စကားဝိုင်း

ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ဖက်ဒရယ်ပြည်ထောင်စု ခရီးလမ်း

စကားဝိုင်းအနှစ်ချုပ်

ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ဖက်ဒရယ်ပြည်ထောင်စု ခရီးလမ်း (စကားဝိုင်းအနှစ်ချုပ်)

အခုစကားဝိုင်းမှာတော့ ၁၉၄၇ ပင်လုံ စာချုပ်နဲ့ ပြည်ထောင်စုအခင်းအကျင်းကို ပြန်လည်ဆွေးနွေးကြည့်ကြမှာဖြစ်သလို လက်ရှိပြည်ထောင်စု ပြန်လည်တည်ဆောက်ရေးကိုလည်း အဓိကထား ဆွေးနွေးသုံးသပ်သွားကြမှာ ဖြစ်ပါတယ်။

– ပါဝင် ဆွေးနွေးမည့်သူများ

၁။ မွန်းနေလီ – ပြောရေးဆိုခွင့်ရှိသူ (အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ))

၂။ Pu Bawi Kung – ဒုဥက္ကဌ (၂) (Chinland Council)

၃။ ဒေါက်တာ စိုင်းကြည်ဇင်စိုး – မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ

၄။ ကိုခန့်ဝေဖြိုး – ဦးဆောင်ကော်မတီဝင် (မုံရွာသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ)

၅။ ထိန်မောင်နော်တောင် (FJMM / Moderator)

——–

Pu Bawi Kung  – ဒုဥက္ကဌ (၂) (Chinland Council)

မေး –    ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ပင်လုံစာချုပ် လက်မှတ်ထိုးတဲ့ နေ့ကို ဒီကနေ့ကို ပြည်ထောင်စုနေ့အဖြစ် အစိုးရအဆက်ဆက်၊ ခေတ်အဆက်ဆက် ကျင်းပခဲ့တယ်။ တစ်ချို့က ပင်လုံ စာချုပ်အနှစ်သာရ မပြည့်စုံတဲ့အတွက် ပြည်ထောင်စုနေ့ကို မေးခွန်းထုတ်ကြတယ်။ ဒီအပေါ် ဘာမှတ်ချက် ပေးချင်သလဲ။

ဖြေ –     ပင်လုံကဒိတ်မအောက်သေးပါဘူးလို့ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အနှစ်သာရမရှိသေးရင်တောင်မှ၊ အနှစ်သာရဘက်မသွားနိုင်ရင်တောင်မှ ပြည်ထောင်စုနေ့ဆိုတာ သတ်မှတ်နိုင်တာကို၌က ပင်လုံရဲ့ ကျိုးကျေးဇူးလို့ခေါ်ရမှာပါပဲ။ သို့သော် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပင်လုံစာချုပ် ချုပ်ဆိုကြတဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ပုဂ္ဂိုလ်ကြီးများအခုချိန်မှာ သတို့မရှိကြတော့ပါဘူး။

သို့သော် သူတို့မရှိတဲ့နောက်ပိုင်းမှာ မဖြစ်သေးတဲ့၊ မပြီးသေးတဲ့ ဥစ္စာကို ကျွန်တော်တို့ မျိုးဆက်သစ်တွေက အခုဆွေးနွေးနေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်မှတ်ချက်ပေး ချင်တာက ပင်လုံစာချုပ်ရှိလို့သာ ပြည်ထောင်စုနေ့ဆိုလို့ သတ်မှတ်နိုင်တာဖြစ်ပါတယ်။ ဆိုတော့ အနှစ်သာရကတော့ အခုမျိုးဆက်သစ်တွေက လုပ်သွားမှာဖြစ်ပါတယ်။ ဖြစ်အောင်လုပ်သွားမှာပါ။

ကျွန်တော်မြင်တာကို ပြောချင်တာကတော့ တိုင်းရင်းသားအားလုံးပိုင်ဆိုင်တဲ့ ပြည်ထောင်စုဖြစ်ရမယ်။ ဒါပေမဲ့ မြန်မာနိုင်ငံလို့ခေါ်မလား၊ ဗမာနိုင်ငံလို့ခေါ်ရမလား။ အဲ့ဒီကိစ္စကလည်းပဲ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကလည်းပဲ ရှင်းဖို့လည်းလိုတယ်။ ဘာကြောင့်လဲဆိုတော့ ချင်း၊ ရှမ်း လိုပဲ ဗမာကို တစ်ဖွဲ့အနေနဲ့ ကျွန်တော်တို့က အသိအမှတ်ပြုချင်တယ်။

ကျွန်တော်နားလည်းတာကတော့ ဗမာလို့ နားလည်တော့ ဒါတွေကလည်းပဲ ကျွန်တော်တို့ မျိုးဆက်သစ်တွေက သဘောထားကြီးစွာနဲ့ စဉ်းစားဖို့လိုပါတယ်။ ပင်လုံကတိကဝတ်ဖြစ်တဲ့ ပြည်ထောင်စုကိုတော့ တည်ဆောက်သွားကြမယ်။ ကျွန်တော်တို့ ဝန်ခံပါတယ်။ အနှစ်သာရမရှိသေးပါဘူး။

မေး –    မြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ ပြည်တွင်းစစ် ပဋိပက္ခကိုချုပ်ငြိမ်းဖို့အပါအဝင် နိုင်ငံရေးအခွင့်အရေးအတွက် စဉ်းစားတဲ့အခါ ဒီကနေ့ နွေဉီးတော်လှန်ရေးနဲ့အတူ EROs ခေါင်းဆောင်တစ်ချို့ကတော့ နိုင်ငံရေး အခင်းအကျင်း ကို စလုံရေစကနေ စပြီးပြန်သွားဖို့ စဉ်းစားလာကြတယ်။ သာဓက- ချင်းအမျိုးသားတပ်ဉီး ဥက္ကဌက “Pre ဖရဲ-Panglong” “ပင်လုံမတိုင်ခင်”လို့ သုံးနှုန်းပါတယ်။ ပင်လုံမတိုင်ခင် အခင်းအကျင်းဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့် ဆိုကြမလဲ။ ပြည်ထောင်စု အခင်းအကျင်းအတွက် ပင်လုံကို ပြန်သွားမှာလား၊ ပင်လုံမတိုင်ခင်ကို ပြန်သွားမှာလား။ ဘယ်လို စဉ်းစားသင့်ပါသလဲ။

ဖြေ –     “Pre-Panglong” ပင်လုံလို့ပြောတာကတော့ ကျွန်တော်တို့ ဥက္ကဋ္ဌပြောသွားတာပါ။ ကျွန်တော်ရဲ့ အဆိုကတော့ Free Independent လွတ်လပ်ရေးမတိုင်ခင်ကို ရောက်သွားပြီဆိုတဲ့ အချက်ကိုသိစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်ရေးမတိုင်ခင်က မြန်မာနိုင်ငံက ဘာဖြစ်သလဲဆိုတဲ့ဥစ္စာကတော့ အားလုံး နိုင်ငံရေးသမားတွေသိပြီးသားဖြစ်တယ်။

အဲ့ဒီတော့ လွတ်လပ်ရေးမတိုင်ခင်ကိုပြန်ရောက်မယ်ဆိုရင် မြန်မာပြည်ဘက်တော့ ပြည်နယ်တွေကလည်းပဲ ပိုများလာမယ်။ ပြီးရင် ဖက်ဒရယ်ဆိုတဲ့ အနှစ်သာရကလည်းပဲ မဖြစ်မနေကျွန်တော်တို့လက်ခံရမှာဖြစ်တယ်။ မဖြစ်မနေကျွန်တော်တို့ လက်ခံရမှာဖြစ်တယ်။ အရင် ၁၉၄၇ ခုနှစ်အချိန်တုန်းက ခေါင်းဆောင်တွေရဲ့ အတွေးအခေါ်က ယနေ့ခေတ်မျိုးဆက်သစ်တွေ အတွေးအခေါ်နဲ့ကွာသွားမှာဖြစ်ပါတယ်။

ရှင်းရှင်းပြောရမယ်ဆိုရင်တော့ အခုက နှစ်ဆယ့်တစ်ရာစုခေတ်ဖြစ်နေပြီ။ ဗိုလ်ချုပ်အောင်ဆန်းခေတ်တုန်းက ပင်လုံစာချုပ်ချုပ်ပြီးတော့မှ အပိုဒ် ၅ နဲ့ အပိုဒ် ၇ မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ ဥစ္စာတွေ ဖက်ဒရယ်သဘောတရားကို ချမှတ်နိုင်တာကိုယ်၌က ကျွန်တော်ကတော့ အင်မတန်မှလေးစားတယ်။ အကောင်အထည်မဖော်နိုင်ခဲ့တဲ့ ဥစ္စာကတော့ ဗိုလ်ချုပ်အောင်ဆန်းမရှိပြီးတဲ့နောက်ပိုင်းကတော့ အဲ့ဒီနိုင်ငံတည်ဆောက်နေတဲ့ အချိန်ကျရင်အဲ့ဒီအတိုင်းစွာလာတာမဟုတ်ဘူး။

ဆိုတော့ အဲ့ဒီလောက်ကြီး ကျွန်တော် စောဒကလည်းမတက်ချင်သလို ဆွေးလည်းသိပ်မဆွေးနွေးချင်တော့ဘူး။ ဆိုတော့ အခုအချိန်မှာကျတော့ ဗမာတွေကလည်းပဲ Ready ဖြစ်နေပြီးလို့ ကျွန်တော်ကမှတ်ယူချင်တယ်။ ဖက်ဒရယ်တည်ဆောက်ဖို့ရန်အတွက် စစ်မှန်သော ဖက်ဒရယ်တည်ဆောက်ဖို့ရန်အတွက် ဗမာတွေကလည်း Ready ဖြစ်နေပြီ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်က ရန်ကုန်မှာကြီးပြင်းလာတယ်။

တက္ကသိုလ်တက်ကတည်းက ရန်ကုန်မှာ အနှစ်သုံးဆယ်နေလာတဲ့အခါကြတော့ ကျွန်တော်တို့ ညီအစ်ကို ဗမာတွေရဲ့ စိတ်ရင်းတချို့ကိုသိရတယ်။ တဖက်မှာ တိုင်းရင်းသားတွေကလည်းပဲ သူတို့စိတ်ထဲမှာ Ready ဖြစ်တယ်။ စစ်ဘက်ဆိုင်ရာအကြီးအကဲတွေကပဲ Ready မဖြစ်ချင်တာ။ နောက်ပြီးတော့ နိုင်ငံရေးသမားဆိုတာ အမျိုးမျိုးရှိကြတော့ အားလုံးကိုတော့ မဆိုလိုဘူးပေါ့။

တချို့ကတော့ သဘောကျချင်မှကျမှာ။ အဲဒီတော့ ကျွန်တော်ကတော့ Interface ကို လွတ်လပ်ရေးမတိုင်ခင်ကိုသွားပြီးတော့မှ ဖက်ဒရယ်ကိုတော့ ကျွန်တော်တို့က ပင်လုံမှာအချက်အများကြီးကိုးချက်ရှိသော်ငြားလည်းပဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ ဥစ္စာက ခင်ဗျားတို့ပြည်နယ်တွေ ကိုယ့်ဟာကိုယ် အခြေခံဥပဒေရေးဆွဲ။ ပြည်ထောင်စုကိုဘယ်လိုလာပြီးတော့မှ ဘယ်လိုပုံစံတည်ဆောက်ကြမလဲ။ အာဏာဘယ်လိုခွဲဝေမလဲ။ လွှတ်တော်ကို အထက်လွှတ်တော်ကိုဘယ်လိုလုပ်ရမလဲ။

ပြည်နယ်သစ်ဘယ်လို လုပ်ရမလဲ။ ပြည်နယ်ကို အာဏာခွဲဝေမယ်ဆိုဥစ္စာတွေက အများကြီး ကျွန်တော်တို့စဉ်းစားရမယ်။ တိတိကျကျပြောရမယ်ဆိုရင် လက်ရှိကျွန်တော်တို့ ဘယ်အချိန်ကိုရောက်နေသဘဲဆိုရင်တေ့ Per Independent လွတ်လပ်ရေးမတိုင်ခင်ကို ရောက်နေပြီ။ အဲ့ဒါကြောင့်ပြုပြင်လို့ လွယ်တဲ့အချိန်ရောက်နေတုန်းဆိုတဲ့ဥစ္စကို ပြည်သူလူထုတွေကို ကျွန်တော်က မီးမောင်းထိုးပြချင်တယ်။  

မေး –    ဖက်ဒရယ်တည်ဆောက်ရေးလို့ ပြောကြတဲ့အခါ တိုင်းရင်းသားတော် လှန်ရေးအင်အားစုတွေက ပြည်နယ်တွေရဲ့ အခန်းကဏ္ဍကို အဓိကပြောသလို ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး – Bottom of Federalism ကို ဦးတည်ပြောဆိုနေပေမယ့် ဗမာ(မြန်မာ) ဒီမိုကရေစီ အင်အားစုတွေဘက်ကတော့ ဒီမိုကရေစီအရ လူထုဆန္ဒခံယူပွဲကို ဦးတည်ရမယ်ဆိုတဲ့ အယူအဆ ၂ ခု ရှိနေတာ တွေ့ရပါတယ်။ အခုနှစ်၂၀၂၅ မှာ နွေဦးတော်လှန် ရေးနဲ့ ဖက်ဒရယ်တည်ဆောက်ရေးခရီး အရွေ့ကို ဘယ်လိုကျော် လွှားသင့်လဲ။

ဖြေ –     ကျနော်တို့ ချင်းလန်းကောင်စီက အခုလောလောဆယ် confederation အဆင့်အနေနဲ့ သွားနေတယ်။ အဲဒီတော့ Local government ကိုလည်း ကောင်းကောင်းမွန်မွန်လုပ်ရတယ်။ ဘာကို ဦးတည်နေသလဲ ဆိုရင်တော့ Local governmentကို ခိုင်ခိုင်မာမာ လုပ်ရသလဲဆိုရင် Federal ကို ကျနော်တို့ ဦးတည်ချင်တာ။

အဲဒီတော့ Local government မှာ ခရီးစဉ်ကောင်းကောင်း ပေးထားတယ်။ ချင်းပြည်/ချင်းလန်းအဆင့်မှာ ဘာကို ကိုင်တွယ်ရမလဲဆိုတဲ့ အရာကို အလုပ်ကောင်းကောင်း ပေးထားတယ်။ အဲဒီနေ့ တစ်နေ့နေ့တချိန်ချိန် အခုနားက ပြောသလို ရေရှည်မှာတော့ ဖက်ဒရယ်နဲ့ သွားချင်တယ်။ အခုလောလောဆယ်က ပြည်ထောင်စု မတည်ဆောက်သေးတော့ confederation အဆင့်နဲ့ သွားနေတာ။

သို့သော် ပြည်ထောင်စုကို ကျနော်တို့ အတူတကွ တည်ဆောက်တဲ့နေရာမှာ Bottom-upပဲ ဖြစ်မှာ။ အစောနားက ဆရာတို့ပြောသလို coming together ပေါ့။ ဆိုတော့ အဲဒီအောက်ခြေကနေ မစဘဲနဲ့တော့ မရဘူး။ အဲဒီတော့ ခွဲထွက်ရေး၊ မခွဲထွက်ရေး ကလည်း အဲဒါနဲ့ပဲ သက်ဆိုင်တယ်။ မခွဲထွက်ရဆိုပြီးမှာ အခြေခံဥပဒေမှာ ရေးရင်လည်းပဲ ဘာမှထူးခြားမှာ မဟုတ်ဘူး။ မရေးရင်လည်း ထူးခြားမှာ မဟုတ်ဘူး။ ရေးစရာလည်း မလိုပါဘူး။ ဘယ်သူမှလည်း တားပိုင်ခွင့် မရှိဘူး။ အဲဒါ လူတွေရဲ့ သဘာဝပါ။

ကျနော်တို့ ချင်းပြည်ကောင်စီကတော့ ဖက်ဒရယ်နဲ့ သွားမယ်ဆိုပြီးတော့ ဖွဲ့စည်းပုံမှာ ရေးပြီးသားဖြစ်တဲ့ အတွက် ကျနော်တို့ဖကတော့ ဖက်ဒရယ်နဲ့ပဲ ဆွေးနွေးသွားမှာဖြစ်တယ်။ ဘယ်ဖက်ဒရယ်လဲဆိုရင် အစောက ပြောတဲ့ Bottom-up နဲ့ပဲ သွားမှာ။ ပြီးရင် ကျနော်တို့ သမိုင်းကြောင်းကို နည်းနည်းတော့ ဆွေးနွေးချင်တယ်။

သမိုင်းကိုတော့ သမိုင်းမှာထားမယ်၊ ရှေ့အနာဂါတ်မှာ ကျနော်တို့တိုင်းပြည်ကို ဘယ်လိုတည်ဆောက်မလဲ ဆိုတာကို သမိုင်းကြောင်းနဲ့ နည်းနည်းသွားချင်တယ်။ ဥပမာ-သမိုင်းကြောင်းလို့ ပြောတဲ့အခါမှာ အခြေခံ ဥပဒေ ၃ခုရှိခဲ့တယ်။ တိုင်းပြည်တစ်ခုက ဘယ်လိုပုံစံနဲ့ သွားသလဲဆိုတာကို သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကြည့်ချင်းအားဖြင့် သိနိုင်တယ်။

၄၇အခြေခံဥပဒေကို ကြည့်မယ်ဆိုရင် State Structure လို့ ခေါ်တာပေါ့၊ တိုင်းပြည်ကို ဘယ်လိုတည်ဆောက်သလဲလို့ ကြည့်လိုက်ရင်တော့ ပြည်မနဲ့ တောင်တန်းဆိုပြီးတော့ ဖွဲ့စည်း လိုက်တယ်။ ပြည်မနဲ့ တောင်တန်းဆိုပြီးတော့ လုပ်လိုက်တဲ့အခါကြတော့ ပြည်မက အဲဒီတုန်းက မွန်ပြည်နယ် မရှိသေးတော့ ရခိုင်၊ မွန်နဲ့ ဗမာတွေကို ပြည်မဆိုပြီး သွားတာကို တွေ့ရတယ်။ လက်ရှိ ရှိနေတဲ့ ပြည်နယ်တွေကို တောင်တန်းဆိုပြီးတော့ နိုင်ငံကို တည်ဆောက်သွားတာကို တွေ့ရတယ်။

အဲဒီတော့ ဖက်ဒရယ်က နိုင်ငံကိုတည်ဆောက်ပုံမှာ တကယ့်စစ်မှန်သော ဖက်ဒရယ်ဟုတ်မဟုတ်ဆိုတာကို ကြည့်ရမှာ ဖြစ်တယ်။ ဒီနေရာမှာ ပြည်မကို အာဏာပေးတဲ့အချိန်မှာ ဘယ်လိုအာဏာပေးသလဲဆိုရင် အထက်လွှတ်တော်အမတ်ဆိုပြီးတော့ လူမျိုးစု ၆၂ဦးပေးထားတယ်။ တောင်တန်းကိုတော့ ၆၃ဦးဆိုပြီးတော့ အားလုံး ၁၂၅ဦး ပေးထားတယ်။

ဒါပေမယ့် အောက်လွှတ်တော်မှာကြတော့ မြို့နယ်နဲ့ လူဦးရေကို အခြေခံတဲ့အတွက် ပြည်မကို ၂၀၃ဦး ပေးထားတယ်။ တောင်တန်းကိုကြတော့ ၂၅၀နဲ့ ကျနော်တို့ မြန်မာနိုင်ငံကို တည်ဆောက်သွားတာကို တွေ့ရတယ်။ အဲဒါက ဖက်ဒရယ်ဟုတ်သလား၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသလားဆိုရင်တော့ ဥပဒေသီးသန့် ရေးပိုင်ခွင့်၊ ထားရှိပိုင်ခွင့် ပြည်နယ်တွေအတွက် မပေးထားဘူး။

ဒါ့အပြင် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် တိုင်းပြည်ဥပဒေပြုရမယ့် ပုံစံတွေကလည်းပဲ သဘာဝမကျတဲ့အတွက် ၄၇ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဖက်ဒရယ်မဟုတ်ဘူးဆိုပြီး တွေ့ရမှာဖြစ်တယ်။ ၇၀ကလည်း ဘယ်လိုလုပ်ပြန်ပြီလဲဆို တိုင်း ၇တိုင်းနဲ့ ပြည်နယ် ၇ပြည်နယ်ဆိုပြီး မြန်မာနိုင်ငံကို တည်ဆောက်ပြန်တယ်။

ဒီနေရာမှာကြတော့ Structure ကိုပဲ ကျနော်တို့ ဆွေးနွေးတော့မှာ။ ၂၀၀၈ပြန်လာတယ်၊ တိုင်း ၇တိုင်းကို တိုင်းဒေသကြီးလို့ နာမည်ပြောင်းပြီးတော့မှ ပြည်နယ်ကိုကြတော့ ၇ခု လုပ်ပြန်ကော။ နောက်ပြီး သူတို့ရဲ့ အာဏာခွဲဝေမှုကို ကြည့်တဲ့အခါကြတော့ အထက်လွှတ်တော်ကို ၁၆၇ဦးနဲ့ ထားပြီးတော့မှ ပြည်နယ်မှာက ၈၀နဲ့ တိုင်းဒေသကြီးမှာက ၈၀နဲ့ဆိုတော့ အဆင်မပြေပြန်ဘူး။

ပြီးတော့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ဆိုတာက ဘာမှမကျိုးမရှိဘူး။ နိုင်ငံရေးအာဏာ ပေးထားတာ မဟုတ်ဘူး။ တိုင်းဒေသကြီး ၇ခုနဲ့ ပြည်နယ် ၇ခုက ဖက်ဒရယ်ပေါ့၊ ဒါပေမယ့် အတုအယောင်ပဲဖြစ်တယ်။ ဒါတွေအားလုံးကို ကြည့်ချင်းအားဖြင့် စစ်မှန်တဲ့ ဖက်ဒရယ်ကို မသွားချင်ဘူးဆိုတာ အရမ်းသိသာတာပေါ့။

အခုဆိုရင် အာဏာတောင် သိမ်းလိုက်ပြီ။ ကျနော်တို့ကတော့ နောင်တချိန် ပြည်ထောင်စုကို ပြန်လည် တည်ဆောက်တဲ့အခါမှာ ဖက်ဒရယ်နဲ့သွားမယ်။ အဲဒီဖက်ဒရယ်ကြရင် ပြည်နယ်အားလုံးကို ပြည်နယ်လို့ ခေါ်စေချင်တယ်။ တိုင်းဒေသကြီးတွေကတော့ ဖက်ဒရယ်ယူနစ်ဖြစ်မယ်။ နောက်ပြီးတော့မှ ပြည်နယ်တွေက ၇ခုမကဘူး၊ များလာမှာ။ အဲဒီလိုပုံစံနဲ့ပဲ ဥပဒေကို ပြဌာန်းဖို့လိုတယ်။

အဲဒါဆိုရင် နိုင်ငံရေးအာဏာကို ဘယ်လိုခွဲဝေမလဲ။ အထက်လွှတ်တော်အမတ်မှာ တူညီတဲ့ ဦးရေနဲ့ သွားမလားဆိုတာတွေကတော့ ဆွေးနွေး ရမှာပေါ့။ ဗမာပြည်နယ်ကို သီးသန့်သွားထားမယ်ဆိုရင် ဗမာတွေကလည်း တော်တော်ဒုက္ခရောက်မှာနော်။ ခဏလေးအတွင်းမှာ ဖြစ်နိုင်မလား။ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကလည်း ဘာတွေကို ပေးရမလဲ။ ဖက်ဒရယ်ဆန်သလား။ ဗမာပြည်ကို သီးသန့်မထားဘူးဆိုရင် ပြည်တွင်းရဲ့ နယ်နမိတ်တွေကလည်း ပြောင်းလဲ ကုန်မှာ။ အနုနည်းနဲ့ပဲ ညင်သာစွာ အသွင်းကူးပြောင်းကြမှာ။ အဲဒီနယ်နမိတ်မှာ ပါဝင်တဲ့ ပြည်သူလူထုတွေရဲ့ ဆန္ဒခံယူပွဲနဲ့ပဲ ကျနော်တို့က ဆုံးဖြတ်ပေးရမှာ။

ဒီနေရာမှာ ဗမာပြည်နယ်က သီးသန့်ထည့်မယ်ဆိုရင် ကျနော်ကတော့ လက်ရှိ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ နယ်နမိတ်ကို အရင်သတ်မှတ်ပြီးတော့မှ ဗမာတွေရဲ့ Stateကို အထက်လွှတ်တော် အမတ်ဦးရေနဲ့ ကန့်သတ်လိုက်ရင် ဗမာပြည်နယ်ကတော့ မြန်မာနိုင်ငံမှာ တည်ဆောက်နိုင်လိမ့်မယ်လို့ ယူဆတယ်။ အဲဒါဆိုရင် အခုလောလောဆယ် ပြည်နယ် ၇ခုကတော့ များလာမှာ ဖြစ်တယ်။ ဗမာပြည်နယ်က တော့ အထက်လွှတ်တော်အမတ်ဦးရေမှာ ထိန်းညှိလိုက်ရင် နိုင်ငံကို ထိန်းညှိနိုင်လိမ့်မယ်လို့ပဲ သုံးသပ်ချင်ပါတယ်။

မွန်းနေလီ – ပြောရေးဆိုခွင့်ရှိသူ (အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ))

မေး –    ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ပင်လုံစာချုပ် လက်မှတ်ထိုးတဲ့ နေ့ကို ဒီကနေ့ကို ပြည်ထောင်စုနေ့အဖြစ် အစိုးရအဆက်ဆက်၊ ခေတ်အဆက်ဆက် ကျင်းပခဲ့တယ်။ တစ်ချို့က ပင်လုံ စာချုပ်အနှစ်သာရ မပြည့်စုံတဲ့အတွက် ပြည်ထောင်စုနေ့ကို မေးခွန်းထုတ်ကြတယ်။ ဒီအပေါ် ဘာမှတ်ချက် ပေးချင်သလဲ။

ဖြေ –     ပင်လုံစာချုပ်ဆိုတဲ့ဟာက သမိုင်းကြောင်းတစ်ခုမှာ အရေးကြီးတဲ့ အကြောင်းအရာတစ်ခုဖြစ်တယ်။ ဆိုတော့ အဲ့ဒီအကြောင်းအရာကဘာလဲဆိုတော့ စာချုပ်ပေါ့။ စာချုပ်ရဲ့အနှစ်သာဆိုတာက ဘယ်သူမှ ဖျောက်ဖျက်လို့မရပါဘူး။ စာချုပ်ဆိုတာ လွယ်လွယ်နဲ့ဖျောက်လို့မရပါဘူး။ စာချုပ်ချုပ်ဆိုတဲ့ သူတိုင်းကသိပါတယ်။

ဒီစာချုပ်ကို ဖျောက်ဖျက်မယ်ဆိုရင် ဒါကကြီးလေးတဲ့အမှုဖြစ်တယ်ဆိုတဲ့ဟာ။ ဒါကတော့ စာချုပ်ရဲ့ သဘောသဘောဝဖြစ်တယ်။ ဒါကြောင့် ပင်လုံစာချုပ်လို့ပြောတဲ့အချိန်မှာလည်း ဒီသဘောတရားရှိတယ်ပေါ့။ စာချုပ်ဖြစ်တဲ့အတွက်ကြောင့် စာချုပ်မှာပါတဲ့ ကတိကဝတ်တွေသည် အင်မတန်မှ အရေးကြီးတယ်ဆိုတဲ့ဟာကို ပထမဆုံးပြောချင်တယ်။ ဆိုတော့ အခုချိန်ထိဘာကြောင့် မပြည့်စုံတာလဲ၊ ဒါစဉ်းစားစရာတွေများပါတယ်။

လွတ်လပ်ရေးရပြီးနောက် ပင်လုံစာချုပ်ကြောင့် ကျွန်မတို့ ပြည်ထောင်စုမြန်မာနိုင်ငံဆိုပြီးတော့ တိုင်းရင်းသားပေါင်းစုံအတူတကွ Coming Together နိုင်ငံတစ်နိုင်ငံကို ဝိုင်းထူထောင်ကြတယ်။ ဒါပင်လုံစာချုပ်ကြောင့်ဖြစ်လာတဲ့ နိုင်ငံဖြစ်တယ်။ ဆိုတော့ ဒီဟာကို ကျွန်မတို့ကဘာကြောင့် ဖျောက်ဖျက်ချင်တာလဲ။ မပြည့်စုံအောင် ဘယ်သူကလုပ်နေတာလဲဆိုတဲ့ဟာလည်း အင်မတန်မှကြီးမားတဲ့ မေးခွန်းဖြစ်ပါတယ်။

ဆိုတော့ ကျွန်မတို့ ဒီစာချုပ်ရဲ့ အနှစ်သာရကိုပြန်ပြောရမယ်ဆိုလို့ရှိရင် ဒီမှာချုပ်ဆိုပြီးတော့ ပါဝင်ခဲ့တဲ့ ကချင်တွေ၊ ရှမ်းတွေ၊ ချင်းတွေ ပြီးရင် အောက်ဗမာပြည်ကို ဦးစီးပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့ ကိုယ်စားလှယ် ပါတာဖြစ်တယ်။ သူတို့သည် ပင်လုံစာချုပ်မချုပ်ဆို အချိန်ကတည်းက သူတို့တွေ ဒါကို ဘယ်လိုမျိုးထူထောင်မလဲ။ နိုင်ငံကိုအတူတကွယူကြမလား။ အများကြီးဆွေးနွေးမှုတွေလုပ်ခဲ့တယ်။ ကချင်မှာလာပြီးတော့ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ ကချင်တွေလည်း ကချင်တွေရဲ့ နိုင်ငံရေး ပန်းတိုင်တွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးတယ်။ လွတ်လပ်ရေးကို အတူတကွယူဖို့အတွက် ဘယ်လိုမျိုးလုပ်ကြမလဲဆိုတဲ့ဟာပေါ့။

ဆိုတော့ ဒီအချိန်မှာက သီးသန့်အုပ်ချုပ်မှု သပ်သပ်ဖြစ်နေတဲ့ အခြေအနေတာကိုလည်း ကျွန်မတို့ မေ့လို့မရတဲ့ဟာဖြစ်တယ်။ ဒါကြောင့်မို့ ဒီအရာတွေကို နဂိုဖြစ်နေတဲ့ သမိုင်းကြောင်းတွေကို ပင်လုံစာချုပ်မှာ သေသေချာချာထည့်သွင်းထားတာဖြစ်တယ်။ ဒါကြောင့် အနှစ်သာရကို ဖျောက်ဖျက်လို့မရဘူးဆိုတဲ့ဟာပေါ့။ အခုအချိန်ထိ ဘာကြောင့်မို့ အနှစ်သာရမပြည်စုံတာလဲဆိုတဲ့ မေးခွန်းတွေကလည်း တော်တော်လေးကို ကြီးမားတယ်။

ဒါကြောင့် ကျွန်မတို့အနေနဲ့ဆိုလို့ရှိရင် ဒါတွေကို ပိုပြီးတော့ ပြည့်စုံတဲ့အနှစ်သာရဖြစ်လာအောင် ကျွန်မတို့ ဝိုင်းဝန်းပြီးတော့လုပ်ရမှာဖြစ်တယ်။ ဒါကတော့ ဒိတ်အောက်သွားပြီ။ ခေတ်အောက်သွားပြီဆိုတဲ့ဟာကတော့ သမိုင်းကိုဖြတ်တဲ့၊ ဖြတ်ချင်တဲ့သူတွေပြောတဲ့စကားလို့ ကျွန်မကတော့ ဒီလိုပဲသုံးသပ်တယ်။ ကျွန်မတို့ ပင်လုံစာချုပ်ကအင်မတန်မှအရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံထူထောင်နိုင်ဖို့အတွက် အစပျိုးခဲ့တဲ့စာချုပ်ဖြစ်တဲ့အတွက်ကြောင့် စာချုပ်ရဲ့နောက်ကွယ်မှာ သူ့ရဲ့ပြန်ပြီးတော့ သက်ရောက်လာနိုင်တဲ့အရာ ဒါတွေကိုလည်း ကျွန်မတို့ မေ့ထားလို့မရဘူးဆိုတဲ့ဟာကိုပြောချင်ပါတယ်။

မေး –    ပင်လုံကတိကဝတ်အရ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသား (ပြည်နယ်)များကို ခွဲထွက်ခွင့်ပေး လိုက်တယ်။ (၁၀နှစ် ပေါင်းကြည့်ပြီး မပေါင်းချင် တော့ဘူးဆိုပြီး ခွဲထွက်လိုက ခွဲထွက်ခွင့်)ပေါ့။ ဒီလို အခင်းအကျင်းတွေရှိခဲ့တော့ ဒီနွေဦး တော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အဖြေရှာ ဆွေးနွေးတဲ့အခါ ပေါင်းစည်းရေး သဘောမတူနိုင်ရင် လမ်းခွဲကြမှာပဲ ဆိုတဲ့မူကို ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း တံခါးဖွင့်သင့် သလား။ လက်ခံ နိုင်ကြမလား။

ဖြေ –     ကျွန်မတို့ ဘယ်လိုမျိုး တိတိလင်းလင်းရေးမလား။ ဒါမှမဟုတ် လမ်းဖွင့်ထားပေးမလား။ ဒါမှမဟုတ် ဘယ်လိုပုံစံမျိုးနဲ့ ဖက်ဒရယ်ကိုတည်ဆောက်မလဲဆိုတဲ့ဟာကို စဉ်းစားလိုက်တဲ့အချိန်မှာ အထူးသဖြင့်တော့ ဒီပင်လုံစာချုပ်ကို ကျွန်မတို့ပြန်ပြီးတော့ သွားရမှာပေါ့နော။ အဲဒီတုန်းကလည်း ကချင်ဆိုလို့ရှိရင်လည်း ဆယ်နှစ်ကြာပြီးတော့ တကယ်ပဲကိုယ့်ရဲ့ဒေသကို အုပ်ချုပ်နိုင်တဲ့ အစိုးရတစ်ရပ်ရှိပြီဆိုလို့ရှိရင် ခွဲထွက်ပြီးတော့ ကိုယ့်နိုင်ငံကိုတည်ထောင်ခွင့်ရှိတယ်ဆိုတဲ့ဟာ အတိအလင်းရေးတာရှိပါတယ်။

ဆိုတော့ဒီအပေါ်မှာ အခြေခံပြီးတော့ လူတစ်မျိုးနဲ့တစ်မျိုးရဲ့ တကယ့်ကိုယ် သူ့ရဲ့နိုင်ငံရေးပန်းတိုင်ပေါ့လေ။ သူ့ရဲ့နိုင်ငံရေးလိုလားချက် နဲ့ သူ့ရဲ့နိုင်ငံရေးအခွင့်အရေးတွေ အခွင့်အလမ်းတွေကလည်း ကွာခြားတယ်ပေါ့နော။ ကွာခြားတယ်ဆိုတာလည်း မြင်ရတယ်။ ဒါကြောင့်မို့ ကျွန်မဆွေးနွေးချင်တာကတော့ ဘယ်သူပဲဖြစ်ဖြစ်ပေါ့။ လူသားတိုင်းမှာ ငြိမ်းချမ်းမှု တကယ်ပဲ ပြီးပြည့်စုံမှုတန်းတူအခွင့်အရေး တရားမျှတမှုဆိုတဲ့စာရှိနေသရွေ့ကတော့ အားလုံးကပေါင်းစည်းပြီး တော့နေကြတာပဲလေ။ ဒါပေမဲ့ တစ်ယောက်ယောက်က ဖိနှိပ်ချုပ်ချယမှုတွေဖြစ်လာတယ်။ ငြိမ်းချမ်းမှုမရှိတော့ဘူး။ တရားမျှတမှုတွေမရှိတော့ဘူးဆိုတဲ့ ခွဲခြားဆက်ဆံမှုတွေကြီးမားလာပြီးဆိုလို့ရှိရင် ဒါကတော့ အန္တရာယ်ရှိတာပေါ့။

ဒါပျက်ပြားသွားနိုင်တယ်ဆိုတဲ့ အန္တရာယ်ကြီးကတော့ရှိလာ ဒါကြောင့်မို့ ကျွန်မရဲ့ အမြင်ကတော့ ဒါကလည်း လူမျိုးတိုင်း သူတို့ရဲ့ ရပ်တည်ချက်ခံယူချက်ပေါ်မှာလည်း အင်မတန်မှ သက်ဆိုင်မယ်လို့ ဆွေးနွေးချင်ပါတယ်။ ဆိုတော့ နွေဦးတော်လှန်ရေးဆိုပြီးတော့ ဖြစ်လာတဲ့နောက်ပိုင်းမှာ ကြည့်မယ်ဆိုလို့ရှိရင် ပြည်သူလူထုတွေအားလုံး သိုက်သိုက်ဝန်းဝန်း တက်တက်ကြွကြွနဲ့ပါဝင်တဲ့ တော်လှန်ရေး တစ်ရပ်ကို ကျွန်မတို့ရခဲ့တာဖြစ်တယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းမှာ တစ်ခါမှမရောက်ဖူးတဲ့ အဖြစ်မပျက်တစ်ရပ်ပေါ့နော။

ဒါကို အခြေခံပြီးတော့ ဆက်ပြီး ကျွန်မတို့သယ်ဆောင်သွားဖို့အတွက်လည်း အင်မတန်မှ အရေးကြီးတယ်။ အဲဒီအချိန်တုန်းက အောက်ပြည် အထူးသဖြင့်တော့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာရှိနေဲ့သူတွေအနေနဲ့ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲရဲ့ ရလဒ်ကိုပိုပြီးတော့ အဓိကထားပြီးတော့ ဆန္ဒပြတာပေါ့လေ။ ဒါပေမဲ့ဒီမှာရှိနေတဲ့ ဗမာမဟုတ်တဲ့ ကျန်တဲ့တိုင်းရင်းသား လူငယ်တွေအနေနဲ့ဆိုလို့ရှိရင် ဒါ Federal ဖြစ်ရမယ် တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ဟာကို အဓိကထားပြီးတော့ ကျွန်မတို့ ဒီတော်လှန်ရေးကို ပုံဖော်ရမယ်ဆိုတဲ့ သူတို့ လူငယ်တွေရဲ့စဉ်းစားချက်တွေဖြစ်လာတယ်။

ဆိုတော့ ဒီမှာတောင်မှ ဒီဗမာတိုင်းရင်းသားနဲ့ ကျန်တဲ့ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေကြားမှာ အငြင်းပွားမှုတွေ၊ ဆန္ဒပြတဲ့ကွင်းမှာ တောင်မှ တစ်ယောက်နဲ့တစ်ယောက်မကြည်မှုတွေ Attention ပေါ့။ ပိုပြီးတော့တင်းမာမှုတွေရှိခဲ့တယ်။ ဒါကတော့ တကယ်ဖြစ်ခဲ့တဲ့အရာပေါ့။

ဒါပေမဲ့နောက်ပိုင်းတွေမှာ ဒီခေါင်းဆောင်တွေအားလုံးရဲ့ ဖက်ဒရယ်ဆိုတဲ့ ဟာကို အတူတကွခြေလှမ်းဖို့အတွက် စုဆုံဖို့အတွက် ဆွေးနွေးတာတွေများလာတဲ့အခါကျတော့ ဒါတွေကိုပိုပြီး တော့နားလည်လာတာဖြစ်တယ်။ ခေါင်းဆောင်တဲ့ ဗမာခေါင်းဆောင်တွေအနေနဲ့ဆိုလို့ရှိရင်လည်း ဒီဖက်ဒရယ်ဆိုတဲ့ အရာသည် အင်မတန်မှအရေးကြီးတဲ့ နိုင်ငံအတွက် အင်မတန်မှအရေးကြီးတဲ့ စနစ်တစ်ခုဖြစ် တယ်ဆိုတဲ့ဟာပေါ့။

ဒါကြောင့်မို့လည်း နွေဦးတော်လှန်ရေးမှသည် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် အင်မတန်အလားအလာကောင်းတစ်ခုအနေနဲ့ ကျွန်မတို့ရခဲ့တာလည်းဖြစ်တယ်။ ဆိုတော့ ကျွန်မတို့မှာ ဖက်ုရယ်လို့ပဲပြောတဲ့အချိန်မှာ ပြည့်စုံမှုကတော့မရှိဘူးပေါ့။ ဒါကြောင့်မို့ ကျွန်တို့အမြဲတမ်း ပြောနေတာကတော့ ဖက်ဒရယ်နဲ့ ဒီကိုကရေစီဆိုတဲ့ဟာကို အမြဲတမ်းတွဲပြီးတော့ပြောဖြစ်တယ်။

မေး –    ဟုတ်ကဲ့ပါ နောက်ဆုံးမေးခွန်းကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးခရီး၊ နိုင်ငံရေး ဆွေးနွေးမှုတွေမှာ အမျိုးသမီးတွေအပါအဝင် လူနည်းစုများရဲ့ အခန်းကဏ္ဍတွေကို ဘယ်လို မြှင့်တင်သွားသင့်သလဲ။

ဖြေ –     ကျမတို့နိုင်ငံမှာ ပြည်တွင်းစစ်ဒဏ်ကို ခံရတယ်ဆိုတာကလည်း နှစ်ပေါင်း ၇၀ကျော်လာပြီပေါ့လေ။ နိုင်ငံရဲ့ ငြိမ်းချမ်းမှုကို ပိုပြီးတော့‌ ဖော်ဆောင်ဖို့အတွက်အပါအဝင် အားလုံး ငြိမ်းချမ်းပြီးတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ တန်းတူယှဉ်တွဲနေထိုင်ဖို့အတွက်ဆိုရင် ရာခိုင်နှုန်း ၅၀အထက်ရှိတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မေ့လို့ မရဘူးဆိုတာကို ရှေးဦးစွာ ဆွေးနွေးချင်ပါတယ်။

အမျိုးသမီးတွေကို နိုင်ငံရေးဆွေးနွေးတဲ့ အခန်းကဏ္ဍမှာပဲ ဖြစ်ဖြစ်၊ နိုင်ငံတော်တည်ထောင်တဲ့ အခန်းကဏ္ဍမှာပဲဖြစ်ဖြစ် ပါဝင်မှသာ တန်းတူရေးအပါအဝင် ကျမတို့လိုချင်တဲ့ ပြီးပြည့်စုံတဲ့ အရာကို ရောက်မှာ ဖြစ်ပါတယ်။ တဖက်မှာလည်း လူနည်းစုလို့ ပြောတဲ့အခါ မသန်စွမ်းတွေ၊ ဘေးဖယ်ကျဉ်ခံနေရတဲ့ လူမျိုးစုတွေ ရှိတယ်။

သူတို့ရဲ့ အသံတွေ၊ သူတို့ရဲ့ ပါဝင်မှုတွေကို လည်း အလေးထားပြီးတော့ လုပ်ဆောင်ဖို့အတွက် လိုတယ်။ မသန်စွမ်းတွေ ပါဝင်နိုင်ဖို့ဆိုရင် သူတို့ပါဝင်နိုင်တဲ့ အခင်းအကျင်းတွေကို ဖန်တီးပေးတာက အစပေါ့နော်။ များသောအားဖြင့် ဒီတော်လှန်ရေး ကာလမှာ လူတွေက စိတ်မရှည်ကြဘူး။

အထူးသဖြင့် အမျိုးသားခေါင်းဆောင်တွေပေါ့နော်။ အမျိုးသမီးတွေ ပါဝင်ရေး၊ လူနည်းစုတွေ ပါဝင်ရေး၊ မသန်စွမ်းတွေ ပါဝင်ရေး ပြောပြီဆိုရင် နောက်ကျကျန်ခဲ့မှာကို အရမ်း စိုးရိမ်ကြတယ်။ ဒီတော်လှန်ရေးကာလမှာ အများကြီး လုပ်ရမယ်၊ ဒါကြောင့်မလို့ အဲဒါတွေ တွေးနေမယ်ဆိုရင် တော်လှန်ရေးနောက်ကျမယ်ပေါ့နော်။

ဒါပေမယ့် တကယ်တမ်း ပြန်ကြည့်မယ်ဆိုရင် သေသေချာချာ စနစ်တကျနဲ့ ဒီတော်လှန်ရေးကာလကနေ စပြီးတော့ စတင်ထားနိုင်မှ အနာဂါတ်ဖက်ဒရယ်မှာ ကျမတို့ ပိုပြီးတော့ တည်ဆောက်မှုကို ကျမတို့ ရမှာ ဖြစ်တယ်။ အမျိုးသမီးလို့ ပြောလိုက်တဲ့ အချိန်မှာလည်း ဘယ်လိုမျိုးမြှင့်တင်ရမလဲဆိုတော့ အဓိက အချက် ၃ချက်ပေါ့။

ပထမအချက်ကတော့ ကိုယ်တွေရဲ့အမြင်ပေါ့နော်၊ အမျိုးသမီးတွေအပေါ်မှာ ထားရှိတဲ့ အမြင်တွေကို ကျမတို့ ပြောင်းလဲဖို့ လိုတယ်။ အမျိုးသမီးပါဝင်ရေးလို့ ပြောတဲ့အခါမှာ မကြိုက်တဲ့ လူတွေက ရှိတယ်။ ပြီးတော့ အမြင်သဘောထားကို ကြည့်မယ်ဆိုရင်လည်း အမျိုးသမီးတွေကိ နိုင်ငံရေးဆွေးနွေးပွဲကို ဝင်လာပြီဆိုရင် ဟိုမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ပြောမယ့်သူ လာပြီပေါ့။

အမျိုးသမီးတစ်ယောက် ဝင်လာပြီဆိုရင် ကြည့်တဲ့အကြည့်တွေကအစ ပြုံးစီစီနဲ့ပေါ့နော်၊ ဒါမျိုးတွေက နိုင်ငံရေးအခင်းအကျင်း ဆွေးနွေးပွဲတွေမှာ အမြဲတမ်းကြုံနေရတဲ့ဟာ ဖြစ်တယ်။ ဒီလိုမျိုး အမြင်သဘောထားတွေကို ကျမတို့ ပြောင်းလဲပစ်ဖို့ လိုတယ်။ အမျိုးသမီးတွေဆိုရင် လူသားတစ်ယောက်အနေနဲ့ ပါဝင်သင့်ပါဝင်ထိုက်တဲ့ ဟာတွေ၊ ပိုပြီးတော့ အားကောင်းအောင် ဆွေးနွေးနိုင်တယ်ဆိုတဲ့ သဘောထားတွေကို မြင်တတ်ဖို့အတွက် အင်မတန်မှာ လိုပါတယ်။

နောက်တစ်ခုက အမျိုးသမီးဆိုရင် Services ပေးတဲ့ အမျိုးသမီးလား၊ ဧည့်ခံကျွေးမေးတဲ့ အမျိုးသမီးလား အဲဒီလိုမျိုးပေါ့။ ကိုယ်တွေရဲ့ အမြင်မှာ အမျိုးသမီးဆိုရင် ဟိုးတဆင့်နိမ့်တဲ့ သူလားဆိုပြီး မြင်တဲ့ အမြင်တွေပေါ့။ ဒါတွေကို ပြောင်းလဲပစ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါတွေကို မူဝါဒပိုင်းဆိုင်ရာ သေသေချာချာ ထည့်သွင်းသွားဖို့ အင်မတန်မှ အရေးကြီးပါတယ်။

ဒီနောက်ပိုင်း တော်လှန်ရေးအခင်းအကျင်း မှာ ကျမတို့အတွက် အင်မတန်မှ အားကောင်းတဲ့ အချက်တွေ ဖြစ်လာတာတွေ ရှိပါတယ်။ ဥပမာ- NUCCရဲ့ အခန်းကဏ္ဍတွေ၊ NUCCက‌နေ စုဖွဲ့ထားတဲ့ JCCလား၊ Genderလား အမျိုးမျိုးပေါ့။ သူ့မှာ ပြန်ပြီးတော့ ဖွဲ့စည်းပေးထားတဲ့ ဆပ်ကော်မတီတွေ ရှိတယ်။ ဒါတွေက အနာဂါတ်ဖက်ဒရယ် ထူထောင်ဖို့အတွက် အင်မတန်မှ အားကောင်းစေတဲ့ အချက်တွေ ဖြစ်တယ်။ NUCC ကနေ ချမှတ်လိုက်တဲ့ မူဝါဒတွေကို ကြည့်မယ်ဆိုရင် အားရကျေနပ်တယ်၊ ကျေးဇူးလည်း တင်ပါတယ်။

တဖက်မှာ Gender နဲ့ ပါတ်သက်တဲ့ Position တွေ ပိုပြီးတော့ အားကောင်းအောင် ချမှတ်လိုက်တဲ့ ဟာ ရှိတယ်။ နောက်တစ်ခု အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးပေါ့။ အခု စစ်ဖြစ်ပြီဆိုလို့ရှိရင် အမျိုးသမီးတွေ၊ ကလေးတွေ အမြဲတမ်း အဓမ္မ ပြုကျင့်ခံရတယ်။

ဆိုတော့ အခုလိုဖြစ်နေတဲ့ အခြေအနေက နိုင်ငံတော် အပါအဝင် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို ပျက်စီးအောင် လုပ်နေတယ်ဆိုတဲ့ဟာက အနာဂါတ်မျိုးဆက် တစ်ခုလုံးအတွက် အင်မတန်မှ ကြောက်စရာကောင်းတဲ့ အချက်တွေ ဖြစ်နေတယ်၊ ဒါက လက်တွေ့မှာ ဖြစ်နေတဲ့ ဟာပေါ့။ ဒါကြောင့် အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးမူဘောင်ကို သေသေချာချာ ချမှတ်ထား တာဖြစ်တယ်။

ပေါ်လစီတွေ ခိုင်ခိုင်မာမာ ချမှတ်ပေးထားခြင်းသည်လည်း အမျိုးသမီးတွေရဲ့ ပါဝင်ရေးကို မြှင့်တင်ပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမူဝါဒရှိတာနဲ့ပဲ ပြီးတာတော့ မဟုတ်ဘူး။ နောက်ဆက်တွဲအနေနဲ့ အကောင်အထည်ဖော် လုပ်ဆောင်ဖို့ကလည်း အင်မတန်မှ အရေးကြီးတာ ဖြစ်ပါတယ်။

ဒါကြောင့်မလို့ အခု ချမှတ်ထားတဲ့ Genderနဲ့ ပါတ်သက်ပြီးတော့ ချမှတ်ထားတဲ့ ပေါ်လစီတွေ၊ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးမူဘောင်တွေကို ကျမတို့အားလုံး တက်ညီလက်ညီနဲ့ နေရာတိုင်းမှာ၊ ကဏ္ဍတိုင်းမှာ၊ ဖြစ်ပျက်နေတဲ့ အရာအားလုံးမှာ ဆက်ပြီးတော့ ဖော်ဆောင်ဖို့အတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါတွေအားလုံးကို ကျမတို့ လက်တွေ့ကျကျ လုပ်ဆောင်မှ တကယ်လိုချင်တဲ့ ငြိမ်းချမ်းတဲ့ အသိုင်းအဝိုင်း၊ နိုင်ငံကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ကိုခန့်ဝေဖြိုး – ဦးဆောင်ကော်မတီဝင် (မုံရွာသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ)

မေး –    ပင်လုံကတိကဝတ်နဲ့ ပင်လုံ သဘောတူစာချုပ်ကို အကောင် အထည်ဖော်ဖို့ ပျက်ကွက်ခဲ့လား၊ ပျက်ကွက်ခဲ့တယ်ဆိုရင် ဘာကြောင့် ပျက်ကွက်ခဲ့ကြလဲ။ ဘယ်သူတွေမှာ တာဝန် ရှိသလဲ။ ဒီရဲ့အကျိုးဆက်က ဘာဖြစ်ခဲ့လဲ။

ဖြေ –     အဓိကတော့ ကျွန်တော်တို့ သမိုင်းကြောင်းဆိုင်ရာကိုတော့ ကျွန်တော်တို့ လူငယ်တွေဖြစ်တယ်။ ဒီနွေဦးတော်လှန်ရေးမှာလည်း ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားနေတယ်။ ပြန်ပြီးတော့ သေသေချာချာလေ့လာဖြစ်တာတွေရှိတယ်။ ကျွန်တော်တို့ အခုလက်ရှိဒီနိုင်ငံရဲ့ နယ်နိမိတ်ဖြစ်ပေါ်လာတာက ပင်လုံစာချုပ်ပေါ့။

ပင်လုံစာချုပ်ဖြစ်ပေါ်ဖို့အတွက် ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေ ဒီပင်လုံကတိကဝတ်တွေ ပေးခဲ့တာတွေရှိတယ်ပေါ့။ ဒါကအင်မတန်မှ ရိုးရှင်းတဲ့ သမိုင်းကြောင်း ကျွန်တော်တို့အတူတကွလာပြီးတော့ ငါတို့ အတူတကွလွတ်လပ်ရေးယူမယ်။ အတူတကွပြည်ထောင်စုအနေနဲ့သွားမယ်ဆို Coming Together ပေါ့။

ပင်လုံစာချုပ် ပင်လုံကတိကဝတ်တွေပေါ်မူတည်ပြီးတော့ ကျွန်တော်တို့က လွတ်လပ်ရေးယူတဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိဖို့လိုတယ်ပေါ့။ အဲ့ကျတော့ ကျွန်တော်တို့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တကယ့် ပင်လုံကတိကဝတ်တွေပေါ့ ဒါတွေကို သေသေချာချာထည့်သွင်းစဉ်းစားတာမရှိဘဲနဲ့ တချို့ဟာတွေကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားတယ်လို့ ကျွန်တော်တို့မြင်တယ်။ အဲ့ဒီကတည်းက ကျွန်တော်တို့က လွတ်လပ်ရေးကို အတူတကွယူကြမယ့် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ကတိကဝတ်တွေ၊ အဲ့ဒီကတိကဝတ်ပေါ်မှာ အခြေခံတဲ့ စာချုပ်တွေ၊ ဒီကတည်းကနေစပြီးလွဲလာတဲ့ အကျိုးဆက်က ပြည်ထောင်စုမဖြစ်ဘဲနဲ့ တစ်ပြည်ထောင်ပုံစံမျိုး ဖြစ်သွားတယ်။ အဲ့ဒီရဲ့အကျိုးဆက်ကဘာလဲဆိုတော့ ပြည်တွင်းစစ်နဲ့ ညားခဲ့တယ်။ ကျွန်တော်တို့ ဒီပြည်တွင်းစစ်ကြာလာတယ်။

ပြည်ထောင်စုစစ်စစ် ကျွန်တော်တို့ မတည်ဆောက်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ National Identity တို့ဘာတို့မှာ ကျွန်တော်တို့ကြားထဲမှာ ပုံဝိသေသလက္ခဏာတွေ ကျွန်တော်တိုာ့ မဖောထုတ်နိုင်ဘူး။ ဒါတွေကြောင့် ကျွန်တော်တို့က ဒီစစ်အာဏာရှင်စနစ်ကြီးစိုးမှုအောက်မှာ နှစ်ပေါင်း ခုနှစ်ဆယ် ကျော်နေခဲ့ရတယ်။ ဒါရဲ့အကျိုးဆက် ကျွန်တော်တို့ နိုင်ငံအခုသိတဲ့အတိုင်းပဲ ဘက်စုံကဏ္ဍစုံ နိမ့်ကျနေတယ်။

နောက်တခုက National Building ရော State Building ရော ကျွန်တော်တို့ ဘာတစ်ခုမှကောင်းကောင်းမွန်မွန် မလုပ်နိုင်ခဲ့ဘူး။ ဒါတွေကတော့ ကျွန်တော်တို့ ပင်လုံကတိကဝတ်တွေကို အကောင်အထည်ဖော်မှုက လွတ်လပ်ရေး ရပြီးကတည်းကပေါ့။

ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံရေးအာဏာကိုယူခဲ့တဲ့ ဖဆပလ ခေါင်းဆောင်တွေရော အဲဒီအချိန်က စစ်တပ်ခေါင်းဆောင်တွေရော ဒါတွေက သူတို့ အကောင်အထည်ဖောမှုတွေအားနည်းခဲ့တယ်။ အားနည်းတာကနေတစ်ဆင့် ၁၉၅၈ – ၁၉၆၂ နောက်ပိုင်းဆိုရင် လုံးဝမရှိသလောက် ဗြောင်တစ်ပြည်ထောင်စနစ်ဖြစ်သွားတယ်။

အဲ့ဒါကြောင့် မို့ ကျွန်တော်တို့ အခုချိန်မှာ နယ်နိမိတ်အရတော့ ကျွန်တော်တို့ ပင်လုံစာချုပ်အရတော့ ဒီတိုင်းရှိခဲ့ပေမယ့် ပင်လုံအနှစ်သာရတို့ ကတိကဝတ်တို့ အကောင်အထည် မဖော်နိုင်ခြင်းဟာ ကျွန်တော်တို့ နိုင်ငံအခုချိန်မှာ စစ်အာဏာရှင်စနစ်အောက်မှာပဲ ရုန်းကန်နေရတဲ့ အခြေအနေဖြစ်တယ်လို့ပဲ မြင်ပါတယ်။

မေး –    မြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ ပြည်တွင်းစစ် ပဋိပက္ခကိုချုပ်ငြိမ်းဖို့အပါအဝင် နိုင်ငံရေးအခွင့်အရေးအတွက် စဉ်းစားတဲ့အခါ ဒီကနေ့ နွေဉီးတော်လှန်ရေးနဲ့အတူ EROs ခေါင်းဆောင်တစ်ချို့ကတော့ နိုင်ငံရေး အခင်းအကျင်း ကို စလုံရေစကနေ စပြီးပြန်သွားဖို့ စဉ်းစားလာကြတယ်။ သာဓက- ချင်းအမျိုးသားတပ်ဉီး ဥက္ကဌက “Pre ဖရဲ-Panglong” “ပင်လုံမတိုင်ခင်”လို့ သုံးနှုန်းပါတယ်။ ပင်လုံမတိုင်ခင် အခင်းအကျင်းဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့် ဆိုကြမလဲ။ ပြည်ထောင်စု အခင်းအကျင်းအတွက် ပင်လုံကို ပြန်သွားမှာလား၊ ပင်လုံမတိုင်ခင်ကို ပြန်သွားမှာလား။ ဘယ်လို စဉ်းစားသင့်ပါသလဲ။

ဖြေ –     အဓိကတော့ ကျွန်တော်တို့ ဒီအချိန်မှာပေါ့နော။ သမိုင်းကြောင်းဆိုင်ရာ အရလည်း ကျွန်တော်တို့ တချို့က အချက်အလက်တွေ ပြန်ပြီးတော့ကြည့်ရမယ်ပေါ့။ ဥပမာ ကျွန်တော်တို့ ပင်လုံစာချုပ်ရဲ့ အနှစ်သာရ ကတိကဝတ်တွေပေါ့။ အဲ့ဒီအထဲက အနှစ်သာရတွေက ဒီဘက်မှာ ကျွန်တော်တို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြဋ္ဌာန်းခွင့်တွေပါတယ်။ ဘဏ္ဍာရေးရာ လွတ်လပ်ခွင့်တွေပေါ့။ ဒါတွေ အာမခံချက်ရှိတယ်။

ကျွန်တော်တို့ ဒီအနှစ်သာရတွေယူပြီးတော့ ဒီကနေ့ဒီကာလအခင်အကျင်းကိုလည်း ထင်ဟပ်ပြီးတော့ အနာဂတ်မှာ ကျွန်တော်တို့ ဘယ်လိုပုံစံနဲ့ ပြည်ထောင်စုကို တည်ဆောက်ကြမလဲဆိုတာကတော့ ကျွန်တော်တို့ အားလုံးဝိုင်းပြီးတော့ စဉ်းစားရမယ့်အခြေအနေတွေဖြစ်ပါတယ်။

အဲ့ဒီကြောင့်မို့ ကျွန်တော်တို့က ဒါဘာနဲ့တူလဲဆို ခုနပြောသွားသလိုပဲ လွတ်လပ်ရေးမတိုင်ခင်ကပေါ့နော။ ဒီပြည်ထောင်စုကို ဘယ်လိုပုံစံနဲ့ စုဖွဲ့မလဲဆိုတဲ့ဟာကို ကျွန်တော်တို့ မစဉ်းစားခင် အခြေအနေမှာ အခုဟာက ကျွန်တော်တို့ အစုအဖွဲ့အသီးသီးရော ဒီလူမျိုးပေါင်းစုံ ခေါင်းဆောင်တွေရော၊ Stakeholder အသီးသီးကလည်း သူတို့ရဲ့ နိုင်ငံရေးအိပ်မက်တွေကတော့ လွတ်လွတ်လပ်လပ် ထုတ်ပြီးတော့ ပြောလို့ရတဲ့ အခင်းအကျင်းတွေရှိတယ်။ လက်တွေ့လည်း အကောင်အထည် ဖော်နိုင်တဲ့ ဒီတည်ဆောက်မှုတွေလည်း ရှိလာတဲ့အခင်းအကျင်းဖြစ်တယ်ပေါ့။

အဲဒါကြောင့်မို့ ကျွန်တော်တို့က ပြောချင်တာက ဒီအပေါ်မှာ အားလုံးထင်ဟပ်ပြီးတော့ ကျွန်တော်တို့ နောက်သွားမယ့်ဟာကို ကျွန်တော်တို့ ဘယ်လိုပုံစံနဲ့ ဘယ်လိုစံနှုန်းတွေကိ ကျွန်တော်တို့အခြေပြုပြီးတော့ ကိုယ့်ရဲ့ ပြည်ထောင်စုကို တည်ဆောက်ကြမလဲ။ ဒါကတော့ ကျွန်တော်တို့အားလုံးဝိုင်းပြီးတော့ စဉ်းစားရမယ့်အချိန်အခါဖြစ်တယ်ပေါ့နော။ အဲဒါကြောင့်မို့ ကျွန်တော်တို့က ဒီပင်လုံစာချုပ်ရဲ့ အနှစ်သာရတွေ ကတိကဝတ်တွေကိုလည်း ကျွန်တော်တို့အရင်း တည်ထားမယ်။ ရှေ့ဆက်ပြီးတော့ ကျွန်တော်တို့ ဖက်ဒရယ်ပြည်ထောင်စုသစ်ကိုလည်း ဘယ်လိုပုံစံနဲ့ ထူထောင်တယ်ဆိုရင်တော့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝ အာမခံချက်ရှိရမယ်။

ပြီးတော့ ကျွန်တော်တို့အချင်းချင်းကြားထဲမှာ လူမှုသဟဇာတဖြစ်မှုရှိရှိနဲ့ ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်ပြီးတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးကို တည်တောက်နိုင်မလဲ။ ဒီဟာတွေအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ စဉ်းစားဖို့လိုတယ်ပေါ့။ ဒါပေမဲ့ အဲဒါနဲ့အပြိုင် တစ်ဖက်တည်းမှာလည်း ကျွန်တော်တို့ အပြန်အလှန် တစ်ဖက်နဲ့တစ်ဖက် ကျွန်တော်တို့ စဉ်းစားချက်တွေကို ဆွေးနွေးခွင့်တွေမပေးတဲ့ အစုအဖွဲ့တွေကလည်း ရှိနေသေးတဲ့အချိန်ခါဖြစ်တယ်ပေါ့။

ဒါကြောင့်မို့ ကျွန်တော်တို့ လွတ်လပ်ရေးမတိုင်ခင်က ကိုလိုနီနယ်ချဲ့စနစ်ကို တိုက်နေရသလိုပဲ။ အခုအချိန်ကလည်း ကျွန်တော်တို့က အားလုံးရဲ့ အိပ်မက်တွေကို ပိတ်ပင်ထားတဲ့ ဒီစစ်အာဏာရှင်စနစ်ကို ကျွန်တော်တို့က ဘုံရန်သူအနေနဲ့ သတ်မှတ်ပြီးတော့ တိုက်နေရတဲ့ ကာလဖြစ်တယ်။ တစ်ဖက်မှာလည်း ဒီပြည်ထောင်စုသစ်ကို ဘယ်လိုပုံစံနဲ့ပြန်ပြီးတော့ ဖွဲ့စည်းကြမလဲဆိုတဲ့ Structure ပိုင်းကိုည်း ကျွန်တော်တို့ လွတ်လပ်ပြီးတော့ စဉ်းစားလို့ရတဲ့ အနေအထေားလိုပဲ ကျွန်တောကတော့ ဒီအချိန်ကို သတ်မှတ်ချင်ပါတယ်။

မေး –    ဖက်ဒရယ်တည်ဆောက်ရေးလို့ ပြောကြတဲ့အခါ တိုင်းရင်းသားတော် လှန်ရေးအင်အားစုတွေက ပြည်နယ်တွေရဲ့ အခန်းကဏ္ဍကို အဓိကပြောသလို ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး – Bottom of Federalism ကို ဦးတည်ပြောဆိုနေပေမယ့် ဗမာ(မြန်မာ) ဒီမိုကရေစီ အင်အားစုတွေဘက်ကတော့ ဒီမိုကရေစီအရ လူထုဆန္ဒခံယူပွဲကို ဦးတည်ရမယ်ဆိုတဲ့ အယူအဆ ၂ ခု ရှိနေတာ တွေ့ရပါတယ်။ အခုနှစ်၂၀၂၅ မှာ နွေဦးတော်လှန် ရေးနဲ့ ဖက်ဒရယ်တည်ဆောက်ရေးခရီး အရွေ့ကို ဘယ်လိုကျော် လွှားသင့်လဲ။

ဖြေ –     အခုလက်ရှိကျနော်တို့အားလုံးက လမ်းဆုံလမ်းခွကို ရောက်နေတယ်လို့ပဲ မြင်တယ်။ Bottom-upကိုတော့ ပြည်မပဲပြောပြော၊ ဗမာဒေသပဲပြောပြော လက်ရှိမှာ ထောက်ခံမှုတွေ များနေတယ်။ NUG ကိုယ်တိုင်ကလည်း Bottom-upနဲ့ပဲ သွားမယ်ဆိုပြီး ထုတ်ပြန်ထားတာ တွေ့ရတယ်။

အခုလက်ရှိအနေအထား အရလည်း ပြည်နယ်တွေ အားကောင်းဖို့ လိုတယ်။ ပြည်နယ်တွေ၊ ပြည်ထောင်တွေအားလုံးက လာပြီးတော့ စုတဲ့ ပြည်ထောင်စုပေါ့နော်။ အားလုံးစုပေါင်းပြီးတော့ လုပ်တဲ့ ပြည်ထောင်စုဖြစ်ဖို့ လိုတယ်ပေါ့နော်။ ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာ ဆင်းသက်တဲ့ဟာဆိုရင် ပြည်နယ်နဲ့ အဲဒီပြည်နယ်မှာ နေထိုင်တဲ့ လူမျိုးစုတွေထံကနေ လာတယ်ဆိုတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း အဓိပ္ပါယ် ဖွင့်ထားဖို့ လိုတယ်။

ပြည်ထောင်စုရဲ့ အာဏာတွေက လူများစုဖြစ်တဲ့ ဗမာတွေချည်းပဲ ရနေတယ်ဆိုရင် ဒါက ပြေလည်မှုရမှာ မဟုတ်ဘူး။ နောက်တစ်ခုကကြတော့ ပြည်နယ်နယ်နမိတ်တွေ ပြန်ပြီးတော့ သတ်မှတ်ဖို့၊ ပြန်ပြီးတော့ ပြောင်းဖို့ လုပ်တဲ့နေရာမှာ ဆိုရင်တော့ အဲဒီဒေသမှာရှိတဲ့ ပြည်သူလူထုရဲ့ သဘောထားကို ထင်ဟပ်ဖို့ လိုတယ်။ အဲဒီလို မထင်ဟပ်နဲ့ပဲ ပြည်နယ်တွေကြားထဲမှာ၊ ဖက်ဒရယ်ယူနစ်တွေကြားထဲမှာပဲ ဖြစ်သွားမယ် ဆိုရင် ဒီဟာက ပဋိပက္ခပုံစံပဲ ဆက်ပြီးတော့ ဖြစ်သွားမယ်လို့ ကျနော်တို့ကတော့ မြင်တယ်။

အခုကာလမှာတော့ Bottom-up ဖက်ဒရယ်လစ်ဇင်တွေ အားကောင်းအောင် ပြည်နယ်တွေအတွင်းမှာ နေထိုင်တဲ့ ပြည်သူလူထုကော၊ နိုင်ငံရေး အဖွဲ့အစည်းတွေကော၊ တော်လှန်ရေးအဖွဲ့အစည်းတွေကော ကြိုးစားကြဖို့ လိုတယ်။ ဗမာပြည်နယ်ဖွဲ့မှာလား၊ တိုင်း ၇တိုင်းအတိုင်းပဲ သွားမှာလားဆိုတာက လက်ရှိ အချိန်မှာ ကျနော်တို့ကိုယ်တိုင် စဉ်းစားရမယ့် ကိစ္စ ဖြစ်တယ်။

သေချာတာတစ်ခုကတော့ တိုင်း ၇တိုင်း ပုံစံမျိူးကတော့ သွားမယ်ဆိုရင် အမျိုးသားတန်းတူရေးအရ ဖော်ဆောင်ဖို့ အဟန့်အတား ဖြစ်ကောင်းဖြစ်နိုင်တယ်။ အထက်လွှတ်တော်တို့ ဘာတို့မှာ ဆိုရင်လည်း အမျိုးသားတန်းတူရေးကို ဘယ်လို ပုံစံနဲ့ သေချာဖောင်ဆောင်ကြမလဲပေါ့။ လူဦးရေးကို အခြေခံတဲ့ အောက်လွှတ်တော်မှာဆိုရင်လည်း အာဏာကို တန်းတူရေးအတွက် ဘယ်လိုပုံစံမျိုးနဲ့ လုပ်ကြမလဲ။ ဒါကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ ဖြစ်တယ်။

ဗမာတွေကလည်း တိုင်း ၇တိုင်း၊ ယူနစ် ၇ခုယူထားတဲ့ဟာကလည်း ပြန်ပြီးတော့ စဉ်းစားဖို့ လိုတယ်။ အားလုံးကို ပေါင်းပြီးတော့မှ ကြီးမားတဲ့ ယူနစ်တစ်ခုတည်းမှာပဲ ဗမာပြည်နယ်ဆိုပြီး ကျနော်တို့အားလုံးကို စုပေးထားလိုက်မယ်ဆိုရင်လည်း ပြဿနာက နည်းနည်းလေးတော့ ရှိကောင်းရှိနိုင်တယ်။

ဒါမှမဟုတ် ယူနစ် ၂ခု၊ ၃ခုခွဲပြီးတော့ သွားလိုက်မယ်ဆိုရင်လည်း ရေရှည်မှာဖြစ်လာနိုင်မယ့် ပြဿနာတွေကို နည်းနည်းလေးများ လျှော့ချနိုင်မလားပေါ့နော်။ ဘယ်အရာပဲလုပ်လုပ် အားလုံးက အဆင်ပြေပြေနဲ့ ပြီးသွားမယ်ဆိုတာတော့ မရှိဘူးပေါ့နော်။

ဘာကြောင့်လဲဆိုရင် အားလုံးကို တစ်ခုတည်းပဲစုမယ်ဆိုရင်လည်း စနစ်အရ၊ စာသင်ခန်းကနေ ဖြတ်သန်းလာမှုအရ တစ်စုံတစ်ရာ ကိန်းဝပ်နေတဲ့ လူမျိုးရေး၊ အမျိုးသားရေးစိတ်တွေ ရှိမှာပဲ။ အဲဒီအချိန်ကြမှ ကျနော်တို့က ဘဏ္ဍာရေးအရ ခွဲဝေမှုတွေက လူဦးရေနဲ့ ချိန်ပြီးတော့ ဖြစ်လာတဲ့ အခါ အမျိုးသားရေးဝါဒ ခေါင်းထောင်လာမယ်ဆိုရင်လည်း အဲဒီအရာတွေက တဖန်ပြန်ပြီးတော့ ကြုံလာနိုင်တာ လည်း ရှိတာပေါ့။

တဖက်ကနေ စဉ်းစားပြီးတော့ ပြည်နယ်တွေ ပြန်ပြီးတော့ သတ်မှတ်တဲ့အခါ၊ နယ်နမိတ်တွေ ပြန်ပြီးတော့ စုစည်းတဲ့အခါ လူမှုရေး၊ စီးပွားရေး၊ သမိုင်းကြောင်းဆိုင်ရာအရ ဖြတ်သန်းလာခဲ့တဲ့အရာတွေ၊ လက်ရှိမှာ စစ်အာဏာရှင်စနစ်က သွတ်သွင်းတဲ့ စနစ်ရဲ့ ဒဏ်တွေပေါ့နော်။ ဒါကိုလည်း ပြည့်ပြည့်စုံစုံ ပညာရှင်တွေ၊ ပညာရပ်ပိုင်းဆိုင်ရာတွေ သေသေချာချာပြုစုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် စဉ်းရမယ့် ကိစ္စတွေ ဖြစ်တယ်။

အချုပ်ပြောချင်တာက အခုလက်ရှိ ၂၀၂၅ထဲမှာ ပြည်နယ်အသီးသီးကော၊ တိုင်း ၇တိုင်းမှာကော စစ်ကောင်စီ လုပ်ထားတဲ့ ယန္တရားတွေ ဖယ်ရှားနိုင်ဖို့ ကြိုးစားမယ်၊ တပြိုင်နက်တည်းမှာ ကိုယ့်ရဲ့ ပြည်နယ်အားကောင်းရေး၊ ကိုယ့်ရဲ့ အမျိုးသားရေး အားကောင်းရေးလုပ်ငန်းတွေ လုပ်ရမယ့် အချိန်ပေါ့နော်။

အဲဒါတွေ လုပ်ပြီးမှ ၊ အားလုံး ပေါင်းပြီးမှ ကျနော်တို့ရဲ့ ပြည်ထောင်စုကို ဘယ်လိုပုံစံနဲ့ လာပြီးတော့ ထူထောင်ကြမလဲဆိုတာ  ဆွေးနွေးကြဖို့ လိုတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့က ပြည်ထောင်စုရဲ့ အချုပ်အချာအာဏာသည် သေချာတာတစ်ခုကတော့ ပြည်နယ်တွေကနေ လာပြီးတော့ ထောင်တယ်၊ ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ ပြည်သူလူထုထံကနေ သက်ဆင်းတယ်ဆိုတာမျိုး အဓိပ္ပါယ် ဖွင့်ထားဖို့ လိုတယ်။

နယ်နမိတ်သတ်မှတ်ချက် တွေ လုပ်တာ၊ ပြင်ဆင်တာတွေ လုပ်တဲ့အခါမှာ အဲဒီနယ်နမိတ်အတွင်းမှာ ရှိနေတဲ့ ဒေသခံတွေရဲ့ သဘောဆန္ဒ တွေ မဖြစ်မနေ ထင်ဟပ်ဖို့ လိုတယ်။ လာမယ့်အရာကတော့ အခုလက်ရှိ နယ်နမိတ် သတ်မှတ်ထားတဲ့ တိုင်း ၇ခု၊ ပြည်နယ် ၇ခုဆိုတာမျိုးတော့ ဖြစ်မှာ မဟုတ်ဘူး။ မဖြစ်သင့်ဘူး။ ဒီပုံစံ၊ ဒီတည်ဆောက်ပုံက အခုလက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ ဖွဲ့စည်းတည်ဆောက်မှုပုံစံမဟုတ်ဘူးဆိုတာကို သမိုင်းက သက်သေပြပြီးသား ဖြစ်တယ်။ အသစ်ပေါ်ထွက်လာတဲ့ ပြည်နယ်တွေကလည်း ကျိန်းသေ ရှိလိမ့်မယ်။

ဒါကိုလည်း ကျနော်တို့က လေးလေးနက်နက် ထောက်ခံတယ်။ ပြည်နယ်အားကောင်းရေး၊ အမျိုးသား တည်ဆောက်ရေးလုပ်နေတဲ့ လုပ်ငန်းကိုင်ငန်းတွေကိုလည်း အားပေးတယ်။ အဲဒီလိုပဲ အခုချိန်က ကျနော်တို့ ဗမာတွေရဲ့ အချင်းချင်းကြားထဲမှာလည်း ကိုယ့်ရဲ့ ဝိသေသလက္ခဏာတွေ၊ အမျိုးသားသရုပ် လက္ခဏာတွေကို ဘယ်လိုပုံစံနဲ့ လုပ်မလဲ၊ ပြီးတာနဲ့ အားလုံး ကျန်တဲ့ပြည်ထောင်စုကိုလည်း  ကိုယ်တစ်ခုတည်းကနေ ဦးဆောင်တာမျိုး၊ အစ်ကိုကြီးအဖရာ နေရာကနေ စဉ်းစားတာမျိုးကနေ ဒါသည် ငါတို့တစ်ခုတည်း ပိုင်တဲ့ဟာ မဟုတ်ဘူး၊ ငါတို့အားလုံးပိုင်တဲ့ ပြည်ထောင်စုဆိုတဲ့ စဉ်းစားချက်မျိုးတွေ ဗမာတွေအားလုံးကြားထဲမှာ ပျံ့နှံ့အောင်လုပ်တဲ့ လုပ်ငန်းစဉ်တွေ လုပ်ရင်းနဲ့ အတိုင်းအတာတစ်ခုထိတော့ ကျနော်တို့ကြားထဲမှာ ကြေလည်မှုရပြီးတော့ လိုချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကိုတည်ဆောက်ရေး၊ အဓိကကတော့ Nation Building တစ်ခုပေါ့၊ အဲဒီလုပ်ငန်းစဉ်ကို သွားနိုင်ဖို့ အစပျိုးနိုင်မယ့် အချိန်တစ်ခုကို အခု ၂၀၂၅ကတော့ ရောက်သင့်ပြီလို့ထင်တယ်။

ဒီလိုမဖြစ်ဘူးဆိုရင် အခုလက်ရှိဖြစ်နေတဲ့ နိုင်ငံတကာ နိုင်ငံရေးအခင်းအကျင်းရေစီးပြောင်းလဲမှုတွေအရ ဆိုရင် ကျနော်တို့က နိုင်ငံတကာနဲ့ယှဉ်ရင် တော်တော်လေးကို ပြတ်ကျန်ခဲ့မယ့် အနေအထားလည်း ရှိတယ်။ အဲဒါကြောင့်မလို့ ကျနော်တို့ကတော့ အခုအချိန်ကတော့ အားလုံးက ပြည်သူလူထုမျက်နှာကို သေသေချာချာ ကြည့်ပြီးတော့ လုပ်သင့်တဲ့အရာတွေ၊ တော်လှန်ရေးကိစ္စတွေကို လုပ်ရမယ့် ကာလဖြစ်တယ်။ ပြည်ထောင်စု ကို ဘယ်လိုပုံစံနဲ့ တည်ဆောက်ကြမလဲဆိုတဲ့ ဟာမျိုး အစုအဖွဲ့တွေကြားထဲမှာ သဘောတူညီချက် ရခဲ့ရင် ပိုကောင်းတယ်။ အဲဒီလိုရဖို့အတွက်လည်း လုပ်ရတော့မယ့် အချိန်လို့ ကျနော်ကတော့ တိုက်တွန်းချင်ပါတယ်။

ဒေါက်တာ စိုင်းကြည်ဇင်စိုး – မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ

မေး –    ပင်လုံကတိကဝတ်နဲ့ ပင်လုံ သဘောတူစာချုပ်ကို အကောင် အထည်ဖော်ဖို့ ပျက်ကွက်ခဲ့လား၊ ပျက်ကွက်ခဲ့တယ်ဆိုရင် ဘာကြောင့် ပျက်ကွက်ခဲ့ကြလဲ။ ဘယ်သူတွေမှာ တာဝန် ရှိသလဲ။ ဒီရဲ့အကျိုးဆက်က ဘာဖြစ်ခဲ့လဲ။

ဖြေ –     ပင်လုံက သမိုင်းအရ အရေးပါတဲ့စာချုပ်တစ်ခုဖြစ်ခဲ့တယ်ဆိုတာတော့ ဟုတ်တယ်။ ကျွန်တော်တို့ သမိုင်းတချို့တစ်ခွင်မှာ။ ဒါပေမဲ့ အဲဒီလိုမျိုးဖြစ်လာခဲ့တဲ့ စာချုပ်ရဲ့ ဖြစ်ပေါ်ဖြစ်ပေါ်ထွန်းမှု၊ အဲဒီအချိန်မှာ ဖြစ်ထွန်းမှုရဲ့ ရှိနေတဲ့ နိုင်ငံရေးသမိုင်းလည်း ကျွန်တော်တို့ နည်းနည်းသတိထားပြီးတော့ ဝေဖန်ဖို့လိုလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ယူဆတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ဒါအကောင်းဆုံးလို့ပြောလိုက်ရင်တော့ ဟုတ်တယ်။

အဲ့ဒီအချိန်မှာ စဉ်းစားမှုနဲ့ ထည့်သွင်းစဉ်းစားမှုပေါ့။ အထူးသဖြင့် ဗမာ တစ်ကျပ် တိုင်းရင်းသားတွေလည်း တစ်ကျပ် ရစေရမယ်ဆိုတဲ့ဟာ ဒါက နှုတ်ကတိဖြစ်တယ်။ ဒါကကျွန်တော်တို့ ပင်လံစာချုပ်ထဲမှာ Resource share ပါတ်သက်ပြီးတော့ပေါ့။ ကျွန်တော်တို့ သေချာမစဉ်းစားဘူး။

ဒီဟာက ၁၉၄၇ Constitution မှာလည်း ထင်ဟပ်မှုမရှိဘူး။ ဒီဘက်ခေတ်စံနှုန်းနဲ့ ကြည့်မယ်ဆိုရင် ဖက်ဒရယ်သဘောတရားအရ ကျွန်တော်တို့ လက်ခံနိုင်ဖွယ်ရှိတဲ့ ကိစ္စတွေတော်တော်များများက ဒီစာချုပ်ကနေပြီးတော့ ဒီဘက်က ဥပဒေအဖြစ် ဒါမှမဟုတ် Building ဖြစ်တဲ့ သဘောတရားအဖြစ် ကျွန်တော်တို့မဖြစ်လာဘူး။

နောက်တစ်ခုက စာချုပ်လို့ပြောလိုက်ရင် ကျွန်တော်တို့က အမြဲတမ်းတည်ရမယ်ဆိုတဲ့ဟာတော့ ကျွန်တော်သိပ်လက်မခံဘူး။ စာချုပ်က ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦး တစ်ဖက်နဲ့တစ်ဖက်မှာ ကတိကဝတ်ပြုကြတဲ့အချိန်မှာ ကတိဖောက်ဖျက်မှုရှိလာတယ်ဆိုရင် အဲ့ဒီစာချုပ်ရဲ့ အသက်ဝင်ခြင်းကပြေပျက်တယ်။ အခုကျွန်တော်တို့ NCA ကို ပြောနေကြသလိုပဲ။ NCA ထိုးထားကြတယ်။ ဒါပေမဲ့ NCA ကို လိုက်နာမှုမရှိတဲ့အချိန်မှာ အဲ့ဒီ NCA ရဲ့ စာချုပ်ကို ပျက်ပြယ်ပြီလို့ယူဆမှာ။ ဒါတောင်မပျက်သေးဘူး။ သူတို့လုပ်ချင်တာလုပ်။

ကတိမတည်လည်း ကိစ္စမရှိဘူး။ ဒါမဲ့စာချုပ်ကတော့ရှိနေသေးတယ်လို့ ယူဆမှုက ကျွန်တော်တို့လုပ်ရမယ့်ကိစ္စတွေဖြစ်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ ပင်လုံရဲ့ ဖြစ်တွန်းမှုမှာ ရှိခဲ့တဲ့ နိုင်ငံရေး Motivation ပေါ့။ ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ Motivation ပေါ့။

ကျွန်တော်တို့အခုလည်း တော်တော်များများလေ့လာထားကြတဲ့အတွက်ကြောင့်မို့ သူ့ရဲ့ရှိနေတဲ့ တိုင်းပြည်နဲ့ လူမျိုးဆိုတဲ့ အခြေခံပေါ်မှာ စဉ်းစားပြီးတော့ ဒီပင်လုံဆိုတဲ့ဟာကို တွန်းတွန်းတိုက်တိုက် သူလုပ်ခဲ့တယ်။ Administrative Charter ရှိနေသေးသော်ငြားလည်း ဒါကြီးကို ပြည်ထောင်စုအဖြစ် ကျွန်တော်တို့ရယူလိုတယ်ဆိုတဲ့ Division နဲ့ သူတို့လုပ်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီမှာပါဝင်ခဲ့တဲ့ ပုံစံတွေပေါ့နော။ ကျွန်တော်တို့ ရှမ်းအများစုပါခဲ့တယ်။

ပြီးတော့ ကျန်တဲ့တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်ခေါင်းဆောင်တွေ ပါခဲ့တယ်။ ဒါပေမဲ့ ကျိန်းသေတာ ကျွန်တော်တို့ လောလောလုပ်ခဲ့တဲ့အတွက်ကြောင့်မို့ ဒါက Bottom up စစ်စစ် ဖြစ်ခဲ့ပါတယ်လို့တော့ ပြောဖို့ခက်လိမ့်မယ်။ ငြင်းစရာကိစ္စတွေအများကြီးရှိမယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ဒါက နိုင်ငံရေးခေါင်းဆောင်တွေပဲ ပြည်သူလူထုတွေထဲမှာ ပြည့်ပြည့်ဝဝနားလည်မှုရှိဖို့အတွက် ကြိုးပမ်းဖို့အချိန်မရလိုက်ဘူး အဲဒီအတွက်ကြောင့်မို့ ပင်လုံစာချုပ်လာတယ်။

ဖြစ်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံခံရပြီးနောက် ဦးနုအစိုးရရဲ့ ဗဟိုအစိုးရအားကောင်းရေး နောက် ဗမာ အားကောင်းရေး သူ့ရဲ့ Motivation ကြောင့်မလို့ ပျက်သွားတယ်ဆိုတဲ့ဟာက အထူးသဖြင့် ကတိကဝတ်တွေ မဖြည့်ဆီးလိုက်နိုင်ဘူးဆိုတဲ့ဟာလည်း ကျွန်တော်တို့တွေ့ရလိမ့်မယ်။ အဲ့ဒီတော့ ဗမာ Majority အများစုရဲ့ စဉ်းစားမှုတွေ၊ နောက်တစ်ခုက Inclusive ပေါ့ ကျွန်တော်တို့ စဉ်းစားတဲ့အချိန်မှာ ပါဝင်မှုအရရှိနေတဲ့ ပေးထားချက်တွေ့ပေါ့။

ကျွန်တော်တို့ ယူဆချက်တွေ ဒီအချိန်မှာရှိနေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ယူဆချက်တွေ ကျိန်းသေတာကတော့ မွန် တို့၊ ရခိုင်တို့ ဆိုတဲ့ဟာက ဒါ Proper Burma နဲ့ အတူတူပဲဆိုတဲ့ ယူဆချက်တွေ ကျွန်တော်တို့ အဲ့ဒီအချိန်မှာရှိနိုင်ခဲ့တယ်ဆိုတဲ့ဟာ သမိုင်းအထောက်အထားတွေအရ တွေ့ရတယ်။ အဲ့ဒီယူဆချက်တွေက ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်း စာချုပ်တွေမှာ မထင်ဟပ်လိုက်နိုင်ဘူး။

အဲ့ဒီယူဆချက် အစမ်းအရှင်းတွေက ဘာတွေလဲဆိုတဲ့ဟာ ဒီနေ့ခေတ်မှာပြန်ကြည့်တဲ့အချိန်မှာ ကျွန်တော်တို့ သမိုင်းကြီးက ကျန်မနေဘူး။ အဲ့ဒီပါးစပ်ပြောတွေနဲ့ပဲ ရှိနေတယ်။ အဲ့ဒီအတွက်ကြောင့်မို့ ဒီနေ့ဒီအချိန်ထိမမြင်ရဘူး။ မမြင်ရတဲ့အတွက်ကြောင့် အဲ့ဒီအချိန်မှာ ဖြစ်လာမယ်လို့ ယူဆကြတဲ့ လူတွေက မဖြစ်နိုင်တော့တဲ့အချိန်မျိုးတွေမှာ ကျွန်တော်တို့ မဖြစ်နိုင်လောက်တော့ဘူးလို့ ယူဆကြတဲ့အချိန် ဒါမဖြစ်တော့ဘူး။ ဒီပုံစံနဲ့ဆို အခြေအနေမကောင်းဘူးလို့ ယူဆကြတဲ့လူမျိုးစုတွေက တော်လှန်ကြတယ်။

အဲ့ဒါကြောင့်မို ၁၉၄၈ ကတည်းက ကျွန်တော်တို့ ကရင်နဲ့ ကရင်နီက လက်နက်ကိုင်တော်လှန်ရေးက အဲ့ဒီအချိန်မှာကတည်းက စခဲ့တာ။ ဒီလိုအနေအထားတွေရှိကြတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့က ဒီနေ့ဒီအချိန်မှာ ပင်လုံကဟုတ်တယ် သမိုင်းအရတော့ တန်ဖိုးရှိတဲ့ Document တစ်ခုဖြစ်ခဲ့တယ်။ ဒါပေမဲ့ ပင်လုံရဲ့ အကျိုးသက်ရောက်မှုခံစားမှုတွေက မတူညီတဲ့ လူမျိုးစုတွေအတွင်းမှာ မတူညီတဲ့အကျိုးသက်ရောက်မှုတွေရှိ တယ်ဆိုတာကိုတော့ ကျွန်တော်တို့လက်ခံပေးဖို့လိုလိမ့်မယ်။ အဲ့ဒါကို လက်မခံနိုင်ဘူးဆိုရင် ကျွန်တော်တို့ Federal Discussion ဆက်သွားဖို့ခက်မယ်။ ပြီးသွားရင် ကျွန်တော်တို့က ဒီပင်လုံကြောင့်မို့လို့ အကျိုးဖြစ်ထွန်းသွားတဲ့ ပြည်နယ်တွေရှိတယ်။ လူမျိုးတွေရှိတယ်။

ဒီပင်လုံကြီးပေါ်မှာ သံသယရှိနေတဲ့အတွက် ကြောင့် သူတို့လူမျိုးတွေရဲ့ နဂိုရှိခဲ့တဲ့ သမိုင်းအင်္ဂါရပ်တွေ ပြန်ပြီးတော့မတည်ဆောက် မတည်ထောင်နိုင်ဘူးလို့ စိုးရိမ်သံသယရှိကြတဲ့ လူမျိုးစုအဖွဲ့တွေလည်း ရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့ နားလည်အသိအမှတ်ပြုပေးဖို့လိုမယ်။ အဲ့ဒီတော့ အဓိက ကျွန်တော်တို့ မြန်မာ့သမိုင်းတောက်လျှောက်မှာဖြစ်ခဲ့တဲ့ ပြဿနာက ကျွန်တော်တို့ ကတိမတည်တဲ့ပြဿနာပဲ။

ပြီးတော့ အဲဒီလိုကတိမတည်ဘူးဆိုတဲ့ဟာမှာ ကျွန်တော်တို့ ယူဆချက်နဲ့ ပါးစပ်ပြော ကျွန်တော်တို့ပေးခဲ့တဲ့ ကတိရှိတယ်။ ယူဆချက်တွေကို ကျွန်တော်တို့ စာအဖြစ်မှတ်တမ်းမတင်နိုင်ဘူး။ အုဒါတစ်ဖက်နဲ့တစ်ဖက်ကြားမှာ ကျေလည်အောင် ကျွန်တော်တို့ နားလည်မှုမတည်ဆောက်နိုင်ဘူး။ နားလည်မှုရထားတဲ့ ဥစ္စာတွေကိုလည်း အကောင်အထည်ဖော်ဖို့၊ လေးစားဖို့၊ တန်ဖိုးထားဖို့ဆိုတဲ့ဟာ ကျွန်တော်တို့ မကြည့်နိုင်ခဲ့ဘူး။

မေး –    ပင်လုံစာချုပ်မှာ ချင်း၊ ကချင်၊ ရှမ်းနှင့် ဗမာပဲ လက်မှတ်ထိုးလို့ All Inclusive မဖြစ်ဘူးဆိုပြီး မေးခွန်းထုတ် တဲ့သူတွေလည်းရှိကြတယ်။ တဖက်မှာအားလုံးပါဝင်တယ်လို့ သမိုင်းအထောက်အထားအရပြောဆိုတာလည်းရှိ ပြန်ပါတယ်။ တချို့ကတော့ အားလုံးမပါပေမယ့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လုံလောက်တဲ့ အာမခံချက် များရှိတဲ့အတွက် လုံလောက်ပါတယ်လို့ ဆိုတဲ့သူတွေလည်းရှိနေပါတယ်။ ဘယ်လိုသုံးသပ် လိုပါသလဲ။

ဖြေ –     ကျွန်တော်တို့က Inclusion အကြောင်းစဉ်းစားရင် နှစ်မျိုးစဉ်းစားလို့ရလိမ့်မယ်။ ဘာလို့ဆို ကျွန်တော်တို့က ဖက်ဒရယ်အကြောင်းပြောတာ။ ဖက်ဒရယ်အကြောင်းပြောတော့ ရှိနေပြီးသား တိုင်းရင်းသား၊ တိုင်းရင်းသားဆိုတဲ့ အတွေးအခေါ်နဲ့ ခွဲခြားတဲ့ အတွေးအခေါ်အပြုအမှုကလည်း အင်္ဂလိပ်ကိုလိနီရဲ့ လက်ကျန်လို့ ပြောလို့ရတယ်။

ကျွန်တော်တို့ လူမျိုးစုတွေကို ခွဲခြားဆက်ဆံဖို့အတွက် လုပ်ခဲ့တာပေါ့။ ကျွန်တော်တို့ အင်္ဂလိပ်မလာခင်မှာရှိနေတဲ့ သမိုင်းလည်း ရှိသေးတယ်။ သမိုင်းလက်ကျန်လို့ပြောလို့ရင် ကျွန်တော်တို့ ဗမာဘုရင်ကို အခွန်ဆက်သရတဲ့ State တွေရှိတယ်။ National State တွေရှိတယ်။ အဲ့ဒီလိုမျိုးအနေအထားတွေရှိ ခဲ့တယ်။

အဲ့ဒီတော့ အပြန်အလှန်သဘောသက်ရောက်မှုနဲ့ အပြန်အလှန်ကျေးဇူးပြုမှုပြီးတွေရှိတယ်။ ဆိုင်ရာစဉ်းစားမှုတွေရှိတယ်။ ရှိထားတာနဲ့အတူ တစ်ဖက်မှာကျွန်တော်တို့က ကြည့်ရမှာဟုတ်တယ်။ ပင်လုံကြောင့်မို့လို့ ကျွန်တော်တို့ ဒီပြည်ထောင်စုနဲ့ လွတ်လပ်ရေးဆိုတဲ့ကိစ္စပေါ်လာတယ်။ ဒါပေမဲ့ လင်လုံမဟုတ်ခဲ့ရင်လည်း ကျွန်တော်တို့ ကျိန်းသေတာတော့ Athletic Charter ဆိုတဲ့ဟာ ပင်လုံမရှိခင်ကတည်းက ရှိပြီးသား အင်္ဂလိပ်တွေစဉ်းစားတယ်။

အထူးသဖြင့် ဒုတိယကမ္ဘာစစ်ကြောင့်မလို့ ကျွန်တော်တို့ စစ်ကြီးပြီးတဲ့အချိန်မှာ ကိုလိုနီနိုင်ငံတွေကို သူတို့ဆက်ထိန်းထားဖို့ခက်တဲ့အတွက်ကြေင့် နဂိုရှိရင်းစွဲအတိုင်း ပြန်ပေးမယ်ဆိုတဲ့ စဉ်းစားမှုရှိတယ်။ အဲဒီအချိန်မှာရှိနေတဲ့ စဉ်းစားမှုက နဂိုရှိရင်းစွဲအတိုင်းပေါ့။ အဲ့ဒီတော့ အင်္ဂလိပ် တွေမယူခင်မှာ မသိမ်းခင်မှာရှိနေတဲ့ပုံစံအတိုင်း သူတို့ ပြန်ပြန်ထားမယ်ဆိုတဲ့ စဉ်းစားမှုရှိတယ်။ ဒါပေမဲ့ အဲဒါက မဟုတ်ဘူး။ ငါတို့အားလုံးပေါင်းပြီးလိုချင်ပါတယ်ဆိုတဲ့ဟာ ကျွန်တော်တို့စဉ်းစားကြတယ်။ အဲဒီစဉ်းစားမှုပေါ့။

အဲဒီ Political Motivation နဲ့ ဒီပြည်ထောင်စု Motivation က တကယ်တမ်းကြည့်လိုက်မယ်ဆိုရင်တော့ ဗိုလ်ချုပ်အောင်ဆန်း Central life centrality ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗမာအများစုစဉ်းစားတဲ့ဟာ။ အဲ့ဒီ အခြေခံပေါမှာ ကျွန်တော်တို့ပေါင်းကြတဲ့ ကချင် ရှိတယ်။ ချင်း ရှိတယ်။ ရှမ်း ကိုယ်စားလှယ်တွေပေါ့။ ရှမ်းကတော့ ကိုယ်စားလှယ် ၁၄ ယောက်ပါတယ်။

ကချင်က ၆ ဦးလောက်ပါတယ်။ ချင်း သုံးဦးလောက်ပါတယ်ဆိုတဲ့ အဲ့ဒီလိုပုံစံ လိုမျိုးနဲ့လာကြတဲ့အချိန်မှာ ကျွန်တော်တို့ အဲဒီ ပြည်နယ်အဖြစ်ပြဌာန်းနိုင်ရေးဆိုတဲ့ Motivation ကလည်း ကချင်ဆီးမှာလည်းရှိတယ်။ ချင်းအနေနဲ့လည်း ကျွန်တော်တို့က ရှိထားတယ်။ အဲ့ဒီတော့ သီးခြားပုံစံမျိုး နဂိုပုံစံရှိနေတဲ့ ဥစ္စာထဲကမှ ကျွန်တော်တို့ ဗမာတွေ စဉ်းစားတဲ့ Centrality ဗမာစဉ်းစားတယ်ဆိုကတည်းက သူရဲ့ သမိုင်းအစဉ်အဆက်အရ သူ့ကို အခွန်ဆက်သတဲ့ တိုင်းရင်းသားလူမျိုးစု ဒါမှမဟုတ်ရင် Nation State ဆိုတဲ့ဟာကတော့ ရှိနေနိုင်တယ်လို့ ကျွန်တော်တို့ ယူဆလို့ရတယ်။ ရှမ်းဆိုရင်လည်း ရှမ်းအနေနဲ့ စောဘွားတွေ ဗမာပြည်ကို ဘယ်လိုမျိုးအခွန်ဆက်သတယ်ဆိုတဲ့ စဉ်းစားမှုအပြန်အလှန်ချိန်ဆက်မှုဆိုတဲ့ဟာရှိတယ်။

နောက်တဖက်မှာ ထပ်ကြည့်ရင်လည်း ကချင် နဲ့ ရှမ်းက အဲဒီအချိန်မှာ အင်္ဂလိပ်နဲ့နီးစပ်မှု ကောင်းတယ်။ အားကောင်းတယ်ပေါ့။ အဲ့ဒီတော့ ဒီမှာကျွန်တော်တို့ ထပ်ပြီးတော့ မေးခွန်းထုတ်ရမှာ ဒီပင်လုံစာချုပ်ဆိုတဲ့ ပေးထားချက်အတွက်ပေါ့။ ကျွန်တော်တို့သမိုင်းအရ ဖတ်ရတဲ့ပြုရတဲ့သိရတဲ့ ဥစ္စာတွေမှာ ကျွန်တော်တို့ရှိနေသင့်တဲ့ သံသယက ဒီပင်လုံစာချုပ်ဆိုတာဖြစ်မြောက်ဖို့အတွက် ကချင်၊ ရှမ်း အသုံးပြုပြီးတော့ အင်္ဂလိပ်ကို Convenience လုပ်တာများလားဆိုတဲ့ဟာက သံသယရှိသင့်တဲ့ တစ်ခုဖြစ်တယ်။

တကယ်လို့ အဲဒီလိုမျိုးရှိလာခဲ့တဲ့အတွက်ကြောင့် ဒီပင်လုံကြီးကြောင့်မို့လို့ ကျွန်တော်တို့အခုလက်ရှိအခြေအနေမှာ ဖြစ်သွားတယ်ဆိုတဲ့ ယူဆချက်မျိုးလည်း ကျွန်တော်တို့ စဉ်းစားလို့ရတယ်။ အဲဒီတော့ Inclusion လို့ပြောလိုက်ရင် ကျွန်တော်တို့က အဲ့ဒီအချိန်မှာရှိတဲ့ Political release ပေါ့။ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ စဉ်းစားမှုရှိမယ်။ အဲဒီခေါင်းဆောင်တွေရဲ့ စဉ်းစားမှုက သူတို့ကိုယ်စားပြုပါတယ်ဆိုတဲ့ ပြည်သူတွေရဲ့ စဉ်းစားမှုနဲ့လိုအင်ဆန္ဒနဲ့ဘယ်လောက်ထိ ကျွန်တော်တို့နီးလဲ။

ဒါမှမဟုတ် ဘယ်လောက်ထိရောင်ပြန်ဟပ်လဲဆိုတဲ့ဟာ အဲဒါက နောက်ထပ်တစ်ဆင့်ထပ်စဉ်းစားသင့်တဲ့ Inclusion အဲ့ဒီတော့ ကျွန်တော်တို့က အပေါ် Level liquid elided မှာလည်း ကျွန်တော်တို့ Inclusion ဆိုတဲ့ဟာက မတွေ့ရဘူး။ အဲ့ဒီအတိုင်းပဲ အဲဒီ Political elided တွေရဲ့ စဉ်းစားမှုက သူတို့သက်ဆိုင်ရာလူမျိုးစုတွေရဲ့ ကိုယ်စားပြုမှုနဲ့ ပါဝင်ပြောဆိုဆွေးနွေးမှု သူတို့ရဲ့ ဆန္ဒသဘောထားဆိုတဲ့ဟာလည်း ကျွန်တော်တို့က အဲ့ဒီအချိန်မှာ မတွေ့ရဘူး။ မတွေ့ရတဲ့အတွက်ကြေင့်မို့ Process က ကျွန်တော်တို့ အားနည်းတယ်ဆိုတာတော့ ကျိန်းသေတယ်။ အဲဒါငြင်းမရဘူး။

ကျွန်တော်တို့ တစ်ဖက်မှာပြောကြားတဲ့ ဒီစာချုပ်ပါအချက်အလက်တွေက လက်ခံစရာရှိတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကျွန်တော်တို့က ဒီစာချုပ်မှာစဉ်းစားထားတဲ့ တကယ့်လူ့အခွင့်အရေးအခြေခံတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး ပြီးရင်ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေးဆိုရင် ဒီနေ့ဒီအချိန်အထိ တန်ဖိုးထားပြီးတော့ တည်ဆောက်နေရတဲ့ လူ့အခွင့်အရေးအခြေခံသဘောတရားတွေကို ကျွန်တော်တို့တည်ပြီးတော့ စားစာားထားတဲ့ ချုပ်ဆိုကြတဲ့ စာချုပ်ဖြစ်တယ်။

အဲဒီအတွက် ဘယ်လိုသယ်ဆောင်မလဲဆိုတဲ့ဟာကို ကျွန်တော်တို့ကပိုစဉ်းစားသင့်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆတယ်။ စာချုပ်ကြီးကို ကျွန်တော်တို့ပြန် Run ပြီးတော့ စာချုပ်ကြီးကိုဘယ်လိုပြန် အကောင်အထည်ဖော်မလဲ။ ဒီစာချုပ်ထဲမှာရေးတဲ့ သားထားတဲ့ စာတွေကို ဘယ်လို Copy paste ပြန်လုပ်မလဲ။ ဒါမှမဟုတ်ဒီစာချုပ်ကြီးကို ဘယ်လိုပြန်အသက်သွင်းမလဲဆိုရင် ဒါက အန္တရာယ်ရှိတယ်။

စာချုပ်ကိုယ်၌က သူ့ရဲ့ရှိတဲ့နောက်ကွယ်ကနိုင်ငံရေးအရှုပ်ထုတ်တွေ ဒီနေ့ဒီအချိန်မှာ ကျွန်တော်တို့ ပြန်ရှင်းလို့ရမှာမဟုတ်ဘူး။ ပြန်ပြီးတော့ ဖော်ထုတ်လို့လည်းရတော့မှာမဟုတ်ဘူး။ ပြီးရင်ဒီစာချုပ် ကြောင့်မလို့သက်ရောက်ခဲ့တဲ့ကောင်းကျိုးတွေရော ဆိုးကျိုးတွေရော ကျွန်တော်တို့နှစ်အကြာကြီး အများကြီးရှိသွားပြီ။ တချို့ဟာတွေက ပြန်ပြင်လို့မရတော့တဲ့ နစ်နာဆုံးရှုံးမှုတော်တော်များသွားပြီ။

အဲ့အတွက်ကောင့် ဒီစာချုပ်ကို ပြန်အသက်သွင်းခြင်းက ဘာမှမထိခိုက်ဘူးဆိုတဲ့လူတွေအတွက်ဘာမှဖြစ်စရာမရှိ ပေမယ့် ထိခိုက်မှုများနေတဲ့ လူမျိုးစုတွေအတွက်ဆိုရင် ဒီစာချုပ်ကြီးကိုပြန်သုံးတဲ့ဥစ္စာ ဖိနိုပ်မှုတမျိုးဖြစ်သွားနိုင်တဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့က စာချုပ်ဆိုတာထက် စာချုပ်ထဲမှာ ပါလာတဲ့ အနှစ်သာရတွေကို အခုဒီဘက်ခေတ် ပင်လုံ အဖြစ် ကျွန်တော်တို့ ဘယ်လိုပြန်အသက်သွင်းမလဲဆိုတဲ့ဟာတွေကို စဉ်းစားသင့်တယ်လို့ ကျွန်တော့အနေနဲ့ မြင်တယ်။ အဲ့ဒီလို ရှုထောင့်မျိုးကနေ ချဉ်းကပ်မယ်ဆိုရင် ကျွန်တော်တို့ရှိနေတဲ့ ဝိယောဓိတွေ လည်း ဖြေရှင်းလို့ရနိုင်တယ်။ ပြီးရင် ပဋိပက္ခတွေလည်း လျော့ချလို့ရမယ်လို့ ကျွန်တော့်အနေနဲ့မြင်ပါတယ်။

မေး –    နောက်ဆက်စပ်ပြီး ဆွေးနွေးချင်တာက မြန်မာ့နိုင်ငံရေးပြဿနာကို နောက်ပြန်ကြည့်မယ်ဆိုရင် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ် (တစ်နည်းအားဖြင့် ဖက်ဒရယ်မူ)က အဓိက အက္ခရာ ဖြစ်နေသေးလား။ တစ်ချို့ကတော့ ပင်လုံ သို့မဟုတ် ဖက်ဒရယ်ကို ရင်မခုန်တော့သလို ပြောဆိုနေတာလည်း ရှိနေတော့ မြန်မာနိုင်ငံရေး ပြဿနာအတွက် အဖြေကဘာြဖစ်မလဲ။ ပင်လုံကိုဦးတည်မယ်ဆိုရင် Cooperative-ခရောဘဲလ်ဒိပ် federalism လား Confederation လား ဒါမှမဟုတ် Independent လား စသည်ဖြင့်ပေါ့လေ။ ဘယ်လို စဉ်းစားသင့်လဲ။

ဖြေ –     ကျွန်တော်တို့အခု စဉ်းစားရမယ့်ကိစ္စက ပင်လုံမှာ Federalism ဆိုတဲ့ဟာ ကျွန်တော်တို့ စဉ်းစားလာတယ်။ အဲ့ဒီစဉ်းစားမှုက ၁၉၄၀ ပတ်လည်ပေါ့နော။ ကျွန်တော်တို့ရှိနေတဲ့ အတွေးအခေါ်ဖြစ်ထွန်းမှုနဲ့ တိုက်ရိုက်အကျိုးသက်ရောက်တယ်။ အဲ့ဒီတော့ နိုင်ငံရေးအတွေအခေါ်ဆိုတဲ့ ဥစ္စာက တကယ်တမ်းကျတော့ လူတွေကပဲ စဉ်းစားတွေးခေါ်ပြီးတော့ ဖော်ဆောင်ကြရတဲ့ သဘောသဘာဝရှိတာကို ဒါလက်ဆုပ်လက်ကိုင်ပြ လည်းခက်တယ်။ ဒီအတွေးအခေါ်ကနေ အခြေခံတယ်။

ဒါပေမဲ့ ကျိန်းသေတာတော့ နိုင်ငံရေးအတွေးအခေါ်ရယ် စနစ်ရယ်လို့ ကျွန်တော်တို့ဖြစ်လာပြီဆိုရင် အဲ့ဒီစနစ်တိုင်းမှာ အခြေတည်တဲ့ ကျွန်တော်တို့တန်ဖိုးဆိုတဲ့ဟာရှိတယ်။ အဲ့ဒါကတော့ ဘာလဲဆိုတော့ ကျွန်တော်တို့ပြည်သူလူထု အခြေပြုတဲ့ဥစ္စာနဲ့ အုပ်ချုပ်ရေးအာဏာ အခြေပြုတဲ့ ဥစ္စာ စဉ်းစားမှုနှစ်ခုရှိတယ်ဆိုတာတွေ့ရတယ်။

အဲဒီတော့ ပဒေသရာဇ်တွေ ခေတ်ကအဆက် ကျွန်တော်တို့ အုပ်ချုပ်ရေး အာဏာအခြေပြုပြီးတော့ လည်ပတ်ခဲ့တဲ့နိုင်ငံတွေရှိဖူးတယ်။ သမိုင်းတွေရှိခဲ့ဖူးတယ်။ ဒီအတွက်ကြောင့်မို့ စစ်တွေ အဆက်ဆက်ဖြစ်ခဲ့တယ်ဆိုတာဟာ ကျွန်တော်တို့ သမိုင်းအစဉ်အဆက်မှာတွေ့ ဒီကနေ့ ကျွန်တော်တို့ လူ့အခွင့်အရေးဆိုတဲ့ စဉ်းစားဖြစ်ထွန်းမှုနဲ့ လူ့အခွင့်အရေးအခြေခံပြဋ္ဌာန်းချက်တွေ ကျွန်တော်တို့ပေါ့်လာပြီ။ ၁၉၄၈ နောက်ပိုင်းပြောင်းလဲမှုတွေမှာ ကျွန်တော်တို့ အခုဒီနေ့ဒီအချိန်တွေမှာ ကျွန်တော်တို့ မြင်တဲ့အမြင်တွေနဲ့ စဉ်းစားမှုပုံစံတွေ အများကြီးပြောင်းသွားပြီ။

Genocide side တွေလည်း ကျွန်တော်တို့ ခေတ်အဆက်ဆက်တွေ့ခဲ့ရပြီ။ လူမျိုးတုံးသတ်ဖြတ်မှုတွ ကျွန်တော်တို့ တွေ့ခဲ့ပြီးပြီ။ ဖိနှိပ်မှုတွေရဲ့ အကျိုးတွေတွေ့ပြီးပြီ။ လူတွေအပေါ်မှာ ဖိနှိပ်မှုလို့ပြောလိုက်ရင် ကျွန်တော်တို့ System made ဒါမှမဟုတ် Structure နဲ့ ဖိနှိပ်မှုရှိတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုအားဖြင့် ဖိနှိပ်တဲ့ဖိနှိပ်မှုရှိတယ်။

လူနည်းစု လူများစုအားဖြင့် ကျွန်တော်တို့ ဖိနှိပ်မှုဟာတွေရှိတယ်။ အဲဒီဟာတွေအကုန်လုံးက တစ်ခုမှမကောင်းဘူးဆိုတဲ့ဟာက ဒီနေ့မှာ ကျွန်တော်တို့ သမိုင်းအရသိလာတယ်။ သိလာတဲ့အချိန်မှာ ကျွန်တော်တို့ပြန်ကြည့်ရမယ့်ဥစ္စာနဲ့ ဒီအချိန်မှာ ပြန်အသက်သွင်းရမယ့်ဥစ္စာက လက်ရှိမြန်မာနိုင်ငံမှာဖြစ်ထန်းနေတဲ့ အဖြစ်အပျက်တွေနဲ့ ကျွန်တော်တို့ ဒီနိုင်ငံရေး နှစ်တွေ အားလုံးမှာ ဒီဘက်ခေတ်မှာ ၂၁ ရာစုခေတ်မှာ ကျွန်တော်တို့ အခြေခံသင့်တဲ့ Centrality ကဘာလဲဆိုတဲ့ဟာကို ပြန်ဖော်ထုတ်ဖို့လိုတယ်။ အဲ့ဒီတော့ အုပ်ချုပ်ရေးဆိုတဲ့ ဥစ္စာက တကယ်တမ်းကြတော့ လူသားအကျိုးပြုရေးအတွက်ကို အခြေခံပြီးတော့ ကျွန်တော်တို့စဉ်းရတဲ့အရာဖြစ်တယ်။

ပြည်သူလူထုရဲ့ အကျိုး၊ ပြည်သူလူထုအုပ်ချုပ်ခံလူတန်းစားတွေမှာရှိနေသင့်တဲ့ အခွင့်အရေး ပြီးရင်အုပ်ချုပ်ခံလူတန်းစားတွေမှာ လူတန်းစားကွာဟမှု လျော့ကျရေး ပြီးသွားရင် အဲ့ဒီအုပ်ချုပ်ခံလူတန်းစားတွေကို အုပ်ချုပ်သူတွေက တာဝန်ယူ တာဝန်ခံတတ်တဲ့စနစ်ဆိုတဲ့ဟာကို ကျွန်တော်တို့စဉ်းစားဖို့ဖြစ်တယ်။ အဲ့ဒီတော့ ကျွန်တော်တို့က Federation တို့ Federalism တို့ Confederation တို့ ဘာတို့ဆိုတာ ဒါက အမှန်အတိုင်းပြောရင် ကျွန်တော်တို့ မြန်မာဝေါဟာရမှာ လည်း မရှိဘူး။

တခြားတိုင်းရင်းသားဝေါဟာရနဲ့ စဉ်းစားမယ်ဆိုရင်လည်း အင်မတန်စဉ်းစားရခက်တဲ့ ကိစ္စ။ အင်္ဂလိပ်လိုပဲ ကျွန်တော်တို့က နားလည်စရာရှိတယ်။ အဲဒီအတွက်ကြေင့်မို့ ကျွန်တော်တို့နားလည်လို့ရတဲ့ ဥစ္စာတို့က အဲ့ဒီလူ့တန်ဖိုးအခြေခံစံနှုန်းသတ်မှတ်ချက်တွေက ဒီမြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ မျိုးစုံသော လူမျိုးစုတွေကြားထဲမှာ ကျွန်တော်တို့နားလည်တဲ့ အခြေခံရှိတယ်။ တူညီနိုင်တဲ့ သဘောတရားခံယူချက်တွေ ရှိနိုင်တယ်။ အဲဒီအခြေခံတွေကို ကျွန်တော်တို့ ပြန်ဖော်ထုတ်ဖို့လိုတယ်။ ဘယ်စနစ်ဘယ်ပုံစံနဲ့ အဲ့ဒီအခြေခံစံတန်ဖိုးတွေကို ကျွန်တော်တို့အာမခံပေးမယ်လို့ ယူဆသလဲ။

အဲ့ဒီစနစ်တွေက ကိုယ့်လူမျိုးရဲ့ အခြေခံ အတွက်အာမခံပေးသလို ကျန်တဲ့လူမျိုး၊ ကျန်တဲ့ ဒေသတွေကို အကျိုးသက်ရောက်မှုဘယ်လိုရှိမလဲဆိုတဲ့ဟာ လည်း စေတနာပါပါဆွေးနွေးကြဖို့ ကျွန်တော်တို့ငြင်းခုံကြဖို့လိုတယ်။ အဲဒီတော့ ကျိန်းသေတာတော့ ကျွန်တော်တို့ စနစ်ဆိုတဲ့ ဥစ္စာက ဒီလိုမျိုးစနစ်သာသာလျှင် အကောင်းဆုံး ဒီစနစ်သာဖြစ်ရမယ်။ အမေရိကန်အောင်မြင်တဲ့ အတွက်ကြောင့်မို့ အမေရိကန်ရဲ့ Federalism ကို ကျွန်တော်တို့ Copy pasts သုံးလို့မရဘူး။ ဂျာမနီအောင်မြင်တဲ့ အတွက်ကြောင့်မို့ ဂျာမနီရဲ့ ဖက်ဒရယ်ကို Copy paste မရဘူး။

အဲ့ဒီတော့ မြန်မာနိုင်ငံမှာရှိနေတဲ့ ဒီလွတ်လပ်ရေးရပြီးနောက်ပိုင်း လွတ်ရေးမတိုင်ခင်မှာရှိခဲ့တဲ့ သမိုင်းစသည်ဖြင့် ဒီဟာတွေကြားထဲမှာ ကျွန်တော်တို့ရှိခဲ့တဲ့ လူတွေရဲ့ ပြောင်းလဲတိုးတက်မှုဖြစ်စဉ်တွေ စဉ်းစားမှုတွေနာကြည်းချက်တွေ စိုးရိမ်မှု အဲဒီဟာတွေအကုန်လုံးကို ကျွန်တော်တို့ အာကာအကွယ်ပေးနိုင်မယ်။ အဲ့ဒီဟာတွေအကုန်လုံးကို အာမခံချက်ပေးနိုင်မယ်။ ပြီးသွားရင်နောင်မျိုးဆက် အဆက်ဆက်ကို ကျွန်တော်တို့က အာမခံချက်ပေးနိုင်မယ့် စနစ်မျိုးဆိုတဲ့ဟာမျိုးကို ကျွန်တော်တို့ စဉ်းစားဖို့လိုတယ်။

အဲ့ဒီလိုမျိုးစဉ်းစားလိုက်ရင် ကျွန်တော်တို့ Federalism ကောင်းတယ်။ Confederation ပဲကောင်းတယ်ဆိုတဲ့ဟာရဲ့ စဉ်းစားမှုကန့်သတ်မှုဘောင်ကနေ ကျွန်တော်တို့ ပိုကျယ်တဲ့အမြင်နဲ့ စဉ်းစားလို့ရလိမ့်မယ်။ အဲ့ဒီတော့ တချို့ဒေသအတွက် Confederation ကောင်းကောင်း ကောင်းနိုင်တယ်။ တချို့အဒေသအတွက် Federalism ကောင်းနိုင်တယ်။ နောင်အဲ့ဒီလိုမျိုး စဉ်းစားတဲ့အချိန်မှာ သမိုင်းကိုပြန်ကြည့်တဲ့အချိန်ကျလည်း ကျွန်တော်တို့က သမိုင်းဖြစ်စဉ်မှာ ပြန်ကြည့်ရင်းယ်အချိန်ထိ ပြန်ကြည့်မှာလဲဆိုတဲ့ဟာက အမြဲတမ်းပြဿနာဖြစ်တယ်။

အဲဒီတော့ ဘယ်အချိန်ထိပြန်ကြည့်မလဲဆိုတော့ ရွှေရောင်လူသတ်လူမျိုးတိုင်းက ကိုယ့်ရွှေရောင်တောက်ပခဲ့တယ်။ ကိုယ်တကယ် ရာဇဝင်မှာအောင်မြင်ခဲ့တဲ့ အချိန်ကိုပဲ ပြန်တမ်းတတယ်။ ဒါကလည်း သဘာဝကျတယ် ဒါပေမဲ့ ကျိန်းသေတာတော့ ကိုယ်အောင်မြင်တဲ့အချိန်ကို ပြန်တမ်းတတဲ့အချိန်မှာ ကျန်တဲ့ ကိုယ်နဲ့နီးစပ်တဲ့ ထိတွေ့တွန်းတိုက်ဖူးတဲ့လူမျိုး အတွက်တော့ နာကျည်းစရာအချိန်ဖြစ်လိမ့်မယ်။ အဲ့ဒီတော့ ရွေးချယ်တဲ့အချိန်က ကိုယ်ပြန် သမိုင်းကိုပြန်တမ်းတတဲ့အချိန်က ကိုယ့်အတွက်ကောင်းတယ်ဆိုပေမဲယ့် ကျန်တဲ့လူတမျိုးအတွက် ထိခိုက်မှုရှိနေ နိုင်တယ်ဆိုတာလည်း ကျွန်တော်တို့ သတိချပ်ဖို့လိုတယ်။

မေး –    ဟုတ်ကဲ့ပါ နောက်ဆုံးမေးခွန်းကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးခရီး၊ နိုင်ငံရေး ဆွေးနွေးမှုတွေမှာ အမျိုးသမီးတွေအပါအဝင် လူနည်းစုများရဲ့ အခန်းကဏ္ဍတွေကို ဘယ်လို မြှင့်တင်သွားသင့်သလဲ။

ဖြေ –     အခုဆိုရင် ကျနော်တို့ စဉ်းစားကြတဲ့အထဲမှာ အမျိုးသမီးပါဝင်ရေးဟာ ဖက်ဒရယ်ချာတာအရ ၃၀ရာခိုင်နှုန်း ပါဝင်ဖို့ ပြဌာန်းပြီးသား ဖြစ်တယ်။ အရှေ့မှာလည်း Gender ရေးရာ တန်းတူဖို့၊ ဘာတို့ညာတို့ မူဝါဒပိုင်းဆိုင်ရာ စဉ်းစားခဲ့တာတွေ တော်တော်များများ ရှိပါတယ်။ ဒါပေမယ့် တကယ်လုပ်ဖြစ်လားဆိုတဲ့ မေးခွန်းက အမြဲတမ်းရှိတယ်။ ဒီလိုပွဲလုပ်မယ်ဆိုရင်လည်း အမျိုးသမီးပါဝင်ရေးဆိုတာ စဉ်းစားစရာဖြစ်ဖို့ ပေါ့လေ။ ထပ်ပြီးစဉ်းစားစရာက မသန်စွမ်းတွေပေါ့လေ။

ကျနော်တို့က ကျိန်းသေတာကတော့ ပဋိပက္ခကာလ အခုနောက်ဆုံး သူတို့လေ့လာထားတဲ့ လေ့လာမှုတွေအရ ပဋိပက္ခတွေကြောင့်၊ တိုက်ပွဲတွေကြောင့်မလို့ ၁၈နှစ်ကနေ ၂၅နှစ် အတွင်းမှာ မသန်စွမ်းဖြစ်ပွားမှုနှုန်းက သိသိသာသာ များလာတယ်။ လက်ရှိမှာ မြေမြှုပ်မိုင်းတွေကြောင့်မလို့ အရပ်သားတွေ၊ ကလေးသူငယ်တွေ မသန်စွမ်းဖြစ်ပွားမှုနှုန်းဟာ သိသိသာသာ ရှိနေတယ်။

အဲဒီထက်ပိုဆိုးတာကတော့ လက်ရှိအကြပ်အတည်းကာလတွေအတွင်းမှာ လူတိုင်းက အမြဲတမ်း ထရော်မာတွေနေဲ့ နေနေကြရတယ်။ စိတ်ရဲ့ စိုးရိမ်မှုတွေကြောင့်မလို့ ရှိနေတယ်။ အဲဒီထရော်မာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ပိုင်းဆိုင်ရာ မသန်စွမ်းမှုတွေလည်း ရှိနေတယ်။

ကျနော်တို့ အခုစဉ်းစားကြတဲ့အခါမှာ နိုင်ငံရေးအခင်းအကျင်းအကြပ်အတည်း အဖြေကိုရှာဖို့၊ အဖြေကို တွေ့ဖို့အတွက် အရမ်းကြိုးစားကြတယ်။ ပြီးရင် ကိုယ်တွေ့တဲ့အဖြေကို အကောင်းဆုံးလို့ ခံယူပြီးတော့ ကိုယ်တွေ့တဲ့ အဖြေကို သူများလက်မခံဘူးဆိုရင် အမြဲတမ်း ရန်ဖြစ်ကြတယ်။ ဒါက သမိုင်းအရ ကြည့်လိုက်ရင် ကျနော်တို့ မြန်မာနိုင်ငံမှာ အများဆုံး တွေ့ရတယ်။ အဓိကက အဖြေတွေ့ဖို့ဆိုတာထက် ဒီအဖြေဟာ ဘာကိုဖြေရှင်းချင်တာလဲဆိုတာ အရေးကြီးတယ်။ ဥပမာ-အားလုံးပါဝင်ဖို့လို့ ပြောရင် အားလုံး ပါဝင်မှုမရှိဘူးဆိုရင် အဆိုးရွားဆုံးအခြေအနေမျိုးကို ရောက်သွားစေနိုင်တယ်ဆိုတာမျိုးကို သမိုင်းအရ သင်ယူပြီးသား ဖြစ်တယ်။

ကျန်တဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်ဆိုရင် ပြဿနာကို ရှိတယ်။ ကျန်ခဲ့ရတဲ့ အကြောင်း အရင်းကလည်း မတရားမှု၊ မမျှတမှုဆိုတဲ့ ဟာက ရှိကိုရှိတယ်။ လူတွေကြားထဲမှာ တော်လှန်ရေးဆိုတဲ့ ဟာက ရှိကိုရှိရမယ်ဆိုတဲ့ အတွေးအခေါ်က ရှိကိုရှိနေတယ်။ စဉ်းစားရမယ့်ဟာက မတရားမှု၊ မမျှတမှု၊ ချန်လှပ်ထားခြင်းဆိုတဲ့ဟာ မရှိအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ Process ဆိုတဲ့ဟာ ဖြစ်တယ်။

မြန်မာနိုင်ငံမှာ အဓိက ပြဿနာက ပင်လုံစာချုပ် မကောင်းလို့လည်း မဟုတ်ဘူး။ ခေတ်အဆက်ဆက် ကြိုးစား ခဲ့ကြတဲ့ အစိုးရတွေ ဆိုးရွားလွန်းလို့လည်း မဟုတ်ဘူး။ အဲဒီအရာတွေထက် ပိုဆိုးတဲ့အရာက ကျနော်တို့ အချင်းချင်းကြားထဲမှာ နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ဖို့အတွက် အခွင့်အရေး မရလိုက်ဘူး။ ပြီးရင် ပြောင်းလဲတိုးတက်ဖို့ နိုင်ငံလို့ ပြောလိုက်တဲ့အခါမှာ အဲဒီနိုင်ငံဆိုတာက အစိုးရကို ပြောတာ မဟုတ်ဘူး။

နိုင်ငံကို ကိုယ်စားပြုတာက လူတစ်ဦးတစ်ယောက်ချင်းဆိုတဲ့ဟာ ဖြစ်တယ်ဆိုတာကို စဉ်းစားကြဖို့ လိုတယ်။ အဲဒီလူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အကျိုးစီးပွားကို အကောင်းဆုံး ကာကွယ်ပေးဖို့အတွက် ဘယ်လို နည်းစနစ်တွေနဲ့ ထိန်းကျောင်းကြမလဲဆိုတဲ့ဟာကို စဉ်းစားကြဖို့ လိုတယ်။ အဲဒီလိုမျိုး စဉ်းစားနိုင်တယ်ဆိုရင် မရှိမဖြစ်ဆိုတဲ့ဟာက  နားလည်လာမယ်။ အဲဒီလို နားလည်လာတာနဲ့အမျှ ဒီနေ့ Inclusion၊ မနက် Inclusion ရနေဖို့အတွက် ဘယ်လိုအစီအမံတွေနဲ့ ဆောင်ရွက်လို့ရမလဲဆိုတဲ့ အဖြေက အများကြီး ခက်တဲ့ဟာတော့ မဟုတ်ဘူး။ ဒါကို သင်ယူစရာ၊ သင်ခန်းစာတွေလည်း အများကြီးရှိထားပြီးသားဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။

Related Articles

Back to top button