အတွေးအမြင်

“နွေဉီးတော်လှန်ရေး အိမ်မက်ကြီး” – အပိုင်း (၂)

“နွေဉီးတော်လှန်ရေး အိမ်မက်ကြီး – အပိုင်း (၂)

နွေဉီးတော်လှန်ရေးမှ မွေးဖွားပေါက်ဖွားလာသော NUCC တပ်ပေါင်းစုကြီးသည် နွေဉီတော်လှန်ရေးနိုင်ငံရေး လမ်းညွှန်အဖြစ် ပဋိညာဏ် အတွဲ(၁) နှင့် အတွဲ(၂) ကိုချမှတ်ထားသည်။ ထို့အပြင်နွေဉီတော်လှန်ရေး NUCC တပ်ပေါင်းစုကြီးက 1990 ခု NCUB တပ်ပေါင်းစုကြီးက ရေဆွဲထားသော FCDCC ပြည်ထောင်စု ဖွဲစည်းပုံ ဒုတိယမူကြမ်းကိုလည်းကောင်း EROS က တင်ပြ ထားသော ဖွဲစည်းပုံ ရေးဆွဲရန် လမ်းညွှန်ချက်(၁၄) ချက်ကို လည်းကောင်း အခြေခံထားပြီး အနာဂတ် ဖဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲစည်းပုံ အခြေခံမူ ကြမ်းရေးဆွဲပြီး တင်ပြရန် ချမှတ်ပေး ထားခဲ့ပါသည်။

သို့သော် နွေဦတော်လှန်ရေး (၅) နှစ်သားသည် ဖွဲစည်ပုံ အခြေခံဥပဒေ ရေဆွဲ တင်ပြရန် အချိန် (၅) နှစ်ကျော် (၆) နှစ်ကာလအထိ အမှောင်ဖုံးလွှမ်း ပိတ်ဆို့ တေ့ဆို့ နေပါသဖြင့် ရှိရင်း NUCC တပ်ပေါင်းစုကြီး ၏စည်းလုံး ညီညွတ်ရေးကို ထိပါး ပျက်ပြားလာပြီး အချိန်ကြန့်ကြာလာသည်နှင့်အမျှ နွေဦးတော်လှန်ရေး တိုက်ပွဲ ဝင် ဆင်နွဲနေကြသော အစုအဖွဲများ တိုင်းရင်းသာပြည်သူများတို့သည်။

ပြည်ထောင်စု ပင်လုံ အမျိုးသားစိတ်ဓါတ် ယိမ်းယိုင် ပြိုလဲသွားမည်ကို စိုရိမ်မိ ကြမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယိမ်းယိုင်နေသော ပြည်ထောင်စု ပင်လုံ အမျိုးသား စိတ်ဓါတ် ပြန်လည်နိုးကြားပြီး ပြည်ထောင်စုပင်လုံ အမျိုးသား စိတ်ဓါတ် အမြန်ဆုံး ပြည်လည်ရှင်သန်လာစေရန် ဤနွေဦတော်လှန်ရေး အိမ်မက်ကြီးဖြစ်သည့် လွပ်လပ်ရေး ပိသုကာ များ ဖြစ်ကြသော ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ တို့သည် အမျှော်အမြင် ကြီးမား စွာဖြင့် တိုင်ပင်ဆွေးနွေး အပေးအယူ လုပ်ကြပြီးမှ ပင်လုံစာချုပ် ပဋိညာဏ် များဖြစ်သည့် သစ္စာကတိကဝတ်များ ပါရှိသည်အတိုင်း တိုင်းရင်းသားများ တန်တူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး စစ်မှန်သည့် ဖဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်တည်ထောင်ရန် ဖွဲစည်းပုံ အခြေခံဉပဒေ ရေးဆွဲရာတွင် လိုအပ်သော အခြေခံမူများ/ အခြေခံကြောရိုးများ/ အခြေခံအချက် အလက်များ ကိုပန္နက်ရိုက် ချမှတ်ထားရှိသည့်အတိုင်း အခြေခံထားရှိပြီး ဤနွေဦးတော် လှန်ရေးအိမ်မတ်ကြီးက စစ်မှန်သော ဖဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲစည်းပုံအခြေခံ ဉပဒေမူကြမ်းကို ပြုစုရေးဆွဲ တင်ပြခြင်းဖြစ်ပါသည်။

ပင်လုံစာချုပ်ချုပ်ဆိုခြင်း

ဖစပလ(အဖွဲချုပ်) ဉက္ကဌ နှင့် ဗမာပြည်မအစိုးရ ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်းသည် သီးခြားစီအုပ်ချုပ်ရေး တည်ရှိသော ဗမာပြည်မပြည်ထောင်ကို ကိုယ်စားပြုပြီး၊ သီးခြားစီတည်ရှိသော ပြည်ထောင်စုရှမ်းပြည် ကိုယ်စာလှယ် ခေါင်းဆောင် ၁၄ ဉီး သီးခြားစီတည်ရှိသောကချင်ပြည်ခေါင်းဆောင် ၆ ဦ နှင့် သီးခြားစီ တည်ရှိသော ချင်းပြည်ခေါင်းဆောင် ၃ ဦးတို့သည် အမျှော်အမြင် ကြီးမားစွာဖြင့် တိုင်ပင်ဆွေးနွေး အပေးအယူလုပ်ကြပြီးမှ ပင်လုံစာချုပ်ကို ချုပ်ဆို ခဲကြပါသည်။

ပင်လုံစာချုပ်အပေါ် ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်ခြင်း

ပင်လုံစာချုပ်၏ ဂုဏ်အင်္ဂါရပ်များ လက္ခဏာရပ်များနှင့် နိုင်ငံရေးအနှစ်သာရများ သုံးသပ်လေ့လာခြင်း

(၁) ရှမ်းပြည်ထောင် ခေါင်းဆောင် ၁၄ ဉီး ကချင်ပြည်ထောင်ခေါင်းဆောင် ၆ ဦ နှင့် ချင်းပြည်ထောင် ခေါင်းဆောင် ၃ ဦးတို့သည် ၁၉၄၇ ခုနှစ် ဖေဖဝါရီလ (၆-၇) ရက်နေ့တွင် တိုင်ပင်ဆွေးနွေးကြပြီး ပင်လုံစာချုပ် ကြိုတင်ပြင်ဆင် ရေးအဖြစ် သဘောတူညီချက် ၅ ချက်ကို ချမှတ်ထားပါသည်။

(၂) ၁၉၄၇ ခုဖေဖဝါရီလ (၈) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း အမှုပြုသော ဗမာပြည်မှ အစိုးရအဖွဲနှင့် Mr.ဘော်တွမ် အမှုပြုသော ကိုလိုနီ အင်္ဂလိပ် အစိုးရ အသီးသီး ရောက်ရှိလာကြသည်။

(၃) ဗိုလ်ချုပ် အောင်ဆန်းအမှုပြုသော ဗမာပြည်အစိုးရ Mr.ဘော်တွမ် အမှုပြုသော ကိုလိုနီး အင်္ဂလိပ် အစိုးရ နှင့် ရှမ်းပြည်ခေါင်းဆောင် ၁၄ ဦး ကချင်ပြည်ခေါင်းဆောင် ၆ ဦး နှင့် ချင်းပြည်ခေါင်းဆောင် ၃ ဦးတို့သည် ဖေဖဝါရီလ ၁၀ ရက်နေ့တွင် စတင်ဆွေးနွေးကြသည်။ ထိုသို့စတင် ဆွေးနွေး ကြရာတွင် အထူးပြင်ဆင် ဆွေးနွေး ရန်မရှိပဲ ရှမ်း ကချင် ချင်း ခေါင်းဆောင် ကြီးများ တင်ပြထားသော အချက် ၅ ချက်အပေါ် တစ်ချက်ချင်းအလိုက် အကြေအလည် တိုင်ပင်ဆွေးနွေးကြပြီး အားလုံး သဘောတူ ကြပြီးသည် နောက် ရှေလုပ်ငန်းစဉ်အဖြစ် သဘောတူညီချက် ၉ ချက်ကို ချမှတ် ထားပြီး ၁၉၄၇ ခု ဖေဖဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုထားခဲ့ပါသည်။

(၄) ပင်လုံစာချုပ်ကို လေ့လာရာတွင် ပင်လုံစာချုပ်လက်မှတ်ရေးထိုးထားသော ရှေ့လုပ်ငန်းစဉ် သဘောတူညီချက် ၉ ချက် ကိုသာ လေ့လာပါက ပြည့်စုံမည် မဟုတ်ပေ တိုင်းရင်းသာများ တင်ပြထားသော အခြေခံမူ ၅ ချက်ကိုပါ တဆက် တဆတည်း ပေါင်းစပ် ထားမှသာလျှင် ပင်လုံစာချုပ်အနှစ်သာရ ပြည်ဝ မည်ဖြစ်သည်။

(၅) ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံစာချုပ်ကို တရွတ်တိုက်ဆွဲပါသွားသည် ဟု ပြောဆိုသည်မှာ မဟုတ်ပါ ပင်လုံစာချုပ်သည် ရံသပို စာချုပ်လို့ အနိုင်အရှုံး စာချုပ်မဟုတ်ပါ။ တန်းတူရည်တူ ပြည်ထောင် ၄ ပြည်ထောင်ကို ကိုယ်စား ပြုပြီး တန်တူရည်တူ ချုပ်ဆိုထားသော စာချုပ်ဖြစ်သည်။

(၆) ကျွန်ပ်တို့လူမျိုးသည် ပင်လုံစာချုပ်တွင် မပါဝင်ပါဟု ပြောဆိုကြသည်မှာ မှားသည်။ ပင်လုံစာချုပ်သည် လူမျိုးကို ကိုစားပြုသော စာချုပ်မဟုတ်ပါ ပြည်ထောင် ၄ ပြည်ထောင်ကို ကိုယ်စားပြုပြီး ချုပ်ဆိုထားသော စာချုပ် ဖြစ်သည်။

(၇) ပင်လုံစာချုပ်သည် ဗမာပြည်မပြည်ထောင် ပြည်ထောင်စုရှမ်းပြည် ပြည်ထောင် ကချင်ဒူးဝါး ပြည်ထောင်စု ကချင်ပြည်ထောင် ချင်း ရမ်အုပ်မိင်း ပြည်ထောင်စု ချင်းပြည်ထောင် ၄ ပြည်ထောင်ကို ကိုယ်စားပြုပြီး တစ်ပြိုင်ထဲ လွတ်လပ်ရေး ရယူကြရန် ဖြစ်သည်ဟု ဆိုသော်လည်း သီးခြားလွတ်လပ် ပြီးသော ပြည်ထောင်စု ကရင်နီပြည် လည်းအကျွမ်းဝင် ပါဝင်သည်။

(၈) ထို့အပြင် ကိုလိုနီး အင်္ဂလိပ်လက်ထက်ကတဲက Part-1 ခေါ် ဇယာ(၁) ကိုယ်ပိုင် အုပ်ချုပ်ရေးရ ဒေသနယ် မြေများ နှင့် Part-2 ခေါ် ဇယာ(၂) အင်္ဂလိပ်ဘုရင်ခံက အုပ်ချုပ်သူ ခန့်အပ်ထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နယ်မြေများ အားလုံးကိုပါ လွတ်လပ်ရေး တစ်ပြိုင်ထဲ အကျွမ်းဝင်ပါသည်။

(၉) Part-1 ခေါ် ဇယာ(၁) နယ်မြေသည် သီးခြား ကိုယ်ပိုင်အုပ်ခွင်ချုပ်ရသော နယ်မြေများဖြစ်ပြီး Part-2 ခေါ် ဇယာ(၂) နယ်မြေများသည် ဗြိတိသျှ ဘုရင်ခံက အုပ်ချုပ်သူကို ခန့်အပ်ထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရှိသော နယ်မြေများဖြစ်သည်။

(၁၀) Part-2 ခေါ် ဇယာ(၂) နယ်မြေများသည် ကိုလိုနီ အင်္ဂလိပ်လက်ထက်ကာလ ကတဲက အုပ်ချုပ်သော အင်္ဂလိပ်အစိုးရက အကြံပြုတင်ပြနိုင်သောလဲ ဗြိတိသျှ ဘုရင်ခံ၏ အဆုံအဖြတ်သာ အတည်ဖြစ်သည်။

ပင်လုံစာချုပ်၏ နိုင်ငံရေးအနှစ်သာရများ

(၁) ပင်လုံစာချုပ်သည် ဗမာပြည်မပြည်ထောင် ရှမ်းပြည်ထောင် ကချင်ပြည် ထောင် ချင်းပြည်ထောင် လေးပြည်ထောင်သည် တစ်ပြိုင်ထဲ လွတ်လပ်ရေး ရယူသွားကြရန်နှင့် သီးခြားလွတ်လပ်သော ကရင်နီ ပြည်နှင့် Part-1 ခေါ် ဇယာ(၁) ဒေသနယ်မြေများနှင့်‌ Part-2 ခေါ် ဇယာ(၂) ဒေသနယ်မြေများ အားလုံး လွတ်လပ်ရေး တစ်ပြိုင်ထဲ အကြွမ်းဝင် သည်ဖြစ်သည်။

(၂) လွတ်လပ်ရေးရရှိပြီးပါက အမျိုးသားများ တန်းတူ ညီတူ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိပြီး စစ်မှန်သော ဖဒရယ်ဒီမိုကရေစီ တည်ထောင်ရေးပင်ဖြစ်ပါသည်။

Part-1 ခေါ် ဇယာ(၁) နယ်မြေနှင့် Part-2 ခေါ် ဇယာ(၂) နယ်မြေများသည် အောက်ပါအတိုင်းအပိုင်း (၆) ပိုင်း တည်ရှိပါသည်။

အပိုင်း (က) မြောက်ပိုင်း

  1. ယခု ကချင်ပြည်ရှိ မြစ်ကြီးနား ဗန်မော်ခရိုင်ခွဲ မိုးညှင်း မိုးကောင်း ဦးခေါင်းတောင်ကြားလမ်း ပူတာအိုနယ် စုစုပေါင်း (၆) ခု
  2. ရှမ်းစော်ပွား ဝန်းသိုလ် ကောလင်း ဟုမ္မလင်း သောင်သွပ် ခမ်းတီး နှင့် နဂစော်ပွားနယ်များ စုစုပေါင်း ၁၂ ခု

အပိုင်း (ခ) အရှေမြောက်ပိုင်း

  1. ရှမ်းပြည်မြောက်ပိုင်းတွင်ရှိသော “ဝ” မြောက်ပိုင်းနှင့် “ဝ” တောင်ပိုင်း စော်ပွားနယ်မြေများ (၉) ခု
  2. Kachin Sub States ကွတ်ခိုင် နှင့် ကချင်ဒူးဝါးနယ်မြေများ ကိုးကန့်နယ်များ စုစုပေါင်း (၇) ခု။

အပိုင်း (ဂ) အလယ်ပိုင်း

ရှမ်ပြည်တွင် အတိအကျ ထည့်သွင်းထားခြင်းမရှိသော နယ်မြေများ

  1. ပအိုဝ်းစော်ပွားနယ်များဖြစ်သော သထုံးပေးနယ် သဘက်နယ် လွယ်သော်နယ် (၃) ခု
  2. ဓနုစော်ပွား ရွှာငံနယ် ကျုံးနယ် ပင်မှီနယ် ပွေးလှနယ် ဘော်နယ်
  3. ကယန်းစော်ပွားနယ်များ ဖြစ်သော သန်ဖတ်နယ် မိန်းခုံနယ် နန်းခိုက်နယ် ပြည်ကြီးနယ်(ခေါ်) သပြေလိမ်းကြီးနယ် ပေါင်းလောင်းဒေသ။

လွတ်လပ်သော ကရင်နီပြည်မှ ချန်လှပ်ထားသော နယ်မြေများ

  1. ကယန်စော်ပွားများ မိုဝ်းပိုင်နယ် ကဲစော့(ခေါ်)မောင်ကျော်နယ် (၂)ခု ကယန်းတောင်ပိုင်တောင်စားမင်း ကဲလိုင်းဘလို့ (ခေါ်) အလယ်ချောင်း ဒိုင်နယ် ပြသောင်း (၉)ဒိုင်နယ် ကဲစောင်ရောင်း(ခေါ်) အလယ်ချောင်း ဒိုင်နယ် (၂)ခု ကယန်းကေခိုကေဘားစော်ကဲများ ကေခိုတိုက်နယ် ကွမ်းအုံ တိုက်နယ် ဒေးလိုတိုက်နယ် ကမ်းနီတိုက်နယ် ယာဒိုတိုက်နယ်။

အပိုင်း (ဃ) တောင်ပိုင်း

သံလွင်းဒစ်တြစ် ခေါ် ဖာပွန်နယ် ဖားအံနယ် လှိုင်းပွဲနယ် ကြာအင်းဆိပ်ကြီး ခနောင်တိုနယ် ရွှေကျင်ခရိုင်ခွဲ(ကျောက်ကြီး ထန်းတစ်ပင် ရွှေကျင်)နယ် ကောကရိတ် မြဝတီ စီရင်စု (၁၀) ခု

အပိုင်း (င) အနောက်ပိုင်း

ချင်ပြည်နယ်တွင်ရှိသော ကန်ပက်လက်နယ် နှင့် ချင်းရမ်အုပ်မိန်း နယ်များ (၉) ခု

အပိုင်း (စ) မြူနီစပယ်မြို့နယ်များ

သမိုင်းခမ်း စော်ပွားနယ်မှ အင်္ဂလိပ်က ကလောတောင်ပေါ်စခန်း မြူနီစပယ် မြိုနယ် နှင့် သီပေါစော်ပွားနယ်မှ မေမြို့ တောင်းပေါ်စခန်း မြို့နယ် သံတောင် တောင်ပေါ်စခန်းနယ် နှင့် မြူနီစပယ်မြို့များဖြစ်သော (တောင်ကြီး လွိုင်လင် လာရှိုး လွယ်မွေ ဘတ်သလင်ဟင်မြို့) တို့ဖြစ်သည်။

အမျိုးသားများ တန်းတူညီတူ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည်အဝရှီပြီး စစ်မှန်သော ဖဒရယ်ပြည်ထောင်စု သမ္မတ နိုင်ငံတော် တည်ထောင်ရန်ပြင်ဆင်ခြင်း

ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များတို့သည် ပင်လုံစာချုပ် ချုပ်ဆို ကြပြီးသည့်နောက် အမျိုးသားများ တန်းတူညီတူကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး စစ်မှန်သည့် ဖဒရယ် ဒီမိုကရေစီပြည်ထောင်စု သမ္မတ နိုင်ငံတော် တည်ထောင် နိုင်ရန် ဖွဲစည်ပုံအခြေခံဉပဒေရေးဆွဲရာတွင် လိုအပ်သည့် အခြေခံမူများ အခြေခံ ကြောရိုးများ အချက်အလက်များ ချမှတ်နိုင်ရန် အပိုင်း ကဏ္ဍကြီး (၄) ပိုင်းကို ပန္နက်ရိုက်ချမှတ်ထားခဲ့ပါသည်။

၁။ အပိုင်း(က) – တောင်တန်းဒေသ နယ်မြေများအတွက် အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲစည်းပြီး စုံးစမ်းစစ်ဆေး တွေ့ရှိချက်များအပေါ် စုစည်း တင်ပြခြင်း လုပ်ငန်း။

 ဗမာပြည်မ အစိုးရကိုယ်စာလှယ်များ ဗြိတိသျှ အင်္ဂလိပ်အစိုးရ ကိုယ်စာလှယ်များ ရှမ်းပြည်ခေါင်းဆောင် ကချင်ပြည်ခေါင်းဆောင် ချင်းပြည် ခေါင်းဆောင် နှင့် ကရင်အမျိုးသား ကိုယ်စာလှယ်များ ပါဝင်ကြသော တောင်တန်းဒေသ အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲကို ဖွဲစည်းပြီး ပင်လုံစာချုပ်တွင် မပါဝင်သော သီးခြားလွတ်လပ်သော ကရင်နီပြည် နှင့် Part-1 (ခေါ်) ဇယား(၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနယ်မြေများ Part-2 ခေါ် ဇယား(၂) ဒေသနယ်မြေများ တို့ကို ၁၉၄၇ ခု မတ်လ ၁၆ ရက်နေ့မှ ဧပြီလ ၂၄ ရက်နေ့အထိ တိုတောင်းသော့ တစ်လ နှင့် ၈ ရက် အတွင်း မိမိတို့ စုပေါင်း၍ ပြည်နယ်များ တည်ထောင်လိုသလား၊ မည်သည် ပြည်နယ် ထဲတွင်ပါဝင် ချင်သလဲ မိမိနယ်မြေဒေသ ဘယ်လို ဆက်လက် ရပ်တည် နေထိုင်လိုသလဲဟု စုံစမ်း စစ်ဆေး မေးမြန်းပြီး တွေ့ရှိချက် များကို တင်ပြထားရန်ဖြစ်သည်။ ထိုသို့ စုံစမ်းစစ်ဆေး မေးမြန်ရန် ထိုအချိန်ကာလတွင် လေယာဉ်လမ်းကြောင်း ကားလမ်းကြောင်း မရှိသေးပါ နွားလမ်း ဝန်တင်လမ်ကြောင်း လူသွားလမ်းကြောင်း သာရှိ သေးသည် လမ်းပမ်းဆက်သွယ်ရေး အလွန် ခက်ခဲသည့် ကာလဖြစ်ပြီး ဆက်သွယ်ရေးလုပ်ငန်းဖြစ်သည့် ကြေးနန်း တယ်လီဖုန်းများ လုံးဝ မရှိ သေးပါ။ ထို့ကြောင့် အလွန် အလှမ်းကွာဝေးပြီး အလွန်များပြားသော နယ်မြေများ တို့ကို တစ်ချိုသာစုံစမ်း စစ်ဆေး မေးမြန်းနိုင်ခဲ့ပြီး ပြည်စုံ တွေ့စုံ စစ်ဆေးမေးမြန်းနိုင်ခြင်း မပြုလုပ်နိုင်ခဲ့ပါ သို့ဖြစ်ပါ၍ ယနေ့ ကာလတွင် ဆက်လက်၍ စုံစမ်းစစ်ဆေး မေးမြန်းရေး လုပ်ငန်းကို ဆက်လက် ဆောင်ရွက်ကြရမည် ဖြစ်သည်။

၂။ အပိုင်း (ခ) – ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်းများ ပါဝင်တက်ရောက်သည့် ဖစပလ အဖွဲချုပ် ပဏာမပြင်ဆင်ရေးညီလာခံ သဘင်ကြီးကို ကျင်းပ ပြုလုပ်ပြီး ဖွဲစည်းပုံအခြေခံ ဥပဒေ ရေးဆွဲရာ တွင် လိုအပ်သော အခြေခံမူများ အခြေခံကြေားရိုးများနှင့်ပတ်သက်၍ အခဏ် ၁၄ ခဏ် ကိုချမှတ် ပေးထား ခဲ့ပါသည်။

 ထိုအချိန်ကာလတွင် ဖစပလသည် တစ်ခုသည်းသော အမြင့်ဆုံး တပ်ပေါင်းစုကြီးဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသား ခေါင်းဆောင် များ ပါဝင်တက်ရောက်သည့် ဖစပလ အဖွဲချုပ်ညီလာခံ သဘင်ကြီးကို ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ကျင်းပပြုလုပ်ပြီး ဖွဲစည်းပုံအခြေခံဉပဒေ ရေးဆွဲရာတွင် လိုအပ်သော အခြေခံမူများ ကြေားရိုးများ အခန်း (၁၄) ခန်းကို ချမှတ်ထားပါသည်။

၃။ အပိုင်း (ဂ) – ဖွဲစည်းပုံအခြေခံဥပဒေရေဆွဲရန် ကော်မတီဝင်များ ဆပ်ကော်မတီ များဖွဲစည်းခြင်း

တိုင်းပြုပြည်ပြု ရွေးကောက်ပွဲအပြီး ဖွဲစည်းပုံအခြေခံ ဉပဒေရေးဆွဲရေး ကော်မတီဝင်များ (၁၁၁) ဉီး ပါဝင်ဖွဲစည်းထားပြီး လိုအပ်သည့် ရေးဆွဲရေး ဆပ်ကော်မတီ (၉)ခုဖွဲစည်းထားသည်။ ယင်း ကော်မတီ (၉) ခုအနက် ဗိုလ်ချုပ်သည် မိမိမကြွမ်းကျင်သည့် နိုင်ငံတော် (အလံတော်) တံဆိပ် နှင့် နိုင်ငံတော်သီချင်းဆပ်ကော်မတီတွင် ပါဝင်ခြင်းမရှိပဲ အရေး ကြီးသည့် ဆပ်ကော်မတီ (၇) ခုတွင်း ဉက္ကဌအဖြစ် ဦးဆောင်ပါဝင်သည်။

၄။ အပိုင်း (ဃ) – ဖဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖွဲစည်းပုံအခြေခံ ဥပဒေရေးဆွဲခြင်း

 ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖွဲစည်းပုံအခြေခံဉပဒေ ရေးဆွဲရေး ကော်မတီ ဝင်များ ဆပ်ကော်မတီများ တို့သည် တိုင်းပြုပြည်ပြုလွှတ်တော်တွင် ဖဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖွဲစည်းပုံ အခြေခံဉပဒေကို ကြိုးပန်း ရေဆွဲနေစဉ်တွင် ဒိုမေနီယံ လိုလာသူ ဂဠုန်ဉီးစော ဉီးဆောင်ပြီး ဖဒရယ်မလိုလားသူ ဖက်ဆစ်စစ်အုပ်စုအပါအဝင် မသမာ လူတစ်စုတို့သည် ၁၉၄၇ ခုနှစ် ဇူလိုင် လ ၁၉ ရက်နေ့တွင် လုပ်ကြံ သက်ဖြတ်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်များ တို့သည် ကျရှုံးခဲ့ကြသည်။ ဗိုလ်ချုပ် အောင်ဆန်း နှင့် အာဇာနည် ခေါင်းဆောင် များကျရှုံးခြင်းနှင့်အတူ တိုင်းပြည်၏ ကံကြမ္မာသည်လည်း  ငင်သွားသည်ဟု ဆိုရပေမည်။

 ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ ကျဆုံးသွားသည် နောက် ဦးနုသည် ဖလပလ ဉက္ကဌ နှင့် ဗမာပြည်မှ အစိုးရ ဝန်ကြီးချုပ် ဖြစ်လာ သည်။

 ဖစပလ ဉက္ကဌနှင့် ဝန်ကြီးချုပ်ဖြစ်လာသူ ဉီးနုသည် ဗိုလ်ချုပ်နှင့် တိုင်းရင်း သား ခေါင်းဆောင်များ ချမှတ်ပေးထားသော ပင်လုံအခြေခံ မူလမ်းစဉ်အတိုင်း ဖွဲစည်းပုံရေးဆွဲပြဌာန်းသွားပါက အမျိုးသားများ တန်းတူညီတူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြီးပေါ်ထွန်းလာပြီး ကမ္ဘာနိုင်ငံတကာ အလယ်တွင် ငြိမ်းချမ်းသာယာ ဝပြောကာ ဂုဏ်ယူ ဝင့်ကြွားစွာ တည်ရှိသော နိုင်ငံတော်ကြီး အဖြစ်တည်ရှိမည်ဖြစ်ပေသည်။

သို့ရာတွင် ဉီးနု ဉီးဆောင်သော ဖစပလ အဖွဲချုပ်သည် ပင်လုံစာချုပ် ပဋိညာဏ် သစ္စာကတိကဝတ် အခြေခံမူများ သွေဖယ်အားနည်းသွားပြီး ဦးချန်ထွန်း အား အန္ဒိယသို့ ဟန်ပြ သွားရောက်လေ့လာစေကာ နှစ်လအတွင်း ဖွဲစည်းပုံ အခြေခံဉပဒေ အပြီးရေးဆွဲ ပြီးတင်ပြလာရန်ညွန်ကြားခဲ့သည်။

ထိုအချိန်ကာလတွင် အန္ဒိယပြည်၌ ဖွဲစည်ပုံအခြေခံဉပဒေ မရှိသေးပေ။ အန္ဒိယ ဖြစ်စေ အခြား နိုင်ငံတကာဖြစ်စေ အမေရိကန်နိုင်ငံဖြစ်စေ သွားရောက် လေ့လာခြင်း လုံးဝ မလိုအပ်ပေ။ အကြောင်းမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင် များတို့သည် စစ်မှန်သော ဖဒရယ်ဒီမိုကရေစီ ပြည်ထောင်စု သမ္မတ နိုင်ငံတော် တည်ထောင်ရန် လိုအပ်သည့် အခြေခံမူများ ကြေားရိုးများကို အပြည့်အစုံ ချမှတ် ပေးထားခဲ့ပြီ ဖြစ်သည်။

ဦးချန်ထွန်းသည် ဖွဲစည်းပုံအခြေခံဉပဒေမူကြမ်းကို ၂ လအတွင်း ရေးဆွဲပြီး ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ တိုင်ပြုပြည်ပြုလွတ်တော်တွင် ဖွဲစည်းပုံ အခြေခံဉပဒေ မူကြမ်းအတည်ပြုရန် တင်ပြစဉ်က ဤဖွဲစည်းပုံ အခြေခံဉပဒေ သည် အမေရိကန် ပြည်ထောင်စု စွစ်စလန် ပြည်ထောင်စု ကဲ့သို့ ပြည်ထောင်စု စစ်စစ်မဟုတ်ပဲ ကနေဒါ ပြည်ထောင်စုဖွဲစည်းပုံကဲ့သို့ တူညီပြီး ပြည်ထောင်စု စစ်စစ် မဟုတ်ကြောင်း ကို ဝန်ခံတင်ပြ လာပြီး အကြောင်းပြချက်များနှင့်အတူ

(၁) စစ်ဘေးစစ်ဒါဏ် ကြောင့် ဘဏ္ဍာရေးအားနည်းနေသေးကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများ သီးသန့် ထားရှိပါက နိုင်ငံတော် ဘဏ္ဍာရေး အကုန်အကျများမည်ဖြစ်ကြောင်း

(၂) အခြေခံဉပဒေ အခန်း (၁၁) တွင် ဖွဲစည်းပုံအခြေခံဉပဒေ ပြင်ဆင်ရေးဆွဲ ခွင့်ပြုထားကြောင်း (ကလိမ်ညာဏ်နီ ညာဏ်နက် ဆင်ထားသည်)

(၃) အခန်း (၁၀) တွင် (၁၀)နှစ်ကျော်ပါက ခွဲထွက်ခွင်းပြုထားကြောင်း (ထောင်ချောက် ဆင်ထားသည်)

(၄) ဖွဲစည်ပုံအခြေခံဉပဒေ ကို အတည်မပြုပါက လွတ်လပ်ရေး မရရှိနိုင်ကြောင်း ရှင်းလင်း တင်သွင်းခဲ့ပါသည်။

ထိုသို့တင်ပြခြင်းအပေါ် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တစ်လျှောက်လုံး လက်တွဲ လာသော တိုင်းရင်းသား ခေါင်းဆောင်များ သည် မသိနားမလည်ခြင်း မဖြစ်နိုင်ချေ သို့သော် ဦးချန်ထုန်းတင်ပြချက်များအပေါ် အခန်း (၁၁)တွင် ဖွဲစည်ပုံအခြေခံ ဉပဒေပြင်ဆင်ရန် ညီအကိုများအချင်းချင်း ဟင်းသီးဟင်း ရွက် ဈေးဝယ်သလို ဈေးစစ် လိမ့်မည်ဟု မထင်ဘဲ ဝန်ကြီးချုပ်ဉီးနုနှင့် ဖစပလ တစ်ချို့အပေါ် အကြွင်းမဲ့ အယုံအကြည်လွန် ခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင်း ရှမ်းစော်ပွားကောင်စီ ဉက္ကဌ ပလောင်စော်ပွားဖြစ်သူ နမ့်စန်တောင်ပိုင် စော်ပွာကြီး စဝ်ခွန်ပန်းစိန် ထောက်ခံသဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ၁၄၇၇ခု ဖွဲစည်းပုံ အခြေခံဉပဒေကို အတည်ပြုခဲ့ကြပြီး ၁၉၄၈ ခု ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိပါသည်။

ခွန်းမတ်ရ်ကိုဘန်

NUGUB (ဖက်ဒရယ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး – ၁၉၉၅-၂၀၁၂)

FCDCC – ဥက္ကဌ (ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းမှုကော်မတီ)

Related Articles

Back to top button