သတင်း

NUG အစိုးရ ပြုပြင်ပြောင်းလဲ စေလိုကြောင်း ဒေါက်တာ တေဇာစန်း ပြော

NUG အစိုးရ ပြုပြင်ပြောင်းလဲ စေလိုကြောင်း ဒေါက်တာ တေဇာစန်း ပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဇူလိုင် ၈၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အနေဖြင့် တော်လှန်ရေးအတွက် အရေးကြီးဆုံးဖြစ်တဲ့ စစ်ရေး၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုကဏ္ဍတို့ကို မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီလို့ မန္တလေးသပိတ် ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းက သူရဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာကတဆင့် ရေးသားပြောဆိုလိုက်ပါတယ်။

NUG အစိုးရကို စတင်ဖွဲ့စည်းချိန်ကနေ ယနေ့ချိန်ထိ နိုင်ငံအတွက်  ဦးဆောင်မည့် တော်လှန်ရေးကာလ အစိုးရ၊ တော်လှန်ရေး တပ်ဦးအဖြစ် လက်ခံ၊ ယုံကြည်ထားကြသလို အားကိုး အားထားပြုနေသော်လည်း NUG အနေဖြင့် ပြည်သူ့နွေဦးတော်လှန်ရေးကို ခရီးဆုံးပန်းတိုင်ထိ ခေါ်ဆောင်နိုင်ရန် လုံလောက်သည့် ခေါင်းဆောင်မှုစွမ်းရည် ကင်းမဲ့နေတယ်လို့ ယမန်နေ့ ဇူလိုင် ၇ ရက်နေ့က ကျရောက်သော ဆဲဗင်းဂျူလိုင်အရေးတော်ပုံ ၆၃ နှစ်ပြည့် ပြည်သူလူထုသို့ အလေးအနက် တင်ပြသည့် စာအတွင်း ဒေါက်တာတေဇာဆန်းက ထည့်သွင်း ဝေဖန် ထောက်ပြ ပြောဆိုခဲ့တာပါ။

“NUG အလုပ်ဖြစ်ဖို့ လိုတယ်၊ ခေါင်းဆောင်မှု အားကောင်းဖို့လိုတယ်၊ စွမ်းဆောင်ရည် ပြည့်ဖို့လိုတယ်၊ ဒီအတွက် NUG မှာ လက်ရှိ တာဝန်ယူထားကြတဲ့ “လူ” ကော၊ ချမှတ်ဆောင်ရွက်နေတဲ့ “မူ” ပါ လိုအပ်သလို ပြင်ဆင် ပြောင်းလဲဖို့ အရေးကြီးတယ်၊ ဒီပြင်ဆင်ပြောင်းလဲမှုကို အချိန်မနှောင်းမီ လုပ်ကြပါ၊ ဒီတော်လှန်ရေး အောင်မြင်ဖို့ အတွက် NUG အားကောင်းဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

ယခု ဝေဖန်ထောက်ပြမှုနှင့် စပ်လျဉ်းပြီး NUG အစိုးရရှိ အမြင့်ဆုံးတာဝန်ရှိသူများအပါအဝင် အဆင့်ဆင့် သော NUG တာဝန်ရှိသူများကို လူတွေ့ သာမက  အွန်လိုင်းကပါ အပ်ကြောင်းထပ်အောင် ထပ်ခါထပ်ခါ တင်ပြခဲ့ပြီး ဖြစ်ကြောင်း သူက ပြောထား ပါသေးတယ်။

ဒါ့အပြင် ပြည်ပမှာ ရောက်ရှိနေတဲ့ ထိပ်ပိုင်းခေါင်းဆောင်များ ပြည်တွင်းပြန်လာဖို့ ယယီသမ္မတ ဒူဝါလရှီးလ၏ ဖိတ်ခေါ်ထားမှုကိုလည်း လေးစားလိုက်နာဖို့ တိုက်တွန်းထားသလို အခုနှစ် ၂၀၂၅ ခုနှစ်အတွင်း အသွင်ကူးပြောင်း ရေး အစိုးရတရပ် ပေါ်လာနိုင်ဖို့ တော်လှန်ရေးအင်အားစုများမှာလည်း တာဝန်ရှိတယ်လို့ အကြံပြု ပြောဆိုထား ပါတယ်။

ဓာတ်ပုံ – Tayzar San’s Facebook

Related Articles

Back to top button