သတင်း

မြန်မာကျပ်ငွေ တန်ဘိုးကျဆင်းမှု နောက်ဆက်တွဲ ဂယက်

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၉ ရက်၊ ၂၀၂၁ 

ထိုင်း-မြန်မာနယ်စပ် နယ်ခြားသောင်ရင်းမြစ်ခြားသော လှိုင်းဘွဲမြို့နယ်တဖက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်း ထာ့ဆောင်ရမ်းမြို့နယ်၏ နယ်စပ်တလျှောက်တွင် မြန်မာငွေဖြင့်ကုန်ပစ္စည်းများဝယ်ယူခြင်းကို ထိုင်းဘက်ကလက်မခံတော့ဘဲ ထိုင်းဘတ်ငွေကိုသာလက်ခံတော့သည်ဟု ပုံမှန်စျေးဝယ်နေသူတဦးက ဆိုသည်။

မြန်မာဘက်ခြမ်းအခြေစိုက် အဖွဲ့အစည်းတခု၏ ဘဏ္ဍရေးဆိုင်ရာတာဝန်ရှိသူတဦးက ” မြန်မာငွေစျေးက အဆမတန်ကျနေတော့ ထိုင်းဘက်မှာကုန်ပစ္စည်းသွားဝယ်ရင် ထိုင်းဘတ်ငွေဘဲယူတယ် အရင်ကလို မြန်မာကျပ်ငွေတွေ မယူတော့ဘူး အရင်ကဆိုရင် ထိုင်းဘက်ခြမ်းမှာ ဘာဘဲဝယ်ဝယ် နည်းနည်းများများ မြန်မာငွေနဲ့ဝယ်လို့ရတယ် အခုကမရတော့ဘူး ” ဟု ဒေသခံတဦး ပြောဆိုသည်။

ထာ့ဆောင်ရမ်းမြို့နယ်အတွင်းရှိ မော်ဖိုးကေထိုင်းဖက်ခြမ်း မဲ့စလေထိုင်းဘက်ခြမ်း မဲသဝေါထိုင်းဘက်ခြမ်းတို့တွင် မြန်မာငွေဖြင့် စျေးဝယ်ရာတွင် ထိုင်းဘက်ကလက်မခံတော့ဘဲ ထိုင်းဘတ်ငွေကိုသာ လက်ခံကြသဖြင့် မိအေးနှစ်ခါမက နစ်နာနေရသည်ဟု ထိုင်းဘက်ခြမ်းတွင် ပုံမှန်ကုန်ပစ္စည်းဝယ်ယူနေသူတဦးက ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာငွေတန်ဘိုးမှာ ယနေ့ပေါက်စျေးအရ ကျပ်ငွေ (၁) သိန်းရောင်းချပါက ထိုင်းဘတ်ငွေ (၁၄၈၀ ) သာရသည်ဟု ငွေလွဲလုပ်ငန်းလုပ်ကိုင်နေသူတဦးက ပြောဆိုသည်။

ထာ့ဆောင်ရမ်းမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းရောင်းချနေသူတဦးက ” မြန်မာငွေတန်းဘိုးကျတော့ အရောင်းအဝယ်က အရင်လိုမကောင်းတော့ဘူး မြန်မာဘက်က ဝယ်တဲ့သူတွေကလည်း မရှိမဖြစ်လိုအပ်တာတွေလောက်ဘဲ ဝယ်ယူကြတော့တယ် ” ဟု ပြောဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ၊ ဂျေဂေါင် တရုတ်ပြည် နယ်စပ်မှာလဲ တရုတ်ယွမ်ငွေ (၁၀၀) ကို မြန်မာကျပ်ငွေ လေးသောင်း ပေါက်စျေး ဝန်းကျင်ထိ ကျဆင်းသွားတာကြောင့် ပုံမှန် ရောင်း၊ ဝယ် စားသောက်နေကြသည့် ကုန်စျေးနှုန်းက အဆမတန် မြှင့်တက်လာမှာကို ဒေသခံများ စိုးရိမ်နေကြသည်။ 

“အရင်ကဆို အတက်အကျ ရှိပေမယ့် တရုတ်ယွမ် (၁၀၀) ကို မြန်မာကျပ်ငွေ နှစ်သောင်း ဝန်းကျင်ပဲ ပေါက်တာ အခုဟာက အဆမတန်ကို ကျဆင်းသွားပြီ ကျမတို့ နယ်စပ်ဒေသက စျေးသည်တွေအတွက် အင်မတန် ဒုက္ခရောက်မည့် အခြေအနေဖြစ်နေတယ်” ဟု ဒေသခံ တဦးက ပြောသည်။ 
ထိုင်း-မြန်မာနယ်စပ် နှင့် တရုတ်-မြန်မာနယ်စပ် တို့တွင် ပင်မနယ်စပ်ကုန်သွယ်ရေးလမ်းကြောတည်ရှိရာ မြန်မာငွေနှင့်ထိုင်းဘတ်ငွေကြေးများ၊ မြန်မာငွေနှင့်တရုတ်ယွမ်ငွေကြေးတို့ကို ကာလပေါက်စျေးအတိုင်း ပုံမှန်လည်ပတ်သုံးစွဲနေရသည့် ကုန်သွယ်ရေး နေရာဒေသဖြစ်သည်။ 
NUG အစိုးရ သံယဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ တူးခေါင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် မြန်မာကျပ်ငွေ ကျဆင်းမှု နှင့်စပ်လျှဉ်း၍ မှတ်ချက်ပြု ရေးသားသည်မှာ “မြန်မာပြည်သူတိုင်းရဲ့ လက်ထဲမှာရှိနေတဲ့ ကျပ်ငွေ တန်ဖိုးတွေဟာ အရမ်းနှမျောဖို့ ကောင်းပါတယ်။ လုပ်အားတန်ဖိုး၊ အချိန် တွေ အများကြီး ဆုံးရှုံးရတာပါ။ တချို့လူတွေ တသောင်းတန် တရွက်ရဖို့ ချွေးတလုံးလုံး၊ မနက်မိုးလင်းမှ မိုးချုပ်ထိ လှုပ်ရှားရတာ၊ ကိုယ်က ဘာမှ မလုပ်လိုက်ရပဲ အရင်နေ့တွေမှာရှိနေတဲ့ တသောင်းတန်က ငါးထောင်တန်လောက်ပဲ တန်ဖိုးရှိတော့တယ်။ ကိုယ်လုပ်ပြီး ကိုယ်မစားရတဲ့ဘဝတွေ အများကြီး။ တိုင်းပြည်တပြည်ရဲ့ credit ကျသွားရင် ငွေတန်ဖိုးပါမကတော့ဘူး၊ အဲ့ဒီနိုင်ငံမှာရှိနေတဲ့ နိုင်ငံသားတိုင်းရဲ့ ဂုဏ်သိက္ခာတွေ၊ လုပ်အားတန်ဖိုးတွေပါ ကျသွားတာ။ ဘယ်ကလဲ လို့ အမေးခံရရင် မြန်မာပြည်ကလို့ ပြောမိတာနဲ့ အလိုလို အထင်သေးခံရ၊ လုပ်အားဈေးနှိမ်ခံရတာတွေဟာ အားလုံး ဆက်စပ်မှုရှိတယ်” ဟု ရေးသားထားသည်။ 
စက်တင်ဘာလ ၂၇ ရက်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် အမေရိကန် ဒေါ်လာ ၁၅,၀၀၀,၀၀၀ ကို ပျမ်းမျှငွေလဲလှယ်နှုန်း ၁,၇၅၅.၀ ဖြင့် ထပ်မှန်၍ ပြန်လည် ရောင်းချခဲ့ကြောင်း စစ်ကောင်စီခန့် မြန်မာနိုင်ငံ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားသည်။ 
Credit – Photo

Related Articles

Back to top button