တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသတင်း

စစ်တပ် အာဏာသိမ်းလိုက်သဖြင့် ကြိုးစားခဲ့သော ငြိမ်းချမ်းရေး အလဟသ ဖြစ်ပြီး မတရားသည့် စနစ်ကို  တွန်းလှန်တိုက်ဖျက်ရမည်ဟု KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေဖိုး ပြော

ဓာတ်ပုံ- KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး။

Photo – Karen News

December 30, 2021

 

ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် ငြိမ်းချမ်းရေး ရရှိစေရန် အချိန်နှင့်ငွေကြေးများ အပါအဝင် ကြိုးစားမှုများ လုပ်ဆောင်ခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းလိုက်သဖြင့် အလဟသ ဖြစ်သွားရကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က ပြောဆိုလိုက်သည်။  ဇန်နဝါရီလ ၂ ရက်နေ့ ကျရောက်မည့် ၂၇၆၁ ခုနှစ် ကရင်နှစ်သစ်ကူးနေ့အတွက် ပေးပို့ သော သဝဏ်လွှာတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

 

“အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့်  အေးချမ်းစွာ တွေ့ဆုံနိုင်ဆွေးနွေးနိုင်ရေး၊ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး၊ ပြည်သူလူထု သာယာ၀ပြော ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းမှု တည်ဆောက်ရေးများကို အချိန်နှင့်ငွေကုန်ကြေးကျများစွာ ရင်းနှီးခဲ့ပြီး ကြိုး ပမ်းအားထုတ်ခဲ့ပါသည်။ သို့ရာတွင် စစ်တပ်က အသစ်တဖန် အာဏာသိမ်းယူခဲ့သောကြောင့် KNU ၏ ကြိုးပမ်း အားထုတ်မှုများလည်း အလဟသဖြစ်ပေါ်ခဲ့ရပါသည်”ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကပြောဆိုသည်။ ဗိုလ်ချုပ် ကြီး စောမူတူးစေးဖိုး က အတင်းအဓမ္မလုယူခံထားရသည့် အခွင့်အရေးများ ပြန်လည်ရရှိစေရန်  မတရားမှုများကို တိုက်ဖျက်ရ မည်ဟု အခိုင်အမာ တိုက်တွန်းသည်။

 

“အတင်းအဓမ္မလုယူထားခြင်းခံနေရသော မိမိတို့၏ အခွင့်အရေးများကို ပြန်လည်ရယူပြီး မိမိတို့အမျိုးသားများ၏ အခွင့်အရေး များနှင့် မိမိတို့ အမျိုးသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးဖြစ်နေသည့် မတရားသည့် နိုင်င့ရေး စနစ်များကို မမှိတ်မသုတ် တွန်းလှန်တိုက်ဖျက်ကြရပါမည်” ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ သဝဏ်လွှာတွင် တိုက်တွန်းထားသည်။

 

 

သဝဏ်လွှာအပြည့်အစုံ

 

Related Articles

Back to top button