တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 83, October 15, 2024)

၁။ ဟားခါး – ထန်တလန်ကြားက ဆုံးရှုံးနယ်မြေများကို စစ်ကောင်စီက စစ်ကြောင်းပြန်ထိုး၊ တိုက်ပွဲပြင်းထန်နေ
 October 14, 2024
ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်ကြား ချင်းပြည်အစိုးရတပ်ဖွဲ့က သိမ်းပိုက်ထားသည့် စစ်ရေးအရအရေးပါသော တောင်ကုန်းများကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လာပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေ သည်ဟု သိရ သည်။ ဟားခါးမြို့မှ ၅ မိုင်ခန့်အကွာတွင်တည်ရှိသော သီမြစ်လွင်ပြင်မှာအခြေစိုက်တပ်စွဲထားကြသော စစ်ကောင်စီတပ်ဖွဲ့များ ထံ ဟားခါးမြို့မှ စစ်ကား ၇ စီးဖြင့် စစ်ကူစေလွှတ်ပြီးနောက် ချင်းပြည်အစိုးရတပ်ဖွဲ့များ သိမ်း ပိုက်ထိန်းချုပ်ထားသော C3 နေရာတွင် အောက်တိုဘာလ ၁၄ ရက်နေ့မနက်ပိုင်းကစ၍ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည်ဟု ချင်းတော်လှန်ရေး တပ်ဖွဲ့များထံမှသိရသည်။“သီမြစ်၊ သီတာဘက်က စကစတွေက C3 ဘက်ကို ဒီမနက် ၈ နာရီလောက်မှာ သူတို့ တိုက်တာ၊ ထိ ခိုက်မှုကတော့ ကျွန်တော်တို့ အသေးစိတ်တော့မသိနိုင်သေးဘူးပေါ့လေ”ဟု ချင်းတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။ ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီတပ်ဖွဲ့များအခြေစိုက်စခန်းများဖြစ်သည့် အော်တိုတောင်၊ လုံခါရ်တောင်၊ Keivanzuang၊ C3 တို့ကို ချင်းပြည်အစိုးရတပ်ဖွဲ့က ပြီးခဲ့သည့်ဇူလိုင်လအတွင်းမှာ သိမ်းပိုက်ခဲ့ပြီးနောက် ဟားခါး-ထန်တလန် ကြားတွင် တိုက်ပွဲများငြိမ်သက်ခဲ့သည်။

စစ်ကောင်စီဘက်က ဟားခါး-ထန်တလန်ကြားက ၎င်းတို့လက်လွှတ်လိုက်ရသော စစ်ရေးအရ အရေးပါသည့် နေရာများ ကို ပြန်လည်သိမ်းပိုက်ရန် ယခုအခါ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။ ယခုထိုးစစ်ဆင်မှုမစတင်ခင်မှာ အောက်တိုဘာလ ပထမအပါတ်ထဲတွင် စစ်ကောင်စီကရဟပ်ယာဉ်များဖြင့် ဟားခါးမြို့ပေါ်သို့ လက်နက်ခဲယမ်းနှင့် တပ်အင်အား ဖြည့်တင်းခဲ့သည်ဟု သိရသည်။ ယမန်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့က သီမြစ်ဘက်နှင့်ထန်တလန်မြို့ဘက်ကို Y 12 လေယာဉ် ဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ယနေ့တွင်လည်း ထပ်မံ ဗုံးကြဲနေကြောင်း သိရသည်။“ အဓိကတော့ ထန်တလန်က ဟားခါးရဲ့ နောက်ဆုံးခံစစ်လို ဖြစ်နေတာ။ ကျွန်တော်တို့အနေနဲ့ ထန်တလန်သိမ်းသွားရင် တော်တော်လေး risks ဖြစ်သွားမယ် ပေါ့။ ဖလမ်းနဲ့ ထန်တလန်ဆိုတာ ဟားခါးဗျူဟာကနေပဲကိုင်တဲ့ဟာဆိုတော့လေ။ ဟားခါးသိမ်းပြီးသွားရင် ချင်းပြည်က လွတ် မြောက်သွားနိုင်တယ်လေ အဲလိုဆိုတော့ ဟားခါးကိုထိန်းဖို့ဆိုရင် ထန်တလန်ကို သူတို့မဖြစ်မနေ ထိန်းရတာ‌ပေါ့။” ဟု ချင်းတော် လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ပြောသည်။ Read in Full

၂။ပန်ဝါမြို့အနီးတစ်ဝိုက် တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံအယောက် ၅၀၀ လောက် မြို့ပေါ်ကို စစ်ရှောင်လာ
 October 14, 2024
ကချင်အထူးဒေသ(၁)၊ ပန်ဝါမြို့အနီးဝန်းကျင်ဘက်မှာ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်ဖွဲ့ ပူးပေါင်းတပ်တွေနဲ့ KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေဆဲဖြစ်ပြီး ဒေသခံအယောက် ၅၀၀ လောက် မြို့ပေါ်ကို စစ်ရှောင်နေကြရပါတယ်။ တိုက်ပွဲဖြစ် ပွားရာအနီးက ဒေသခံပြည်သူတွေဟာ ပန်ဝါမြို့မှာရှိတဲ့ ဆေးရုံနဲ့ဘုရားကျောင်းတွေမှာ ခိုလှုံနေကြတယ်လို့  ဒေသခံတစ်ဦးက ပြောပါတယ်။  “သေနတ်သံတွေတော့ ကြားနေရတယ်။ စစ်ရှောင်စခန်းမှာတော့ တခြားအခက်အခဲတွေတော့ မရှိဘူး။ စားစရာ တွေကိုတော့ ကချင်အထူးဒေသ(၁)က တာဝန်ယူပြီး ကျွေးထားကြတယ်။” လို့ ဒေသခံက ဆိုပါတယ်။ တရုတ်နိုင်ငံဘက်ကို တိမ်း ရှောင်သူတွေလည်းရှိပြီး တချို့ကတောင်တွေထဲဆက်လက်ပုန်းအောင်းနေဆဲ ဖြစ်တဲ့အပြင် တချို့ကတော့အလံဖြူပြပြီး လုံခြုံတဲ့ ဘက်ကို တိမ်းရှောင်နေကြတယ်လို့ ကြားသိရကြောင်း ဒေသခံတွေက ဆိုပါတယ်။ စစ်သားစုဆောင်းတာတွေလည်း ဆက်တိုက် ဆိုသလိုပြုလုပ်နေကြပြီး တချို့ကဝိုင်းမော်နဲ့မြစ်ကြီးနားဘက်ကို ဆင်းသွားပေမယ့်လည်းလမ်းခုလတ်တွေမှာပိတ်မိနေကြတယ် လို့ ပန်ဝါကိုရောက်ရှိနေတဲ့ ပြည်သူတစ်ဦးရဲ့ ပြောဆိုချက်အရသိရပြီး သီးခြားအတည်ပြုနိုင်တာတော့မရှိသးပါဘူး။ “ပြည်သူ့စစ် ဘက်က စုဆောင်းရေးတွေ ဆက်တိုက်ဆိုသလို ဆွဲနေပါတယ်။ ပြန်လို့လဲမရဘူး။ လမ်းတွေအကုန်ပိတ်ထားတယ်။ တရုတ်တွေ ပြန်လို့ရအောင် နေထိုင်ခွင့်ကဒ်တွေ လုပ်ပေးသလိုနဲ့ စုဆောင်းရေးထဲထည့်တယ်။”လို့ အထက်ပါပြည်သူက ဆိုပါတယ်။

ပန်ဝါမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်တွေက သိမ်းမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာကြောင့် မြို့ပေါ်ဒေသခံတချို့က ပြောင်းရွှေ့နေပေမဲ့ တိုက်ပွဲရဲ့အနီးနားရွာတွေက ဒေသခံတွေကတော့ အနီးဆုံးဖြစ်တဲ့ ပန်ဝါမြို့ ပေါ်ကိုပြောင်းရွှေ့လာနေကြတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ဒေသတွင်း တရုတ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ မြေရှားသတ္တုလုပ်ကွက်ဆိုက်တွေ  တော်တော်များများ ပိတ်ထားကြပြီလို့ကြားသိရပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီ ဘက်က လေယာဉ်တွေနဲ့ နေ့တိုင်းလာရောက်ပစ်ကူတဲ့အပြင် အင်အားတွေလည်း တိုးထားတဲ့အတွက် နေ့စဉ်တိုက်ပွဲပြင်းထန် နေဆဲဖြစ်တယ်လို့ ပန်ဝါမြို့ဒေသခံတွေဆီက ကြားသိရပါတယ်။ ပန်ဝါဒေသဟာ မြေရှားသတ္တုအများဆုံး တူးဖော်လုပ်ကိုင်နေတဲ့ ဒေသတစ်ခုဖြစ်ပြီး ကချင်အထူးဒေသ(၁)ရဲ့ ၁၀၀၂ တပ်ရင်းတည်ရှိရာနေရာတစ်ခုလည်း ဖြစ်သလို ရုံးချုပ်အခြေစိုက်ရာ နေရာ လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့မနက်ကစပြီး ချီဖွေမြို့နဲ့ ဆော့လော်မြို့အတွင်းရှိ စစ်ကောင်စီတပ် စခန်း တွေကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ရာ အောက်တိုဘာလ ၁ ရက်နေ့မှာ ချီဖွေမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အောက် တိုဘာလ ၂ ရက်နေ့မှာတော့ ဆော့လော်မြို့ကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပြီး ပန်ဝါမြို့ဘက်ကို တိုက်ပွဲတွေ ဆင်နွှဲလာ တာကိုလည်း တွေ့ရပါတယ်။ Read in Full

၃။ လားရှိုးမြို့နှင့် သံလွင်မြို့နယ် ဗုံးကြဲခံရ၊ အရပ်သား ၄ ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရ
 October 14, 2024
ရှမ်းမြောက်ဒေသ ကိုးကန့်တပ် အုပ်ချုပ်နေသော လားရှိုးမြို့ကို အာဏာသိမ်းစစ်ကောင်စီက စက်တင်ဘာလ ၁၄ ရက် နံနက် ၁ နာရီခွဲအချိန်တွင် လူနေအိမ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီသည် လားရှိုးမြို့ ရပ်ကွက် (၂) ကို နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပေါင်ချိန်များသော ဗုံး ၄ လုံးထက်မနည်းဖြင့်လည်း လားရှိုးမြို့မဈေး၊ အနီးအနားရှိ ဖူလီလိုက်ဟိုတယ်နှင့် လူနေရပ်ကွက်များကို တိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သား အမျိုး သမီးတစ်ဦးသေဆုံးကာ ၁၆ ဦး ပြင်းထန်ဒဏ်ရာများ ရှိခဲ့ကြောင်းနှင့် လူနေအိမ်များစွာလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်းသိရသည်။ သေဆုံးသူ အမျိုးသမီးမှာ လားရှိုးမြို့ ဗုံးကြဲတိုက်ခိုက်ခံရသည်ကို အလုပ်ရှင်ဖြစ်သည့် ကြက်ဆီ ထမင်းဆိုင်ပိုင်ရှင်ထံသို့ အသိပေးရန် ထိတ်လန့်တကြား ပြေးလွှားချိန် နေအိမ်အတက် လှေကားတွင် ဗုံးထိမှန်၍ သေဆုံးသွားရခြင်းဖြစ်သည်။

ယင်းအပြင် အောက်တိုဘာလ ၁၄ ရက် နံနက် ၁ နာရီခန့်အချိန်တွင် ပေါင်ချိန်များသော ဗုံး ၃ လုံးနှင့် ဗုံးအသေးစား ၄ လုံးကို သိန္နီခရိုင် သံလွင်မြို့နယ် အီနိုင်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုများကြောင့် အီနိုင် ကျေးရွာက အရပ်သား ၃ ဦး နေရာ၌ သေဆုံးသွားခဲ့ရပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။ ဆက် လက်ပြီး အီနိုင်းကျေးရွာက နေအိမ် ၂၀ ကျော်နှင့် ဆေးခန်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ အခြား အများအပြည်သူဆိုင်ရာ အဆောက်အအုံများ အတိုင်းအတာတစ်ခုအထိ ထိခိုက်ပျက်စီးခဲ့ရသည်။ တရုတ်အစိုးရ၏ ဖိအားကြောင့် ကိုးကန့်တပ် MNDAA သည် စစ်ကောင်စီတပ် စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှု ရပ်တန့်ထားချိန် အာဏာသိမ်းစစ်ကောင်စီသည် ကိုးကန့်တပ်အုပ်ချုပ်နေသော လားရှိုးမြို့ အပါအဝင် အခြားသော လူနေကျေးရွာများကို နေ့စဉ်နှင့်အမျှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေသည်။ 

၄။ ကဒဲရွာ အုပ်ချုပ်ရေးအဖွဲ့ ကိစ္စ ရွာခံတွေရဲ့ ဆန္ဒအရကြားဝင်ဆောင်ရွက်ပေးတာလို့ KNDO တုံ့ပြန်
 October 14, 2024
ပုလောမြို့နယ်၊ ကဒဲရွာရဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ပြန်လည်ဖွဲ့စည်းရေး နဲ့ပတ်သက်ပြီး ရွာခံတွေ ရဲ့တောင်းဆိုချက် ကြောင့် ကြားဝင်ဆောင်ရွက်ပေးတာသာဖြစ်ကြောင်း  KNDO ဘက်က တုံ့ပြန်ပြောဆိုပါတယ်။ မြို့နယ်ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ (ပအဖ) ကဖွဲ့စည်းပေးထားတဲ့ ကဒဲရွာအုပ်ချုပ်ရေးအဖွဲ့ နဲ့ ဒေသခံတွေအကြား သဘောထားမတိုက်ဆိုင်တာကြောင့် ကြားဝင် ဆောင်ရွက်ပေးဖို့ KNDO ကို အကူအညီတောင်းခဲ့တယ်လို့ KNDO တာဝန်ရှိသူတွေကပြောပါတယ်။ ပုလောမြို့နယ်(ပအဖ) ဖွဲ့စည်းပေးထားတဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးအတွက်  KNDO ကိုအကူအညီတောင်းခံခဲ့တာဖြစ် တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ဒေသခံတွေအနေနဲ့ စစ်ဘေး ဒဏ်သင့်ခဲ့ရတဲ့ ကဒဲရွာပြန်လည်ထူထောင်ရေးအတွက် ဦးဆောင်မယ့် အုပ်ချုပ်ရေးအဖွဲ့ကို အလိုရှိနေတာဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကတော့ အခြားလုပ်ငန်းတွေကိုသာ ဦးစားပေးနေတာကြောင့် ဒေသခံတွေနဲ့ သဘောထားမတိုက်ဆိုင်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။“ကျမတို့ လိုချင်တာ ကဒဲရွာပြန်လည်ထူထောင်ရေးအတွက်လုပ်တဲ့အုပ်ချုပ်ရေး။ သူတို့လာဖွဲ့ပေးလိုက်တဲ့ အုပ်ချုပ်ရေးက ဒလန်ဥယျာဉ် တွေကိုသိမ်းမယ်ဆိုပြီးလုပ်နေတာ။ အဲဒါတွေပဲတောက်လျှောက် ဖြစ်နေတာ။”လို့ ကဒဲရွာခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ အခုလို အခြေ အနေတွေဖြစ်ပွားနေတာကြောင့် ဒေသခံတွေဟာ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO ရဲ့ အကူအညီနဲ့ အုပ်ချုပ်ရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းဖို့ တောင်းဆိုခဲ့တာကြောင့် ရွာကိုရောက်လာရတာဖြစ်တယ်လို့ တပ်ခွဲ(၂)ရဲ့ ပြောရေး ဆိုခွင့်ရှိ သူ ဗိုလ်ဥာဏ် ကပြောပါတယ်။

ဒေသခံတွေရဲ့တောင်းဆိုချက်ကြောင့် KNU တပ်မဟာ(၄)က တာဝန်ရှိသူတွေရဲ့ခွင့်ပြုချက်အရ KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၂)က ကြားဝင်ဆောင်ရွက် ပေးခဲ့တာလို့ သူကရှင်းပြပါတယ်။“ကဒဲရွာကိုရောက်လာတာ တစ်လကျော်ကျော် နှစ်လ လောက်ရှိပြီ။ ကျနော်တို့ကို ကူညီလာတောင်းလို့ သွားပေးတာပဲရှိတယ်။ ကျနော်တို့ကာကွယ်ရေးတပ်အနေနဲ့ ကာကွယ်ပေးမယ်  အုပ်ချုပ်တာကိုတော့ သူတို့ဟာသူတို့လုပ်ပါစေပေါ့။” လို့ KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၂)ရဲ့ ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ဥာဏ်က ပြောပါတယ်။ ကဒဲရွာခံတွေရဲ့တောင်းဆိုချက်အရ အခုလ ၁၁ ရက်နေ့က ဒေသခံတွေနဲ့ KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၂)က ရဲဘော် တွေ အစည်းအဝေးလုပ်ခဲ့ပြီးနောက် အစည်းအဝေးတက်ရောက်သူတွေထဲက ကဒဲရွာခံ ငါးဦးကို ရပ်မိရပ်ဖအနေနဲ့ ဝိုင်းဝန်းရွေး ချယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရပ်ရွာရဲ့ လူမှုရေးပြဿနာအပါ အဝင် ကိစ္စအရပ်ရပ်ကို အဲဒီငါးဦးက ဦးဆောင်ဖြေရှင်းမှာဖြစ်ပြီး KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၂)ကတော့ ကာကွယ် ရေးတပ်ဖွဲ့အနေနဲ့ရှိနေပေးတယ်လို့ ဒေသခံတွေနဲ့ ဗိုလ်ညဏ်ရဲ့ ပြောပြချက် တွေအရ သိရပါတယ်။ ပုလော(ပအဖ) ရဲ့ ခွင့်ပြုချက်နဲ့ ဖွဲ့လိုက်တဲ့ ကဒဲရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ရွာထဲမှာနေထိုင်သူ တွေ မဟုတ်ဘဲ တခြားရွာမှာပြောင်းရွှေ့နေထိုင်နေကြတဲ့ ကဒဲရွာခံတွေဖြစ်နေတဲ့အချက်ကိုလည်း သဘောမကျတာတွေရှိတယ် လို့ ဒေသခံတွေက ပြောပါတယ်။ ကဒဲရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ထဲမှာပါဝင်သူတွေဟာ ရွာမှာမနေကြပေမယ့် ရွာနဲ့အနီးစပ်ဆုံးမှာ နေပြီးရပ်ရွာအရေးလုပ်ဆောင်နေသလို သီတင်းကျွတ်ပြီးရင်တော့ ရွာမှာလာနေဖို့ညှိနှိုင်းထားပြီးသားဖြစ်တယ်လို့ပုလော(ပအဖ) တာဝန်ရှိသူက ပြောပါတယ်။  Read in Full

၅။ ရခိုင်မှာ တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်ခံရ၍ အရပ်သား ၁၈ ဦးသေဆုံးပြီး ၃၂ ဦးဒဏ်ရာရ
 October 14, 2024
ရခိုင်ပြည်မှာ အောက်တိုဘာ ၇ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ အာဏာသိမ်း စစ်ကောင်စီ လေကြောင်းဗုံး ကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူ ၁၈ ဦးသေဆုံးပြီး ၃၂ ဦးအထိ ဒဏ်ရာရရှိကြောင်း သိရသည်။  အောက်တို ဘာလ ၇ ရက်နေ့ ည ၁၁ နာရီကျော်အချိန်က တောင်ကုတ်မြို့နယ် တန်းလွဲဒေသ ရွာမကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။  ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား အမျိုးသား ၇ ဦး၊ အမျိုး သမီး ၅ ဦး စုစုပေါင်း ၁၃ ဦး အစုလိုက် အပြုံလိုက်သေဆုံးကာ၆ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြသည်။ သေဆုံးသူများထဲတွင် အသက် ၆ နှစ်ကလေးငယ်မောင်စွမ်းဆက် နိုင်လည်း ပါဝင်ခဲ့ပြီး ရွာမကျေးရွာ အမှတ် ၄ ရပ်ကွက်ကဖြစ် ကြောင်းသိရသည်။ ဆက်လက်ပြီး အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုဗုံး ကြဲတိုက်ခိုက်မှုတွင် အသက် မပြည့်သေးသည့် ကလေးငယ်များအပါအဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅ ဦး ဒဏ်ရာ ရရှိခဲ့ သည်။ ဒဏ်ရာရရှိသူများမှာ အသက် ၁၆ နှစ်အရွယ် မောင်စိုးဝင်းမောင်၊ အသက် ၁၈ နှစ်အရွယ် မောင်ထွန်းဝင်း၊ အသက် ၁၉ နှစ် အရွယ် ကိုအောင်အောင်စိုး၊ အသက် ၂၄ နှစ်အရွယ် မကျော့နုနှင့် အသက် ၂၄ နှစ်အရွယ် မအေးဌေး တို့ဖြစ်ကြသည်။ အောက်တို ဘာလ ၈ ရက် နံနက် ၂ နာရီခန့်တွင်လည်း ပေါက်တောမြို့နယ် နတ်တောင်ပြင်ကျေးရွာနှင့် ဘုရားဂူနားကို စစ်ကောင်စီ က ဂျက် ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။  ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆၃ နှစ်အရွယ် ဦးအောင်ကျော်သိန်း မှာ ဗုံးစထိမှန်၍ ဒဏ်ရာရရှိကာ ဘုရားဂူနား ဓမ္မာရုံမှာလည်း ထိခိုက်ပျက်စီးခဲ့ရသည်။

အောက်တိုဘာလ ၉ ရက် ည ၁၁ နာရီခွဲအချိန်တွင် ဂွမြို့နယ် ကုလားပြင်တိုက်နယ် ရီကျော်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ၃ ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားကြောင်းနှင့် ၎င်းတို့မှာ အသက် ၄၉ နှစ်အရွယ် ဦးဇော်မင်းသိန်း၊ အသက် ၅၆ နှစ်အရွယ် ဦးမြင့်တက်နှင့် အသက် ၇၆ နှစ်အရွယ် ဒေါ်သန်းလင်း တို့ဖြစ်သည်။ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ကလည်း ကျောက်တော်မြို့ပေါ်ကို အာဏာသိမ်း စစ်ကောင်စီက အရပ်သားများနေထိုင်သည့် ရပ်ကွက်များသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ ဗုံးများမှာ ကျောက်တော် အထက-၂ စာသင်ကျောင်းနှင့် မီးစက်ကြီးနေရာများသို့ ကျရောက် ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သား ၅ ဦးသေဆုံးကာ ၁၆ ဦး ထက်မနည်းမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။ သေဆုံးသူများထဲက အချို့မှာ အသက် ၁၈ နှစ်အရွယ် အပေါက်ဝကျေးရွာ က မသန္တာအေး၊ အသက် ၄၅ နှစ်အရွယ် ရွာမရပ်ကွက်က ဦးမောင်ထွန်းနိုင်၊ အသက် ၄၃ နှစ်အရွယ် ပြိုင်စံသျှားအမှုန့် ကြိတ်စက် ပိုင်ရှင် ဦးအေးကျော်၊ အသက် ၅၃ နှစ်အရွယ် ပိုက်သည်ရပ်ကွက်က ဦးကျော်သိန်းလှတို့မှာ နေရာ၌ ပွဲချင်းပြီး သေဆုံးသွားရခြင်း ဖြစ်သည်။ သံတွဲမြို့ခံ ကိုတေဇာအောင်က “စားသောက်ရေးနဲ့အတူ လေကြောင်းအန္တရာယ်ကိုအရမ်းစိုးရိမ်နေရပါတယ်။ နေ့တိုင်း လိုလို လေယာဉ်က ဝဲနေတော့ ဒေသခံပြည်သူတွေက စားဖို့သောက်ဖို့ ပူပင်မလား၊ လေကြောင်းအန္တရာယ်ကို ကြောက်ရမလား။ တော်တော်လေးကို စိုးရိမ်နေကြပါတယ်။ စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်တိုင်း အရပ်သားတွေပဲ သေနေတယ်။ အရမ်းစိုးရိမ် ကြောက်နေရတာပေါ့။”ဟု ပြောသည်။ Read in Full

၆။ သီပေါမြို့ကို အပြီးသိတ်ထိန်းချုပ်နိုင်ပြီဟု TNLA ပြော
 October 14, 2024
တအာင်းတပ်မတော်(TNLA) အနေဖြင့် သီပေါမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်း ခလရ(၂၃) ကို ယမန်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းနှင့်မိသားစုဝင် ၁၀၀ ကျော် ဖမ်မိးထားဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြော သည်။ “မနေ့ကတော့ လေကြောင်းကတော့တိုက်ပွဲဖြစ်တဲ့ ခလရ(၂၃)မှာ လေကြောင်းတွေပစ်ခတ်တာရှိတယ်။ ဒီမနက်ထိလည်း လာရောက်ပစ်ခတ်တာမျိုးရှိတယ်။ မနေ့ကကျတော့ ကျမတို့ ခလရ(၂၃)ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးတော့မှ ဒီသီပေါမြို့ တစ်ခုလုံးကိုကျမတို့ ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်”ဟု လွေးယေဦးက ပြောသည်။ တိုက်ပွဲအတွင်းပြန်ခုခံ၍ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသကဲ့သို့ လက်နက်ချသူများလည်းရှိဟု၎င်းကဆိုသည်။ “လက်ရှိကတော့ စစ်သုံ့ပန်းတွေ တပ်မိသား စု ၁၀၀ ကျော် ကျမတို့ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောသည်။ “ကျမတို့လည်း ခက်ခဲနေတဲ့ကြားကပဲ ဖိအားတွေကြားထဲကပဲ ဒီတိုက်ပွဲကို ဆင်နွှဲနေရတာဖြစ်ပါတယ်။လက်ရှိမှာလည်း စိန်ခေါ်မှုတွေ ဖိအားတွေရင်ဆိုင်နေရဆဲ ဖြစ်ပါ တယ်။ အဓိကကတော့ကျမတို့ ရည်မှန်းချက် အတိုင်းဆောင်ရွက်နေတာပဲလို့ ပြောလို့ရတယ်။  အခုကတော့ အချိန်ကောင်း ပဲလို့ ပြောလို့ရတယ်။ အားလုံးက ပူးပေါင်းလာမယ် အားလုံး ပါဝင်ဆင်နွှဲလာပြီဆိုရင်ကျမတို့မျှော်မှန်းထားတဲ့ စစ်အာဏာရှင်စနစ်ချုပ် ငြိမ်းရေးကလျင်လျင်မြန်မြန်နဲ့ ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောသည်။

TNLA အနေဖြင့် စက်တင်ဘာ လကုန်ပိုင်းတွင် သီပေါ ခမရ(၅၀၃)၊ ခမရ(၅၀၄)တပ်ရင်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး အောက်တိုဘာ ၁၃ရက် နေ့လည်ပိုင်းတွင် ခလရ(၂၃)ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ သီပေါမြို့ အပြီး သတ်သိမ်းနိုင်ရေးအတွက် TNLA အနေဖြင့် ၂လကျော်ကြာတိုက်ခိုက်ခဲ့ရခြင်းလည်းဖြစ်သည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိမှု အခြေအနေများအပါအဝင် အသေးစိတ် အချက် အလက်များ TNLA က လတ်တလော မထုတ်ပြန်သေးပေ။ စစ်ကောင်စီအနေဖြင့် ခလရ( ၂၃)အပါအဝင် သီပေါမြို့ မကျရေး လေကြောင်း ပစ်ကူအများအပြားအသုံးပြုခဲ့သည့်အပြင် အရပ်သားများကိုပစ်မှတ်ထားသည့် လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့ရာ ပြည်သူများစွာ သေဆုံးထိခိုက်ရှိခဲ့သည်။ Read in Full

၇။ မောင်တောမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ
 October 14, 2024
မောင်တောမြို့မှ စစ်ကောင်စီ​၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သည့် တစ်ခုတည်းသော နယ်ခြားစောင့် ရဲဌာနချုပ် နခခ(၅)အား အာရက္ခတပ်တော်(AA)က အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း မြေပြင်စစ်ရေးသတင်းမြစ်အချို့က ပြောသည်။ “တိုက်ပွဲက နခခ(၅)အတွက်နောက်ဆုံး အခြေအနေလို့ ပြောလို့ရပါတယ်။ ဒီနေ့ မဟုတ်ရင် နောက်နေ့ သိမ်းနိုင်မှာ ဖြစ်ပါတယ်။ တိုက်ပွဲက တော်တော်ကိုပြင်းထန်နေပါတယ်”ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။ မောင်တောမြို့သိမ်းတိုက်ပွဲကို AA က သြဂုတ် ၄ ရက်ကစတင်ခဲ့ခြင်းဖြစ်ပြီး စခန်းအများအပြားသိမ်းယူထားနိုင်သော်လည်း စစ်‌ကောင်စီက နခခ (၅)မှနေ၍  ခုခံနေ ခြင်းဖြစ်သည်။ ထို့အပြင် နယ်ကြားစောင့်ရဲတပ်ဖွဲ့ဝင်များအား စစ်ကောင်စီက ထွက်မပြေးအောင်း ခြိမ်းခြောက်ထိန်းချုပ်ထား သည်ဟု ရဲတပ်ဖွဲ့မိသားစုဝင်အချို့က ပြောသည်။ ” မိသားစုဝင်တွေရဲ့အိမ်ထောင်စုစာရင်းတွေ၊ မှတ်ပုံတင်တွေကိုပါ သိမ်းထား တာ။ လုံးဝလွတ်လပ်ခွင့်မပေးဘူး။ ကျမဆိုရင် ကျမအမျိုးသားနဲ့ ဖုန်းအဆက်အသွယ်ပြတ်သွားတာ ရက် ၂၀ ကျော်ပြီ” ဟု မောင်တောမြို့ နခခ(၅)တွင် ပိတ်မိနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်သူက ပြောသည်။

မောင်တောမြို့တွင် မြို့အပြင်၌ စစ်ကောင်စီ၏ နခခ (၅) စခန်း တစ်ခုသာကျန်ရှိတော့ပြီး အပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်များဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမည်ဟု AA က စက်တင်ဘာ၂၇ရက်တွင် ထုတ်ပြန် ထားသည်။ ယင်းအချိန်မှစ၍ တိုက်ပွဲများပိုမိုပြင်းထန်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းမြစ်အချို့ကပြောသည်။ ” စစ်တပ်က မနေ့ကနဲ့ ဒီနေ့ လေကြောင်းက နေလာပစ်သလို အင်အားလည်း ထပ်တိုးနေတယ်။ ဒါပေမယ့် လုံးဝ မခံနိူင်တော့အောင် ကစဉ့် ကလျားအခြေအနေလို့ တပ်တွင်း ကနေပြန်သိရပါတယ်”ဟု မောင်တောမြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ က သင်တန်းပေးထားသော မူဆလင် အကြမ်းဖက်အချို့ နှင့် ARSA၊ RSO၊ ARA အစရှိသော မူဆလင်အကြမ်းဖက်လက်နက်ကိုင် များက စစ်ကောင်စီဘက်က တိုက်ခိုက်ပေးနေကြောင်း AA က  အသိပေးထားသည်။ Read in Full

၈။ ပင်လောင်းတွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေပြီး   ၁ လနီးပါးကြာသည်တိုင် စစ်ရေးပြင်ထန်နေ
 October 14, 2024
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် တကျော့ပြန်တိုက်ပွဲများဖြစ်ပွားနေပြီး လက်ရှိအထိ ရက်သတ္တပတ် လေးပတ် (တစ်လနီးပါး)ကြာသည့်တိုင် စစ်ရေးပြင်းထန်နေပြီးအပြစ်မဲ့ ပြည်သူထောင်ချီ၍ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်း ရှောင်နေရကြောင်း ဒေသတွင်းအရပ်ဘက် အဖွဲ့ထံကသိရသည်။ ပင်လောင်းမြို့နယ်တောင်ဘက်ဖြစ်သော ဗန်းမောက်၊ လွယ်ဝန်း၊ နမ့်ဖာမူ၊ နောင်ဝိုး စသည့် ကျေးရွာများတွင် စက်တင်ဘာ ၁၈ ရက်မှ စတင်၍ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) ပူးပေါင်းအဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ယင်း မတိုင်ခင် စက်တင်ဘာ ၁၅ ရက်ကတည်းက စစ်ရေးတင်းမာနေပြီး နှစ်ဖက်အင်အား ဖြည့် တင်းမှုများ ပြုလုပ်ခဲ့သလို တိုက်ပွဲများ ပြင်းထန် လာမှုကြောင့် နှစ်ဖက်အကျအဆုံး များသည်ဟုလည်း ကြားသိရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ တာဝန် ရှိသူ ထံက သိရသည်။“တကျော့ပြန် တိုက်ပွဲမှာတော့ စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုမှုတွေ ပြန်ပြီးမြှင့်တက်လာတယ်။ လက်နက် ကြီး ပစ်ခတ်မှုတွေ မရပ်မနား ပစ်တယ်။ တချို့ရက်တွေဆို အကြိမ်ပေါင်း ၅၀ နဲ့ ၆၀ ကြားထိ ရှိတယ်။ နောက်ဒရုန်း အသုံးပြုမှုက လည်း များတယ်” ဟု  PYO မှ တာဝန်ရှိသူက  ပြောသည်။

အဆိုပါ တကျော့ပြန် တိုက်ပွဲအတွင်း စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီး၊ ဒရုန်းတို့ကြောင့် အရပ်သားထိခိုက် ဒဏ်ရာရမှုများ ရှိခဲ့သော်လည်း မြေပြင်တွင် ယခုရက်ပိုင်း အင်တာနက်၊ ဖုန်းလိုင်းများ ဖြတ်တောက်ထားသောကြောင့် အရေ အတွက် အတိအကျကိုမူ စုံစမ်းရ ခက်ခဲနေကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် အဆောက်အဦများ မီးလောင်ပျက်စီးကာ မြေပြင်တိုက်ပွဲများလည်း နေ့စဉ်ဆက်တိုက်ပြင်းထန်စွာ ဖြစ်ပွားနေ၍ ဒေသခံပြည်သူ ၄၀၀၀ ဝန်းကျင်ခန့် တိမ်းရှောင်နေရကြောင်း PYO ထံကသိရသည်။ လက်ရှိတွင် တိမ်းရှောင်နေရသော ဒေသခံ ပြည်သူများသည် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အသုံးအဆောင် ပစ္စည်းများ အရေးပေါ် လိုအပ်နေသလို ၎င်းတို့အတွက် ကူညီပေးရေး ဆောင်ရွက်ရာတွင်လည်း အခက်အခဲနှင့် တားဆီးပိတ်ပင်မှုများ ရှိနေကြောင်း PYO နှင့် ဒေသတွင်း သတင်းများအရ သိရသည်။ Read in Full

၉။ လာမဲ့နှစ် စားနှပ်ရိက္ခာဖူလုံရေးအတွက် ပြည်နယ်တွင်း ထွက်ကုန်တွေ ရောင်းဝယ်မှုကို ကန့်သတ်မည်
 October 14, 2024
ရာဂီမုန်တိုင်းအရှိန်ကြောင့် ကရင်နီနဲ့ ရှမ်း-ကရင်နီနယ်စပ်ဒေသမှာ စိုက်ပျိုးဧက သောင်းနဲ့ချီ ပျက်စီးသွားလို့ လာမဲ့နှစ် ၂၀၂၅ ခုနှစ်မှာ စာနပ်ရိက္ခာဖူလုံမှုရှိရေးအတွက် ပြည်တွင်းထွက်ကုန်ကို ပြည်နယ်ပြင်ပ နဲ့ ကရင်နီပြည်တွင်းက ဒေသတချို့တွေ မှာ ကူးသန်းရောင်းဝယ်မှုတွေ တားမြစ်လုပ်ဆောင်သွားမယ်လို့ IEC က ပြောပါတယ်။ ယခင်ကတည်းက ပြည်တွင်း ရိက္ခာဖူလုံ‌ ရေးအတွက် ကရင်နီပြည်၊ ဒီးမော့ဆို ဖက်ကနေ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ဆန် ၂ အိတ်နှုန်းသာ တင်ခွင့်ပေးခဲ့တာပါ။ လက်ရှိအခြေနေအရ ရေဘေးကြောင့် စပါးစိုက်ခင်း အပျက်အစီးများလို့ ဆန်၊ စပါး ကူးသန်းရောင်းဝယ်ရေးကို ထပ်မံတိုးမြှင့် ကန့်သတ်သွားမယ်လို့ ပြောပါတယ်။“ဒါကအောက်ကလူတွေကို ကိုယ်ချင်းမစာလို့မဟုတ်ဘူး။ အောက်ဖက်ကဆိုလို့ရှိရင် တခြားသောနယ်စပ်ကနေ ဆန်ဝင်လာဖို့ရှိတယ်ပေါ့နော။ ဒါလုပ်လို့ရတယ်။ အကယ်၍ ဒီးမော့ဆို လွိုင်ကော်တစ်ဝိုက် ကဆန်၊ စပါးတွေကို အခြားသောပြည်နယ်ပြင်ပ၊ နေရာတွေကိုတွန်းပို့ပြီးတော့မှ ကုန်ကူးသန်းရောင်းဝယ်မှု သွားလုပ်လိုက်ရင် အဲ့ဒေသ တွေ အရမ်းကို ဒုက္ခရောက်သွားမယ်ပေါ့နော” လို့ IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ကရင်နီမှာ စစ်ရေးအရှိန်မြင့်တက်နေဆဲဖြစ်သလို လွိုင်ကော်မြို့သိမ်းတိုက်ပွဲကြောင့် ဒေသတွင်း လမ်းခရီး ပိတ်ဆို့မှုတွေလည်း ပိုမိုဖြစ်လာခဲ့ပါတယ်။ ကုန်စည်စီးဆင်းမှုလည်း ခက်ခဲလာပြီး ပြည်နယ်ပြည်ပကနေ ဆန်၊ ‌ဆေးဝါး တင်သွင်းမှုကို စစ်ကောင်စီက ကန့်သတ်ထားတာ ၃ နှစ်ကျော် ရှိနေပြီဖြစ်ပါတယ်။ တဖက်မှာလည်း ကုန်စျေးနှုန်း မြှင့်တက်လာသလို ကုန်စည်စီးဆင်းမှုက အချိန်ကြန့်ကြာမှုပိုဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။  စားနပ်ရိက္ခာဖူလုံ ရေးအတွက် ဒေသထွက် ဆန်ရောင်းဝယ်တာတွေကိုလည်း ၂၀၂၃ ခုနှစ်ကစပြီး  IEC က စျေးနှုန်းသတ်မှတ်ပေးထားခဲ့ပါတယ်။ ယခုနှစ် မိုးစပါးစိုက်ပျိုးထားတဲ့ စပါးခင်းအများစုဟာ ရေကြီးရေလျှံမှုကြောင့် အပျက်စီးများသလို ရေနစ်မြှုပ်သွားတာကြောင့် ရိမ်သိမ်းလို့မရတော့တဲ့အတွက် လာမယ့်နှစ် စားနပ် ရိက္ခာမရရှိမှာကို စိုးရိမ်နေရတယ်လို့ လယ်စပါး ၅ ဧက စိုက်ပျိုးထားတဲ့ နန်းမယ်ခုံမြို့က မော်ဌေးမြာက ပြောပါတယ်။ “နောက်နှစ်အတွက် စားစရာမရှိမှာကိုတော့ စိတ်အပူဆုံးပဲပေါ့နော။အခုဆို လယ် တွေကလည်းမြှုပ်ထားတာများခါကျတော့ စပါးလည်းစျေး တအားတက်တော့ မဝယ်စားနိုင်မှာကို အကြောက်ရဆုံးပေါ့နော”လို့ မော်ဌေးမြာက ‌ ပြောပါတယ်။ Read in Full

၁၀။ တီးတိန် တိုက်ပွဲတွင်း မီးလောင်ပျက်စီးသွားတဲ့ အိမ်တွေ ပြန်လည်ဆောက်ဖို့ အခက်ခဲဖြစ်နေ
 October 14, 2024
ချင်းပြည်နယ်၊ တီးတိန်မြို့တွင်း တိုက်ပွဲကြောင့် မီးလောင်ပြာကျသွားတဲ့ အိမ်တွေ ပြန်ဆောက်ဖို့ အခက်ခဲဖြစ်နေတယ် လို့ စုံစမ်းသိရှိရပါတယ်။ တီးတိန်မြို့မှာ ယခုနှစ် မေလ နောက်ဆုံးအပတ်နဲ့ ဇွန်လ ပထမအပတ်မှာ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(ဇိုလဲန်း)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ကျည် ပစ်ခတ်မှုနဲ့ မီးရှို့မှုတို့ကြောင့် တီးတိန်မြို့ရှိ အရပ်သားနေအိမ် ၇၀ ကျော် မီးလောင်ပြာကျသွားပါတယ်။ အဲ့ဒီ မီးလောင်ပြာ ကျသွားတဲ့ အိမ်တွေ ပြန်လည်ဆောက်ဖို့အတွက် အိမ်ရှင်တွေဟာ အခက်ခဲဖြစ်နေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါ တယ်။ “အိမ်တွေပြန်ဆောက်ဖို့အတွက် ကျွန်တော်တို့မှာပိုက်ဆံမရှိဘူး။ ပြီးတော့ မိသားစု စားဝတ်နေရေးအတွက်လည်း အခက် ခဲ ဖြစ်နေတယ်။ အဖွဲ့စည်းတွေကနေ ထောက်ပံ့ပေးတာလည်းမရှိဘူး။”လို့ နေအိမ်ဆုံးရှုံးလိုက်ရသူတစ်ဦးက ဆိုပါတယ်။ နေအိမ် မီးလောင်ပြာကျသွားတဲ့ မြေကွက်တွေမှာ သွပ်ပြာကာထားတာကလွဲပြီး ဒီနေ့ထိ အသစ်ပြန်လည်ဆောက်နိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် နေအိမ်မီးလောင်ပြာကျသွားတဲ့ အိမ်ရှင်တွေဟာ အခုခါ အိမ်ငှားနေထိုင်ရပြီး တချို့ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်မှာ ပြောင်းရွှေ့နေထိုင်ကြတယ်လို့ သိရပါတယ်။ “အိမ်တွေကပြန်မဆောက်နိုင်တော့ အိမ်ငှားပြီးနေရတယ်။ စားဝတ်နေ ရေးအတွက် ရှိတဲ့အလုပ်ကိုမရွေးဘဲ လုပ်နေရတယ်။ တချို့က နိုင်ငံခြားကနေ အမျိုးတွေ ပေးပို့တဲ့ ပိုက်ဆံနဲ့ စားသောက်ရတယ်။ “လို့ ဒေသခံတစ်ဦးကဆိုပါတယ်။ တီးတိန်မှာ အခုခါတိုက်ပွဲတွေမရှိတော့ဘဲ စစ်ကောင် စီက ပြန်လည်ထိန်းချုပ်လိုက်ပြီး အုပ်ချုပ် ရေးယန္တယားတွေ ပြန်လည်လှည်ပတ်ကာ ပုံမှန်အခြေနေရောက်ရှိနေပြီလို့ သိရပါတယ်။ Read in Full

၁၁။ ဖုန်ငိုင်ယန်စစ်ရှောင်စခန်းတွင် ဆောင်းရာသီရောက်ရှိလာသဖြင့် အနွေးထည်နှင့် စောင်များလိုအပ်နေ
 October 14, 2024
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းဝင်ရောက်တပ်စွဲနေသောကြောင့် ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာမှ ဒေသခံပြည်သူများ တိမ်းရှောင်နေသည့်စစ်ရှောင်စခန်းတွင် ယခုရက်ပိုင်း အအေးမိဖျားနာသူများသဖြင့် အကူအညီများလိုအပ် နေကြောင်း သိရသည်။ တောထဲရှိစစ်ရှောင်စခန်းတွင် တိမ်းရှောင်နေရသည်မှာ ငါးလခန့်ကြာမြင့်လာပြီဖြစ်ပြီး ဆောင်ရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ဆေးဝါး၊ အနွေးထည်နှင့် ခြုံစောင်များလိုအပ်နေခြင်းဖြစ်သည်ဟု လက်ရှိစစ်ရှောင်စခန်းတွင် နေထိုင်နေသည့် ဆွမ်ပီယန်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ “ဆောင်းဝင်လာပြီ စစ်ရှောင်နေတာဆိုတော့ တောထဲမှာ ဆိုတော့ အရမ်းအေးလာတယ်။ အေးတဲ့အရှိန်မြင့်လာပြီး မိုးကာတဲနဲ့ပဲနေရ‌တော့ အအေးမိဖျားနာတာတွေအရမ်းဖြစ်လာတယ်။ ၃၀ ရာခိုင်နှုန်းလောက်ရှိတယ်။ အနွေးထည်မပါတာ၊ တချို့ကခြုံစောင်မပါလာကြတော့ ဒီရက်ပိုင်းအခက်ကြုံနေတယ်။ လော လောလတ်လတ်က အနွေးထည်နဲ့ စောင်တွေလိုနေတာ” ဟုပြောသည်။ လက်ရှိဖုန်ငိုင်ယန်စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၂၀၀ ကျော်၊ လူဦးရေ ၉၀၀ ကျော်ရှိပြီး ကျောင်းသား ၁၈၀ ခန့်ရှိကာ ရာသီအကူးအပြောင်းကြောင့် စစ်ရှောင်စခန်းရှိ လူဦးရေ ၃၀ ရာခိုင်နှုန်းခန့်မှာ အအေးမိ၊ ချောင်းဆိုးခြင်းနှင့် အဖျားတက်ခြင်းများဖြစ်နေသဖြင့် ဆေးဝါးအကူအညီများလည်း လိုအပ်နေဆဲဖြစ် ကြောင်း သိရသည်။

ပြီးခဲ့သည့် မိုးတွင်းကာလကလည်း စစ်ရှောင်စခန်းရှိ လူဦးရေထက်ဝက်ခန့် ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျားနှင့် တုတ်ကွေး ရောဂါဝေဒနာများ ခံစားခဲ့ကြရပြီး လက်ရှိအချိန်တွင်လည်း ဖျားနာနေသူများရှိသောကြောင့် ဆေးဝါးများလည်းထောက်ပံ့ ကူညီ ပေးစေလိုကြောင်း သိရသည်။ ဖုန်ငိုင်ယန်စစ်ရှောင်စခန်းမှာ မြစ်ကြီးနား – ပူတာအိုလမ်းပေါ်ရှိရွာများနှင့် မိုင် ၂၀ ခန့်ဝေးသော တောထဲတွင်တည်ရှိပြီး ၀၉ ၂၅၄၅၆၆၁၂၈၊ ၀၉၂၆၆၉၈၅၇၇၂ သို့ ဆက်သွယ်မေးမြန်း လှူဒါန်းနိုင်ကြောင်း သိရသည်။ ဆွမ်ပရာဘွမ်မြို့ သိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေလ ၁၁ ရက်နေ့မှစတင်ကာ ဆွမ်ပီယန်ကျေးရွာ တွင် ဝင်ရောက်တပ်စွဲနေထိုင်ခဲ့သဖြင့် အဆိုပါကျေးရွာအပြင် အနီးရှိအင်စီးယန်ကျေးရွာနှင့် ဝဒတ်ကျေးရွာမှ ဒေသခံပြည်သူများ လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာအတွင်း ဆက်လက်တပ်စွဲထားဆဲဖြစ်သောကြောင့် ရွာသို့ပြန်ကြည့်နိုင်ခြင်း မရှိသေးကြောင်း သူကဆက်ပြောသည်။ Read in Full

၁၂။ ထူးချောင်းပင်မစခန်းကို ထပ်မံ ဝင်ရောက်တိုက်ခိုက်၊ ဆန်နဲ့ ပစ္စည်းတချို့သိမ်းဆည်းရမိ
October 15, 2024
ကရင်နီပြည်၊ ဘောလခဲနဲ့ ဖားဆောင်းမြို့နယ် အကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ ထူးချောင်းတပ်စခန်းကုန်းကို တော်လှန် ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် ပင်မစခန်းကို ထပ်မံဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းအတွင်း ကျန်ရှိနေတဲ့ ဆန်ရိက္ခာတွေကို သေဆုံးသွားတဲ့ တပ်သားတွေရဲ့ အလောင်းတွေပေါ်ကို ဖြန့်ကြဲထားပြီး ဖျက်ဆီးထားတာ တွေ့ရှိရတယ်လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေး ချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။“ထူးချောင်းတပ်စခန်းကုန်းသိမ်းပြီး ပင်မစခန်း တစ်ခါထပ်သွားရှင်းတယ်။ ဆန် ၂ အိတ်နဲ့ ပစ္စည်း အသေးစားတွေရတယ်။ အလောင်းနဲ့ ဆန်အချို့ မြုပ်တယ်ထင်တယ်။ လောက်တွေတောင်ထွက် အနံ့လဲပြင်း။ သူတို့ဆုတ်ထွက်ပြေးတော့ ကျန်တဲ့ ဆန်တချို့ကို သူတို့အလာင်းထဲ ပစ်ထည့်တာဖြစ်မယ်လေ” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါ တယ်။ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေက ကျန်ရစ်တဲ့ အလောင်းကို ဆန်နဲ့ မြုပ်နှံခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ သိမ်းပိုက်ရရှိထားတဲ့ ထူးချောင်းတပ်စခန်းအတွင်းမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ လက်နက်ခဲယမ်း သိမ်းဆည်းရမိထားပါတယ်။

ဖားဆောင်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ (၁၃၄) နဲ့ (၁၃၅) အခြေစိုက်တပ်နှစ်ခုကိုလည်း တော်လှန်ရေးတပ်ဖွဲ့ တွေ တိုက်ခိုက်နေတာ ၈လဝန်းကျင် ကြာမြှင့်နေပြီဖြစ်ပြီး ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြော ပါတယ်။“ရန်သူကတော့ ဖားဆောင်းမှာရှိဦးမှာပေါ့။ တိုက်လည်းတိုက်နေတယ်။ အခြေအနေပေါ်မူတည်ပြီး အလုပ်လုပ်သွား မယ်”လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုပါတယ်။ ဘောလခဲခရိုင်အတွင်းမှာ အရေးပါတဲ့ စစ်ကောင်စီစခန်းကုန်းတွေဖြစ်တဲ့ မယ်စလောင်းတောင်စခန်း၊ ရေကျော်စခန်း၊ ထူးချောင်းစခန်း နဲ့ ပင်မစခန်းကို ၂၀၂၄ ခုနှစ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားပါတယ်။ Read in Full

၁၃။ အာဆီယံတစ်ခုတည်းနဲ့ မြန်မာ့အရေး မဖြေရှင်းနိုင်ကြောင်း KNU ပြော
October 15, 2024
အာဏာသိမ်းကာလ အချိန်ကြာလာပေမဲ့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို ထိထိရောက် ရောက် အကောင်အထည်ဖော်နိုင်တာ မရှိတာကြောင့် မြန်မာ့အရေးကို အာဆီယံသာမကဘဲ နိုင်ငံတကာကလည်း ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်သင့်တယ်လို့ ကရင်အမျိုးသား အစည်းအရိုး (KNU) က အောက်တိုဘာ ၁၅ ရက် ဒီနေ့မှာ ပြောပါတယ်။ လာအို နိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးညီလာခံအပြီး အာဆီယံဥက္ကဋ္ဌရဲ့ အောက်တိုဘာ ၁၃ ရက်နေ့ ထုတ်ပြန် ချက်နဲ့ပတ်သက်လို့ KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အခုလို တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။“အာဆီယံ တစ်ခုတည်းနဲ့ ပုံပြီးတော့ ပစ်ထားလို့လည်း ဘာမှဖြစ်လာမှာမဟုတ်ဘူး။ အဲဒီမှာ ပိုပြီးတော့ လုပ်ရမှာကတော့ ဒီအပြောင်းအလဲ ကို တကယ်လိုချင်တဲ့ အာဆီယံထဲက အဖွဲ့ဝင်တွေရော နိုင်ငံတကာ အသိုင်းအဝိုင်းဖြစ်တဲ့ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးကို တောက်လျှောက်ပြောနေတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေကလည်း ထဲထဲဝင်ဝင် ပါဝင်ဖို့သင့်တယ်” မြန်မာ့ အရေးကိုမဖြေရှင်းနိုင်ဘဲ ဒီအတိုင်းဆက်သွားရင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ဒေသတွင်းပြဿနာကနေ ကမ္ဘာ့ပြဿနာအထိ ဖြစ်သွား နိုင်တယ်လို့ သူက ဆိုပါတယ်။

အာဆီယံထိပ်သီးညီလာခံအပြီး အာဆီယံရဲ့ အောက်တိုဘာ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ တိုက်ပွဲ တွေ ချက်ချင်းရပ်ပြီး အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထည့်သွင်းတောင်းဆိုထားတာပါ။ မြန်မာ ပြည်တွင်းတော်လှန်ရေး အင်အားစုတွေနဲ့ လေ့လာသုံးသပ်သူတွေကတော့ အာဆီယံရဲ့ တောင်းဆိုမှုဟာ လက်တွေ့ဖြစ်နိုင်ခြေ နည်းတယ်လို့ ပြောဆိုနေ ကြပါတယ်။ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ အောက်တိုဘာ ၁၁ ရက်နေ့ကကျင်းပတဲ့ အရှေ့အာရှထိပ်သီးညီလာခံမှာ စင်ကာပူဝန် ကြီးချုပ် Lawrence Wong ကလည်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ အာဆီယံမိတ်ဖက်နိုင်ငံတွေအနေနဲ့ ကူညီ ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။ အလားတူ မလေးရှားဝန်ကြီး ချုပ် ဒါတွတ်ဆာရီ အန်နဝါ အီဘရာဟင်ကလည်း မြန်မာပြည်မှာ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် အာဆီယံရဲ့ ဦးဆောင်ကြိုးပမ်းမှုနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ အရေးယူ ဆောင်ရွက်မှုတွေလုပ်ဖို့ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ အောက်တိုဘာ ၁၁ ရက်နေ့က ကျင်းပတဲ့ ၁၉ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး EAS မှာ ပြောကြားထားပါတယ်။ Read in Full

၁၄။ စစ်အာဏာရှင်စနစ်တော်လှန်ရေးမှာ အကွဲအပြဲဖြစ်လာတဲ့ အပစ်ရပ်ထိုး EAO သုံးဖွဲ့
 October 15, 2024
စစ်အာဏာရှင်စနစ်တော်လှန်ရေးနဲ့ နိုင်ငံရေးဆွေးနွေးမှုလမ်းစဉ်နှစ်ရပ်ကြား အပစ်ရပ်ထိုး တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း EAO သုံးဖွဲ့တို့ဟာ အဖွဲ့အတွင်း ရပ်တည်ချက်၊ ခံယူချက်မတူညီမှုတွေနဲ့ အကွဲအပြဲတွေ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံ့ အာဏာကို စစ်တပ်ကအဓမ္မသိမ်းယူပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ်တော်လှန်ရေးဟာ အပစ်ရပ်ထိုး EAO တချို့ကို တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ထက်လက်နက်ကိုင်လမ်းစဉ်ပေါ် ဆက်လက်လျှောက်လှမ်းဖို့တွန်းပို့ခဲ့တာပါ။ အဲဒီအတွက် ကြောင့် ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP ၊ မွန်ပြည်သစ်ပါတီ NMSP နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့ရဲ့ အုပ်စုတွေအတွင်း အသွင်မတူတဲ့ ရပ်တည် ချက်တွေ ဖြစ်လာပါတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို လျှောက်လှမ်းလိုတဲ့အဖွဲ့နဲ့ ရခိုင့်ကံကြမ္မာ ရခိုင်တို့ ဖန်တီးနိုင်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို လက်ကိုင်ထားတဲ့ အဖွဲ့ဆိုပြီး နှစ်ခြမ်းကွဲနေတာပါ။ သက်တမ်းရင့်တဲ့ မွန်ပြည်သစ်ပါတီမှာလည်း စစ်ကောင်စီနဲ့ ဆက်ဆံပြီး နှစ်ဘက်အပစ်ခတ်ရပ်စဲရေး စာချုပ်အတိုင်း ဆက်လက်ရပ်တည်တဲ့အဖွဲ့နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဆိုတဲ့အဖွဲ့တို့ ပေါ်ပေါက်လာပါတယ်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကို သူပိုင်ကိုယ်ပိုင်တယ်ဆိုတဲ့ ရပ်တည်ချက်နဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာဦးဆောင်တဲ့ အဖွဲ့နဲ့ ဗိုလ်ချုပ်ခွန်သူရိန်ဦးဆောင်တဲ့ အဖွဲ့တို့ ပေါ်ပေါက်လာပါတယ်။

မဟာမိတ် ၇ ဖွဲ့ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က အခက်အခဲအနည်းနဲ့အများ ရှိပေမယ့်လည်း လက်ရှိနိုင်ငံ ရေး အကြပ်အတည်းမှာ လွန်ဆန်လို့မရတဲ့ အခက်အခဲတွေဖြစ်တာမို့ ထိန်းထိန်းညှိညှိနဲ့ ဆက်သွားနေတယ်လို့ ပြောပါတယ်။“လောလောဆယ်ကတော့ အဲဒီနှစ်ဖွဲ့ သုံးဖွဲ့ က အဲဒီလိုမျိုး (ရပ်တည်ချက်မတူတဲ့ ဘက်နှစ်ဘက်) အ ခြေအနေရှိတယ်ဆိုပေမယ့် ကျွန်တော်တို့ နဂိုက စတင်စုဖွဲ့စဉ်ကတည်းက ဒီအဖွဲ့အစည်းတစ်ခုဆီမှာ သူတို့ရဲ့ လွတ်လပ်စွာ ဆုံး ဖြတ်ပိုင်ခွင့်နဲ့ ကျွန်တော်တို့ summit မှာ ပူးပေါင်းဆောင်ရွက်တဲ့ အခြေခံအပေါ်မှာပဲ ကျွန်တော်တို့က ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်မှုရှိတယ်။ အခက် အခဲရှိသ လားဆိုတော့ ရှိပါတယ်။ အနည်းနဲ့အများ ရှိပါတယ်။ သို့သော်လည်းပဲ ဒီလိုမျိုး အခက်အခဲတွေကလည်း လက်ရှိ ကျွန်တော်တို့ နိုင်ငံရေးအကျပ်အတည်း ကာလမှာတော့ ဘယ်လိုမှလွန်ဆန်လို့မရတဲ့ အခက်အခဲတွေဖြစ်တာမို့လို့ ဒီအခြေခံ အပေါ်မှာ ကျွန်တော်တို့က ထိန်းထိန်းညှိညှိနဲ့ ဆက်လက်ပြီး လက်တွဲဆောင်ရွက်နိုင်တာ ဒီကနေ့အထိ ဆက်သွားနေပါတယ် ဆိုတာ ပြောချင်ပါတယ်ခင်ဗျာ” လို့ ဆိုပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ NCA ထိုးထားတဲ့ အဖွဲ့တွေ ဟာ လက်နက်ကိုင်လှုပ်ရှားမှု တက်တက်ကြွကြွလုပ်တာ မရှိသလို စစ်ကောင်စီကိုမှီခိုနေတဲ့အတွက် စစ်ကောင်စီပြိုလဲရင် သူတို့ လည်း ပြိုလဲသွားမယ်လို့ သုံးသပ်ပါတယ်။ Read in Full

၁၅။ ပလက်ဝမြို့နယ်မှာ ဒေသခံပြည်သူတွေ ခရီးသွားလာခွင့်ကို အာရက္ခတပ်တော် (AA) ကပိတ်ပင်ထားတယ်လို့ သိရ
October 15, 2024
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA)က ကုန်းလမ်း၊ ရေလမ်းသွားလာခွင့်ကို အောက်တိုဘာလ ၉ ရက်နေ့ကစလို့ ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ ဘာကြောင့်အခုလို ပိတ် တယ်ဆိုတာ ပြောဖို့ခက်နေသေးတယ် တစ်ရွာနဲ့တစ်ရွာ သွားလာဖို့တောင် ခက်ခဲတယ် AA ဂိတ်ရှိတဲ့နေရာဆိုရင် သွားလို့ရရင် တောင် တော်တော်စစ်ဆေးတယ်လို့ကြားတယ်။ ပလက်ဝကသူတို့ထိန်းချုပ်နယ်မြေဖြစ်တော့ ကြိုက်သလိုလုပ်တာဖြစ်နိုင်တယ် အကြောင်းမရှိရင်လည်း အကြောင်းရှာပြီး အပြစ်မဲ့ပြည်သူတွေကို တော်လှန်ရေးခေါင်းစဉ်တက်ပြီး အာဏာပြတာလည်း ဖြစ်နိုင် မယ်လို့ ယူဆတယ်” လို့ပြောပါတယ်။

ပလက်ဝမြို့နယ်အတွင်း ဒေသခံတွေ သွားလာခွင့်ကို အာရက္ခတပ်တော် (AA) ဟာ စစ်ဆေးတင်းကြပ်ထားရာကနေ အခုတော့လုံးဝပိတ်ထားတဲ့ အခြေနေဖြစ်သွားပြီဖြစ်လို့ဒေသခံတွေအတွက် ကျန်းမာရေး၊ လူမှုရေးကိစ္စဖြစ်ဖြစ် အရေး ပေါ်အခြေ အနေမှာ အရမ်းဒုက္ခရောက်ရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပလက်ဝမြို့ နယ်က ဆရာဝန် တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၃၀ ဝန်းကျင်ကိုလည်း အာရက္ခတပ်တော် (AA) က ဖမ်းဆီးထားပါတယ်။ ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို ရက္ခိုင့်တပ်တော် (AA )က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ က အပြီးတိုက်ခိုက်သိမ်းပိုက်ကာ ပလက်၀မြို့နယ်ကိုထိန်းချုပ်ထားပါတယ်။ပလက်ဝမြို့ကဒေသခံ အများစုဟာ လက်ရှိအချိန် အထိ မြို့ကိုပြန်မလာသေးပဲ စစ်ဘေးရှောင်နေကြကြောင်းသိရပါတယ်။ Read in Full

၁၆။ ရခိုင်၊ ချင်း၊ မွန်ဒေသမှ လူငယ် ၂၀၀ နီးပါးကို မြိတ်တွင် စစ်ကောင်စီ ဖမ်းဆီးထား၊ စစ်သားစုဆောင်ရေးတပ်သို့ပို့ဆောင်
 October 15, 2024
ရခိုင်ဒေသမှ ရခိုင်လူမျိုး အပါအဝင် ချင်း၊ မွန်၊ အမျိုးသား၊ အမျိုးသမီး ၂၀၀ နီးပါး  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်တွင် ဖမ်းဆီးခံထားရပြီး လူငယ်တစ်ချို့ကို စစ်သားစုဆောင်းရေး တပ်နယ်မြေများသို့ ပို့ဆောင်ထားကြောင်း ပြန်လွတ်လာသူများက ပြောသည်။ အဆိုပါ လူငယ် အမျိုးသား၊ အမျိုးသမီးများသည် နေရာအသီးသီးမှ ပြည်ပသို့ သွားရောက်ခြင်းဖြစ်ပြီး ကားငါးစီးဖြင့် ထွက်လာကြခြင်းဖြစ်ကာ မြိတ်မြို့၊ ကျွဲကူးတံတားအလွန်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း လွတ် လာသူတစ်ဦးက ပြောသည်။ အသက် ၂၈ နှစ်ရွယ် ပြန်လည်လွတ်လာသူအမျိုးသမီးတစ်ဦးက ” ကား ငါးစီးနဲ့ ထွက်လာကြတာပါ။ အဲ့ဒီမှာ မြိတ်မြို့ ကျွဲကူးတံတားအလွန်မှာ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ ညီမတို့ ရခိုင်လူမျိုး ၆၀ လောက်ပါမယ်။ ချင်း၊ မွန် ဒေသက လူတွေ အများအပြားပါတယ်။ အားလုံးစုစုပေါင်း ၁၈၀ ကျော်လောက်ပါတယ်” ဟုပြောသည်။  အောက်တိုဘာ ၆ ရက် နေ့ ည ၇ နာရီ ဝန်းကျင်လောက်တွင် စစ်ကောင်စီစစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက စုပေါင်း ဖမ်ဆီးခဲ့ခြင်းဖြစ်ပြီး ၁၈ နှစ်ထက် လူငယ်အများအပြားကို စစ်ကောင်စီတပ်စခန်းသို့ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးချိန်တွင် စစ်ကောင်စီတပ်က သေနတ်အချက်ပေါင်း မြောက်မြားစွာဖြင့်ဖောက်ဖမ်းဆီးခဲ့ပြီး လူငယ်အများအပြား ကားပေါ်က ဆင်းစေခိုင်းကာ ကားလမ်းမပေါ်တွင် ဝမ်းလျား မှောက်က်ခိုင်းထားကြောင်း လွတ်မြောက်လာသူများက ပြောဆို သည်။ ယင်းနောက်တွင် ကားငါးစီးတွင် လိုက်ပါလာသည့် လူငယ်အမျိုးသား၊ အမျိုသမီးများကို မြိတ်မြို့ စစ်ကောင်စီတပ် စခန်း တစ်ခုသို့ ခေါ်ဆောင်သွားခဲ့ပြီး တစ်ချို့ကို မြိတ်မြို့ ခေတ်သာစည် တည်ခိုရိပ်သာသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။ အသက် ၄၀ ကျော်အရွယ် ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ” ကျနော်တို့ ကားသွားနေတာကို စစ်ကားတွေ နောက်ကလိုက်လာပြီးတော့ သေနတ်တွေနဲ့ တရပ်စက် ပစ်ခတ်တယ်။ ကားကို ရပ်လိုက်တဲ့အခါမှာ သေနတ်တွေ မောင်းတင်ထားပြီးတော့ အကုန် အောက်ကိုဆင်းခိုင်းတယ်။ ပြီးတော့ ကားလမ်းမပေါ်မှာ ဝမ်းလျားမှောက်ခိုင်းတယ်။ တစ်ယောက်ချင်းစီးကို စစ်ပြီးတော့ မြိတ်မြို့ စစ်တပ်စခန်းတစ်ခုကို ခေါ်သွားတယ်။ ပြီးတော့ တစ်ချို့ကို  ခေတ်သာစည် ဟိုတယ်ကိုခေါ်တယ်။  ကျနော်မှတ်ပုံတင်ကို ကြည့် ပြီး လေးဆယ်ကျော် ရှိပြီးဆိုတော့ ကျနော့်ကို ပြန်လွတ်လိုက်တယ်။ စစ်ကောင်စီက ဖမ်းဆီးထားသည့်ထဲမှ အသက်၄၀ ကျော် အရွယ် အမျိုးသားတစ်ချို့နှင့် အမျိုသမီးတစ်ချို့ကို ပြန်လွတ်လိုက်သော်လည်း ကျန်လူပေါင်း ၁၄၀ ကျော်ကို ဆက်လက် ဖမ်းဆီး ကြောင်း ပြန်လည်လွတ်မြောက်သူများက ပြောသည်။  Read in Full

၁၇။ သဘောထားကွဲလွဲမှုကို ညှိနှိုင်းရေးလမ်းစဉ်ဖြင့် အဖြေရှာရန် မတူပီမြို့နယ်၊ ဒေသ- ၃ ပအဖ ထုတ်ပြန်
October 15, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ကြားကာလတော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းကြား၊ ဒေသအသီးသီးရှိ အုပ်ချုပ်ရေး နယ်မြေအတွင်း သဘောထားကွဲလွဲမှုများကို ညှိနှိုင်းရေးလမ်းစဉ်ဖြင့်သာ ဆက်လက်အဖြေရှာကြရန် အချက် ၅ ချက်ပါသော သဘောထားကြေညာချက်ကို မတူပီမြို့နယ်၊ ဒေသ ၃ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။ အောက်တိုဘာလ ၁၁ ရက်က မတူပီမြို့နယ်၊ ဒေသ ၃ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာ လူထုကိုယ်စားလှယ်များ ပုံမှန် အစည်းအဝေး၏ ဆုံးဖြတ် ချက်အရ သဘောထား ၅ ချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း အောက်တိုဘာလ ၁၂ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည်။“ဒေသ ၃ က ပြည်သူတွေ အားလုံးက ချင်းလဲန်းကောင်စီကို ထောက်ခံတဲ့ ပြည်သူတွေလို့ ပြောလို့ ရတယ်။ တပ်မဟာ ၁ ကနေ ကျနော်တို့ကို CB ဘက်ကို မထောက်ခံဘူးဆိုပြီးတော့ ပိတ်ပင်တားဆီးတာတွေ ခရီးသွားလာတာတွေကို ပိတ်ပင်တာတွေရှိတယ်။ အဲဒါတင် မကပဲ ဈေးဝယ်၊ ဈေးထွက်တာတွေရော အကုန်လုံးပိတ် ပင်တာရှိတယ်။ အဲဒါကတော့ သူတို့ထုတ်ပြန်ချက် အချက်ထဲမှာလည်း ပါတယ်” ဟု CDF – မတူပီ၊ တပ်မဟာ – ၂ ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်က ပြောသည်။

မတူပီမြို့နယ် စည်လုံးညီညွတ်ရေးကို ရှေ့ရှုလျက် CDF – မတူပီ၊ တပ်မဟာ – ၁ နှင့် တပ်မဟာ ၂ တို့ကြား သဘော ထားကွဲလွဲမှုကို ညှိနှိုင်ရေးလမ်းစဉ်ဖြင့် တိုက်တွန်းအဖြေရှာရန်၊ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖော်ဆောင်နေသည့် ညှိနှိုင်း ရေးလမ်း စဉ်ဖြင့် အောင်မြင်မှု မရှိသော်လည်း အခြားမည်သည့် ဖြန်ဖြေရေးအဖွဲ့အစည်းကို မဆို လက်ခံညှိနှိုင်းမှု ပြုလုပ်ရန် ဒေသ ၃ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အဆိုပြုသည်။ CDF – မတူပီ၊ တပ်မဟာ – ၁ က ချင်းညီနောင်အဖွဲ့ကို လက်ခံမှ မတူပီမြို့ ထဲကိုဝင်ခွင့်ရမည်ဟူ၍ သတ်မှတ်ထားသောကြောင့် ပလက်ဝ- မတူပီ လမ်းကြောတလျှောက်က CDF – မတူပီ၊ တပ်ရင်း ၃ ထိန်း ချုပ်သည့် ဒေသ ၃ နယ်မြေမှ ပြည်သူများသည် မတူပီမြို့ပေါ်ကို ဝင်ခွင့်မရသကဲ့သို့ လွတ်လပ်စွာ သွားလာခွင့်၊ အရောင်းအဝယ် ပြုလုပ်ခွင့် မရ၍ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ ချင်းညီနောင် မဟာမိတ်တပ်ဖွဲ့သည် မတူပီ- ပလက်ဝလမ်းမပေါ်ရှိ ဝလံပီကျေးရွာနှင့် ထေဘွေးကျေးရွာအကြား ထောက်ပို့လမ်း ကြောင်းအဖြစ် ဆက်လက်အသုံးပြုမည်ဆိုပါက သက်ဆိုင် ရာဒေသခံ အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ရန်လည်း ဒေသ ၃ ပအဖအဖွဲ့က သဘောထား ထုတ်ပြန်ထားသည်။ Read in Full

၁၈။ စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ကြာအင်းဆိပ်ကြီးမှာ အရပ်သားနှစ်ဦး သေဆုံး
October 14, 2024
ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ ခလရ ၂၈၄ ကို KNLA ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်နဲ့ မဟာမိတ် PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၂ ရက်ကစပြီး ဒရုန်းနဲ့ တိုက် ခိုက်နေပြီး စစ်ကောင်စီကလည်း ၁၂၀ မမ၊ ၈၁ မမ လက်နက်ကြီးတွေနဲ့ မြို့ပြင်ကို ပြန်လည်ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါ တယ်။ အောက်တိုဘာ ၁၄ ရက်ထိ ပစ်ခတ်နေပြီး ကြခတ်ချောင်းကျေးရွာ ဒါမှမဟုတ် ကရင်ဒေသအခေါ် ဝက်ဆီကုန်းရွာကို အောက်တိုဘာ ၁၂ ရက် ည ၈ နာရီလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ လူ နှစ်ယောက် သေဆုံးခဲ့ပြီး နှစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။ KNU ကရင်အမျိုးသားအစည်းအရုံးကလည်း ဒီအကြောင်း အောက်တိုဘာ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ ၈ဝ မမ မော်တာစိန်ပြောင်း ကျေးရွာထဲ ကျရောက်ပေါက်ကွဲတဲ့ အတွက် ၁ဝ နှစ်သမီး နော်အဲ့ခူနဲ့ အသက် ၆၄ နှစ်အရွယ် ဦးပန်းမြိုင်တို့ သေဆုံးခဲ့ပြီး ၁၃ နှစ်သား ဂေလော်အဲ့နဲ့ ၁၇ နှစ်အရွယ် မလှထွန်းတို့ မော်တာအစအနတွေ ထိမှန်ဒဏ်ရာရသွားကြတယ်လို့ ကြခတ်ချောင်းရွာသား တစ်ယောက်က ပြောပါတယ်။

“အသီးတွေက ၈၁ သီးပဲ။ အသက် ၁၀ နှစ်အရွယ်မိန်းကလေးကတော့ ဆုံးသွားပြီ။ နောက် ပန်းမြိုင် ဆိုတဲ့လူကြီးလည်း ဆုံးတယ်။ နှစ် ယောက်ဒဏ်ရာရတာက တစ်ယောက် တော်တော်ပြင်းတယ်။ သူတို့နား ကပ်ကျတာ ၈၁ သီးတဲ့၊ နှစ်လုံးပစ်တာ ပထမ တစ်လုံးကဝေးတယ်။ နောက်တစ်လုံးက သူများခြံဝတည့်တည့်ပဲကျတာ” မလှထွန်းက ကြာအင်းဆိပ်ကြီး ဆေးရုံမှာ ကုသ နေပြီး ဒဏ်ရာပြင်းထန်တဲ့ ဂေလော်အဲ့ကိုတော့ မော်လမြိုင်ဆေးရုံ ပို့ဆောင်လိုက်ရတယ်လို့လည်း ပြောပါတယ်။ “ကလေးတွေ ကော ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကြာအင်းဆိပ်ကြီး ဆေးရုံကို ပို့လိုက်တယ်။ အခုတော့ရွာသားတွေ မရှောင်ကြသေးဘူး။ စိုးရိမ်ထိတ်လန့်တာတော့ရှိတာပေါ့။ ၁၇ နှစ်အရွယ် မိန်းကလေးကတော့ အရမ်းကြီးစိုးရိမ်စရာ ဒဏ်ရာမရှိဘူး။ နောက် တစ်ယောက်ကတော့ မော်လမြိုင်ဆေးရုံမှာ စိုးရိမ်ရတယ်” ကြာအင်းဆိပ်ကြီးမြို့မှာ သန်းခေါင်စာရင်းကောက်ယူနေတာကို KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက နေ့စဉ်တိုက် ခိုက်နေတဲ့အတွက် ရပ်ကွက် ၁ နဲ့ ၂ မှာပဲ ကောက်ယူနိုင်သေးပြီး ကျန်တဲ့ ရပ်ကွက်လေးခုမှာ သန်းခေါင်စာရင်းကောက်လို့ မရသေးဘူးလို့လည်း ဒီအခြေအနေကိုသိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ Read in Full

၁၉။ အမ်းတိုက်ပွဲကြောင့် ကျေးရွာပေါင်း ၁၀ ခန့်က ဒေသခံများ စစ်ဘေးတိမ်းရှောင်
 October 14, 2024
အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် ကျေးရွာပေါင်း ၁၀ ခန့်က ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။ ရွာသာယာ၊ မီးလောင်ချောင်း၊ ကျောက်စကွဲ၊ မဲတောင်ခြေရင်း၊ ကြပ်၊ ရပ်သာ၊ ကြောင်ဖြူကွင်း၊ ကျွဲတလင်း၊ ကံ့ကော်တောင်နှင့် စမ်းကြီးစသည့် ကျေးရွာ ၁၀ ခန့်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ပထအပတ်မှစ၍ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။ “တိုက်ပွဲက ရွာနားကပ်နေပြီဆိုတော့ မနေရဲကြ တော့ဘူး။ လက်နက်ကြီးပစ်သံတွေ၊ သေနတ်ပစ်သံတွေက လည်း အရမ်းနီးကပ်လာတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဘာမှ ပြင်ဆင်ချိန်မရဘဲ ပြေးလာကြတာ”ဟု အမ်းဒေသခံတစ်ဦးကပြောသည်။ စစ်ဘေးရှောင်များမှာ အမ်းမြို့ရှိ ဗုဒ္ဓဘာသာ ဘုန်း တော်ကြီးကျောင်း၊ ဓမ္မာရုံများနှင့် ခရစ်ယာန်ဘုရားကျောင်းများတွင် ခိုလှုံနေကြပြီး အချို့မှာ ဆွေမျိုးနေအိမ်များတွင် နေထိုင်နေ ကြကာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အရေးပေါ်အကူအညီများ လိုအပ်နေသည်။

လက်ရှိ အမ်းမြို့ပေါ်တွင် ဆန်အမျိုးအစားအလိုက် တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းမှ တစ်သိန်းနှစ်သောင်း ကျပ်အထိ ရှိနေသည်။ အခြေခံစားသောက်ကုန်မှာလည်း စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၂၅,၀၀၀၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၃၀,၀၀၀ ၊ ငါးပိတစ်ပိဿာလျှင် ငွေကျပ် ၂၀,၀၀၀ အထိ ဈေးမြင့်တက်နေသည်။ “စား သောက်ကုန်ဈေးတွေ တက်တယ်။ စစ်ရှောင်လာကြတာဆိုတော့ တတ်နိုင်တဲ့လူကတော့ ဝယ်စားနိုင်ကြသေးတယ်။ ငွေကြေးမတတ်နိုင်တဲ့သူတွေကျတော့ တအား ခက်ခဲနေကြတယ်။ အဓိကကတော့ ဆန်လိုအပ်ချက်ရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ စစ်ဘေးရှောင်များထဲတွင် အသက် ၁၄ နှစ်မှ အသက် ၄၀ အရွယ်အမျိုးသမီး ၅၀၀ ကျော်ပါဝင်ပြီး အမျိုးသမီးလစဉ်သုံးပစ္စည်းများလည်း အရေးပေါ်လိုအပ်နေ ကြောင်း ဒေသခံများထံမှ သိရသည်။ Read in Full

၂၀။ ကျိုက်ထိုမှာ PDF ဂိတ် လမ်းမှားဝင်သွားတဲ့ စစ်ဗိုလ်လင်မယား ဖမ်းဆီးခံရ
 October 14, 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သုံးခွကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စစ်ဆေးရေးဂိတ်ထံ လမ်းမှားဝင် သွားတဲ့ စစ်ဗိုလ်လင်မယား နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့တွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ သိမ်ဇရပ်မြို့ကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်က စစ်ဗိုလ်လင်မယား နှစ်ဦးဟာ PDF ဂိတ်ကို ရောက်လာတဲ့အတွက် ဖမ်းဆီးခံလိုက်ရတာပါ။“PDF ဂိတ် ကို စစ်တပ်ဂိတ်ထင်ပြီး အမတ ၃၁၀ ကို ဘယ်လမ်းကနေ သွားရလဲဆိုပြီး လာမေးတော့ ဂိတ်ကတစ်ခါတည်း စစ်ဆေးပြီး ဖမ်းဆီး လိုက်တာ။ လမ်းမကျွမ်းလို့နေမယ်” လို့ PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရလိုက်ရသူတွေဟာ အမှတ် ၃၁၀ အမြောက်တပ်က ဗိုလ်ဟိန်းဇေယျာဦးနဲ့ ဇနီးဖြစ်သူတို့ ဖြစ်ပြီး အမြောက် တပ်ထံ ပြောင်းလာတာ မကြာသေးဘူးလို့ သိရပါတယ်။ စစ်ဗိုလ်လင်မယားနှစ်ဦးဟာ ဖမ်းဆီးစဉ် အူဇီသေနတ်တစ်လက်၊ ကျည်ဘောက်နှစ်ခု ကားတစ်စီး သိမ်းဆည်းရမိခဲ့ပါတယ်။ ဖမ်းဆီးခံစစ်ဗိုလ်လင်မယားနှစ်ဦးကို ကရင်အမျိုး သားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်ထံ လွှဲပြောင်းပေးအပ်သွားမယ်လို့ သိရပါတယ်။ Read in Full

၂၁။ ဖားအံ-ကော့ကရိတ်လမ်းပိုင်းတွင် စစ်ကောင်စီနှင့် DKBA ဗိုလ်ဘိအဖွဲ့တို့ ပူးပေါင်းဂိတ်ချ
 October 13, 2024
ကရင်ပြည်နယ် ဖားအံမြို့နှင့် ကော့ကရိတ်မြို့ကြားလမ်းပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့်အတူ ဗိုလ်ဘိဦး ဆောင်သည့်ခွဲထွက် DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင့်အမျိုးသားတပ်မတော်) အဖွဲ့တို့ ပူးပေါင်း ဂိတ်ချထားပြီး သွားလာ သူများကို စစ်ဆေးမှုများလုပ်ဆောင်နေကြသည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။ ဖားအံနှင့် ကော့ကရိတ် လမ်းမပေါ် တွင် စစ်ကောင်စီတပ်အပါအဝင် နယ်ခြားစောင့်တပ်-BGF တပ်တို့ဖွင့်ထားသည့် ဂိတ်ပေါင်း ၂၀ ထက်မနည်းရှိပြီး အချို့ဂိတ်များတွင် ဗိုလ်ဘိ ဦးဆောင်သည့် ခွဲထွက် DKBA အဖွဲ့ကလည်း စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ ပူးပေါင်းဂိတ်ချထားသည်ဟု အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။ ဒေသခံတစ်ဦးက “ဒီလမ်းကြောင်းမှာတော့ စစ်ကောင်စီဂိတ်တွေအများကြီး အဲဒီအထဲမှာက ဗိုလ်ဘိ DKBA အဖွဲ့တွေကလည်း စစ်ကောင် စီ နဲ့အတူ ပူးပေါင်းပြီး သွားလာသူတွေကို စစ်ဆေးမှုတွေလုပ်တယ်။ သူတို့ကတော့ DKBA ဘက်တံဆိပ်နဲ့ပဲ ဝတ်တယ်။”ဟု ပြောသည်။

ထို့အပြင် ဖားအံ-ကော့ကရိတ် လမ်းမပေါ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ဘက်မှ ပအိုဝ်း လက်နက်ကိုင်အဖွဲ့များ လည်းတွေ့ရှိရကြောင်းလည်း အဆိုပါ ဒေသခံက ပြောသည်။ သို့သော် ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြု နိုင်ခြင်းမရှိသေး ပေ။ အဆိုပါ လက်နက်ကိုင်အဖွဲ့သည် ၉ တိုင်လမ်းခွဲတွင် အများစုဂိတ်ချကာ သွားလာသည့်ဒေသခံများကို စစ်ဆေးမေးမြန်းမှု များလုပ်ဆောင်သည့်အပြင် ဒေသခံသယ်ဆောင်သည့် ကုန်ပစ္စည်းများကိုလည်း စစ်ဆေးမှုများလည်းရှိကြောင်း ဒေသခံများက ပြောသည်။ နောက်ထပ်ဒေသခံတစ်ဦးက “အဓိကတော့ DKBA တွေက သွားလာသူတွေကို စစ်တာများတယ်။ စစ်ကောင်စီတပ် က သူတို့က အနောက်မှာပဲနေတယ်၊ လိုအပ်မှ သူတို့က ဂိတ်ရှေ့ထွက်လာပြီး ကိုယ်ထင် လာပြတာ။ စစ်ကောင်စီနဲ့ တွဲပြီးထိုင် တော့ ကြောက်ရတယ်။ တစ်ခါတစ်လေ အဲဒီလမ်းကို မဖြတ်ရဲဘူး။ ဘာဖြစ်လဲဆိုတော့ ဒေသခံတွေ သယ်တဲ့ပစ္စည်းတွေကို ဖမ်းဆီးသိမ်းထားတာတွေရှိတယ်ဆိုတော့ အဲဒီနေရာကိုတော့ ရှောင်လိုက်ရတာတွေရှိတယ်။ သတိတော့ထားရတယ်။”ဟု ပြောသည်။ Read in Full

၂၂။ ကံပိုင်တည်မြို့မှာ တစ်အိမ်တစ်ယောက်နှုန်း မလုပ်မနေရ ပြည်သူ့စစ်စုဆောင်းနေ
 October 14, 2024
ကချင်ပြည်နယ် ကံပိုင်တည်မြို့မှာ ပြည်သူ့စစ်အဖွဲ့က တပ်သားစုဆောင်းတာတွေ အပူတပြင်းလုပ်နေတယ်လို့ ကံပိုင် တည် ဒေသခံတွေဆီကနေ သိရပါတယ်။ စက်တင်ဘာ၂၉ ရက်နေ့ ကချင်ပြည်နယ် ချီဖွေနဲ့ ဆော့လော်မြို့ကို KIA ပူပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း ကံပိုင်တည်မြို့မှာ တစ်အိမ်တစ်ယောက်နှုန်းမလုပ်မနေရစနစ်နဲ့ တပ် သားသစ်စုဆောင်း နေ တယ်လို့ ဒေသခံတွေနဲ့ နီးစပ်သူအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။“တစ်အိမ်တစ်ယောက်နှုန်းနဲ့ အဖိုးကြီးဖြစ်ဖြစ်အဖွား ကြီးဖြစ်ဖြစ် မိန်းမယောက်ကျားမရွေးဘူး အကုန်လုံးကို ဖမ်းထားတယ် မိန်းကလေးတွေကိုရော အများကြီးပေါ်တာဆွဲခံထားရ တယ်”လို့ပြောပါတယ်။ စစ်တပ်လက်အောက်ခံပြည်သူ့စစ်အဖွဲ့ဟာ အောက်တို ဘာလလဆန်းပိုင်းကစပြီး တစ်အိမ်တစ်ယောက် နှုန်းနဲ့ ပြည်သူ့စစ်လုပ်ပေးဖိုတောင်းဆိုတာတွေပြုလုပ်ပြီးမှ ရောက်မလာတဲ့ အိမ်တွေကို အိမ်တိုင်ရာရောက်ဖမ်းဆီး ခေါ်ဆောင် တာတွေလုပ်နေတယ်လို့ သိရပါတယ်။ ဒေသခံတွေကို တစ်အိမ်တစ်ယောက်နှုန်းဖမ်းဆီးတာအပြင် ကံပိုင်တည်မြို့မှာ အနယ် နယ်အရပ်ရပ်က အလုပ်လုပ်ဖို့ရောက်လာတဲ့သူ အသက် ၁၈ နှစ်နဲ့ ၃၀ ဝန်းကျင် လူငယ်၊လူလတ်ပိုင်းတွေကို နေရာဒေသ မရွေး ဖမ်းဆီးနေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦး ခုလိုပြောပါတယ်။

“လူငယ်တွေ ကုမ္မဏီဝန်ထမ်းတွေရောပါတယ် လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာရောဝင်ဆွဲတယ် ကား မောင်းတဲ့သူတွေကိုတော့ ခေါ်ချင်မှခေါ်တယ်။ ကားတွေတော့ မောင်းတော့ မောင်းနေကြပေမယ့် ကြောက်ကြောက်နဲ့ မောင်း နေရတာပေါ့”လို့ ပြောပါတယ်။ လက်ရှိတပ်သားသစ်ဖမ်းဆီးနေတဲ့အဖွဲ့က ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ နယ်ခြားစောင့်တပ် လက်အောက်ခံ ဦးဘောမ်လန်းပြည်သူ့စစ်အဖွဲ့လို့သိရပြီး လူမျိုးဘာသာမရွေး ဖမ်းဆီးခေါ်ဆောင်တာတွေလုပ်နေတယ်လို့ သိရ ပါတယ်။ ခုလိုအခြေအနေတွေကြောင့် ကံပိုင်တည်ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုနဲ့နေနေရတဲ့ ရွှေ့ပြောင်းအလုပ် လာ ရောက်လုပ်ကိုင်သူတွေလည်း အခက်ခဲအမျိုးမျိုးရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။ ကံပိုင်တည်မြို့နဲ့ အနီးဆုံး မှာရှိတဲ့ ဆဒုံးမြို့ကို KIA ပူးပေါင်းတပ်က ဇွန်လ ၁၀ ရက်နေ့တိုက်ခိုက်သိမ်းပိုက်ထားပြီး ဝိုင်းမော်– ဆဒုံးမြို့ထိ ထိန်းချုပ်ထားတာ လည်းဖြစ်ပါတယ်။ Read in Full

၂၃။  ရေဖြူတံတား စစ်ဆေးရေးဂိတ်ကို PDF ဝင်စီး
 October 14, 2024
တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ ရေဖြူတံတား စစ်ဆေးရေးဂိတ် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါ တယ်။ တပ်အင်အား ၁၀ ဦးကျော် တပ်စွဲထားတဲ့ ရေဖြူတံတားထိပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ် တွေ က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ ဝင်ရောက်စီးနင်းတိုက် ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် အချိန်တစ်နာရီနီးပါးအကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာ ရသူ တွေလည်း ရှိတယ်လို့ ကျားသစ်နက်တပ်ဖွဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။ ရေဖြူတံတား စစ်ဆေးရေးဂိတ်ဟာ ပုံမှန်ဆိုရင်  စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင် တပ်စွဲထားလေ့ရှိပြီး အဲဒီနေ့မှာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သာ ရှိတာကြောင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီစီးနင်းမှုအတွင်း စစ်ကောင်စီထံမှ သေနတ်တစ်လက်၊ ကျည်ဆံ ၇၀၀ တောင့်ကျော်၊ ကျဉ်ဘောက် ၅ ခု၊ ဗုံးသီး ၉ လုံး၊ စကားပြောစက်တစ်လုံးနဲ့ ဒရုန်းတစ်စင်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ရေဖြူတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတကြောင့် အဲဒီညနေပိုင်းမှာပဲ ရေဖြူအခြေစိုက်တပ်ရင်းတွေက အင်အား ၅၀ ဝန်း ကျင် စစ်ကူရောက်လာပြီး တံတားဂိတ် မှာ ပြန်လည်တပ်စွဲထားတယ်လို့ ဆိုပါတယ်။ ရေဖြူတံတား စစ်ဆေးဂိတ်ဟာ အရပ်သားပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေကို အော်ဟစ် ခြိမ်းခြောက်တာတွေအပြင် ငွေးကြေးကောက်ခံနေပြီး နည်းမျိုးစုံနဲ့ စစ်ဆေးနေတဲ့ ဂိတ်တစ်ခုဖြစ်တယ်လို့ တော်လှန် ရေး အင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ Read in Full

၂၄။ သံတွဲတွင် စစ်ရှောင် ၂ သောင်းကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်အကူအညီလိုအပ်နေ
 October 14, 2024
တိုက်ပွဲများကြောင့် ကစဉ့်ကလျားထွက်ပြေးနေကြရသည့် သံတွဲမြို့နယ်ကစစ်ရှောင် ၂ သောင်းကျော်လောက်မှာ စား နပ်ရိက္ခာများ ပြတ်လပ်နေပြီး အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ကူညီဆောင်ရွက်နေသူများက ပြောသည်။ စစ်ရှောင်များ ကူညီဆောင်ရွက်နေသူတစ်ဦးက “နှစ်သောင်းကျော်ရှိပါတယ်။ ဂွ ကျိန္တလီဘက်အခြမ်းကလည်းနေတိုင်းလူဦးရေတိုးနေပါတယ်။ အခက်အခဲတွေက အခြေခံအစားအစာ ဆန်၊ ဆီ၊ ငပိ၊ ငရုပ်သီးခြောက်၊ ဆေးဝါးတွေလိုအပ်ပါတယ်”ဟုပြောသည်။ လက်နက် ကြီးနှင့် လေကြောင်းရန်ကိုကြောက်ပြီးထွက်ပြေးလာသူများထဲမှာ အမျိုးသမီးနှင့်ကလေးသူအများအပြားပါဝင်ကြောင်း တစ်ချို့ ကလေးသူငယ်များမှာ ကျန်းမာရေးချို့တဲ့မှုမျာလည်း ရှိနေပြီး ဆေးဝါးများလည်း လိုနေကြောင်း သိရသည်။ စစ်ရှောင်များကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “ဆေးကုသမှုတွေက ရှိပါတယ်။ ဆေးဝါးတွေက ရှားပါးတယ်။ ULA အာရက္ခတပ်တော်က ကျန်းမာရေး စောင့်ရှောက်မှုတွေရှိပါတယ်။ နေ့စဥ်နီးပါး စောင့်ရှောက်မှုတွေကိုလုပ်ပေးနေပါတယ်။ အမျိုး သမီးတွေက တစ်ဝက် ကျော်လောက်ရှိမယ်”ဟုပြောသည်။ ငပလီမြို့ အပါအဝင် သံတွဲမြို့နယ်တွင် စစ်ရှောင်ပြည်သူ နှစ်သောင်း ကျော်ရှိပြီး အများစုက ငပလီကမ်းရိုးတန်းတစ်လျှောက်ရှိနေကာ နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်စခန်းများတွင်ကြပ်ကြပ် တည်းတည်းနှင့် နေထိုင် နေရသည်။

စစ်ရှောင်များ ကူညီဆောင်ရွက်ပေးနေသည့် သံတွဲမြို့ခံ ကိုတေဇာအောင်က “တဖြည်းဖြည်းနဲ့ အလှူရှင်ကလည်း ရှား လာနေပြီ။ ကျနော်တို့ဆိုရင် ထောက်ပံ့မှုကို အပတ်စဉ် ၅၇ ကနေ နားထားရတယ်။ အဓိက ပိုက်ဆံ မရှိတဲ့အခါမှာ ဆန်ဝယ်လို့ မရတော့ဘူး။ ကျနော်တို့ ဆန်ပဲ အဓိက ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ အခုကတော့ ကနီတူနဲ့ Pad ထုပ်တွေပဲ ရှိတော့ တယ်”ဟု ပြောသည်။  သံတွဲမြို့နယ်က ဂေါ့၊ စပါးကြီး၊ မဇင်၊ ဂျိတ္တော၊ ဈီးဖြူကုန်း၊ ငပလီ၊ ဝါးတောင်ကွင်း၊ လင်းသာ၊ မြပြင် တစ်လျောက်နှင့် ငဖဲ၊ သပြုချိုင်၊ မောင်ရွှေလေး၊ ကွင်းဝိုင်းစသည့် ပင်လယ်ကမ်းစပ် တစ်လျောက်က ကျေးရွာသားများမှာ စစ်ရှောင်နေကြရသည်။ “လေကြောင်းအန္တရာယ်ကိုတော့ စစ်ရှောင်တွေရော ဒေသခံတွေရော အရမ်းစိုးရိမ်နေကြပါတယ်။ ဘာဖြစ်လို့ဆိုရင် သူတို့က နေ့စဥ်နီးပါးပဲ အရပ်ဖက်နေရာတွေ စစ်ရှောင် Camp တွေကို တိုက်ခိုက်နေကြလို့ပါ။ တစ်ချို့စစ်ရှောင် တွေဆိုရင် စာသင်ကျောင်း ဘုန်းကြီးကျောင်းတွေမှာမနေရဲကြတော့ဘူး။ ရွာထဲက အိမ်တွေ တစ်ချို့ဆို့ရင် တောတောင်တွေထဲ မှာ ယာယီနေထိုင်ကြပါတယ်”ဟုပြောသည်။ Read in Full

၂၅။ ရေဘေးသင့် ကရင်နီဒေသ ဆေး၀ါးနှင့် ဆန်စပါး အကူအညီလိုအပ်
October 14, 2024
ယာဂီမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာ ၉ ရက်ကစပြီး ရေဘေးသင့်ခဲ့တဲ့ ကရင်နီပြည်နယ်မှာ တလကျော်လာခဲ့ပြီး နောက် ဆေး၀ါးနဲ့ ဆန်စပါးထောက်ပံ့မှုတွေ အရေးပေါ် လိုအပ်နေပါတယ်။ ရှားတောမြို့နယ်၊ ဒီးမောဆိုအရှေ့ခြမ်း ဟိုဟာ၊ ဖွံဘော်ခွတ်နဲ့ လိုမူခိုမြို့နယ်တွေမှာတော့ ရေပြန်ကျနေပေမဲ့ လွိုင်ကော်၊ မယ်စဲ့၊ နန်းမယ်ခုံနဲ့ ဖယ်ခုံမြို့နယ်ဘက်တွေမှာတော့ ရေဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး အရေးပေါ်စားနပ်ရိက္ခာနဲ့ ဆေး၀ါးလိုအပ်ချက်တွေ ရှိနေတယ်လို့ Emergency Response Coordination Team ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။ ရေပြန်ကျသွားတဲ့ ကျေးရွာဘက်အခြမ်းတွေမှာ ပြန်လည်ထူထောင်ရေးအဖြစ် ကျေးရွာတွေမှာ လမ်း၊ တံတားနဲ့ အိမ်တွေကို သန့်ရှင်းရေးလုပ်နေတာတွေ စိုက်ပျိုးလယ်တွေ ပြန်ဖော်နေတဲ့ လုပ်ငန်းစဥ်တွေ စလုပ်နေပေမဲ့ ပျက်စီးဆုံးရှုံးသွားတဲ့ စိုက်စပါးတွေအတွက် ဒေသခံတွေကို အရေးပေါ် ပြန်ဖြည့်ပေးနေရတယ်လို့ ဆိုပါတယ်။  Emergency Response Coordination Team ဥက္ကဋ္ဌ မော်လူမြာက “ဒီရေကြီးပြီး ရေကျလာတဲ့နောက်ပိုင်းမှာ ယားနာတွေ တော်တော်များများဖြစ်တယ်ပေါ့နော်။ အခုဆိုရင် ရေမကျသေးတဲ့ နေရာမှာလည်းရှိတယ်။ ရေမကျသေးတော့ စပါးတွေဘာတွေ နည်းနည်း ပြန်ယူလို့ရတဲ့ဟာမျိုးတွေဆိုရင် သူတို့က ရေထဲကနေပြီးတော့ သွားဆယ်၊ နည်းနည်းစီ ပြန်ရရင် နည်းနည်းချင်းစီ ပြန်သယ်တော့ သူတို့ယားနာတွေဖြစ် ကြတယ်ပေါ့နော်။ ရေထဲမှာ သွားလာရတဲ့အတွက် နောက်ဆက်တွဲက ယားနာတဲ့ဟာတွေ ပေါ့နော်။ ၀မ်းပျက် ၀မ်းလျှောတွေ အဲဒီလိုမျိုးကိစ္စတွေက ရှိလာတယ်ပေါ့နော်၊ ဆေး၀ါးနဲ့ပတ်သက်ရင်လည်း စစ်ရှောင်စခန်းတွေ မှာက ဆေးခန်းက မရှိဘူးလေနော်၊ အပြင်ကနေပြီးလာပြီးတော့ ကြည့်ပေးရတဲ့ဟာမျိုးတွေ ဆေးခန်း တခါတလေ ဖွင့်တဲ့ဟာမျိုး တွေမှာ ဆေးတောင်းရတာမျိုးတွေ၊ ဆေး၀ါးတော့ လုံလောက်မှု မရှိဘူးဆိုတဲ့ဟာမျိုးတွေ တွေ့ရတယ်ပေါ့နော်” လို့ ပြောပါတယ်။

ရေမကျသေးတဲ့ဘက်တွေခြမ်းမှာလည်း အလှူရှင်တွေ လာလှူတဲ့အခါ စစ်ကောင်စီဘက်ကိုသာ ရောက်သွားတာများတဲ့ အတွက် လိုအပ်နေတဲ့နေရာတွေကို အလှူရှင်တွေ ရောက်မလာနိုင်ဘူးလို့ ကရင်နီပြည်ဘက်မှာ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ကျေးလက်မြေတာ၀န်ခံ ကိုဇော်မင်းထိုက်က ပြောပါတယ်။“ဒါက ပြည်သူတွေဆီကနေ အလှူခံရရှိတဲ့၊ နိုင်ငံတကာပေါင်းစုံ ပြည်နယ်ပေါင်းစုံ ပြည်တွင်းပြည်ပရှိတဲ့ အလှူရှင်တွေက ပြည်သူကနေ ပြည်သူထံကိုလှူဒါန်းဖို့ ကူညီဖို့ ငွေပေးလိုက်တဲ့အချိန်မှာ နောက်ဆုံး စစ်ကောင်စီလိုကောင်မျိုးလက်ထဲကို လုံး၀ ငွေရောက်စရာ အကြောင်းမရှိဘူးလေနော်။ အဲ့ဒါကြောင့် လှူမယ်ဆိုလို့ ရှိရင် ဘယ်လို နေရာမျိုးတွေမှာ လှူရမလဲဆိုတော့ အခု နန်းမယ်ခုံမြို့နယ်တကြောမှာရှိတဲ့ ဘုရားဖြူကျေးရွာ၊ ဘုရားနီကျေးရွာ၊ ဖောင်းတောကျေးရွာ အစရှိတဲ့ ကျေးရွာတွေ အအများကြီးရှိပါတယ်။ လှူဒါန်းမယ်ဆိုရင် တကယ့်ကို သူတို့တွေက ခက်ခဲတယ်၊ ကျပ်တည်းတယ်။ ဘာ‌ကြောင့် အဲ့လိုပြောလဲဆိုရင် သူတို့စိုက်ပျိုးထားတဲ့ စပါးခင်းတွေက ရေအောက်ကို ရောက်ကုန်တယ်၊ နောက် ကြက်ခြံတွေ ရေအောက်ကို ရောက်ကုန်တာရှိတယ်။ နောက်တခုက သူတို့ နေ့စဥ်စားဖို့ သောက်ဖို့ မလွယ်ကူတော့တဲ့ အချိန်မှာ သူတို့ဆီ မရောက်ဘူးဆိုတော့ စိတ်မကောင်းဖြစ်ရပါတယ်။ အဓိကတချက်ပြောချင်တာက ပြည်သူထံကိုရောက်ဖို့ပဲ၊ တကယ်ကိုလိုအပ်နေတဲ့ ပြည်သူထံကို ပြည့်ပြည့်၀၀ရောက်စေချင်တာပါ။” ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက လည်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ လယ်တွေ အတွက် မျိုးစပါးနဲ့ ဆေး၀ါးထောက်ပံ့ဖို့နဲ့ ငွေကြေးကူညီတာတွေ လိုအပ်နေတယ် လို့ အောက်တိုဘာ ၁၀ ရက်က ထုတ်ပြန်ထားပါတယ်။ Read in Full

၂၆။ ခလယ်လွီထူခရိုင်တွင် စစ်ကောင်စီက စစ်ဆေးမှုများတင်းကြပ်နေ
 October 14, 2024
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)၊ ခလယ်လွီထူ(ညောင်လေးပင်) ခရိုင်အတွင်းရှိ မြို့နယ်များ တွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့ သန်းခေါင်စာရင်း ကောက်ချိန်မှစ၍ လုံခြုံရေး တင်းကြပ်မှုများ လုပ် ဆောင်နေ သည်ဟု ဒေသတွင်းရှိ ကေအဲန်ယူ တာဝန်ရှိသူက ပြောသည်။ ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်၊ ဆောထိ မြို့နယ်အတွင်းရှိကျေးရွာများတွင် သွားလာချိန် စစ်ကောင်စီဘက်က ယခုလိုလုံခြုံရေးတင်းကြပ် ပြီး စစ်ဆေးမှုပိုမိုလုပ်ဆောင် လာသည်ဟု ကေအဲန်ယူ၊ ကျောက်ကြီးမြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဝါးမူက ပြော သည်။“စစ်ဆေးမှုကတော့ ရှိတယ်။ သန်းခေါင်စာရင်း စပြီးကောက်ခံတဲ့နောက်ပိုင်းမှာ သူတို့က စစ်ဆေးမှုတွေ လုပ် ဆောင်တာ ပိုပြီးတော့ များလာတယ်။ ပြီးတော့ ဒီဒေသခံတွေ ကုန်သွယ်မှုအပိုင်းတွေမှာလည်း ပိုပြီးတော့ စစ်ဆေး လာတာကို တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ယခုလိုစစ်ဆေးတင်းကြပ်မှုများကို ပိုမိုလုပ်ဆောင်လာသည့်အတွက် ဒေသခံများအနေဖြင့် သွားလာရေး နှင့် မြို့ပေါ်သို့ ကုန်ပစ္စည်းများ သွားရောက်ဝယ်ယူရာတွင်လည်း ပိုမိုခက်ခဲလာသည်ဟု ပဒိုစောဝါးမူ ကဆက်ပြော သည်။ အထက် ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့တွင်လည်း စစ်ကောင်စီမှ ကျောက် ကြီး မြို့ပေါ်သို့ ဈေးဝယ်ရန် သွားသည့် ဒေသခံ ၃ ဦးကို ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ် ၅ သိန်းနှင့်အထက် တောင်း ရမ်းပြီးနောက် အောက်တိုဘာ ၈ ရက်နေ့ တွင်ပြန်လည်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးကြောင်းသိရသည်။ စစ်ကောင်စီက တပ်မဟာ ၃ နယ်မြေအတွင်း လက်နက် ကြီး ရမ်းသမ်းပစ်ခတ်မှုများကိုလည်း ဆက်တိုက် လုပ်ဆောင်နေပြီး ယခုလအောက်တိုဘာလအတွင်း စစ်ကောင်စီ၏ လက်နက် ကြီး ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ် အရွယ်ကလေးငယ်အပါအဝင် ဒေသခံ ၈ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်ထားသည်။ Read in Full

၂၇။ ရခိုင်တွင် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ အဆမတန်ဈေးမြင့်တက်နေ
 October 13, 2024
တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသည့် ရခိုင်ပြည်တွင် ကျောင်းသုံးပုံနှိပ် စာအုပ်အပါ အဝင် စာရေးကိရိယာပစ္စည်းများမှာ အဆမတန်ဈေးမြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ စစ်ကောင်စီသည် ရခိုင်ဒေသကို လမ်းခရီးပိတ်ဆို့ ထားမှုကြောင့် ကျောင်းသုံး စာအုပ်များနှင့် စာရေး ကိရိယာများမှာ ပြတ်လပ်လာ၍ ဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းဖြစ်သည်။ “ကုန်သည်တွေက အခြေခံစားသောက် ကုန်တွေတောင် ခက်ခက်ခဲခဲနဲ့ လမ်းကြောင်းတွေ ရှာပြီးတင်သွင်းနေရတာ။ ကျောင်းသုံး ပုံနှိပ်စာအုပ်တွေကို အခြေခံသုံး ကုန် ပစ္စည်းတွေလောက် မတင်သွင်းကြဘူး။ နည်းနည်းပဲ တင်သွင်းတာမလို့ ကျောင်းသုံးပစ္စည်းတွေက ဈေးကြီးသလို ရှားလည်းရှား တယ်” ဟု မြောက်ဦး မြို့နယ်မှ ကုန်သည်တစ်ဦးက ပြော သည်။ Grade 12 (၁၂ တန်း) ပုံနှိပ်စာအုပ် တစ်စုံလျှင် ငွေကျပ် ၄၀,၀၀၀ ခန့်မှ ၁၉၀,၀၀၀ ကျပ်၊ Grade 5 (၅ တန်း) ပုံနှိပ်စာအုပ် တစ်စုံလျှင် ငွေကျပ် ၂၅,၀၀၀ ခန့်မှ ၁၃၀,၀၀၀ ကျပ်၊ (line) ဘောပင် တစ်ချောင်းလျှင် ငွေကျပ် ၃၀၀ ခန့်မှ ၂,၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်။

လက်ရှိ ရခိုင်ဒေသတွင် အာရက္ခတပ်တော်(AA) က မြို့နယ် ၁၀ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အဆိုပါ မြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် ကျောင်းပညာရေးစနစ်များ လည်ပတ်နိုင်ခြင်း မရှိသေးပေ။ သို့သော် ကျောင်းသား မိဘများမှာ သား၊သမီးများ၏ ပညာရေးထိခိုက်မည် စိုးရိမ်၍ အတန်းပညာများ အဆက်မပြတ်စေရန် ပညာသင်ကြားပေးခြင်းများ ရှိနေသည်။ အချို့ကျောင်းသားမိဘများမှာ စားဝတ်နေရေး အခက်အခဲများကြောင့် ငွေကြေးမတတ်နိုင်၍ သားသမီးများကို ပညာ မသင်ကြားနိုင်ဘဲဖြစ်နေကြောင်း ပြောဆိုကြသည်။ ” ကလေးတစ်ယောက် ကျောင်းထားပေးရမှာက ဒီအခြေအနေမှာ ပိုမလွယ် ပါဘူး။ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့အချိန်မှာ သားသမီးတွေရဲ့ စာအုပ်စရိတ်၊ ကျောင်းလခတွေအတွက် မတတ်နိုင်ပါ ဘူး။ ထမင်း နပ်မှန်ဖို့ပဲ အရေးကြီးနေတယ်” ဟု မြောက်ဦးမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။ AA ထိန်းချုပ်နယ် မြေများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်နေ၍ ကျောင်းသား၊သူများမှာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများဖြင့် ပညာသင်ကြားနေရသည်ဟု ဆိုကြသည်။ Read in Full

၂၈။ သီပေါမြို့သိမ်းတိုက်ပွဲ၌ ဖမ်းမိသည့် တပ်မိသားစုဝင် ၁၉၀ ကျော်ကို TNLA ပြန်လွှတ်ပေး
 October 15, 2024
ရှမ်းပြည်နယ်၊ သီပေါမြို့ကို သိမ်းပိုက်တုန်းက စစ်တပ်စခန်းတွေကနေ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ တပ်မိသားစုဝင် တပ်မိသားစုဝင် ၁၉၁ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က အောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။ တအာင်းပြည် တပ်မဟာ ၂ နယ်မြေ၊ သီပေါမြို့မှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၅၀၃ နဲ့ ၅၀၄ စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်တုန်းက ဖမ်းဆီးရမိထားတဲ့ တပ်မိသားစုဝင်တွေကို လူသားချင်းစာနာထောက်ထားပြီး အောက်တိုဘာ ၁၂ ရက်မှာ ပြန်လွှတ် ပေးခဲ့တာလို့ ဆိုပါတယ်။ သီပေါမြို့ရှိ စစ်ကောင်စီရဲ့ ၅၀၃ တပ်စခန်းကို စက်တင်ဘာ ၂၆ ရက်မှာ TNLA က သိမ်း ပိုက်နိုင်ခဲ့ပြီး အဲဒီတပ်ထဲက တပ်မိသားစုဝင် အမျိုးသား ၁၁ ယောက်၊ အမျိုးသမီး ၄၈ ယောက်၊ ကလေး ၄၃ ယောက်၊ စုစုပေါင်း ၁၀၂ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သလို စက်တင်ဘာ ၂၇ ရက်မှာလည်း ၅၀၄ တပ်စခန်းကို သိမ်းပိုက်ပြီး အဲဒီတပ်ထဲက တပ်မိသားစုဝင် အမျိုးသား ၁၆ ယောက်၊ အမျိုးသမီး ၃၉ ယောက်၊ ကလေး ၃၄ ယောက်၊ စုစုပေါင်း ၈၉ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၃ ရက်မှာတော့ သီပေါမှာ နောက်ဆုံးကျန်နေတဲ့ ခလရ ၂၃ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး TNLA က သီပေါမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီကနေ စစ်သုံ့ပန်းအများအပြားနဲ့ လက်နက်ခဲယမ်းအများ အပြားသိမ်းဆည်းရမိခဲ့တာကြောင့် စစ်တပ်ကလေကြောင်းနဲ့ဗုံးကြဲနေတယ်လို့ TNLA သတင်းပြန်ကြား ရေးတာဝန်ခံ လွေးယေဦး က ဖမ်းမိတဲ့မိသားစုဝင်တွေကို ပြန်လွှတ်ပေးမှာဖြစ်ပေမဲ့ စစ်သုံ့ပန်းတွေကိုတော့ ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ ပြောပါတယ်။ တပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံရချိန်ကစလို့ စစ်ကောင်စီဟာ သီပေါမြို့ကို နေ့စဉ်ရက်ဆက် ဆိုသလို လေကြောင်းကနေ ဖျက်အားပြင်း ဗုံးအများအပြား လာရောက်ကြဲချနေတာကြောင့် ဒေသခံတချို့ သေဆုံးပြီး နေအိမ်အဆောက်အဦတွေလည်း ပျက် စီးခဲ့ရပါတယ်။ Read in Full

၂၉။ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့် မော်လမြိုင်မှာ ထိုင်းကုန်ပစ္စည်းတွေကို လိုက်လံဖမ်းဆီးနေ
 October 15, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေဟာ ထိုင်းနိုင်ငံ ကနေ တင်သွင်းလာတဲ့  အခြေခံစားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဌာနစုံပါဝင်တဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ထိုင်းကုန်ပစ္စည်းတွေကို စစ်ဆေးရေး ဂိတ်တွေမှာ ရှောင်တခင်ဖမ်းဆီးတာရှိသလို ပွဲရုံတွေနဲ့ လက်လီရောင်းချတဲ့ဈေးတွေအထိ လိုက် လံဖမ်းဆီးတာတွေ လုပ်ဆောင် နေတာပါ။ ထိုင်းကုန်ပစ္စည်းတွေကို လိုက်လံဖမ်းဆီးနေတာဟာ ပြီးခဲ့တဲ့ အောက်တို ဘာ ၉ ရက်နေ့မှာ စစ်ဒုခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တရားမဝင်ကုန်သွယ်မှုတွေကို ပြည်တွင်းသို လှောင်ရုံအပြင် ဈေးကွက်တွေအထိ စစ်ဆေးအရေးယူ သွားဖို့ ညွှန်ကြားပြီးနောက် ဖမ်းဆီးမှုတွေ ရှိလာခဲ့တာပါ။ အမည်မဖော်လိုတဲ့ ပွဲရုံလုပ်ငန်းရှင်တစ်ဦးက စစ်ကောင်စီပူးပေါင်း အဖွဲ့ တွေဟာ ထိုင်းကုန်ပစ္စည်းတွေကို ပွဲရုံတွေနဲ့ ဂိုဒေါင်တွေမှာပါ ဝင်ရောက်စစ်ဆေးနေပြီး ဖမ်းဆီးတာတွေ ရှိလာတယ်လို့ ပြောပါ တယ်။“အစည်းအဝေးမှာ ဒုချုပ်ပြောထားတယ် ဟုတ်လား။ နယ်စပ်က ဟိုဟာတွေဒီဟာတွေ အကုန်လုံး ဌာနဆိုင်ရာတွေ ပေါင်းစားနေတယ်။ ဘာညာပြောလိုက်တော့ တရားမဝင်ကုန်စည်တိုက်ဖျက်ရေး ဖမ်းဆီးရေးအဖွဲ့တွေက ဖမ်းဆီးရေး ထွက်ရ တာပေါ့။ မနေ့ကတော့ ပွဲရုံတွေဝင်စစ်တယ်။ ဂိုဒေါင်တွေစစ်တယ်၊ နောက်ကားတွေဘာတွေ ကားကတော့ဝင်လာတဲ့ ကားတွေ ရော၊ ကားပေါ်က ပစ္စည်းတွေရော အကုန်ဖမ်းသွားလိုက်တယ်၊ နှစ်စီးကို အကောက်အခွန်က ဝိုက်လိုက်တာပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ တရားမဝင်ကုန်စည်ဆိုတဲ့အကြောင်းပြချက်နဲ့ဖမ်းဆီးသွားတဲ့ ထိုင်းကုန်ပစ္စည်းတွေဟာ ပြည်သူတွေနေ့စဉ်အသုံးပြုနေတဲ့ စားသုံးဆီအပါအဝင် အခြေခံစားသောက်ကုန်အများဆုံးပါဝင်တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းဈေးနှုန်း အဆမတန်မြင့်တက်နိုင်လာပြီး အခြေခံပြည်သူတွေ စားဝတ် နေရေးပိုမိုကျပ်တည်းလာနိုင်တယ်လို့ ကုန်သည်တစ်ဦးက ထောက်ပြပါတယ်။ “ပြည်သူတွေ စားဝတ်နေရေး ပိုပြီးတော့ ကျပ် သွားမယ်ဆိုတဲ့ သဘောပေါ့ကွာ။ အကုန်လုံးကို နေရာတကာလိုက်ပြီး အသေးစိတ်လုပ်လိုက်ရင်တော့ အကုန်လုံးက ပွင့်ပွင့်လင်း လင်း ပြောလို့ရှိရင် ဒီဟာကြီးကိုပဲ မှီခိုနေရတာ။ အခုလည်း အကုန်လုံးက Without နဲ့ပဲ သွားနေရတာပဲလေ။ တကယ်တန်းကျလို့ ရှိရင် တရားဝင်လုပ်တာ ရာခိုင်နှုန်းအရမ်းနည်းတယ်။ မြန်မာပြည်ရဲ့ ထက်ဝက်လောက်က Without ဖြစ်နေတာ။ အဲဒါဆိုရင် ကုန်ဈေးနှုန်းတွေ အရမ်းကိုထိုးတက်သွားမှာပေါ့”လို့ ဆိုပါတယ်။ စစ်ကောင်စီက ထိုင်းကုန်ပစ္စည်းတွေကို ဆက်တိုက်ဆိုသလို လိုက်လံဖမ်းဆီးနေတဲ့အတွက် ထိုင်းကုန်ပစ္စည်း တင်သွင်းမှုတွေ ယာယီရပ်နားထားရသလို ဖမ်းဆီးမှုကာလရှည်ကြာလာတာ နဲ့ အမျှ ကုန်ပစ္စည်း ပြတ်လပ်မှုတွေပါ ဖြစ်ပေါ်လာနိုင်တယ်လို့ ကုန်သည်တွေက ပြောကြပါတယ်။ Read in Full

၃၀။  တမူးမြို့တွင် ချင်းအမျိုးသားတစ်ဦးအပါအဝင် အရပ်သား ၃ ဦး သတ်ဖြတ်ခံရ
 October 14, 2024
မြန်မာ – အိန္ဒိယနယ်စပ် တမူးမြို့တွင် ချင်းအမျိုးသားတစ်ဦးအပါဝင် အရပ်သားသုံးဦး သတ်ဖြတ်ခံရကြောင်း ဒေသခံ များထံကသိရှိရသည်။ အသတ်ခံရသည့် ချင်းအမျိုးသားသည် တမူးမြို့နယ်၊ သာယာကုန်းကျေးရွာမှသိရှိရပြီး ကျန်သည့် အလောင်းနှစ်လောင်းသည် ပိုင်ရှင်မဲ့ အလောင်းများဖြစ်ကြောင်း သိရှိရသည်။”ဘာအတွက် သတ်တာလည်းဆိုတာ မသိရဘူး။ အလောင်းတွေတောင် ပိုင်ရှင် မပေါ်ဘူး။ အရင်ကလည်း အခုလိုမျိုး မကြာခဏဖြစ်တယ်။ အသတ်ခံရတဲ့သူတွေက ခရီးသွားတဲ့ အရပ်သားတွေဖြစ်ဖို့များတယ်။ ပျူစောထီးအဖွဲ့တွေက သူတို့ရဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးသတ်ဖြတ်တာဖြစ်ဖို့များတယ်”ဟု  တမူးမြို့ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။ အသတ်ခံရသည့် ချင်းအမျိုးသား ၏ အလောင်းကို အောက်တိုဘာလ ၁၃ ရက် နေ့တွင် မိသားစုဝင်များကမြေမြှုပ်သဂြိုလ်လိုက်ပြီး ကျန်သည့်အမျိုး သားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ အလောင်းကို ပိုင်ရှင် မပေါ်သောကြောင့် ရပ်ကွက်နေဒေသခံများက မီးသဂြိုလ်ပေးကြောင်းသိရသည်။ ၎င်းအလောင်းများကို စစ်ကောင်စီလက် အောက်ခံ ပျူစောထီးအဖွဲ့က အောက်တိုဘာလ ၁၂ ရက်နေ့တွင် တမူးမြို့ချောင်းနက်ကြီးရပ်ကွက်အလွန် လမ်းဘေးတစ်နေ ရာတွင် စွန့်ပစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် တမူးမြို့ ချောင်းနက်ကြီးရပ်ကွက်ရှိ ချင်းအမျိုးသား ဦးရမ်ထန်၏ နေအိမ်ကိုလည်း အောက်တိုဘာလ ၁၂ ရက် နေ့ညတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ကမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ “ပျူစောထီးအဖွဲ့တွေက ဦးရမ်ထန် နေအိမ်ကိုလာပြီး မီးရှို့သွားတယ်။ တစ်အိမ်လုံးပြာကျသွားတယ်။ တခြားအိမ်တွေကိုတော့ ဘာမှမလုပ်ဘူး။ အိမ်ထဲက ပစ္စည်း တွေလည်း ယူသွားကြတယ်။ အိမ်ရှင်တွေက အိမ်မှာမရှိတာကြာပြီ” ဟု  တမူးမြို့ဒေသခံတစ်ဦးက ပြောသည်။ ဦးရမ်ထန်သည် သာမာန်အရပ်သားဖြစ်ပြီး တမူးမြို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့အန္တရာယ်ပေးမည်ကိုကြောက်ရွံ့သောကြောင့် တစ်ခြားဒေသသို့ပြောင်းရွှေ့နေထိုင်သွားခြင်းဖြစ်သည်။  Read in Full

၃၁။ လားရှိုးထောင်က အကျဉ်းသား တစ်ရာနီးပါး ထောင်ဖောက်ထွက်ပြေး
 October 15, 2024
ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ အကျဉ်းထောင်အတွင်းကနေ အကျဉ်းသား ၉၇ ဦး ထွက် ပြေးခဲ့ပြီး အဲဒီအထဲက လေးဆယ်ကျော်ကို ပြန်ဖမ်းမိထားတယ်လို့ လားရှိုးမြို့ခံနဲ့ MNDAA တပ်ဖွဲ့နဲ့ နီးစပ်သူတွေက အောက်တို ဘာလ ၁၅ ရက် ဒီနေ့မှာ ပြောပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့မနက်အစောပိုင်းမှာ အကျဉ်း ထောင်တံခါးကို သော့ဖျက် ထွက်ပြေးခဲ့တာဖြစ်ပြီး MNDAA တပ်ဖွဲ့က မနေ့ကအထိ အကျဉ်းသားလေးဆယ်ကျော်ကို ပြန်ဖမ်းမိခဲ့တာလို့ လားရှိုးမြို့ခံတစ်ဦး က ပြောပါတယ်။“မနက်အစောကြီး ထောင်ကနေ ဖောက်ပြီးပြေးကြတာ။ စုစုပေါင်း ၉၇ ယောက်ရှိတယ်ပေါ့နော်။ အဲဒါ အခု မြို့ထဲမှာ MNDAA ဘက်ကလိုက်ပြီး စစ်ဆေးတာတွေ ဖမ်းဆီးတာတွေ လုပ်နေတယ်။ လုံခြုံရေးတွေလည်း တင်းကြပ်ထားတယ်” အကျဉ်းသားတွေ ထွက်ပြေးပြီး နောက်တစ်ရက်မှာပဲ လားရှိုးမြို့ကို MNDAA က ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြန်လည် ဖြတ် တောက်လိုက်တယ်လို့ သူက ပြောပါတယ်။ မြို့အဝင် အထွက်တွေမှာ မှတ်ပုံတင်နဲ့ လူကို တိုက်ဆိုင်စစ်ဆေးတာတွေ လုပ်နေ သလို မြို့အတွင်းက လူမနေတဲ့ နေအိမ်တွေကိုလည်း လိုက်လံစစ်ဆေးတာတွေ လုပ်နေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

“လူမရှိတဲ့ သော့ခတ်ထားတဲ့ အိမ်တွေကို ဝင်စစ်တာတွေ လုပ်တယ်။ မြို့အဝင်အထွက်လည်း သေချာစစ်နေတာ။ ထွက်ပြေးတဲ့ သူ အကုန်မမိသေးတော့ ထပ်ရှာနေတဲ့သဘောလို့ ပြောလို့ရတယ်” အခုထွက်ပြေးတဲ့ သူတွေထဲမှာ စစ်ကောင်စီ သတင်းပေးဆိုပြီး ဖမ်းဆီးခံထားရသူတွေ၊ တိုက်ပွဲမှာ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့ ခိုးမှု၊ လုယက်မှု၊ မူးယစ်ဆေး အမှုနဲ့ ဖမ်းဆီးခံရသူတွေ အများဆုံး ပါနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို အကျဉ်းသားတွေ ထွက်ပြေးသွားတဲ့ အထွက် မြို့ထဲမှာ ရာဇဝတ်မှုတွေဖြစ်လာမှာ စိုးရိမ်နေကြတယ်လို့ လားရှိုး ဒေသခံတစ်ဦးက ပြောပါတယ်။“အကျဉ်းထောင် ကနေ လူအများကြီး အခုလို ထွက်ပြေးတာဆိုတော့ လုံခြုံရေးအပိုင်း အတော်ပေါ့ဆတယ်လို့ ပြောရမယ်။ ဒီလူတွေက မြို့ထဲမှာ နေပြီး လိုက်ခိုးတာတို့၊ ဘာတို့လုပ်ရင် ဘယ်လိုလုပ်မလဲပေါ့နော်။ မူယစ်ဆေးသမားတွေလည်း ပါတယ်လို့ကြားတော့လေ” MNDAA တာဝန်ရှိသူတွေကတော့ မြို့ခံတွေကို ခေါ်ယူရှင်းပြခဲ့သလို နောင်ကို အခုလို လုံခြုံရေးပေါ့ဆတဲ့ ကိစ္စမျိုးမဖြစ်အောင် ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း ပြောကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ Read in Full

၃၂။ ထားဝယ်မှာ စက်သုံးဆီတင် ဆိပ်ခံသင်္ဘော မီးလောင်မှု ခုနစ်ဦးသေဆုံး
 October 15, 2024
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ကမ်းနားလမ်း ကြက်စားပြင် ရပ်ကွက်မှာ စက်သုံးဆီတင် ဆိပ်ခံသင်္ဘော မီးလောင်မှုအ တွင်း လူခုနစ်ဦးသေဆုံးသွားတယ်လို့ ထားဝယ်ဒေသခံတွေက ဒီနေ့ ပြောပါတယ်။ အောက်တိုဘာလ ၁၄ ရက် ညနေ လေးနာရီ အချိန်က စက်သုံးဆီတင် ဆိပ်ခံသင်္ဘော မီးလောင်ပေါက်ကွဲမှုဟာ အောက်တိုဘာလ ၁၅ ရက် ဒီနေ့မနက် ကိုးနာရီအချိန်ရောက်မှ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ မီးလောင်မှုအတွင်း အမျိုးသား၊ အမျိုးသမီး ခွဲခြားမရတဲ့ ရုပ်အလောင်း ခုနစ်လောင်းနဲ့ ထိခိုက်ဒဏ်ရာရသူ လေးဦးရှိတယ်လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ထားဝယ်မြို့ ပြည်သူ့ဆေး ရုံ ကြီးမှာ ဆေးကုသမှုခံယူနေပြီး လတ်တလောအခြေအနေ မသိရသေးလို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထားဝယ်မြို့ခံ တစ်ဦးကတော့ မီးလောင်မှုမှာ အသက်နှစ်ဆယ်အရွယ် သူ့ရဲ့ မိတ် ဆွေ တစ်ဦးလည်း မီးလောင်သေဆုံးသွားတယ်လို့ ပြောပါတယ်။“ကျွန်တော့် သူငယ်ချင်းလည်း သေသွားတယ်။ သူက အဲဒီဆိပ်ကမ်း မှာ ဆီဖြည့်တဲ့အလုပ်လုပ်တာ။ မီးလောင်အားက တော်တော်ပြင်းတယ်။ မီးလောင်ချိန်လည်း ကြာတယ်” အဲဒီဆိပ်ကမ်းဟာ စက်သုံးဆီသိုလှောင်ပြီး ထားဝယ်ခရိုင်တစ်ခုလုံးကို ဖြန့်ဖြူးတဲ့ ဆိပ်ကမ်းတစ်ခု ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့ကတော့ အသေးစိတ် မသိရသေးတဲ့အကြောင်း ပြောပါတယ်။ Read in Full

၃၃။ စစ်ကောင်စီနှင့် ထိတွေ့နေသည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်အဖွဲ့ကို PNLO/PNLA မှ ထုတ်ပယ်​
 October 14, 2024
အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားနေသော ပအိုဝ်းအမျိုးသား လွတ်မြောက် ရေး အဖွဲ့ချုပ် (PNLO/PNLA)၏ ဦးဆောင်နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်အဖွဲ့ကို အပြစ်ပေး အရေး ယူသည့် အနေ ဖြင့် ယင်းအဖွဲ့မှ ထုတ်ပယ်​လိုက်ကြောင်း တာဝန်ရှိသူများထံက သိရသည်။ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ တွဲဖက်အထွေထွေ အတွင်း ရေးမှူး (၁)၊ (၂)ဖြစ်သော ဗိုလ်မှူးခွန်မင်းသိမ်းနှင့် နန်းယဉ်ယဉ်စိုးတို့သည် နုတ်ထွက်ခွင့်ပြုသည်ဟု ဗဟိုကော်မတီအစည်းအဝေး ကမဆုံးဖြတ်ခင် အဖွဲ့အမည်ကိုအလွဲသုံးစားပြု၍ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သောကြောင့် အဖွဲ့ဝင်၊တပ်ဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက် ကြောင်း PNLO/PNLA က ထုတ်ပြန်သည်။“အဓိကကတော့ ဖြာခွန်ဥက္ကာတို့က အဖွဲ့ချုပ်ရဲ့ အခြေခံမူတွေအတိုင်း မလုပ်ဆောင် ဘဲနဲ့ အဖွဲ့တစ်ခုကိုထပ်ပြီးတော့မှ ဖွဲ့တဲ့ပုံစံမျိုးလုပ်တဲ့အခါကျတော့ အဖွဲ့ချုပ်ကနေအဖွဲ့ရဲ့ အခြေခံမူတွေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေအရ အပြစ်ပေးအရေးယူရတဲ့အဆင့်မျိုး ဖြစ်သွားတာပေါ့” ဟု PNLO/PNLA ပြောခွင့်ရ ဗိုလ်မှူးကြီး ခွန်အောင်မန်း က ပြောသည်။

အဆိုပါသုံးဦးသည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေခဲ့ရာမှ ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက် က နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ PNLO (NCA-S) ဟု ပြန်လည်ဖွဲ့စည်းကာ တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လမ်းစဉ်နှင့်အညီ ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ သည်။ ယင်းနောက် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) က တန်ပြန်၍ ယခုကဲ့သို့ ထုတ်ပြန်ကာ PNLO (NCA-S) အဖွဲ့ ဖွဲ့စည်းမှုသည် PNLO ၏ အခြေခံမူနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး ထုတ်ပယ်မှုအပေါ် အဖွဲ့ ၏ လာမည့် စတုတ္ထအကြိမ် ညီလာခံတွင် အယူခံဝင်ခွင့်ရှိကြောင်း ဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီက အာဏာသိမ်းပြီး ချိန်မှစ၍ NCA ပါ သဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်သည့် အခင်းအကျင်း မရှိတော့သော်လည်း PNLO/PNLA သည် NCA ၏ အနှစ် သာရ သုံးချက်အား ယခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်အထိ သုံးနှစ်တိုင်တိုင် ပါဝင်ကြိုးပမ်းခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။“အဲဒီလို ဖော်ဆောင်နေတဲ့ အချိန်မှာပဲ နိုင်ငံတဝန်းလုံးမှာ လူထုတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို တစ်နေ့တခြား စစ်တပ်က ပိုပြီးဖျက်ဆီး လုပ်ဆောင်မှုလာတော့ NCA က စာချုပ်အနေနဲ့ပဲ ရှိနေတော့ပြီး ဘယ်လို မှ အကောင်အထည် ဖော်လို့မရတော့ဘူး” ဟု PNLO/PNLA ပြောခွင့်ရ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။ 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

 

Related Articles

Back to top button