သတင်း

မြန်မာစစ်တပ်ပိုင်အဖွဲ့အစည်း(၄)ခုကို ယူကေအစိုးရက ထပ်တိုးအရေးယူ

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၁၁၊ ၂၀၂၁ 

လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အလွဲသုံးစားပြုမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ မြန်မာစစ်တပ်ပိုင်အဖွဲ့အစည်း(၄)ခုကို ယူကေအစိုးရက ထပ်တိုးအရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ်လိုက်ကြောင်း လူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဒါတွေကတော့ စစ်ထောက်ချုပ်ရုံး၊ ကာကွယ်ရေး ပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးနဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ တို့ ပါဝင်ကြပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် စစ်တပ်နှင့်ဆက်နွယ်နေတဲ့ ဒီအဖွဲ့အစည်းလေးခုကို အရေးယူပိတ်ဆို့မှုအသစ်ကို အမေရိကန်နှင့် ကနေဒါနိုင်ငံတို့နှင့်အတူ ယူကေအစိုးရက ပူးတွဲထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။
“မြန်မာစစ်အာဏာရှင်က ပြည်သူလူထူရဲ့ ဒီမိုကရေစီ ဆန္ဒကို ချိူးဖျက်တာ၊ နိုင်ငံရေး အကျဉ်းသားတွေကို မတရားဖမ်းဆီးတာတွေနဲ့ သူတို့နဲ့ထိပ်တိုက်ရင်ဆိုင်လာသူတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်နေတာတွေဆက်ရှိနေပါတယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

 

Related Articles

Back to top button