တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 35, May 13, 2025)

၁။ ရန်ကုန်သွားတဲ့ မင်းပြားဒေသခံ ချင်းလူငယ် ၇ ဦးကို AA က ဖမ်းဆီးလိုက်ပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်နေ
 May 13, 2025
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖေသာပြင်ကျေးရွာက ချင်းလူငယ် ၇ ဦးဟာ ရန်ကုန်ကို သွားရောက်စဥ် အမ်းမြို့ရှိ ရခိုင့်တပ်တော် AA ရဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖမ်းဆီးခံရပြီး အ ဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ AA ထိန်းချုပ်နယ်မြေ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် စတဲ့မြို့နယ်တွေမှာ လူငယ်တွေကို စစ်သင်တန်း တက် ရောက်ခိုင်းတာ၊ စစ်မှု ထမ်းခိုင်းတာတွေကြောင့် ချင်းလူငယ် ၇ ဦးဟာ ရန်ကုန်ကို ထွက်ပြေးလာကြတာဖြစ်တယ်လို့ ဆိုပါတယ်။ “ရွာဘက်မှာ အခြေအနေ လုံးဝ မကောင်းဘူး။ AA တွေက ပြည်သူတွေကို အမျိုးမျိုးလုပ်နေကြတယ်။ အခုဆို လူငယ်တွေ ပြည်ပ ထွက်ခွာဖို့ ပိတ်ဆို့ထားပြီး စစ်သင်တန်းတက်ရောက်ဖို့ ဖမ်း ဆီးတယ်။ ကျန်းမာရေးမကောင်းဘူး၊ အသက်မပြည့်သေးဘူး ပြောလို့ လည်းမရဘူး။ ဒါကြောင့် လူငယ် ၇ ယောက်က ရန်ကုန်ပြေးလာကြတာဖြစ်တယ်”လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တစ်ဦးက ပြောပါ တယ်။ AA ဖမ်းဆီးသွားတဲ့ ချင်းလူငယ် ၇ ဦးဟာ မိ သားစုဝင်တွေနဲ့ ဒီကနေ့အထိ အဆက်သွယ်တစ်စုံတစ်ရာ မရရှိသလိုမည် သည့်နေရာမှာ ချုပ်နှောင်ထားတယ်ဆိုတာလည်း မသိရှိရကြောင်း၊ မိသားစုဝင်တွေက တွေ့ခွင့်ရဖို့ AA ဆီ တောင်းပန်ပြီး တွေ့ခွင့် ပေးဖို့ ပြောဆိုပေမယ့် တွေ့ခွင့်မပေးကြောင်း သက်ဆိုင်ရာမိသားစုဝင်တွေက ပြောပါတယ်။

“အဖမ်းခံရကတည်းကနေ ဒီကနေ့ထိ အဆက်သွယ်မရသေးဘူး။ အမ်းမြို့အဝင်၊ အထွက် AA ဂိတ်မှာ ဖမ်းဆီးခံရတယ် လောက်ပဲ သိရတယ်။ မိဘတွေက တွေ့ခွင့်ရဖို့၊ အဆက်သွယ်ရဖို့ AA ဆီ တောင်းပန်ပေမယ့် မသိဘူးဆိုပြီး မချေငံ စကားတွေ ပြောသွားသေးတယ်။ အခုမိဘတွေက စိတ်ပူနေကြတယ်။ အဆက်သွယ်အစန လုံးဝ မရဘဲ ပျောက်ဆုံးနေတယ်”လို့ ဖမ်းခံရတဲ့ မိသာစုဝင်တစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေဟာ အသက် ၁၅ နှစ်အရွယ် မိုင်ပါစော၊ အသက် ၁၄ နှစ်အရွယ် မိုင်ဗွေစော၊ အသက် ၁၅ နှစ်အရွယ် မိုင်သဇင်၊ အ သက် ၁၅ နှစ်အရွယ် မိုင်မကြာဦး၊ အသက် ၁၉ နှစ်အရွယ် မိုင်ဆိုဘောက်၊ အသက် ၁၇ နှစ်အ ရွယ် ဆလိုင်းဦးသန့်နဲ့ အသက် ၁၇ နှစ်အရွယ် ဆလိုင်း ဘောက်ဆိုပ်မ် တို့ဖြစ်ပါတယ်။  အဲဒီလူငယ်တွေကို မိသားစုဝင်တွေက AA ရဲ့ တပ်သားသစ်စုဆောင်းခံရမှာမလိုလားသလို စိုးရိမ်နေရကြောင်း၊ အဆက်သွယ်ရလိုပြီးအမြန်ဆုံး လွှတ် ပေးစေချင်တယ်လို့ ဆိုပါတယ်။ ၎င်းတို့ဟာပွဲစားဆီမှာ ပိုက်ဆံ ၁၅ သိန်းကျပ်စီ ပေးဆောင်ပြီး ရန်ကုန်မြို့ကို တိမ်းရှောင်ကြဖို့ သွားကြတာဖြစ်ပါတယ်။ “ချင်းတွေရော၊ ရခိုင်တွေရော လူငယ်တွေ အကုန်နီးပါးပဲ ရန်ကုန်ရှောင်ကြတာ။ တချို့က AA ဂိတ်တွေ မှာဖမ်းမိသလို တချို့က ဖမ်းမမိဘဲ ရန်ကုန်ရောက်သွားကြတယ်။ အဲလိုသွားဖို့ ပွဲစားဆီမှာ ၁၅ သိန်းပေးရတယ်။ အရင်ကလို ကိုယ်ကြိုက်တဲ့လမ်းကနေ သွားလို့မရဘူး။ AA ဂိတ်တွေမဖြတ်ရဖို့တောလမ်းကနေ  လမ်းပြအဖြစ်ပွဲစားတွေခြေကျင်​လျှောက်ရ တာမို့ ရတာနဲ့သွားရတာဖြစ်တယ်။ AA က ပြည်ပထွက်ခွင့်မပေးသလို ထွက်လ်ို့ရတဲ့ လမ်း​ကောင်းတွေမှာ ဂိတ်ချထားတယ်”လို့ မင်းပြားမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ AA ရဲဘော်တွေဟာပြည်သူတွေအပေါ် အမျိုးမျိုးဖိနှိပ်၊ အသက် အန္တရာယ်ခြိမ်းခြောက်တာတွေနဲ့ ကြုံတွေ့ရပြီး AA ပြောခွင့်ရ ဦးခိုင်သုခရဲ့ မီဒီယာတွေအပေါ် ပြောဆိုမှုနဲ့အများကြီးကွဲလွဲနေ တယ်လို့သိရပါတယ်။ Read in Full

၂။ ညောင်ရွှေမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ
 May 12, 2025
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ညောင်လေးပင် ကျေးရွာနှင့် ရေပူကျေးရွာဖက်တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေး အင်အားစုတို့ တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။  စစ်ကောင်စီဘက်မှအပစ်ခတ်ရပ်စဲရေးကို မေ ၃၁ ရက်အထိ ထပ်မံတိုးထားသော်လည်း အင်းလေးဒေသဘက်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် လက်နက်ကြီးဗုံးကြဲမှုပြုလုပ် ခဲ့ ကြောင်းသိရသည်။ “စံကားအရှေ့ဘက်မှာတိုက်ပွဲ ဖြစ်ပွားနေတယ်။ ရေပူတို့ ညောင်လေးပင်တို့ဖက်မှာတော့ PDF တွေနဲ့ PNO တွေနဲ့ တိုက်ပွဲ ပြင်းထန်နေတယ်” ဟု PNOအရာရှိတစ်ဦးက ပြောသည်။ ထို့အပြင် စစ်ကောင်စီတပ်သားများသည် ဘုရားတောင် ကျေးရွာ၊ ရေပူကျေးရွာဘက်သို့ လက်နက်ကြီး ဒရုန်းဖြင့် နေ့စဉ်တိုက်ခိုက်မှုပြုလုပ်နေကြောင်း၊  ထိုဒေသမှ ပြည်သူများ နီးစပ်ရာ ကျေးရွာသို့ ရွာလုံးကျွတ်စစ်ရှောင်နေရကြောင်း  ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။“တိုက်ပွဲကတော့ နေ့တိုင်းပြန် ဖြစ်နေတယ်။ စစ်ကောင်စီဘက်ကလည်း မြေပြင်ရော လေယာဉ်ရော ထိုးစစ်ဆင်တိုက် နေတယ်။ စစ်ရှောင်တွေကတော့ နီးစပ် ရာ ရွာတွေ နားပြေးရှောင်နေ ကြရတာပဲ။ PNOကိုလည်း ကြောက်ရ၊ စစ်သားတွေကိုလည်း ကြောက်ရနဲ့ ပြည်သူတွေ ပဲခံနေရ တာ။ စစ်ဆို ဘယ်စစ်မှ မကောင်းဘူး။” ဟု စံကားဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဆက်လက်ပြီး စစ်ကောင်စီလက်အောက်ခံ PNA/PNOပြည်သူ့စစ်များက စံကားဒေသဖက်တွင် ပြည်သူပိုင်လှေငယ်များ ၌ တပ်ဆင်ထားသည့် ဟွန်ဒါစက်များကို ဖြုတ်ခိုင်းထားဖြင့်  ငါးရှာရောင်းသောသူများအခက်တွေ့နေရသည်ဟု အဆိုပါ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် မေလ (၅)ရက်နေ့တွင်လည်း ရေပူ (ထီခိုး)ကျေးရွာကို စစ်ကောင်စီတပ်မှ ဂျက်မိုက် တာ (၂)စီးဖြင့် ပေါင်(၅၀၀)ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် မေလ (၆)ရက်တွင်လည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက ညောင်ရွှေမြို့နယ် စန့်စွဲကျေးရွာကို အင်အား (၂၀၀)ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ်အလုံး(၂၀) ထက်မနည်း ပျက်စီးသွားခဲ့ရကြောင်း  ဖယ်ခုံပြည်သူ့ ကာကွယ်ရေးတပ် မတော် (၁၀၀၆) တပ်ရင်းက ထုတ်ပြန်ထားသည်။ Read in Full

၃။ ကထိက ဆရာမ ပျောက်ဆုံးမှု စစ်ကောင်စီထုတ်ပြန်ချက် “တာဝန်မဲ့လုပ်ရပ်” ဟု AA ပြော
 May 12, 2025
ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကထိက ဆရာမ ဒေါ်ဝင်းဝင်းအောင်သည်  ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းရန် ကြိုတင်ကြံစည်ခဲ့ခြင်းဆိုသည့် စစ်ကောင်စီထုတ်ပြန်ချက်သည် ၎င်းတို့၏ ဝန်ထမ်းတဦး အပေါ် တာဝန်ယူမှုတာဝန်ခံမှုမရှိသည့် ပြောဆိုချက်ဟု ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ပြောခွင့်ရသူ ခိုင်သုခ က ပြောသည်။“တာဝန်ထမ်းဆောင်ဆဲ ပညာရေးဝန်ထမ်းတဦး သူတို့ထိန်းချုပ်နယ် မြေကနေ ပျောက်ဆုံးသွားတယ်ဆို တာ သူတို့မှာပဲ အဓိက တာဝန်ရှိပါတယ်။ အခုစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိဘဲနဲ့ လက် လွတ်စပယ်ပြောဆိုတဲ့ တာဝန်မဲ့တဲ့ လုပ်ရပ် ပြောဆိုမှုပဲ ဖြစ်တယ်” ဟု ခိုင်သုခ က ပြောသည်။ ပြီးခဲ့သည့် မေလ ၈ ရက်နေ့တွင် ဒေါ်ဝင်းဝင်းအောင်အား မိတ္ထီလာမြို့နယ်တနေရာတွင် ဖမ်းဆီးရမိခဲ့ပြီး လိုအပ်သည့် စုံစမ်းစစ်ဆေးမေးမြန်းချက်များ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း၊ နွားထိုးကြီး PDF က ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီကမူ ကထိက ဒေါ်ဝင်းဝင်းအောင်သည် AA ထိန်းချုပ်နယ်မြေအတွင်းရှိ ပညာရေးဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းကူညီနိုင်ရေး အတွက် AA နှင့် ကြိုတင်ကြံစည်ဆက်သွယ်မှုများရယူခဲ့ကာ မေလ ၇ ရက်တွင် ဆားလင်းကြီး PDF ၏ ချိတ်ဆက်မှုဖြင့် မိတ္ထီလာ မြို့မှ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာသို့သွားရောက်ခဲ့ကြောင်း ယနေ့ (မေလ ၁၂ ရက်) ထုတ် သတင်းစာတွင် ဖော်ပြထားသည်။ သို့သော် ယနေ့ထိ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေသို့ ရောက်ရှိလာခြင်းမရှိကြောင်းနှင့် စုံစမ်းနေဆဲဖြစ် ကြောင်း AA ဘက်က ပြောသည်။

“အခုချိန်ထိတော့ ကျွန်တော်တို့ဆီကို ရောက်လာတာမျိုးမရှိသေးပါဘူး။ ပြီးတော့ ဒီဆရာမဟာ ရခိုင်လူမျိုးတယောက် ဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေမှာတွေ့တဲ့အတွက် ကျွန်တော်တို့လည်းပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်ပါတယ်” ဟု ခိုင်သုခ က ပြောသည်။ ကထိက ဒေါ်ဝင်းဝင်းအောင်သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဇာတိဖြစ်ပြီး တက္ကသိုလ်များတွင် နည်းပြ ဆရာမ အဖြစ် တာဝန်မထမ်းဆောင်မီကာလတွင်  စစ်တွေမြို့ရှိ မူလတန်း၊ ထက်တန်းကျောင်းများတွင် မူလတန်းပြ၊ အလယ် တန်းပြ ရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း စစ်ကောင်စီက ဖော်ပြထားသည်။ ကထိက ဒေါ်ဝင်းဝင်းအောင်သည် စစ်ကောင်စီ ယန္တရားကို လည်ပတ်စေနိုင်သည့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ စီမံ၊ ဘဏ္ဍာဌာနမှူး ဦးအောင်ဆန်း၏ ဇနီး ဖြစ်ပြီး လိုအပ်သည့် စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်နေကြောင်း နွားထိုးကြီး PDF က မေလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ Read in Full

၄။ ကျိုက်ထိုမြို့နယ် ဝင်းကံရွာနှင့်ကရဝေးဆိပ်ရွာကို လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိ
 May 12, 2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဝင်းကံရွာနှင့်ကရဝေးဆိပ်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက် ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကာ နေအိမ် ၂၅ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းရှိ ဦးမောင်အုန်းကြည်၊ ဦးနိုင်လင်းဦး၊ ‌ဦးပိုရိုး၊ ဖြူဝင်းတို့၏ နေအိမ် ၄ လုံး မီးလောင်ကျွမ်းခဲ့ပြီး ဖားထာခို နှင့် ဦးခင်‌မောင်ဌေးတို့၏ နေအိမ် ၂ လုံးလည်း ဗုံးစထိမှန်ကာ ပျက်စီးကာ အသက် ၃၁ နှစ်အရွယ် စောဖိုးလင်းလင်းနှင့် အသက် ၁၈ နှစ်အရွယ် စောနေတိုး တို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယင်းနေ့ ည နေ ၄ နာရီ ၁၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ်-၄၄ ခြေမြန်တပ်မဌာနချုပ်က ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ် ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအတွင်းနှင့် ကရဝေးဆိပ်ရွာ တောထန်းခြံများထဲကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိ ရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ကရဝေးဆိပ်ရွာ အလယ်စုတွင် နေထိုင်သော အသက် ၆၆ နှစ်အရွယ် ဒေါ်ခင်အေး လက်နက်ကြီးကျည်စ ထိမှန်ကာ ပွဲချင်းပြီး သေဆုံးပြီး ပြည်သူ ၂ ဦး ထိမှန် ဒဏ်ရာရပြီး နေအိမ် ၄ လုံး အသုံးအဆောင်ပစ္စည်းများ မီးလောင်ပျက်စီးပြီး နေအိမ် ၂ လုံး ဗုံးသီး ကျည်စထိမှန် ပျက်စီးပြီး တောထန်းပင်းများလည်း ထိမှန်ခဲ့ကြောင်း သိရသည်။ မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်တပ်က Jet Fighter ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး၊ ပေါင် ၂၀၀ ဗုံး ၁ လုံး ကျဲချခဲ့ရာ ဦးစိန်မျက်ခုံးအိမ်သို့ ပေါင် ၅၀၀ ဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ပြိုကျ ပျက်စီး၍ ဦးစောမြထူးအိမ်ရှေ့ ပေါင် ၂၀၀ ဗုံးသီး တစ်လုံးကျရောက်ပေါက်ကွဲကာ နေအိမ် ပြိုကျပျက်စီးသည့်အပြင် ဦးမောင်နိုင်၊ ဒေါ်စန်း၊ ဒေါ်ခင်ချို၊ ကိုကြီးသာ၊ ကိုကိုဦး၊ ကျော်ဆန်းဦး၊ ကိုကြည်ဝင်း၊ ကိုစန်းလွင်၊ ဦးလှသိန်း၊ ဦးသိန်းတန်၊ ဦးခင်မောင်အေး တို့ ၏ နေအိမ်များ ပြင်းပြင်းထန်ထန် ထိခိုက် ပျက်စီးခဲ့ပြီး အသက် ၅၃ နှစ်အရွယ် ဦးမောင်နိုင်နှင့် အသက် ၁၃ နှစ်အရွယ် မောင်မြင့်မြတ်ထွေးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ Read in Full

၅။ ချင်းညီနောင်အဖွဲ့ကို တပ်မတော်တစ်ရပ်အဖြစ် တိုးမြှင့်ဖွဲ့စည်းမည်
 May 12, 2025
ချင်းကာကွယ်ရေးတပ်ဖွဲ့ ၆ ဖွဲ့ ပေါင်းစည်းထားသော ချင်းညီနောင်အဖွဲ့ကို ချင်းပြည်နှင့် ချင်းတမျိုးသားလုံးကို အကာ အကွယ်ပေးနိုင်သည့် တပ်မတော်တစ်ရပ်အဖြစ် တိုးမြှင့်ဖွဲ့စည်းနိုင်ရေး စတင်လုပ်ဆောင်နေပြီဟု ချင်းညီနောင်အဖွဲ့က ကြေညာ သည်။ ချင်းပြည်နယ်၊ လွတ်မြောက်နယ်မြေ တနေရာတွင် မြေပြင်အစည်းအဝေးတရပ်ကို ဧပြီလ ၂၆ ရက်မှ ၂၉ ရက်အထိ ချင်းညီ နောင်အဖွဲ့ဝင်များက အောင်မြင်စွာ ကျင်းပပြီးနောက် အနာဂါတ် စစ်ရေး၊ နိုင်ငံရေး အပါဝင် ကျယ်ပြန့်သော  သဘောတူညီချက် အသစ်များ ဆုံးဖြတ်၊ ထွက်ပေါ်လာခြင်းကို မေလ ၁၁ ရက်မှာ ချင်းညီနောင်က တရားဝင်ထုတ်ပြန်သည်။  ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့များ ပေါင်းစည်းကာ ချင်းပြည်နှင့် ချင်းတမျိုးသားလုံးကို အကာအကွယ်ပေးနိုင်သည့်ပိုမိုကျစ်လစ်ခိုင်မာသော တပ်မတော် တစ်ရပ် (Standard Army) အဖြစ် တိုးမြှင့်ဖွဲ့စည်းနိုင်ရန် အခြေခံမှုများ ချမှတ်ခဲ့သည်ဟု ဆိုသည်။“အဓိက ကျနော်တို့က One Army အနေနဲ့ သွားနိုင်ဖို့က ကျနော်တို့ရဲ့ ချင်းညီနောင်အဖွဲ့အစည်းမှာ ၆ ဖွဲ့ ရှိပါတယ်။ အဲဒီ ၆ ဖွဲ့ စလုံးက ကိုယ့်ရဲ့ မိခင်တပ်ဖွဲ့မှာ ကျစ်ကျစ်လစ်လစ်နဲ့ Command နဲ့ Control ကောင်းကောင်းလေးနဲ့ အဓိကက Chain of Command ပေါ့။ စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်း ကောင်းကို တည်ဆောက်နိုင်အောင် အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်။ အဲဒီလို Chain of Command သွားနိုင် ဖို့က သင်တန်းက အရမ်းအရေးကြီးပါတယ်။ အခုချိန်ကနေ စပြီးတော့ ချင်းညီနောင်အဖွဲ့မှာ ပါတဲ့သူ၊ အားလုံးက တူညီတဲ့ သင်တန်း သင်ခန်းစာတွေ၊ တူညီတဲ့ သင်တန်းကြာ ချိန်တွေ၊ ၄ လလား၊ ၆ လားပေါ့။ အားလုံး တစ်စု တစ်စည်းထဲ သွားနိုင်ဖို့က တူညီတဲ့အရာတွေ လိုအပ်ပါတယ်” ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ – CNDF နှင့် ချင်းညီနောင်အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

ချင်းပြည်အစိုးရ ပေါ်ပေါက်လာရေးအတွက် တန်းတူညီမျှခြင်း၊ တရားမျှတခြင်း၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်း အစရှိ သော ဒီမိုကရေစီ စံနှုန်းထားများ ပါဝင်သည့် ချင်းညီနောင်၏ Terms of Reference (ToR) အတိုင်း ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်ဟု သိရသည်။ “ချင်းပြည်အစိုးရ ဖွဲ့စည်းဖို့ကတော့ လိုအပ်တဲ့ ကျနော်တို့ရဲ့ ချင်းချာတာကိုလည်း ပြန်သုံးသပ်မှုတွေ လုပ်ဖို့ ဆွေးနွေးထားတာ လည်း ရှိပါတယ်။ ICNCC မှာ Draft (မူကြမ်း) တော့ ထွက် လာ ပြီ။ အဲဒါကို ချင်းညီနောင်ရဲ့ သဘောထား ပြန်ပြီးတော့ review လုပ်ဖို့ ဒီဟာကို အဖွဲ့အစည်းတခုကနေ လူပုဂ္ဂိုလ် ၂ ဦးစီဆိုပြီး ကိုယ်စားလှယ် လွှတ်ပြီးမှ ချင်းပြည်အစိုးရ ပေါ်ပေါက်လာဖို့ လိုအပ်တဲ့ ချင်းချာတာကိုလည်း ပြန်ပြင်ဆင်နေတဲ့ အခြေအနေမှာ ရှိပါတယ်”ဟု ဆလိုင်းတင်မီက ပြောသည်။ ချင်းပြည်အစိုးရကို ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အနာဂါတ်တွင် ချင်းပြည် သူလူထုတရပ်လုံးကို ကိုယ်စားပြုနိုင်ရေး ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ပြည်တွင်း မဟာမိတ်ဆက်ဆံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးတို့တွင်ဖြစ်စေ၊ စစ်ရေး၊ နိုင်ငံရေးနှင့် လူမှုစီးပွားရေးတို့တွင်ဖြစ်စေ မူဝါဒများ ရေးဆွဲနိုင်ရေးအတွက် အခြေခံသဘော တူညီချက်များ ချမှတ်နိုင်ခဲ့သည်ဟု သိရသည်။ ချင်းညီနောင်အဖွဲ့တွင် CDF – Mindat ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNDF၊ PDF – Zoland ၊ CDF – Matupi ၊ CDF – Kanpetlet  နှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF တို့ ပါဝင်သည်။

၆။ တပ်မဟာ(၄)နယ်မြေရှိ စစ်ကောင်စီတပ်များကို မောင်းထုတ်မည်ဟု KNLA ဒုစစ်ဦးစီးချုပ် ပြော
 May 12, 2025
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေအတွင်း ရှိပြည်သူလူထုများ၏ လုံ ခြုံရေး အတွက် နယ်မြေရှိ စစ်ကောင်စီတပ်အားလုံးကို မောင်းထုတ်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသားလွတ်မြောက် ရေး တပ်မတော် (KNLA)ဒုတိယစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောကြားသည်။ တနင်္သာရီကမ်ပိန်းနှင့်ပတ်သက်ပြီး KNLA ဒုစစ်ဦးစီးချုပ်က တိုက်တွန်းစကား ပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “အခုအချိန် မှာ တနင်္သာရီ ကမ်ပိန်း တနင်္သာရီ တိုင်းဒေသကြီးအတွက် ပူးပေါင်းပါဝင်ဖို့ အင်အားနဲ့ ထောက်ပံ့မှု တွေများစွာ လိုအပ်နေတယ်။ ကျနော်တို့ အားလုံး ပူးပေါင်းပါဝင်မယ်ဆိုရင် ကြီးမားတဲ့ အင်အားတခုဖြစ်လာမယ်။ အဓိက အင်အားပဲလိုတယ်။ ပူးပေါင်းပါဝင် ညှိနှိုင်းဆွေးနွေးမှု၊ နားလည်မှု ဒါတွေအားလုံးက အင်အားအရင်းအမြစ်ဖြစ်တယ်။ တနင်္သာရီတလျှောက်လုံးနဲ့ တပ်မဟာ(၄) နယ် မြေ တခုလုံးမှာရှိနေတဲ့ နေရာအများစုက ပြည်သူလူထုတွေရဲ့ လုံခြုံရေးအတွက်နဲ့ ကျနော်တို့ နယ်မြေထဲမှာရှိတဲ့ ရန်သူတွေအား လုံးကိုမောင်းထုတ်ရမယ်။ပြီးတော့ ကျနော်တို့ လူမျိုးအတွက် စစ်မှန်ပြီး မှန်ကန်တဲ့ အုပ်ချုပ်ရေးစနစ်ကို တည်ဆောက်ရမယ်” ဟု ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောသည်။ အနာဂတ်တွင် တခြားသော လူမျိုးများနှင့်အတူ အသက်ရှင်နေထိုင်ရန် အတွက်၊ ကရင်လူမျိုးများ၏ ပြီးပြည့်စုံသည့် လူမှုဘ၀နေထိုင်မှုရရှိရေးအတွက်  တနင်္သာရီကမ်ပိန်း၌လိုအပ်နေသည့် အထောက် အပံ့များကို  တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ ကရင်လူမျိုးများသာမက အခြားသော နေရာဒေသများရှိ ကရင်လူမျိုးများ အား လုံး ပူးပေါင်းပါဝင်အင်အားဖြည့်ကြရန်လည်း KNLA ဒုစစ်ဦးစီးချုပ်က တိုက်တွန်းသည်။

“ဒါကြောင့် နေရာတိုင်းမှာ ရှိနေကြတဲ့ ညီအကို မောင်နှမများနဲ့ခေါင်းဆောင်များအားလုံး ဒီကမ်ပိန်းအကြောင်းကိုကြား သိကြရင် လက်လှမ်းမီသလောက် တက်နိုင်သလောက် စေတနာ စိတ်ရင်းအမှန်နဲ့ ကူညီကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။ နည်းတာ များတာ အဓိက မဟုတ်ဘူး။ ကျနော်တို့ ရည်ရွယ်ထားတဲ့ အနာဂတ်ကို ရောက်ရှိဖို့ အတွက် တက်နိုင်သလောက် ဝိုင်းဝန်း အားဖြည့် လုပ်ဆောင်ကြဖို့ တကယ်လိုအပ်တယ်”ဟု ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက  ပြောကြားသည်။ တနင်္သာရီကမ်ပိန်း ရံပုံငွေ ရှာဖွေမှုကို မေလ ၁ ရက်မှ ဇွန်လ ၁၅ ရက်အထိ တလခွဲအတွင်း ထိုင်းဘတ် ၃ သန်း ရရှိရေး ဦးတည် လုပ်ဆောင်လျက်ရှိသည်။ ကမ်ပိန်းလုပ်ဆောင်ရခြင်းမှာ အကြောက်တရားများနှင့် ရင်ဆိုင်နေရသည့် ပြည်သူများကို အကာ အကွယ်ပေးရန်၊ လိုအပ်သည့် တည်ငြိမ်ရေးနှင့် ကောင်းမွန် သော အုပ်ချုပ်ရေး စနစ်ကို တည်ဆောက်ရန်၊ စစ်အာဏာရှင်အား တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ KNU တပ်မဟာ(၄)နယ်မြေဒေသ အတွင်းမှ တွန်းထုတ်ရန် ရည်ရွယ်ကြောင်း ကမ်ပိန်း ဦး ဆောင်သူများက အသိပေးသည်။ Read in Full

၇။  အမ်းမြို့မှာ စစ်ကောင်စီနှင့် ပတ်သက်သည့် နေအိမ် ၂၀‌ ကျော်ကို AA ချိပ်ပိတ်
 May 12, 2025
ရခိုင်ပြည်၊ အမ်းမြို့နှင့် အမ်းမြို့ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီနှင့်ပတ်သက်သည့်ဟုဆိုကာ အမ်းမြို့ရှိ နေအိမ် ၂၀ ကျော်ကို AA မှ ချိပ်ပိတ်လိုက်သည်။ အမ်းမြို့ ကို အာရက္ခတပ်တော် AA က ထိန်းချုပ်ပြီးနောက်ပိုင်းတွင် ULA/AA အဖွဲ့များက အုပ်ချုပ်ရေး ဆောင်ရွက်နေပြီး စစ်ကောင်စီနှင့် ဆက်နွယ်နေသည့် အမ်းမြို့ရှိ နေအိမ်များကိုလည်း ချိပ်ပိတ်ထားခြင်းဖြစ်သည်။ ချိပ်ပိတ်ထားသည့်အထဲတွင် အမ်းမြို့သစ်ရပ် ကွက်၊ အမှတ် ၃၊ အမှတ် ၄၊ အမှတ် ၅ ရပ်ကွက်နှင့် လေယာဉ်ကွင်းရပ်ကွက်တို့မှ စစ်ကောင်စီနှင့် ပတ်သက်မှု ရှိသူများ၏ နေအိမ် များ စက်ရုံများလည်း ပါဝင်သည်။ အမ်းမြို့အတွင်း ULA/AA အဖွဲ့များက အုပ်ချုပ်ရေး ဆောင်ရွက်နေပြီး မြို့အတွင်းသို့ စစ်ဘေး ရှောင်များ ဝင်ရောက်ခြင်းမှု မရှိသေးကြောင်း စစ်ဘေးရှောင်သူများနှင့် စစ်ရေးသိရှိထားသူများက ပြောသည်။ “ကျွန်တော်တို့ ကတော့ အခုချိန်ထိ အမ်းမြို့ကို ဝင်ခွင့်မရသေးပါဘူး။ AA ကတော့ မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ မြို့သစ်ရပ်ကွက်၊ အမှတ် ၃၊ အမှတ် ၄၊ အမှတ် ၅ ရပ်ကွက်နဲ့ လေယာဉ်ကွင်းရပ်ကွက်က စစ်ကောင်စီနဲ့ပတ်သက်တဲ့ အိမ်တွေကို ချိပ်ပိတ်ထားတာပါ။ ချိပ်ပိတ် တာ အိမ်ခြေ ၂၀ ကျော်လောက်ရှိမယ်။ နပခ တပ်နားကအိမ်တွေ အောက်ရွာရပ်ကွက်က ထူးခဲကြီး ရေသန့်စက်ရုံကိုလည်း ချိပ်ပိတ်တယ်။ အမှတ် ၂ ရပ်ကွက်က ဦးကျော်ဝင်း ဒေါ် ခင်မေသန်း ကုန်စုံဆိုင်ကိုလည်း ပိတ်ထားတယ်။ နောက် AA ရဲတပ်ဖွဲ့က လှကျော်ထွန်းဆိုသူလား နာမည်‌တော့ အတိကျမမှတ်မိလို့ သူရဲ့လက်ထောက်ချမှုကြောင့် ဒုရဲအုပ် ရာဇာမင်းထင် မိဘအိမ်။ ပြီးတော့ ဉာဏ်ထွန်းဆိုသူရဲ့အကိုက စစ်သားဆိုပြီး သူအိမ်လည်း ချိပ်ပိတ်တယ်” ဟု အမ်းမြို့ စစ်ရှောင်တစ်ဦးက ပြောသည်။

ယခုအချိန်ထိ စစ်ရှောင်များအား အမ်းမြို့သို့ ဝင်ရောက်နေထိုင်ခွင့် မရရှိသေးကြောင်းနှင့် AA ကလည်း တစ်စုံတစ်ရာ ပြောဆိုထားခြင်းမရှိသေးကြောင်းနှင့် မြို့အတွင်း နေအိမ်အများအပြား ပျက်စီးမှုများ ရှိနေကြောင်း စစ်ရေး သိရှိထားသူတစ်ဦးက ပြောသည်။ စစ်ရေသိရှိထားသူတစ်ဦးက‌”စစ်ကောင်စီနဲ့ ပတ်သက်လို့ AA ရဲ့ ဖမ်းဆီးမှုတွေလည်းရှိတယ်။ ထွက်ပြေးရင်း အဖမ်းခံ ရတာ။ ကျွန်တော်သူငယ်ချင်း ဘဏ်မန်နေဂျာရဲ့ သားဖြစ်သူက ဒုရဲအုပ်ဘဝနဲ့ အဖမ်းခံရတာ။ အခုထိတော့ မလွတ်သေးဘူး။ နောက် ခရိုင်ဦးစီးလင်မယားတွေ၊ စည်ပင်တို့၊ အခွန်တို့ကလူတွေ အခုအချိန်အထိ AA က လွှတ်မပေးသေးဘူး” ဟု ပြောသည်။ ဘူးသီးတောင်၊ မောင်တောဒေသနှင့် တောင်ကုတ်မြို့နယ်တွင်လည်း အာဏာ သိမ်းစစ်ကောင်စီနှင့် ဆက်သွယ်ဆောင်ရွက်သည့် နေအိမ်များ၊ လက်နက်ကိုင်များဖြင့် ဆက်သွယ်ဆောင်ရွက်သော မွတ်ဆလင် နေအိမ်များကိုလည်း ULA/AA က ချိပ်ပိတ်ထား သည်။ ဘူးသီးတောင်၊ မောင်တောမြို့က မွတ်ဆလင်နေအိမ် ၂၀ ထက်မနည်းနှင့် တောင်ကုတ်မြို့တွင် ၁၀ အိမ်ထက်မနည်းကို စစ်ကောင်စီနှင့် မွတ်ဆလင် လက်နက်ကိုင်းများနှင့် ပတ်သက်မှု ရှိသည်ဟုဆိုကာ ULA/AA က ချိပ်ပိတ်ထားခြင်းဖြစ်သည်။ ထို့အပြင် မြောက်ဦး၊ မင်းပြား၊ သံတွဲ၊ ဂွနှင့် ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီနှင့် အခြားအကြမ်းဖက်အဖွဲ့များနှင့် ဆက်စပ် သည်ဟုဆိုကာ နေအိမ်အဆောက်အအုံ ၆၀ ထက်မနည်းကို AA က ချိတ်ပိတ်ထားသည်။ Read in Full

၈။ မိုးဗြဲတိုက်ပွဲအတွင်း Loikaw Local PDF က တပ်ဖွဲ့၀င် (၂) ဦးကျဆုံး
 May 12, 2025
ရှမ်း – ကရင်နီနယ်စပ်က မိုးဗြဲမြို့တိုက်ပွဲအတွင်း  ဒီကနေ့ မေလ ၁၂ ရက်နေ့မှာ Loikaw Local PDF က တပ်ဖွဲ့၀င် (၂) ဦးကျဆုံးခဲ့တယ်လို့ Loikaw Local PDF တပ်ဖွဲ့ဆီကနေ သိရပါတယ်။ အဆိုပါ တပ်ဖွဲ့၀င် ၂ ဦးဟာ အသက် ၃၈ နှစ်အရွယ်  ရဲဘော် အောင်ကျော်ဌေး (ခ) ဆီဆိုင် နဲ့ အသက် ၂၂ နှစ်အရွယ်  ရဲဘော် ခန့်စည်သူအောင် (ခ) ခေါင်းကြီး တို့ဖြစ်ပြီး  မိုးဗြဲတိုက်ပွဲ ရှေ့တန်း တနေရာမှာ စစ်ကောင်စီကို ခုခံတော်လှန်ရင်း ကျဆုံးခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားရာ ဒီကနေ့ မှာ ကျဆုံးခဲ့တာဖြစ်ပြီး စစ်ကောင်စီဖက်လည်း ထိခိုက်ကျဆုံးမှုတွေများတယ်လို့ Loikaw Local PDF ရဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ တပ်ဖွဲ့အပြင် အခြားတပ်ဖွဲ့ထိခိုက်မှု အနည်းအကျဥ်းတော့ ရှိပါတယ်ပေါ့နော်။ ရန်သူဖက်လည်း ထိခိုက်မှု ရှိပါတယ်။ ရန်သူဖက်ကထိခိုက်မှု များများစားစားရှိတယ်လို့ပဲ ပြောပြချင်ပါတယ်။”လို့ Loikaw Local PDF ရဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ မိုးဗြဲမြို့မှာ နေ့စဥ်နီးပါး တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါ တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီက ဧပြီလ ၁၉ ရက်နေ့ကစပြီး စစ်ကြောင်းထိုးမှုတွေ၊ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေကို နေ့စဥ်နဲ့အမျှ လုပ်ဆောင်နေတယ်လို့သိရပါတယ်။ 

၉။ ရသေ့တောင်၊ ထွန်းရဝေရွာ ဗုံးကြဲခံရမှု ဒေသခံ ၁၃ ဦး သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ
 May 13, 2025
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေ(ရွာဟောင်း)ကျေးရွာကို ယနေ့ (မေ ၁၃)၊  နံနက် ၁၀ နာရီကျော်တွင် စစ်ကောင်စီက ဗုံးကြဲခဲ့သဖြင့် ဒေသခံ ၁၃ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်း မြစ်ထံမှ သိရသည်။ ဂျက်ဖိုက်တာနှင့် ပေါင် ၅၀၀ ဗုံးဖြင့် ကျေးရွာအတွင်းကို ဗုံးကြဲချခဲ့မှုကြောင့် သေဆုံးဒဏ်ရာရသူ များပြားကာ နေအိမ် ၁၀ ကျော်လည်း ပျက်စီးသွားခဲ့သည်။ “ သေဆုံးဒဏ်ရာရသူတွေထဲမှာ ကလေးတွေ၊ အမျိုးသမီးတွေလည်း အများ အပြားပါတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ လက်ရှိတွင် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏ အသေးစိတ်အချက် အလက်ကို ကောက်ယူနေပြီး ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးခန်းများ၌ ဆေးဝါးကုသမှု ပေးနေသည်ဟုလည်း သတင်းရင်း မြစ်က ပြောသည်။ ထွန်းရဝေကျေးရွာသည် ပုဏ္ဏားကျွန်း – ရသေ့တောင်ကားလမ်းမအနီးတွင် တည်ရှိပြီး စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းစသည့် ဒေသမှ စစ်ဘေးရှောင်အများအပြား ခိုလှုံနေသည့် ကျေးရွာတစ်ခုဖြစ်သည်။ ယင်းကြောင့် ဒေသခံအများစုမှာ စိုးရိမ်စိတ်များစွာဖြစ်နေကြောင်း ပြောဆိုကြသည်။

အလားတူယနေ့(မေ ၁၃)၊ နံနက် ၄ နာရီဝန်းကျင်ကလည်း ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာကို စစ်ကောင်စီတပ် က ဒရုန်းဖြင့် ဗုံးကြဲခဲ့သည့်အတွက် ဘုန်းတော်ကြီးကျောင်းဆောင် မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။ ငလျင်ကို အကြောင်း ပြပြီး နိုင်ငံတဝန်း အပစ်ခတ်ရပ်ထားကြောင်း ကြေညာထားသည့် စစ်ကောင်စီသည် လူနေကျေးရွာ၊ စာသင်ကျောင်း၊ ဘုန်းကြီး ကျောင်း၊ စစ်ဘေးရှောင်စခန်း၊ ဆေးရုံ၊ ဆေးခန်းများကို ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ရှိနေသည်။ CDM ဗိုလ်ကြီးဇင်ယော်က ” သူတို့(စစ်ကောင်စီ)က ပြည်သူကို ရှုံးမဲ့မဲ့တော့တာ။ ကာကွယ်ရေး အင်အားစုတွေနဲ့ တွေ့တိုင်း မြေပြင်တိုက်ပွဲတွေမှာ သူတို့တွေ မရှုမလှ ရှုံးရတယ်ပေါ့နော်။ များသောအားဖြင့်စာသင်ကျောင်းတွေ၊ စစ်ရှောင်စခန်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဆေးရုံ၊ ဆေးခန်း တွေ ဒီလိုနေရာမျိုးတွေကိုပဲ ရွေးချယ်ပြီးပစ်မှတ်ထားပြီး တိုက်ခိုက်လာတာ လက်နက်မဲ့ ပြည်သူတွေကိုပဲ ဖိလုပ်လာတဲ့ စစ်ရှုံး အကြမ်းဖက်တပ်ရဲ့ လုပ်ရပ်လို့ပဲ ကျနော်တို့ကတော့ မြင်မိပါတယ်” ဟု ပြောသည်။ စစ်ကောင်စီသည် စစ်ပွဲနှင့် မသက်ဆိုင်သည့် နေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်း ဝေဖန်နေကြသည်။ Read in Full

၁၀။ ခမရ ၅၉၈ တပ်ရင်းကို​ PDFKNLA ထိန်းချုပ်ထားဆဲဖြစ်ပြီး ပြန်ရရန်စစ်တပ်ကြိုးပမ်း​နေဟု SOF တပ်မှူးပြော
 May 12, 2025
ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်၊ညောင်ခြေတောက်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်အား PDF ၊ KNLA နှင့် ပူး​ပေါင်းတပ်များက မေလ ၈ ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ရင်းပြန်လည်ရရှိရန် ကြိုးပမ်းနေ ကြောင်း ပြည့်သူ့ကာကွယ်ရေးတပ်မတော် PDF၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)တပ်မှူး ​ကိုအောင်စံရှားက ပြောသည်။ အဆိုပါ ခမရ ၅၉၈ တပ်ရင်းစခန်းသိမ်းတိုက်ပွဲတွင် စခန်းစွန့်ထွက်ပြေးသွားသော စစ်ကောင်စီ အရှိ၊ အရာခံနှင့် အကြပ်စစ်သည်အချို့မှာ တပ်ရင်းအနီး တောတောင်လျှိုမြောင်များနှင့် ကျေး ရွာများသို့ ထွက်ပြေးရှောင်တိမ်းသွားကြရာမှ တပ် ရင်းပိုင်နက်အနီးပြန်လည်ခြေချ၍ ခုခံတိုက် ခိုက်ခြင်း၊ ဝေါမြို့နယ် သူရဲသမိန်ဘက်မှ ကမ်းကူးလာသော အင်အား ၁၀၀ ခန့်ရှိ တပ်ကူများမှ တပ်ရင်းပိုင်နက်သို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းခြင်းများ ရှိနေသည်ဟု ၎င်းတပ်မှူးက ပြော သည်။ “၅၉၈ စခန်းက တပ်ရင်းကုန်းပေါ့။ ပြောရရင် ကျနော်တို့ (မေလ) ၈ ရက်နေ့မှာ သိမ်းလိုက်တယ်။ သိမ်းပြီးတော့ ၉ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ နယ်မြေရှင်းလင်းရေးလုက်တယ်။ မနေ့ကအထိလည်း ကျနော်တို့အဖွဲ့တွေ အဲဒီမှာနယ်မြေရှင်းလင်းရေးလုပ်နေဆဲပဲ။ ပြောရရင် ဒီစခန်း(တပ်ရင်းကုန်း) က သူလည်းထိုင်လို့မရဘူး။ ကိုယ်လည်းထိုင်လို့မရဘူး စခန်းရဲ့ဖွဲ့စည်းပုံအ ရ”ဟု SOF တပ်မှူးက ပြောသည်။ လက်ရှိတွင် ၅၉၈ တပ်ရင်းကုန်းနှင့် ကွမ်းဆိပ်နယ်မြေရဲစခန်းကြား၌ စခန်းစွန့်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ် အင်အား ၅၀ ခန့်ရှိနေပြီး သူရဲသူမိန်ဘက်မှ တပ်ကူလာသော အင်အား ၁၀၀ ခန့်သည်လည်း တော်လှန်ရေးပူးပေါင်းတပ်များနှင့် နေ့စဥ်နီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း ၎င်းက ဆက်ပြောသည်။

သို့ဖြစ်ရာ စစ်ကောင်စီဘက်မှ ဝါဒဖြန့်ထားသော ခမရ ၅၉၈ တပ်ရင်းအား ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုသော ဓာတ်ပုံများ မှာ ပုံအဟောင်းများသာဖြစ်ပြီး ယင်းပုံများပါ တပ်ရင်းအဆောက်အအုံများမှာ အကောင်းအတိုင်းရှိနေသော်လည်း တပ်ရင်းအား သိမ်းပိုက်အပြီး တော်လှန်ရေးတပ်ဖွဲ့များထုတ်ပြန်သည့်ပုံများ၌ တပ်ရင်းအဆောက် အအုံများ ကျေမွပျက်စီးနေသည်ကို တွေ့နိုင် သည်ဟု SOF တပ်မှူးက နှိုင်းယှဥ်ပြသည်။ “ပြောရမယ်ဆိုရင်သူတို့ ပြန်ထိန်းချုပ်နိုင်ပြီ၊အပြည့်အဝထိန်းချုပ်နိုင်ပြီလို့ ဓာတ်ပုံ တွေနဲ့ တင်ထားတဲ့ဟာက လုံးဝမဟုတ်ပါဘူး”ဟု အထူးစစ် ဆင်ရေးတပ်ဖွဲ့ (SOF)တပ်မှူးက ပြောသည်။ စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းသိမ်းပိုက်ရရှိမှုတွင် လက်နက်ကြီးလက်နက်ငယ် (၈၃) လက်၊ ခဲယမ်းများ၊ ဂျန်မာစက်များ သိမ်းဆည်းရရှိသည့် အပြင် စစ်သုံ့ပန်း (၆) ဦး၊ ချိတ်ဆက်ပူးပေါင်းလာသူ (၄) ဦး၊ မိသားစုဝင် (၇) ဦး ဖမ်းဆီးထိမ်းသိမ်းနိုင်ခဲ့ကာ ရန်သူအလောင်း (၃၀) ဦးခန့်ချေမှုန်းနိုင်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့များမှလည်း ကျဆုံးဒဏ်ရာရမှုများရှိသည်ဟု SOF ကအသိပေးသည်။ 

၁၁။ TNLA ထိန်းချုပ် မန်တုံမြို့နှင့် မိုင်းငေါ့မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံး
 May 13, 2025

သျှမ်းပြည် မန်တုံမြို့နှင့် မိုင်းငေါ့မြို့တို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား တစ်ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၁၂ ရက်) ည ၁၀ နာရီခွဲ ဝန်းကျင် တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မန်တုံမြို့ပေါ်သို့ စစ်ကောင်စီတပ် မှ လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အောင်ချမ်းသာရပ်ကွက်ရှိ လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံး၍ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။“တစ်ယောက် တော့ ဆုံးသွားပြီ၊ အောင်ချမ်းသာဘက် အိမ်ပေါ်တည့်တည့်ကျတော့လေ။ ဒဏ်ရာရတဲ့လူ ၅ ယောက်လောက်ရှိတယ်။ နောက် ပြီးတော့ တခြားအိမ် ၅ လုံး၊ ၆ လုံးလောက်က လုံးဝ ပြန်နေလို့ မရတော့ဘူး”ဟု မန်တုံမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြော သည်။ မန်တုံမြို့ပေါ် လူနေရပ်ကွက်အတွင်း စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အောင်ချမ်းသာရပ်ကွက်ရှိ ပြည်သူနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးသွားပြီး နေအိမ် ၆ လုံးမှာ လူဝင်နေ၍ မရတော့လောက်အောင် လုံးဝ ပျက်စီးသွားကြောင်း ဒေသခံ များထံမှ သိရသည်။ အလားတူ ယမန်နေ့ ည (၇) နာရီခွဲခန့်တွင်လည်း TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ၄ ကြိမ်၊ ဗုံး(၄) လုံးကြဲချတိုက်ခိုက်ခဲ့ရာ တာလုံရပ်ကွက်ရှိ စာသင်ကျောင်းအနီး ကျရောက် ပေါက် ကွဲခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်မှ မေလ ၆ ရက်မှ ၃၁ ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် ထပ်မံသက်တမ်း တိုးမြှင့်လိုက်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း TNLA ထိန်းချုပ် နယ်မြေထဲသို့ မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီး ပစ်ခတ် ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြု တိုက်ခိုက်လျက်ရှိကြောင်း TNLA ဘက်မှ ပြောဆိုထားသည်။ လက်ရှိတွင် ညီနောင်မဟာမိတ်များဘက်မှ မေလ (၁) ရက်မှ (၃၁) ရက်နေ့အထိ တစ်လတာ ထပ်မံအပစ်ရပ်ထားခြင်းကြောင့် TNLA အနေ ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ပြုလုပ်မည် မဟုတ်ဘဲ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုကို စောင့်ကြည့်ကာ မိမိကိုယ်မိမိ ခုခံ ကာကွယ်ပိုင်ခွင့်ကိုသာ ဆောင်ရွက်မည်ဖြစ်ကြောင်း မေလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် TNLA သတင်းစာရှင်းလင်းပွဲ၌ ပြော ရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဧပြီလ (၂၈)ရက်မှ (၂၉)နေ့အထိ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ် သော စစ်ကောင်စီနှင့် TNLA တို့ ဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်မှ TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ် မြို့(၅)မြို့မှ တပ်ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ရာ TNLA ဘက်မှ လက်မခံ၍ ဆွေးနွေးမှု မအောင်မြင်ခဲ့ပြီး နောက် TNLA ထိန်းချုပ် နယ်မြေထဲ စစ်ကောင်စီတပ်မှ စစ်ရေးဖိအားပေးမှုများ ဆက်တိုက်လုပ်ဆောင်လာနေသည်။ Read in Full

၁၂။ ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ သေဆုံး
 May 13, 2025
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာနှင့် မလကျွန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ သေဆုံးနေ ကြောင်း သတင်းရရှိသည်။ အပစ်ရပ်ထားသည့်စစ်ကောင်စီ၏ စစ်ကြောင်းတစ်ခုသည် ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာဖက်ကို စစ်ကြောင်းထိုးလာစဉ် အာရက္ခတပ်တော်(AA)နှင့် မေလ ၁၁ ရက်မှစတင်ကာ ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှ စစ်ကောင်စီတပ်သား ရာနှင့်ချီ သေဆုံးနေခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “လိပ်ခမော်နဲ့ မလကျွန်းမှာ ၁၁ ရက်နေ့ လောက်က တိုက်ပွဲပြင်းတယ်။ တိုက်ပွဲက နေ့တိုင်းရှိတယ်။ စစ်ကောင်စီဖက်က အသေ အပျောက် ရာနဲ့ချီရှိတယ်” ဟုပြောသည်။ အဆိုပါအကျအဆုံးများသည့် စစ်ကြောင်းသည် ရေကြောင်းဖြင့် အင်အားဖြည့်ထားသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများ အပါအဝင် နယ်မြေခံတပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြကြောင်း မြေပြင်သတင်းအရ သိရသည်။

အဆိုပါစစ်ကြောင်းတွင် အကျအဆုံးများနေသဖြင့် ယနေ့ မတ်လ ၁၃ ရက်၊ နံနက်ပိုင်းတွင် လိပ်ခမော်ရွာဟောင်းကို စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးလာကြဲခဲ့သလို နေဗီများကလည်း လက်နက်ကြီးများဖြင့် လှမ်းပစ်၍ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်များ အပျက်အစီးရှိခဲ့ကြောင်း ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ဒရုန်းတွေ၊ နေဗီတွေက ပစ်တယ်။ သူတို့အဓိကသုံးတာ ဒရုန်း။ လိပ်ခမော်နဲ့ မလကျွန်းပတ်ဝန်းကျင်ကိုပတ်ပြီးကြဲနေတာ။ ဘုန်းကြီး ကျောင်းတစ်ကျောင်း မီးလောင် တာနဲ့ နေအိမ်တချို့ပျက်စီးတာရှိတယ်” ဟု ပြောသည်။ အပစ်ရပ်ကာလအတွင်း AA က ကျောက်ဖြူတွင် ထိုးစစ်များကိုရပ်တန့် ထားသော်လည်း စစ်ကောင်စီဖက်က AA ရှိသည့်နေရာများကို စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေ ကြောင်း သိရသည်။ Read in Full

၁၃။ CDF-Tonzang မှ ပြည်သူ့စစ်သင်တန်းတက်ဖို့  ဖမ်းဆီးခေါ်ယူနေလို့ လူငယ်အများအပြားတိမ်းရှောင်နေရ
 May 13, 2025
CDF-Tonzang မှ ပြည်သူ့စစ်သင်တန်းတက်ရောက် ဖို့ လူငယ်တွေကို ဆင့်ခေါ် နေပြီး တက်ရောက်ရန် ပျက်ကွက်သူ များကို နေအိမ် အရောက်ဖမ်းဆီးခေါ်ဆောင်တာကြောင့် တွန်းဇံမြို့ နှင့် ပတ်ဝန်းကျင် ရှိ ကျေးရွာများမှ လူငယ်များ အနေဖြင့် ဒေသကို စွန့်ခွာ တိမ်းရှောင် နေရ သူ များပြား နေကြောင်း တိမ်းရှောင်သူ တွန်းဇံဒေသခံလူငယ် တစ်ဦးက ပြောပြပါတယ်။“ကျွန်တော်တို့ က တွန်းဇံမြို့မှာ ပြုလုပ်တဲ့ ပြည်သူစစ် သင်တန်း ပထမ အဖွဲ့ မှာ ပါတယ်။ အသက် ၁၈နှစ် နှင့် ၃၅ နှစ်ကြားလို့ သတ်မှတ်တယ် လို့ ပြောတယ်။ ၁၀ ရက် တာ သင်တန်း တက်ရောက်ရတယ်။ သင်တန်းက ဧပြီလ ၁၉ ရက်နေ့မှာ ပြီးသွားတယ်။ အုပ်ချုပ်ရေးမှူး က ရက်ပြည့်အောင် သင်တန်း တက်ပေးကြဖို့ တောင်းပန် တော့ ရက်ပြည့်အောင် တက်ခဲ့ရ ပါတယ်။ အယောက် ၁၅၀ ခန့် ရှိတယ်။ တချို့က သင်တန်း ကာလ အတွင်းမှာတင် ထွက်ပြေးခဲ့တယ်။ ကျွန်တော်ကတော့ သင်တန်း ပြီးတာ နဲ့ တခါတည်း ထွက်ပြေးလိုက်တာပါ။ အခုလည်း မေလ ၁၀ ရက်နေ့မှာ ဒုတိယမြောက် ပြည်သူ့စစ် သင်တန်း ထပ်လုပ်တယ်။ တွန်းဇံကနေ လူငယ်တွေက နေ့စဉ်နီးပါး တိမ်းရှောင်လာကြတယ်” လို့ ပြည်သူစစ်တာဝန်မှ တိမ်းရှောင်လာသူ တွန်းဇံ ဒေသခံ လူငယ် ၁ ဦးက ပြောပါတယ်။ သင်တန်း တက်ရောက်သူတွေရဲ့ ဆန္ဒ သဘောထားကို မေးမြန်းပြီး ထမ်းဆောင်ရမည့် တာဝန် အသီးသီးကို ခွဲထားကြောင်း၊ စစ်သင်တန်း ဆက်လက် တက်ရောက်ပြီး တပ်ဖွဲ့ထဲ ဝင်ရောက်လိုတယ်လို့ ၁၈ ဦး က ဆန္ဒပြုတာ တွေ့ရကြောင်း၊ ကျန်လူများကို တိုက်ပွဲ ကာလတွင် ထောက်ပို့ တာဝန် ပြုလုပ် ပေးရန်၊ ဒေသလုံခြုံရေး နှင့် ကင်းထောက် လုပ်ပေးရန် ဆန္ဒပြုစေခဲ့ကြောင်း အဆိုပါတွန်းဇံဒေသခံလူငယ်ရဲ့ ပြောပြချက်အရ ဆက်လက်သိရှိရပါတယ်။

CDF-Tonzang မှ ဦးစီး ပြုလုပ်တဲ့ ပြည်သူစစ် သင်တန်း နဲ့ ပတ်သက်ပြီး CDF-Tonzang ရဲ့ စစ်ဦးစီးချုပ် ပူထန်ဆွင်းမုန် ကတော့ “ဒီသင်တန်းက တွန်းဇံမြို့နယ် ကောင်စီရဲ့ သဘောတူညီ ဆုံးဖြတ်ချက် ကြောင့် ပြုလုပ် ရတာပါ။ ကျေးရွာ နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး တွေရဲ့ ဆန္ဒ အရ ပြုလုပ် ခဲ့ရ တာပါ။ ZRA-EC က နတ်ဇန်ရွာ နှင့် ဘောင်မွာလ်ရွာတွေကို မီးရှို့ပြီး နောက်ပိုင်းမှာ ရပ်ရွာရဲ့ လုံခြုံရေး တာဝန်တွေ ယူဖို့ ပြည်သူ့စစ် သင်တန်း ခေါ်ယူ ဖြစ်တာပါ။ လက်ရှိမှာ စစ်မျက်နှာက နှစ်နေရာ ဖြစ်ခဲ့ရတာ ကြောင့်လည်း ပါတယ်။ ပြည်သူ့စစ် သင်တန်း တက်ရောက်မယ့် စာရင်းကို ကျေးရွာ နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး တွေက ပြုစု ပေးပို့ခဲ့ကြ ပါတယ်။ အဲမှာ အုပ်ချုပ်ရေးမှူးတွေရဲ့ တာဝန်ပေးချက် ကို လိုက်မနာဘဲ သင်တန်း ကို တိမ်းရှောင်တာ၊ ထွက်ပြေးတာ တွေ ရှိလို့ အဲလို လူတွေကို ဖမ်းခဲ့ရ တာပါ။ လူလွတ်တွေက ဆန္ဒရှိရင် CDF-Tonzang နှင့် CC တပ်မှာ ဆက်လက် ပါဝင် လာဖို့ စီစဉ် ပေးထားတယ်။ အိမ်ထောင်သည် တွေကို တော့ ပြည်သူ့စစ် အနေနဲ့ ရပ်ရွာ လုံခြုံရေး ယူဖို့ စီစဉ် ထားပါတယ်” လို့ ဖြေကြားပါတယ်။ အဆိုပါ ပြည်သူ့စစ်သင်တန်း အတွက် တွန်းဇံမြို့ နှင့် အနီးအနား ရှိ ကျေးရွာများမှ သတ်မှတ်ထားတဲ့ လူဦးရေ အတိုင်း တက်ရောက်စေခဲ့တာဖြစ်တယ်လို့လည်း ထပ်မံသိရှိရပါတယ်။ Read in Full

၁၄။ အမျိုးသားညီညွတ်ရေးအစိုးရက ဖိအားပေး အပစ်အခတ်ရပ်စဲရေးကြိုးပမ်းမှုမျိုးကို လက်ခံမည်မဟုတ်
 May 13, 2025
အမျိုးသားညီညွတ်ရေးအစိုးရ-NUG က နိုင်ငံတစ်နိုင်ငံ ၏ ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမည်မဟုတ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။ ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ် (၁၀/၂၀၂၅)တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ နီးစပ်ရာညှိနှိုင်းမှုနှင့် အကျပ်၍ ရသည့်အင်အားစုများကို နည်းလမ်းပေါင်းစုံသုံးအတင်းဖိအားပေး ဆွေးနွေးခိုင်းမှုမှာ အကျိုးမရှိဘဲ သွေးကွဲမှုနှင့်တင်းမာမှုများကို ဖြစ်ပေါ်စေနိုင် ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။ “နိုင်ငံတနိုင်ငံက နီးစပ်ရာ ညှိနှိုင်းမှုတွေနဲ့ အကြပ်ကိုင်လို့ရတဲ့ အင်အားစုတွေကို နည်းလမ်းပေါင်းစုံသုံး အတင်းဖိအားပေး ဆွေးနွေးစေပြီး အပစ်အခတ်ရပ်စဲစေမှု (forced negotiation) နည်းလမ်းကို အသုံးပြုခြင်းဟာလည်း ရေရှည်အတွက် အကျိုးမရှိဘဲ အခြေအနေကို ပိုမိုရှုပ်ထွေးစေကာ တိုင်းရင်း သား အင်အားစုတွေအချင်းချင်းကြား သွေးကွဲမှု၊ တင်းမာမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ မိမိတို့ကို ဖိအားပေးပြီး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမှာမဟုတ်ဘဲ နိုင်ငံတကာ အသိုင်းအဝိုင်း အထူး သဖြင့် အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့  စုစည်းညီညွတ်တဲ့ ကြိုးပမ်းမှုမျိုးကို လမ်းဖွင့်ထားပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။  လတ်တလော အကြမ်းဖက် စစ်အုပ်စုက ဟန်ပြ အပစ်အခတ်ရပ်စဲရေး ကြေညာနေသော်လည်း ၎င်းတို့ကိုယ်တိုင် ကြေညာထားသော အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေကြောင်း၊ စစ်တပ်၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၃၃၄ ဦး သေဆုံးခဲ့ကြောင်း ဦးနေဘုန်းလတ်က ဆက်လက်ပြောဆိုသည်။

“စစ်အုပ်စုဟာ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကနေစပြီး မေလ (၉) ရက်နေ့အထိ တိုင်းနဲ့ ပြည်နယ် ၁၃ ခုမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၃၇၂ ခုပြုလုပ်ခဲ့ပြီး အဲဒီ့ဖြစ်စဉ်တွေကြောင့် ပြည် သူလူထုသေဆုံးသူ ၃၃၄ ဦးရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ၅၅၂ ဦးရှိခဲ့ပါတယ်။ ဒီ ၁ လခွဲခန့်ကာလအတွင်း လေကြောင်းတိုက် ခိုက်မှုတွေကြောင့် လူနေ အိမ်ခြေ ၅၀၀ ကျော် ၊ စာသင်ကျောင်း ၄၀ ကျော်နဲ့ ဘာသာရေးအဆောက်အဦတွေဖြစ်တဲ့ ဘုန်းကြီးကျောင်း ၂၀ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၄ ကျောင်း၊ ဗလီ ၁ လုံးတို့ ထိခိုက်ဆုံးရှုံးပျက်စီးခဲ့ရပါတယ်။ လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုတွေမှာ ဂျက်လေယာဉ် ၊ ဒရုန်း၊ စက်တပ်လေထီး(ပါရာမော်တာ) တွေအပြင် ဂျိုက်ရိုကော်ပတာလို့ ခေါ် တဲ့ ရဟတ်ယာဉ်အငယ်စားတွေကိုပါ အသုံးပြုနေတာလည်းဖြစ်ပါတယ်။  လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီး တွေနဲ့ လည်း နေ့စဉ်ရက်ဆက် တိုက်ခိုက်လျက်ရှိနေသလို စစ်ကြောင်းထိုးပြီး ရွာတွေကို မီးရှို့ဖျက်ဆီးတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြော ဆိုသည်။ “အခုစစ်အုပ်စုဘက်ကလုပ်ဆောင်နေတဲ့ ဟန်ပြအပစ်အခတ်ရပ်စဲရေး ကြေညာချက်တွေဟာ စည်းနှောင်မှုမရှိ၊  ချိုးဖောက်ဖို့လွယ်ကူမယ့် အကြောင်းအချက်တွေ ထည့်သွင်းထားတာကိုလည်း သတိပြု ကြ ရမှာဖြစ်ပါတယ်။ စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲမှုတွေအတွက် ကျင့်ဝတ်စည်းကမ်း (code of conduct) တွေ၊ သဘောတူညီမှု တွေ လို အပ်မှာဖြစ်သလို အဲဒီ့ ကျင့်ဝတ်၊ သဘောတူညီချက်တွေကို လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ သေချာစေဖို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာမှု (international monitoring mechanism) လိုအပ်မှာဖြစ်ပါတယ်။ သဘောတူထားတဲ့ ကျင့်ဝတ်၊ သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့မယ်ဆိုရင် ချိုးဖောက်သူကို ဘယ်လို အရေးယူမလဲဆိုတဲ့ အရေးယူမှုတွေလဲ ပါဝင်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ Read in Full

၁၅။ မြို့သိမ်းတိုက်ပွဲအတွင်း ခြေလက်‌ဆုံးရှုံးသွားတဲ့ ရဲဘော်တွေအကူအညီ လိုအပ်နေကြောင်း CNDF ပြော

May 12, 2025
 ချင်းပြည်နယ် ဖလမ်း မြို့သိမ်းတိုက်ပွဲမှာ ခြေလက်ဆုံးရှုံးသွားတဲ့ ရဲဘော်တွေကို ခြေတုလက်တု တပ်ဆင်ပေးနိုင်ဖို့ ငွေ ကြေးအကူအညီလိုအပ်နေကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့- CNO/CNDFရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ် က ပြောပါတယ်။ မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးမှာ ဒဏ်ရာရရှိသူများပြီး အဲဒီထဲမှာမှ ခြေပြတ်တဲ့သူ ၂၆ ယောက်၊ လက်ပြတ်သူ ၆ ယောက်၊ နားမကြားတော့သူ ၂ ယောက်၊ မျက်စိ မမြင်တော့သူ ၈ ယောက်ရှိပြီး ခေါင်း ထိခိုက်တဲ့သူ ၂ ယောက်ဟာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ “တချို့ကတော့ သက်သာပြီပေါ့လေ။ ခြေလက် ပြတ်တဲ့သူတွေကို ခြေတုလက်တု နား မကြားတဲ့သူတွေကို နားကြပ်ပေါ့လေ။ အဲလိုမျိုး တပ်ဆင်‌ပေးနိုင်ဖို့ ကျနော်တို့ဘက်က ပြင်ဆင်နေတဲ့အချိန်ဖြစ်တယ်။ အားလုံး ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁ သိန်း ၁ သောင်း ၃ ထောင် အဲလောက်တော့ တွက်ထားတာရှိပါတယ်။ အသက် အရွယ် ပိုင်းက ၂၀၊ ၂၅ ဝန်းကျင်တွေပါ” CNO/CNDF အနေနဲ့ငွေကြေးကို အကန့်အသတ်နဲ့သာ သုံးစွဲရတာကြောင့်ခြေတုလက်တု တပ် ဆင်ပေးနိုင်ဖို့ အချိန်ကာလတစ်ခု စောင့်ဆိုင်းနေရလို့ လူထုတွေအနေနဲ့ ကူညီထောက်ပံ့ပေးဖို့အတွက် CNO/CNDF ဘက်က မေတ္တာရပ်ခံထားပါတယ်။

ဒဏ်ရာရသူတွေဟာ ပြည်တွင်းမှာ ဆေးကုသမှု ခံယူဖို့ ခက်ခဲတာကြောင့် ပြည်ပနိုင်ငံဘက် သွားရောက်ပြီး ဆေးကုသမှု ခံယူတဲ့အခါ သူတို့အတွက် ဘာသာစကား အခက်အခဲ အနည်းငယ် ရှိတယ်လို့ ဆိုပါတယ်။ မျက်စိ ထိခိုက်တဲ့သူတွေကို မျက် မမြင်ကျောင်း ပို့ပေးကာ ၎င်းတို့အတွက် အသက်မွေးဝမ်းကြောင်းကိုတော့ ကျောင်းဘက်က ပြန်လည်ပို့ချပေးတာ ရှိတယ်လို့ ဆိုပါတယ်။ “မျက်စိ ထိတဲ့သူတွေကိုတော့ မျက်မမြင်ကျောင်း ပြန်ထားပေးတယ်။ ခြေလက် ပြတ်တဲ့သူတွေကိုတော့ ခြေတု လက်တုတွေ တပ်ပေးတယ်။ အဲထဲကတချို့လည်း ကျနော်တို့ဆီ နိုင်ရာအလုပ်တွေနဲ့ လာပြီး တာဝန်ပြန်ထမ်းဆောင်တာတော့ ရှိတယ်” လူထုတွေအနေနဲ့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားတဲ့ ရဲဘော်တွေကို ကူညီလိုရင် CNO/CNDF သို့ ဆက်သွယ်ပြီး မေးမြန်း နိုင်ပါတယ်။ ဖလမ်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်ကစ CNO/CNDF ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ် ပူးပေါင်း တပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၅ လအကြာ ၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်မှာ ဖလမ်းမြို့နယ်တစ်ခုလုံးကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Read in Full

၁၆။ ကချင်မှာ နှစ်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအကြိမ်၂၀ ဖြစ်ပွား
 May 12, 2025
ကချင်ပြည်နယ်မှာ စစ်ကောင်စီကနေပြီးတော့ နှစ်လအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ် ၂၀ နှစ်ပြုလုပ်ခဲ့ တယ်လို့ KHRW(Kachin Human Rights Watch) အဖွဲ့က ပြောပါတယ်။ ဒီလူ့အခွင့်ရေးချိုးဖောက်မှုတွေဟာ မတ်လနဲ့ ဧပြီလ နှစ်လအတွင်း မြစ်ကြီးနားမြို့,၊ ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “စစ်ကောင်စီကနေပြီးတော့ တရားဥပဒေချိုးဖောက်မှုတွေကို ကျွန်တော်တို့ ဒေသမှာတင်မက တခြားနေရာတွေမှာလည်း အမြဲလိုလို လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒီလုပ်ရပ်တွေကိုပြည်သူလူထုရော ဘယ်အဖွဲ့အအစည်းရောလက်ခံမှာမဟုတ်တဲ့အပြင် တရားမျှတမှုရရှိအောင် လည်း ကျွန်တော်တို့အတူ ကြိုးစားသွားရမှာ ဖြစ်ပါတယ်”လို့ ပြောရေးဆိုခွင့် ရှိသူ ကို Jacob က ပြောပါတယ်။ ဒီဖြစ်စဉ်တွေက ဖားကန့်မြို့မှာသေဆုံး ၃ ဦး၊ မြစ်ကြီးနားမြို့သေဆုံးသူ ၁ ဦးနဲ့ ဖမ်းဆီးခံရသူ ၁ ဦး၊ ဝိုင်းမော်မြို့မှာဖမ်းဆီးခံရသူ ၉ ဦးနဲ့ သေဆုံးသူ ၅ ဦးထိရှိခဲ့တယ်လို့ မေလ ၅ ရက်နေ့ရဲ့ KHRW ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် စုစုပေါင်း ဖမ်းဆီးခံရသူ ၁၀ ဦး၊ သတ်ဖြတ်ခံရမှု ၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁ ဦး ထိရှိခဲ့တာဖြစ်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေဟာ အများအားဖြင့် အမျိုးသားတွေ ဖြစ်ကြပြီး အသက်၂၀နဲ့ ၃၀ ကြားအသက် အရွယ် လူငယ်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အရင်ကထက် ပိုမိုထူးခြားလာတာတစ်ခုက စစ်ကောင်စီအနေနဲ့ လူ့အခွင့်အရေးချို့ဖောက်မှုတွေကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေကို ပိုမိုအသုံးပြုလာတာကို မြင်တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာတော့ ၂၀၂၅ ဇန်နဝါရီလကနေ ဧပြီလထိ စစ်ကောင်စီအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို အကြိမ် ၂၈၉၀ထိ ကျူးလွန်ခဲ့တာ ဖြစ်ပြီး ကချင်ဒေသမှာတော့ ၈၉ ကြိမ်ထိ ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားတာဘဲ ဖြစ်ပါတယ်။ Read in Full

၁၇။ ကျိုက်ထိုနဲ့ ဘီးလင်းကြား စစ်ကောင်စီ အင်အား ဖြည့်တင်းနေ
 May 12, 2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ကြား လမ်းတလျှောက်မှာ စစ်ကောင်စီဘက်က ယခင်ကထက်ပိုပြီး အင်အားဖြည့်တင်းကာ စစ်ရေးပြင်ဆင်​နေတယ်လို့ လဂွန်းအိမ်ရဲ့ ဒေသသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။ အခုမေလအတွင်း ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မော်လမြိုင် လမ်းတလျှောက်မှာ စစ်ကောင်စီဘက် အင်အားတွေ ထုတ်သုံးပြီး လမ်းကင်း၊ ကင်းပုန်းတွေနဲ့ စစ်ဆေးမှုတင်းကြပ်တာတွေ ပိုလုပ်လာတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က အရင်ကထက် အင်အားတွေပိုသုံးလာပြီး လုံခြုံရေး ပိုမိုတင်းကြပ်လာတာ ဖြစ်ပါတယ်။ “ရွှေကျင်ဘက်က တိုက်ပွဲအခြေအနေကြောင့် မြို့တွေကို ကြိုကာတဲ့အနေနဲ့ အင်အားတွေထုတ်ထားတာရှိတယ်။ အဓိကဝင်လာနိုင်တဲ့လမ်းတွေမှာ လှည့်ကင်း၊ ပတ်ကင်းနဲ့ ကင်းပုန်းတွေ ပိုချလာတာရှိတယ်”လို့ သတင်းရင်းမြစ်က ပြောပါတယ်။ အဆိုပါလမ်းပိုင်းပေါ်က စစ်ဆေးရေးဂိတ်တွေမှာ အရင်ကထက် အင်အား ထပ်မံတိုးချလာတာတွေရှိပြီး လမ်းတွေမှာတော့ တစ်ဖွဲ့ကို အင်အား ၅၀ နဲ့ ၇၀ ကြား ချထကာ လုံခြုံရေးဆောင်ရွက်နေ ကြတယ်လို့ ဆိုပါတယ်။ “ကျနော်တို့ဆို အမြဲတွေ့နေရတယ်။ လမ်းပေါ်မှာ စစ်သားတွေ ခြေလျင်နဲ့ယာဥ်တွေနဲ့သွားနေတာ။ အဓိကတွေ့ရတာက ယာဥ်တန်းတွေကြားဖြတ်တိုက်ခိုက်ခံရတတ်တဲ့နေရာတွေမှာ”လို့ ကျိုက်ထို ဒေသခံတဦးက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်၊ အင်္ဂဘို၊ ကြာဖြူ၊ သစ်ဆိပ့်ပင်ကျေးရွာတွေနဲ့ ဘီးလင်းမြို့နယ်၊ အလူးလေး၊ သပြေနီ၊ ရွှေရောင်ပြ ကျေးရွာအနီးတွေမှာ စစ်ကောင်စီအဖွဲ့တွေက မကြာခဏ တိုက်ခိုက်ခံရလေ့ ရှိနေတာပါ။ စစ်ကောင်စီ ထောက်ခံတယ်လီဂရမ် တွေမှာလည်း ဘီးလင်း၊ ကျိုက်ထိုနဲ့ သထုံမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေနဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေး အဖွဲ့တွေက ဝင်တိုက်ဖို့ ပြင်ဆင်နေတယ်ဆိုပြီး ပြောဆိုရေးသားနေကြပါတယ်။ စစ်ကောင်စီဘက်က လုံခြုံရေးအင်အားတွေ တိုးချလာတာကြောင့် မြို့အနီးအနားထိ တိုက်ပွဲတွေရောက်လာတော့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ဒေသခံတွေမှာ ရှိနေသလို တိုက်ပွဲတွေဖြစ်လာရင် စားသောက်ရအောင်ဆိုပြီး ကြိုတင်စုဆောင်းထားတဲ့ ရိက္ခာတွေလည်း အခုအချိန်မှာ မရှိ​ကြတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ Read in Full

၁၈။ ကျောက်ဖြူမြို့တွင် စစ်ကောင်စီ၏ကန့်သတ်ပိတ်ပင်ထားမှုကြောင့် မြို့ခံများ စားဝတ်နေရေးကျပ်တည်းနေ
 May 12, 2025
ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ဒေသခံများ၏ အသက်‌မွေးဝမ်းကျောင်းနှင့် ဆန်တင်သွင်းမှုကို စစ်ကောင်စီက ပိတ်ပင် ထားသဖြင့် မြို့ခံများ စားဝတ်နေရေးကျပ်တည်းမှုအခက်ကြုံနေရကြောင်း သတင်းရရှိသည်။ ကျောက်ဖြူမြို့ပေါ်တွင် နေထိုင် သည့် လက်လုပ်လက်စား နယ်ခံများမှာ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းဖြစ်သည့် ငါးဖမ်းထွက်ခွင့်မရသည့်အတွက် စားဝတ်နေ ရေး အလွန်ကျပ်တည်းနေကြသည်ဟု ကျောက်ဖြူနယ်ခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ငါးဖမ်းခွင့်ပိတ်ထားတာက ကြာပြီ။ ဖမ်းရရင်တော့ စစ်ကောင်စီသတ်မှတ်ထားတဲ့နေရာလောက်ပဲ။ ကျမတို့မိသားစုက ဒီငါးဖမ်းပြီးဈေးရောင်းရမှ ထမင်းစားရတာ။ အခုနပ်မမှန်ဘူး။ နယ်ပြန်လို့လည်းမရ။ အိမ်ငှားစရိတ်လည်း ပေးရနဲ့ ဘာအလုပ်အကိုင်မှ မရှိတော့ဘူး။ ဆန်ကလည်း ရှားတယ်။ မငတ်အောင်တော့ အတတ်နိုင်ဆုံးရုန်းကန်နေရတယ်။ သားသမီးတွေလည်းရှိတယ်”ဟုပြောသည်။ ယင်းအပြင်မြို့ပေါ်မှ ဒေသခံ များကို နယ်မှဆန်ဝယ်ယူခွင့်အား စစ်ကောင်စီကပိတ်ပင်ထားပြီး စစ်ကောင်စီနှင့်နီးစပ်သူများကသာ ဆန်များကိုရောင်းချနေကြ ကြောင်း ဒေသခံများကပြောသည်။ မြို့ပေါ်နှင့်နယ်ကျေးရွာမှဒေသခံတချို့ စားဝတ်နေရေးကျပ်တည်းနေချိန်တွင် စစ်ကောင်စီ ၏ ဝန်ထမ်းမိသားစုများ၊ တရုတ်စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသည့် မိသားစုများမှာ မြို့တွင်း/မြို့ပြင်သွားလာလို့ရနေ သည့်အတွက် စားဝတ်နေရေးအဆင်ပြေနေကြသည်ဟု စစ်ကောင်စီနှင့်နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။

“တရုတ်စီမံကိန်းမှာအလုပ်လုပ်နေတဲ့သူတွေဆို မြို့ထဲကို အသွားအပြန်လုပ်လို့ရတယ်။ ဒါပေမယ့် နယ်တွေကိုသွားလို့ မရဘူးပေါ့။ စစ်ကောင်စီသတ်မှတ်ထားတဲ့အတိုင်းသွားရတယ်။ အခုချိန်မှာက စစ်ကောင်စီအသိုင်းအဝိုင်းက ကောင်းစားနေ တယ်။ ဒေသခံတွေက ငတ်မယ့်အဆင့်ကို ရောက်နေတယ်” ဟု ပြောသည်။ ကျောက်ဖြူမြို့ပြင်တွင်လည်း အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲမကြာခဏရှိနေပြီး တိုက်ပွဲမှာတနေ့ထက်တနေ့ပြင်းလာနေကြောင်းသိရသည်။ ကျောက်ဖြူ ရှိ တိုက်ပွဲဧရိယာအတွင်းရှိ ကျေးရွာများမှ ဒေသခံများမှာလည်း စစ်ဘေးရှောင်နေကြရပြီး စစ်ဘေးရှောင် သောင်းနှင့်ချီ ရှိနေ ကြောင်း သိရသည်။ မြို့ပေါ်မှ ဒေသခံများကိုမူ စစ်ကောင်စီက စစ်ဘေးရှောင်ခွင့်မပေးဘဲ လူ့အခွင့်အရေးချိုးဖောက်နေကြောင်း ဒေသခံများက ပြောသည်။ ကျောက်ဖြူမြို့သည် AA သိမ်း ပိုက်ရန်ကျန်သည့် ရခိုင်မှ မြို့သုံးမြို့အနက် တစ်မြို့အပါအဝင် ဖြစ် သည်။ Read in Full

၁၉။ ရှမ်းနီ SNA တပ်သားတစ်ဦး KIA ထံ လက်နက်နဲ့အတူ အလင်းဝင်
 May 12, 2025
ကချင်ပြည်နယ်အစပ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့စစ် (SNA)က ဒုတပ်ကြပ်တစ်ဦးဟာ မေလ  ၁၀ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဆီ လက်နက်နဲ့အတူ အလင်းဝင် လာတယ်လို့ သိရပါတယ်။ တောင်းဦးကျေးရွာ အခြေစိုက် SNA တပ်ရင်း ၇ ကနေ ဆယ်ဇင်းကျေးရွာမှာရှိတဲ့ KIA တပ်ရင်း ၆ နယ်မြေမှာ အလင်းဝင်လာတာဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ပြီးခဲတဲ့ ဧပြီလ ၂၃ ရက် နေ့ကလည်း SNA ပြည်သူ့စစ်တပ်သားနှစ်ဦး KIA ဆီ အလင်းဝင်လာပြီး SNA တပ်မဟာ ၉၇၂ လက်အောက်ခံ တပ်ရင်း ၇ တောင် ဦးကျေးရွာ အခြေစိုက်ကပဲ ဖြစ်တယ်လို့ သိရပါတယ်။

 လက်ရှိအချိန်မှာတော့ မိုးညှင်းခရိုင်၊အင်းတော်ကြီးဒေသကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ လည်း ပစ်ခတ်နေတဲ့အပြင် ဒေသမှာရှိတဲ့ ရှမ်းနီ SNA နဲ့စစ်ကောင်စီ ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးတာတွေ ရှိတဲ့အတွက် KIA/KPDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒါ့အပြင် မြစ်ကြီးနား-ဖားကန့်လမ်း ကာမိုင်း၊ နန့်ယား၊ မအူပင် ဘက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး  KIA ဘက်ကလည်း ခုခံတိုက်ခိုက်နေတဲ့အတွက် နေ့တိုင်းလိုလို တိုက်ပွဲပြင်းထန် နေတာ ဖြစ်ပါတယ်။ Read in Full

၂၀။ ဒီးမော့ဆိုက စစ်ဘေးရှောင်ပြည်သူများ မိုးကာအကူအညီ လိုအပ်
 May 12, 2025
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင် ပြည်သူအများစုဟာ မိုးကာတဲတွေနဲ့ ဆောက်လုပ်နေထိုင်ရတဲ့ အတွက် ရာသီအကူးအပြောင်းမှာ ပေါက်ပြဲ ပျက်စီးကုန်လို့ မိုးကာတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူ Job for Kayah အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။“မိုးရာသီရောက်ပြီး မိုးကလည်း တောက်လျှောက်ရွာလာပြီဆိုတော့ မိုးမရွာခင်က တည်းက စစ်ဘေးရှောင်တွေက ကျနော့်ဆီ အကူအညီတောင်းထားတာတွေရှိတယ်။ အဓိကကတော့ အမိုးပေါ့နော်။ အမိုးအကာ အတွက် မိုးကာတွေ တောင်းထားတာပေါ့။ တော်တော်များများကတော့ မိုးကာတွေ ပေါက်ပြဲကုန်ပြီဗျ၊ သူတို့တင်တောင်းလာတဲ့ စာရင်းတွေအရ စားနပ်ရိက္ခာပြီးရင် မိုးကာပေါ့နော်။” နွေရာသီနဲ့ ဆောင်းရာသီမှာတုန်းက သုံးထားတဲ့  မိုးကာတွေဟာ နေဒဏ် လေဒဏ်ကို ခံထားရလို့ ဆွေးမြေ့လာပြီး မိုးရွာချိန်မှာတော့ ပေါက်ကွဲကုန်လို့ မိုးမလုံဘူးဖြစ်နေကြပါတယ်။ ဒါ့အပြင် မိုးရွာပြီး မိုးသီးကျတာ၊ လေပြင်းတိုက်ခတ်တာတွေကြောင့် တဲအိမ်တချို့ ပျက်စီးရတာတွေလည်း ရှိနေပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတယောက်က “အန်တီတို့အိမ်က မိုးတွေယိုနေတော့ ကတ်ခူလေးတွေနဲ့ ခံထားလည်း ဒီကတ် ထူတွေက မိုးရေတွေနဲ့ ထိပြီး ဆွေးပြီးတော့ ရေတွေက စီးကျပြီးမှ အထပ်ထပ်ခံရတယ်။ အိပ်ရာကို အကုန်လုံးခေါက်ပြီး တပိုင် တနိုင်လေး နံရံလေးမှာမှီပြီးမှ အိပ်ရတယ်။ အခုဆိုမိုးတွင်းဆိုတော့ ခြင်တွေလည်းများပြီ။ ခြင်ထောင်ဆိုလည်း အန်တီ့ခြင်ထောင် က ပဲ့ရွဲ့နေပြီ မဝယ်နိုင်သေးဘူး။ ဒီဘက်မှာ ကုန်စျေးနှုန်းတွေက တအားရှားတော့ စားရေးသောက်ရေးတောင် အဆင်မပြေတော့ ဘူး။ မဝယ်နိုင်ဘူးပေါ့နော့်။” စစ်ဘေးရှောင်ကာလ ၄ နှစ်လောက်ရှိလာတဲ့အတွက် စစ်ရှောင်ပြည်သူ တချို့က တနှစ်ပြီးတနှစ် လဲနေရတဲ့ မိုးကာအစား သွပ်ကို အစားထိုးပြီး မိုးထားသူတွေရှိသလို မိုးကာနဲ့ပဲ အသုံးပြုနေပြီး မိုးမလုံတဲ့သူတွေလည်း ရှိနေပါ တယ်။ ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၃ သိန်းခွဲအထိ ရှိနေပြီး စစ်ဘေးရှောင်ကာလ ကြာမြင့်လာတဲ့အတွက် စားနပ် ရိက္ခာ အခက်အခဲတွေရှိနေပြီး မိုးကာလိုအပ်ချက်ကလည်း ကြီးမားနေပါတယ်။ Read in Full

၂၁။ ကော့ကရိတ်မြို့အနီး တိုက်ပွဲပြင်းထန်
 May 13, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ရန်ကုတ်ကျေးရွာမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့  ပူပေါင်းစစ်ကြောင်းတို့ မေလ ၁၃ ရက် ဒီမနက် ၅ နာရီလောက်ကစပြီး တိုက်ပွဲ ပြင်း ထန်နေတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ မေလ ၁၂ ရက်က ကော့ကရိတ်အပါ အဝင် မြပတိုင်၊ နဘူး ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တို့ တိုက်ပွဲတွေဖြစ်ပွား နေတာပါ။ ကော့ကရိတ်မြို့နယ် တွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က မြေပြင်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် ကျုံဒိုးမြို့အနီးမှာ စစ်ကောင်စီ တပ်က မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ကျေးရွာတွေကိုပါ ပစ်ခတ်တိုက်ခိုက်နေပါတယ်။ ရှေ့တန်း သတင်းရင်းမြစ်တယောက်က “အာရှလမ်းဘက်ကတော့ နေ့စဉ် ထိတွေ့မှုဖြစ်နေတယ်။ မနှစ်က သူတို့ပြန်ယူထားတဲ့နေရာတချို့ ကျနော်တို့ ပြန်ရတယ်။ သီလရှင်ကျောင်းတို့ လှိုင်းဝဘက်တို့ ပြန်ရထားတယ်။  ကော့ကရိတ်က နေရာတော်တော်များများမှာ တိုက်ပွဲဖြစ်နေတယ်။ လက်ရှိလည်း ဖြစ်နေတုန်းပဲ”လို့ ပြောပါတယ်။

ကော့ကရိတ်မြို့တွင်းက ထောင်နဲ့ချီတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်ဘက်က ထွက်ခွာခွင့်မပေးတာကြောင့် စားနပ် ရိက္ခာအခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး ဆန်ပြုတ် ပြုတ်သောက်နေရတယ်လို့မြို့တွင်းမှာပိတ်မိနေတဲ့မြို့ခံပြည်သူတွေက ပြောပါ တယ်။ မြို့ခံတယောက်က “ဒီမနက် (တိုက်ပွဲ)အကြီးအကျယ်ပဲ ချနေတယ်။ ရန်ကုတ်ဘက်မှာ။ နီးနီးလေးပဲ။ ထွက်လို့လည်းမရ။ ဝင်လို့လည်း မရ။ ဘယ်လိုလုပ်ကြတော့မလဲ။ ပိုပြီးတော့ ဒုက္ခရောက်ရတာပေါ့။ ဘယ်လိုတွေလဲ မသိတော့ဘူး။ စီးပွားရေးတွေ က ဘာမှ မရှိ။ ငတ်ပြီး သေဖို့ပဲရှိတော့တယ်။ ဆန်ပြုတ်တောင် ပြုတ်စားနေရပြီ အခု။ ဝယ်လို့လည်းမရ။ ရှာလို့ကမရ။ အလုပ်ကမရှိ။ ပိုက်ဆံကလည်း မရှိ။ ဒုက္ခမှ အကြီးအကျယ် ဖြစ်နေတာ”လို့ ပြောပါတယ်။ ဒါအပြင်  လက်ရှိမှာ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဘက်က ကော့ကရိတ်မြို့အပါအဝင် ဘားအံ- ဂျိုင်းတံတား ကားလမ်းတလျှောက်နဲ့ ကျုံဒိုးမြို့အခြေ စိုက် ခမရ ၅၄၅၊ ခမရ ၅၄၆ တပ်ရင်းတွေကနေ ခံစစ်အနေ အထားနဲ့ လူ၊ လက်နက် အင်အားဖြည့် တင်းပြီး ခံစစ်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ Read in Full

၂၂။  တိုင်းရင်းမီဒီယာညီလာခံတွင် Bottom up Federalism အခြေခံမည့် မီဒီယာဥပဒေများ ရေးဆွဲပြင်ဆင်ရေး ဆွေးနွေးခဲ့
 May 12, 2025
နိုင်ငံတကာမြန်မာသတင်း-BNI က ကြီးမှူးပြီး မေလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ မြန်မာနိုင်ငံပြင်ပတစ်နေရာတွင် ပြု လုပ်သည့် ၉ ကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံတွင် အောက်ခြေမှအထက် (Bottom up Federalism)ကို အခြေခံသည့် သတင်းမီဒီယာဥပဒေများ ပြင်ဆင်ရေးဆွဲရေး ဆွေးနွေးခဲ့ကြကြောင်း BNI ၏ မေလ ၁၀ ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။“အကျပ်အတည်းကာလ လွတ်လပ်သောသတင်းမီဒီယာများ ရှင်သန်ရေး” ဆောင်ပုဒ်ဖြင့် အဆိုပါညီလာခံတွင် BNI က စုဆောင်းထားသည့် Bottom up Federalism ကိုအခြေခံသော သတင်းမီဒီယာ ဆိုင်ရာဥပဒေများနှင့် ပတ်သက်၍ ပြင်ဆင် အကြံပြုချက်များကို ဆွေးနွေးခဲ့ကြသည်ဟု BNI က ဖော်ပြသည်။ “သက်ဆိုင်ရာပြည်နယ်အလိုက် အစိုးရတွေရှိသလို သက်ဆိုင် ရာသတင်းမီဒီယာဥပဒေတွေ ရှိသင့်တယ်။ အဲဒီကနေ ပြည်ထောင်စုအဆင့် သတင်းမီဒီယာဥပဒေအထိ သွားပြီးချိတ်ဆက်တာကို ဆိုလိုတာ။ BNI အနေနဲ့က အားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ စဥ်းစားချက်တွေရရှိအောင် ကြိုတင်စုဆောင်းပေးတဲ့ သဘောပါ။ ရေး ဆွဲဖို့ တာဝန်ကြီးယူထားတဲ့ပုံစံမဟုတ်ဘူး။ ဥပဒေ ရေးဆွဲပြီး လွှတ်တော်တွေမှာအတည်ပြုနိုင်ဖို့ကတော့ IPCM (လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ) လိုမျိုးရဲ့တာဝန်ပါ။” ဟု BNI ၏ အယ်ဒီတာဘုတ်အဖွဲ့ဝင် နန်းဖော့ဂေက ပြောသည်။ BNI အနေ ဖြင့် သတင်းမီဒီယာဥပဒေများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာပါဝင်သူများ၏ အမြင်သဘောထားများအားဆက်လက် စုဆောင်း ရယူသွားဦးမည်ဖြစ်ကြောင်းလည်း နန်းဖော့ဂေက ဖြည့်စွက်ပြောသည်။

၎င်းအပြင် ညီလာခံ၏ဆောင်ပုဒ်နှင့်အညီ နိုင်ငံရေးအရှုပ်အထွေးကြားမှ သတင်းတင်ဆက်နေရသည့်အခြေအနေ၊ ဘဏ္ဍာရေးအပါအဝင် သတင်းသမားများ လတ်တလောကြုံရသော အခြားအခက်အခဲများ တင်ပြဆွေးနွေးပြီး တက်ရောက်လာ သည့် အလှူရှင်နှင့်အဖွဲ့အစည်းများက ဝိုင်းဝန်းအကြံပြုခဲ့ကြသည်ဟု ထုတ်ပြန်ချက်ပါအရ သိရသည်။ နန်းဖော့ဂေက ဆက် လက်၍ “သတင်းဌာန၊ သတင်းသမားတွေအားလုံးက ပံ့ပိုးနေတဲ့အလှူရှင် တစ်ခုတည်းနဲ့ရပ်တည်ဖို့ခက်တယ်။ သတင်းဌာနတွေ ကိုယ်တိုင်လည်း ရပ်တည်ရေးအတွက် ကိုယ်ပိုင်ငွေရှာဖို့ကို ဆွေးနွေးအကြုံပြုကြတယ်။ NGO လို မီဒီယာမဟုတ်တဲ့အဖွဲ့တွေ တွေလည်း ဖြစ်ကောင်းဖြစ်မယ် ပူးပေါင်းပြီး လုပ်ဖို့ပေါ့။ တစ်စုံတစ်ရာအထောက်အကူဖြစ်မယ့် နည်းလမ်းတွေ ဒီညီလာခံမှာ ဆွေးနွေးအကြံပြုတာရှိတယ်။” ဟု ပြောသည်။ သုံးရက်တာ ပြုလုပ်ခဲ့သည့် ၉ ကြိမ်မြောက် အဆိုပါညီလာခံသို့ လွတ်လပ်သည့် မြန်မာ့သတင်းမီဒီယာသမားများ၊ အလှူရှင်များအပါအဝင်၊ မီဒီယာကို ထောက်ပံ့ကူညီနေသည့် အဖွဲ့အစည်းကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့ အစည်းများ စုစုပေါင်း လူပုဂ္ဂိုလ် ၁၃၀ နီးပါး တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ 

၂၃။  အိန္ဒိယကမြန်မာပိုင်နက်ထဲကျူးကျော်၍ ခြံစည်းရိုးကာရံမှုရှိနေ၊  NUG အစိုးရနှင့်ညှိနှိုင်းဆောင်ရွက်ရန် တောင်းဆိုထား
 May 12, 2025
အိန္ဒိယက မြန်မာပိုင်နက်အတွင်း ၆ နေရာခန့်မှာ ကျူးကျော်၍ ခြံစည်းရိုးကာရံနေမှုကို ရပ်ဆိုင်းရန် နှင့် ဆက်လက်ကာ ရံလိုပါက NUG ဗဟိုအစိုးရနှင့်သာ ညှိနှိုင်းဆောင်ရွက်ရန် တမူးဒေသအခြေစိုက်တော်လှန်ရေးအင်အားစုများက အိန္ဒိယအစိုးရထံ တောင်းဆို ထားကြောင်း သိရသည်။ ၂၀၂၂ ခုနှစ် ဇွန်လမှစတင်၍ အိန္ဒိယအစိုးရသည် အိန္ဒိယ၊ မဏိပူရပြည်နယ်နှင့် မြန်မာ- တမူး မြို့နယ်စပ်အကြား ခြံစည်းရုံး ကာရံမှုကို ဆောင်ရွက်ခဲ့ရာမှာ တမူးမြို့နယ်အတွင်း ၆ နေရာခန့်မှာ မြန်မာပိုင်းနက်ထဲ ဝင်ရောက်၍ နယ်မြေကျူးကျော်ကာ ခြံစည်းရိုး ခတ်နေခြင်းဖြစ်ကြောင်း တမူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နာယကတဦးကပြောသည်။“နယ်မြေကျူးကျော်ခြံခတ်တာကို အားလုံးသဘောထားအရ လက်မခံတဲ့အတွက်ကန့်ကွက်ထားတယ်၊ မြေပြင်က ရဲဘော်တွေ က ကိုယ်တိုင်သွားရောက်တားမြစ်ထားတယ်။ India ဘက်က ဆက်လုပ်ချင်တယ်၊ ၂ နိုင်ငံတာဝန်ရှိသူတွေ နယ်မြေကွင်းဆင်းပြီး သဘောတူတဲ့ နေရာမှာ ခြံစည်းရိုးဆက်ကာဖို့ ပြောပါတယ်၊ ကျနော်တို့က အခုလို တိုက်ပွဲကာလမှာ အခြေအနေမပေးသေးဘူး၊ ဒီအတိုင်းပဲရပ်ထားဖို့ပဲလိုလားပါတယ်၊ ကွင်းဆင်းမယ်၊ ဆွေးနွေးမယ် ဆိုရင်လည်း NUG ဗဟိုအစိုးရနဲ့ပဲညှိနှိုင်းတိုင်ပင်ရမယ် ပြောထားပါတယ်” ဟု တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နာယက တဦးက ပြောသည်။

လက်ရှိ စစ်အာဏာရှင်ကို တော်လှန်နေသည့်ကာလတွင် အိန္ဒိယအနေဖြင့် ခြံစည်းရိုးကာရံနေမှုကို ဆက်မလုပ် စေချင် ကြောင်း၊အမျိုးသားညီညွတ်ရေးအစိုးထံကိုလည်း အိန္ဒိယဘက်မှမြေပြင်ကျူးကျော်ထားမှုကို ပုံများနှင့်တကွတင်ပြထားကြောင်း ၎င်းက ဆိုသည်။ နယ်မြေကျော်၍ ခြံစည်းရိုးခတ်မှုများမှာ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နှင့် မြန်မာပိုင် နက် တမူးမြောက်ပိုင်း၊ မြို့သစ်မြို့၊ ဖိုင်ရန်ကျေးရွာ အနောက်ဘက် နယ်စပ် ဝမ်လီကျေးရွာအနီးမှာလည်း ဖြစ်ပွားကြောင်း၊ ဒုတိယနေရာမှာ တမူးမြို့နှင့် မြို့သစ်မြို့အကြားတည်ရှိသည့် ဝက်ရှုကျေးရွာနှင့် ဆရာစံကျေးရွာအကြား (နယ်စပ် BP 82- 82 ကြား) ၊ တတိယမှာ တမူး- မိုးရေး နယ်စပ် One Gate အနီး BP 77 – 78 အကြားဖြစ် ကြောင်း သိရသည်။ ယင်းအပြင် စတုတ္ထနေရာမှာ တမူးမြို့တောင်ပိုင်း BP 75 – 76 ကြား၊ မီနိုရွာ နှင့် ဘီတုရွာကြား(India ဘက်ကရွာ)နှင့် ပဥ္စမ နေရာမှာ ၅) BP 74 – 75 ကြား၊ မျောက်ငိုခြံဘက်နှင့် နောက်ဆုံး နေရာမှာ ခမ်းပတ်မြို့အနီး ကမ္မကြီးရွာအနောက်ဘက် BP 59 – 60 ကြားဖြစ်သည်ဟု သိရသည်။“အချို့နေရာ ပေ ၂၀၀ ၊ အချို့ နေရာ မီတာ ၁၀၀ ရယ်၊ မီတာ ၂၀၀ ရယ်၊ အချို့နေရာ ၁ ဖါလုံ၊ အချို့နေရာ ၂ ဖါလုံခန့်၊ အဲလို တနေရာနဲ့တနေရာမတူဘူး” ဟု တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နာယက တဦးက ပြောသည်။ နယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်ခြင်းအားဖြင့် မူးယစ် ဆေးဝါးနှင့် လက်နက်မှောင်ခိုတင်သွင်းမှုများကို ဟန့်တားနိုင်မှာဖြစ်ပြီး ဒေသတွင်းမှာလည်း နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိလာ မည်ဖြစ်သည်ဟု အိန္ဒိယ အာဏာပိုင်များက ပြောဆိုထားသည်။ Read in Full

၂၄။  ညောင်ရွှေမြို့နယ်၌ စစ်တပ်က ရွာမီးရှို့၊ ပြည်သူ ၁ ဦးကို ပစ်သတ်
 May 13, 2025
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စန့်စွဲရွာဘက်ကို မေ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက နေအိမ်မီးရှို့တဲ့အပြင် ဒေသခံအမျိုးသား  ၁ ယောက်ကိုလည်းသတ်ဖြတ်ခဲ့တယ်လို့ မြေပြင်ရဲဘော် တယောက် က ပြောပါတယ်။ မေ ၆ ရက်ကစပြီး အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်၊ PNO ပြည်သူ့စစ်တို့နဲ့ တော်လှန် ရေးအင်အားစုတွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က စန့်စွဲရွာက နေအိမ်အလုံး ၂၀ ထက်မနည်းကို နေ့တိုင်း မီးရှို့တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ မြေပြင်ရဲဘော်တယောက်က “အသတ်ခံရတဲ့တယောက်က တိုက်ပွဲဖြစ်နေတဲ့ချိန် မသိဘဲ သွားလိုက် တာ၊ သူများပြေးတဲ့အချိန် သူမပြေးဘူး။ စန့်စွဲရွာဘက်သွားတဲ့အချိန်မှာ စစ်တပ်ဘက်က ပစ်သတ်လိုက်တာပါ” လို့ ပြောပါတယ်။ အသတ်ခံရသူက အသက် ၅၄ နှစ်အရွယ် ဦးစိန် ဖြစ်ပြီး စစ်ကောင်စီက စစ်ကြောင်းထိုးချိန် ပစ်သတ်ခဲ့ပြီးတဲ့နောက် ငွေသား ကျပ် သိန်း ၉၀ ကိုလည်း ယူဆောင်သွားခဲ့တယ်လို့ ဆွေမျိုးနီးစပ်သူကတဆင့် သိရပါတယ်။

စန့်စွဲရွာပြည်သူတွေက စန့်လိတ်ရွာအနီးနားမှာ လွန်ခဲ့တဲ့ ၅ လလောက်ကတည်းက စစ်ဘေးရှောင်နေကြပြီး အနီးနားကို စစ်ကောင်စီ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်တာကြောင့် စစ်ဘေးထပ်ရှောင်နေကြရတယ်လို့ သိရပါတယ်။ ခုလက်ရှိမှာ နှစ်ဖက် စစ်ရေးအခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းက ဗုံးကြဲတာတချို့ လည်း ရှိနေတယ်လို့ သိရပါတယ်။ ညောင်ရွှေမြို့နယ်က လွယ်လုံကျေးရွာ၊ ရေပူကျေးရွာနဲ့ စန့်စွဲကျေးရွာတို့မှာ PNO ပြည်သူ့စစ် တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား မေလထဲမှာ တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေတယ်လို့ မြေပြင်အခြေအနေအရ သိရပါ တယ်။ Read in Full

၂၅။ တွန်းဇန်မြို့၊ တွီးတူမ်းရွာသူ ရွာသားများ ၎င်းတို့ ရပ်ရွာမှာ ပြန်နေထိုင်ခွင့်ပြုလိုက်ပြီဟု ဆို

May 13, 2025
နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခိုင်းထားသည့် တွန်းဇန်မြို့အနီး တွီးတူမ်း (TuiTum) ရွာသူ၊ ရွာသားများကို ၎င်းတို့ ရပ်ရွာ တွင် ပြန်လည်နေထိုင်ခွင့်ပြုလိုက်ဖြစ်ကြောင်း တွန်းဇန်မြို့နယ်ကောင်စီ ဥက္ကဌ ပူးထန်ဆွင်းမုန်က ပြောသည်။ ဇိုမီးတော်လှန် ရေးတပ် (ZRA – EC) က တွန်းဇံမြို့ကို ထပ်မံလာရောက်တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် မေလ ၈ ရက် နောက်ဆုံးထား၍ တွီးတူမ်း ရွာသူ၊ ရွာသားများ စစ်ဘေးရှောင်ပေးရန် CDF – တွန်းဇန်မှ အမိန့်ထုတ်မှုနှင့် ပတ်သက်၍ တွန်းဇန် ကောင်စီ ဥက္ကဌက ပြောဆိုခြင်းဖြစ်သည်။“မနေ့က ညကဆိုရင် တွီးတူမ်း ရွာ အောက်ဘက်မှာ ZRA က အဲဒီနားတဝိုက် ရောက် လာပြီးလို့ ကြားတယ်။ ZRA က ခြောင်းမြောင်းပစ်နေသ၍ တွန်းဇံမြို့ကိုလာတိုက်နေသ၍ သူတို့အတွက်ခက်ခဲဦးမယ်ထင်တယ်။ ဒါပေမယ့် ဒီမှာ စစ်ကြောင်းမှူးနဲ့ တိုင်ပင်ပြီးတော့ ပြည်သူတွေ ပြန်လည်နေထိုင်ချင်ရင် နေထိုင်ခွင့် ပေးလိုက်ရအောင်ဆိုပြီးတော့ စီစဉ်ထားတာ ရှိတယ်။ ကျနော်ကတော့ ခင်ဗျာတို့ ZRA လာတာနဲ့ ချက်ချင်းအကြောင်းကြား ၊ ချက်ချင်း စစ်ဘေးရှောင်ပေးကြ၊ ZRA မလာခင်လေးမှာ ပြန်နေကြပါလို့ ကျနော်ကိုယ်တိုင် တွီးတူမ်း ရွာသားတွေကို ပြောထားတာ ရှိတယ်” ဟု တွန်းဇန် မြို့နယ် ကောင်စီ ဥက္ကဌ ပူးထန်ဆွင်းမုန်က ပြောသည်။ အိမ်ခြေ ၆၀ ကျော်ရှိသည့် တွီးတူမ်းရွာမှ ဒေသခံရွာသူရွာသားများသည် တွန်းဇန် မြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာမှ အသိဆွေမျိုးများ အိမ်တွင် စစ်ဘေးရှောင်နေရသည်ဟု သိရသည်။

လတ်တလောတွင်လည်း ဇိုမီးတော်လှန်ရေးတပ် (ZRA – EC ) သည် တွန်းဇန်မြို့ကို သိမ်းပိုက်နိုင်ရေး ရည်မှန်းချက်ဖြင့် ထပ်မံ တိုက်ခိုက်ရန် ပြန်လည်ဝင်ရောက်လာပြီဟု သတင်းများ ရရှိထားကြောင်း၊ တိုက်ပွဲများ အချိန်မရွေး ပြန်လည်ဖြစ်နိုင်သည့် အခြေ အနေ ရှိနေသောကြောင့် စစ်ရေးပြင်ဆင်ထားရသည်ဟု ပူးထန်ဆွင်းမုန်က ပြောသည်။ တိုက်ပွဲဖြစ်လာလျှင် ဧပြီလက နှစ်ဖက်တိုက်ပွဲများထက် ပိုမိုပြင်းထန်နိုင်သည်ဟု ၎င်းကဆိုသည်။ ဇိုမီးတော်လှန်ရေးတပ် (ZRA – EC) သည် တွန်းဇန်မြို့ကို သိမ်းနိုင်ရေးအတွက် ဧပြီလက နှစ်ကြိမ် လာရောက်တိုက်ခိုက်ရာတွင် တွီးတူမ်း ရွာဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ပြီး ချင်းပူးပေါင်းတပ်မှ တန်ပြန်တိုက်ခိုက်ရာမှာ ရပ်ရွာနှင့် ရွာသူရွာသား ထိခိုက်ပျက်စီးနိုင်မှုကြောင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရ သည်ဟုသိရသည်။“တွီးတူမ်း ရွာကို အမှီအခိုပြုပြီးတော့ ZRA တွေက လာတိုက်ကြတယ်။ အဲဒါကြောင့် ၂ ခါစလုံး ကျနော်တို့က သေနတ်နဲ့ လှမ်းပစ် မယ်ဆိုပြန်တော့လည်း ပြည်သူတွေထိမှာ စိုးလို့ မပစ်ရဘူး။ ဒရုန်းတို့ လက်နက်ကြီးတို့နဲ့လည်း ဗုံးကြဲမယ်ဆို ရင်လည်း ပြည်သူတွေထိမှာစိုးလို့မလှုပ်ရဲဘူး။ အဲဒါကြောင့် ZRA က တွန်းဇန်ကို လာတိုက်မယ်ဆိုပြီး ခဏ၊ ခဏ ပြောလာတဲ့ အခါမှာ ဘာပဲဖြစ်ဖြစ်၊ ကျနော်တို့က ဒီတခါမှာတော့ သူတို့ မလာခင်မှာ တွီးတူမ်း ရွာသားတွေကို တွန်းဇန်မှာ ခဏ စစ်ရှောင် ခိုင်းမယ်ဆိုပြီးမှ တွီးတူမ်း ရပ်ကွက်ကောင်စီ ဥက္ကဌကို ပြောပြီးတော့ ရွေ့ခိုင်းတာဖြစ်တယ်” ဟု တွန်းဇန်မြို့နယ်ကောင်စီ ဥက္ကဌ ပူးထန်ဆွင်းမုန်က ပြောသည်။ Read in Full

၂၆။ တန်လေစခန်းသိမ်းတိုက်ပွဲတွင် တိုက်လေယာဥ်ဖြင့် ဗုံးကြဲ၊ နေအိမ်များပျက်စီး
 May 13, 2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်က စစ်ကောင်စီရဲ့ တန်လေစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်က စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေလို့ စစ်ကောင်စစ်ဘက်က တိုက်လေယာဉ်နဲ့ အနီးဝန်းကျင်ကို လာရောက်ဗုံးကြဲခဲ့ပြီး ပြည်သူတွေရဲ့ အိမ်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ မေ ၁၁ ရက်က စစ်စခန်းနဲ့ ၁ မိုင်လောက်ဝေးတဲ့ ဝေါ်ကျော့ရွာကို ဗုံးကျရောက်ပေါက်ကွဲလို့ အိမ် ၄ လုံး ပျက်စီးခဲ့ပါတယ်။ စခန်းနဲ့လည်း မဆိုင်သလို တိုက်ပွဲနဲ့လည်းမဆိုင်တဲ့ အရပ်သားတွေ နေထိုင်ရာကို တမင်သက်သက် ဗုံးကြဲတာဟာ စစ်ကောင်စီက ပြည်သူကို ရန်သူလို ပစ်မှတ်ထားနေတာလို့ ရွာသားတွေက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မှာတော့ စစ်ရှောင်ပြည်သူတွေဟာ အသက်ဘေးလွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးနေကြပြီး တချို့ တိုက်ပွဲငြိမ်တဲ့ဒေသကလူတွေလည်း ပြန်လာနေကြသလို လက်ရှိမှာတော့ ထိုင်းနိုင်ငံ၊ တာ့ခ်ရိုင်၊ တာဆောင်ယမ်းမြို့နယ်ထဲမှာ မြန်မာစစ်ရှောင် ၂၄၉ ယောက် ကျန်နေသေးတယ်လို့ ထိုင်းစစ်တပ်သတင်းအရ သိရပါတယ်။ Read in Full

၂၇။  မြစ်ကြီးနားတွင် တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုရန် ပြင်ဆင်နေသည့်ကျောင်းသား နှစ်ထောင်ကျော်ရှိဟုဆို
 May 12, 2025
ငလျင်ဘေးကြောင့် စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးခဲ့သည့်ကျောင်းသားများ တက္ကသိုလ်ဝင်တန်း ပြန်လည် ဖြေဆိုရန် မြစ်ကြီးနားမြို့တွင် လေ့ကျင့်သင်ကြားရေးစခန်းများပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပြီး ကချင်ပြည်နယ်အတွင်းမှ ကျောင်း သား နှစ်ထောင်ကျော်ခန့် တက်ရောက်သင်ကြားနေကြောင်း သိရသည်။ အ.ထ.က (၂) ရှိ လေ့ကျင့်သင်ကြားရေးစခန်းများတွင် တိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်မြို့နယ်မှ စစ်ရှောင်ကျောင်းသား ၁၀၀ ခန့်သာ ရောက်ရှိလာကြောင်း မြစ်ကြီးနားမြို့မှ ကျောင်း ဆရာမတစ်ဦးက ပြောသည်။“ဗန်းမော်တစ်ခရိုင်လုံးမှာ ကျောင်းသား ၇၀၀ ကျော်ရှိပေမဲ့ မြစ်ကြီးနားကိုရောက်လာတာ ၁၀၀ ကျော်ပဲရှိတယ်။ ဒါပေမယ့် မန္တလေး၊ ပြင်ဦးလွင်၊ ရန်ကုန်၊ နေပြည် တော် အနယ်နယ်အရပ်ရပ်ကို ရောက်သွားတဲ့ဆီမှာလည်း အများကြီးဝင်သွားသေးတယ်လေနော့်” ဟုပြောသည်။ ကချင်ပြည်နယ်ရှိ တိုက်ပွဲဖြစ်ပွားနေသော‌ နေရာများမှ ကျောင်းသားများ မှာ စာမေးပွဲပြန်လည်ဖြေဆိုရန် အခက်အခဲများကြုံနေရပြီး တနိုင်းမြို့နယ်မှ ကျောင်းသား ငါးရာကျော်မှာလည်း မြစ်ကြီးနား – တနိုင်းလမ်းတွင် ဖြစ်ပွားနေသောတိုက်ပွဲကြောင့် လမ်းခရီးတွင်လုံခြုံရေး အခြေအနေစိုးရိမ်ရသဖြင့် မြစ်ကြီးနားသို့ စာမေးပွဲ အတွက် သွားရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။

လက်ရှိမြစ်ကြီးနားတွင် စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသားများကို သင်ကြားပေးမည့်ဆရာ၊ ဆရာမများအား ရန်ကုန်နှင့် မြစ်ကြီးနားတက္ကသိုလ်မှ ပါမောက္ခများက အွန်လိုင်းမှတစ်ဆင့် မွမ်းမံသင်တန်းပို့ချပေးနေကြောင်း သူကဆက်ပြော သည်။“နှစ်ရက်နေ့ကတည်က စနေပြီ။ Grade 12 သင်တဲ့ ဆရာ/ဆရာမတွေက ဘာသာရပ်အလိုက်ပေါ့နော် အကုန်လုံး Zoom မီတင်နဲ့စနေပြီ။ အဲဒီတော့သူတို့ပို့ချတာကို တာဝန်ယူပြီးပြန်သင်ကြားပေါ့” ဟုဆိုသည်။ မြစ်ကြီးနား အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၈ ကျောင်းမှ ကျောင်းသား ၉၉၇ ဦး၊ မိုးလုံ လေလုံအားကစားခန်းမတွင် ကျောင်း ၁၃ ကျောင်းမှ ကျောင်းသား ၉၈၅ ဦးနှင့် ပမ္မတီးရပ်ကွက်ရှိ အ.ထ.က ၄ ကျောင်းတွင် ကျောင်းသား ၄၈၀ ဦးတို့ကို စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ် ကချင် ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ၈၆၉၉ ဦးရှိပြီး မြစ်ကြီးနားမြို့မှ ကျောင်းသား ၃၂၃၆ ဦးပါဝင်ကြောင်း သိရ သည်။ စစ်ကောင်စီ၏ စာမေးပွဲပြန်လည်ဖြေဆိုရမည်ဟုထုန်ပြန်ကြေညာခဲ့သည့်အပေါ် ကျောင်းသား၊ မိဘနှင့်ဆရာများအကြား ကန့်ကွက်မှုများစွာရှိခဲ့ပြီး စာမေးပွဲမဖြေလိုသည့်ကျောင်းသားများအတွက် အခြားရွေးချယ်စရာများပေးရန်လိုအပ်ကြောင်းလည်း ပညာရေးအသိုင်းအဝိုင်းမှထောက်ပြပြောဆိုထားသည်။ Read in Full

၂၈။ ဒီးမော့ဆိုအရှေ့ခြမ်းက စစ်ရှောင်စခန်းမှာ မိုးရွာသွန်းမှုကြောင့်ရေနှောက်ပြီး သောက်သုံးရေအခက်အခဲဖြစ်နေ
 May 13, 2025
ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ရေချောင်းဘေးမှာ နေထိုင်ကြတဲ့ စစ်ရှောင်စခန်းတစ်နေရာမှာ မိုးရွာသွန်း ပြီးနောက် ရေနှောက်ပြီး သောက်သုံးရေး အခက်အခဲဖြစ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ “နောက်ပိုင်း မိုး တွေ ထပ်ကြီးလာမယ်ဆိုရင် အရမ်းအခက်အခဲ ဖြစ်တယ်။ ကလေးတွေအတွက် အန္တရယ်လည်း များတယ်” လို့ စစ်ရှောင်စခန်း အတွင်းရေးမှူးတစ်ဦးက ပြောပါတယ်။ အဆိုပါ စစ်ရှောင်စခန်းက လူထုတွေဟာ ချောင်းရေကို အသုံးပြုပြီး ချက်ပြုတ်ရေးနဲ့ တစ်ကိုယ်ရေးသန့်ရှင်းရေး၊ အဝတ်အစားလျှော်ဖွပ်ရေးတွေမှာ အဓိက အသုံးပြုနေကြတာပါ။ တောင်ပေါ်က စီးဆင်းလာတဲ့ တောင်ကျရေကြောင့်လည်း ရေနှောက်ပြီး သောက်သုံးဖို့ အဆင်မပြေတဲ့အတွက် တခြားတစ်နေရာကနေ သွားရောက်ခပ်ယူနေ ကြတယ်လို့ ဆိုပါတယ်။“အခုက သောက်ရေနဲ့ အရမ်းအခက် အခဲဖြစ်တယ်။ မိုးတွေ အရမ်းကြီးလာရင် ရေက အရမ်းနှောက် တယ်။ သောက်သုံးရေ မပြောနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး သုံးဖို့တောင်မှ အဆင်မပြေဘူး”လို့ အတွင်းရေးမှူးက ဆက်ပြောပါ တယ်။ တစ်ကိုယ်ရေသုံးအတွက် ချောင်းရေကို အသုံးပြုကြတဲ့သူတချို့လည်း ယားယံမှုတွေ ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။

စစ်ရှောင်အရေး လိုက်လံ ဆောင်ရွက်ပေးနေတဲ့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းက IEC ရဲ့ လူသားချင်းစာနာထောက်ထား ရေးနှင့် ပြန်လည်နေရာချထားရေးဌာန၊ ဦးစီးမှူး ဦးစဲရယ်က အဆိုပါ စစ်ရှောင်တွေရဲ့ အခက်အခဲကို အခုလိုပဲ ပြောပါတယ်။“ဒီစစ်ရှောင်တွေအတွက်က သောက်ရေ နဲ့ ချက်ပြုတ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းအတွက် အသုံးပြုဖို့ ရေတွေက အတော်လေး လိုအပ် နေတယ်။ ပြီးတောတစ်ဆက်ထဲမှာပဲဒီချောင်းကိုဖြတ်ဖို့ကတံတားတစ်စင်းလုပ်ဖို့လိုအပ်နေတယ်။ ဘာလို့လည်းဆိုရင်ဒီစစ်ရှောင် မှာက ကလေးသူငယ်တွေက များနေတယ်။ ပြီးတော့ နောက်ပိုင်းကျရင် မိုးရာသီလာတော့မှာဆိုတော့ အသွားအလာလုပ်ဖို့က တံတားတစ်စင်းလည်း အရေးကြီးလိုအပ်နေတယ်” လို့ ဦးစဲရယ်က ပြောပါတယ်။ လိုအပ်တဲ့ သောက်သုံးရေတွေကို ရယူဖို့ အတွက် ပေ (၂၀၀၀) လောက်ဝေးတဲ့ နေရာကနေ ရေကို ရယူဖို့ ပြုလုပ်နေတာကြောင့် အကူအညီတွေ အများကြီး လိုအပ်နေ တယ်လို့ သူက ဆက်ပြောပါတယ်။ အဆိုပါ စစ်ရှောင်စခန်းက လူထုတွေဟာ ၂၀၂၄ခုနှစ် နိုဝင်ဘာလမှာ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုအရှေ့ခြမ်းကို တိမ်းရှောင်လာကြတာဖြစ်ပါတယ်။ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၄၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ Read in Full

၂၉။ ဒီဇင်ဘာရွေးကောက်ပွဲအတွက် စစ်ကောင်စီ ကဏ္ဍစုံပြင်ဆင်လာ
 May 13, 2025
လာမယ့်ဒီဇင်ဘာမှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတဲ့ စစ်ကောင်စီက လက်ရှိမှာ စွန့်လွှတ်နယ်မြေတွေ ရှိနေပေမယ့် သံတမန်ရေး၊ နိုင်ငံရေး၊ စစ်ရေးစတဲ့ ကဏ္ဍတွေမှာ ကြိုတင်ပြင်ဆင်လာနေပါတယ်။ တရုတ်အပါအဝင် နိုင်ငံ့ခေါင်းဆောင် တချို့နဲ့ ရုရှားခရီးစဉ်မှာ တွေ့ဆုံခွင့်ရခဲ့ပြီး ကျင်းပမယ့် ရွေး ကောက်ပွဲကို ထောက်ခံအားပေး ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံပိုင်မီဒီယာတွေကို ပြောပါတယ်။ စစ်ခေါင်းဆောင်အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကိုသွားဖို့ လက်ခံပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကို အခုနှစ်ကုန်ပိုင်းမှာ ဆောင်ရွက်မယ့် အကြောင်း ရှင်းပြချက်အပေါ် အားလုံးက ထောက်ခံအားပေးမှုရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရင်ပြင်နီချီတက်ပွဲအခမ်းအနားကို စစ်ခေါင်းဆောင် တက်ရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်အပါအဝင် ကာဇက်စတန် သမ္မတတို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။ ရွေးကောက်ပွဲ ကျင်းပမယ့်အချိန်မှာလည်း နိုင်ငံတကာက လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို ဖိတ်ကြားနိုင်ဖို့ စီစဉ်နေသလို ရွေးကောက်ပွဲ ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေကို တရုတ်သမ္မတက အားပေးထောက်ခံတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။ CDM ဗိုလ်ကြီး ဇင်ယော်က စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ စွန့်လွှတ်နယ်မြေတွေကို ရသလောက် ပြန်ထိန်းချုပ်ဖို့ စစ်ရေးအရှိန်မြှင့် မယ့် အနေအထားမျိုး ရှိတဲ့အတွက် မရရအောင် လုပ်မယ့်ပုံစံမျိုးလို့ သုံးသပ်ပါတယ်။

“သူ့အနေနဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် စွန့်လွှတ်ပြီးနယ်မြေတွေကို ရသလောက်ပြန်ပြီးတော့ ထိန်းချုပ်သိမ်းပိုက် နိုင်မှသာ လုပ်လို့ရမယ့်အနေအထား။ ဒီထက်ပိုပြီး စစ်ရေးအရှိန်မြှင့်ရမယ့် အနေ အထားမျိုးပေါ့။ ပြီးရင် ကိုးကန့်ထိန်း ချုပ်ထားတဲ့ နယ်မြေတွေမှာလည်း ရွေး‌ကောက်ပွဲလုပ်ခွင့်ရဖို့ တရုတ်ကို အပူကပ်နေတယ်လို့ သိရတယ်ခင်ဗျ။ ရွေးကောက်ပွဲကို ဟန်ပြပုံစံ မျိုးနဲ့ လုပ်ပြီးတော့ သူတို့ ရှောင်ထွက်သွားမယ့် ပုံစံမျိုးပေါ့။ နိုင်ငံတကာ ထောက်ခံမှုမရှိပေမယ့်လည်း ရုရှား၊တရုတ်နဲ့ မိတ်ဖက် နိုင်ငံတွေရဲ့ မျက်နှာသာပေးမှုနဲ့ပဲမရရအောင်တော့လုပ်သွားမယ့် ပုံစံမျိုးတော့ရှိတယ်”လို့ပြောပါတယ်။ လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲက ၂၄၀ မြို့နယ်မှာ တိုက်ပွဲ တွေရှိနေ တာကြောင့် စစ်ရေးပဋိပက္ခဖြစ်စဉ်တွေ မရှိသေးတဲ့ အရေ အတွက်ဟာ ၉၀ မြို့နယ်သာ ကျန်ရှိပါတယ်။ ဒီအခြေအနေမှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး တိုက်ပွဲတွေကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအနေနဲ့ စိုးမိုးနယ်မြေတွေ ဆုံးရှုံးမှု များပြားနေပြီး မြို့ပေါင်း ၉၆ မြို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားတာပါ။“ရွေးကောက်ပွဲ နယ်မြေအနေအထားကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ သိတဲ့အတိုင်း တစ်နိုင်ငံလုံး ရွေးကောက်ပွဲ တပြိုင် နက်လုပ်ဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒါကြောင့် အပိုင်းလိုက်ကျင်းပမယ်လို့ စစ်ခေါင်းဆောင်က ပြောထားတဲ့အတွက် ဒါကပိုပြီးတော့မသမာမှုကိုဖြစ်ဖို့ လွယ်ကူလိမ့်မယ်လို့ ကျွန်တော်တို့တွက်ဆထားတယ်။ သူတို့သုံးတဲ့ ဒီဂျစ်တယ်နည်းပညာတွေ ကလည်း ပြောရမယ်ဆိုရင် ကုလားဖန်ထိုးဖို့ (လိုရာအကွက်ဆင်ခြင်း) အင်မတန်လွယ်တဲ့ နည်းပညာတွေ ဖြစ်နေတယ်ဆိုတာ တွေ့ရတယ်”လို့ဆိုပါတယ်။ Read in Full

၃၀။ လားရှိုးကို လျှပ်စစ်မီးပြန်ပေးရန် TNLAMNDAA တို့နှင့် စစ်ကောင်စီအရာရှိများ ညှိနှိုင်းမည်
May 12, 2025
စစ်ကောင်စီ ပြန်လည်အုပ်ချုပ်ပြီဖြစ်တဲ့ ရှမ်းမြောက်က လားရှိုးမြို့ကို ရွှေလီရေအားလျှပ်စစ်ကနေ လျှပ်စစ်မီး ပြန်ပေး နိုင်ဖို့ တအာင်းတပ် (TNLA) နဲ့ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်နယ်မြေတွေဆီ စစ်ကောင်စီရဲ့ လျှပ်စစ်ဌာနက အရာရှိတွေ ဒီနေ့ မေ ၁၂ ရက်မှာ ရောက်နေပြီလို့ MNDAA စစ်သတင်းအရင်းအမြစ်ဆီကနေ သိရပါတယ်။ စစ်ကောင်စီရဲ့ လျှပ်စစ်ဌာနက အရာရှိ တွေဟာ မေ ၁၁ ရက်နေ့မှာပဲ မန္တလေးမြို့ကနေ ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-သီပေါ-လားရှိုး-နမ္မတူ-မန်စံလမ်းအတိုင်း ဝင် ရောက်လာတာဖြစ်ပြီး လားရှိုးမြို့ကို လျှပ်စစ်မီးပြန်ယူဖို့ TNLA၊MNDAA တပ်ပိုင်းကအရာရှိတွေနဲ့ ဆွေးနွေးကြမယ်လို့ဆိုပါတယ်။ MNDAA စစ်ရေးသတင်းအရင်းအမြစ်က “စစ်ကောင်စီဘက်ကနေ စေလွှတ်လိုက်တဲ့ လျှပ်စစ်ဝန်ထမ်းတွေ TNLA နဲ့ MNDAA နယ် မြေတွေကို ညှိနှိုင်းဆွေးနွေးဖို့ ဒီနေ့ရောက်နေကြပြီ။ နမ္မတူ-မန်စံနဲ့ ရွှေလီရေအားလျှပ်စစ်ကနေ လားရှိုးမြို့ မီးရဖို့ ညှိနှိုင်းကြမယ်” လို့ ပြောပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလကတည်းက ရွှေလီရေအားလျှပ်စစ်ကနေ ရှမ်းမြောက် ဒေသတွေကို လျှပ်စစ်မီး သွယ်တန်းထားတဲ့ ဓာတ်အားခွဲရုံတွေနဲ့ လျှပ်စစ်မီးတိုင်တွေ ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ ရွှေလီ ရေအား လျှပ်စစ်ကနေ ရှမ်းမြောက်ဒေသတွေဆီကို လျှပ်စစ်မီးဖြန့်ဖြူးရာမှာ TNLA နဲ့ MNDAA မဟာမိတ် ပူးပေါင်းတပ်တွေ ထိန်းချုပ်ရာ နမ္မတူဒေသကို ဖြတ်သန်းသွားရတာ ဖြစ်ပါတယ်။ ဒါကြောင့် လျှပ်စစ်မီးရရှိဖို့ ကြိုးစားရာမှာ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် လျှပ်စစ်ဌာနအရာရှိတွေ ညှိနှိုင်းဆောင်ရွက်ရတာ ဖြစ်ပါတယ်။

TNLA ဘက်ကလည်း နမ္မတူကနေထိန်းချုပ်ထားပြီး လျှပ်စစ်မီးမပို့လွှတ်တော့ဘူးလို့လည်း အဲဒီသတင်းအရင်းအမြစ်က ပြောပါတယ်။ ကိုးကန့်တပ်ဟာလားရှိုးမြို့ကိုထိန်းချုပ်ထားစဉ်ကာလက လတ်တလောမီးရဖို့ နမ္မတူ-မန်စံရေကျ (ကုန်းညောင်) ကနေ လျှပ်စစ်မီးကို နှစ်ရက်ခြား ၁၂ နာရီ မီးပေးခဲ့ကြပြီး လားရှိုးမြို့ကို အရပ်သား အများအပြား ပြန်ဝင်လာချိန်မှာတော့ နှစ်ရက် ခြား ၆ နာရီအထိ မီးပြန်ပေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ လားရှိုးမှာ ရဲစခန်းတိုက်တန်းနဲ့ KTV ကလွဲရင် လူနေရပ်ကွက်တွေ မီးမရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ လားရှိုးမြို့ ဒေသခံတယောက်က “မန်စံခွဲရုံ နမ္မတူကနေ စစ်ကောင်စီနဲ့ TNLA ညှိပြီး လားရှိုးမြို့ကို မီးပြန်ယူမှာထင်တယ်။ အခုက လျှပ်စစ်မီးမရတာ များတယ်။ ပိုက်ဆံပေးတဲ့ KTV နဲ့ အမှတ် ၁ ရဲစခန်းတိုက်တန်း ရုံးကြီးတလျှောက်ပဲ မီးမှန်တယ်။ ရပ်ကွက်တွေထဲကျ လာချင်တဲ့အခါ လာတာပဲ မမှန်ဘူး” လို့ ပြောပါတယ်။ အရင်ကတော့ ရွှေလီရေအားလျှပ်စစ်ကနေ နမ့်ခမ်း-နမ္မတူ-မန္တလေး၊ နမ္မတူ-လားရှိုးကို မီးပေးနေတာ ဖြစ်ပြီးတော့ အဲဒီဒေသတလျှောက်က လျှပ်စစ်လိုင်းတွေဟာ ပြုပြင်ပြီးစီးတာ ကြာပြီလို့လည်း သိရပါတယ်။ စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ထမ်း တယောက်ကလည်း “မန်စံခွဲရုံကနေ‌ TNLA ဘက်က မီးမပေးရင် လားရှိုးနဲ့ မြန်မာနိုင်ငံ အထက်ပိုင်းမြို့တွေ မီးမရနိုင်ဘူး” လို့ ပြောပါတယ်။ Read in Full

၃၁။ ဗလမင်းထင်တံတားအောက် ရွှေတူးဖော်မှု ဆိုးဆိုးရွားရွားလုပ်ဆောင်နေ
 May 13, 2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားအောက်မှာ ကုမ္ပဏီကြီးတွေအပါအဝင် လက်လုပ်လက်စား ရွှေတူး ဖော်မှုဆိုးဆိုးရွားရွားမြင်တွေ့နေရတယ်လို့ ဒေသခံတွေပြောပါတယ်။ ကချင်ပြည်နယ်စစ်ကောင်စီအစိုးရက တရားဝင်ခွင့်ပြုထား တဲ့ ကုမ္မဏီကြီးတွေအပြင် တစ်ဖက်မှာလည်း ဝင်ငွေအကြပ်အတည်းနဲ့ အလုပ်အကိုင်ရှားပါးမှုပြဿနာတွေကြောင့် မြစ်ကြီးနား မြို့ ပြည်သူတွေက စက်အသေးစားအပြင်လက်လုပ်လက်စားလာရောက်ရွှေတူးဖော်တာတွေ၊ ရွှေကျင်တာတွေ ရှိနေတာကြောင့် ဗလမင်းထင်တစ်ဝိုက်ဟာ ရွှေမှော်ကြီးတစ်ခုလို မြင်တွေ့နေရတယ်လို့ ဆိုပါတယ်။“ဟေ့ ဗလမင်းထင်တံတားအောက်မှာ သွား ကြည့်လိုက်အုံး၊ ပုရွက်ဆိတ်တွေဝိုင်းအုံနေသလိုပဲဆိုပြီး ကျမသူငယ်ချင်းပြောတော့ ကျမကိုယ်တိုင် သွားကြည့်တော့ တကယ်ပဲ ဖားကန့်မြေမှာ မြေစာချလိုက်ရင် ရေမဆေးတွေ ဝိုင်းလုဝိုင်းအုံကြသလိုပဲ။ သဲကျောက်ကားရော၊ ရွှေတူးဖော်တာတွေရော ဝိုင်းအုံ နေတာပဲ။ ကျမအသက် ၂၅ နှစ်အထိ အဲဒီနေရာမှာ အဲလိုရွှေတူးတာ တစ်ခါမှ မတွေ့ဖူးဘူး။ တံတားလုပ်သူကလုပ်၊ သဲကျောက် သယ်တဲ့ကားကတစ်မောက်၊ ရွှေတူးဖော်တာကတစ်မောက် ပွတ်လောရိုက်နေတာပဲ”လို့ ဝိုင်းမော်ဒေသခံလူငယ်အမျိုးသမီး တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြစ်ကြီးနားမှာ မြစ်ရေကြီးချိန် ရွှေတူးဖော်မှုတွေ ယာယီရပ်နားတာတွေတွေ့ ရပေမဲ့ မြစ်ရေကျသွားပြီးနောက် ရွှေတူးဖော်မှုတွေ အများအပြား တွေ့ရတယ်လို့ ပြောပါတယ်။ လက်ရှိ ဗလမင်းထင် တံတား နားမှာ ဧရာ၀တီမြစ်ကူးတံတားသစ် တည်ဆောက်နေတာဖြစ်ပြီး အဲဒီတံတားသစ်အတွက် သဲကျောက်ထုတ်ယူတာတွေအပြင် ကုမ္ပဏီကြီးတွေကလည်း စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဗလမင်းထင်တံတားအနီးတစ်ဝိုက် ဧရာ၀တီမြစ်ကမ်းဘေးတစ်လျှောက်မှာ ကချင်ပြည်နယ် စစ်ကောင်စီအစိုးရအဖွဲ့က ခွင့်ပြုထားတဲ့ ကုမ္ပဏီ ၂၀ ခန့် ရှိတယ်လို့ သိရပါတယ်။ အဲဒီကုမ္ပဏီဆိုဒ်တွေက သဲကျောက်ထုတ်ယူရောင်းချနေသလို တစ်ဖက် မှာ ရွှေလည်းတူးဖော်နေကြတယ်လို့ ကချင်ပြည်နယ် သဘာ၀ပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့(KEG)က စုံစမ်းသိရှိထားတယ် လို့ ဆိုပါတယ်။“သူများနိုင်ငံတွေက သဘာ၀ပတ်ဝန်းကျင်ကို အရမ်းတန်ဖိုးထားတယ်။ ဒီနေ့ ကျမတို့နိုင်ငံမှာက ဒီလိုမျိုး ကိုယ့် မှာရှိတဲ့ အာဏာပါဝါတွေကိုအသုံးချပြီး ကိုယ်ကျိုးကိုပဲကြည့်ပြီး သဘာ၀ပတ်ဝန်းကျင်ကို ဖျက်ဆီးလိုဖျက်ဆီးနေကြတာ။ ကြိုက် သလို လုပ်စားနေကြတာ။ ဒီလိုလုပ်တဲ့ဆိုးကျိုးတွေက နောက်နောင်မျိုးဆက်တွေ ခံစားရလိမ့်မယ်။ သဘာ၀ဘေးအန္တရယ် တွေ က ပိုမိုဆိုးရွားလာဖို့ပဲရှိတယ်လို့ မြင်တယ်။” လို့ Kachin Environmental Group KEG က တာဝန်ရှိသူ မခေါန်ထွယ်က ပြောပါ တယ်။ မြစ်ကြီးနားမြို့ကနေ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားအနီးတစ်ဝိုက်အပြင် မြစ်ကြီးနားမြို့နယ် အတွင်း ဧရာ၀တီမြစ်ကမ်းဘေးတစ်လျှောက်မှာ ရွှေကျင်၊ ရွှေတူးဖော်မှုတွေကို အရင်အစိုးရခေတ်အဆက်ဆက်က တားမြစ်ပိတ် ပင်ထားတာဖြစ်ပါတယ်။ လက်ရှိ ဆိုးရွားစွာ ရွှေတူးဖော်နေတဲ့နေရာတွေထဲမှာ မြစ်ကြီးနားအပြင် ပူတာအိုဘက် မချမ်းဘောမြို့ နယ်ထဲက နမ့်စဘွမ်ရွာ နမ့်စဘွမ်ချောင်းတစ်လျှောက်လည်း ပြည်သူ့စစ်အာဏာပိုင်တွေက ကျေးရွာအတွင်းထိ ဆိုးရွားစွာရွှေတူး ဖော်နေတာဖြစ်ပါတယ်။ Read in Full

၃၂။ လားရှိုးလေဆိပ် မကြာခင် ပြန်လည်ဖွင့်လှစ်သွားမည်
 May 13, 2025
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ လေဆိပ်ကို ပြန်လည်ပြုပြင်ပြီး မကြာခင်ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ လေဆိပ်၏ လေယာဉ်ပြေးလမ်းကြောင်းများကို ယခုရက်တပတ်အတွင်း ပြန်လည်းပြုပြင်နေပြီး မကြာခင် ပြန်လည်ဖွင့်လှစ်ရန် လေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲနိုင်ကြောင်း လားရှိုးမြို့ ဒေသခံ အမျိုး သားတစ်ဦးက ပြောသည်။“သူတို့ လေယာဉ်ပြေးလမ်းတွေပြန်ပြင်နေတယ်ဆိုတာ သိရတယ်။ပြန်ပြင်နေတာ‌တော့ ၄ ရက် လောက်ရှိပြီ။ လားရှိုးလေဆိပ်ကတော့ ပြန်ဖွင့်ဖို့တော့များတယ်။ဘာလို့လည်းဆို‌တော့ သူတို့ရဲ့ဝင်‌‌ငွေလည်းဖြစ်တယ်လေ။”ဟု ၎င်းကပြောသည်။ လားရှိုးမြို့ရှိ လေဆိပ်၏ အချိန်ဇယားများကို ပြန်လည်ပြင်ဆင်၍ မကြားခင်ပြန်လည်းဖွင့်လှစ်သွားမည် ဖြစ်၍ ဘယ်နေ့ပြန်လည်းဖွင့်လှစ်သွားမည်ဆိုတာကို အတည်မပြုနိုင်သေးကြောင်း ဒေသခံများက ပြောသည်။ “တချို့အေးဂျင့်တွေက လေယာဉ်လက်မှတ်တွေစတင်ရောင်းနေပါပြီ။ အရင်လို့ နေ့တိုင်းတော့ ပြေးဆွဲမှာမဟုတ်ဘူးလို့ကြားသိထားတယ်” ဟု လားရှိုး ဒေသခံ အမျိုးသားတစ်ဉီးက ဆိုသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း လားရှိးမြို့ရှိ လေဆိပ်မှ လေယာဉ်ခရီးစဉ်ပျံသန်းပြေးဆွဲမှုကို ပြီးခဲ့သည့် ၂၀၂၄ ဇူလိုင်လ ပထမပတ်အတွင်း တိုက်ပွဲများကြောင့် ရပ်နားခဲ့ရပြီး၊ ကိုးကန့်တပ် MNDAA က ၂၀၂၄ ဇူလိုင်လ ၃၀ ရက်နေ့တွင်သိမ်းပိုက်နိုင်ခဲ့ သည်။ လားရှိုးမြို့ပေါ်ကို တရုတ်အကူအညီဖြင့် စစ်ကောင်စီဘက်မှ လက်နက်အပြည့်အစုံ တပ်ဆင်ကာ စစ်ကားရာနှင့်ချီ ယာဉ် တန်းဖြင့်ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်တွင် ဝင်ရောက်လာခဲ့သည်။ “လားရှိုးမြို့ က အရင်လိုပြန် လည်ပတ်ဖို့က ခက်တော့ခက် အုံး မယ်။ အခုလည်း လုံခြုံမှုက မရှိသေးဘူး။ တိုက်ပွဲတော့ပြန်မဖြစ်ပေမယ့် သူခိုး၊ဓားပြကတော့ တော်တော်များတယ်”ဟု ၎င်း အမျိုးသားက ဆိုသည်။ ထို့အပြင် စစ်ကောင်စီနှင့် ကိုးကန့်တပ်အကြား လားရှိုးမြို့ပေါ်တွင် အုပ်ချုပ်ရေးယန္တရားခွဲဝေမှု တိတိကျကျ မသိရှိရဘဲကြားကာလအုပ်ချုပ်ရေး ဖြစ်နေသည့်အတွက် သူခိုး၊ ဓားပြများလည်း အခွင့်အရေးယူကာ သောင်းကျန်းနေ ကြောင်း ဒေသခံများက ပြောသည်။ Read in Full

၃၃။ ပစ်ခတ်ခံရမှုကြောင့် ကျပ်သိန်း ၅၀ လျော်ကြေးတောင်းဆိုမှု SSPP ငြင်းဆို
 May 12, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နောင်လောင်းကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးသုံးစွဲသူများ ရှင်းလင်းစဉ် ပစ်ခတ်မှုမှာ နစ်နာသူဘက်မှ လျော်ကြေး ကျပ်သိန်း ၅၀ တောင်းဆိုမှုအား SSPP ဘက်မှ ငြင်းပယ်ထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သော မေလ(၁၀) ရက် မူဆယ်မြို့နယ် နမ့်စန့်ရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ နယ်မြေလိုက်လံစစ်ဆေးချိန် မူးယစ်ဆေးဝါးသုံးစွဲနေသူ (၄) ဦးတွေ့ရှိကြောင်း၊ ထိုသူများအနက် တစ်ဉီးက စစ်ဆေးမခံဘဲ ထွက် ပြေးသောကြောင့် ခြောက်လှန့်ပစ်ခတ်စဉ် တစ်ဉီး ထိခိုက်ဒဏ်ရာရှိသွားကြောင်း၊ TNLA ကြားဝင်ပေးမှုဖြင့် ကျပ်ငွေ သိန်း ၅၀ ပေး ရန် နစ်နာသူဘက်မှ တောင်းဆိုကြောင်း  လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောသည်။“နမ့်စန့်မှာ SSPP ကမူး ယစ်ဆေးတွေ လာစစ်တဲ့ချိန် ဆေးသုံးနေတဲ့ (၄)ယောက်နဲ့ တည့်တိုးတာ၊ သူတို့လိုက်ဖမ်းတော့ တစ်ယောက်ကထွက်ပြေးသွား တာ၊ အဲ့ကြောင့် သူတို့ သေနတ်နဲ့လိုက်ပစ်တဲ့ချိန် သူ့လက်ကိုထိသွားတာ၊ ထိသွားမှန်းတောင် မသိလိုက်ဘူးတဲ့၊ နမ့်ခမ်း ဆေးရုံ ရောက်တဲ့ချိန်မှသိတာတဲ့၊ လျော်ကြေးသိန်း ၅၀ တောင်းတာ၊ မူးယစ်ဆေးမိထားတော့ SSPP က မပေးဘူးလေ”ဟု ထိုဒေသခံ က ပြောသည်။

ထို့ပြင် ဒဏ်ရာရသည့် သူထွက်ပြေးစဉ် ၄င်းလွင့်ပစ်လိုက်သော စိတ်ကြွမူးယစ်ဆေး (၅) စေ့ ကိုလည်းသိမ်းဆည်း ရသည့် ကြောင်းဒေသတွင်းသတင်းရင်းမြစ်ကပြောသည်။“သူတို့လိုက်ဖမ်းတဲ့ချိန်ဆေးသမားကသူ့လက်ထဲကနေ အမည်းထုပ်တစ်ထုပ် လွှင့်ပစ်လိုက်တာ၊ သူတို့က အဲ့ဒီ အထုပ်ကို ယူပြီး စစ်ဆေးကြည့်တဲ့ချိန် မူးယစ်ဆေးဖြစ်နေတယ်” ဟုပြောသည်။ ထိုပစ်ခတ်ခံရ သူကို နမ့်ခမ်းဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး မူးယစ်ဆေးဝါးတွေ့ရှိမှုနှင့် ပတ်သက်ပြီး မည်သို့ အရေးယူမည်ကိုလည်း မသိရ သေးပေ။ နမ့်စန့်ရွာသည် မူဆယ်မြို့နယ်၊ နောင်လောင်းကျေးရွာအုပ်စုထဲတွင် ပါဝင် ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲရာ ဒေသ တစ်ခုဖြစ်သည်ဟု ဒေသခံများပြောပြချက်အရသိရသည်။ Read in Full

 
မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button