သတင်း

မြန်မာအစိုးရတစ်ရပ်အဖြစ်အသိအမှတ်ပြုရန် NUG သာလျှင် သင့်တော်ကြောင်း SAC-M ဆို

မြန်မာအစိုးရတစ်ရပ်အဖြစ်အသိအမှတ်ပြုရန် NUG သာလျှင် သင့်တော်ကြောင်း SAC-M ဆို

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၇၊ ၂၀၂၁

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့အစည်းတစ်ရပ်အဖြစ်သတ်မှတ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သာလျှင်သင့်တော်ကြောင်း စာတမ်းတစ်စောင်ထုတ်ပြန်ထားပါတယ်။

အစိုးရအဖြစ်အသိအမှတ်ပြု့ဖို့ လိုအပ်တဲ့ နိုင်ငံတကာဥပဒေတွေ၊အလေ့အထတွေ၊ စံသတ်မှတ်ချက်တွေနဲ့ တိုက်ဆိုင်ဆန်းစစ်တဲ့အခါမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လိုအပ်ချက်တွေပြည့်စုံနေတယ်လို့ SAC-M ကဆိုပါတယ်။

သြဂုတ်လ ၂၃ရက်မှာထုတ်ပြန်ခဲ့တဲ့ အဆိုပါ စာတမ်းမှာ အာဏာသိမ်းမှုဖြစ်ပွားပြီး ၆လတာကာလ (သြဂုတ်လအထိ) ကြာမြင့်လာချိန်အထိ အာဏာသိမ်းစစ်အုပ်စု နဲ့ ရွေးကောက်ခံကိုယ်စာလှယ်တွေ တည်ထောင်ခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှစ်ဘက်စလုံးအနေနဲ့ နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခြင်းမခံရသေးဘူးလို့ဆိုပါတယ်။

ယခုစာတမ်းမှာတော့ နိုင်ငံတကာက နိုင်ငံတွေအနေနဲ့ နိုင်ငံရေးဆန်းစစ်ချက်တွေပြု့လုပ်ပြီး မြန်မာနိုင်ငံက အဖွဲ့အစည်းတစ်ရပ်ရပ်ကို အစိုးရအဖြစ်အသိအမှတ်ပြုကြရမယ်လို့ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုအနေနဲ့ကတော့ ဒီမိုကရေစီနည်းလမ်းအရ တရားဝင်မှုလုံးဝမရှိသလို နိုင်ငံတကာဥပဒေတွေနဲ့ လူ့အခွင့်အရေးဥပဒေတွေကို ကာလကြာရှည်ချိုးဖောက်ထားသူတွေဖြစ်တယ်လို့ SAC-M ကမှတ်ချက်ပြုထားပါတယ်။

အစိုးရတစ်ရပ်အား အသိအမှတ်ပြု့ခြင်းအတွက် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ အနှစ်ချုပ်စာတမ်းမှာ နိုင်ငံတွေအနေနဲ့ အစိုးရတစ်ရပ်ကိုအသိအမှတ်ပြု့ရာမှာ အသုံးပြု့တဲ့စံနှုန်းတွေနဲ့ချိန်ထိုးလေ့လာဆန်းစစ်ထားပြီး မြန်မာနိုင်ငံအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သာလျှင် အစိုးရအဖြစ်သင့်တော်တဲ့အဖွဲ့အစည်းဖြစ်တယ်လို့အကြံပြုထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီကို မြန်မာနိုင်ငံအတွင်းစစ်တပ်ကအာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလထဲမှာ ဖွဲ့စည်းခဲ့ပြီး အဆိုပါကောင်စီမှာလွတ်လပ်တဲ့ နိုင်ငံတကာကပညာရှင်တွေပါဝင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

Related Articles

Back to top button