်ဆိုလျင် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများပိုမို ဆိုးဝါးလာနိုင်ပါတယ်။

 

ယင်းသို့သော အခြေအနေများကြောင့် အရပ်သားများ အကာအကွယ်မှု ရရှိစေရေးကို အခြေခံပြီး KNU၊ KNPP၊ CNF တို့က အချက် ၃ ချက်ပါ တင်ပြ တောင်းဆိုလာသာ ရှိခဲ့ပါတယ်။

 

အဆိုပါ အချက်တွေပတ်သက်ပြီး ဘာကြောင့် တောင်းဆိုရတာလဲ၊ လက်ရှိ နိုင်ငံတကာရဲ့ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးနိုင်ရေးက ဒေသတွင်းဘယ်လောက်ထိ လိုအပ်နေလဲ။

 

ကရင်နီ ဒေသဘက် အပါအဝင် ချင်း၊ ကရင် ဒေသက စစ်ရေးတင်းမာနေသော အခြေအနေတွေ ဘယ်လိုကြုံတွေ့နေသလဲ စသည့် အခြေအနေတို့ကို KSCC ပြောခွင့်ရ တဦးဖြစ်သူ ပလူးရယ်က ဖက်ဒရယ်ဂျာနယ်ကို အခုလိုပြောပါတယ်။

“နှစ်ဆန်း (၁)ရက်နေ့က စပြီး စစ်ကောင်စီက ကရင်နီဒေသကို တိုက်လေယဉ်တွေနဲ့ ဗုံးလာကျဲသာကြောင့် ပြည်သူလူထုတွေက ထွက်ပြေးတိမ်းရှောင်နေရပြီးတော့ တချို့လူထုတွေက ထိခိုက်ဒဏ်ရာ ရရှိတဲ့ဟာတွေ ဖြစ်ပေါ်နေပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ စီမံချက်ရှိရှိ လုပ်ဆောင်နေတဲ့အပေါ် နောက်ထပ် လူထုတွေအပေါ် ထိခိုက်မှုတွေ မဖြစ်အောင် စစ်ကောင်စီအနေနဲ့ မလုပ်သင့်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက တွေ့ရှိ နားလည်နိုင်ဖို့ လက်ရှိ စစ်ရေး ပြင်းထန်ဆုံး ဖြစ်နေတဲ့ ဒေသဖြစ်သည့် ကျနော်တို့ အဖွဲ့သုံးဖွဲ့ ကနေ ဆွေးနွေး ထုတ်ပြန်ခြင်းဖြစ်ပါတယ်။ ဒီအချက်မှာ စစ်ကောင်စီက ဝေဟင်ကနေ တိုက်ခိုက်ရေး လေယဉ်တွေသုံးပြီး ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်လာသာတွေ တောက်လျောက် ဖြစ်လာသာကြောင့် ကုလသမဂ္ဂအဖွဲ့အစည်းအနေနဲ့ လေယာဉ်မပျံသန်းရဇုံ သတ်မှတ်ပေး ရန်နှင့် ပြည်သူတွေကို အကာအကွယ်ပေးနိုင်မည့် Safe Zone အနေဖြင့် နိုင်ငံတကာက သတ်မှတ်ပေးဖို့ တောင်းဆို ထုတ်ပြန်တာဖြစ်ကြောင်း” ပြောပါတယ်။

ဒီလိုတောင်းဆိုမှုတွေ ရှိနေပေမယ့် ကုလသမဂ္ဂအဖွဲ့အစည်းအနေနဲ့ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးနိုင်တာ မရှိသေးကြောင်း အခုလို ဆက်ပြောပါတယ်။

“နိုင်ငံတကာ အကူအညီပေးတာ မရှိသေးဘူး၊ အဓိက ပြဿနာက နိုင်ငံတကာအဖွဲ့အစည်းက စစ်ကောင်စီဘက်ကိုလည်း ကူညီပေးမှု မဖြစ်အောင် အဓိကစစ်ကောင်စီနဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး  ကူညီပေးသာ မရှိအောင်လုပ်ဆောင်နေတဲ့ သဘောတွေ့ရတယ်။ စစ်ကောင်စီကတော့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးခြင်ရင် သူတို့ကို တရားဝင် အသိအမှတ်ပြုပေးတဲ့ အနေဖြင့် သဘောတူစာချုပ်တွေ ချုပ်ဆိုရမယ်လို့ သတ်မှတ်ချက်တွေ ရှိနေတယ်လို့ သိရတယ် အဲဒါကြောင့် နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုတွေလည်း နှေးကွေးနေတယ်။ ကျနော်တို့ကတော့ နိုင်ငံတကာ အကူအညီ ရရှိနိုင်အောင် ဒီထက်ပို ကြိုးစားပြီး နည်းလမ်းရှာ လုပ်ဆောင်နေပါတယ်။  စစ်ကောင်စီနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး နိုင်ငံတကာက အသိအမှတ်ပြုတဲ့သဘောနဲ့ ကူညီပေးတာမျိုးကိုလည်း မဖြစ်စေချင်ဘူးပေါ့။ ဆိုတော့ အဲဒီ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးဟာနဲ့ ပတ်သက်ပြီး UN ကတော့ Statement တခု ထုတ်ပေးသာတော့တွေ့ရတယ်။ စစ်ကောင်စီက ပြည်တွင်းစစ် ဖော်ဆောင်နေတဲ့အပေါ် လူထုတွေ ထိခိုက်မှု ပိုမိုများလာနိုင်တာကြောင့် အရပ်သားပြည်သူတွေကို ပစ်မှတ်ထား မလုပ်ဆောင်ဖို့ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေကို ကူညီပေးနိုင်ဖို့ တောင်းဆိုထားသာကိုတော့ တွေ့ရပါတယ်” ဟု ပြောပါတယ်။

ဆက်လက်ပြီး စစ်ကောင်စီ၏ ထိုးစစ်ဆင်မှု နောက်ဆက်တွဲအနေဖြင့် ကရင်နီဒေသမှ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရသည့်အပေါ် ကျူးလွန်သူများကို အရေးဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက် လုပ်ဆောင် လျက်ရှိကြောင်း အခုလို ရှင်းပြပါတယ်။

“သက်ဆိုင်ရာ တရားရေးပိုင်းဆိုင်ရာအဖွဲ့တွေကနေ နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်နေကြတာရှိတယ်။ အဓိက စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူနိုင်ဖို့ သက်သေအချက်အလက်တွေ ကောက်ခံနေတာ ဖြစ်စဉ်တွေ သွားနေပါတယ်။ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက များလွန်းသာကြောင့် သက်သေအချက်အလက် စုစည်းကောက်ခံနေတဲ့ ဖြစ်စဉ်တွေထဲမှာ ဆက်သွား နေသေးတယ်။ စစ်ကောင်စီကို အရေးယူဖို့ လမ်းကြောင်းက အချိန်တခုထိ စောင့်ရမယ် ဒါပေမယ့် ဒီဖြစ်စဉ် ကတော့ တောက်လျောက် သွားနေတာဖြစ်တယ်” ဟု ပြောပါတယ်။

တိုင်းရင်းသား ပြည်နယ်များအပါအဝင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရသည့် ပြည်သူများကို လူသားချင်းစာနာမှု အကူအညီများ ပေးရန်၊ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေး ရန်နှင့် ပြည်သူတွေကို အကာအကွယ်ပေးနိုင်မည့် Safe Zone တစ်ခုကို ဖန်တီးပေးရန် တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့  ၃ ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP၊ ချင်းအမျိုးသားတပ်ဦး CNF တို့က ဇန္နဝါရီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုထားသာ ဖြစ်ပါတယ်။

လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၃ ဖွဲ့မှ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အထူးသံ ကိုယ် စားလှယ်၏ ပြီးခဲ့သည့် ဇန္နဝါရီလ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည့် လူသားချင်းစာနာထောက်ထားမှု အကူအ ညီပေးရေး အဆိုပြုချက်ဖြစ်သည့် “လူသားချင်းစာနာ ထောက်ထားမှုအပြင်” (Humanitarian Plus) ဆိုသည့် အပေါ် ကြေညာချက်ထဲတွင် တုန်ပြန့် တောင်းဆိုထားခြင်း ဖြစ်ပါတယ်။

Related Articles

Back to top button