သတင်း

အမျိုးသားတော်လှန်ရေး (National Revolution) နှင့်လူမှုတော်လှန်ရေး (Social Revolution)

အမျိုးသားတော်လှန်ရေး (National Revolution) နှင့်လူမှုတော်လှန်ရေး (Social Revolution)

Salai Thang Houng | အတွေးအမြင်

လူ့သမိုင်းတစ်လျှောက်တွင် တော်လှန်ရေးများသည် လူ့ဘောင်၏ လူတန်းစားခွဲခြားဆက်ဆံမှုများ၊ ဖိနှိပ်မှုများကို ပြုပြင်ပြောင်းလဲရန်အတွက် အဓိကအခန်းကဏ္ဍများဖြစ်ကြသည်။ အထူးသဖြင့် အမျိုးသား တော်လှန်ရေး( National Revolution)နှင့် လူမှုတော်လှန်ရေး (Social Revolution) တို့သည် လူ့အဖွဲ့အစည်း တွင်းတွင် အကြီးမားဆုံးပြောင်းလဲမှုကိုဖြစ်ပေါ်စေနိုင်ခဲ့သည်။ ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် ဤတော်လှန် ရေးတို့သည် လူ့ဘောင်၏အမျိုးသားရေးဝါဒ၊ စီးပွားရေး၊ လူမှုဖွဲ့စည်းမှုနှင့် လူ့အခွင့်ရေးစနစ်များတွင် အကျိုး သက်ရောက်မှု များစွာကိုဖြစ်ပေါ်စေခဲ့သည်။

အမျိုးသားတော်လှန်ရေး (National Revolution)

အမျိုးသားတော်လှန်ရေးသည် နိုင်ငံရေးသမိုင်းထဲတွင်အရေးကြီးဆုံးသော အကြောင်းအရာနှင့် အရေးပါဆုံး တော်လှန်ရေးဖြစ်သည်။ အမျိုးသားတော်လှန်ရေးတိုက်ပွဲကို လူမျိုးတစ်စုက နိုင်ငံထူထောင်လိုသော ရည်ရွယ်ချက် ဖြင့်တိုက်ပွဲဝင်ခြင်း၊ လူမျိုး၏ဂုဏ်သိက္ခာ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် မိမိလူမျိုးအတွက် ရည်မှန်းထားသော နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန်တိုက်ပွဲဝင်ခြင်း၊ တစ်ခြားသူတို့၏ဖိ နှိပ်အုပ်ချုပ်ချယ်လှယ်မှုတို့မှလွတ်မြောက်ရန်တိုက်ပွဲဝင်ခြင်း စသည့်အကြောင်းအရာပေါင်းများစွာအပေါ်အခြေခံ နေလိမ့်မည်။

အမျိုးတော်လှန်ရေး၏အင်္ဂါရပ်များတွင် နယ်ချဲ့လိုသောဆန္ဒနဲ့မဟုတ်ဘဲမိမိလူမျိုးကိုကာကွယ်လိုခြင်း၊ မိမိ လူမျိုးတို့၏ ရပိုင်ခွင့်ကိုရယူလိုခြင်း၊ ကိုယ်လူမျိုးတို့၏ယဉ်ကျေးမှုကိုထိန်းသိမ်းလိုသည့် အမျိုးသားရေးစိတ်ဓာတ်၊ အခြားသောလူမျိုး၊ တိုင်းတစ်ပါးသို့မဟုတ်နိုင်ငံတို့၏ ခြယ်လှယ်မှုမှလွတ်မြောက်လိုသော လွတ်လပ်သည့်ဆန္ဒ၊ စစ်ရေး(လက်နက်ကိုင်)၊ နိုင်ငံရေး၊ ဓာတ်ပုံ၊စာပေ အစရှိသော တော်လှန်ရေးနည်းလမ်းများပါဝင်ကြသည်။

အမျိုးသားတော်လှန်ရေးသည် လူမျိုးတစ်အမျိုးချင်းစီ သို့မဟုတ် နိုင်ငံတစ်နိုင်ငံချင်းစီတို့၏လွတ်မြောက် ရေးအတွက်၊ ဂုဏ်သိက္ခာ၊ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက်မည်မျှလောက်အရေးပါသည်ကို  ကမ္ဘာလုံးဆိုင်ရာအမျိုး သားတော်လှန်ရေးသဘောတရားများဖြင့် နှိုင်းယှဉ်လေ့လာကြဖို့လိုအပ်သည်။ အမျိုးသားတော်လှန်ရေးလှုပ်ရှား မှုများကြောင့် ၁၉၆၀ ပြည့်နှစ်များ၌ အာဖရိကတွင် အင်ပါရာနယ်ချဲ့အုပ်ချုပ်မှုများကိုဆန့်ကျင်အနိုင်ယူခဲ့ကြပြီး နိုင်ငံသစ်များစွာတို့ကို တည်ထောင်နိုင်ခဲ့ကြသည်။ ဗီယက်နာမ်၊ အယ်လ်ဂျီလီယားတို့က ကုလားထိုင်အင်ပါရာကို အနိုင်ယူပြီး လူမျိုး၏ဂုဏ်သိက္ခာနှင့် လူမျိုးရေးစိတ်ဓာတ်ကိုမြှင့်တင်နိုင်ခဲ့ကြသည်။ ဟိုချီမင်း၊ နယ်ဆန်မာန်ဒယ်လာ စသောခေါင်းဆောင်တို့သည် ကိုယ်ပိုင်ပြဌာန်းခွင့်(Self-determination)ကို နိုင်ငံရေးစံနှုန်းအဖြစ်တင်ဆက်ပေး နိုင်ခဲ့ကြသည်။

အမျိုးသားတော်လှန်ရေးသည် ဗြိတိသျှ၊ ပြင်သစ်၊ ဂျပန်အင်ပါရာ တို့၏နယ်ချဲ့အုပ်ချုပ်မှုမှ ကမ္ဘာတစ်ဝှမ်း ရှိနိုင်ငံအများစုလွတ်မြောက်ရေးအတွက်အရေးပါခဲ့သည်။ အမျိုးသားတော်လှန်ရေးကိုအနိုင်တိုက်မှသာ မိမိတို့သည် ဂုဏ်သိက္ခာရှိသောလူမျိုးဖြစ်ကြဟူသော အသိပညာများတိုးပွားလာစေမည်ဖြစ်သည်။  ကမ္ဘာ့နိုင်ငံရေးရာတွင် အမြဲတမ်း အကျိူးသက်ရောက်နေသော ကိုယ်ပိုင်ပြဌာန်းခွင့် (Self-determination) အယူအဆကို အမှန်တကယ်ထိရောက် စေသည့်တော်လှန်ရေးဖြစ်သည်။ အမျိုးသားတော်လှန်ရေးမရှိခဲ့လျှင် ယနေ့တည်ရှိနေ  ကြသော နိုင်ငံအများစုသည်တည်ရှိလာနိုင်မည်မဟုတ်ဘဲ လူမျိုးအများစုသည်လည်း ကျေးကျွန်ဘဝမှလွတ် မြောက်နိုင်ကြမည်မဟုတ်ပေ၊၊

အမျိုးသားတော်လှန်ရေးနှင့်နိုင်ငံရေး

အမျိုးသားရေးဝါဒဆိုတာဘာလဲ။ အမျိုးသားရေးဝါဒကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင်နိုင်ငံရေးနှင့်အမျိုးသား ရေး ထပ်တူကျရမည်ဟု ခံယူထားသည့်နိုင်ငံရေးမူဝါဒလို့ဟုဆိုရမည်ဖြစ်သည်။ အမျိုးသားရေးလှုူပ်ရှားမှု သို့မဟုတ် အမျိုးသားတော် လှန်ရေးကို နိုင်ငံရေးနှင့်ချိတ်ဆက်မထားဘဲခွဲထားမည်ဆိုလျှင် လွတ်မြောက်ရေးရည်မှန်းချက်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရည်မှန်းချက်၏အဓိကရည်မှန်းချက်ပျက်စီးသွားနိုင်သည်။ ထို့ကြောင့် တော်လှန်ရေးကာလ တွင်စစ်ရေးတစ်ခုကိုသာ ဦးစားပေးသင့်သည် နိုင်ငံရေးမရောထွေးသင့်ကြောင်း ခံယူထားသည့်တော်လှန်ရေးအင် အားစုများလည်းရှိတတ်သည်။  ထို့ကြောင့်အမျိုးသားတော်လှန်ရေးလုပ်ဆောင်နေသည့်ကာလတွင် လူမျိုးတစ်ခု အနေဖြင့် ဂရုစိုက်သင့်သောရှုထောင့်များကို ဖော်ပြပေးလိုသည်။

(၁) နိုင်ငံရေး Vision မပါပဲအမျိုးသားရေးရည်မှန်းချက်မပြည့်စုံနိုင်ခြင်း

အမျိုးသားရေးသည်လူမျိုးတစ်မျိုးအတွက် ဂုဏ်သိက္ခာ၊ ယဉ်ကျေးမှုတို့ကို ကိုယ်တိုင်ကိုယ်ကျ ထိန်းသိမ်းလို မှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပိုင်ပြဌာန်းခွင့်တို့အပေါ်မူတည်ပြီး နိုင်ငံရေးသည်ထိုအမျိုးသားရေးခံယူချက် စိတ်ကူးစိတ်သန်းများကို စနစ်တကျအကောင်အထည်ဖော်ပေးမည့် စည်းမျဉ်းဥပဒေ၊ စနစ်ဖြစ်သည်။ ထို့ကြောင့် အမျိုးသားတော်လှန်ရေးအောင်မြင်စေလိုလျှင် နိုင်ငံရေးအတွေးအခေါ်တစ်ခုခုနဲ့ အလွဲမသွေပေါင်းစပ်ထားဖို့ရန် လိုအပ်သည်၊၊

(၂) လက်နက်ကိုင်တိုက်ပွဲနှင့်နိုင်ငံရေးညှိနှိုင်းမှု

 တော်လှန်ရေးအားလုံးလိုလိုသည် အစပိုင်းတွင် လက်နက်ကိုင်တိုက်ပွဲများဖြင့်စတင်ခဲ့ကြသည်။ သို့သော် လည်း အောက်ပွဲရအဆင့်ကို နိုင်ငံရးညှိနှိုင်းမှု၊ သဘောတူညီမှုများဖြင့်သာ အဆုံးသတ်လျှက်ရှိကြသည်။

(၃) တော်လှန်ရေးကာလတွင် ဦးတည်ရမည့်ရှုထောင့်များ

(က) အာဏာဖန်တီးမှု – လွတ်လပ်ရေးရပြီးနောက် သို့မဟုတ် တော်လှန်ရေးပြီးဆုံးသည့်နောက်ပိုင်းတွင် မိမိလူမျိုးအတွက် ကိုယ်တိုင်ကိုယ်ကျ အုပ်ချုပ်နိုင်မည့်စနစ် (နိုင်ငံရေးဖွဲ့စည်းပုံ၊ ဥပဒေစနစ်နှင့် လူ့အခွင့်အရေးဆိုင် ရာများ၊ ကာကွယ်စီမံချက်) များကို ဦးစားပေးအဆင့်တွင်ထားရှိပြီး ထည့်သွင်းရေးဆွဲထားသင့်သည်။

(ခ) စည်းလုံးညီညွှတ်ရေးတည်ဆောက်မှု – လူမျိုးတစ်ခုအတွင်းအမြင်မတူညီမှုများကိုလက်ခံပေးနိုင်စွမ်း ရှိမှု၊ ညှိနှိုင်းဆောင်ရွက်မှုများဖြင့် တရားမျှတသောနိုင်ငံရေးစနစ်ကို ပုံဖော်ဖော်ခြင်းဖြင့် စည်းလုံးညီညွတ်သည့် အမျိုးသားရေးစိတ်ဓာတ်ကို ပိုမိုခိုင်မာစေမည်ဖြစ်သည်။

(ဂ) နိုင်ငံတကာချိတ်ဆက်မှု – ၂၁ ရာစုခေတ်တွင်အမျိုးသားတော်လှန်ရေး အောင်မြင်ဖို့ရန်အတွက် နိုင်ငံတကာအထောက်အပံ့မရှိဘဲ အောင်မြင်မှုရရှိရန်ခက်ခဲသည်။ ထို့ကြောင့် မိမိပုံဖော်လိုသည့်နိုင်ငံရေးစနစ်အ တွေးအခေါ်နဲ့ချိတ်ဆက်ပြီး (Legitimacy- တရားဝင်မှု) ရရှိဖို့ရန်လိုအပ်သည်။

(၄) အနာဂတ်အတွက် နစ်တကျရှိသော Vision ထားရှိခြင်း – တော်လှန်ရေးအောင်ပြီးနောက်တွင် မည်သည့်အုပ်ချုပ် မှုစနစ်ကိုအသုံးပြုမည်နည်း။ ဥပမာ- ဒီမိုကရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်၊ ဆိုရှယ်လစ်စနစ်၊ ကွန်မြူနစ်။

အကျဉ်းချုပ်အားဖြင့်ဆိုရသော် အမျိုးသားရေးနှင့်နိုင်ငံရေးသည် ခွဲမထားနိုင်ဘဲ ဒွိဟဖြစ်နေသည့် ဆက်နွယ် မှုများရှိနေသည်။ နိုင်ငံရေးမပါသော အမျိုးသားရေးသည် မကျေနပ်မှုများအပေါ်ပေါက်ကွဲသည့်အမျိုးသားရေး စိတ်ဓာတ် (Emotional Nationalism) အဆင့်သာဖြစ်ပြီး လမ်းပျောက်နိုင်သည်။ အမျိုးသားရေးမပါပဲ နိုင်ငံရေးလုပ် ဆောင်ချက်သည်လည်း တရားဝင်နိုင်ငံရေးစနစ်ကိုရရှိနိုင်သော်လည်း လူမျိုးအတွင်းစည်းလုံးညီညွတ်မှုရှိသည့် အမျိုးသားရေးစိတ်ဓာတ်ကိုမရရှိနိုင်ဘဲ အလွယ်တကူကျရှုံးနိုင်သည်။ လက်နက်ကိုင်ခြင်းသည် တော်လှန်ရေးအောင် မြင်ဖို့ အင်အားအဖြစ်အသုံးပြုခြင်းသာဖြစ်ပြီး အဓိကရည်မှန်းချက်မှာ အကြမ်းမဖက်ရေးရည်မှန်းချက်တစ်ခုဖြင့် လွတ်လပ်ရေးကို အတည်ပြုခြင်းဖြစ်သည်။ ဥပမာ- ဗယက်နာမ်သည်တော်လှန်ရေးတိုက်ပွဲသည် Paris Peace Accords နဲ့လည်ကောင်း၊ အယ်လ်ဂျီးရီးယား တော်လှန်ရေးတိုက်ပွဲသည် Evian Accords နဲ့လည်းကောင်းအဆုံး သတ်ကြသည်။

နိုင်ငံရေး Vision မရှိသော တော်လှန်ရေး နှင့် နိုင်ငံရေး Vision ရှိသောတော်လှန်ရေးအားနှိုင်းယှဉ်ခြင်း

အယ်လ်ဂျီးရီးယား (Algeria) သည် ၁၉၆၂ တွင်ပြင်သစ်ထံမှလွတ်လပ်ရေးရရှိခဲ့သော်လည်း အာဏာသိမ်းမှု များ၊ စစ်တပ်အာဏာထိမ်းမှုမျးဖြစ်ခဲ့ပြီး ပြည်တွင်းလက်နက်ကိုင်အုပ်စုအတွင်းပဋိပက္ခများကေကြာင့်၁၉၉၀ ပြည်တွင်းစစ်တွင် လူပေါင်းသုံးသောင်ကျော်သေဆုံးခဲ့ရသည်။ အင်ဒိုနီးရှားနိုင်ငံသည် ၁၉၄၀ ဂျပန်ထွက်သွားပြီး နောက်ပိုင်းတွင် လွတ်လပ်ရေးကြေငြာခဲ့သော်လည်း နိုင်ငံရေး Vision မရှိခဲ့သောကြောင့် ၁၉၄၅ -၁၉၄၉ ခုနှစ်ပြည်တွင်းစစ်များဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင်စစ်တပ်အာဏာတည်မြဲလာပြီး ဒီမိုကရေစီမရရှိခဲ့ကြပေ။ ၁၉၆၅ – ၆၆ ခုနှစ်များတွင် အတွင်းရေးအကြမ်းဖက်မှုများကြောင့် လူအများမပြားသေဆုံးခဲ့ရသည်။ ကမ်ဘောဒီးယား (Cambodia) သည် ၁၉၇၅ တွင်တော်လှန်ရေးအောင်မြင်ခဲ့သော်လည်း နိုင်ငံရေး (Vision) မရှိခဲ့သောကြောင့် အကြမ်း ဖက်စနစ်ဖြင့်နိုင်ငံကိုတည်ဆောက်ပြီး အလုံးစုံအာဏာသိမ်းမှုများဖြင့် သတ်ဖြတ်မှုများကြောင့် (Genocide)ဖြစ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံရေး Vision မထားရှိခြင်းသည် တော်လှန်ရေးပြီးဆုံးသည့်အခါ အင်အားကြီးသူများက အနိုင်ရရှိပြီး အခြားသောအုပ်စုများနှင့် ပြည်တွင်းစစ်များဆက်ဖြစ်နေတတ်သည်။

အိန္ဒိယနိုင်ငံ (India) သည်၁၉၄၇ လွတ်လပ်ရေးမတိုင်မှီ တော်လှန်ရေးလုပ်ဆောင်နေသည့်ကာလတုန်း ကတည်းကပင် ဒီမိုကရေအမြင်၊ ဖက်ဒရယ်စနစ်၊ ဥပဒေရေးဆွဲခြင်းကို အစိုးရအဆင့်တွင် အစွမ်းကုန်ဆွေးနွေး ထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ရေးရပြီးနောက်တွင် စနစ်တကျဖြင့်ဖွဲ့စည်းထားသော ဒီမိုကရေစီနိုင်ငံ ဖြစ်လာခဲ့သည်။ တရုတ် (China,1949) သည်တော်လှန်ရေးမတိုင်မှီကတည်းကပင် (Communist Ideology, Vision for One-Part Socialist State) ကိုတည်ဆောက်ထားခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုတည်ထောင်နိုင်ခဲ့ကြ သည်။ အစပိုင်းတွင်အကြမ်းဖက်မှုပုံစံအလွန်အကျွံရှိခဲ့သော်လည်း နိုင်ငံရေး Vision ရှိသည့်အတွက် နောက်ပိုင်းတွင် နိုင်ငံတည်တံ့မှုအဆင့်ထိရောက်ခဲ့သည်။ တောင်အာဖရိက (South Africa) သည်လည်း နိုင်ငံရေး Vision အဖြစ် မျိုးနွယ်စုအကျိုးညီမျှရေး၊ ငြိမ်းချမ်းရေးအတွက် Truth and Reconciliation commission ကိုတည်ထောင်ခဲ့သည်။ ထို့ကြောင့် ယနေ့အထိ အခက်ခဲများရှိနေသော်လည်း နိုင်ငံတည်တံ့နေသည်။

အမျိုးသားတော်လှန်ရေးအတွက်လက်နက်စွဲကိုင်ခြင်း

အမျိုးသားတော်လှန်ရေးလုပ်ဆောင်ရာတွင်လက်နက်စွဲကိုင်တော်လှန်ခြင်းသည်တပါးတည်းပါလာတတ် သည်။ ထို့ကြောင့်ရေရှည်၊ ရေတိုထည့်သွင်းစဉ်းစားရမည့် နိုင်ငံရေးဆိုင်ရာ Vision တစ်ခုဖြစ်လာသည်။ စစ်အင်အား တည်ဆောက်ရေးကပိုအရေးကြီးသလား သို့မဟုတ် စစ်ရေးဖော်ဆောင်နိုင်စွမ်းကပိုအရေးကြီးသလား ဆိုသည့်မေး ခွန်းအပေါ် တော်လှန်ရေးသမိုင်းကြောင်းများတွင် တော်လှန်ရေးခေါင်းဆောင်များအကြားအမြဲလိုလိုအမြင်ကွဲပြား မှုများရှိတတ်သည်။ တိုက်ပွဲကိုအာရုံစိုက်ကြမည်လား။ အင်အားတည်ဆောက်ရေးကိုအာရုံစိုက်ကြမည်လား။ တိုက်ပွဲကို ဦးစားပေးခြင်း၏အားသာချက်များတွင် ရန်သူကိုအချိန်တိုအတွင်းအတိုင်းတာတစ်ခုထိချေမုန်းနိုင်သည်။ အတွင်းအပြင် လူတို့၏အာရုံစိုက်မှုကိုရရှိနိုင်သည်။ သို့သော်လည်းတိုက်ပွဲကိုဦးစားပေးခြင်းသည် အလွယ်တကူ အင်အားပြုန်းတီးခြင်း၊ တိုက်ပွဲပြီးဆုံးသည့်နောက်တွင် အင်အားပြန်လည်တည်ဆောက်ရန်ခက်ခဲနိုင်ခြင်း၊ နိုင်ငံ ရေးကိုအင်အားနဲ့ဆွေးနွေးနိုင်မည့်စွမ်းရည်ကျဆင်းနိုင်ခြင်း စသည့်အားနည်းချက်များလည်းရှိနိုင်သည်။ တိုက်ပွဲဖော်ဆောင်ခြင်းထက် အင်အားတည်ဆောက်ရေးကိုဦးစားပေးခြင်းသည် ရေရှည်အတွက်တည်မြဲသော အင်အားတည်ဆောက်နိုင်ခြင်း (Structure, command and discipline) ကိုဖြစ်စေနိုင်သည်။

အကျည်းချုပ်အားဖြင့် ပြောရမည်ဆိုလျှင် တိုက်ပွဲကိုဦးစားပေးခြင်းသည် ရေတိုအတွင်းအောင်မြင်မှုကို ရရှိနိုင်သော်လည်း ရေရှည်အတွက် အာမခံချက်နည်းနိုင်သည်။ ရန်သူတို့သည်လည်းအင်အားပြန်စုစည်းခြင်း၊ တန်ပြန်ထိုးစစ်များပြန်လည်ပြု လုပ်လာနိုင်ခြင်းတို့ဖြင့်တုန့်ပြန်မှုရှိလာနိုင်သည်။ အင်အားတည်ဆောက်ခြင်းသည် သတင်းအချက်အလက်များကို စုစည်းထားနိုင်ခြင်း၊ စည်းမျဉ်းစည်း ကမ်းများ၊ ဥပဒေများဖြင့်အုပ်ချုပ်ကွက်ကဲခြင်း၊ စစ်သည်တော်တို့၏စွမ်းရည်၊ လက်နက်ထောက်ပံ့မှု၊ အပြည်ပြည် ဆိုင်ရာမိဖက်များထားရှိခြင်းများကို ဦးစားပေးရသည့်အတွက် တိုက်ပွဲမဝင်မှီအချိန်မှာပင် နိုင်ငံရေးရည်မှန်းချက် အတွက်အင်အားဖြင့်စကားပြောခြင်း၊ negotiation တို့တွင်လည်းအားသာချက်များစွာရရှိနိုင်သည်။ ထို့ကြောင့် လူမျိုးရေးကိုအခြေခံသော တော်လှန်ရေး မျိုးတွင် အောင်ပွဲရတိုက်ပွဲများထက် အင်အားတည်ဆောက်ခြင်းသည် တော်လှန်ရေးရေရှည်အတွက်အခြေခံကျ သောအချက်ဖြစ်သည်။

အမျိုးသားတော်လှန်ရေးကြောင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် လူပေါင်းအများအပြားအသက်ပေးခဲ့ကြသည်၊၊ တချို့သောတော်လှန်ရေးတွင် စစ်ပွဲအတွင်းအလွန်အမင်းသတ်ဖြတ်မှုများကြောင့် သေဆုံးမှုများပြားလှသည်။ အမေရိကန်လွတ်လပ်ရေးတော်လှန်ရေး၊ ဖရန့်လွတ်လပ်ရေးတော်လှန်ရေး၊ လက်တင်အမေရိ ကတော်လှန် ရေးများ၊ အိန္ဒီယလွတ်လပ်ရေးတော်လှန်ရေးလှုပ်ရှားမှု၊ ဗီယက်နန်တော်လှန်ရေး၊ မြန်မာ့လွတ် လပ်ရေးနှင့် အခြားသောအမျိုးသားတော်လှန်ရေးလှုပ်ရှားမှုများကြောင့် လူပေါင်း ၁၀ သန်းကျော်မှ ၂၀ သန်းအထိအသက် ဆုံးရှုံးခဲ့ကြသည်ဟု သမိုင်းဝင်စာရင်းများအရ ခန့်မှန်းနိုင်သည်၊၊ လူ့အသက်ပေါင်းများစွာစတေးခဲ့ကြသော အမျိုးသားတော်လှန်ရေးသည် ကိုလိုနီနယ်ချဲ့များ၊ ဖိနှိပ်မှုများကိုအဆုံးသတ်စေခဲ့ပြီး ကိုယ်ပိုင်ဆုံးဖြတ် ပိုင်ခွင့်ရှိသော နိုင်ငံသစ်များပေါ်ပေါက်လာစေခဲ့သည်။ သို့သော် ကမ္ဘာပေါ်တွင် အဖိနှိပ်ခံလူ နည်းစုများကျန်ရှိသေး သောကြောင့် အမျိုးသားတော်လှန်ရေးအဆုံးသတ်ခြင်းမရှိသေးပေ။

လူမှုတော်လှန်ရေး (Social Revolution)

လူမှုတော်လှန်ရေးကို လူသားတို့၏နေ့စဉ်ဘဝ၊ တန်းတူညီမျှရေး၊ စီးပွားရေး၊ လူမှုရေးအခြေခံဖွဲ့စည်းပုံများ ကိုပြုပြင်ပြောင်းလဲဖို့ သို့မဟုတ် ထိန်းသိမ်းဖို့ရန်အတွက် လုပ်ဆောင်ရသည့် တော်လှန်ရေးဖြစ်သည်။ လူမှုတော်လှန် ရေးတွင် တန်းတူညီမျှရေး (လူမျိုး၊ ကျားမတန်းတူရေး၊ အခြေားသောကွဲပြားမှုများကြောင့်ခွဲခြားဆက်ဆံခြင်းတို့ကို ဖယ်ရှားလိုခြင်း)၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု (ကုန်ထုတ်လုပ်ရေးနည်းပညာ၊ အလုပ်ကိုင်အခွင့်အလမ်း၊ အလုပ်သ မားအခွင့်ရေး)၊ လူမှုဘဝတိုးတက်မှု (ကျန်းမာရေး၊ ပညာရေး၊ အိမ်ယာ၊ လူနေမှုအဆင့်အတန်းတို့ကို တိုးတက်‌ ပြောင်းလဲအောင်တည်ဆောက်လိုခြင်း)၊ ယဉ်ကျေးမှုအပြောင်းအလဲ (သက်ဆိုင်ရာလူ့ယဉ်ကျေးမှု၊ ယုံကြည်ချက်၊ စိတ်ဓာတ်မြှင့်တင်ရေး) စသည်တို့သည် အဓိကကျသောအကြောင်းတရားများဖြစ်ကြသည်။

အင်္ဂလန်စက်မှုတော်လှန်ရေး (၁၈ – ၁၉ ရာစု) သည် စီးပွားရေးဆိုင်ရာနည်းပညာတိုးတက်မှုကိုဖြစ်ပေါ်စေ ပြီး လူသားတို့၏လူမှုဘဝကို များစွာပြောင်းလဲစေခဲ့သည်။ အမေရိကန်တွင် လူဖြူလူမဲခွဲခြားဆက်ဆံမှုကိုပပျောက် သွားစေသည့် (Black Civil Rights Movement) လှုပ်ရှားမှု၊ အမျိုးသမီးအခွင့်ရေးလှုပ်ရှားမှု -Women’s Suffragette Movement (အမျိုးသမီးများ၏မဲပေးခွင့်၊လူမှုဘဝတွင် ယောကျားများနှင့်တန်းတူဖြစ်ရေး)၊ရုရှားလူမှုတော်လှန်ရေး – Russian Revolution, 1997 (အလုပ်သမားနှင့်အိမ်နီးချင်းနိုင်ငံတို့၏ အခြေခံဘဝကိုပြောင်းလဲစေခြင်း၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု) စသည်တို့သည် လူမှုတော်လှန်ရေး၏ သာဓကများဖြစ်ကြသည်။

ပြင်သစ်လူမှုတော်လှန်ရေး (French Revolution) ၊ ရုရှားတော်လှန်ရေး (Russian Revolution) ၊တရုတ် ပြည်ကွန်မြူနစ်တော်လှန်ရေး (Chinese Communist Revolution) ၊ အီရန်တော်လှန်ရေး (Iranian Revolution) ၊ ကျူးဘာတော်လှန်ရေး (Cuban Revolution) ၊ ကမ်ဘော်ဒီယားတော်လှန်ရေး (Khmer Rouge/ Cambodian Revolution) နှင့်အခြားသောလူမှုတော်လှန်ရေးတိုက်ပွဲများတွင် စစ်သားနှင့် အရပ်ဘက်သေဆုံးမှုအနည်းဆုံး သန်းပေါင်း ၂၀ ကျော်မှ သန်း၃၀ အထိရှိနိုင်ကြောင်း သမိုင်းပညာရှင်များကခန့်မှန်းထားကြသည်။

ယဉ်ကျေးမှု (Culture and Civilization)

မြန်မာဘာသာပြန်ဆိုသူများက အင်္ဂလိပ်စကားလုံး Culture နှင့် Civilization ကို ယဉ်ကျေးမှုလို့ဘာသာပြန် ဆိုထားကြသည်။ ဥပမာ- တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေး၊ အနောက်တိုင်းယဉ်ကျေးမှု။ သို့သော် Culture – ယဉ်ကျေးမှုနှင့် Civilization – ယဉ်ကျေးမှုတို့သည် သဘောတရားချင်းကွဲပြား မှုရှိသည်။ ယဉ်ကျေးမှု (Culture) သည် လူမျိုးတစ်မျိုး သို့မဟုတ် လူမျိုးနွယ်စု တစ်ခု၏ စကား၊ စာပေ၊ အဆိုအက၊ဂီတ၊ အနုပညာ၊ ဓလေ့ထုံးစံ၊ သာသနာ့ကျင့်ဝတ် စသည်တို့ဖြစ်ကြပြီး အများအားဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရသည့် ယဉ်ကျေးမှုမျိုးဖြစ် သည်။ ယဉ်ကျေးမှု (Civilization) သည် လူ့အသိုင်းအဝိုင်း၏ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံရေးစနစ်၊ ဥပဒေ၊ စီးပွားရေးစနစ်၊ နည်းပညာ၊ မြို့ပြဖွံ့ဖြိုးမှု စသည်တို့ကိုဆိုလိုခြင်းဖြစ်ပြီး ပြုပြင်ဖန်တီးပြောင်းလဲတည်ဆောက်ရသည့် သဘောတရား ရှိသည်။  လူမှုတော်လှန်ရေးသည် လူ့အသိုင်းဝိုင်းအတွင်းတွင် အခွင့်အရေးတူညီမှု၊ ဥပဒေစနစ်သစ်၊ စီးပွားရေးစနစ် စသည်တို့ကို ပြုပြင်ပြောင်းလဲရေးများလုပ်ဆောင်နိုင်သောကြောင့် လူ့ယဉ်ကျေးမှု (Civilization) အတွက်အဓိ ကကျသောတော်လှန်ရေးဖြစ်သည်။ အမျိုးသားတော်လှန်ရေးသည် အမျိုးသားအာဏာတည်တံ့မှု (National Sovereignty)၊ အမျိုးသားနိုင်ငံတော်တည်ဆောက်မှု၊ လူမျိုးတစ်ခု သို့မဟုတ် နိုင်ငံတစ်ခုမှ ကျင့်သုံးမည့် နိုင်ငံရေးစ နစ်ရွေးချယ်မှု၊ လွတ်မြောက်ရေး၊ အမျိုးသားတန်းတူရေး တို့အတွက်ဖြစ်သောကြောင့် လူ့ယဉ်ကျေးမှု(Civilization) အရေးကြီးသောတော်လှန်ရေးဖြစ်သည်။

ထို့ကြောင့် အမျိုးသားတော်လှန်ရေးနှင့်လူမှုတော်လှန်ရေးကို တခါတရံတွင် ပြိုင်တူလုပ်ဆောင်ရသည်။ အမျိုးသားတော်လှန်ရေးမအောင်မြင်ပါက ကောင်းမွန်သောလူ့ယဉ်ကျေးမှု (Civilization) ကိုအကောင်အထည် ဖော်ရန်အခက်များစွာရှိနေနိုင်သည်။ ကောင်းမွန်သောလူ့ယဉ်ကျေးမှု (Civilization) ကိုမဖော်ဆောင်နိုင်ပါက အမျိုးသားတော်လှန်ရေး၊ အမျိုးသားတည်ဆောက်ရေး အောင်မြင်သွားသော်လည်း စည်းလုံးညီညွှတ်မှုပျက်ပြားခြင်း ၊ ယုံကြည်မှုများပျက်စီးခြင်းများကြောင့် အမျိုးသားရေးစိတ်ဓာတ်များကျဆင်းလာပြီး ပြန်လည်ပျက်သုဉ်းနိုင်သည်။

Culture ကိုထိန်းသိမ်းလိုခြင်း၊ Civilization ပြုပြင်ပြောင်းလဲမှုများနှင့် အမျိုးသားအမှတ်လက္ခဏာ (National Identity) တို့သည်ဆက်စပ်နေကြပြီး တစ်ချိန်တည်းတွင် သဘောတူညီမှုရယူရန်ခက်ခဲသည့် အငြင်းပွား မှုများဖြစ်ပေါ်နိုင်သည်။ တခါတရံတွင် လူမျိုးတစ်မျိုး၏ Culture (ဂီတ၊ ဘာသာ၊ ဓလေ့ထုံးစံ) တို့သည် ထိုလူမျိုး ၏အမျိုးသားအမှတ်လက္ခာဏာ (National Identity) ဖြစ်နေတတ်ပြီး တခါတရံတွင် Civilization ( နည်းပညာ၊ ဥပဒေစနစ်၊ နိုင်ငံရေးဖွံ့ဖြိုးမှု) တို့သည်လည်း  အမျိုးသားအမှတ်လက္ခဏာ (National Identity) ကိုအများအမြင် အရပုံဖော်ပေးတတ်သည်၊၊ တချို့သောကိစ္စရပ်များတွင် Culture သည် Civilization ဖွံ့ဖြိုးမှုကိုအဟန့်အတားဖြစ် စေနိုင်သည်။ ဥပမာ- စွန်းရောက်စံနှုန်းဓလေ့များ၊ အမျိုးသမီးများအားပညာသင်ကြားခွင့်ပိတ်ပင်သည့်ဓလေ့များ။ တချို့သော အချိန်များတွင်လည်း Civilization ပြောင်းလဲမှုဖြစ်သော နည်းပညာတိုးတက်မှု၊ ကလိုဘယ်လိုက်ဇေးရှဲင်းကြောင့် Culture ကိုဖျက်စီးနိုင်သည်။ လူမျိုးတစ်မျိုး၏ အမျိုးသားအမှတ်လက္ခဏာ၏ အမြစ်ဖြစ်သော Culture ကိုထိန်းသိမ်းခြင်း၊ Civilization ဖွံ့ဖြိုးမှု တို့ကိုကောင်းမွန်စွာညှိနှိုင်းထားမှသာ အမျိုးသားအ မှတ်လက္ခဏာကို ခိုင်မြဲစေမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် အမျိုးသားတော်လှန်ရေးနှင့် လူမှုတော်လှန်ရေးတို့ကို လုပ်ဆောင်ရာတွင် တော်လှန်ရေးပြီးဆုံးသည့်အခါ အစားထိုးမည့် နိုင်ငံရေး vision များ၊ စစ်အင်အားတည်ဆောက်ခြင်း၊ အမျိုးသားတည်ဆောက် ရေးကိစ္စရပ်များကို တော်လှန်ရေးတိုက်ပွဲများနှင့်အတူတစ်ပါးတည်းလုပ်ဆောင် သွားရမည်ဖြစ်သည်။ ဒါမှသာ ရေရှည်အတွက်တည်တံ့ခိုင်မြဲသောအောင်မြင်မှုကိုရရှိနိုင်မည်ဖြစ်သည်။ အမျိုးသားတော်လှန်ရေး၏ နိုင်ငံရေး Vision များတွင် လူမှုတော်လှန်ရေးအသွင်ဆောင်သည့် ကိစ္စရပ်များ လည်းပါဝင်နိုင်သည်။ ကမ္ဘာပေါ်တွင်လူသားများရှင်သန်ရပ်တည်နေသရွေ့ လူသားတို့၏လူနေမှုဘဝ၊ ယဉ်ကျေးမှုတို့ သည်လည်း စိန်ခေါ်မှုများစွာဖြင့်ကြုံတွေ့နေကြရအုံးမည်ဖြစ်ပြီး လူမျိုးနှင့်နိုင်ငံများတည်ရှိနေသရွေ့ မိမိနိုင်ငံ၊ မိမိလူမျိုး၏လုံခြုံရေးသည်လည်း စိန်ခေါ်မှုရှိနေအုံးမည်ဖြစ်သည်။ လူမှုတော်လှန်ရေးနှင့် အမျိုးသားတော်လှန်ရေးနိုး ကြားလာခဲ့သည့်  ၁၇ ရာစုမှစ၍လူသားတို့၏ဉာဏ်အလင်းပွင့်လာသောခေတ်ဟု ပညာရှင်များက သတ်မှတ်ထားကြ လေသည်။

Salai Thang Houng 

Related Articles

Back to top button