တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 77, September 24, 2024)

၁။ ချင်းပြည်အစိုးရ/CNF နှင့် ICNCC/CB တွေ့ဆုံမှု အချက် ၅ ချက်ကို ကနဦး သဘောတူညီမှုရရှိ
 September 23, 2024
Zo Reunification Organization (ZORO) ဦးဆောင်မှုဖြင့် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ချင်းပြည်အစိုး ရအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ချင်းညီနောင် CB အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက် ၅ ချက်ကို ကနဦးသဘောတူညီမှုရရှိကြသည်ဟု ZORO ကထုတ်ပြန်သည်။ ဆွေးနွေးပွဲတွင် ချင်း-ကူကီး-မီဇိုး မျိုးနွယ်စုများသည် ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာတူညီသော သေအတူ ရှင်မကွဲနေထိုင်လာခဲ့ကြသည့် ညီရင်းအကိုများဖြစ်ကြကြောင်းလက်ခံ ကြပြီး၊ တိုင်းပြည်နှင့်လူမျိုးအတွက် တော်လှန်ရေး ဆောင် ရွက်သည့်အချိန်တွင် ညီအကိုအချင်းချင်းကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်သည့်အပေါ်စိတ်မကောင်းဖြစ်ကြပြီး နောက်နောင် တွင် ဤကဲ့သို့ ထပ်မဖြစ်ရန် သဘောတူခဲ့ကြသည်ဟု ZORO က ထုတ်ပြန်သော သဘောတူညီချက်ထဲတွင် ဖော်ပြထားသည်။ နောက်နောင်တွင် နှစ်ဖက်အဖွဲ့အစည်းများအကြား သဘောထားကွဲလွဲမှုရှိလာခဲ့ပါက လက်နက်ဖြင့်ဖြေရှင်းသည့် နည်းလမ်းကို အသုံးမပြုကြရန် သဘောတူကြပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်လာစေရေးအတွက် နှစ်ဖက်အဖွဲ့ အစည်းမှတာဝန်ရှိသူ များသည် လိုအပ်သလို ထပ်မံတွေ့ဆုံမှုများပြုသွားရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ငြိမ်းချမ်းရေးကော်မတီတရပ် ထားရှိရန်လည်းလိုလားကြပြီး နောက်တစ်ကြိမ်ဆွေးနွေးမှုတွင် ငြိမ်းချမ်းရေး ကော်မတီတရပ်ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်ဟု ZORO ကထုတ်ပြန်သည်။ တွေ့ဆုံဆွေးနွေးပွဲကို မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် အကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ ZORO ဒုဥက္ကဌ ပူးလာလ်မွန်ပွီး ယာ ပွန်သဲ ရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့ကြပြီး ချင်းပြည်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ပူးပါထန်း၊ ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဌ ပူးထန်းနိန်းကီးတို့ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ကြား ကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ဘက်က ဆလိုင်းလျန်လွယ်၊ ချင်းညီနောင်မှ Paw Sila၊ ဆလိုင်းပီတာထန်း တို့ဦးဆောင်သော ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။ Read in Full

 
၂။  သံဖြူဇရပ်မှာ စစ်ကြောရေးရောက်နေတဲ့ ပရဟိတသမားတွေ မိသားစုနဲ့ အဆက်အသွယ်မရ
 September 23, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲကလိရွာအခြေစိုက် အမှတ် (၄) တပ်မတော် တန်းမြင့်သင်တန်းကျောင်းက စစ်ကြောရေးစခန်းမှာ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းက အသင်းဝင်ကိုးဦး အချိန်တစ်ပတ်နီးပါးကြာလာတဲ့ အထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ သံဖြူဇရပ်မြို့ အောင်မင်္ဂလာရပ်ကွက်အခြေစိုက် အခမဲ့ နာရေးပို့တာနဲ့ လူနာတင်ယာဥ် ပြေးဆွဲပေးနေတဲ့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဖြစ်တဲ့ ဦးရဲမင်းထိုက်၊ ဦးဇော်ဝမ်း၊ ကိုရဲလှိုင်ဦး၊ ကိုဝင်းကြည်၊ ကိုဟိန်းစည်သူမင်းဦးတို့ အပါအဝင် အသင်းဝင်ကိုးဦးကို  စက်တင်ဘာ ၁၈ ရက်နေ့နဲ့ ၂၀ ရက်နေ့တွေ မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ စစ်ကြောရေးစခန်းမှာ စစ်ဆေးတဲ့ရက် ကြာလာတာနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေတွေကို မသိရတာကြောင့် စိုးရိမ်နေရတယ်လို့ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အခုထိ ဘာမှကို အဆက်သွယ်မရဘူး။ မိသားစုတွေနဲ့လည်း အဆက်သွယ်မရဘူး။ စစ်နေတုန်းလို့တော့ ကြားတယ်။ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာလည်း မသိရဘူး။ မိသားစုနဲ့လည်း ပေးမတွေ့ဘူး” အာဏာသိမ်းပြီးနောက် မွန်ပြည် နယ်မှာ လူမှုကူညီရေး အသင်းဝင်တွေ ဖမ်းဆီးခံရမှု မကြာခဏဆိုသလို ရှိနေတာကြောင့် လွတ်လွတ်လပ်လပ် သွား လာကူညီခွင့်မရှိဘဲ ဖြစ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့ကလည်း မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့အခြေစိုက် လမိုင်း လူငယ်ပရဟိတအဖွဲ့ရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအပါအဝင် စုစုပေါင်း အဖွဲ့ ဝင် ငါးဦးကို စစ်ကောင်စီတပ် ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ Read in Full

၃။ လားရှိုးမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှု တစ်ဦးသေဆုံး၊ ၁၅ ဦးခန့် ဒဏ်ရာရ
 September 24, 2024
ကိုးကန့်တပ်မတော် (MNDAA) သိမ်းပိုက်ထာတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က စက်တင် ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့မနက် ၁ နာရီခွဲ အချိန်မှာ လားရှိုးမြို့ ရပ်ကွက် (၂) က ရထိုက် ဟိုတယ်နဲ့ ဖူလီလိုက် ဟိုတယ်တွေကို ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခဲ့တာပါ။ မနက် ၄ နာရီ အချိန်မှာလည်း အဲဒီဟိုတယ်တွေအနီးကို လေကြောင်းကနေ ဗုံးနှစ်လုံး ထပ်မံကြဲချတာကြောင့် အရပ်သားတွေထိ ခိုက်သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါ တယ်။“နှစ်ကြိမ်ကို လေးလုံးကြဲသွားတာ။ အဲဒီနေရာတွေပဲ။ ဟိုတယ်တွေတော့ အတော်ပျက်စီးသွားတယ်။ နောက်တစ်ကြိမ် လာတာ လပ်ကီး ရွှေဆိုင်အိမ်လည်း ထိတယ်။ အဲနားက အမျိုးသမီးတစ်ယောက် သေတယ်။ ဒဏ်ရာရတဲ့သူက ဆယ့်ငါးဦး လောက်ရှိတယ်” ဒဏ်ရာရတဲ့သူတွေဟာ ဟိုတယ်အနီးတစ်ဝိုက်က နေအိမ်တွေမှာ နေထိုင်သူတွေဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး စတဲ့ အရေအတွက်အတိအကျနဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။ ဒဏ်ရာရတဲ့ သူတွေကို MNDAA က နီးစပ်ရာ ဆေးရုံတွေကို ပို့ဆောင်ပေးထားလို့လည်း ဆိုပါတယ်။

MNDAA က လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း သြဂုတ်လ ၃၀ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က လားရှိုးမြို့ကို လေကြောင်းကနေ ငါးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ပြီး အရပ်သားနှစ်ဆယ်ကျော်ဒဏ်ရာရခဲ့ပါတယ်။ MNDAA ဘက်ကတော့ စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်မြှင့်တင်ရေး ဆောင်ရွက်နေသူတွေရဲ့ ကြိုးပမ်းမှုကို ထိခိုက်စေတယ်လို့ စက်တင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ Read in Full

၄။ ပွင့်လင်းရာသီမှာဗျူဟာမြောက်စစ်ဆင်ရေးတွေ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ မွန်တော်လှန်ရေးအဖွဲ့တွေပြော
 September 23, 2024
လာမယ့် ပွင့်လင်းခြောက်သွေ့ရာသီမှာ မဟာမိတ်တွေနဲ့အတူ လှုပ်ရှားတဲ့ဒေသတွေမှာ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ မွန်လက်နက်ကိုင် တော်လှန်‌ရေးအဖွဲ့တွေက ပြောပါတယ်။ ဒါပေမယ့် ဘယ်လိုမျိုး ဗျူဟာ မြောက် စစ်ဆင်ရေးတွေလုပ်သွားမယ် ဘယ်လိုတွေပြင်ဆင်နေလဲ ဆိုတာကိုတော့ စစ်ရေးဆိုင်ရာလုံခြုံရေးအရ ထုတ်ပြောတာ တော့ မရှိခဲ့ပါဘူး။  မွန်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ တပ်ပေါင်းစုအသွင်ဟန်ချက်ညီညီ ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့ မွန်လူငယ်နိုင်ငံရေးဆွေးနွေးပွဲကနေ ဘုံသဘောတူညီချက်တစ်ခုအဖြစ် တိုက်တွန်းထားတာပါ။ မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းက မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ဗျူဟာမြောက် စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်ဖို့ ဆွေးနွေးခဲ့ကြသလို  အောက်ခြေအဆင့် တပ်မှူးတွေကြားမှာလည်း ကျစ်ကျစ်လစ်လစ် ပူးပေါင်း တိုက်ပွဲဝင်နိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။ “MSFC၊ NMSP-AD ညှိနှိုင်းရေးအဖွဲ့မှာ မဟာဗျူဟာမြောက် ပူးပေါင်းမှုကနေ တဆင့် ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြသလို အောက်ခြေအဆင့် တပ်မှူးတွေကြားမှာလည်း တိုက်ပွဲဖော်ဆောင်မှုတွေမှာ ကျစ်ကျစ်လစ်လစ် ပူးပေါင်းတိုက်ပွဲဝင်နိုင်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်။ ဒါကြောင့်မို့ လာမယ့်ပွင့် လင်းရာသီမှာ MSDF၊ MSRF၊ NMSP – AD တို့ကြား မဟာဗျူဟာမြောက် စစ်ဆင်ရေး စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားနိုင်မှာပါ” လို့ ဆိုပါတယ်။

MSDF ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး မွန်ပြည် ဖက်ဒရယ်ကောင်စီ MSFC ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့နဲ့အတူ စစ်ရေး၊ နိုင်ငံရေးပူးပေါင်းဖို့ ၂၀၂၄ ခုနှစ် ဧပြီမှာ ကြေ ညာခဲ့ပါတယ်။ အလားတူ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တို့ နိုင်ငံရေး၊ စစ်ရေးနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ရရှိခဲ့တယ်လို့ နှစ်ဘက်အဖွဲ့ က ပူးတွဲကြေညာ ထားတာပါ။ လက်ရှိ မွန်ပြည်နယ်က‌ ရေး၊ သံဖြူဇရပ်၊မုဒုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ မွန်ပြည်ကာကွယ်ရေးတပ် MSDF၊ မွန်ပြည် တော်လှန်ရေးတပ် MSRF၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA နဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP -AD တို့ သက်ဆိုင်ရာ ဒေသအလိုက် လှုပ် ရှားနေပါတယ်။ မွန်နိုင်ငံရေး စစ်ရေးအကဲခတ် တစ်ဦးကတော့ မွန်လက်နက်ကိုင် တော် လှန်ရေးအဖွဲ့တွေနဲ့ ဒေသတွင်းတော်လှန်ရေးအဖွဲ့တို့ စစ်ရေးအရ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် မွန်နဲ့ကရင် ဒေသ အနှံ့ စစ်မျက်နှာဖွင့်ရမယ်လို့ ထောက်ပြပါတယ်။ ဒေါက်တာ သီရိမွန်ချမ်း ကတော့ ဒီလိုအချိန်ကာလမှာ မဟာဗျူဟာမြောက် စစ်ရေးဆိုင်ရာပူးပေါင်းမှုတွေ မလုပ်နိုင်ရင် ဘယ်တော့မှလုပ်နိုင်မှာ မဟုတ်တဲ့အတွက် ပူးပေါင်းစစ်ဆင်ရေးတွေ မဖြစ်မနေလုပ် သွားမယ်လို့ မှတ်ချက်ပြုထားပါတယ်။ Read in Full

၅။ ဝိုင်းမော်တွင် KIA နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိ
 September 23, 2024
ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေပြီး မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။ ဝိုင်းမော်မြို့ နယ်၊ ဝူယန်ကျေးရွာအုပ်စုရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ ၅၈) အနီးတွင်း ပစ်ခတ်မှုများ မကြာခဏဖြစ်နေသည်ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။“အခုဒီဘက်မှာ ပစ်ခတ်မှုတွေခဏခဏဖြစ်နေတယ်။ တစ်ပတ်မှာ အနည်း ဆုံး သုံးရက်လောက်တော့ဖြစ်တယ်။ စစ်ကောင်စီတွေလှုပ်ရှားလာလို့ တိုက်ပွဲဖြစ်တာဟုတ်တယ်။ မနေ့ညလည်း တိုက်ပွဲဖြစ် သေး တယ်။ ဒီဘက် တိုက်ပွဲဖြစ်ရင် သူတို့ဘက်က အထိခိုက်များလာပြီဆို လက်နက်ကြီးတွေနဲ့လှမ်းပစ်တာ” ဟုပြောသည်။ ဝိုင်းမော်မြို့နယ်၊ ဝါးရှောင်ကျေးရွာအုပ်စုနှင့် ဝူယန်ကျေးရွာအုပ်စုတို့တွင် ထိတွေ့တိုက်ပွဲနှင့် အပြန်အလှန်ပစ်ခတ်မှုများ မကြာ ခဏ ဖြစ်ပွားနေသည်မှာ သုံးပတ်ခန့်ရှိလာပြီဖြစ်ကြောင်း KIA တပ်ဖွဲ့ဝင်အချို့၏ပြောပြချက်အရ သိရသည်။

မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဝိုင်းမော်မြို့နယ်သို့ ည ၉ နာရီမှ ၁၁ နာရီအတွင်း လက်နက်ကြီး ပစ်ခတ်လေ့ရှိကြောင်း မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးကပြောသည်။“မနေ့ညကလည်း လက်နက်ကြီးပစ်တာရှိတယ်။ လက်နက်ကြီးကတော့ တစ်ညမှာအနည်းဆုံး ခုနှစ်ချက်လောက် ကြားရတယ်။ ညဆိုရင်အသံကကြားနေရပြီ။ လက်နက်ကြီးပစ်တာ က အရင်ကလို ဝိုင်းမော်ဘက် မီးလုံးတွေ ပျံနေတာတွေ့ရတယ်။ အရင်ပတ်ကဆိုရင် သုံးညလောက်ဆက်တိုက်ကြားရတယ် အသံကညသန်းခေါင်မှ ကြားကြားရတယ်” ဟုပြောသည်။   စစ်ကောင်စီတပ်နှင့် လက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့များက လက်ရှိ ဝိုင်းမော်မြို့နယ် ဗလမင်းထင်တံတား၊ ဝိုင်းမော်မြို့အဝင်ရှိ ဝိုင်းမော်တံတား၊ ခတ်ချိုသွားလမ်းရှိ မုတ်လွဲလမ်းဆုံနှင့် ခလရ – ၅၈ အနီးတစ်တို့တွင် စခန်းချနေထိုင်နေကြောင်း သိရသည်။ ဝိုင်းမော်မြို့နယ်တွင် ရွှေညောင်ပင်ကျေးရွာရှိ စစ်ကောင်စီခြေမြန် တပ်ရင်း ခ.မ.ရ (၃၂၁) နှင့် မြို့ပြင်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဝိုင်းမော် – ဝါးရှောင်လမ်းပေါ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့တို့၏ တပ်စခန်းအချို့ ကျန်ရှိနေဆဲဖြစ်သည်။ Read in Full

၆။ ဗိုလ်မှူးကြီး ခွန်ဥက္ကာနုတ်ထွက်သော်လည်း PNLA တပ်များ PNLO ဦးဆောင်မှုအောက် ဆက်ရှိမည်
 September 23, 2024
ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့  ဗဟိုအလုပ်မှုဆောင် ၁၀ ရာခိုင်နှုန်းဝန်းလောက် နုတ်ထွက်သွားပေမဲ့ PNLA တပ်တွေကတော့ လက်ရှိ PNLO ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာပဲ ဆက်ရှိနေလိမ့်မယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) ပြောခွင့်ရ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြော ပါတယ်။ ခွန်သူရိန် ဦးဆောင်တဲ့  (PNLO-ခွဲထွက်) အဖွဲ့ကနေ အပြီးအပိုင် နုတ်ထွက်လိုက်ကြောင်းနဲ့ နောက်နောင် (PNLO-ခွဲထွက်)ရဲ့ လုပ်ဆောင်မှု အဝဝဟာ မိမိနဲ့ လုံးဝသက်ဆိုင်တော့မှာ မဟုတ်ကြောင်း PNLO/PNLA ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက စက်တင်ဘာ ၁၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။ ဒါဟာ စက်တင်ဘာ ၁၁ ရက်က ကျင်းပခဲ့တဲ့ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးဆုံးဖြတ်ချက် တွေကို လက်မခံတာကြောင့် အခုလိုနုတ်ထွက်တာဖြစ်တယ်လို့ PNLO ပြောခွင့်ရ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောပါတယ်။ PNLO ဗဟိုအလုပ်မှုဆောင်အစည်းအဝေးကနေ အဖွဲ့ကို ဦးဆောင်ဖို့ ဥက္ကဋ္ဌ အဖွဲ့ ၃ ယောက်၊ အထွေထွေအတွင်းရေးမှူး ၁ ယောက် ၊ ဗဟို အလုပ်အမှုဆောင်ကော်မတီ တယောက် စုစုပေါင်း ပုဂ္ဂိုလ် ၅ ယောက်ကိုတာဝန်ပေးခဲ့တာပါ။

ခုလိုဆုံးဖြတ်တာဟာ ခေါင်းဆောင်မှုပိုင်းကို ပိုပြီးကျစ်လစ်အောင်ဆောင်ရွက်တာဖြစ်ပြီး ဆုံးဖြတ်ချက်ကို လက်မခံတဲ့ ဗဟိုအလုပ်မှုဆောင် ၁၀ ရာခိုင်နှုန်း ဝန်းကျင်လည်း အစည်းအဝေးမှာ နုတ်ထွက်ဖို့တင်ပြလာခဲ့တယ်လို့လည်း PNLO ပြောခွင့်ရသူက ပြောပါတယ်။ အခုလိုမျိုး နိုင်ငံရေးဦးဆောင်မှုပိုင်းမှာ ပါဝင်နေသူတချို့ နုတ်ထွက်တာတွေရှိပေမဲ့လည်း PNLA တပ်တွေ ကတော့ အဖွဲ့အစည်းရဲ့ ကွပ်ကဲမှုအောက်မှာပဲ ဆက်ရှိနေလိမ့်မယ်လို့လည်း ဆိုပါတယ်။ PNLO/PNLA ဟာ NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ NCA လမ်းကြောင်းကို လက်မခံတော့ဘဲ နွေဦးတော်လှန် ရေးထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး ရှမ်း၊ ကရင်နီနယ်စပ်မှာ တခြားသော မိတ်ဖက်အဖွဲ့တွေနဲ့အတူ စစ်ကောင်စီကို တော်လှန် နေတာပါ။ PNLO ဟာ ၂၀၁၅ ခုနှစ် ဦးသိန်းစိန်းအစိုးရလက်ထက်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာတော့ NCA လမ်း ကြောင်းကိုစွန့်လွှတ်ပြီး တော်လှန်ရေးထဲ ပါဝင်လာတာဖြစ်ပါတယ်။ Read in Full

၇။ ဖားကန့်တမြို့လုံးနီးပါး စစ်ရှောင်နေ
 September 23, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာမှာ စက်တင်ဘာ ၇ ရက်ကစတင်ခဲ့တဲ့ တိုက်ပွဲကြောင့် ဆိုင်းတောင်နဲ့ ဖားကန့်မြို့ခံ အားလုံးနီးပါး စစ်ရှောင်နေရကြောင်းနဲ့ ဆိုင်းတောင်တိုက်ပွဲ ၁၇ ရက်တာအတွင်း စစ်ရှောင်သောင်းနဲ့ချီလာတဲ့ အကြောင်း ဒေသခံတွေနဲ့ KIA တာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ ခန့်မှန်းအင်အား ၅၀ လောက်ဟာ ဆိုင်းတောင် ထဲက Lucky Men Hotel နဲ့ အနီးတဝိုက် ၁၇ ရက်ကြာတဲ့အထိ တပ်စွဲထားပြီး နေရာအနှံ့ကို ဖားကန့်ဗျူဟာကုန်းအပြင် လေကြောင်းကနေပါ နေ့တိုင်းပစ်ခတ်နေတာပါ။ ဒါကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက Hotel ထဲက စစ်ကောင်စီတပ်တွေကို ထွက်ပေါက်မရှိအောင် ပိတ်ဆို့ထားပြီး ဗျူဟာကုန်းဘက်ကိုလည်း လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တာ ရှိကြောင်း သိရပါတယ်။ KIO/KIA သတင်းပြန်ကြားရေးတာဝန် ခံ ဗိုလ်မှူးကြီးနော်ဘူ က “ဗျူဟာကုန်းဘက်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူပြီးမှ အယောင်ပြတဲ့သဘောမျိုးနဲ့ စစ်ကြောင်းတွေ တိုက်ပွဲဖော်ဆောင်တဲ့ဟာတွေလည်း ရှိတယ်။ KIA နဲ့ တပ်ပေါင်းစုတွေလည်း နေရာတော်တော်များများမှာ သူတို့ရဲ့စစ်အင်အားတွေ ဖြန့်ထားပြီးမှ စောင့်ကြည့်နေတယ်။ ဒါကြောင့် နည်းနည်းလှုပ်ရှားတာနဲ့ တိုက်ပွဲတွေရှိတယ်။ ဒါကြောင့် ပြည်သူလူထုတွေကတော့ တမြို့လုံးပေါ့နော်၊ ဖားကန့်တမြို့လုံးကို စစ်ရှောင်ကြတာ။ တကယ့်တိုက်ပွဲကတော့ အဲဒီဆိုင်းတောင်မှာကတော့ အဓိကဖြစ်ပါတယ်။ လေကြောင်းနဲ့ တိုက်ခိုက်တာတွေ ရှိပါတယ်” လို့ ပြောပါတယ်။

ဖားကန့်မြို့ခံတွေကတော့ စက်တင်ဘာ ၂၀ ရက်ဝန်းကျင်မှာ ဖားကန့်မြို့ဘက်မှာပါ စစ်ရေးလှုပ်ရှားလာတဲ့သတင်းတွေ ကြောင့် စိုးရိမ်ပြီး ကြိုတင်စစ်ရှောင်နေတာဖြစ်ပါတယ်။ စစ်ရှောင်အများစုဟာ တခြားမြို့တွေနဲ့ လုံးခင်းဘက်ကို ထွက် ခွာ ကြပြီး မှော်ရှန်နဲ့ တချို့ရွာတွေမှာ ခိုလှုံကြသူတွေလည်းရှိကြောင်း မြို့ခံက ပြောပါတယ်။ ဖားကန့်မြို့ခံတယောက်က “စစ်ရေး လှုပ်ရှားမှုတွေ ရှိမယ်ဆိုပြီးတော့မှ ရှောင်ကြတာပါဗျ။ ဟိုလိုမျိုး ဟိုလိုကြီး ဇွတ်ကြီးဖယ်ခိုင်းတာတို့ ဘာတို့တော့ အဲလိုမရှိပါ ဘူးဗျ။ ဖားကန့်မြို့ပေါ်ကတော့ အကုန်ရှောင်ရတာဗျ။ သိပ်မရှိတော့ဘူး၊ အိမ်စောင့်တချို့ အိမ်စိတ်မချတဲ့သူလောက်ပဲ ရှိတော့ တာ။ နေ့စဉ် ဒီ ကားတို့ ဆိုင်ကယ်တို့နဲ့ ဆင်းတဲ့သူကတော့ ၃,၀၀၀ ဝန်းကျင်လောက်တော့ရှိမယ်။ ဘုရားကျောင်းတို့၊ ဘုန်းကြီး ကျောင်းတို့ ကျန်တဲ့ လုံးခင်းအုပ်စုထဲက ရွာတွေထဲမှာနေတာတွေ အားလုံးရှောင်ခဲ့တာ ဆိုရင်တော့ အားလုံး ၁၅,၀၀၀ လောက် စစ်ရှောင်ကြတယ်” လို့ ပြောပါတယ်။ ဆိုင်းတောင်တိုက်ပွဲကတော့ ဆက်ဖြစ်နေပြီး တပ်ပေါင်းစုတွေဘက်က စခန်းတချို့ကို သိမ်းထားနိုင်ပေမဲ့ စစ်တပ်က စက်တင်ဘာ ၂၂ ရက်မှာ ယူမာဘက်ကို ဗုံးကြဲခဲ့သလို ညပိုင်းမှာလည်း မရှီကထောင်ဘက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်သံတချို့ ကြားခဲ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။ Read in Full

၈။ တနင်္သာရီတွင် စစ်တပ် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရ
 September 23, 2024
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းရွာမှာ စက်တင်ဘာ ၂၃ ရက် မနက် ၉ နာရီဝန်းကျင်က စစ်ကောင်စီရဲ့ ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၃ ယောက်မှာ ထိခိုက်ဒဏ်ရာပြင်း ထန်ရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ မော်တုန်းရွာအခြေစိုက် ၃ဝ၆ အမြောက်တပ်ကနေ ဒရုန်း နဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ညောင်ပင်ကုန်းရွာခံ အသက် ၃၆ နှစ်အရွယ် ဒေါ်ကမိုးနဲ့ အသက် ၃၂ နှစ်အရွယ် ဒေါ်ငြိမ်းငြိမ်းယု အပါ အဝင် အသက် ၆ဝ အရွယ် ဒေါ်တင်ရီ ဆိုသူ အမျိုးသမီးတို့မှာ ဗုံးသီးထိမှန်ဒဏ်ရာ ရခဲ့ကြတယ်လို့ ပြောပါတယ်။ မော်တုန်း ရွာ သားတယောက်က “ညောင်ပင်ကုန်းလမ်းဆုံမှာ ကျတယ်။ သူငယ်ချင်းအမေ တယောက်လည်း ထိသွားတယ်။ အမြောက်တပ်ကနေ ဒရုန်းနဲ့ ဗုံးသီးလာချတာပါ။ သူတို့က ဗုံးသီးလိုက်ချနေတာပဲ။ တခြားနေရာတွေမှာလည်း လိုက်ချနေတယ်။ နေအိမ်တွေတော့ မပျက်စီးဘူး” လို့ ပြောပါတယ်။ ထိခိုက်လူနာ ၃ ယောက်စလုံးမှာ ဒဏ်ရာပြင်းထန်ပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရ ပြီး ဒေါ်တင်ရီ မှာတော့ နားအနောက်ဘက်နဲ့ ညာဘက်ပေါင်မှာ ထိခိုက်ကာ ဒေါ်ငြိမ်းငြိမ်းယုမှာတော့ လက်တဖက် ဒဏ်ရာရခဲ့ပြီး ဒေါ်ကမိုးမှာတော့ ခြေနှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဓာတ်ပုံမှတ်တမ်းတွေအရ သိရပါတယ်။

ထိခိုက်လူနာ အမျိုးသမီးတွေကို အဆိုပါနေ့ နေ့လယ် ၁ နာရီမှာ နာရေးကားတွေနဲ့ မြိတ်မြို့ ရှိ စစ်တပ်ဆေးရုံ ပို့ဆောင် ခဲ့ပေမဲ့ လက်မခံတာကြောင့် မြိတ်ပြည်သူ့ဆေးရုံကြီးဆီကို တဖန်ပို့‌ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ရွာခံတယောက်က “သွေးတွေ တအားအထွက်များပြီးတော့ လက်လှမ်းမီသလောက် ဆေးခန်းတွေမှာ ပြတယ်။ အဆင်မပြေတော့ မြိတ်က နာရေးကား အကူ အညီတောင်းပြီး မြိတ်တပ်ဆေးရုံကို ပို့တယ်။ တပ်ဆေးရုံက အဆင်မပြေဘူးဆိုပြီး မြိတ်ဆေးရုံကြီးကို ပို့ခိုင်းတယ်။ လူနာတွေက စိုးရိမ်စရာမရှိဘူး။ အသက်အန္တရာယ်လမ်းကြောင်းက လွတ်တယ်။ ခြေတွေ၊ လက်တွေမှာပဲ ထိထားတော့လေ” လို့ ပြောပါတယ်။ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းရွာမှာ မော်တုန်းရွာ (အနောက်ကမ်း) နဲ့ တဖက်ကမ်းမှာ ရှိပြီးတော့ အရပ်သားပြည် သူတွေမှာ အရင်က တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူတွေ များပြားပြီး တိုက်ပွဲငြိမ်သက်လာတဲ့အချိန် အနည်းစုသာ ရွာထဲပြန် လာ နေထိုင်ကြတာ ဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ Read in Full

၉။ NUG,AA,KIA တို့အပါအဝင် တော်လှန်ရေးအင်အားစုတွေကို ဒေလီဆွေးနွေးပွဲတက်ဖို့ အိန္ဒိယအစိုးရဖိတ်ကြား
 September 24, 2024
အိန္ဒိယအစိုးရဟာ နယူးဒေလီမှာ ကျင်းပမယ့် ဆွေးနွေးပွဲတက်ရောက်ဖို့ မြန်မာအာဏာသိမ်း စစ်ကောင်စီရဲ့ စစ်ရေး၊ နိုင်ငံရေးအတိုက်အခံတွေဖြစ်တဲ့ NUG, AA, KIA တို့အပါအဝင် တော်လှန်ရေးအင်အားစုတွေကို ဖိတ်ကြားလိုက်တယ်လို့ ရိုက်တာ သတင်းဌာနရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။ အခုလိုလုပ်ဆောင်မှုဟာ အနောက်နိုင်ငံတွေရဲ့ ဖယ်ကျဉ်ထားခြင်းခံရတဲ့ (မြန်မာနိုင်ငံရဲ့) ထိပ်သီးဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားတဲ့ တောင်အာရှဒေသက အင်အားကြီးနိုင်ငံ (အိန္ဒိယ)ရဲ့ ထူးခြားတဲ့အရွေ့တစ်ခုလည်း ဖြစ်တယ်လို့လည်း ရိုက်တာရဲ့ သတင်းရင်းမြစ်တွေက ဆိုထားပါတယ်။ အိန္ဒိယနိုင်ငံဟာ သူတို့နဲ့ နယ်နိမိတ်ချင်း ကီလိုမီတာ ၁,၆၅၀(မိုင် ၁,၀၂၅)မိုင် ထိစပ်နေတဲ့ မြန်မာမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံ တဝှမ်းမှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေတာကြောင့် သူတို့ရဲ့ အဓိက အခြေခံအဆောက်အဦ စီမံကိန်းတချို့တည်ရှိနေတဲ့ နယ်စပ် မှာ မတည်မငြိမ်ဖြစ်စေတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့နေရပါတယ်။ ဒါကြောင့် အိန္ဒိယအစိုးရဟာ အမျိုးသားညီညွှတ် ရေးအစိုးရ(NUG)၊ အိန္ဒိယနဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသတွေဖြစ်တဲ့ ချင်း၊ ရခိုင်နဲ့ ကချင်ပြည်တို့က တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေကို နိုဝင်ဘာ လလယ်ခန့်မှာ ကျင်းပမယ့် ဆွေးနွေးပွဲကို ဖိတ်ကြားခဲ့တာဖြစ်တယ်လို့ အဆိုပါ ဆွေးနွေးပွဲကို တိုက်ရိုက်သိရှိတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ခေါင်းဆောင်တစ်ဦးနဲ့ သတင်းရင်းမြစ်နှစ်ခုက အတည်ပြုပြောဆိုခဲ့တယ်လို့ ရိုက်တာက ဆိုထားပါတယ်။

အဆိုပါဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာ(S. Jaishankar)ပါဝင်တဲ့ အိန္ဒိယကမ္ဘာ့ရေးရာ ကောင်စီ (ICWA)က အစိုးရရန်ပုံငွေနဲ့ ကျင်းပသွားမှာဖြစ်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့သတင်းရင်းမြစ်နှစ်ဦးကပြောတယ်လို့ဖော်ပြထားပါတယ်။ “ဖွဲ့စည်းပုံ အခြေခံဥပဒေစနစ်နဲ့ ဖက်ဒရယ်စနစ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပ မယ့်ပွဲကိုတက်ရောက်ဖို့ အာဏာသိမ်းစစ်ကောင်စီဘက်ကို ဖိတ်ကြားထားခြင်း ရှိမရှိဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ဆိုပါတယ်။ အဆိုပါဆွေးနွေးပွဲကို ချင်းအမျိုးသားတပ်ဦး (CNF)ဘက်က ကိုယ်စားလှယ် စေလွှတ်သွားမှာ ဖြစ်တယ်လို့ CNF ဒုဥက္ကဋ္ဌ ဒေါက်တာရွှေခါး (Dr. Sui Khar)က ပြောပါတယ်။“(အာဏာသိမ်း) အစိုးရဘက်က မဟုတ်တဲ့ သူတွေနဲ့ အိန္ဒိယဘက်က တရားဝင်ဆက်ဆံတာဟာ ဒါ ပထမဦးဆုံးအကြိမ်ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာကောင်းမွန်တဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုပါပဲ” လို့ ၎င်းက ပြောပါတယ်။ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဖိတ်ကြားထားတဲ့ အဖွဲ့တွေထဲ အာရက္ခ တပ်တော် (AA) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့လည်း ပါဝင်တယ်လို့ သိရပြီး အဆိုပါအဖွဲ့နှစ်ဖွဲ့က ဆွေးနွေးပွဲနဲ့ ပတ်သက် ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်းမတုံ့ပြန်သေးဘဲ NUG အစိုးရ ဘက်ကတော့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မှတ်ချက် ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်လို့လည်း ဖော်ပြထားပါတယ်။ အာဏာသိမ်းမှုကြောင့် စစ်တပ်ကို အနောက်နိုင်ငံတွေက ပြစ်တင်ဝေဖန်ပြီး ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့တာမျိုးရှိပေမဲ့ အိန္ဒိယအစိုးရကတော့ အရပ်ဘက်၊ စစ်ဘက် အရာရှိတွေကိုပါ နေပြည်တော်ကို စေလွှတ်ပြီး စစ်ကောင်စီနဲ့ ဆက်လက်ပြီး ထိတွေ့ဆက်ဆံနေခဲ့တာပါ။ Read in Full

၁၀။ ကျောက်ဖြူတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကောင်စီက  ခြံစည်းရိုးခတ်ရန်ပြင်ဆင်
 September 24, 2024
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကောင်စီက ခြံစည်းရိုးခတ်ရန်ပြင်ဆင်နေကြောင်း သိရသည်။ စစ်ကောင်စီသည် ယခု စက်တင်ဘာ တတိယပတ်မှစတင်ကာ ကျောက်ဖြူမြို့ ငလပွေ့ရပ်ကွက်မှစ၍ မြို့အစွန် ဂုံးချွိန်ကျေးရွာအထိ ခြံစည်းရိုးခတ်ရန်ပြင်ဆင်မှုများပြုလုပ်နေကြောင်း သိရသည်။ “AA ရေကြောင်းကနေ မလာအောင် ခတ်တယ် ထင်တယ်။ ဂုံးချွိန်ကလည်း ဖေဖော်ဝါရီလထဲမှာ တိုက်ပွဲ နှစ်ကြိမ်လောက်ဖြစ်ထားတာ ရှိတော့ အဲဒီ့အထိ ကာရံသွား မယ်တဲ့။ မြို့နေပြည်သူတွေအတွက်တော့ အနေကျပ်မှာပဲ။ ငါးဖမ်းလုပ်ငန်းတွေလည်း အခက်အခဲဖြစ်မှာ” ဟု ရခိုင်သတင်းရင်း မြစ်က ပြောသည်။ ကျောက်ဖြူမြို့ ကျောက်တစ်လုံးစစ်ဆေးရေးဂိတ်နှင့် ပြင်ဖြူမော်ကျေးရွာတို့တွင် ခြံစည်းရိုး ကာရန်အတွက် သဲ၊ ကျောက်များကို ပုံထားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီက ကျောက်ဖြူမြို့နယ်တွင်သာမက စစ်တွေနှင့်မာန်အောင်မြို့နယ်များကိုပါ ခုခံစစ်အတွက် ပြင်ဆင်နေပြီး ပြီးခဲ့သည့် ဩဂုတ် ၁၀ရက်နေ့က စစ်တွေကမ်းနားတစ်လျှောက်ကို ခြံစည်းရိုးခတ်ခဲ့ ကြောင်း သိရသည်။ မာန်အောင်မြို့တွင် လည်း ရေတပ်စခန်းချရာ အနီးရှိ ခအုံးမော်၊ ကံတိုင်းအုပ်ကျေးရွာအနီးလယ်ကွင်းနှင့် ကမ်းစပ်များအပါအဝင် ဂုံးကောက်ကမ်းခြေ တို့တွင် မြေမြှုပ်မိုင်းများထောင်ထားကြောင်း သိရသည်။ ယခုစစ်ကောင်စီ ခြံစည်ရိုးခတ်ရန်ပြင် ဆင်နေသည့် ကျောက်ဖြူမြို့နယ်တွင် ခလရ ၃၄၊ ခမရ ၅၄၂ ၊ ခမရ ၅၄၃ တို့ရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိပြီး ရေလက် ကြားတစ်ဖက်ရှိ ဒိုးတောင်တွင် လုံခြုံရေးတပ် ဖွဲ့ ၃၂ တို့ရှိကာ သစ်ပုတ်တောင်တွင် ဓညဝတီရေတပ်စခန်းဌာနချုပ်အထိုင်ချ၍ ရေတပ်ဌာနချုပ်ထဲတွင် တပ်ပေါင်း ၁၇ တပ်ရှိကြောင်းသိရသည်။ ထို့အပြင် ရေတပ်ဌာနချုပ်လက် အောက်တွင် အမှတ် ၇ ရေငုပ်သင်္ဘော အခြေစိုက်စခန်းများပါရှိကြောင်း သိရသည်။ Read in Full

၁၁။ ရပ်စောက်မှာ RCSS နဲ့ PNA တိုက်ပွဲ အတုဖန်တီး
 September 23, 2024
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာ ရဲစခန်းအနီးမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS)နဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က တိုက်ပွဲအတု ဖန်တီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ (စက်တင် ဘာ ၂၂) မနက် ၁၁ နာရီခန့်အချိန်မှာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတု ဖြစ်တာကြောင့် ၂ ဖက်လုံးမှာ ထိခိုက်မှု မရှိဘူးလို့ နီးစပ်တဲ့ စစ်ရေးသတင်းအရင်းအမြစ်က ဆိုပါတယ်။“အရင်က စစ်တပ်ပဲရှိတယ်။ အခုက ပအိုဝ်းဖြူရော (PNA)၊ ရှမ်း ၂ ဖွဲ့ရောဆိုတော့ ဆက်ကြေးကောက်ရတာ၊ ဝေစားမျှစား လုပ်ရတာ မလောက်ဘူးထင်တယ်။ ၄ ဖွဲ့ဆိုတော့ သူတို့လည်း ရူးချင်ချင် ဖြစ်သွားတယ် ထင်တယ်။ အဲလိုမျိုး လျှောက်ပစ်၊ လျှောက်လုပ်နေတာလေ ၂ ဖက်လုံးက”လို့ ပင်ဖြစ်ရဲစခန်းနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးကပြော ပါတယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပင်ဖြစ်ကျေးရွာမှာ RCSS ကို စစ်ကောင်စီက အခြေစိုက်ခွင့် ပေးထားပြီး လူသစ်စု ဆောင်းခွင့်၊ ဆက်ကြေးကောက်ခွင့်တွေ ခွင့်ပြုထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် PNA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ တပ်မတော် (SSPP)တို့လည်း မကြာခဏဝင်ရောက်လှုပ်ရှားနေပြီး ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာမှာလည်း ရှမ်းတပ် ၂ ဖွဲ့ကြားမှာတိုက်ပွဲဖြစ်ပွားလေ့ ရှိပါတယ်။“အကြီးအကျယ် ဖြစ်တယ် ထင်နေတာ။ အဲလို မဟုတ်ဘူး။ သူတို့ ဒီတိုင်း မိုးပေါ်ထောင်ပစ်တာတဲ့။ ပအိုဝ်းဖြူနဲ့ ရှမ်းကျားက ဝင်လာပြီးတော့ ရဲစခန်းကို တန်းပစ်တာတော့ မဟုတ်ဘူး။ စခန်းသိမ်းတာ မဟုတ်ဘူး။ တိုက်ပွဲ အတုပေါ့။ ရဲစခန်းက ဘယ်နေရာမှ မထိဘူး။ သူတို့လည်း အာဏာရှင်ကို ဆန့်ကျင်ယောင်ဆောင်တဲ့သဘောပေါ့” လို့လည်း ပင်ဖြစ်ဒေသခံ တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ လပိုင်းက တည်း ပင်ကျေးရွာမှာ RCSS က ဆန်ရိက္ခာနဲ့ တစ်အိမ် ငွေကျပ် ၂ သောင်း ကောက်ခံခဲ့ပြီး ဩဂုတ်လတစ်လလုံး ထမင်းထုတ် လည်း နေ့တိုင်းပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။ တိုက်ပွဲအတု ဖန်တီးခဲ့တဲ့ စစ်ကောင်စီ လက်အောက်ခံ ပင်ဖြစ်ကျေးရွာ ရဲစခန်းဟာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ခန့်သာရှိတဲ့ နယ်မြေခံ ရဲကင်းအဆင့်မျှသာဖြစ်ပြီး ရဲတပ်ဖွဲ့တွေကလည်း လာဘ်ယူပြီး မူးယစ်ဆေးဝါး ရောင်းချခွင့် ပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Read in Full

၁၂။ ဖယ်ခုံမှာ စစ်ကောင်စီလေကြောင်းက ဗုံးကြဲလို့ ၁ ဦးသေပြီး ၉ ဦး ဒဏ်ရာရ
 September 23, 2024
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းရှိ ကျေးရွာတခုကို စက်တင်ဘာလ ၂၁ ရက်နေ့မှာလေကြောင်း က နေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာထဲကိုပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ ကြဲ ချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၉ ဦးထိခိုက်မိပြီး ၁ ဦးကတော့ ဆုံးသွားတယ်လို့ သိရပါတယ်။ “တစ်ယောက်တော့ ဆုံးသွားပြီ။ ၈ နှစ် ကလေးကတော့ ညက OT ဝင်ထားတယ်။ ကျန်တာတွေက တော့ ပွန်းပဲ့တာများတယ်။ အမျိုးသမီး နှစ်ယောက်ကတော့ တစ်ယောက်က လက်ကျိုးတယ်။ တစ်ယောက်က ပေါင်ရိုးကျိုးတယ်”လို့ ဒဏ်ရာရသူတွေကို ဆေးကုပေးနေတဲ့ ဆရာဝန်တစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေအပေါ်ပစ်မှတ်ထားတိုက်ခိုက်နေ ပြီးလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေကို တွင်တွင်ကျယ်ကျယ် ပြုလုပ်နေတာပါ။

“လူမဆန်တဲ့လုပ်ရပ်တွေပါ။ ရှေ့မှာမနိုင်တိုင်း နောက်တန်းကိုပဲ မဲနေကြတယ်။ စစ်ရှောင်တွေ နဲ့ အထူးသဖြင့် ကလေး တွေ အရမ်းထိတယ်” လို့ တော်လှန်ရေးမှာ ပါဝင်နေသူတယောက်က ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ PNO တို့ ပူး ပေါင်းပြီး ဖယ်ခုံဘက်ကို စစ်ကြောင်းထိုးတာတွေပြုလုပ်နေကာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလည်း ပြု လုပ်နေတယ်လို့ သိရ ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့က ဖယ်ခုံအနောက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းကို လေကြောင်းကနေ ဗုံးကြဲ ခဲ့လို့ ကလေးငယ် အပါအဝင် ၉ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ရပါတယ်။ Read in Full

၁၃။ စစ်ကောင်စီက ၎င်းတို့ လက်လွှတ်ခဲ့ရသည့် သံတွဲမြို့နယ်ကို ဗုံးလာကြဲရာ ကလေးငယ်အပါအဝင် ၃ ဦးသေဆုံး
 September 23, 2024
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ပေါက်တူးကျေးရွာကို စက်တင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီက ဂျက် ဖိုက်တာဖြင့်ပေါင် ၅၀၀ ဗုံးများကြဲချတိုက်ခိုက်ခဲ့ကြောင်းဒေသခံများထံကသိရသည်။ အဆိုပါတိုက်ခိုက်မှုကြောင့်ကျေးရွာအတွင်း ရှိ ကလေးတစ်ဦးအပါအဝင် ဒေသခံသုံးဦးသေဆုံးပြီး သုံးဦးမှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။ စစ်ကောင်စီ၏ ပေါင် ၅၀၀ ဗုံးဖြင့်တိုက်ခိုက်မှုကြောင့်  မောင်ရာဇာမင်း(၉)နှစ်၊ ဦးဇော်မင်းထွန်း၊ဒေါ်ခင်သူဇာနိုင်တို့ သေဆုံးခဲ့ပြီး မောင်ရာဇာထွန်း၊ ဒေါ်ညိုအေးနှင့် မငွေဇင်ကျော်တို့မှာ ပြင်းထန် ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။ “ရွာမှာ ဘာတိုက်ပွဲမှ မရှိပါဘူး။ မြို့ပေါ်နဲ့ လည်း ဝေးပါတယ်။ ဗုံးလာကြဲတာ နှစ်ကြိမ်ရှိပြီပေါ့။ တိုက်ပွဲဖြစ်ရင်မှ ရှောင်ချိန်ရဦးမယ်လေ။ အခုက အလွတ်ကြီး လာကြဲတာ” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။ ပေါက်တူးကျေးရွာမှာ သံတွဲမြို့နှင့် မိုင် ၂၀ ခန့်ကွာဝေးပြီး တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲ စစ်ကောင်စီက ပြင်းအားမြင့် ပေါင် ၅၀၀ ဗုံးများသုံး၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့၊ နေ့လယ် ၃ နာရီခန့်ကလည်း ပေါက်တူး ကျေးရွာကို   ဗုံး နှစ်ကြိမ် လာရောက်ကြဲချခဲ့ကြောင်း သိရသည်။ လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲရာတွင် ဗုံးအလုံးရေ ၂၆ လုံးခန့် ကြဲချသွားပြီး ကျေးရွာအတွင်း သေဆုံးသူများရှိသလို ပေါင်နှစ်ဖက်လုံး ပြတ်တောက်ခဲ့ရသူနှင့် လက်များ ပြတ်ထွက်သွားသူများ ရှိကြောင်း သိရ သည်။ အာရက္ခတပ်တော် (AA) သည် ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်မှစတင်ကာ သံတွဲမြို့နယ်ရှိ နောက်ဆုံး ကျန်ရစ်သော မောင်ရွှေလေးရေတပ်ကို တိုက်ခိုက်သိမ်းပိုက်ပြီး သံတွဲမြို့နယ်ကို ထိန်းချုပ်ထားပြီး ဖြစ်သည်။ Read in Full

၁၄။ အင်းလေးဒေသက ရေဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ အကူအညီလိုနေဆဲ
 September 23, 2024
နှစ်ပေါင်း သုံးဆယ်အတွင်း အဆိုးရွားဆုံး ရေကြီးနစ်မြုပ်မှုဖြစ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသက ရေဘေးဒုက္ခသည်တွေဟာ အကူအညီ လိုအပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေ သူတွေက ပြောပါတယ်။ စက်တင်ဘာလ ၂၂ ရက်စလို့ အင်းလေးဒေသမှာ ရေအနည်းငယ်ပြန်ကျသွားပေမဲ့ တစ်ထပ်အိမ်တွေ တော့ ရေနစ်မြုပ်ဆဲပဲလို့ ဆိုပါတယ်။  ဒီအပြင် အင်းလေးဒေသမှာ စစ်ဘေးကြောင့် နေရပ်စွန့်ခွာလာသူတွေလည်းရှိပြီး သူတို့ အတွက်လည်း အကူအညီတွေ လိုအပ်တယ်လို့ အင်းလေးဒေသမှာ ကူညီကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက ပြောပါတယ်။“အင်းလေးမှာ ရေပြန်ကျပြီး ပုံမှန်အတိုင်းဖြစ်ဖို့ဆိုရင် အနည်းဆုံး သုံးလလောက်ကြာနိုင်တယ်။ ဒီမှာက စစ်ရှောင်တွေလည်းရှိတယ်။ သူတို့က ရွာနဲ့ ရပ်ကွက်တွေထဲနေပြီး ရေကြီးလာတော့ ထပ်ရှောင် ကြရတယ်။ သူတို့တွေအတွက်လည်း တချို့နေရာတွေ မှာ စာရင်းမပါလို့ အကူအညီမရကြဘူး။ အင်းလေးဒေသခံတွေလည်း တချို့နေရာတွေမှာ အကူအညီက နည်းနေသေးတယ်” စက်တင်ဘာလ ၁၁ ရက်နေ့ကစလို့ အင်းလေးဒေသမှာ ရေကြီးနစ်မြုပ်တွေဖြစ်ပြီး ရွာပေါင်း ၁၇၃ ရွာက ဒေသခံ နှစ်သောင်း ကျော် ရေဘေးဒုက္ခကြုံနေရတာပါ။ ရေကြီးမှုကြောင့် အင်းလေးဒေသက နေအိမ် နှစ်ထောင်ခန့် ရေနစ်မြုပ်ပျက်စီးသွားတာ ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကူညီကယ်ဆယ်ရေးတွေက စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးတာရှိပေမဲ့ နေအိမ်ပြန်ဆောက်ဖို့ အတွက် အကူအညီမရကြသေးဘူးလို့ ဆိုပါတယ်။ ရေကြီးနစ်မြုပ်မှုဖြစ်ခဲ့တဲ့ အင်းလေးဒေသမှာ သေဆုံးသူ ကိုးဦးထက်မနည်းရှိခဲ့ တယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ရေကြီး မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၈၄ ဦးနဲ့ ပျောက်ဆုံးနေသူ ၈၉ ဦးရှိပြီး လူတစ်သိန်းခွဲနီးပါး (၁၄၈,၆၄၃) ရေဘေးဒဏ်ခံနေရတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၂၁ ရက်နေ့ မှာပြောပါတယ်။ Read in Full

၁၅။ မြေပုံ မွတ်ဆလင်ဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာပြတ်လပ်ရာမှ အာဟာရချို့တဲ့ပြီး အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ဟုဆို
 September 23, 2024
ရခိုင်ပြည်၊ မြေပုံမြို့၊ တောင်ပေါ်ရပ်ကွက်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်း (IDP Camp)တွင် စားနပ်ရိက္ခာပြတ်လပ်၍ အာဟာရချို့တဲ့ကာ အမျိုးသမီး နှစ်ဦး သေဆုံးသွားကြောင်း စခန်းနေ အမျိုးသမီး တစ်ဦးက ပြောကြားသည်။ သေဆုံးသူများမှာ ဒေါ်စိုးယော်နီဆာ (၆၀)နှစ်နှင့် ဒေါ်ဒါဟိုင်မ(၅၅)နှစ်ဖြစ်သည်။ ဒေါ်စိုးယော်နီဆာမှာ စက်တင်ဘာ ၂၃ ရက်၊ ညဥ့် ၁ နာရီက သေဆုံးသွားပြီး ဒေါ်ဒါဟိုင်မမှာ စက်တင်ဘာ ၂၂ ရက်၊ နံနက်ပိုင်းတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု သူမကပြောသည်။ “နှစ် ယောက်စလုံးက ထမင်းနပ်မှန်အောင်မစားရဘူး။ ငါးတွေ၊ ဟင်းတွေမစားရဘူး။ ကျမတို့ သူတို့မစားရတာ၊ နပ်မမှန်တာ တွေ့ မြင်နေရပေမယ့် မကူညီနိုင်ခဲ့ဘူး။ အသက်ကလည်းကြီးပြီ။ နေမကောင်းဖြစ်တော့လည်း အစားအသောက်ကောင်းကောင်း မစား ရတော့ ကြာရှည် မခံဘူးလေ။ ဆွေမျိုးတွေကလည်း ကြာကြာမကူညီနိုင်ဘူးလေ။ အစာအာဟာရသာ လုံလုံလောက်လောက် သာရှိခဲ့ရင် အခုလိုစောစောစီးစီးသေမှာမဟုတ်ဘူး။ အဓိက ထောက်ပံ့ဖို့ အဖွဲ့အစည်းတခုမှမရှိလို့ပါ။” လက်ရှိတွင် အလောင်းကို မြေမြှုပ်သင်္ဂြိုလ်လိုက်ပြီဟု စခန်းတာဝန်ရှိသူအမျိုးသားတစ်ဦးက ပြောသည်။

“နှစ်ယောက်လုံးကိုတော့ မြေမြှုပ်သင်္ဂြိလ်လိုက်ပါပြီ။ နောက်ထပ်စခန်းမှာ ဒီလိုအဖြစ်မျိုး ထပ်မဖြစ်ချင်ပါဘူး။ ဖြစ်သွား တာလည်း စိတ်မကောင်းဘူး။ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးထဲမြင်နေတာတောင်မှ မကူညီနိုင်တဲ့ဘဝပါ။ စခန်းကလူတွေ လည်း အခက်အခဲရောက်နေကြတယ်”ဟု ပြောသည်။ အဆိုပါဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၆၄၂ စုနှင့် လူဦးရေ ၃၀၆၇ ဦး ရှိပြီး ၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ယခုစခန်းတွင် ခိုလှုံနေကြရခြင်းဖြစ် သည်ဟု သိရသည်။ နိုင်ငံတကာအဖွဲ့ အစည်းအချို့က စားနပ်ရိက္ခာနှင့် ငွေကြေးအချို့ ယခင်က ကူညီထောက်မှု ရှိခဲ့သော်လည်း လက်ရှိတွင် လာရောက်ထောက်ပံ့ နိုင် ခြင်းမရှိတော့ဟု သိရသည်။ ယင်းကြောင့် အဆိုပါစခန်းနေသူများမှာ အထောက်အပံ့တစုံတရာမရသည့်အတွက် မြေပုံမြို့မစျေး နှင့် ရခိုင်ရွာများတွင် အငှားလုပ်ကိုင်ခြင်း၊ ကူလီထမ်းခြင်း၊ ငါးဖမ်းကာ ဈေးများတွင်ရောင်းချခြင်းနှင့် ကြုံရာကျပန်းလုပ်ကိုင်စား သောက်နေကြရကြောင်း စခန်းတွင် နေထိုင်သူများက ပြောသည်။ Read in Full

၁၆။ မင်းတပ်မြို့အနီးကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြန်
 September 24, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ကြောင်း ဒေသခံကပြော သည်။ စက်တင်ဘာ ၂၄ ရက် နံနက် ၆ နာရီခွဲမှ ၇ နာရီအတွင်း မင်းတပ်မြို့အနီးနေရာများကို ပေါင် ၅၀၀ ဗုံးများ၊ ဗုံးအသေးများကြဲချပြီး လေးကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။“အထိအခိုက်ရှိနိုင်ပါတယ်။ ဖုန်းလိုင်းမရတာရယ် လူနေနည်းတော့ သေချာမသိရသေးဘူး”ဟု မင်းတပ်ဒေသခံကပြောသည်။ စစ်ကောင်စီတပ်သည် မင်းတပ်မြို့ နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိ ဘဲလေကြောင်း တိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။ စက်တင်ဘာ ၂၀ ရက်၊ ၁၉ ရက်၊ ၁၈ ရက်၊ ၁၇ ရက်၊ စက်တင်ဘာ ၉ ရက်၊ စက်တင်ဘာ ၇ ရက်၊ စက်တင်ဘာ ၆ ရက် စက်တင် ဘာ ၄ ရက်များကလည်း မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ဩဂုတ်အတွင်းကလည်း စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုများရှိခဲ့ပြီး စက်တင်ဘာတွင် တိုက်ခိုက်မှုပိုမိုပြု လုပ်လာခြင်းဖြစ်သည်။

မင်းတပ်အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၇၄) တပ်ရင်းသို့လည်း လေကြောင်းမှ ရိက္ခာခဲယမ်းဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိသည်။ စစ်ကောင်စီတပ်သည် ယနေ့နံနက်အစောတွင်လားရှိုးမြို့ကို လေကြောင်း တိုက်ခိုက်မှု ၄ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား တစ်ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရခဲ့ကြောင်း ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။ Read in Full

၁၇။ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက် နယ်မြေမှူးတစ်ချို့ကို စစ်တပ်က စစ်သင်တန်းပေးနေ
 September 24, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ကောင်စီတပ်က နယ်မြေမှူးတွေကို ခေါ်ယူပြီးစစ်သင်တန်းပေးတာတွေ လုပ်နေ တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး မြစ်ကြီးနားမြို့ပေါ် ရက်ကွက်တစ်ချို့ နယ်မြေမှူးတွေကို စစ်သင်တန်းပေးဖို့ စတင်အကောင်အထည်ဖော်လာတာဖြစ်ပြီး လက်ရှိ  စစ်သင်တန်းတက်နေတဲ့ နယ်မြေမှူးတွေလည်းရှိနေပြီ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။“ရပ်ကွက်နယ်မြေမှူးတွေကို စစ်သင်တန်းပေးနေတယ်။ သူတို့ရဲ့ခေါင်းစဉ် ကတော့ ရပ်ကွက်လုံခြုံရေးဆိုပြီး ပြောတယ် ရဲတွေမရောက်နိုင်တာကြောင့် ရပ်ကွက်နယ် မြေမှူးတွေ ပါဝင်လုပ်ဆောင်ရမယ်လို့ ပြောတယ်။ မကြာခင် တစ်သုတ် စစ်သင်တန်း ဆင်းတော့မယ်။ စစ်သင်တန်းတက်ထားပြီဖြစ်တဲ့အတွက် ရှေ့တန်းသွားရရင် လည်း သွားရမယ်ဆိုတဲ့ဟာတွေလည်း ရှိလာနိုင်တာပေါ့။ ဒါတော့မသိနိုင်ဘူးလောနော်။” လို့ မြစ်ကြီးနား တပ်ကုန်းရက်ကွက် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဘက်က မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်၊ ကျေးရွာလုံခြုံရေးအတွက်ဆိုတဲ့ ခေါင်းစဉ်တပ်ကာ နယ်မြေမှူးတွေကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စစ်ရေးလေ့ကျင့်ပေးနေပြီး ဒီပတ်အတွင်း စစ်သင်တန်း ဆင်းမယ့် နယ်မြေမှူးတွေလည်းရှိနေပြီလို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က မြစ်ကြီးနားမြို့ပေါ်မှာ တပ်သားစုဆောင်းတာတွေလည်း ဆက်တိုက်လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့အပတ်မှာ မြစ်ကြီးနားမြို့  HAPPY KTV အတွင်း လူငယ်အများအပြားကို ဖမ်းဆီးသွားတဲ့ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ ခုလို တပ်သားသစ်စုဆောင်းတာအပြင် မြို့ပြင်ရပ်ကွက်နေရာတစ်ချို့ဂိတ်တွေမှာ လုံခြုံရေးတိုးမြင့်ကာ စစ်ဆေးရေးတင်းတင်း ကြပ်ကြပ်လုပ်နေတဲ့အပြင် အခွန်ကောက်ခံတာတွေလည်း လုပ်နေတယ်လို့ မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါ တယ်။“မြစ်ဆုံ တန်ဖရဲဘက်ကို စစ်ကားတွေ ပုံမှန်တက်လိုက် ဆင်းလိုက်လုပ်နေတယ်။ ပြီးရင် ပလန ကဝါးခဂိတ်မှာလည်း ပိုပြီးတင်းတင်းကျပ်ကျပ် စစ်ဆေးတယ်။ သူတို့ကိုကြည့်ရတာတော့စစ်ရေးလှုပ် ရှားနေတယ်၊ ပြင်ဆင်နေတယ်လို့ပြောနေတယ်။ လက်နက်တွေ၊ အင်အားတွေတင်ပြီး ကားကတက်လိုက် ဆင်းလိုက်လုပ်နေပုံထောက်ရင်တော့ စစ်ရေးလှုပ်ရှားနေတယ်လို့ မြင် တယ်။ ပြီးရင် ပလနဘုန်းကြီးကျောင်းမှာလည်း သူတို့က နေ့ခင်းဆို အရပ်သားဝတ်စုံနဲ့ပဲနေပြီး ညဆိုရင် စစ်ဝတ်စုံအပြည့် နဲ့ လမ်းသွားလမ်းလာတွေကို စစ်တယ်။”ဟု နောင်နန်းဒေသခံတစ်ဦးက ပြောပါတယ်။ Read in Full

၁၈။ Non-CDM များကို စစ်ကောင်စီလို သဘောထား၍ ပစ်ခတ်မည်ဟု CDF-Hakha သတိပေး
 September 24, 2024
စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်၌ပါဝင်သည့် Non-CDM ဝန်ထမ်းများကို စစ်ကောင်စီကဲ့ သို့ သဘောထားပြီး ပစ်ခတ်မှုပြုလုပ်တော့မည်ဟု CDF-Hakha က ယမန်နေ့တွင် သတိပေးချက်ထုတ်ပြန်သည်။ ချင်းပြည်နယ် ဟားခါမြို့က ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းများကို စစ်ကောင်စီက စက်တင်ဘာလ ၂၃ ရက်နေ့တွင် ခေါ်ယူကာ ရွေးကောက်ပွဲ နှင့်ပတ်သက်သော သန်းခေါင်စာရင်းကောက်ယူနည်း သင်တန်းများကို ပို့ချခဲ့သည်ဟု သိရသည်။ CDF- Hakha အနေဖြင့် လွန်ခဲ့ သော ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီနှင့်အတူလက်တွဲကာ အလုပ်လုပ်ကိုင်သူများအား စစ်ကောင်စီ ကဲ့သို့ သဘောထားမည့်အကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့အား အသက်အန္တရာယ်ထိခိုက်သည့်အထိ ပစ်ခတ်ခြင်းမပြုခဲ့ကြောင်း ဆိုသည်။

သို့သော် ယခုအခါ စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်တွင် သန်းခေါင်စာရင်းကောက်ယူရာ၌ ပါဝင်ကူညီသူ Non-CDM များအပါအဝင် မည်သူမဆို စစ်ကောင်စီသဖွယ်သဘောထားကာ တွေ့ရာအရပ်၌ ပစ်ခတ်တော့မည့်အကြောင်း CDF-Hakha က အတိအလင်း သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက နိုင်ငံတစ်ဝန်း တိုင်းနှင့် ပြည်နယ် အသီးသီးတွင် မြို့နယ်အဆင့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူနည်းသင်တန်းပြုလုပ်လျက်ရှိနေပြီး ဟားခါး မြို့အပါအဝင် ချင်းပြည်နယ်ရှိ အချို့သော မြို့များတွင်လည်း ကျင်းပခဲ့ပြီး ဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင် စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်ကောက်ယူသွား မည်ဟု သိရသည်။  Read in Full

၁၉။ ဧည့်စာရင်းတိုင်ရာ၌ အုပ်ချုပ်ရေးမှူးတောင်းသည့် ငွေကြေးကို ဒေသခံများပေးနေရ
 September 24, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ် ရပ်ကွက်များတွင် ဧည့်စာရင်းတိုင်ကြားရာ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး တောင်းသည့်ငွေကြေးကို ပေးဆောင်နေရသည်ဟု မြို့နေဒေသခံများက ပြောသည်။ ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ဧည့်စာရင်းအကြောင်းပြ စစ်ခြင်းနှင့် ဧည့်စာရင်းတိုင်ခြင်းများကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီက စတင်လုပ်ဆောင်ခဲ့ပြီး ယခုနောက်ပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ငွေကြေးကောက်ခံခြင်းများကို စတင်လုပ် ဆောင်လာသည်ဟု ရပ်ကွက် အတွင်း အိမ်ငှားနေထိုင်သူ ဒေသခံအမျိုး သမီးတစ်ဦးက ပြောသည်။“အရင်ကဆို ငွေမပေးရဘူး။ အခုနောက်ပိုင်း ဒီရပ်ကွက် တွေမှာ ခဏခဏ ဧည့်စာရင်းတိုင်ခိုင်းပြီး အုပ်ချုပ်ရေးမှူး က တစ်ခါတိုင်ရင် သုံးထောင်ပေးရတဲ့အပြင်ကိုမှ တစ်လတစ်ခါတိုင်တဲ့ အခါမှာလည်း နောက်ထပ် ၄၀၀၀ ကျပ် ထပ်ပေးရတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် မြို့ပေါ်ရှိ ဝဲကျွန်းမြို့သစ်ရပ်ကွက်၊ ကျောက်မော်ရပ်ကွက်၊ ကြက်စားပြင်ရပ်ကွက်များတွင် ၇ ရက်တစ်ကြိမ် တိုင်ကြားရလေ့ရှိသလို ဆယ်ရက်တစ်ကြိမ် ဧည့်စာရင်းတိုင်ရခြင်းမျိုးလည်းရှိကာ ငွေကြေးပမာဏများကို အုပ်ချုပ်ရေးမှူးကိုယ်တိုင်က တောင်းခံခြင်းဖြစ်သည်ဟု ကြက်စားပြင်ရပ်ကွက်ရှိ ဒေသခံတစ်ဦးက ထက်မံ ပြောဆိုသည်။ ဧည့် စာရင်းတိုင်ရာ၌ လက်ရှိ နေထိုင်သည့် လူဦးရေအလိုက် ၄ လက်မှ ဆိုဒ်ဓာတ်ပုံ ၂ ပုံ ထုတ်ကာ အုပ်ချုပ်ရေးမှူး ထံပေးပို့တိုင်ကြားရသည်။ ဧည့်စာရင်းလာ ရောက် စစ်ဆေးချိန်တွင်လည်း သတ်မှတ်လူဦးရေထက်ကျော်လွန်နေပါက အရေး ယူမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြောဆိုထားသည်။“ရပ်ကွက်တစ်ခုနဲ့တစ်ခုတော့ မတူဘူး။ ဧည့်စာရင်းတိုင်ရတဲ့ရက်လည်း မတူဘူး။ တချို့ရပ်ကွက်တွေမှာ တစ်ခြား ကနေ စစ်ဘေးလာရှောင်တဲ့ ရပ်ကွက်တွေရှိတယ်။ အဲ့လိုရပ်ကွက်တွေကျတော့ ငွေကြေးမတတ်နိုင်တဲ့ အခါကျတော့ ဧည့်စာရင်းမတိုင်ရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဘာတာ ဝန်မှ မယူဘူးဆိုပြီးခြိမ်းခြောက် တာတွေကိုပါလုပ်လာတယ်”ဟု အခြားဒေသခံတစ်ဦးက ပြောသည်။ Read in Full

၂၀။ ကျားဖြန့်အွန်လိုင်း ငွေလိမ်လှယ်ဂိုဏ်းကို ဖမ်းဆီးစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့စစ်ကြားပစ်ခတ်မှုရှိနေ
 September 24, 2024
ရှမ်းမြောက် မူဆယ်မြို့ကျားဖြန့် အွန်လိုင်းငွေလိမ်လှယ်ဂိုဏ်းကို ဝင်ရောက်စစ်ဆေးဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ကို ဒေသပြည်သူ့စစ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်တာတွေလုပ်နေတယ်လို့ဒေသခံတွေပြောပါတယ်။ စက်တင်ဘာလ ၂၃ ရက် နေ့လည် ၁၂ နာရီဝန်းကျင် မူဆယ်မြို့ မင်္ဂလာမူဆယ်ဝင်းကျားဖြန့် အွန်လိုင်းငွေလိမ်လှယ်ဂိုဏ်းက ဝန်ထမ်းတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက် စစ်ဆေးဖမ်းဆီးချိန် ပစ်ခတ်မှုစတင်ဖြစ်တာလို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။ “ကျားဖြန့်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကလိုက်လံ ဖမ်းဆီးစစ်ဆေးတယ်။ အဲဒီမှာ ပြည်သူ့စစ်တွေဘက်တုန့်ပြန်ပစ်ခတ်တာတွေကြောင့် ပစ်ခတ်မှုဖြစ် ပွားနေတယ်။ မနေ့ညအထိ ပစ်ခတ်နေကြတုန်းပဲ။ စစ်တပ်ဘက်က လိုက်လံဖမ်းဆီးချိန် ပြည်သူ့စစ်ဘက်က ပစ်ခတ်တိုက်ခိုက် တာကြောင့် အသံတွေဆက်တိုက်တော့ကြားနေရတယ်။” လို့ မူဆယ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စက်တင်ဘာလ ၂၃ ရက် နေ့လည် ၁၂ နာရီနောက်ပိုင်းကစပြီး ပစ်ခတ်မှုဆက်တိုက်စတင်လာပြီး ညပိုင်း ၁၀ နာရီဝန်းကျင်အထိ ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်လို့ သူကဆက်ပြောပါတယ်။

လတ်တလော မူဆယ်မြို့ မန့်ဝိန်းနဲ့ စွမ်စော်ရပ်ကွက် ခူးဝိန်းနယ်မြေမှာရှိတဲ့ ကျားဖြန့်ရုံအွန်လိုင်းငွေလိမ်လှယ် ဂိုဏ်းတွေ ကို စစ်ကောင်စီဘက်ကလိုက်လံစစ်ဆေးဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသားနဲ့ တရုတ်နိုင်ငံသားအပါအဝင် စုစုပေါင်း ကျားဖြန့်လုပ်သူ လူဦးရေ ၈၀၀ ခန့် ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ မူဆယ်မြို့ဟာ လောင်းကစားရုံတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေ လွတ်လပ်စွာနဲ့ပိုမိုသိသာထင်ရှားစွာလုပ်ဆောင်နိုင်နေတဲ့ တရုတ်–မြန်မာနယ်စပ်မြို့ဖြစ်ပြီး တစ်ဖက်မှာ ဒေသခံပြည်သူ့စစ်တပ်ဖွဲ့တွေလည်းအင်အားတောင့်တင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ပြီးခဲ့တဲ့စက်တင်ဘာ ၁၃ ရက်နေ့ က လည်း မူဆယ်မြို့အလောင်းကစားရုံတစ်ခုမှာ လောင်းကစားဆော့ရင်းပြည်သူ့စစ်တပ်ဖွဲ့တွေအချင်းချင်း ပြဿနာဖြစ်ပွားပြီး ပစ်ခတ်တိုက်ခိုက်မှု တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။“ကျနော်တို့ဒေသခံပြည်သူတွေက သတိနဲ့ပဲအမြဲနေနေတယ်။ ဘေးပတ်ဝန်း ကျင် တစ်ခုလုံးက တော်လှန်ရေးတပ်ဖွဲ့တွေလည်းအားလုံးရှိနေကြတော့ ဘယ်အချိန်မှာ ဘယ်လိုထပ်ဖြစ်လာမယ်ဆိုတာ မသိ နိုင်ပဲ သတိနဲ့ပဲနေနေတယ်။ ဒီမှာက စစ်တပ်လည်းအရင်ကအတိုင်းပဲ ၊ ပြည်သူ့စစ်တွေလည်း နဂိုအတိုင်းပဲအားလုံး ဒီလိုပဲရှိနေ ကြတယ်။ ကျားဖြန့်လုပ်ငန်းတွေအလောင်းကစားတွေက ပိုပြီးပေါ်ပေါ်ထင်ထင်လွတ်လွတ်လပ်လပ်ရှိလာကြတာကိုတော့တွေ့ရ တယ်။ နယ်စပ်မြို့ဆိုတော့ ဒုစရိုက်အရမ်းများတယ်။” လို့ မူဆယ်မြို့ဒေသခံက ဆက်ပြောပါတယ်။ Read in Full

၂၁။အွန်လိုင်းလောင်းကစားလုပ်သူကိုလက်ခံတဲ့ Starlink အင်တာနက်ဆိုင်ရှင်တွေ တာဝန်ခံရမယ်လို့  IEC ပြော 
 September 23, 2024
ကရင်နီပြည်တွင်းမှာ အွန်လိုင်းလောင်းကစားပြုလုပ်သူတွေကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ထိရောက်စွာ အရေးယူမှာ ဖြစ်တာကြောင့်  အွန်လိုင်းလောင်းကစား လုပ်သူကို လက်ခံတဲ့  starlink အင်တာနက်ဆိုင် တွေအနေ နဲ့ တာဝန်ခံရမယ်လို့ IEC အတွင်းရေးမှူး -၂ ဦးဗညားက ပြောပါတယ်။“အင်တာနက် ဝန်ဆောင်မှုပေးနေတဲ့ သူတွေကို restiction (ကန့်သတ်ချက်)လုပ်ဖို့။ စီးပွားရေးရဲ့ သဘောသဘာဝကလူထုတွေကို သူတို့ စီးပွား ရေးလုပ်လို့ရတယ်။ သူတို့စီးပွား ရေးလုပ်ခြင်းဟာ လူထုတွေကို ပြန်ပြီးတော့ တာဝန်ခံရမယ်။ social response   လို့ခေါ်တယ်ပေါ့နော။ လူမှုတာဝန်ခံကို သူတို့ တစ်ဝက်ခံရမယ်။ လူမှုတာဝန်ခံတဲ့နေရာမှာ ဒီလောင်းကစားခြင်းကြောင့် ပျက်စီးသွား နိုင်တယ်။  ဒုက္ခရောက်သွားနိုင်တယ်။ ဆင်းရဲသွားနိုင်တာကို သိရင် ဒီဟာကို တာဝန်ယူရမယ်။ အဲ့ဒီအပေါ်မှာလည်း ထည့်သွင်းစဉ်းစားဖို့အတွက် ညှိနှိုင်းသွားဖို့ အစီအမံ လည်းရှိပါတယ်။” လို့ ဦးဗညားက ပြောပါတယ်။ ပြီးခဲ့ စက်တင်ဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ တရားဥပဒေစိုးမိုးရေး စီမံချက်မှာ အွန်လိုင်းလောင်းကစားတွေကို တားမြစ်ကြောင်း ပါရှိပါတယ်။ ညွှန်ကြားချက်ထုတ်ပြီးနောက် အွန်လိုင်းဂိမ်းကစား ခြင်းကို ပိတ်ပင်ထားမြစ်ထားဖို့ IEC ဌာနဆိုင်ရာအားလုံးကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အွန်လိုင်းလောင်းကစားပြုလုပ်နေသူတွေကို ထောင်ဒဏ်ချမှတ်အရေးယူနိုင်တဲ့ လောင်းကစားဥပဒေကိုလည်း IEC က ချမှတ်ထားပါတယ်။ အွန်လိုင်းလောင်းကစားဂိမ်း လို့ပြောရာမှာ စလော့ဂိမ်း၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီးဂိမ်း၊ ဖဲဂိမ်း၊ ကျွဲဂိမ်း၊ ကြက်တိုက်ဂိမ်း စတာတွေအပါအဝင် တခြားအွန်လိုင်းဂိမ်း ဆော့ကစားတာကိုလည်း အရေးယူ သွားမယ်လို့ IEC ကပြော ဆိုထား ပါတယ်။ ကရင်နီပြည်အတိုင်းအတာနဲ့ လွိုင်ကော်မြို့မှအပကျန်မြို့နယ်အာလုံးမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက် နေတာဖြစ်ပြီး starlink အင်တာနက်ကိုပဲ အားထားအသုံးပြုနေကြရတာပါ။ starlink အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ဆိုင် ဒါမှမဟုတ် နေရာတွေမှာ အွန်လိုင်းလောင်းကစားလုပ်တဲ့ လူငယ်တွေကိုအများဆုံး တွေ့ရလေ့ရှိတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။“ဂိမ်းဆော့ပြီး‌တော့ အကြွေးတင်သွားတာလည်း ရှိတယ် ကျနော့်အသိထဲမှာလေး။ သူတို့ဟာက အကြွေးဆပ်ဖို့ ဂိမ်းဆော့ရင်း ဆော့ရင်းနဲ့ အကြွေးပိုပိုများလာတယ်။ အဲ့လိုပုံစံမျိုးလေး” လို့ ကရင်နီပြည်က လူငယ်တွေကြားမှာ တွေ့ရတဲ့ အွန်လိုင်းလောင်းကစားတွေနဲ့ ပါတ်သက်ပြီး ဒေသခံတစ်ဦးက ပြောပြတာပါ။  Read in Full

၂၂။ ရှမ်းအရှေ့၊ မိုင်းဆတ်မှာ စစ်ကောင်စီ စစ်ရေးပြင်ဆင်နေ
 September 23, 2024
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့မှာ စစ်ကောင်စီရဲ့လေယာဥ်၊ အမြောက်နဲ့ သံချပ်ကာယာဥ်တွေ ပြင်ဆင်လှုပ်ရှားနေ တယ်လို့ ဒေသခံတွေထဲက သိရပါတယ်။ ရှမ်းပြည်အရှေ့ပိုင်းမှာ ကျိုင်းတုံပြီးရင် အဓိကကျတဲ့ စကခ ဌာနချုပ် ၂ခုထဲက မိုင်းဆတ် စကခ ၁၄ ရှိတဲ့ မိုင်းဆတ်မှာ ဒီရက်ပိုင်းအတွင်း ညအချိန် စစ်လေယာဥ် ပျံသန်းမှုတွေ၊ အမြောက်ပစ်သံတွေနဲ့ သံချပ်ကာ ယာဥ် တွေလှုပ်ရှားနေတာလို့ မိုင်းဆက်ဒေသခံတစ်ဦးက ပြောပါတယ်။“ည ၉ နာရီမှာလည်း လေယာဥ်သံကြားတယ်။ အမြောက်သံ ကတော့ ကျောက်မိုင်းခွဲသံနဲ့ ရောနေတယ်၊ သံချက်ကာ ကားတွေကတော့မောင်းနေတာ တွေ့ရတယ်”လို့ သူက ပြောပါတယ်။ မိုင်းဆတ်မှာ အရပ်ဘက်၊ စစ်ဘက်သုံးလေယာဥ်ကွင်းရှိနေပြီး အမတ ၃၈၃ နဲ့ သတရ ၇၀၀၃ ရှိနေတာလို့ သိရပါတယ်။

မိုင်းတုံဘက်မှာလည်း အမတ ၃၈၆ နဲ့ တကရ ၆၀၀၃ တပ်တွေရှိနေပြီး အချို့တင့်ကားတွေ ကျိုင်းတုံမှာ စုဖွဲ့မှု ရှိထား တယ်လို့ CDM အရာရှိ တစ်ဦးက ပြောပါတယ်။ မိုင်းဆတ်မှာ စကခ ၁၄ နဲ့ အမြောက်၊ သံချပ်ကာတပ်တွေအပါ ၁၁ တပ်ရှိပြီး မိုင်းတုံမှာတော့ စစ်ဗျူဟာ၁ခုနဲ့ အမြောက်၊ တင့်ကားနဲ့ နယ်ခြားတပ်အပါ ၉ တပ်ရှိနေတယ်လို့သိရပြီး တပ်အများစုဟာ ရှမ်းပြည် တောင်ပိုင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းစစ်မျက်နှာတွေမှာ ရှိနေကြပြီးလက်ရှိမှာတော့ ရှမ်းအရှေ့ကိုစစ်ရေးကူးစက်လာမှု မရှိသေးပါ ဘူး။ UWSA ‘ဝ’ တောင်ပိုင်းမှာတော့ စစ်ဒေသ ၁၇၁ ဌာနချုပ်လက်အောက်မှာ တပ်မဟာ ၂၁၈၊ ၅၁၈၊ ၇၇၂၊ ၇၇၅၊ ၇၇၈ တို့ ရှိနေပြီးအင်အား ၁ သောင်းကျော်ရှိတယ်လို့ စုံစမ်းသိရပါတယ်။ Read in Full

၂၃။ စစ်ကောင်စီရဲ့ ကုန်စည်သယ်ခွင့် ကန်သတ်မှုကြောင့် တောင်ပေါ်ဒေသတွေမှာ ကုန်ဈေးကြီးနေ
 September 23, 2024
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ဆန်နဲ့ စားသောက်ကုန် သယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် ချင်း တောင်ပေါ်က တီးတိန်၊ တွန်းဇံနဲ့ ဖလမ်းမြို့တွေမှာ ကုန်ဈေးနှုန်းကြီးမြင့်လာပြီး ကုန်စည်တွေလည်း၀ယ်ယူဖို့ရှားပါးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၀ ရက်က သယ်ယူခွင့်ကို ပိတ်ပင်ခဲ့ပြီး ယနေ့အထိ ဆန်၊ စား သောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ ဘိလပ်မြေ အပါအဝင် အိမ်ဆောက်ပစ္စည်းတွေကို တစ်လကျော်ကြာအထိ ပိတ် ပင်ထားဆဲဖြစ် တယ်လို့ဆိုပါတယ်။ “ကုန်ဈေးနှုန်းကတော့ တအားတက်တာပေါ့။ ကိုယ်ရောင်းတဲ့ဈေးနဲ့ ကိုယ်ပြန်လို့ကို မရဘူး၊ တနေ့တနေ့ တောင် ဈေးကမတူဘူးဖြစ်နေတယ်။ ပစ္စည်းတွေဆိုရင် ကိုယ်လိုချင်တဲ့ ပစ္စည်းကဆယ်မျိုးဆိုရင် လေး၊ ငါးမျိုးပဲရတယ်။ လမ်း ပိတ်တာတွေလည်း အဓိကပါတာပေါ့။ ဆန်ဆိုရင်ဈေးအများကြီးကွာသွားပြီ”လို့ ဖလမ်းဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဆန်ကို ရဲစခန်းထောက်ခံစာနဲ့ အနည်းငယ် အကန့်အသတ်နဲ့ သယ်ယူခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ ကန့်သတ်မှုကြောင့် တီးတိန်မြို့နယ်မှာလည်း ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဓာတ်ဆီ တစ်ဂါလံ လေးသောင်း၀န်းကျင်၊ ဆန်တစ်အိတ်ကို ၁၇၀,၀၀၀ ကျပ်၊ ကြက်ဥတစ်လုံးကို တစ်ထောင်ကျပ် အထိ ဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီက ချင်းပြည် နယ် မြောက်ပိုင်းရဲ့ အဓိကဝင်ပေါက်ဖြစ်တဲ့ ကလေးမြို့၀င်ပေါက်ကို ကန့်သတ်ထားသလိုပဲ ချင်းပြည်နယ်တောင်ပိုင်းရဲ့ အဓိက ၀င်ပေါက်ဖြစ်တဲ့ မကွေးတိုင်း၊ ကျောက်ထု၊ ဆော ဘက်ကနေ ကုန်စည်သယ်ယူခွင့်ကို တင်းကြပ်ကန့်သတ်ထားတာလည်း ဖြစ်ပါတယ်။ Read in Full

၂၄။ပူတာအိုမြို့နယ်အတွင်းမှာရှိတဲ့ ခိုကိုးရာမဲ့ဘိုးဘွားတွေအတွက် ဆေးဝါးနဲ့အစားအသောက် အကူအညီတွေလိုအပ်
 September 23, 2024
 ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းမှာရှိတဲ့ ခိုကိုးရာမဲ့ဘိုးဘွားတွေအတွက် ဆေးဝါးနဲ့ အစားအသောက် အကူ အညီတွေလိုအပ်နေတယ်လို့ ကူညီပေးနေတဲ့ အဖွဲ့ဆီက သိရပါတယ်။ လက်ရှိအချိန် ပူတာအိုဒေသမှာ ဆေးဝါးရရှိဖို့ ခဲယဉ်းသလို  ရှိတဲ့ဆေးဝါးတွေလည်း ဈေးကြီးမြင့်တာကြောင့် ဆေးဝါးလိုအပ်ချက်ရှိနေတယ်လို့ ဘိုးဘွားတွေကို နယ်လှည့်စောင့်ရှောက် ပေး နေတဲ့ ပန်းဥယျာဉ် လူငယ်လူမှုကူညီရေးအဖွဲ့ တာဝန်ခံက အခုလိုပြောပါတယ်။ ” အဓိကကျတော့ ဆေးဝါးတွေ ပြတ်လပ်နေ တယ်။ ကျွန်တော်တို့ဆီမှာလည်း ဘိုးဘွားနဲ့ပတ်သက်ပြီးမှ အလှူရှင်လည်းမရှိဘူး ဘတ်ဂျတ်လည်း မရှိတဲ့အခါကျတော့ ဒီအပိုင်း မှာလည်း အားနည်းနေတယ်ပေါ့နော်။ အာဟာရပိုင်းမှာက အများနဲ့ဖြစ်တဲ့အခါကျတော့ အနည်းအကျဉ်း ပံ့ပိုးတာတော့ရှိတယ်။ အရင်လို ထိထိမိမိတော့ မလုပ်ပေးနိုင်တော့ဘူး။”လို့ ဆိုပါတယ်။

ပူတာအိုမြို့နယ်ထဲမှာ ခိုကိုးရာမဲ့ဘိုးဘွား အယောက် ၈၀ ကျော်ရှိတဲ့အပြင် နယ်လှည့် စောင့်ရှောက်ပေးနေတဲ့ အဖွဲ့မှာ လည်း ငွေရေးကြေးရေးခက်ခဲတာကြောင့် အရင်ကလို ဆေးဝါးပိုင်းနဲ့ အာဟာရပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ထိထိရောက် ရောက် မကူညီပေးနိုင်တဲ့ အခြေအနေဖြစ်နေတာလို့ ဆိုပါတယ်။ ဘိုးဘွားတွေထဲမှာ အမြဲတမ်းဆေးဝါးမှီဝဲနေရတဲ့သူတွေလည်း ပါတာကြောင့် ဘိုးဘွားတွေအတွက် ဆေးဝါးတွေလိုအပ်နေတဲ့အပြင် ဆန်၊ဆီ၊ဆား-စတဲ့ အခြေခံစားသောက်ကုန်တွေလည်း လိုအပ်မှုရှိနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ပူတာအိုမြို့မှာသာမက နေရာအနှံ့အပြားမှာ ဆေးဝါးရရှိဖို့ခက်တာနဲ့ ဈေးကြီးမြင့် နေတာဖြစ်ပါတယ်။ ပူတာအိုမြို့မှာတော့ လမ်းပိတ်သွားကတည်း က ဆေးဝါးရရှိဖို့ ခဲယဉ်းသွားသလို လက်ရှိ ကား တွေဝင်လာတဲ့ နောက်ပိုင်းမှာလည်း ကုန်ဈေးနှုန်းတွေ သိသိသာသာ ဈေးကျသွားတာတော့ မရှိသေးပါဘူး။ 

၂၅။ ရခိုင်တွင် အမျိုးသမီးလစဉ်သုံးပစ္စည်း ရှားပါးပြီး စျေးမြင့်နေ၍ အခက်ကြုံနေကြရ
 September 24, 2024
ရခိုင်ပြည်တွင် အမျိုးသမီးလစဉ်သုံးပစ္စည်း(Pad) များရှားပါးမှုနှင့် ဈေးမြင့်တက်မှုများကြောင့် အမျိုးသမီးတိုင်းလစဉ် သုံးများရရှိရန် အခက်အခဲကြုံနေကြရသည်ဟု သတင်းရရှိသည်။ ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများမဖြစ်မီက အမျိုးသမီးလစဉ်သုံး ပစ္စည်းတစ်ထုပ်လျှင် ၁ ထောင် ကျော်သာရှိခဲ့ရာမှ လက်ရှိတွင် ပျဥ်းမျှ ၅၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အကြားရှိနေသည်ဟု သိရသည်။ ယင်းသို့ စျေးမြင့်တက်နေ၍ ငွေကြေးမတတ်နိုင်သဖြင့် အဝတ်စများကိုဆုတ်ဖြဲပြီး အသုံးပြုနေရသည်ဟု ရသေ့တောင်မြို့နယ်၊ လေးခွဆုံကျေးရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။ “လစဉ်သုံးကို နယ်ဖက်တွေမှာဆိုရင် အမျိုးသမီးတော်တော်များများ မသုံး နိုင်ကြဘူး။ ပစ္စည်းဈေးတက်တာလည်း ပါတယ်ပေါ့နော်။ နောက်တစ်ခုက တခါတလေ ဆိုင်တွေမှာ ပစ္စည်းပြတ်သွားတာမျိုး လည်းရှိတော့ အဝတ်စကိုပဲအသုံးပြုနေကြရတယ်။ ရေရှည်သုံးရင် ကျန်းမာရေးထိခိုက်မှာကိုလည်း ကြောက်တယ်။ ဆေးကုသဖို့ ကလည်း လွယ်တာ မဟုတ်ဘူး”ဟုပြောသည်။ ယင်းအပြင် ဓမ္မတာလာစဉ် တခါတရံ လစဉ်သုံးပစ္စည်းမရှိ၍ ရှေးယခင်ခေတ်များ ကလို အပြင်မထွက်ဘဲ မိမိအိမ်တွင်း၌သာနေကြရသည်ဟု သူက ဆက်ပြောသည်။

ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများဖြစ်ပြီးနောက် စစ်ကောင်စီက ကုန်းလမ်းနှင့်ရေလမ်းတို့ကို တင်းတင်းကျပ်ကျပ် ပိတ်ပင် ထား၍ ကုန်ပစ္စည်းများပြတ်လပ်နေကာ စျေးနှုန်းများမြင့်တက်နေရခြင်းဖြစ်သည်။ ယင်းအထဲတွင် အမျိုးသမီးများအတွက် အရေးပါသည့် လစဉ်သုံးပစ္စည်းများလည်းပါဝင်သည်။ လက်ရှိ ရခိုင်တွင် တိုက်ပွဲများပြင်းထန်နေပြီး အလုပ် အကိုင်နှင့် ဝင်ငွေက လည်းမရှိဖြစ်နေချိန် လစဉ်သုံးပစ္စည်းဈေးမြင့်တက်ခြင်းနှင့် ရှားပါးမှုများကြောင့် ချွေတာသုံးနေရသူများရှိသလို အဝတ်စကိုသာ အသုံးပြုနေရကြောင်း သိရသည်။ မြေပုံမြို့ရှိ မွတ်ဆလင်ဒုက္ခသည်စခန်း(IDP)မှ ဒေါ်မပုကလည်း အမျိုးသမီး တစ်ကိုယ်ရည်သုံး ပစ္စည်းများမရှိ၍ အဝတ်စကိုသာအသုံးပြုနေရသည်ဟု ပြောသည်။ “အမျိုးသမီးတွေမှာ တစ်ကိုယ်ရည်သုံးပစ္စည်းလိုအပ်တယ်။ အတွင်းခံကအစပေါ့နော်။ လစဉ်သုံးတွေလည်း အထောက်အပံ့မရတာကြာပြီ။ ဖြစ်သလို အဝတ်စနဲ့ပဲ အသုံးပြု နေရပါတယ်။ ဈေးနှုန်းကလည်း ကျမတို့အနေနဲ့ မတတ်နိုင်ဘူးလေ။ ဒါကြောင့် အကူအညီတွေရချင်ပါတယ်” ဟုပြောသည်။ အလားတူ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရမ်းဗြဲစသည့် ရခိုင်မှ မြို့နယ်အများအပြားရှိ စစ်ဘေးရှောင်များနှင့် ဒုက္ခသည် မွတ်ဆလင် စခန်းများ အပါအဝင် အမျိုးသမီးအများစုတွင် လစဉ်သုံးပစ္စည်း အခက်အခဲဖြစ်နေ ကြကြောင်း သိရသည်။ Read in Full

၂၆။  တပ်ဖွဲ့ဝင်များ အယောင်ဆောင်ကာ ငွေလိမ်ခြင်းရှိနေသဖြင့် ဖမ်းဆီးအရေးယူမည်ဟု MNDAA ထုတ်ပြန်
 September 24, 2024
ကိုးကန့်(MNDAA)တပ်ဖွဲ့အယောင်ဆောင်ကာ မန္တလေး၊ တောင်ကြီး၊ မူဆယ်နှင့် မြန်မာနိုင်ငံအနှံ့တွင် ငွေလိမ်တောင်း ခံခြင်းများရှိနေ၍ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း MNDAA က စက်တင်ဘာလ (၂၃)ရက်နေ့က ထုတ်ပြန်သည်။ MNDAA တပ်ဖွဲ့ဝင်များ၊ အခြားသော ဌာနဆိုင်ရာအဖွဲ့ဝင်များအဖြစ် အယောင်ဆောင်ပြီး စီးပွားရေးလုပ်ငန်းရှင်များအား လိမ် လည်ခြင်း၊ ရိက္ခာတောင်းခံခြင်းနှင့် ငွေကြေးကောက်ခံခြင်းများကို ပြုလုပ်နေခြင်းကြောင့် မသမာသူများကို ဥပဒေနှင့်အညီ အချိန်အကန့်အသတ်မရှိ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

MNDAA အနေဖြင့် ပြည်သူလူထုထံမှ ငွေညစ်၊ ငွေလိမ်ခြင်း လုပ်ရပ်များကို လုံးဝလုပ်ကိုင်ခြင်းမရှိကြောင်း၊ မန္တလေးတွင် အခွန်ကောက်ခံခြင်းနှင့် မန္တလေးကို ထိုးစစ်ဆင်တိုက်ခိုက်မည့် မူဝါဒများ လုံးဝချမှတ်ထားခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြည်သူများအနေဖြင့် ယင်းသို့ ငွေလိမ်၊ ငွေညစ်ခြင်းလုပ်ရပ်များခံရပါက အထူးဒေသ (၁)အုပ်ချုပ်မှု ကော်မတီ နှင့် MNDAA ထံ သတင်းပေးတိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။ Read in Full

၂၇။ ရေဘေးအတွက်ဆိုပြီး ဝန်ထမ်းတွေဆီကနေ စစ်ကောင်စီ အတင်းအကျပ် ငွေကောက်ခံနေ
 September 24, 2024
မွန်ပြည်နယ် စစ်ကောင်စီဟာ ရေဘေးသင့်ပြည်သူအတွက်ဆိုပြီး လက်အောက်ခံ ဌာနဆိုင်ရာ ဝန် ထမ်းတွေဆီကနေ အတင်းအကျပ် ငွေကြေးကောက်ခံနေတာတွေ လုပ်ဆောင်နေတယ်လို့ Non CDM အသိုင်းအဝိုင်းက ပြောပါတယ်။ ရေဘေးသင့် ပြည်သူတွေအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေကြေးကောက်ခံတဲ့နေရာမှာ ဌာနအမျိုးအစားပေါ်မူ တည်ပြီး ရာထူးအဆင့် အလိုက်အနည်းဆုံး ကျပ် ၅၀၀၀ ကနေ ကျပ် ၃၀၀၀၀ အထိမဖြစ်မနေ ပေးဆောင်နေရတယ်လို့ သိရပါတယ်။ ငွေကြေးကောက်ခံ တဲ့နေရာမှာလည်း ဘယ်နေရာတွေက ရေဘေးသင့်ပြည်သူတွေကို ငွေကြေးဖြစ်စေ၊ အသုံးအဆောင်ဖြစ်စေ ဘယ်လိုပုံစံမျိုးနဲ့ လှူဒါန်းသွားမလဲဆိုတာ ချပြတာမရှိတဲ့အတွက် လက်တွေ့ ရေဘေးသင့် ပြည်သူတွေဆီ ရောက်မရောက် မသိရဘူးလို့ Non CDM ဝန်ထမ်းတွေက ပြောကြပါတယ်။ ဒါ့အပြင် ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်ပြီး ရတဲ့လစာနဲ့ ချွေတာ စားသောက်နေရချိန် ရေဘေးသင့်ပြည်သူတွေကို အကြောင်းပြပြီး ငွေကြေးကောက်ခံတဲ့နေရာမှာ စေတနာရှိသလောက် မသတ်မှတ်ဘဲ နှုန်းထားတစ်ခု သတ်မှတ်ကာအတင်း အကျပ် ကောက်ခံတာဟာ မဖြစ်သင့်ဘူးလို့ Non CDM ဝန်ထမ်းအသိုင်းအဝိုင်းကြားဝေဖန်မှုတွေရှိနေတာပါ။ CDM ဝန်ထမ်းတစ်ဦးကတော့ စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းတွေဟာ ရတဲ့လစာနဲ့ မဖူလုံတာကြောင့် အခုလို အတင်းအကျပ် ငွေကြေးကောက်ခံမှုကြောင့် အဂတိလိုက်စားမှုတွေ တိုးလာမယ်လို့ ပြောပါတယ်။

 “ကျွန်တော်တို့ တခြားဝန်ထမ်းတွေဆီသွားရင် ဘယ်လိုရောက်မလဲဆို သူတို့နဲ့ဆက်နွယ်နေတဲ့ သူတို့ဆီမှာ ဝန်ဆောင်မှု လာယူနေတဲ့ ပြည်သူဆီကိုပဲ ပြန်ရောက်မှာပေါ့။ အဲ့ဒီကတစ်ဆင့် ငွေကညှစ် ထုတ်မယ်ဆိုတဲ့ အခါကျတော့ အဲ့ဒါတစ်နည်းအား ဖြင့်ပြောရင် အဂတိလိုက်စားမှုတစ်မျိုးတစ်ဖုံ ပြန်ရောက်လာမှာပဲ။ ဒီလိုပဲနေမှာပဲ”လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီ လက် အောက်ခံ ဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့ သဘောအတိုင်း ခိုင်းသမျှကို မဖြစ်မနေလုပ်ဆောင်ပေး နေရတာဟာ မဖြစ်သင့်သလို အခုလို အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးအတင်းအကျပ် တောင်းခံတာဟာ သူ့လက် အောက်ခံတွေကို အဂတိလိုက်စားဖို့ အတွက် တွန်းအားပေးတာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ လက်ရှိမှာတော့ ဒေသတွင်းက ပြည်သူတွေဟာ ရေဘေးသင့် ပြည်သူတွေကို ကူညီဖို့အတွက် ကိုယ်ထူကိုယ်ထ လိုက်လံအလှူခံပြီး ငွေကြေးအပြင် အစားအသောက်နဲ့ အသုံးအဆောင် ပစ္စည်း တွေကအစ ပေးပို့ လှူဒါန်းတာတွေ လုပ်ဆောင်နေတာပါ။ အဲဒီအလှူငွေ ကောက်ခံပွဲမှာတော့ မွန်ပြည်နယ်အနေနဲ့ ရာဂီတိုင်ဖွန်း မုန်တိုင်းကြောင့် ရေဘေးသင့် ပြည်သူတွေအတွက် အလှူငွေစုစုပေါင်း ကျပ်သိန်း၂၈၅၀ ကျော် ရရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ဘယ်နေရာတွေကို သွားရောက်လှူဒါန်း ပေးသွားမလဲဆိုတာ ထုတ်ပြန်တာ မရှိပါဘူး။ Read in Full

၂၈။ ရခိုင်ဒေသသို့ အရက်၊ ဘီယာတင်သွင်းခွင့် AA ပိတ်ပင်
 September 23, 2024
ရခိုင်ပြည်နယ်သို့ ပြည်ပနှင့်ပြည်မဘက်မှ အရက်၊ ဘီယာတင်သွင်းခွင့်ကန့်သတ်ပိတ်ပင်လိုက်ကြောင်း အာရက္ခတပ် တော် (AA) က အမိန့်ထုတ်ပြန်ခဲ့သည်။ တင်သွင်းပြီးဖြစ်သည့် လက်ကျန် အရက်၊ ဘီယာများကိုလည်း ၃ လအတွင်း အပြီးသတ် ရောင်းချရမည်ဖြစ်ကာ တော်လှန်ရေးကာလအတွင်း ကန့်သတ်တားဆီးထားသည့် ယစ်မျိုးကုန်များကို ထပ်မံတင်သွင်းခွင့်မပြု ဟု အမိန့်စာတွင်ဖော်ပြထားသည်။ ထိုအမိန့်သည် ဗဟိုကပေးသောအမိန့်ဖြစ်ပြီး စစ်ဒေသအလိုက်အသီးသီးညွှန်ကြားချက် ထုတ် ထားကြောင့် AA နိုဗာ (၁) စစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဘာဖြစ်လို့ ပိတ်ပင်လဲဆိုရင် နံပါတ်တစ် ပြည်တွင်း မှာ စီးပွားရေးအခက်အခဲ၊ အကျပ်အတည်း….. ကုန်စျေးနှုန်းတွေ အဆမတန်မြင့်မားနေတဲ့ကာလမှာ ပြည်ပက ဝင်လာတဲ့ အရက်၊ ဘီယာ၊ ဝိုင်တွေပေါ့၊ သောက်သုံးတဲ့အတွက် စျေးနှုန်းတော်တော်မြင့်လာတယ်။ အကျိုးရှိတဲ့ စားရေးသောက်ရေးမဟုတ်ဘဲနဲ့ အရက်သောက်သုံးမှုမှာ ပြည်သူတွေဟာ ငွေကြေးကုန်ကျမှုတွေများတယ်”ဟု ၎င်းကဆိုသည်။ ထိုသို့ပိတ်ပင်ခြင်းမှာ စစ်ကောင်စီ ထုတ် အရက်၊ ဘီယာများကို မသောက်သုံးရအောင် ဆန့်ကျင်ရာလည်း ဖြစ်သည်ဟု သူကဆက်ပြောသည်။

“ကိုယ့်ရခိုင်ပြည်က ပိုက်ဆံတွေဟာ ပြည်ပကို စီးဝင်သွားတယ်။ အဲဒီမှာ စစ်ကောင်စီထုတ် အရက်၊ ဘီယာတွေလည်း ပါသွားတယ်။ အဲဒါ သူတို့ကိုအားပေးရာနဲ့တူတယ်။နောက်တစ်ခါ ကိုယ့်အမျိုးသား အကျိုးစီးပွားအတွက် အရည် အသွေးမီတဲ့ အရက်တွေထုတ်လုပ်ပြီး ပြည်တွင်းမှာ စျေးနှုန်းသက်သာနဲ့ သောက်သုံးနိုင်ဖို့ မျှော်လင့်တယ်။ အဲလိုအချက်တွေကြောင့် ပြည်ပ အရက်တွေကို ပိတ်ပင်ပြီး ပြည်တွင်းအရက်တွေ ထုတ်မဲ့ ဟာကို အားပေးဖို့အတွက် လုပ်လာတာဖြစ်တယ် “ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီထုတ် အရက်၊ ဘီယာများသာဝင်ရောက်ပြီး နိုင်ငံခြားထုတ် အရက်၊ ဘီယာများ ဝင်ရောက်မှုနည်းပါးသည်ကိုတွေ့ရသည်။ စစ်တပ်ထုတ် GRAND ROYAL တစ်ပုလင်းလျှင် ၄၀၀၀၀ ကျပ်၊ GRAND Smooth တစ်ပုလင်းလျှင် ၃၀၀၀၀ ကျပ်၊ မြန်မာဘီယာဗူးတိုတစ်ဗူးလျှင် ၁၃၀၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်လျက်ရှိသည်။“အရက် မတင်သွင်းရ”ဆိုသည့်အမိန့်သည် စက်တင်ဘာ ၁၉ ရက်က စတင် အသက်ဝင်ပြီး ထပ်မံတင်သွင်း ခြင်းတွေ့ရှိပါက ထိရောက်စွာ အရေးယူမည်ဟုလည်း အမိန့်ထုတ်ပြန်ထားသည်။ Read in Full

၂၉။ ကွပ်မျက်မှုဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ရာရောက်တယ်လို့ IIMM ပြော
 September 24, 2024
သေဒဏ်အမိန့်ကျခံထားရသူတွေကို စစ်ကောင်စီက ကွပ်မျက်မယ်ဆိုတဲ့သတင်းတွေကို အနီးကပ်စောင့်ကြည့်နေတယ် လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) က စက်တင်ဘာ ၂၃ ရက်က ပြောလိုက်ပါတယ်။ ဒီလိုကွပ်မျက်တယ်ဆိုတာ Crimes Against Humanity လို့ခေါ်တဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ရာရောက်တယ်လို့ ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။

နိုင်ငံတကာဥပဒေကို အကြီးအကျယ်ချိုးဖောက်မှုတွေကို ဆန်းစစ်ဖို့ IIMM ကို ၂၀၁၈ က ဖွဲ့စည်းခဲ့ပါတယ်။ မနှစ်က တံခါးပိတ် အမှုစစ်ဆေးပြီး သေဒဏ်မိန့်ချမှတ်ခဲ့သူတွေကို မကြာခင်ကွပ်မျက်နိုင်တယ်ဆိုတဲ့ သတင်းတွေ ရရှိထားတယ်လို့ ဆိုပါတယ်။ တရားသဖြင့် မျှမျှတတ အမှုစစ်ဆေးဖို့ အခြေခံလိုအပ်ချက်တွေ မရှိတာကိုအခြေခံတဲ့ သေဒဏ် မိန့်ချမှတ်တာ ဒါမှမဟုတ် ဖမ်းဆီးထားတာတောင် လူသားမျိုးနွယ်ပေါ် ရာဇဝတ်မှုကျူးလွန်ရာဒါမှမဟုတ် စစ်ရာဇဝတ် မှုတစ်ခု ဒါမှမဟုတ် တစ်ခုထက်ပို ပြီး ကျူးလွန်ရာရောက်တယ်လို့ (IIMM) အဖွဲ့ခေါင်းဆောင် နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian)က ကြေညာချက်မှာ ရေးထားပါတယ်။ Read in Full

၃၀။ ကုလားတန်မြစ်ထဲ ခုန်ချအဆုံးစီရင်သွားသည့် စစ်ဘေးရှောင်အလောင်း ရှာတွေ့
September 24, 2024
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကုလားတန်မြစ်ထဲခုန်ချအဆုံးစီရင်သွားသည့် စစ်ဘေးရှောင်လူငယ်၏ ရုပ်အလောင်း အား ယမန်နေ့ညပိုင်းတွင် ရှာဖွေဆယ်ယူရရှိခဲ့ကြောင်း လင်းရောင်ခြည်ဖောင်ဒေးရှင်းထံမှ သိရှိရသည်။ စက်တင်ဘာ လ ၂၃ ရက် ည ၇ နာရီခွဲခန့်တွင် ကျောက်ဆိပ်ကျေးရွာအနီး ကုလားတန်မြစ်ကမ်းစပ်တွင်ရှာဖွေတွေ့ရှိခဲ့ကြောင်း လင်း ရောင်ခြည်ဖောင် ဒေးရှင်း တာဝန်ရှိသူတစ်ဦးကပြောသည်။ “အလောင်းကို မနေ့က ညပိုင်းမှာပြန်တွေ့ပါပြီ။ မနေ့ကပဲကျွန်တော်တို့ရှာနေကြတာ။ အခုပြန်တွေ့ပါပြီ”ဟုပြောသည်။ ရှာဖွေ့တွေ့ရှိသည့်ရုပ်အလောင်းမှာ ယမန်နေ့စက်တင်ဘာလ ၂၂ ရက် ၊ မနက်ပိုင်းက ကုလား တန်မြစ်ထဲခုန်ချအဆုံးစီရင်သွားသည့် ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်မှ စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ကိုမောင်ကြီး(၂၆) နှစ် ဖြစ်သည်။

ကိုမောင်ကြီးသည် ယမန်နေ့မနက်ပိုင်းက ယိုးငူကျေးရွာနှင့်ကျောက်ဆိပ်ကျေးရွာကြား ပုဏ္ဏားကျွန်း-ကျောက်တော် ကား လမ်းဘေးရှိ ကုလားတန်မြစ်(ကစ္ဆပနဒီမြစ်)ထဲသို့ ခုန်ချအဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကိုမောင်ကြီး ၏ ရုပ် အလောင်းအား ယမန်နေ့က လင်းရောင်ခြည်ဖောင်ဒေးရှင်း ၊ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း၊ ပုဏ္ဏားကျွန်းလူငယ်များအစည်း အရုံးတို့ က ရှာဖွေခဲ့ကြပြီး ယနေ့တွင်စစ်ဘေးရှောင်လူငယ်များနှင့် လင်းရောင်ခြည်ဖောင်ဒေးရှင်းအဖွဲ့က ဆက်လက် ရှာဖွေရာ တွေ့ရှိခဲ့ ခြင်းဖြစ်သည်။ ကိုမောင်ကြီးသည် ယမန်နေ့မနက်ပိုင်းက ရေနစ်မပျောက်ဆုံးမီ သူစစ်ဘေးရှောင်နေသည့်အနီး ကျေးရွာတစ်ခုမှ အုန်းသီးတစ်လုံး တောင်းယူလာသည်ကို မိသားစုဝင် တစ်ဦးက ပြစ်တင် ပြောဆို ငေါက်ငမ်းမိပြီး​နောက် ကုလားတန်မြစ်ထဲ ဆင်း သွားကာ ရေနစ်ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ Read in Full

 
၃၁။ မိုးမောက်ဘက်မှာနေ့စဉ် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ တင့်ကားနှစ်စီးကို KIA ခုခံတိုက်ခိုက်
 September 24, 2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲတွေ နေ့တိုင်းနီးပါးရှိနေပြီး စက်တင်ဘာလ ၂၃ ရက်နေ့ (မနေ့က)လည်း ဗန်းမော်မြို့ဘက်က တက်လာတဲ့ တင့်ကားနှစ်စီးကို KIA ပူးပေါင်းတပ်ကနေ ခုခံတိုက်ခိုက်ခဲ့တယ်လို့ ကချင် လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဗန်းမော်မြို့ဘက် ကနေ မိုးမောက်မြို့နယ်ဘက် ခြေလျင်တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို KIA ပူးပေါင်းတပ်ကနေ  နေ့တိုင်းနီးပါး ခုခံ တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း မြေပြင်စစ်ကြောင်းသာမက လေကြောင်းနဲ့ပါ တန်ပြန်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာလို့ သိရပါတယ်။ ဗန်းမော်မြို့ဘက်ကနေ တက်လာတဲ့ တင့်ကားနှစ်စီးကို ခုခံတိုက်ခဲ့ပြီး စစ်ကြောင်းပြန် ခေါက်သွားသလို စစ်ကောင်စီဘက်ကလည်း ဒရုန်း၊ လက်နက်ကြီး အကြိမ်ကြိမ်ပစ်ခတ်ရုံသာမက လေကြောင်းနဲ့ပါ ငါးကြိမ် ထက်မနည်း လာရောက်ပစ်ခတ်ခဲ့တာလို့ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။ “မိုးမောက်ဘက် တိုက်ပွဲတော့ဖြစ်နေဆဲပဲ။ မနေ့ကလည်း လေယာဉ် လာတယ်။ ငါးခါ၊ ခြောက်ခါ လာပစ်တယ်။ ဒရုန်းတွေနဲ့ အမြဲတမ်း ပစ်နေတယ်။ မနေ့က လက်နက် ကြီးနဲ့လည်း အကြိမ်ရေ အမြောက်အများ ပစ်တယ်။ ဗန်းမော်ဘက်ကနေ မိုးမောက်ဘက် တက်လာတဲ့သူတွေကို ခုခံတိုက်ခိုက်ပြီး နေ့တိုင်းနီးပါးကို တိုက်ပွဲရှိနေတယ်”လို့ ပြောပါတယ်။

မိုးမောက်မြို့က ခမရ ၄၃၇ တပ်စခန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်နိုင်ပြီးနောက် ဗန်းမော် ဘက်ကနေ စစ်ကြောင်းပြန်ထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို KIA ကနေခုခံတိုက်ခိုက်နေပြီး တစ်လကြာတဲ့အထိ နေ့တိုင်း နီးပါး စစ်ရေးတင်းမာနေဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ မိုးမောက်မြို့က ခမရ ၄၃၇ တပ်စခန်းကြီးနဲ့ မံစီမြို့အနီးက ကောင်ဂျာယန် စစ်ကောင်စီတပ်စခန်းငယ်တို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ သိမ်းပိုက်ပြီးနောက် လေးရက် လောက်အကြာ ဩဂုတ်လ ၂၃ ရက်နေ့မှာ စစ်ကောင်စီဘက်က စစ်ကြောင်းပြန်ထိုးလာတဲ့အတွက်စစ်ရေးတင်းမာနေတာပါ။ ဗန်းမော်မြို့ ဘက်ကနေ အင်အားအလုံးအရင်းနဲ့ တက်လာတဲ့ စစ်ကောင်စီစစ် ကြောင်းဟာ လတ်တလောလက်လွှတ်လိုက်ရတဲ့ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းက ခမရ ၄၃၇ တပ်စခန်းကြီးဘက် စစ်ကြောင်းပြန်ထိုးလာနိုင်ဖွယ် အခြေအနေရှိနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။  Read in Full

၃၂။ ကချင်နှင့်ရခိုင်အပါအဝင် ဒေသ ၆ခုမိုးကြီးမည့် သတိပေးချက် မိုးဇလထုတ်ပြန်
 September 24, 2024
လေဖိအားနည်းဆဲလ်၏အရှိန်နှင့် မုတ်သုံလေအားကောင်းနေခြင်း ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ်ခြောက်ခု၌ နေရာကွက်မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေ ဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်သည်။ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင် ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင်ယနေ့ (စက်တင်ဘာလ ၂၄ ရက်)နေ့မှ စက်တင်ဘာလ ၂၅ ရက်အထိ နေရာအနှံ့အပြား မိုးထစ်ရွာပြီး နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။ မိုးသည်းထန်စွာရွာ သွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းတို့ဖြစ်နိုင်၍ ကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြ သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြ သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြို တင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေးကြိုတင်သတိပြုရန်ထုတ်ပြန် ထားသည်။

အဆိုပါဒေသများအနက် ရခိုင်ပြည်နယ်နှင့်ပဲခူးတိုင်းမှ မြို့နယ်အချို့ရေကြီးနစ်မြုပ်မှုကြုံတွေ့နေဆဲဖြစ်သည်။ ပဲခူးတိုင်း တွင် ပဲခူးမြစ်နှင့်စစ်တောင်းမြစ်ရေလည်း ယခုရက်ပိုင်း မြင့်တက်နေသည်။ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေ မှတ်အထက် နှစ်ပေခွဲခန့်၊ မဒေါက်မြို့၌ စိုးရိမ်ရေမှတ်အထက် လေးပေခန့် မြင့်တက်နေပြီး ပဲခူးမြစ်ရေသည် ပဲခူးမြို့၌ စိုးရိမ်ရေ မှတ်အနီးရောက်ရှိနေသည်ဟု မိုးဇလက ယနေ့သတိပေးထားသည်။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအား ရပ်ဝန်းသည် အားဆက်ကောင်းလာနိုင်ခြင်းမရှိသော်လည်း ၎င်း၏အရှိန်ကြောင့် စက်တင် ဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် မိုးရွာသွန်းမှုများနိုင်ကြောင်း မိုးလေဝသ ဆိုင်ရာလေ့သာသူ ဦးဝင်းနိုင်ကပြောသည်။ ထို့အပြင် လက်ရှိရေကြီးနေဆဲ ဒေသများဖြစ်သည့် အင်းလေးဒေသအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်း ရှိမြို့နယ်အချို့တွင်  ၂၅ ရက်နေ့အထိ မိုးများနိုင်သေး၍ ရေဘေးသတိပြုနေထိုင်ကြရန် ဦးဝင်းနိုင်က သတိပေးသည်။   Read in Full

၃၃။ နောင်ချိုမြို့နယ် တောင်ခမ်းမှာ ၁ လကျော်ကြာတဲ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ
 September 23, 2024
ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်-TNLA တို့အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲလို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ ၂၂ ရက် မနက် ၉ နာရီ ၂၀ မိနစ်ကစပြီး စစ်ကောင်စီရဲ့ အမြောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ်-၉၀၂ နဲ့ ၎င်းရဲ့ လက်အောက်ခံ အမြောက်တပ် -၂၀၆ တပ်စခန်းမှာ တိုက်ပွဲ တွေ ပြင်းထန်နေတာလို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ (၇) ကြိမ် ဗုံး အလုံး (၆၀) လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ၉၀၂ တပ်စခန်းမှာလည်း Y-8 နဲ့ (၈) ကြိမ် လက်နက်ခဲယမ်း (၄၅) ထုပ် လာရောက်ကြဲချခဲ့ပါတယ်။ နောင်ချိုမြို့ကို ပြန်လည်ထိုးစစ်ဆင်ဖို့ ရှမ်းတောင် ရပ်စောက်မြို့နယ်ကနေ တောင်ခမ်းကျေးရွာဘက်ကို စစ်အင်အားတွေ ဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်နဲ့ TNLA အကြား တောင်ခမ်းမှာ တိုက်ပွဲပြင်းထန်နေတာ ၁ လကျော်ကြာ ရှိနေပြီဖြစ်ပါတယ်။ တောင်ခမ်းကျေးရွာမှာ စစ်ကောင်စီ ရဲ့ ၉၀၂ တပ်စခန်းအပါအဝင် ၎င်းရဲ့ လက်အောက်ခံ အမြောက်တပ်-၂၀၆၊ ၃၅၄ နဲ့ ၄၀၆ တပ် စခန်းတို့ အခြေ စိုက်ထားတာပါ။

ဒါ့အပြင် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးလာကြဲနေတာကြောင့် နောင်ချို ဒေသခံတချို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ နောင်ချိုဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ” ဒီရက်ပိုင်းက ရှောင်တဲ့သူက ရှောင်နေကြပြီ။ မြို့က စည်ရာကနေ ပြန်ခြောက်ကပ်နေပြီ” လို့ ဆိုပါတယ်။ စက်တင်ဘာ ၂၂ ရက် မနက်အစောပိုင်း ၁ နာရီခန့်မှာ နောင်ချိုမြို့နယ် သဖန်းကိုင်းရွာရှိ ဆီဆိုင်နဲ့ ကားဝပ်ရှော့ပ်ထဲကို စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လူနေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးသလို လူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်မှာလည်း နောင်ချိုမြို့ရဲ့ နေရာ ၃ နေရာမှာ စစ်ကောင်စီက ဗုံး ၅ လုံး ဗုံးကြဲချခဲ့တာကြောင့် လူနေအိမ် ၁၀ အိမ်ကျော် ပျက်စီးသွားတာနဲ့ အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ဟာ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ တောင်ခမ်းကျေးရွာနဲ့ မိုင် ၂၀ ခန့်ကွာဝေးတာဖြစ်ပြီး နောင်ချိုမြို့ကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်မှာ TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Read in Full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button