သတင်း

စစ်ကောင်စီရဲ့ လေယာဥ်ဆီ ဖြတ်တောက်ရေး လှုပ်ရှားမှုကို Blood Money Campaign မှ ပြုလုပ်

စစ်ကောင်စီရဲ့ လေယာဥ်ဆီ ဖြတ်တောက်ရေး လှုပ်ရှားမှုကို Blood Money Campaign မှ ပြုလုပ်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ။
အောက်တိုဘာလ ၂၀၊ ၂၀၂၄

မြန်မာတစ်နိုင်ငံလုံးရှိ အရပ်သား ပြည်သူများကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို လျော့ချနိုင်ရန်မတွက် လေယာဥ်ဆီဖြတ်တောက်ရေး လှုပ်ရှားမှုကို Blood Money Campaign မှ အောက်တိုဘာလ ၁၈ ရက်နေ့မှာ စတင်ပြုလုပ်လျက်ရှိပါတယ်။

အဆိုပါ လေယာဥ်ဆီဖြတ်တောက်ရေး လှုပ်ရှားမှုကို မြေပြင်ပြည်သူများမှ တောင်းဆိုမှုများနှင့် Online Petition (အွန်လိုင်း လက်မှတ်ရေးထိုးခြင်း) တောင်းဆိုမှု ဟူ၍ ပြုလုပ်နေပါတယ်။

” ကျနော်တို့ petition ကို ၁ သိန်းလောက်မှန်းထားတဲ့အတွက် လက်ရှိတော့ အောက်တိုဘာ နိုဝင်ဘာ ၂လ မှန်းထားပါတယ် ” လို့ BMC Media Team မှ တာဝန်ရှိသူ တစ်ဦးမှ FJMM ကို ပြောပါတယ်။

BMC မှ ဦးဆောင်ပြုလုပ်ခဲ့တဲ့ Petition Campaign များကြောင့် စစ်ကောင်စီ၏ အဓိက ဝင်ငွေဖြစ်တဲ့ MOGE ကို EU မှ Sanction ချခဲ့ခြင်း၊ US မှ Financial Services ဖြတ်တောက်ခဲ့ခြင်းနှင့် စင်္ကာပူနိုင်ငံမှ လက်နက်တင်ပို့ ရောင်းချခြင်းမျာ့ လျော့ကျစေခဲ့တဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

လေယာဥ်ဆီဖြတ်တောက်ရေး လှုပ်ရှားမှုမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့် အောင်မြင်မှု ရရှိမယ်ဆိုရင် လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်နိုင်မှာ ဖြစ်ပြီး တော်လှန်ရေး အမြန်အောင်မယ့် အရွေ့တခုလည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် ယခု လေယာဥ်ဆီဖြတ်တောက်ရေး Petition လှုပ်ရှားမှုတွင်လည်း ပြည်သူများ ပူးပေါင်းပါဝင်ပေးဖို့တိုက်တွန်းထားပြီး BMC ရဲ့ Facebook စာမျက်နှာရှိ Petition Link တွင် လာရောက် လက်မှတ်ရေး ထိုးပေးဖို့ကိုလည်း တိုက်တွန်းပြောဆိုထားပါတယ်။

#FJMM
#ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

Related Articles

Back to top button