
CDM ဥပဒေ ဘာလဲ၊ ဘယ်လဲ (စကားဝိုင်း)
အခုစကားဝိုင်းမှာတော့ CDM ဥပဒေက လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းအရ ဘယ်လောက်ထိ လိုအပ်ပါသလဲ။ နွေဦးတော်လှန်ရေးနဲ့ ဖက်ဒရယ်တည်ဆောက်ရေး လမ်းကြောင်းထဲမှာ CDM / Non CDM များရဲ့ အခန်းကဏ္ဍကို ဘယ်လိုရှုမြင်ဖို့ လိုအပ်နေလဲ။ ဒါ့အပြင် CDM ဥပဒေက ဒီမိုကရေစီစံနှုန်း၊ လူ့အခွင့်အရေးစံနှုန်းတို့နဲ့ ကိုက်ညီမှု ရှိပါသလား စတဲ့အကြောင်းအရာတွေကို အဓိကထား ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
– ပါဝင် ဆွေးနွေးမည့်သူများ
၁။ အမရာဟိန်း (Lay counselor (Asia sisterhood network) GBV focal person (PFWM))
၂။ ကိုကျော်ဇေယျ (ဥပဒေရေးရာနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)
၃။ ဦးသုခ (CDM ကထိက၊ ရွှေဘိုတက္ကသိုလ်)
၄။ ဉာဏ်လင်းပြည့် (FJMM / Moderator)
– အစီအစဉ်
ရက်စွဲ – ဇွန် ၃၀၊ ၂၀၂၅
အချိန် – ညနေ ၆ နာရီ(မြန်မာချိန်)
၁။ အခု စကားဝိုင်း အစီအစဉ်ကိုတော့ ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ မိတ်ဖက် သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများရဲ့ သတင်း ကွန် ရက် ဖေ့စ်ဘုတ် စာမျက်နှာများကနေ တပြိုင်နက် ထုတ်လွင့် တင်ဆက်နေတာ ဖြစ်ပါတယ်။
၂။ အခု စကားဝိုင်း အစီအစဉ်ကို တိုက်ရိုက် ထုတ်လွင့် တင်ဆက်ခွင့်ပြုခဲ့တဲ့ မိတ်ဖက် သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက အထူးကျေးဇူး တင်ရှိပါတယ်။
#CRPH #CDM_ဥပဒေ #စကားဝိုင်း
#FJMM #June_TalkShow_2025 #မိတ်ဖက်မီဒီယာ #မိတ်ဖက်အဖွဲ့အစည်းများ