
“နွေဉီးတော်လှန်ရေး အိမ်မက်ကြီး” – အပိုင်း (၁)
ခွန်းမတ်ရ်ကိုဘန်
ရှေ့ဦးစွာလွတ်လပ်ရေးဖခင်ကြီးနှင့် ဖဒရယ်ပြည်ထောင်စု ပိသုကာကြီးများ ဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များကို ဦးစွားဂါရဝ ပြုပါလျှက် –
ဤပိတ်ဆို့တေ့ဆို့နေသော နွေဉီးတော်လှန်ရေး (၅) နှစ်သားနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဖွဲစည်းပုံ အခြေခံဥပဒေ ရေဆွဲရေး အကျပ်အတည်း အခက်အခဲများ ပြသနာရပ်မှ တစ်ခုတည်းထွက်ရပ်လမ်း ဖြစ်နိုင်ချေရှိသော စစ်မှန်သည့် ဖဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွံစည်းပုံအခြေခံဥပဒေ ရေဆွဲရေးနှင့် နွေဦးတော်လှန်ရေး အိမ်မက်ကြီး ဖြစ်သည့် အမျိုးသားများ တန်းတူ ရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး ဖဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲစည်းပုံ အခြေခံဥပဒေရေးဆွဲရန် အခြေခံမူများနှင့် ကျေားရိုး များကို ဗိုလ်ချုပ် ၁၉၄၇ ခုနှစ် ဖွဲစည်းပုံအခြေခံဥပဒေရေဆွဲရာတွင် အခြေခံမူများ ကျောရိုးများ ပါတိုင်း ကိုးကား အခြေခံထားရှိပြီး ကောက်နှုတ်ပြုစု၍ ဗိုလ်ချုပ် ၁၉၄၇ ခု ဖွဲစည်း ပုံအခြေခံဥပဒေရေးဆွဲခဲ့စဉ်က ချမှတ်ထားသော အခြေခံမူများ/ ကြေားရိုးများနှင့် ဤနွေဦး ၂၀၂၅ ခုနှစ် အမျိုးသားများ တန်းတူ ကိုယ်ပိုင်ပြဌာန်း ခွင့်ရှိပြီး ဖဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖွဲစည်းပုံအခြေခံဥပဒေရေးဆွဲရန် အခြေခံမူ ကြေားရိုးများကို နှိုင်ယှဉ်၍ ကိုးကား ကောက်နှုတ်ပြုစု တင်ပြအပ်ပါသည်။
ဗိုလ်ချုပ် ၁၉၄၇ ခု ဖက်ဒရယ်ပြည်ထောင်စု ဖွဲစည်းပုံအခြေခံ ဥပဒေရေးဆွဲရန် အခြေခံမူများ/ကြေားရိုးများ ချမှတ်ထားခြင်းနှင့် နွေးဦး ၂၀၂၅ ခု အမျိုးသားတန်းတူ ဖဒရယ်ပြည်ထောင်စု ဖွဲစည်းပုံအခြေခံဥပဒေရေးဆွဲရန် အခြေခံမူများ/ကြေားရိုးများ ချမှတ်ထားခြင်း နှိုင်းယှဉ်ချက်များ
ဗိုလ်ချုပ် ၁၉၄၇ ခု အခန်း ၁ ပုဒ်မ ၁ တွင် ပြည်ထောင်စုအမည်ကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဟု သက်မှတ် သည်ဟု ဖေါ်ပြပါရှိသည်။
နွေဦ ၂၀၂၅ တွင် ပြည်ထောင်စုအမည်ကို ပြည်ထောင်စု မြန်မာနိုင်ငံဆိုသည်မှာ မြန်မာလူမျိုး ကို ရည်ညွှန်းဖေါ်ထုတ်ခြင်း ဖြစ်သည်ဟု ယူဆမိသည်။ Burma Proper ခေါ် ဗမာပြည်မ ဖေါ်ပြထားသည်မှာ ဗမာပြည်မတွင် အတူတူ နေထိုင်ကြသည့် မြန်မာလူမျိုး ကရင်လူမျိုး မွန်လူမျိုး ရခိုင်လူမျိုး နှင့် အကြွမ်းဝင် သက်ဆိုင်ပြီး ဗမာကွန်မျူနစ်ပါတီ(ဗကပ) ဗမာပြည်ကျောင်းသားများ သမ္မက(ဗကသ) ဆိုသည်မှာ ပြည်ထောင်စုရှိ တိုင်းရင်းသားများအာလုံးကို အကြွမ်းဝင် သက်ဆိုင်သည်ဟုယုံကြည်သည်။ သိုဖြစ်ပါ၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစား ပြည်ထောင်စု သမ္မတ ဗမာနိုင်ငံတော် ဟုခေါ်ဆိုရန် ဖြစ်သည် သို့သော် အကယ်၍ မြန်မာကို လူမျိုး ဗမာကို တိုင်းရင်းသားများအားလုံး နှင့် အကြွမ်းဝင်သည်ဟု ပိုင်းပိုင်းခြားခြား မသက်မှတ်နိုင်ပါက နောက်ပိုင်းတွင် အရှုပ်အထွေးပြသနာ ဖြစ်လာနိုင်ဖွယ်ရှိသဖြင့် ရှင်းရှင်းလင်းလင်း ဖြစ်စေရန် ပြည်ထောင်စုအစ ပင်လုံက ဆိုရိုးစကားပါအတိုင်း ပြည်ထောင်စု သမ္မတ ပင်လုံ နိုင်ငံတော်ဟု အပြည်အစုံမှာ စည်းလုံးညီညွတ်သော ပြည်ထောင်များ ပြည်ထောင်စု သမ္မတ ပင်လုံ နိုင်ငံတော် ဟူ၍ အင်္ဂလိပ်ဘာသာစကားဖြင့် United States of Union Of Pan Lon အတိုကောက်ဖြစ် (USPL) ဟုခေါ်တွင်မည်ဖြစ်သည်။
ဗိုလ်ချုပ် ၁၉၄၇ ခု အခန်း ၁ ပုဒ်မ(၂) တွင် ပြည်ထောင်စုကို ရှိရင်း ရှမ်းပြည် ကချင်ပြည် ချင်းပြည် ဗမာပြည်မနှင့် သီးခြားလွတ်လပ်သော ကရင်နီပြည် စသည့် ပြည်နယ် ၅ ခုဖြစ် စတင်၍ တစ်ပြိုင်ထဲ စုစည်းပူးပေါင်း ပါဝင်ရန် သတ်မှတ်ထားသည်။
နွေးဦး ၂၀၂၅ တွင် အစဉ်အလာတည်ရှိသော ကချင်ပြည်ထောင် ကရင်ပြည်ထောင် ကရင်နီပြည်ထောင် ချင်းပြည်ထောင် မွန်ပြည်ထောင် မြန်မာပြည်ထောင် ရှမ်းပြည်ထောင် ရခိုင်ပြည်ထောင် စုစုပေါင်း (၈) ပြည်ထောင် တစ်ပြိုင်တည်း စုစည်းပူးပေါင်း ပါဝင်သည်။
ဗိုလ်ချုပ် ၁၉၄၇ ခု အခဏ်း ၁ ပုဒ်မ (၃က) တွင် ပြည်ထောင်စု အဖွဲဝင် ပြည်နယ်သစ်များ ဖေါ်ထုတ်ရန် အခြေခံအင်္ဂါရပ်လက္ခဏာ များ (၇) ချက်ကို ချမှတ်ထားသည်။ ယင်း (၇) ချက်အနက် မြန်မာလူမျိုးနှင့် ဘာသာစကား မတူသော လူမျိုးရှိခြင်း ဆိုသည်မှာ ပြည်ထောင်စုအဖွဲဝင် ပြည်နယ်များ ယာထားပြီးသော ရှမ်း ကချင် ကရင်နီး ချင်း လူမျိုးများ ဆိုလိုခြင်းမဟုတ်ကြောင်း ရှမ်း၊ ကချင်၊ ချင်း၊ ကရင်နီ လူမျိုးများသည် မြန်မာစကားနှင့်တူမတူ မေးဖြေစရာမလိုကြောင်း ရှင်းပေးသည်။ မြန်မာစကား နှင့်မတူသည့် လူမျိုး ဆိုလိုသည်မှာ ဗမာပြည်မ နယ်မြေတွင် အတူတူ နေထိုင်ကြသော ကရင် မွန် ရခိုင် အမျိုးသားပြည်နယ်များကို ဖေါ်ထုတ်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
ထို့နည်းတူ ပင်လုံစိတ်ဓါတ်အမျိုးသား တန်းတူရေး အရ မြန်မာလူမျိုးကိုလည်း ပြည်ထောင်စုအဖွဲဝင် အမျိုးသား ပြည်နယ်ကို တစ်ပြိုင်တည်း ဖေါ်ထုတ် ရမည်ဟု အတိအလင်း ညွှန်းဆို ဖေါ်ထုတ်ထားကြောင်း တွေ့ရှိရပါသည်။
နွေဦး ၂၀၂၅ တွင် ပြည်ထောင်စုအဖွဲဝင် ပြည်ထောင်သစ်များ ဖေါ်ထုတ်ရန် အင်္ဂါရပ် လက္ခဏာများ (၇,၈,၉,၁၀) သန်းခေါင်းစာရင်း ကောက်ယူခြင်း ဒေသခံစန္ဒ ခံယူခြင်း စသည်ဖြင့် လိုအပ်သလို ဖေါ်ပြပြီး ပြည်စုံသည့် ပြည်ထောင်များကို လူမျိုးကိုအခြေခံထားသော ပြည်ထောင်စုအဖွဲဝင် ပြည်ထောင်များအဖြစ် ပါဝင် သက်မှတ်သည်။ ဉပမာ ဝ, နာဂ, ပလောင်, ပအိုဝ်း စသည်တို့ဖြစ်သည်။
ထို့အပြင် ပထဝီ ကိုအခြေခံထားသော ဧရာဝတီတိုင်း အမျိုးသားများပြည်နယ် ပဲခူးတိုင်း အမျိုးသားများပြည်နယ် ရန်ကုန်တိုင်း ရှိမြို့နယ်များအချို့ကို ပြည်ထောင်စု မြို့တော် မဟာရန်ကုန်အဖြစ် လည်းကောင်း ကျန်မြို့နယ်များကို ပုသိမ်မြစ် ရှေနောက်ပိုင်းခြားပြီး ဧရာဝတီတိုင်း အမျိုးသားများပြည်ထောင်နှင့် ပဲခူးတိုင်း အမျိုးသားများ ပြည်ထောင်ဟု ဖေါ်ထုတ်ရမည်။
ပြည်ထောင်စု နယ်မြေကို ပြည်ထောင်စု မြို့တော် မဟာရန်ကုန်၊ ကိုကိုးကျွန်းစု၊ ကြပ်ပြေးနေပြည်တော် မြို့နယ် အချို့နှင့် လိုအပ်သလို သက်မှတ်သွားရန် ဖြစ်သည်။ မဟာမြို့တော်ရန်ကုန် ပြည်သူများ နစ်နာမှုမရှိစေရန် ပြည်သူ့လွှတ်တော်အပြင် ပြည်ထောင်များကဲ့သို့ သင့်တော်သော့ အမျိုးသားလွှတ်တော် အရည်အတွက်ကို သက်မှတ်ပေးရမည်။ ပြည်ထောင်စုအဖွဲဝင် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင် ပြည်ထောင်များ ဟုဖေါ်ပြပါရှိသည်။ သို့သော် မြန်မာ အမျိုးသားပြည်နယ် ပြည်ထောင်း မြေပုံမြေညွန်း ဘယ်မှာနည်း ဟု မေးစရာရှိသည်။ ရှေ့ပဒေသရာဇ် ခတ်ကတဲက ယနေ့ အချိန်ကာလအထိ စကိုင်းတိုင်း တောင်ပိုင်းမြေပြန့်ဒေသ မကွေးတိုင်း မြေပြန့်ဒေသ မန္တလေး တိုင်း မြေပြန့်ဒေသ စသည့် နယ်မြေသုံးခုသည့် တစ်ကောင်း ပြည် အင်းဝပြည် ပင်းယပြည် စစ်ကိုင်းပြည် မုဆိုးဖို့ ရွှေဘိုပြည် ရတနာပုံ မန္တလေးပြည် စသည့်ဒေသများတွင်မြန်မာလူမျိုး ဘူမိနက်သံ ပိုင်းနယ်မြေဖြစ်သည်။
သို့ဖြစ်ပါ၍ တိုင်းရင်းသား ညီအကိုများ အားလုံး ပြည်ထောင်စု ပင်လုံ စိတ်ဓါတ်အရ အမျော်အမြင်ကြီးမားစွာဖြင့် တိုင်ပင်ဆွေးနွေး အပေးအယူ ပြုလုပ်ကြပါက ယင်းနယ်မြေသုံးခုကို ပေါင်းစည်း၍ ပြည်ထောင်စုနိုင်ငံတော် ပြည်ထောင်စု အဖွဲဝင် ပြည်ထောင်တစ်ခုအဖြစ်ဖေါ်ထုတ်ရေး အကယ်၍ အကြပ်အတည်း အခက်အခဲ ဖြစ်ပေါ်ပါက ယင်းနယ်မြေ သုံးခုကို ပြည်ထောင်စုအဖွဲဝင် သုံးပြည်ထောင်အဖြစ် ဖေါ်ထုတ်ရေး၊ ယင်းအချက် နှစ်ချက် ဖေါ်ထုတ်ရန် အကြပ်အတည်း အခက်အခဲ ပြသနာရပ်များ ဖြစ်ပွားပါက ယင်းနယ်မြေသုံးခုကို သီးခြား ပြည်ထောင်ကြီး တစ်ခုအဖြစ် တည်ထောင်ရေး စသည့် အရေးများအပေါ် အမျော်အမြင်ကြီးမားစွာဖြင့် ပြည်ထောင်စု ပင်လုံစိတ်ဓါတ် ကို ဉီးတည်လျှက် တွေ့ဆုံဆွေးနွေး အပေးအယူ ပြုလုပ်ကြမည်ဆိုပါက ပြည်ထောင်စု နိုင်ငံတော်အတွက် နိုင်ငံတော်တည်ဆောက်ရန် အကောင်းဆုံး အခြေအနေကောင်းတစ်ခု ဖေါ်ဆောင်နိုင်မည်ဖြစ်ကြောင်း ယုံကြည် မျော်လင့်မိပါသည်။
ထိုသို့ တိုင်းရင်းသား ညီအကိုများ ပြည်ထောင်စု ကို မတည်ထောင်နိုင်ပါက တစ်အူထုံဆင်း ညီရင်းအကို တစ်မြေထဲ နေ တစ်ရေ ထဲသောက် အေးအတူ ပူအမျှ ဉမကွဲသိုက်မပျက် ထာဝရပူတွဲ အတူနေထိုင်ရေး ဆိုသည့်မှာ ကြွေးကြော်သံသက်သက်သာဖြစ်ပြီး မွှန်းပိတ်ကာ သေကြေပျက်စီး သွားမည်ဖြစ်ပြီး သူတစ်လူ ငါတစ်မင်း မင်းလက်နက် နိုင်ငံတည်ထောင်ရန် အင်အားကြီးသူက အင်အားနည်းသူများကို တိုက်ခိုက် သက်ဖြတ် လုယက် ဖျက်စီး အနိုင်ကျင့်ပြီး လူမျိုး တစ်မျိုးနှင့် တစ်မျိုးသော်လည်းကောင်း လူမျိုးခြင်း တူသော်လည်းကောင်း အပြန်အလှန် တိုက်ခိုက်ကြသော်လဲ တစ်ခေါတ်ပြီး တစ်ခေါတ်သော်လည်ကောင်း ခေါတ်ပြိုင်း၍သော်လည်ကောင်း ပေါ်ထွန်း သော်လည်း တည်ငြိမ်ခြင်း မရှိဘဲ တိုင်းရင်းသားပြည်သူများသာ ဘဝဒုက္ခ မျိုးစုံ ခံစားရမဲ့ ပဒေသရာဇ် ခါတ်ကာလ တစ်ကြော့ ပြန်လည်၍သံသရာ လည်နေအုံမည်ဖြစ်ပေသည်။
သို့ဖြစ်ပါ၍ ဉမကွဲ သိုက်မပျက်ပဲ အလုံးစုံ မွန်းပိတ်ပြီး သေကြေပျက်စီးသွား မည် အစား အချိန်တန်လျှင့် ဉကွဲရမည် သိုက်ပျက်ရမည် ပျံသန်းနိုင်ရမည် လွှတ်လပ်စွာအစာရှာစားနိုင်ပြီး အရေးကြုံအချိန်တန်လျှင် လုံခြုံသည့် ညအိပ်တန်းဝင် အတူတူ ပြန်လည်အိပ်စက် အနာယူနိုင်သော အမျိုးသားများတန်းတူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖဒရယ်ဒီမိုကရေစီ ပြည်ထောင် စုနိုင်ငံတော် တည်ဆောက်ရေးပင်ဖြစ်ပေသည်။
ဗိုလ်ချုပ် ၁၉၄၇ ခု အခန်း ၁ ပုဒ်မ ၃ (ခ,ဂ,ဃ,င) တွင် ပြည်နယ် အဆင့်အတန်း မပြည့်မှီသော်လဲ လူမျိုးငယ်နှင့် လူမျိုးစုငယ်များအတွက် လုံးလောက်သော ကိုယ်ပိုင် အုပ်ချုပ်ရေး အဆင့်အတန်းကို ပေးအပ်ရမည်ဟု ပါရှိသည်။
နွေဦး ၂၀၂၅ ခုနှစ်တွင် ပြည်ထောင်စုအဖွဲဝင် ပြည်ထောင်များအဆင့်အတန်း မပြည့်မှီ သော်လဲ လူမျိုးငယ်များ လူမျိုးစုများ လုံလောက်သော အုပ်ချုပ်ရေး အခွင့် အရေးများဖြစ်သော (၁) ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသနယ်မြေများ၊ ဉပမာ- ပလောင် နာဂ ဓနု ပအိုဝ်း ကိုးကန့် စသည့်နယ်မြေများ ဖြစ်သည် နှင့် ကိုယ်ပိုင်အုပ် ချုပ်ရေးနယ်မြေများ မပြည့်မှီသော လူမျိုးများကို စာပေ ယာဉ်ကျေးမှု့ ထိန်းသိမ်း မြှင့်တင်နိုင်ရန် အမျိုးသားနယ်မြေများ National Area များဖြစ်သော ဉပမာ ကိုးကန့် ကယန်း အင်းသား စလုံလူမျိုး တို့ဖြစ်သည်။ အမျိုးသားနယ်မြေများ မပြည့်မှီသော ဉပမာ ရခိုင်လူမျိုးသည် ရှမ်းပြည်နယ်တွင် ၁၅ ရွာ ၂၀ ရွာ စုစည်း နေထိုင်ခြင်း မွန်လူမျိုးစုသည် ကချင်ပြည်ထောင်တွင် ၁၅ ရွာ ၂၀ ရွာ စုစည်းနေထိုင်ခြင်း မြန်မာလူမျိုးစုသည် ရှမ်းပြည်ထောင်တွင် ရွာပေါင်း ၁၅ ရွာ ၂၀ ရွာ စုပေါင်းနေထိုင်ခြင်း စသည့် လူမျိုးစုများသည် စာပေနှင့် ယဉ်ကျေးမှု မထိခိုက်စေရန်နှင့် ထိမ်းသိမ်း မြှင့်တင် နိုင်ရန်အတွက် ဒေသန္တရ အုပ်ချုပ်ရေး (Local Government) ဒေသများကို သပ်မှတ်ရမည်ဟု ဖေါ်ပြပါရှိပါသည်။ ထိုသို့ ပြည်ထောင်စု အဖွဲဝင် အမျိုးသားပြည်ထောင်များ ဒေသ အခြေခံသော ပြည် ထောင်များ ပြည်ထောင်သစ်များ အားလုံးသည် အဆင့်အတန်းတူ အခွင့်အလမ်း တူ သတ်မှတ် ရမည်။
အထက်ပါကဲ့သို့ နိုင်ငံတော်ပြည်ထောင်စု အဖွဲဝင် ပြည်ထောင်များ ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသများ အမျိုးသားနယ်မြေများ ဒေသံသရ အုပ်ချုပ်ရေး နယ်မြေ များ ကိ အဆင့်ဆင့် ဖွဲစည်းတည်ထောင်ပါက လူမျိုးကြီး လူမျိုးလက် လူမျိုးငယ် ဖိနှိပ်ချုပ်ချယ် မှုအမျိုးမျိုးမှ ကင်းရှင်းပြီး အမျိုးသားများ သွေးစည်းညီညွှတ် စည်းလုံးစွာဖြင့် ပြည်ထောင်စု နိုင်ငံတော်ကြီး တည်ဆောက်နိုင်မည် ဖြစ်ပေ သည်။
ထိုသို့ တိုင်းရင်းသား လူမျိုးကြီး လတ် ငယ်များအားလုံး သွေးစီးညီညွတ် အင်အားဖြင့် မိမိနယ်မြေကို ထိန်းသိမ်း ကြပြီး ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် ကြီးကို အဆင့်ဆင့် ရွေးကောက်တင်မြှောက်ပြီး ပါက နိုင်ငံတော် ယာယီ သမ္မတ သည် ပြည်ထောင်စု နိုင်ငံတော် ကောင်စီဉက္ကဌအဖြစ် လည်းကောင်း ပြည်ထောင်စု ဝန်ကြီးချုပ်သည် ပြည်ထောင်စု နိုင်ငံတော် ကောင်စီ အတွင်း ရေးမှူး အဖြစ်လည်ကောင်း ပြည်ထောင်များဉက္ကဌ သို့မဟုတ် ပြည်ထောင် များအသီးသီးမှ စေလွှတ်သော ခေါင်းဆောင် တစ်ဦးစီသည် ဖဒရယ်ပြည်ထောင်စု ကောင်စီအဖွဲဝင် အဖြစ် လည်းကောင်း ပေါ်ထွန်းလာမည်ဖြစ်ပေသည်။
ဆင်စီးပြီး မြင်းရံ ပေါ်ထွန်းစေရန် နိုင်ငံတော် တိုင်းရင်းသား လူမျိုးများ ခေါင်းဆောင်များ တက်သိပညာရှင်များ ၇ ဉီးမှ ၁၅ ဉီးအထိ ပါဝင်ထားသော ဖဒရယ်ပြည်ထောင်စု အကြံပေးပုဂ္ဂိုလ် များပါဝင်သည့် အကြံပေးကောင်းစီ ပါဝင် ဖွဲစည်းသွားပါက ဖဒရယ် ပြည်ထောင်စု နိင်ငံတော် ကောင်စီဝင်များ ပေါ်ထွန်းလာမည် ဖြစ်ပေသည်။ သို့ဖြစ်ပါ၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာများသည် မင်အောင်လှိုင် စစ်အုပ်စုကို ဆက်ဆံတော့မည် မဟုတ်သည့်အပြင် NUG အစိုးရကိုလဲ စောင့်မျှော်တော့မည် မဟုတ်ပါ။ သမ္မတကြီးနှင့် ဝန်ကြီးချုပ် ဦးဆောင်သော ဖဒရယ်ပြည်ထောင်စု အစိုးရ ကိုသာ ပူးပေါင်း ဆက်ဆံလာကြ တော့မည် ဖြစ်ပေမည်။
သို့ဖြစ်ပါ၍ နွေဦး ၂၀၂၅ ခု ဖွဲစည်းပုံအခြေခံဉပဒေ အခြေခံ မူကြမ်းကို တိုင်ပင်ဆွေးနွေး အပေးအယူ ပြင်ဆင်ဖြည့်စွက်ပြီး အမျိုးသားများတန်းတူ ကိုယ်ပိုင် ပြဌာန်းခွင့် ရှိသော ဖဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက် ရေး အောင်မြင်သည့်အထိ ပါဝင်ကြိုးပမ်းကြပါရန် လေးစားစွာဖြင့် ပြုစု ရေးဆွဲ တင်ပြအပ်ပါသည်။
ခွန်းမတ်ရ်ကိုဘန်
NUGUB (ဖက်ဒရယ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး – ၁၉၉၅-၂၀၁၂)
FCDCC – ဥက္ကဌ (ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းမှုကော်မတီ)