တိုင်းရင်းသားများသတင်း

ကေအိုင်အို တပ်မဟာ (၆)၊ (၉) နှင့် စစ်ကိုင်းတိုင်း ထီးချိုင့်တွင် စစ်ကောင်စီ လေယဉ်ဗုံးကျဲတိုက်ခိုက်

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၃၊ ၂၀၂၂

ယနေ့ ဇန်နဝါရီ ၁၃ ရက်၊ မွန်းလွဲ (၁)နာရီခန့်တွင် ကေအိုင်အို တပ်မ (၉) နှင့် တပ်မဟာ (၆) ဒေသ ဖြစ်သည့် ရှာဂန် ကုန်း ကျေးရွာအနီးပတ်ဝန်းကျင်၌ စစ်ကောင်စီမှ လေယဉ်ဖြစ် ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ကချင်ဒေသ သတင်းဌာန ဖော်ပြချက်အရ သိရသည်။

 “ယင်းကျေးရွာအနီးပတ်ဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီလေယဉ်များသည် အမှတ်မထင် လာရောက် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာ ရရှိမှုများဖြစ်ပွားပြီး နေအိမ်အချို့ ထိခိုက် ပျက်ဆီးသွားကြောင်း” သိရသည်။

စစ်ကိုင်းတိုင်း ထီးချိုင့် ဒေသ၌ ယနေ့ မနက် ၁၀ နာရီ ဝန်းကျင်ခန့်တွင် စစ်ကောင်စီမှ လေယဉ်ဗုံးကျဲတိုက်ခိုက် ခဲ့သာကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပေါ်ခဲ့ပြီး နေအိမ်တချို့လဲ ပျက်ဆီးသွားကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၁၂ ရက်နေ့ မွန်းလွဲ (၁)နာရီ ဝန်းကျင်ခန့်၌ ကသာဒေသ မိုးသားကြီးကျေးရွာအနီးဝန်းကျင်တို့၌ စစ်ကောင်စီ ဂျက်လေယဉ် (၃)စီးဖြစ် ၃ ကြိမ်တိုင် လာရောက် ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ဒေသခံ (၅)ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြပြီး နေအိမ် (၆)ထက် မနည်း ပျက်ဆီးထိခိုက်သွားကြောင်း သိရသည်။

ယခု ရက်သတ္တပတ်အတွင်း ကရင်၊ ကရင်နီ ဒေသများတွင်လည်း စစ်ကောင်စီမှ လေယဉ်ဖြစ် ဗုံးကျဲ တိုက်ခိုက်မှုများ ခတ်စိတ်စိတ် ဖြစ်ပွားလျက်ရှိပြီး ဒေသခံပြည်သူများ ဘေးလွတ်ရာ အနီးကျေးရွာများသို့ ထွက်ပြေး တိမ်ရှောင်နေကြရသည်။

 

Related Articles

Back to top button