ငြိမ်းချမ်းရေးဖြစ်စဉ်

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းမှု ရှာဖွေရေး ဖြစ်စဉ်ကို လမ်းကြောင်းသစ်မှ ချဉ်းကပ်ခြင်း

“မြန်မာနိုင်ငံ၏ ငြိမ်းချမ်းမှု ရှာဖွေရေး ဖြစ်စဉ်ကို လမ်းကြောင်းသစ်ဖြင့် ချဉ်းကပ်သင့်ပြီလား”

ဘယ်လို ချဉ်းကပ်သင့်သလဲ၊ ဘာတွေလိုအပ်သလဲ။

ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့တွင် တည်ရှိသော ဖက်ဒရယ် ဥပဒေ အကယ်ဒမီက “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းမှု ရှာဖွေရေး ဖြစ်စဉ်ကို လမ်းကြောင်းသစ်မှ ချဉ်းကပ်ခြင်း” ဟူသည့် ခေါင်းစဉ်ဖြစ် လက်ရှိ မြန်မာ့ နိုင်ငံရေးအတွက် ငြိမ်းချမ်းမှု ရှာဖွေရာတွင် ထည့်သွင်း စဉ်းစားရမည့် အကြောင်းအရပ်များ သုတေသန စာတမ်းတစောင် ပြုစု တင်ပြထားသည်ကို တွေ့ရသည်။

သုတေသန စာတမ်းတွင်

  • မာတိကာ
  • အကျဉ်းချုပ်တင်ပြချက်
  • အခန်း ၁။ ငြိမ်းချမ်းရေးကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း
  • အခန်း၂။ ပင်လုံစာချုပ်၏ တရားဝင်မှု
  • အခန်း ၃။ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ် သုံးသပ်ချက်
  • ဖက်ဒရယ်စနစ်ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း
  • အခန်း ၅။ ၂၁ ရာစုပင်လုံညီလာခံ (သို့မဟုတ်) ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှ ထွက်ပေါ်လာသော ပြည်ထောင်စု သဘောတူစာချုပ်
  • အခန်း ၆။ နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် ပြည်ထောင်စု သဘောတူ စာချုပ် နှစ်ခုလုံးတွင် အတိတ်က ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကုစားပေးမည့် လုပ်ငန်းစဉ်ကင်းမဲ့နေခြင်း
  • အခန်း ၇။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား လမ်းကြောင်းသစ်မှ ချဉ်းကပ်ခြင်း
  • အခန်း ၈။ မြန်မာနိုင်ငံ ငြိမ်းချမ်းမှု ရှာဖွေရေး ဖြစ်စဉ်အတွက် အလားအလာ

တို့ပါဝင်သည့် သုတေသန စာတမ်း တစောင်ထွက်ရှိထားသည်ကို ဖက်ဒရယ် ဥပဒေ အကယ်ဒမီ ၏ လူမှုကွန်ရက် စာမျက်နှာ (Federal Law Academy – Facebook Page)မှ တင်ပြထားသည်ကို တွေ့ရသည်။

တင်ဆက်ထားသည့် နေရာ ရှာဖွေရန် မူရင်းလင့် –

https://www.facebook.com/384443295086628/posts/1735725013291776/

  • စာတမ်းပါ ထုတ်နုတ်ချက်အချို့ကို ဖော်ပြပါတိုင်း ​လေ့လာ သိရှိနိုင်သည်

“တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဒီမိုကရက်တစ်ေခါင်းဆောင်များက နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြသည်။  ဤသည်မှာ မှန်ပါသည်၊ အသိအမှတ် လည်းပြုပါသည်။ သို့သော် ပြည့်စုံမှုမရှိ၊ လက်တွေ့တွင် အလုပ်မဖြစ်ပါ။

နိုင်ငံရေး နည်းလမ်းဟူသည့် ဝေါဟာရကိုယ်၌ မတိကျ ဝေဝါးလျက်ရှိပြီး တက်မ မပါသည့် လှေကဲ့သို့ ဘယ်မှမရောက် ဖြစ်နေသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း နိုင်ငံရေးပြဿနာများမှာ အဓိကအားဖြင့် ဥပဒေ စိုးမိုးရေး ပြဿနာများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်းကို အောက်ပါ အချက် (၅) ချက်က ပြနေသည်။

“ငြိမ်းချမ်းရေးရရှိရန် ပဋိပက္ခဖြစ်သည့် ဘက်နှစ်ဘက်အကြား တွေ့ဆုံဆွေးနွေးမှုများအား လိုအပ်ပါသည်။ သို့ရာတွင် ယင်းတခုတည်းကိုသာ အလေးပေး ဖော်ဆောင်နေပါက မည်သည့်အခါမှ စစ်မှန်သည့် ငြိမ်းချမ်းရေး မရရှိနိုင်ကြောင်း၊ တိုက်ပွဲများသာ အဆက်မပြတ် ပြန်လည်ဖြစ်ပွားနိုင်ကြောင်း မိုဇမ်ဘစ်ခ်၊ ကိုလံဘီယာ နှင့် အခြားနိုင်ငံတို့၏ သာဓကများအပြင် မြန်မာနိုင်ငံ၏ မျက်မှောက်ခေတ် သမိုင်းက သက်သေထူနေသည်။”

“မြန်မာနိုင်ငံ၏ အခြေအနေအရ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ေဆာက် နိုင်ခြင်း မရှိပါက ငြိမ်းချမ်းရေးရရှိရန် အလွန်ခက်ခဲပါသည်။ တဆက်တည်း၌ ဖက်ဒရယ်စနစ်ကို အသံကောင်း ဟစ်ရုံမျှသာ ကြွေးကြော်နေကြမည် ဆိုပါမှုလည်း ငြိမ်းချမ်းရေး ရရှိနိုင်ခြေမရှိ။ စစ်ပွဲများနှင့် အခြား လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေပါမည်။

“စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု”ဟူသည်တွင် “စစ်မှန်သည့်”  ဟူသော ဝေါဟာရသည် အငြင်းပွား ဖွယ်ရာ ဖြစ်သည်။ ယင်းကိုဖြေရှင်း ရာတွင် အထောက်အကူဖြစ်စေရန် ဖက်ဒရယ်စနစ်၏ အင်တိုက် အားတိုက် လှုပ်ရှားမှု (Federalism Dynamics) နှင့် အင်တိုက်အားတိုက် လှုပ်ရှားနေသော ဖက်ဒရယ် စနစ် (Dynamic Federalism) တို့ကို နားလည်ရန် လိုအပ်ပါသည်။  ထိုအပြင် ထင်သာြမင်သာရှိသည့် အတိုင်းအတာတခုအထိ ကျင့်သုံးရန် လိုအပ်ကောင်း လိုအပ်ပါမည်။”

“…………… တိုင်းရင်းသားများနှင့် ၎င်းတို၏ ပြည်နယ်များအနေဖြင့် တိုင်းရင်းသား အခြေပြု စုပေါင်းဖော်ဆောင်သည့် ဖက်ဒရယ်စနစ်ကို ထင်ဟပ်သော ဖွဲစည်းပုံအခြေခံဥပေဒသစ်များ ပေါ်ပေါက် လာရေး လုပ်ငန်းစဉ်တွင် ကျယ်ပြန့်စွာ ပါဝင်ကြမည်ဆိုပါမူ စစ်မှန်သော ဖက်ဒရယ်စနစ်၏ အခြေခံ ဖြစ်သည့် မတူကွဲပြားမှုများ အကြားမှ စုစည်းညီညွတ်မှုအား ရှာဖွေရေးသည် လက်တွေ့ ဖြစ်လာနိုင် ပါမည်။”

“…………အရေးကြီးဆုံး ကြိုးပမ်း အားထုတ်သင့်သည်မှာ ကာချုပ်မင်းအောင်လှိုင် နှင့် ၎င်း၏ လက် အောက် ကြံရာပါ စစ်ခေါင်းဆောင်များက ကျူးလွန်ကြောင်းဖြင့် စွပ်စွဲခံထားရေသာ ပြစ်မှုကြီးများ နှင့် စပ်လျဉ်း၍ တာဝန်ခံမှုကို ရှာဖွေခြင်းပင်။ ထိုကဲ့သို့ ရှာဖွေခြင်း မပြုပါက လာမည့်အချိန်များတွင် ကျင်းပ မည့် ဆွေးနွေးပွဲများ၏ တရားဝင်မှုသည် ကြီးမားစွာ ခြိမ်းခြောက်ခံရပါလိမ့်မည်။ ထိုကဲ့သို့ ကြီးမား ပြင်းထန်သည့် ပြစ်မှုကြီးများ ကျူးလွန်ခဲ့သူများအား နိုင်ငံတကာဥပဒေရှု ထောင့်အရဖြစ်စေ၊ ပြည်တွင်း ဥပဒေရှုထောင့်အရ ဖြစ်စေ ရာဇဝတ်ေကာင်များအနေဖြင့် နည်းလမ်းတကျ သဘောထားသောကြောင့် ဖြစ်သည်။”

“ထို့ကြောင့် တိုင်းရင်းသားခုခံစစ်ဆင်နွှဲနေကြသော အဖွဲ့အစည်းများ၊ လူထုအသင်း အဖွဲ့များ၊ ဘာသာရေး အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ ၊ ရှေ့နေအသင်းများ၊ ဥပဒေ အထောက်အကူပြုအဖွဲ့များ၊ နိုင်ငံတကာ နှင့် ပြည်တွင်းမှ ငွေကြေးထောက်ပံ့သော အဖွဲ့အစည်း များ အားလုံးတို့သည် အထက်တွင်တင်ပြခဲ့သော် မကောင်းကျိုးများအား ရှောင်ရှားနိုင်ရေးအတွက် အားထုတ်သင့်ပြီဖြစ်သည်။ သို့ဖြစ်၍ ပြစ်မှုကြီးများ ကျူးလွန်ပြီးနောက် လွတ်ကင်းခွင့်ရသည့် အခြေအနေ အဆုံးသတ်စေရေးအတွက် ဦးဆောင်ကြိုးပမ်းလျက် ရှိသော နိုင်ငံတကာ ဥပဒေဆိုင်ရာ အဖွဲ့အစည်းကြီးများ နှင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းကြီးများအား ပံ့ပိုးရန် နှင့် ၎င်းတို့နဲ့ လက်တွဲဆောင်ရွက်သွားရန် အချိန်ရောက်ပြီ ဖြစ်ပါသည်။ သို့မှသာလျှင် မြန်မာနိုင်ငံတွင် စစ်မှန်သော ငြိမ်းချမ်းရေးခံစား ရရှိနိုင်ပါမည်။” ဟု ဖက်ဒရယ် ဥပဒေအကယ်ဒမီ၏ သုတေသနပြု စာတမ်းတွင် ထုတ်နုတ်တင်ပြထားသည်ကို တွေ့ရသည်။

အပြည့်အစုံ သုတေသန စာတမ်းအား လေ့လာရန် မူရင်း လင့်တွင်  ဝင်ရောက် လေ့လာ နိုင်ပါသည်။

မူရင်းလင့် –

https://www.facebook.com/384443295086628/posts/1735725013291776/

မြန်မာ ၊ အင်္ဂလိပ် ဘာသာ နှစ်မျိုးဖြင့် အခမဲ့ ဒေါင်းလုတ် ပြုလုပ်ပြီး ဖတ်ရှုနိုင်ပါသည်။

မြန်မာ ဘာသာ လင့် –

https://drive.google.com/file/d/18EWTHRtY7h25a0P0kdLsIWJih3QfFQIC/view?fbclid=IwAR2NfHtn4up1oH99236rCnxGs7MVAv28lPSLZnVs5PM_cqFimd3erlrqeVg

အင်္ဂလိပ် ဘာသာ လင့် –

https://drive.google.com/file/d/1CtI8-YZ61VCR9IN-tbfB3u8jgocW4TTq/view?fbclid=IwAR2NfHtn4up1oH99236rCnxGs7MVAv28lPSLZnVs5PM_cqFimd3erlrqeVg

ဖက်ဒရယ် ဂျာနယ်

စက်တင်ဘာ ၈ ရက်၊ ၂၀၂၁

Back to top button