တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 73, September 10, 2024)

၁။ စစ်ကောင်စီအဖွဲ့ဝင်များဦးဆောင်သည့် မွန်ညီညွတ်ရေးပါတီ (MUP)ကို UEC က မှတ်ပုံတင်ခွင့်ပြု
 September 10, 2024
စစ်ကောင်စီတွင်ပါဝင်နေသော အဖွဲ့ဝင်များဦးဆောင်သည့် မွန်ညီညွတ်ရေးပါတီ(MUP)ကို ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်(UEC)က မှတ်ပုံတင်ခွင့်ပြုလိုက်သည်။ မွန်ညီညွတ်ရေးပါတီ(MUP)သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပါတီ ဗဟို ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ မတ်လ ၁၅ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ခြင်းဖြစ် သည်။ ကာလကြာရှည်စောင့်ဆိုင်းပြီးနောက် ၂၀၂၄ စက်တင်ဘာလ ၉ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံ တင်ခွင့်ပြုကြောင်း စစ်ကောင်စီ လက်အောက်ခံသတင်း စာများတွင် ယနေ့ (စက်တင်ဘာ ၁၀ ရက်) ၌ ဖော်ပြထား သည်။ မွန်ညီညွတ်ရေးပါတီတွင် ထိပ်ပိုင်းရာထူးများယူထားသည့် တွဲဖက်အတွင်းရေးမှူး(၁)နိုင်လယိတမသည် စစ်ကောင်စီလက်အောက်ခံ မွန်ပြည်နယ်အစိုးအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဖြစ်ပြီး ဗဟိုအလုပ်မှုဆောင် ဒေါက်တာဗညားအောင်မိုး သည် စစ်ကောင်စီ၏ဗဟိုအကြံပေးအဖွဲ့ဝင်ဖြစ်ကြသည်။

ယခု မှတ်ပုံတင်ခွင့်ပြုခဲ့သည့် မွန်ညီညွတ်ရေးပါတီသည် မွန်ပြည်နယ်အတွင်း ပြည်နယ်အဆင့်စည်းရုံး မည့်ပါတီဖြစ် သည်။ စစ်ကောင်စီကပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကြောင့် ကရင်ပြည်နယ်တွင် စည်းရုံးနိုင်ရန် အတွက်လည်း  မွန်တိုးတက်ရေးပါတီအမည်ဖြင့် UEC တွင် ပါတီတည် ထောင်ခွင့်လျှောက်ထားခဲ့ပြီး ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက် နေ့က မှတ်ပုံတင်ခွင့်ပြုခဲ့သည်။ မွန်တိုးတက်ရေးပါတီ အမည်ပြောင်းလဲထားသော်လည်း မွန်ညီညွတ်ရေးပါတီ(MUP)၏ မူဝါဒ အတိုင်း ဆက်သွားမည်ဖြစ် ကြောင်း သိရသည်။ မွန်ညီညွတ်ရေးပါတီ(MUP) ကို ၂၀၁၉ ခုနှစ်တွင် မွန်နိုင်ငံရေးပါတီများဖြစ်သည့်  မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP)နှင့် မွန်အမျိုး သားပါတီ(MNP)တို့ ပူးပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်နှင့် ကရင် ပြည်နယ်၌ တိုင်းရေးသားရေးရာဝန်ကြီး အပါအဝင် ကိုယ်စားလှယ် ၁၂ နေရာ အထိ အနိုင်ရရှိခဲ့သော်လည်း အာဏာ သိမ်းပြီးနောက် စစ်ကောင်စီနှင့်ပူးပေါင်းခဲ့သဖြင့် ပါတီဝင်အချို့ တပြိုင်နက်နှုတ်ထွက်ခဲ့ကြပြီး စစ်ကောင်စီနှင့် ပူးပေါင်း မှုကြောင့် မွန်လူထု ၏ ဝေဖန်ခြင်းကို ခံနေရသည်။ စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးပါတီများအား မှတ်ပုံတင်စေခဲ့ရာ လက်ရှိတွင် ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားသည့် ပါတီ ၅၂ ခု ရှိပြီဖြစ်သည်။ https://www.facebo ok.com/photo/?fbid=855199586754301&set=a.585999837007612

၂။ နောင်ချို စစ်ဘေးရှောင် ၅ ထောင်ကျော် ဆေးဝါးနှင့်ရိက္ခာ အရေးပေါ်လိုအပ်၊ ရွာပြင်မှာ တဲထိုးနေရ
 September 9, 2024
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၅၀၀၀) ကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလအတွင်း တစ်ကျော့ပြန် စတင်ခဲ့သည့် စစ်ကောင်စီ တပ်နှင့် မန္တလေး-PDF တပ်ဖွဲ့တို့၏ ပြင်ဦးလွင်-နောင်ချိုနယ်စပ် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည့် သရက်ကုန်း နှင့်ဆီဆုံကျေးရွာအုပ်စုမှ စစ်ဘေးရှောင်(၅၀၀၀)ကျော်သည်လုံခြုံရေးအရကျေးရွာထဲမဝင်ရဘဲ လယ်တောထဲတွင်တဲထိုးနေထိုင် ရကြောင်း စစ်ဘေးရှောင်များက ပြောသည်။ ယခုကဲ့သို့ မိုးရာသီတွင် တဲထိုးနေထိုင်ရခြင်းကြောင့် နေရာထိုင်ခင်း အခက်အခဲဖြစ် သည့်အပြင် ဆေးဝါးနှင့်စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း နောင်ချိုစစ်ဘေးရှောင်များကပြောသည်။“အခြေအနေ ကတော့စားစရာလည်းမရှိဘူး၊ တဲကလည်းမလုံတော့မိုးရွာတာနဲ့မိုးယိုတာ။ အလုပ်ကလည်းမလုပ်ရဘူးဆိုတော့တော်တော်လေး ဒုက္ခရောက်တယ်။ အခုကရွာထဲမဝင်ရဘဲနဲ့ ရွာအရှေ့ဘက်မှာလယ်ထဲတဲထိုးနေရတာ။ နိုင်ငံရေးပြန်ကောင်းမှ ရွာထဲပေးဝင်မယ်လို့ပြောတာ။ ပြည်သူ့ကာကွယ်ရေးတပ်ကပြောတာ”ဟု နောင်ချိုမြို့နယ်မှစစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကပြောသည်။

ယင်းကဲ့သို့ အရပ်သားများ နေထိုင်ရာ၊ စစ်ဘေးရှောင်စခန်းများ ရှိရာသို့ တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်သားများ ဝင်ရောက် နေရာယူခြင်း နှင့် တိုက်ခိုက်မှု ပြုလုပ်ခြင်းတို့သည် စစ်ရာဇဝတ်မှု (war crimes) ပြစ်မှုမြောက်သကဲ့သို့ မြန်မာနိုင်ငံမှ ပါဝင် လက် မှတ်ရေးထိုးထားသည့် ဂျီနီဗာ ကွန်ဗင်းရှင်း စာပိုဒ်ပါ စစ်ပွဲအတွင်း အရပ်သားများ ထိခိုက်ကာကွယ်မှုကို အကာအကွယ်ပေးရ မည့် စာချုပ်ကိုလည်း ကျူးလွန်ရာဖြစ်နေသည်။ နောင်ချိုမြို့နယ်အတွင်းရှိ ဆီဆုံ၊ ပါဟက်၊ မန်နား၊ ပန်ခံ၊ ဇာလီ၊ သရက်ကုန်း၊ ချောင်းကြီးစသည့် ကျေးရွာများမှ အိမ်ထောင်စု (၁၀၀၀) ကျော်သည် နှစ်ဘက်တိုက်ပွဲအတွင်း အကြိမ်ကြိမ် ထွက်ပြေးတိမ်း ရှောင်ရပြီး စစ်ဘေးရှောင်စခန်း အတည်တကျ မရှိခြင်းကြောင့် အကူ အညီ လက်ခံရရှိမှု နည်းပါးကြောင်း သိရသည်။ လက်ရှိတွင် လယ်တောထဲ နေထိုင်နေရသည့် စစ်ဘေးရှောင်ကလေးများနှင့် သက်ကြီးရွယ်အိုများတွင် ဖျားနာခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း ဖြစ်ပေါ်နေကြောင်း သိရသည်။ “စစ်ဘေးရှောင်ကလေးတွေလည်း အပြင်းဖျားပြီး ထမင်းမစားနိုင် ဖြစ်ကြတာ။ ဖျားတာ ၇/၈ ရက် ရှိပြီ၊ အပူတက်ပြီး ဖျားတာ။ လမ်းမကောင်းတော့ ကူတဲ့လူလည်း မရောက်ဘူး။ စစ်ရှောင်ရင်း ဖျားလို့ ဆုံးတာ အသက် ၂၂ ပဲ ရှိသေးတာ၊ ဗိုက်နာလို့ ဆုံးတာ။ ဆေးတစ်ချောင်းပဲ ထိုးလိုက်ရတယ်၊ ပိုက်ဆံမရှိလို့ ဆေးမကုနိုင်ဘူး”ဟု ၎င်းစစ်ဘေးရှောင် အမျိုးသမီးက ဆက်ပြောသည်။ https://burmese.shannews.org/archives/44155

၃။  မောင်တောကို စစ်ကောင်စီ ဗုံးကြဲ၍ AA ဖမ်းထားသော စစ်သုံ့ပန်း ၅၀ ကျော် သေဆုံး
 September 10, 2024
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် မောင်တောမြို့နယ်ကို ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်ခဲ့၍ အာရက္ခတပ်တော် AA ထိန်းသိမ်းထားသော စစ်သုံ့ပန်း ၅၀ ကျော် သေဆုံးသွားကြောင်း AA က ယနေ့ စက်တင်ဘာ လ ၁၀ ရက်တွင် ထုတ်ပြန်သည်။ စစ်သုံ့ပန်းများနှင့် မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့များအား AA က ခေတ္တထိန်းသိမ်းထားသော မောင်တော လေးမိုင် နခခ – ၂ စခန်းကို ယမန်နေ့ ည ၉ နာရီခွဲအချိန်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ သေဆုံးသူထဲ တွင် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများ၊ ARSA၊ RSO တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်း ပေး မွတ်ဆလင် လက်နက်ကိုင်များနှင့် စစ်ကောင်စီ လက်ကိုင် တုတ်များ ပါဝင်ကြောင်း AA က ဆိုသည်။

ယင်းအပြင် စစ်ကောင်စီ လေ့ကျင့်ထားသော သတင်းပေးများ၊ တော်လှန်ရေးအား နှောက်ယှက်၍ ဖမ်းဆီးစစ်နေသူ များ၊ ALP နှင့်ဆက်စပ်သူများ အပါအဝင် သသံယအမျိုးမျိုးဖြင့် စစ်ဆေးရန် ဖမ်းဆီးထားသူများပါဝင်ကြောင်း သိရသည်။ သေဆုံးသူ ၅၀ ကျော်မှာ နေရာ၌ သေဆုံးသွားပြီး ပြင်းထန်ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်ရသူ အများအပြားလည်း ရှိနေဆဲဖြစ် ကြောင်း AA က ထုတ်ပြန်သည်။ ည ၈ နာရီ ၂၀ မိနစ်နှင့် ၂၃ မိနစ်တို့တွင်လည်း မောင်တောမြို့ ၃ မိုင်နှင့် ဝေသာလီကျေးရွာ အတွင်းရှိ UN အဆောက်အအုံကို စစ်ကောင်စီက ဂျက်လေယာဉ် (၁) စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။ မောင်တော လေးမိုင်က နခခ ၂ နယ်ခြားစောင့်တပ်စခန်းကို အာရက္ခတပ်တော် AA က စစ်ကောင်စီထံမှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့ စွန့်လွှတ်ခဲ့ရသော စခန်းများပါမကျန် ဗုံးကြဲတိုက် ခိုက်လျက်ရှိသောကြောင့် အဆိုပါနေရာများတွင် သတိထားသွားလာကြရန်၊ လေကြောင်းအန္တရာယ်ကို ပိုမိုသတိထားကြရန် နှင့် မိုင်းအန္တရာယ်ကိုလည်း သတိထားကြပါရန် AA က ထပ်မံ၍ သတိပေးနေသည်။ https://www.facebook.com/photo?fbid= 975746551231438&set=a.682731967199566

၄။ ဘီးလင်းတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိ
 September 10, 2024
မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စက်တင်ဘာ ၉ ရက်နေ့ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲ အတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေအ ပါအဝင် စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ စက်တင်ဘာ ၉ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ဘီးလင်းမြို့နယ် သပြေနီကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်က စစ်ကောင်စီရဲ့ တံတားစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ PDF ပူးပေါင်း တပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ  ၂ နာရီကျော်ကြာ ဖြစ်ပွားခဲ့တာပါ။ ဒါ့အပြင် မနက် ၁၁ နာရီအချိန်ခန့်မှာ လည်း ဘီးလင်းမြို့နယ် တောင်ကလေကျေးရွာအနီးက မစောတံတားစောင့်တဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ ထပ်မံတိုက်ခိုက်ရာကနေ အချိန် ၃ နာရီနီးပါးအကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို KNLA ၊ PDF ပူပေါင်း တပ်ဖွဲ့ဘက်ကလည်း ရဲဘော်တစ်ဦးကျဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲကြောင့် မော်လမြိုင် – ရန်ကုန် ကားလမ်း အချိန်  ၃ နာရီကျော်ကြာပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး နေ့ လည် ၂ နာရီခွဲလောက်မှာသာ ပုံမှန်အတိုင်း ပြန်လည်သွားလာနေ ကြပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် သပြေနီကျေးရွာနဲ့အလူးလေးကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ ဘီးလင်းမြို့နယ်မှာ စက်တင်ဘာလဆန်းပိုင်း ကစပြီး နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေပြီး စစ်ကောင်စီဘက်က နေ့ရောညပါ လက်နက် ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင် နေပါတယ်။ https://www.facebook. com/photo/?fbid=572810845309726&set=pcb.572810881976389

၅။  ချင်းပြည်နယ်ထဲကို စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်ခံရတာ သုံးပတ်ရှိလာ
 September 9, 2024
စစ်ကိုင်းတိုင်းကနေတစ်ဆင့် ချင်းပြည်နယ်ထဲကို ဆန်နဲ့ စားသောက်ကုန်တွေအပါအဝင်၊ လျှပ်စစ်ပစ္စည်း၊ ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ သယ်လို့မရအောင် စစ်ကောင်စီဘက် က ကန့်သတ်ထားတာ သုံးပတ်ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဩဂုတ်လ ၂၀ ရက်နေ့ကတည်းက ပိတ်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၉ ရက် ဒီနေ့အထိ ပြန်ဖွင့်မပေးသေးဘူးလို့ ဆိုပါတယ်။ “လူတန်းစားအကုန်လုံးက တော်တော်လေး ဒုက္ခရောက်မယ်။ နောက်ဆုံး ဘယ်လောက်ထိ ဖြစ်နိုင်လဲဆိုရင် စားနပ် ရိက္ခာပြတ်လပ်တဲ့အထိ ဖြစ်သွားနိုင်တယ်” ဒါကြောင့် တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ဟားခါးနဲ့ ထန်တလန်မြို့တွေဆီ ကုန်စည်ပို့ တာတွေ ရပ်ဆိုင်းနေတယ်လို့ ဆိုပါတယ်။ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ကို ကလေးမြို့ကနေ ဆန်သယ်မယ်ဆိုရင် ဆန်အိတ် တစ်ဝက်ပဲ ခွင့်ပြုတယ်လို့ အမည်မဖော်လိုတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ “ဆန်နဲ့ PPC ပိုက်တွေတော့ ပိတ်တယ်။ တခြားဟာတော့ မပိတ်ဘူး၊ အခုက သုံးပတ်ရှိတော့မယ်၊ မိသားစုစားဖို့ အတွက်ဆိုရင် ဆန်တစ်အိတ်ကို ခွဲပြီးမှ သယ်လို့ရတယ်။ ရှစ်မိုင်ဂိတ်တွေဆိုရင်လည်း ဆန်တစ်အိတ်ကို ခွဲပြီးမှ သယ်ခိုင်းတာ။ အဲလိုမျိုး အောက်ကလူတွေက မသိဘူးတဲ့။ ဘာဖြစ်လို့ မသယ်ခိုင်းတာလဲဆိုတာ မသိဘူး။ ဘယ်တော့ ပြန်ဖွင့်မလဲလည်း မသိဘူး” အခုလို ပိတ်ထားတာကြောင့် တီးတိန်မြို့မှာ ဆန် အပါအဝင် စားသောက်ကုန်နဲ့ အိမ်ဆောက်ပစ္စည်းတွေ ဈေးတက်လာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် စားနပ်ရိက္ခာပြတ်လပ်လာမှာ စိုးရိမ်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တီးတိန်မြို့ခံ တစ်ဦးက ပြော ပါတယ်။ “ရေရှည်ဆက်ဖြစ်မယ်ဆိုရင် အများစုကတော့ ပြည်သူလူထုကတော့ တော်တော်လေးကို ဒုက္ခရောက်သွားမှာ။ အခု လောလောဆယ် ၀င်ငွေရတဲ့ လုပ်ငန်းဆိုတာလည်း သိပ်မရှိဘူးပေါ့လေ။ အခြေခံ တစ်နေ့လုပ်၊ တစ်နေ့စား တွေအတွက်ရော၊ အကုန်လုံးပေါ့နော်၊ လူတန်းစားအကုန်လုံးက တော်တော်လေး ဒုက္ခရောက်မယ်။ နောက်ဆုံး ဘယ်လောက်ထိ ဖြစ်နိုင်လဲဆိုရင် စားနပ်ရိက္ခာပြတ်လပ်တဲ့အထိ ဖြစ်သွားနိုင်တယ်” ဆေးဝါးတွေကိုလည်း ဆရာ၀န်ထောက်ခံချက်နဲ့ ဆေးစာပါမှပဲ သယ်ယူခွင့် ပေးတယ်လို့ ဆိုပါတယ်။ ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) တွန်းဇံရဲ့ စစ်ဦးစီးချုပ် ဦးထန်ဆွန်မုန်ကတော့ တော်လှန်ရေးအဖွဲ့ တွေ ရိက္ခာပြတ်အောင် စစ်ကောင်စီတပ်က လုပ်နေတာလို့ ပြောပါတယ်။ “ချင်းတောင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရှိနေလို့ အဲဒါ ပိတ်တာပါ၊ အဲဒါအမှန်က။ ပြည်သူတွေကို တော်လှန်ရေးဘက်မပါအောင်၊ စိတ်ဓာတ်ကျအောင် အဲလိုလုပ်တာပါ။ အဓိက ကျွန်တော်တို့ တွန်းဇံမြို့ကို သိမ်းတဲ့အခါကျတော့ တွန်းဇံမြို့ကို ဆန်မ၀င်အောင်ဆိုပြီးတော့ ပိတ်ထားတဲ့ဟာပါ။ အစကတည်း ကျွန်တော်တို့က ပြည်သူတွေကို စုဆောင်းခိုင်းတာ ရှိပါတယ်။ မိုးတွင်း ရိက္ခာဖြစ်ဖြစ်၊ ဆောင်းတွင်းရိက္ခာဖြစ်ဖြစ် တစ်နှစ်လောက် အောင် စုခိုင်းထားတာရှိတယ်” ချင်းလူ့အခွင့်ရေးအဖွဲ့ (CHRO) ရဲ့ စီမံအရာရှိ ဆလိုင်းမန်ဟရဲလျန်ကလည်း စစ်ကောင်စီဟာ ပြည်သူလူထုကို စားနပ်ရိက္ခာပြတ်အောင် လုပ်နေတယ်လို့ ပြောပါတယ်။ https://www.rfa.org/bu rmese/program_2/chintransportingfoodrestricted09092024044904.html

၆။ လောင်းလုံးဒေသ စစ်ရှောင်များ ရိက္ခာအရေးပေါ် လိုအပ်နေ
 September 9, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်များ စစ် ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် တိမ်းရှောင်နေကြရသော ဒေသခံစစ်ရှောင်များသည် လက်ရှိတွင် စားနပ် ရိက္ခာ အရေး ပေါ်လိုအပ်နေသည်ဟု ၎င်းတို့အား အနီးကပ် ကူညီနေသူများက ပြောသည်။ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ပြီးခဲ့ သည့်ဩဂုတ် ၁၇ ရက်နေ့က တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အင်အား ၁၀၀ ဝန်းကျင်ဖြင့် ကျေးရွာများသို့ စစ်ကြောင်း ထိုး ဝင်ရောက်လာသည့်အတွက် ဒေသခံများ စစ်ဘေးရှောင် ထွက်ပြေးခဲ့ရသည်။“ပြီးခဲ့တဲ့လကစပြီး စစ်ဘေးရှောင်နေရတယ်။ အခုအချိန်ထိ။ မိုးရွာနေတုန်း ဖြစ်တဲ့အတွက် နေရာထိုင်ခင်း ကတော့လိုအပ်နေတယ်။ လက်ရှိမှာ ယာယီစစ်ဘေးရှောင် ၄၀၀ ကျော်ရှိတယ်။ ရွာတွေက ဖြစ်တဲ့အတွက် သက်ကြီးရွယ်အိုတွေ အဓိကပါဝင်နေတယ်” ဟု စစ်ရှောင်များကို အနီးကပ်ကူညီနေသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းသည် လောင်းလုံးမြို့နယ်အတွင်းရှိ မောင်းမကန်ရွာ၊ ကျောက်ဆင်ရွာ၊ သဘော့ဆိပ်ရွာ၊ ပြင်ကြီး ရွာများကို အဓိကစစ်ကြောင်းထိုးပြီး ကျေးရွာအတွင်း ဘန်ကာများ ဆောက်လုပ်ကာ အခြေချတပ်စွဲထား သည်ဟု လောင်းလုံးမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောသည်။ ၎င်းက “ရွာတွေထဲမှာ တပ်စွဲထားပြီးတော့ ရွာထဲ အိမ်တွေကရှိသမျှ ပစ္စည်းတွေကို သယ်နေတာတွေရှိတယ်။ တိုက်ပွဲကတော့ လက်ရှိမှာနှစ်ဖက်စစ်ရေးတင်းမာတဲ့ အနေအထား မှာရှိနေတုန်းပဲ။ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုတွေရှိနေတဲ့အတွက်ဒေသခံတွေအနေနဲ့ ပြန်နေကြတာမရှိဘူး”ဟု ပြော သည်။ ယခုလို စစ်ကောင်စီမှကျေးရွာအတွင်း ရက်၂၀ နီးပါးအကြာ တပ်စွဲထားသည့်အတွက် စစ်ဘေးရှောင်ချိန်ကြာမြင့်လာ သည့်နှင့်အမျှရိက္ခာပြတ်တောက်ခြင်းနှင့် ဆေးဝါးလိုအပ်ချက်များရှိလာသည်ဟု ကူညီနေသည့်အဖွဲ့အစည်းများကပြောဆိုသည်။ https://kicnews.org/2024/09 /%e1%80%9c%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1

၇။ တိုက်ပွဲမရှိဘဲ ကျုံခဝန်ရွာသို့ စစ်ကောင်စီဗုံးကြဲ၊ ၃ နှစ်ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦး ဒဏ်ရာရ
 September 9, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ၊ ဝင်းရေးမြို့နယ် ကျုံခဝန် ကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ယနေ့ နံနက်၂ နာရီဝန်းကျင်အချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ သည့်အတွက် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသားနှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိသွားသည်ဟု ဒေသခံများက ပြော သည်။ ယခုလို လူအများအိပ်စက်ချိန်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး ၅ လုံးကြဲချ တိုက်ခိုက်ခြင်းဖြစ်ပြီး လူနေအိမ်အနီးနှင့်လယ်ကွက်များထဲသို့ ဗုံးများကြရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံ တစ်ဦးကယခုလိုပြောသည်။“တိုက်ပွဲမရှိ အရပ်သား တွေပဲနေထိုင်တဲ့ရွာကို လေယာဉ်နဲ့ အလုံးကြီး ၅ လုံး လာကြဲသွားတယ်။ ၃ နှစ်ကျော် ကလေးက ဦးခေါင်းထိသွားတယ်။ ၅၃ နှစ် အရွယ် လူကြီးကတော့ ဒဏ်ရာရရှိသွားတယ်” ဟု ၎င်းက ပြောသည်။

ကေအဲန်ယူ၊ ဝင်းရေးမြို့နယ် အနန်းကွင်းကျေးရွာ စစ်ကောင်စီဗျူဟာစခန်း၌ စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က စစ်ကူလေကြောင်းပစ်ခတ်တိုက်ခိုက်မှု နေ့စဉ်ပြုလုပ်နေသည်။ တောင်အနောက်ဘက်ခြမ်းရှိ ဝဲကလီ အမြောက်တပ်ကလည်း စစ်ကူပစ်ခတ်တိုက်ခိုက်မှု နေ့စဉ်ပြုလုပ်နေသည့်အတွက် ကျေးရွာများ အတွင်းသို့ လက်နက် ကြီးကျရောက်ပေါက်ကွဲခြင်းများ ဖြစ်ပွားလျက်ရှိသည်။ တိုက်ပွဲဖြစ်ပွားသည့် အနန်းကွင်းကျေးရွာနှင့်ကျုံခဝန်ကျေးရွာ တို့သည် အကွာ အဝေးအနည်းငယ်ရှိပြီး ရွာနှစ် ရွာကြား ဖားပြ၊ တညင်၊ တညင်အနောက်၊ တညင်အရှေ့၊ လွှတ်ရှမ်းစသည့် ကျေးရွာများရှိနေ ကြောင်း သိရသည်။ ကေအဲန်ယူ ဝင်းရေးမြို့နယ်ထဲတွင် စစ်ရေးပြန်လည်တင်းမာနေပြီး စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု အပြင်း အထန် ပြုလုပ်လာသည့်အတွက် ကျေးရွာအများအပြားရှိ ဒေသခံများ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင် နေရ သလို တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ရွာများတွင်လည်း လေကြောင်းမှဗုံးကြဲခံရမည်ကို စိုးရိမ်နေရသည်ဟု ဒေသခံများထံမှ သိရသည်။ https://kicnews.org/2024/09/%e1%80 %90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%

၈။ လားရှိုးမြို့ ဗုံးကြဲခံရမှု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရ
 September 9, 2024
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် (၁) မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ ဗျူဟာလမ်းတို့ကို စက်တင်ဘာ ၉ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ကြောင့် နိုင်ငံရေးအကျဉ်း သားဟောင်းတစ်ဦး သေဆုံးပြီး နောက်ထပ် ဒေသခံ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။ ပေါက်ကွဲအား ပြင်းထန်တဲ့ ဗုံးနှစ်လုံးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ တစ်လုံး၊ ဗျူဟာလမ်းမပေါ်ကို တစ်လုံး ကြဲချခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်ခဲ့တာဖြစ်ပြီး လားရှိုးထောင်က လွတ်လာတဲ့နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦး သေဆုံးတယ်လို့ မြို့ခံတစ်ဦးက ပြောပါ တယ်။“သေသွားတဲ့ သူက အသက် ၄၀ ကျော်နေပြီ။ ဦးထီးလို့ ခေါ်ပါတယ်။ နိုင်ကျဉ်းဟောင်းပေါ့။ လားရှိုးထောင်က လွတ် လာတဲ့ သူပါ။ သူကဗုံးစထိတဲ့ ဒဏ်ကြောင့် ဆေးကုဖို့ သွားတဲ့နေရာမှာပဲ ဆုံးသွားပါတယ်” အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးမှာ ကိုးကန့်တပ်မတော် (MNDAA) က အင်တာနက် အခမဲ့အသုံးပြုနိုင်အောင် စီစဉ်ပေးထားတာကြောင့် ဒေသခံအများစုက ဆက် သွယ်ရေးအတွက် အဲဒီနေရာကို ရောက်ရှိနေကြတာလို့ ဆိုပါတယ်။

MNDAA ကလည်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၁၂ ဦး ဒဏ်ရာရသွားပြီး သေဆုံးထိခိုက်မှု နောက်ဆက်တွဲ အခြေ အနေ တွေကို ဆက်လက်အသိပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ ၈ ရက် နေ့ကလည်း လားရှိုးမြို့ အမှတ် ၁၂ ရပ်ကွက် အားကစားကွင်းနဲ့ Silver Sky ဟိုတယ်တွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီး ခဲ့ပါတယ်။ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၃ ရက်နေ့ တောင်ကြီးမြို့ ခရီးစဉ်မှာ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေ သိမ်းယူထားတဲ့ နယ်မြေတွေ ပြန်လည်ရရှိဖို့ လိုအပ်တာတွေ တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ပြောပြီးနောက်မှာ အခုလိုလေကြောင်းတိုက်ခိုက်မှုတွေ ဆက် တိုက်ဖြစ်လာတာပါ။ စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်အတွင်း မှာလည်း ရှမ်းပြည်နယ် နမ့်ခမ်း၊ ဖယ်ခုံမြို့နယ်တွေနဲ့ မကွေးတိုင်း မြိုင်မြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် ကလေးငယ်တွေ အပါ အဝင် အရပ်သား သုံးဆယ်နီးပါး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

၉။ တနင်္သာရီတိုက်ပွဲတွင် စစ်ကောင်စီက အရပ်သားပိုင်ကုန်တင်ယာဉ်များကို ချောဆွဲပြီး အင်အား၊ ရိက္ခာဖြည့်
 September 9, 2024
တနင်္သာရီမြို့နယ်၊ ကျေးရွာများ၌ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီက အရပ်သားပိုင် ကုန်တင်ယာဉ် များကို ချောဆွဲပြီး အင်အား၊ ရိက္ခာဖြည့်တင်းမှုများ လုပ်ဆောင်နေသည်ဟု မြို့နယ် ကေအဲန်ယူတာဝန်ရှိသူက ပြောသည်။ ကေအဲန်ယူ၊ တနင်္သာရီမြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထီးဝါးက “လတ်တလော ထုံထော်ရွာဘက်မှာ တိုက်ပွဲဖြစ်တာဆိုတော့ ခြောက်မိုင် ဘက်ကနေပြီးတော့ အရပ်သားကုန်တင် ကားတွေကို ဖမ်းဆီးတယ်။ အဲ့ဒီကားတွေနဲ့ စစ်တပ်လူအင်အားရော၊ ရိက္ခာတွေကို လို သလောက် သယ်ဆောင်နေတယ်” ဟု ပြောသည်။ ထို့အပြင် တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များ၌ ထိုင်းနိုင်ငံမှပြန် လာသည့် လူငယ်အများစုကို ပစ်မှတ် ထားဖမ်းဆီးနေသည့်အပြင် ကုန်တင်ကားအများစုကို တိုက်ပွဲအတွင်းအသုံးပြု လာသည့် အတွက် ဒေသခံများ အနေဖြင့် စားဝတ်နေရေး ပြဿနာများကို ခက်ခဲစွာဖြေရှင်းနေရသည်ဟု တနင်္သာရီမြို့နယ်တွင် နေထိုင်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီမြို့အဝင်က စစ်ဆေးရေးဂိတ်တွေမှာဆိုရင် ထိုင်းကနေပြန်ဝင်လာတဲ့ လူငယ်တွေအများစု ခဏခဏ ဖမ်းဆီးခံရ တယ်။ အခု စစ်မှုထမ်းဥပဒေက တရားဝင်ဖြစ်နေပြီးဆိုတော့။ အရင်ကကုန်တင်ကားတွေဆိုရင် စစ်တပ်က ကာဗာ သဘောမျိုး လောက်ပဲ ပြည်သူကားတွေနဲ့ အတူတူသွားရင် ပစ်ခံမထိလောက်ဘူး ဆိုပြီးတော့။ အခု နောက်ပိုင်းကျတော့ တိုက်ပွဲတွေမှာပါ အသုံးပြုလာတယ်” ဟု ၎င်းက ပြောသည်။ ယခုလို စစ်ကောင်စီမှ အရပ်သားကားများကိုချောဆွဲသည့် ကိစ္စနှင့်ပက်သက်၍ ဒေသ အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များက တော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ ကားများနှင့် အတူသွားလာခြင်းမပြုရန်နှင့် ပြည်သူများ စစ်ရေးအသိသတိထားရှိရန် ထုတ်ပြန်ထားသည်။ တနင်္သာရီ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက စက်တင်ဘာလ ၂ ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက် လာသည့်အတွက် ဒေသတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်း တပ်များနှင့် တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။ ပြီးခဲ့သည့် တစ်လအတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက် မှုများ ပြုလုပ်ခဲ့ရာတွင် ‌ပေါက်ကွဲအား ပြင်းထန်သည့် မီးလောင်ဗုံး၊ ကလပ်စတာဗုံး အပြင် ပေါင် ၂၅၀ ဗုံးသီးများကို စတင်အသုံးပြု လာသည့်အတွက် ဒေသခံများ စိုးရိမ်စိတ်မြင့်တက်လျက်ရှိကြောင်း သိရသည်။ https://kicnews.org/2024/ 09/%e1%80%90%e1%80%94%e1%80%84%e1%80%ba%e1%80%b9%e1%80%9e%

၁၀။ ဖာပွန်စစ်ကူအတွက် ကတိုင်တိသို့ BGF အချို့ နှင့်စစ်ကောင်စီ အင်အား ၁၀၀ ကျော်ရောက်လာ
 September 10, 2024
ကေအဲန်ယူ၊ မူတြော်ခရိုင်၊ တပ်မဟာ(၅) နယ်မြေ ဖာပွန်မြို့နယ်၊ ကတိုင်တိသို့ စစ်ကူပေးရန် BGF အချို့နှင့် စစ်ကောင်စီ ပူးပေါင်းအင်အား ၁၀၀ ဦးကျော် ရောက်ရှိလာသည်ဟု တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြော သည်။ အဆိုပါ ပူးပေါင်းစစ်ကြောင်းသည် ဖာပွန်မြို့သို့ စစ်ကြောင်းထိုးရန်စီစဉ်နေပြီး လက်ရှိအချိန်တွင် ရှေ့တိုး၍ မရဖြစ်နေကာ ကတိုင်တိ စစ်ကောင်စီတပ်စခန်း၌ ရောက်ရှိ စခန်းချနေသည်ဟု တပ်မဟာ(၅) ဘက်က ပြောသည်။“BGF က စစ်ကောင်စီနဲ့ မပူးပေါင်းတော့ဘူး သီးသန့်ဘဲနေတယ်ဆိုပြီး အရင်ကပြောထားတာရှိတယ်။ ဒါပေမယ့် တပ်မဟာ (၅) မှာတော့ အတူတူဘဲ သွား လာလုပ်ဆောင်နေတယ်။ ကတိုင်တိမှာ အင်အား ၁၀၀ ကျော်တက်လာတာတော့ဟုတ်ပါတယ်။ ဒါပေမယ့် အခုက ကတိုင်တိ မှာဘဲ သူတို့ရောက်တယ်ပေါ့၊ အပေါ်ဘက်မှာတော့ သူတို့ မတက်ဘူး၊ တက်ရင်တော့တိုက်ပွဲတော့ဖြစ်မှာပါ” ဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။ ဖာပွန်မြို့တွင် ပြီးခဲ့သည့် ဧပြီလအတွင်းက စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ-၁၉) နှင့် (ခမရ-၄၃၄) တပ်ရင်း စခန်းများကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက်သိမ်းယူပြီးနောက် ဖာပွန်မြို့ကို လက်ရှိ အချိန်ထိ ထိန်းချုပ်ထားသည်ဟု ကေအဲန်ယူ တပ်မဟာ(၅)ဘက်က ပြောဆိုသည်။

ထို့ကြောင့် ဖာပွန်မြို့ရှိစစ်ကောင်စီတပ်များသည် ၎င်းတို့၏ အခြေချစစ် ဗျူဟာစခန်းတွင်ရှိသည့် ခြေမြန်တပ်ရင်း ခမရ-၃၄၀ နှင့် ခရမ -၃၄၁ တို့ ပြန်လည်ပူးပေါင်း စခန်းချနေထိုင်လျက်ရှိသည်ဟု ကေအဲန်ယူ၊ တပ်မဟာ(၅) ဘက်မှ သိရသည်။ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုက “ဖာပွန်မြို့အနီး ပြန်လည်ပူးပေါင်းတဲ့ စစ်ကောင်စီတပ်စခန်းကတော့ ဒီဘက် KNLAနဲ့ တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကပိတ်ဆို့တိုက်ခိုက်ထားတော့ သူတို့လည်းအပြင်ထွက်လို့မရဘူး။ စစ်ကူတွေလည်း လွယ်လွယ်နဲ့ ပြန်တက်လာလို့ မရဘူး။ သူတို့ အစားအသောက် အတွက်ကတော့ စစ်ကောင်စီ ဘက်က လေယာဉ်နဲ့ဘဲ လာပို့ရတယ်” ဟု ပြောသည်။ ကေအဲန်ယူ၊ ထိန်းချုပ်ထားသည့် ဖာပွန်မြို့အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီ၏ ခေါပုတ်စခန်းတစ်ခုသာ ကျန်ရှိပြီး ဖာပွန် – ကမမောင်းလမ်းပိုင်တွင် ကမမောင်းစခန်းအပြင် ကတိုင်တိ၊ ကူးဆိပ်၊ တောင်သုံးလုံးနှင့် မာထောစသည့် စခန်းများ ကျန် ရှိနေသေးကြောင်းသိရသည်။ https://kicnews.org /2024/09/%e1%80%96%e1%80%ac%e1%80%95%e1%80%bd%e 1%80%94%e1 

၁၁။ KIA/PDF တိုက်ခိုက်ချေမှုန်းရန် BGF ခေါင်းဆောင်စစ်မိန့်ထုတ်မှု မထုတ်ပြန်သင့်ဟု ဒုဗိုလ်ချုပ်ကြီးဂွန်မော်ပြော
 September 10, 2024
စစ်ကောင်စီ လက်အောက်ခံနယ်ခြားစောင့်တပ် (BGF)နှင့် ပြည်သူ့စစ်ခေါင်းဆောင် ဦးစခုန်တိန့်ယိမ်းက ထုတ်ပြန်ခဲ့ သည့် စစ်မိန့်မှာ မထုတ်ပြန်သင့်သည့် စစ်မိန့်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့(KIO)ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုဗိုလ် ချုပ်ကြီး ဂွန်မော်က ယနေ့ လူမှုကွန်ရက်တွင် ဖော်ပြရေးသားခဲ့သည်။ ကချင်ပြည်နယ်အထူးဒေသ(၁) ဥက္ကဋ္ဌ ဦးစခုန်တိန့်ယိမ်း သည် ယခုနှစ် ဇွန်လ ၇ ရက် နေ့စွဲဖြင့် စစ်မိန့်ကို ထုတ်ပြန်ခဲ့ရာ နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ တပ်ဖွဲ့များနှင့် ဒေသ လက်နက်ကိုင် ပြည်သူ့စစ်ရဲဘော်များအား တိုက်ခိုက်လာသည့် KIA နှင့် PDFများကို ရှေ့နောက်ပိတ်ပြီး တိုက်ခိုက်ချေမှုန်းကြရန် နင့် ပြန်လည်ထွက်ခွာခွင့်မပေးကြရန် စစ်မိန့်၌ ပါရှိသည်။ ဗိုလ်ချုပ်ဂွန်မော် ၏ ယနေ့ ဖော်ပြချက်တွင်လည်း ဦးစခုန်တိန့်ယိမ်း၏ စစ်မိန့်၌ပါရှိသည့် အထက်ပါအချက်များကိုမှင်နီတားပြီး “ မထုတ်ပြန်သင့်သောစစ်မိန့်”ဟုရေးသားထားသည်။ အခြားအကြောင်း အရာ ရေးသားချက်များ ဖော်ပြမထားပေ။ အဆိုပါ စစ်မိန့်ထုတ်ပြန်သည့် ကာလတွင် KIA နှင့် ပူးပေါင်းတပ်များသည် ဝိုင်းမော် – ချီဖွေလမ်းပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နှင့် BGF စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကာလဖြစ်သည်။

ကချင်ပြည်နယ် ဝိုင်းမော်-ချီဖွေလမ်းပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်းနှင့် နယ်ခြားစောင့် (BGF) စခန်းကို တိုက်ခိုက်ခဲ့ရာ ဇွန်လ ၁၁ရက်မှ ၁၄ ရက်အတွင်း စစ်ကောင်စီ၏ ဆဒုံးဗျူဟာအပါအဝင် စစ်ကောင်စီတပ်စခန်းများ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်စခန်းများ စုစုပေါင်း တပ်စခန်း ၂၀ ခုကို သိမ်းပိုက်ရရှိခဲ့သည်။ ချီဖွေ၊ ဆော်လော်၊ ကန်ပိုက်တည် ဒေသသည် ဦးစခုန်တိန့်ယိမ်းခေါင်းဆောင်သည့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်(BGF) တပ် စခန်းအများစုရှိပြီး KIA၏ ထိုးစစ်အောက်တွင် အဆိုပါ ပြည်သူ့စစ်နှင့် BGFများ စခန်းကို အလွယ်တကူ စွန့်ခွာသွားသည်။ KIA ၏ ထိုးစစ်မစမီ ဇွန်လ ၇ ရက်က ဦးစခုန်တိန့်ယိမ်းက အမိန့်စာထုတ်ပြန်ပြီး နယ်ခြားစောင့် တပ်များနှင့် ပြည်သူ့စစ်များအနေဖြင့် KIA နှင့် PDF ပူးပေါင်းအဖွဲ့များအား ယတိပြတ် ခုခံချေမှုန်းရန်၊ မြေတစ်လက်မတိုင်းကို ကာကွယ်သည့် ခုခံစစ်ဆင် တိုက်ခိုက်ချေမှုန်း ရန် အမိန့်ပေးခဲ့သော်လည်း အမှန်တကယ် တိုက်ပွဲဖြစ်ပွားချိန် BGF နှင့် ပြည်သူ့စစ်များ ထွက်ပြေးသွားသည်ဟုဆိုသည်။ KIA အနေဖြင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နှင့် BGFများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကြောင်း ကြေညာထားသကဲ့ သို့ တဖက်တွင်လည်း KIA ထံ လာပူးပေါင်းရန် ယခင်ကတည်းက ဖိတ်ခေါ်ထားသည်ဟု သတင်းရင်းမြစ်တစ်ဦးကပြောပြသည်။ “၂၀၁၁ ကတည်းက မိခင်တပ် KIA ဆီ လာပေါင်းဖို့ ပေါ်လစီ ဖွင့်ပေးတာ အားလုံးမလာလို့ အခုထိ ပစ်မှတ်ဖြစ်နေဆဲပေါ့” ဟု လည်း ကချင်စစ်ရေးသတင်းရင်းမြစ်က KIA အနေဖြင့်  စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များအပေါ် ထားရှိသည့် သဘောထားအားပြောသည်။ https://www.facebook.com/pho to?fbid=851000317098762&set=pcb.851000 353765425

၁၂။ ပြည်သူများဟားခါးမြို့ကိုစွန့်ခွာ၍ စစ်ဘေးတိမ်းရှောင်ခြင်းမပြုကြရန် CDF-Hakha ဥက္ကဌအသိပေး
 September 10, 2024
ချင်းပြည်နယ် မြို့တော် ဟားခါးမြို့သိမ်းပိုက်နိုင်ရေးအတွက် ဖော်ဆောင်နေသော ရုန်းစစ်ဆင်ရေးသည့် အဆင့် ၁ သာရှိ သေးပြီး ပြည်သူများအနေဖြင့်မြို့ကိုစွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်ခြင်းမပြုကြရန် CDF-Hakha ဥက္ကဌက အသိ ပေးထုတ်ပြန် လာသည်။ ဟားခါးမြို့သိမ်းပိုက်နိုင်ရေးအတွက် CDF- Hakha အနေဖြင့် စစ်ကောင်စီအင်အားချိနဲ့အောင်ပြုလုပ်ခြင်း၊ မြို့သိမ်း ပိုက်ခြင်းနှင့် မြို့ထိန်းချုပ်ခြင်းဟူ၍  အဆင့် ၃ ဆင့်သတ်မှတ်ကာ ရုန်းစစ်ဆင်ရေးကို ဆင်နွဲလျက်ရှိ ကြသည်ဟု CDF-Hakha ဥက္ကဋ္ဌ ဆလိုင်း ဟရမ်လျန် ( Salai Hram Lian) က စက်တင်ဘာလ ၈ ရက်နေ့က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထား သည်။  လက်ရှိတွင် အဆိုပါ ရုန်းစစ်ဆင်ရေးအဆင့် ၃ ဆင့်အနက် ပထမအဆင့်ဖြစ်သော  စစ်ကောင်စီတပ်အင်အားချိနဲ့အောင် ပြုလုပ်သည့်အဆင့်သာရှိသေးပြီး ဒုတိယအဆင့်အား ဆောင်ရွက်မည့်အချိန်တွင် အများပြည်သူသိရှိနိုင်ရန် လိုအပ်သလို အသိ ပေးသွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်မှုမလွန်ကဲကြရန်နှင့် စစ်ရေးအခြေအနေ စောင့်ကြည့်တတ် ရန် CDF- Hakha ဥက္ကဌကပြောသည်။

ဟားခါးမြို့သည် အမှုတော်ဆောင်များအသုံးပြုပြီး  ဘုရားသခင်သတ်မှတ်ပေးထားသော မြို့ဖြစ်သည့်နည်းတူ ပြည်သူ နှင့် မြို့အား အထိအခိုက်မရှိ သိမ်းပိုက်နိုင်ရေးဆောင်ရွက်လျှက်ရှိကာ ဟားခါးမြို့တော်ပျက်စီးမည်ကို မလိုလားသော ပြည်သူ များအနေဖြင့် ဟားခါးမြို့ကိုစွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်ခြင်းမပြုကြရန် CDF-Hakha ဥက္ကဌက တိုက် တွန်းထားသည်။ ထို့အပြင် စစ်ကောင်စီနှင့် အဆက်အသွယ်မပြုရန်၊ ပြည်သူအားနစ်နာစေမည့် မူးယစ်ဆေး ရောင်း/ဝယ် သုံးဆွဲခြင်းမပြုရန်၊ ခွေးမမွေးရန် နှင့် ဟားခါးတက္ကသိုလ်ဘက် သွားလာခြင်းမပြုကြရန် စသည့်တော်လှန်ရေးတပ်ဖွဲ့မှ သတိပေးချက်များအား လိုက်နာပေးကြရန် လည်း CDF-Hakha ဥက္ကဌက တောင်းဆိုထားသည်။ မိမိကိုယ်ကို လုံခြုံစေရန် ဗုံးခိုကျင်းများတူးထားခြင်း၊ ပေါက်ကွဲမှုရှိပါက မိမိ လုံခြုံရေးအတွက် ဦးစားပေးပြီး ညအချိန်၌လည်း လုံခြုံသောနေရာတွင် အိပ်စက်ခြင်းနှင့် အရေးပေါ်အိပ်များ ကြိုတင်ပြင်ဆင် ထားကြရန်လည်း တိုက်တွန်းထားသည်။ လက်ရှိ ဟားခါးမြို့ပေါ်တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများ ပုံမှန်သွားလာနေ ကြသည်ဟု ဒေသခံများထံမှသိရသည်။ https://www.facebook.com/photo?fbid=1041006424695077&set=pcb.10410 06838028369

၁၃။ ဖားကန့် ဆိုင်းတောင်ရွာ၌ ပစ်ခတ်မှုဖြစ်ပြီး ၄ ဦးထက်မနည်း သေဆုံး၊ ရွာသား ထောင်ချီ စစ်ရှောင်
 September 9, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ဆိုင်းတောင်ရွာမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA, PDF တွေအကြားစစ်ရေးတင်းမာနေပြီး လူ ၄ ယောက်ထက်မနည်း ပစ်သတ်ခံရကာ ပြည်သူ ၁,၅၀၀ ဝန်းကျင်ကတော့ စစ်ဘေးရှောင်ထွက် ပြေးနေရပါတယ်။ ဖားမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စက်တင်ဘာ ၅ ရက်ကစပြီး စစ်ကြောင်းထိုးနေလို့ အောင်မြေကွက်သစ်၊ ယူမာ၊ ထုံးဘို၊ ဂျမ်ကပ် ရွာတွေက ဒေသခံတွေ စစ်ရှောင်နေကြရတာပါ။ စက်တင်ဘာ ၇ ရက် မနက် ၁ နာရီလောက်မှာတော့ KIA နဲ့ PDF တချို့ ရှိနေတယ်လို့ ယူဆရတဲ့ ဆိုင်းတောင်ရွာထဲက Lucky Men ဟိုတယ်နဲ့ KTV ဆိုင်ဝန်းကျင်မှာ အဲဒီစစ်ကြောင်းက ဝင်ရောက်နေရာ ယူခဲ့ပြီးနောက် တိုက်ပွဲတွေ စဖြစ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် ထိတွေ့တိုက်ပွဲဖြစ်လာတဲ့အပြင် ဖားကန့် ဗျူဟာကနေ လက်နက်ကြီးတွေဆက်တိုက်ပစ်ခတ်နေသလိုသွားရောက်ညှိနှိုင်းပေးတဲ့ PCG အဖွဲ့ခေါင်းဆောင် ဦးယွတ်ဇော်ခေါင် ပါ ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ကျနော်တို့ PCG အဖွဲ့တွေကတော့ ပြည်သူလူထုကို ဝိုင်း ပြီးမှ အခုလိုမျိုးလုပ်တာတော့ မသင့်လျော်ဘူး မကောင်းဘူးပေါ့။ အဲဒါ ပြည်သူလူထုကို လွှတ်ပေးပါဆိုပြီး ကြားကနေပြီး ညှိပေး တယ်ဆိုတာ ကြားရပါတယ်။ ဒါပေမဲ့ စကစ ဘက်ကတော့ အဲဒါကို လက်မခံပုံ ရပါတယ်။ ပြန်ပစ်တယ်ဆိုတာ ကြားရပါတယ်။ အခုလောလောဆယ်ကတော့ ငြိမ်တဲ့အဆင့်တော့ မရှိသေးပါဘူး။ ဒါပေမဲ့ သတင်းအပြည့်အစုံတွေ မြေပြင်က သတင်းတွေက တော့ ကျနော်တို့လည်း အခက်အခဲတွေ အများကြီးရှိတယ်” လို့ ပြောပါတယ်။ အဲဒီနောက် လူဦးရေ ထောင်နဲ့ချီ နေထိုင်တဲ့ ဆိုင်းတောင်တရွာလုံးနီးပါး အလံဖြူထောင်ကာ နီးစပ်ရာတွေဆီ စစ်ရှောင်ခဲ့ကြရပြီး ပစ္စည်းတွေဖောက်ထွင်းခံရမှာ စိုးတဲ့အတွက် အိမ်စောင့်အဖြစ် ကျန်ရစ်သူတွေလည်းရှိကြောင်း ဒေသခံက ပြောပါတယ်။ စက်တင်ဘာ ၈ ရက် ညပိုင်းအထိ စစ်ရေးတင်းမာ နေ ပြီး ဖားကန့်ဗျူဟာကနေ လက်နက် ကြီးတွေ တညလုံး ပစ်ခတ်နေကာ စက်တင်ဘာ ၉ ရက် မနက်ပိုင်းအထိ လည်း ဆိုင်းတောင် ရွာအဝင်ကို ပိတ်ထားကြောင်း သိရပါတယ်။ တိုက်ပွဲအတွင်း အရပ်သားနေအိမ် ထိခိုက်ပျက်စီးခဲ့တဲ့အပြင် လက်နက်ကြီးကြောင့် ဒဏ်ရာရသူ ၂ ယောက်နဲ့ သေဆုံးသူ ၁ ယောက်လည်း ရှိခဲ့တာကြောင့် ထိခိုက်၊ သေဆုံးသူ ၁၀ ယောက်ဝန်းကျင်အထိ ရှိနေနိုင် တယ်လို့ ဒေသခံက ပြောပါတယ်။ ထောင်နဲ့ချီတဲ့ စစ်ရှောင်တွေကိုတော့ နီးစပ်ရာ ဆွေမျိုးအိမ်၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း နဲ့ စာသင်ကျောင်းတွေမှာ နေရာချထားပြီး ဖားကန့်ဒေသခံတွေကပဲ စုပေါင်းလှူဒါန်းပြီး စောင့်ရှောက်ထားကြပါတယ်။ https://b urmese.dvb.no/post/668165

၁၄။ ဆီဆိုင် – တောင်ကြီး လမ်းမကြီးကို တိုက်ပွဲတွေကြောင့် ရက်အကန့်အသတ်မရှိ ပိတ်ထား
 September 10, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နဲ့ တောင်ကြီးမြို့ကို ဆက်သွယ်ထားတဲ့ လမ်းမကြီး ကို တိုက်ပွဲတွေကြောင့် ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ ဆီဆိုင်မြို့တွင်း နေရာတွေ နဲ့ မြို့ပတ်ပတ်လည်မှာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်(PNA) ပူးပေါင်းတပ်တွေနဲ့ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးတပ်မ တော် (PNLA) တို့အကြား တိုက်ပွဲ ပြင်းထန်နေတာကြောင့် စက်တင်ဘာလ ၇ ရက်နေ့ကစပြီး ပိတ်ထားတာပဲ ဖြစ်ပါတယ်။“အကန့်အသတ်မရှိလို့တော့ ပြောတာပေါ့နော်။ မကြာဘူးလို့တော့ ထင်တာပဲ။ ဒီလိုကာလမှာ လမ်းတိုင်းက ဝုန်းဝုန်းဒိုင်းဒိုင်းဆို လမ်းပိတ်ပြီလေ။ နောက်နည်းနည်းလေး ငြိမ်လာရင် ပြန်ဖွင့်ပေးပြန်သွားကြပေါ့။ သတိနဲ့ယှဉ်ပြီးသွားလာကြပေါ့နော်” လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

လတ်တလောမှာ ဟိုပုံးမြို့အထိသာ သွားလာလို့ရနေပြီး စက်သုံးဆီအခက်အခဲကြောင့် လမ်းတစ်လျှောက် ညအိပ်စောင့် တဲ့ကားတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ လမ်းပိတ်ထားတာကြောင့် လွိုင်ကော် – တောင်ကြီး သွားလာကြတဲ့ကားတွေဟာ ကလောဘက်လမ်းနဲ့ အင်းလေးကန်ပတ်လမ်း ပတ်သွားကြတယ်လို့ သိရပါတယ်။“စစ်တပ်ဖက်က ပိတ်တာ။ PNLA ဖက်က တော့ ဘာမှမပြောထားဘူး။ ဒီလိုကာလက မပိတ်ရင်တောင် ဒီလမ်းသွားဖို့ မသင့်ဘူး” လို့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။ စစ်ကာင်စီ၊ PNA ပူးပေါင်းတပ်တွေဟာ ပင်လောင်း – လွယ်ကော်လမ်းကိုလည်း နန်းတောင်လမ်းဆုံကစလို့ နောင်ပီဂိတ်အထိ ပိတ်ထားပြီး ၅ ရက်တစ်ကြိမ်သာ ဖွင့်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ ဇူလိုင်လလယ်ကတည်းက ရှမ်းပြည်တောင် ပိုင်း၊ ကရင်နီပြည်အစပ် ဆီဆိုင်၊ လွိုင်ကော်မြို့နဲ့ ကရင်နီပြည်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ https://www.facebook.com/photo/?fbid=541782331541549&se t=a.285900490463069

၁၅။ လောင်းလုံး၊ ကျောက်နီ‌မော်‌ကျေးရွာက ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေဝင်တိုက်နေ
 September 10, 2024
လောင်းလုံးမြို့နယ်က ကျောက်နီမော်‌ကျေးရွာက ပျူစောထီးနဲ့ စစ်ကောင်စီပူးပေါင်းစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်တွေက ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီနေ့မွန်းလွဲ ၁ နာရီ လောက်ကစလို့  အဲဒီစခန်းအနီးတစ်ဝိုက်မှာတိုက်ပွဲပြင်းထန်နေပြီး အခုညနေပိုင်းအထိလည်း ပစ်ခတ်သံတွေ ထွက်ပေါ်နေတုန်း ပဲလို့ ဒေသခံတွေကဆိုပါတယ်။ “အကြီးအကျယ်ဖြစ်နေတာ။ အခုဆိုသုံးနာရီတောင်ကြာပြီ။ ပျူစောထီးတွေလည်း သေနေတာရှိ တယ်ကြားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဘယ်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေတယ်ဆိုတာနဲ့ နှစ်ဖက်ထိခိုက်မှု အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီဘက်ကတော့ ကျောက်နီမော်ကျေးရွာမှာရှိတဲ့ တာဝါတိုင်တောင် ပေါ်နဲ့ အနီးကိုရောက်လာတဲ့ စစ်သင်္ဘောတစ်စီးတို့က ကျောက်နီမော်ကျေးရွာအနီးတစ်ဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ တယ်လို့ ဆိုပါတယ်။ “လက်နက်ကြီးအသံက ဆယ်နဲ့ချီနေပြီ။ လေယာဥ်ဝဲသံလည်းကြားနေတယ်။ ကင်းထောက်လေယာဥ် ထင်တယ်ဗျ” လို့ အနီးအနားရွာမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

ရွာထဲမှာတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ကျောက်နီမော်ရွာခံတချို့ နီးစပ်ရာကိုထွက်ပြေးနေကြပေမဲ့ အများစုက တော့ နေအိမ်တွေထဲမှာပဲပုန်းနေကြရတယ်လို့ ဒေသခံတွေရဲပြောပြချက်အရ သိရပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေကတော့ ကျောက်နီမော်ကျေးရွာက ပြည်သူ့စစ်စခန်းကို KNU နဲ့ PDF အင်အား ၄၀၀ ဝန်းကျင်လောက်က ဒီနေ့မွန်းလွဲပိုင်းမှာ လာရောက်တိုက်ခိုက်နေကြောင်း ဝါဒဖြန့်ရေးသားထားပါတယ်။ ဒါ့အပြင် လေကြောင်း ကနေ ဗုံးကြဲပြီး ပစ်ကူပေး ဖို့လည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်က လှုံ့ဆော်နေပါတယ်။ အခုတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီနဲ့ပျူစောထီးပူးပေါင်းစခန်းမှာ စစ်ကောင်စီလှေတွေနဲ့ သင်္ဘောတွေ မကြာခဏကမ်းကပ်လေ့ရှိပြီး မြို့နယ်အတွင်း စစ်ကြောင်းထိုးတာတွေကို လုပ်ဆောင် လေ့ရှိပါတယ်။ ဒါ့အပြင် အဲဒီစခန်းဟာ ထားဝယ်ဒေသမှာထင်ရှားတဲ့ မြတ်ရှင်မော်ဘုရားကို သွားတဲ့လမ်းပေါ်မှာရှိပြီး အရပ်သား တွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးတာတွေပြုလုပ်နေတဲ့နေရာလည်း ဖြစ်ပါတယ်။ https://www.facebook.com/photo?fbi d=537515178666236&set=a.196212679463156

၁၆။ ရခိုင်တွင် စစ်သုံ့ပန်းနှင့်အကျဉ်းသားများ ဆေးကုပေးနေသည့်နေရာ ဗုံးကြဲခံရ၍ ၁၇ ဦး သေဆုံး
 September 10, 2024
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများကို ဆေးကုသပေးနေသော နေရာတခုအား စစ်ကောင်စီဗုံးကြဲခဲ့ရာ ၁၇ ဦး သေဆုံးပြီး၊ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ယမန်နေ့တွင် ထုတ်ပြန်သည်။ ရှင်ရွာကျေးရွာအား စစ်ကောင်စီ စက်တင်ဘာလ ၈ ရက်၊ ည ၇ နာရီ ၅၀ နာရီနှင့် ၇ နာရီ ၅၅ နာရီတို့တွင် ဂျက် တိုက်လေယာဉ်ဖြင့် ၂ ကြိမ် လာရောက် ဗုံးကြဲမှုကြောင့် စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ စုစု ပေါင်း ၁၀ ဦးအထိ ရှိခဲ့ သည်။ သေဆုံးသူများထဲတွင် စစ်ကောင်စီ၏သုံ့ပန်းများထဲမှ ကျန်းမာရေးဆိုး ဝါး၍ ဆေးကုသရန် လိုအပ်လျက်ရှိသော အရာရှိ ကြီးတချို့၊ စစ်ကောင်စီသတင်းပေးဟုသံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသူများ၊ ပြစ်ဒဏ်ကျခံနေရသူတချို့၊ ယင်းအကျဉ်းစခန်း ထိန်းသိမ်းရေးတာဝန်ရှိသူနှင့် ကျန်းမာရေး ဝန်ထမ်းတချို့၊ အရပ်သားပြည်သူ၊ ကလေးများလည်း ပါဝင်ကြောင်း AA က ဆိုသည်။

စက်တင်ဘာ ၆ ရက်တွင်လည်း စစ်တွေမြို့ရှိ စစ်ကောင်စီ၏ အမှတ် ၁၂ ရဲတပ်ရင်းနှင့် ပွိုင့်ရေတပ်စခန်းတို့မှ ပေါက် တောမြို့အတွင်း လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူနေအိမ်အချို့ ပျက်စီးခဲ့ရသေးသည်။ စစ်ကောင်စီ သည် နိုင်ငံတဝန်း တော်လှန်ရေးတပ်များထိန်းချုပ်ထားသော မြို့ရွာများရှိ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘာသာရေး အဆောက်အအုံများ၊ ဈေးများ အစရှိသည့်နေရာများအား တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများမှာ အစုလိုက် အပြုံလိုက် သေဆုံးသောဖြစ်စဉ် မြန်မာနိုင်ငံအနှံ့ ရက်ဆက် ဖြစ်ပေါ်လျက်ရှိသည်။ https://www.fac ebook.com/photo/?fbid=934596982046823&set=pcb. 934597212046800

၁၇။ ကြာအင်းဆိပ်ကြီးတွင် လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် ကလေးငယ်တစ်ဦးနှင့် သက်ကြီးပိုင်းတစ်ဦးဒဏ်ရာရ
 September 10, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ (၆) ရှိ ကျုံခဝန်ကျေးရွာထဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်တစ်ဦးနှင့် သက်ကြီးပိုင်းတစ်ဦး ထိခိုက် ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျုံခဝန်ကျေးရွာထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။  လေကြောင်းတိုက်ခိုက်ခံရမှု ကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့သလို အသက် ၆၀ ဝန်းကျင်အမျိုးသားတစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ကဆိုသည်။  “လူတွေ အိပ်ကြတဲ့ချိန်မှာ လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။ ဘာတိုက်ပွဲမှ လည်းမရှိဘူး”ဟု ဒေသခံတစ်ဦးက ပြော သည်။ ကျုံခဝန်ကျေးရွာနှင့် အနီးနားတဝိုက်တွင် လေယာဉ် ပျံဝဲနေသည့်အတွက် ဒေသခံများ ကြောက်ရွံ့ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။ 

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်း တပ်ဖွဲ့တို့ကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး အထူးသဖြင့် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ အနန်းကွင်းကျေးရွာနှင့် အနီး တဝိုက်တွင် တိုက်ပွဲပြင်းထန်လျက်သည်။ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီ ဗျူဟာတပ် စခန်းကို TNLA ပူးပေါင်းတပ်ဖွဲ့တို့က ဩဂုတ်လ ဒုတိယအပတ်အတွင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲပြင်းထန် လာခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်အသုံးပြုနေသည့်အပြင် လက်နက်ကြီး၊ ဒရုန်းဖြင့်လည်း ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။  ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲတို့ကြောင့် ထောင်နှင့်ချီသည့် ဒေသခံတို့က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။ https://www.daweiwatch.com/09/09/2024/97840/

၁၈။စစ်တပ်ကို အမြန်ဆုံးအရေးယူပေးဖို့ တအာင်းနဲ့ ကရင်နီတို့ တောင်းဆို
 September 10, 2024
စစ်တပ်ကနေ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ဥပဒေအရ ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ အမြန်ဆုံးအ ကောင်အထည်ဖော်ဖို့ တအာင်းနဲ့ကရင်နီတို့ရဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။ စစ်ကောင် စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေအပါအဝင် အပြစ်မဲ့ပြည်သူတွေ သေဆုံးမှုအပေါ် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC နဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC တို့က သဘောထားထုတ် ပြန်ခဲ့တာပါ။ IEC ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်ကနေ အပြစ်မဲ့အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ကျူးလွန်နေဆဲဖြစ်တာကြောင့် ကရင်နီပြည်အတွင်း အခုနှစ်မှာ အရပ်သား ၂၄ ဦး သေဆုံးခဲ့ရပြီး အယောက် ၄၀ ဒဏ်ရရရှိခဲ့ပါ တယ်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက စစ်တပ်ရဲ့လုပ်ရပ်တွေကို သိသိသာသာ အရေးယူနိုင်ဖို့ နိုင်ငံသားတိုင်း အစုအဖွဲ့အတိုင်းမှာ တာဝန်ရှိလာပြီဆိုတဲ့ သဘော ပေါ်လွင်လာတယ်လို့ပြောပါတယ်။“အထူး သဖြင့် လူထုတွေကို အကြောက် တရားနဲ့ အမြဲတမ်းထိန်းချုပ်ပြီး အုပ်ချုပ်လာခဲ့တဲ့ စစ်တပ် စစ်ကောင်စီက ဒီအတိုင်းဆက်လုပ် နေမှာပဲ။ ဒီအပေါ်မှာ လူထုတွေက နစ်နာဆုံးရှုံးတဲ့ အခြေအနေကို ပိုစိုက်ရောက်တာ‌ပေါ့။ အခြားတစ်ဘက်မှာကလည်း ကျွန်တော်တို့ ဒီထက်ပိုပြီး ဒီလုပ်ရပ်တွေအပေါ် သိသိသာသာ အရေးယူနိုင်ဖို့လည်း ကြိုးစားရမယ့်တာဝန်က နိုင်ငံသားတိုင်းအစု အဖွဲ့တိုင်းမှာ တာဝန်ရှိလာပြီဆိုတဲ့ သဘောလည်း ပေါ် လွင်လာပါတယ်”လို့ ဆိုပါတယ်။

TPCC ကတော့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၂ လကျော်အတွင်း စစ်ကောင်စီဟာ စစ်ဘက်နဲ့ လုံးဝမသက်ဆိုင်တဲ့ အရပ်သားတွေနေထိုင်ရာ ရပ်ရွာတွေ၊ လူနေအိမ်တွေကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ် ၁၅ ဦးအပါအဝင် ၂၀၁ ဦး သေဆုံးပြီး ၂၃၀ နီးပါး ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့အပြင် လူနေအိမ်၊ ဈေး၊ စာသင်ကျောင်းနဲ့ အဆောက်အအုံပေါင်း ၁၇၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါ တယ်။ အဲဒီအတွက်ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်တပ်ကျူးလွန်နေတဲ့ လူမျိုးပြုန်းဆိတ်သုန်းစေတဲ့ စစ်ရာဇဝတ် မှုတွေကို နိုင်ငံတကာစစ်ခုံရုံးကနေ အမြန်ဆုံးအရေးယူဖို့ TPCC နဲ့ IEC တို့က တောင်းဆိုခဲ့တာပါ။ ဒါ့အပြင် နိုင်ငံအသီးသီးက လက်နက်ခဲယမ်းတွေ၊လေယာဉ်ဆီ ရောင်းချမှုတွေ ရပ်တန့်ပေးဖို့အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ တိုးမြှင့် ပံ့ပိုးပေးဖို့ကိုလည်း တိုက်တွန်းတောင်းဆိုထားတာ ဖြစ်ပါတယ်။ https://www.facebook.com/photo?fbid=5728638886377 55&set=pcb.572863928637751

၁၉။ ပန်ဆိုင်းမြို့ပေါ် လေကြောင်းစိုးရိမ်မှုကြောင့် စာသင်ကျောင်းပိတ်ထားရ
 September 10, 2024
သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ အထက စာသင်ကျောင်းကို လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် ကိုးကန့်တပ်ဖွဲ့ MNDAA က ကျောင်း (၂) ရက် ပိတ်ထားခိုင်းကြောင်း စုံစမ်းသိရသည်။ (စက်တင် ဘာ ၉ ရက်) မှ စတင် ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ အထက စာသင် ကျောင်းကို စစ်ကောင်စီတပ်မှ လေ ကြောင်းဗုံးကြဲ တိုက်ခိုက်မှု လုပ်ဆောင်လာနိုင်ခြင်းကြောင့် (၂) ရက်တာ ကျောင်းပိတ်ထားရန် MNDAA မှ ညွှန်ကြားထားကြောင်း ပန်ဆိုင်းဒေသခံများက ပြောသည်။“ကျောင်းကတော့ နှစ်ရက်ပိတ်ထားမယ်ဆိုတာ ဟုတ်တယ် ကိုးကန့်စစ်သားတွေ လာပြော ထားတာ။ မနေ့ကတော့ စိုးရိမ်ရလို့ ဈေးဆိုင်တွေလည်း ပိတ်ကြတယ်၊ ဒီနေ့တော့ ပြန်ဖွင့်ပါပြီ။ မနေ့နဲ့ ဒီနေ့ နှစ်ရက်ပိတ်မယ် ပြောထားတော့ ပြန်ဖွင့်မဖွင့်တော့ မသိသေးဘူး။ အရင်ကလည်း မြန်မာကျောင်းကတော့ အထက တစ်ကျောင်းပဲ ပြန်ဖွင့် တယ်”ဟု ပန်ဆိုင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပန်ဆိုင်း(ကြူကုတ်)မြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ပြီးနောက် ဇွန်လမှ စတင်၍ အထကကျောင်းကို CDM ဆရာ/မ များဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသားကျောင်းသူ (၈၀၀) ကျော် တက်ရောက်နေကြောင်း သိရသည်။ ယခင်က ပန်ဆိုင်းမြို့ ပတ်ပတ်လည်ရှိ လွမ်အင်၊ ကျိန်းယန်း၊ မန့်ခုံလုံ၊ မန့်ခုံကန်၊ နမ့်ဟူး စသည့် ကျေးရွာများတွင် မူလတန်းကျောင်း ရှိသော်လည်း လုံခြုံရေး အခြေအနေအရ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိဘဲ ပန်ဆိုင်း အထကကျောင်း၌သာ လာရောက်သင်ကြား ရကြောင်း ဒေသခံများက ပြောသည်။“လေယာဉ်နဲ့ ဗုံးလာကြဲမှာ နမ့်ခမ်းလို ဖြစ်မှာလည်း နေ့တိုင်းစိတ်ပူရတယ်။ နံရံကပ် အိမ် ဆိုရင်တော့ ဗုံးခိုကျင်း တူးထားရတယ်၊ လေယာဉ်သံ ကြားတာနဲ့ ပြေးပုန်းဖို့။ မတတ်နိုင်တဲ့ အိမ်တွေကတော့ စုပြီးတော့ စစ်ဘေး ရှောင်တဲ့နေရာ လုပ်နေကြတယ်”ဟု ဒေသခံ အမျိုး သမီးတစ်ဦးက ပြောသည်။ စက်တင်ဘာလ ပထမပတ်အတွင်း စစ်ကောင်စီ တပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် မန်တုံ၊ နမ့်ခမ်း၊ နောင်ချို၊ သီပေါနှင့် လားရှိုးမြို့များတွင် အရပ်သား ဆယ်နှင့်ချီ သေဆုံးမှု ဖြစ်ခဲ့သည်အထိ ပြင်းထန်လာနေသည်။ https://www.facebook.com/photo/?fbid=836045061968540&set=pc b.836045221968524

၂၀။ AA ကို အင်အား ၁,၀၀၀ ခန့်နှင့် တိုက်ခိုက်ခဲ့ဟု RSO နိုင်ငံရေးဌာနပြော
 September 10, 2024
ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တော ဒေသမှာ အာရက္ခတပ်တော် AA ကို အင်အား ၁,၀၀၀ ခန့်ဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ဟု မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် RSO နိုင်ငံရေးဌာနက ပြောသည်။  RSO နိုင်ငံရေး ဌာနအကြီးအကဲ ဦးကိုကိုလင်း အမည်ရှိသူနှင့် ရိုက်တာသတင်းဌာနတို့ သီးသန့်တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ရိုက်တာသတင်းဌာနက စက်တင်ဘာလ ၆ ရက်တွင် ဖော်ပြခဲ့သည်။ RSO မှာ အင်အား ၆,၀၀၀ ခန့်ရှိသည့်အနက်မှ အင်အား ၁,၀၀၀ ခန့်ဖြင့် AA ကို တိုက်ခိုက်ခဲ့သော်လည်း ပြန်လည် ဆုတ်ပေးလိုက်ရသည်ဟု RSO နိုင်ငံရေးအကြီးအကဲ ဦးကိုကိုလင်းက ဆိုသည်။ “ဒီနှစ်အစောပိုင်းမှာ မောင်တောဒေသကို ကာကွယ်ဖို့ တိုက် ခိုက်သမား ၁,၀၀၀ လောက်ကို စေလွှတ်ခဲ့တယ်။ ဒါပေမယ့် မောင်တောမြို့နယ်မှာ ၃ လလောက် စစ်ဆင်ရေးအပြီးမှာ အရပ်သားတွေကို အသေအပျောက်များစေတဲ့ တိုက်ခိုက်မှုတွေကြောင့် ဩဂုတ်လ အစောပိုင်းမှာ တိုက်ခိုက်ရေးသမားတွေကို ပြန်လည်ရုပ်သိမ်းခဲ့တယ်။”ဟု ပြောသည်။ အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် မြန်မာစစ်တပ် (စစ်ကောင်စီတပ်) နှင့် RSO တို့ အချင်းချင်းမတိုက်ခိုက်ကြရန် နားလည်မှု ယူထားခဲ့ကြောင်း RSO နိုင်ငံရေးဌာနမှ အကြီးအကဲ ဦးကိုကိုလင်းက ဝန်ခံပြောဆိုထားသည်။ “စစ်အစိုးရက ကျနော်တို့ကို မတိုက်ခိုက်ဘူး။ ကျနော်တို့ ကလည်း စစ်ကောင်စီကို မတိုက်ခိုက်ဘူး။ ဒါပေမယ့် AA ကို တိုက်ခိုက်ဖို့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတိုက်တာမျိုး မလုပ်ခဲ့ဘူး။ ကျနော်တို့တပ်ဖွဲ့ဝင်တွေမှာ ကိုယ့်ယူနီဖောင်းနဲ့၊ ကိုယ့်အမှတ်တံဆိပ်နဲ့၊ ကိုယ်ပိုင်သေနတ်တွေကို အသုံးပြုနေတာပါ။”ဟု ပြော သည်။

အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) နှင့် RSO တို့ မည်သည့်အချိန် က တည်းက ညှိနှိုင်းမှု၊ နားလည်မှု ယူခဲ့ကြသည်ကို RSO နိုင်ငံရေးအကြီးအကဲ ဦးကိုကိုလင်းက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။  မောင်တောမြို့အပါအဝင် ရခိုင်ပြည်က စစ်မြေပြင် အခြေအနေနှင့်ပတ်သက်ပြီး ဦးကိုကိုလင်း၏ ပြေဆိုချက်များအပေါ်မှာ ရိုက်တာသတင်းဌာနက သီးခြားအတည်မပြုနိုင်သေးကြောင်း ဖော်ပြခဲ့သည်။ မောင်တောဒေသတွင် တိုက်ခိုက်မှုများမရှိစေရန် မြန်မာစစ်တပ်အပါအဝင် အာရက္ခတပ်တော် AA တို့အား မဟာမိတ်ဖွဲ့ရန် RSO က ကမ်းလှမ်းခဲ့သည်ကို AA ငြင်းဆန်ခဲ့သည်ဟု ဦးကိုကိုလင်းက ဆိုသည်။  “သူတို့က ငါတို့နဲ့ စကားပြောဖို့ ရှောင်တယ်၊ အတူတူထိုင်တာကို ရှောင်တယ်။ သူတို့က ကျနော်တို့ကို လျစ်လျူရှုထားတယ်။” ဟု ပြောသည်။ အာရက္ခတပ်တော် AA က ရခိုင်ပြည်တွင် “ARAKAN ARMY – အာရက္ခတပ်တော်” တစ်ခု တည်းသာတည်ရှိရမည်ဟု အစောပိုင်းကာလများတွင် သဘောထား ထုတ်ပြန်ထားပြီး လက်ရှိ ရခိုင်ပြည်အတွင်း ရှိနေသော စစ်အာဏာရှင် (စစ်ကောင်စီ/မြန်မာစစ်တပ်)နှင့် အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများကို တိုက်ထုတ်နေခြင်းဖြစ်သည်။ RSO, ARSA နှင့် ARA တို့သည် ၎င်းတို့တပ်အင်အားအတွက် ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများနှင့် ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင်လူငယ်များကို စည်းရုံးခဲ့ကြသည်။  https://www.facebook.com/photo?fbid=9756549145 73935&set=pcb.975655754573851

၂၁။ မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ၃ ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်
September 10, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စက်တင်ဘာလ ၆ ရက်မှ  ၉ ရက်နေ့အထိ (၃) ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု သိရသည်။ စစ်ကောင် စီသည် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၄) ဘက်ရှိ ရှိမ်းကျေးရွာ၊ တိုက်နယ်အမှတ် (၂) ချပ်ကျေးရွာ၊ (၃၇) မိုင်ကြားတနေရာ နှင့် ယနေ့စက်တင်ဘာလ ၉ ရက်နေ့တွင်လည်း တိုက်နယ် (၃) တနေရာအား MIG-29 ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးအပြင် ဗုံးအသေး ၃ လုံးခန့် ကြဲချကာလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ မင်းတပ်မြို့နယ်က စစ်ဘေးရှောင် အမျိုးသမီးတဦးက “ချပ်ရွာရဲ့ ရွာပြင်ဖက်မှာ ကျတာ၊ လူထိခိုက်မှုမရှိဘူး၊ ကားလမ်း တွပျက်စီးတယ်၊အခုက တိုက်ပွဲ မဖြစ်ဘူး ဒီအတိုင်း ရမ်းသမ်းပြီးကြဲတာနဲ့ အရင်က စစ်ဘေးရှာင်စခန်းတွေ အဓိက ကြဲခဲ့ပေမယ့်အခုနောက်ပိုင်း ကာကွယ်ရေးစခန်းတွေ ဖက်ကို ကြဲတာစိပ်လာတယ်” ဟု ပြောသည်။ အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စက်တင်ဘာလ (၆) ရက်က အရပ် သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စက်တင်ဘာလ (၇) ရက်နေ့တွင် ပေါင် ၅၀၀ ဗုံးနှစ်လုံးအပြင် ပေါင် ၂၀၀ အားရှိသည့်  ဗုံးသီး ရှစ်လုံးအထိ အသုံးပြုတိုက်ခိုက်ခဲ့သောကြောင့်ကားလမ်းနှင့် အခြားပျက်စီးမှုများလည်းရှိကြောင်း သိရသည်။

စစ်ကောင်စီသည် မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) တပ်ရင်းကိုလည်း ထောက်ပို့လေယာဉ်မှတဆင့် လေထီးများဖြင့် လက်နက်ခဲယမ်းအပါအဝင် ရိက္ခာပစ္စည်းများလည်း အဆက်မပြတ် ဖြည့်တင်းနေကြောင်း မင်းတပ်မြို့ခံက ပြော သည်။ မင်းတပ် မြို့ခံကတဦးက “ရိက္ခာက တရက်ခြား၊ ၃ ရက်ခြားနဲ့ တောက်လျှောက် လာချတယ်၊ တပ်က မင်းတပ်ကို ပြန်ခုခံဖို့ သဘောရှိ တယ်၊ မြို့ထဲက ပြည်သူတွေကလည်း တော်တော်လေး စိတ်ပူနေကြတယ်” ဟုပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဩဂုတ် ၂၇ ရက်နေ့မှ စက်တင်ဘာ ၆ ရက်နေ့အထိ နှစ်ပတ်အတွင်း စစ်ကောင်စီမှ ချင်းပြည် နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ခုနစ်ခုတို့တွင် လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၄၀) ဦးအထိ သေဆုံးခဲ့ရကြောင်းဖော်ပြထားသည်။ https://www.facebook.com/pho to/?fbid=1040615704734149&set=pcb.1040615941400792

၂၂။ နမ့်လန်မြို့အဝင်သာရပြီး အထွက်ကို စစ်ကောင်စီတပ်က ပိတ်ထား
 September 10, 2024
ရှမ်းမြောက် သီပေါမြို့နယ် နမ့်လန်မြို့ထဲကို ဝင်လာလို့ရပေမယ့် မြို့အထွက်ကို စစ်ကောင်စီတပ်က ပိတ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကစပြီး နမ့်လန်မြို့ ကနေ သီပေါ၊ လားရှိုးဘက်အထွက်နဲ့ မိုင်းခေးဘက်အထွက်ကို ပိတ်ထားတာဖြစ်ပြီး မနေ့ စက်တင်ဘာ ၉ ရက်အထိ ပြန်မဖွင့်သေးဘူးလို့ မြို့ခံ အမျိုးသမီးတစ်ဦးကပြော ပါတယ်။ “စစ်ကောင်စီ က အထွက်လမ်းတွေပိတ်ထားတယ်။ ၅ ရက်ရှိပြီ အဝင်ပဲရတယ်။ ကျန်တဲ့ဘက် သွားလို့ရတယ်။ နမ့်လန်အထွက်ဆို မရဘူး။ နယ်ခံတွေ တောင်ယာသွား အလုပ်သွားလုပ်လို့တော့ရတယ်” ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်က နမ့်လန်မြို့ထဲ ပိတ်မိနေ တဲ့ တောင်ကြီး၊ မန္တလေးကနေ သီပေါ၊ လားရှိုးကို သွားမဲ့ ကုန်တင်ကားနဲ့ ခရီးသည်တင်ယာဉ်တွေလည်း ပြန်လှည့်ပြန်သွားကြရ တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ၁၃ မျဉ်းစောင်းကိုင်‌ဆောင်ထားသူ တအာင်းလူမျိုးနဲ့ အခြားတိုင်းရင်း သား တွေကို ခရီးသွားလာခွင့်မပေးတာတွေလည်း ရှိနေပါတယ်။ https://www.facebook.com /photo/?fbid=84427117788014 8&set=a.404503215190282

၂၃။ ဂွမြို့နယ်တိုက်ပွဲအတွင်း ရှေ့တန်းစခန်းများမှထွက်ပြေးသည့် တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက လိုက်လံပစ်ခတ်ဖမ်းဆီး
 September 10, 2024
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့အနီး ဂန့်ဂေါ်တောင်ဆည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိရာ ရှေ့တန်းစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်၍ လက်လွတ်ထွက် ပြေးခြင်းများရှိ ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့မှစ၍ ယခုရက်ပိုင်းအတွင်း ကျိန္တလီမြို့ ကုလားပြင်(ရတနာမြိုင်) ကျေးရွာ စစ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦး၊ ဂွမြို့၊ မင်းတောင်ဘုရားကုန်းပေါ်တွင် တပ်စွဲထားသည့်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးတို့သည် လက်နက်များစွန့်၍ ထွက်ပြေးကြကြောင်းသိရသည်။ အဆိုပါထွက်ပြေးသူများကို စစ်ကောင်စီက လိုက်လံပစ်ခတ် ဖမ်းဆီးပြီး ဖမ်းမိလာသူများကိုလည်း ပစ်ခတ်သတ်ဖြတ်မှုများပြုလုပ်သလို ရိုက်နှက်ပြီး တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ပြန်လည် စေလွှတ် ကြောင်း သိရသည်။ စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်မှစတင်၍ ဂွမြို့နယ်အတွင်းရှိစစ်စခန်းများသို့ ဧရာဝတီတိုင်းနှင့် အခြားမြို့နယ်များမှ စစ်မှုထမ်းဥပဒေဖြင့် သင်တန်းဆင်းပေးလိုက်သည့် သင်တန်းသားသစ်များကို စစ်ကူပို့ အင်အားဖြည့်တင်း ထားကြောင်း သိရသည်။ “‌ဂန့်ဂေါ်တောင်မှာတိုက်ပွဲကပြင်းထန်တယ်။ စစ်သားအသစ်တွေထွက်ပြေးကြတယ်။ စစ်သင်တန်း ဆင်း တွေနဲ့ ပေါ်တာပါတဲ့ကလေးတွေပြေးကြတယ်။ စစ်တပ်က ထုနှက်ပြန်ဖမ်းပြီး ပစ်သတ်တာလည်း ရှိတယ်။ တိုက်ပွဲထဲပြန်ပို့ တာလည်းရှိတယ်” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီနှင့် AAတို့သည် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့ညပိုင်းမှစ၍ ဂန့်ဂေါ်တောင်ဆည်အနီး တိုက်ပွဲဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှ လာရောက်တိုက်ခိုက်လျက်ရှိကာ ဂွရှိ ခမရ ၅၆၃ တပ်ရင်းမှ မြေပြင်စစ်ကူပို့ ဆောင်၍ ရေ ကြောင်း မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးလျက် ရှိကြောင်း သိရသည်။ စက်တင်ဘာ ၄ ရက်နေ့တွင်ပင် ကျိန္တလီမြို့ အနီး ရှိ ဆားချက်နှင့် ကိုင်းခုံရွာအနီးတွင် နံနက် ၉နာရီခန့်မှစ၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ကြဲချတိုက်ခိုက်ခဲ့သည်။  AA နှင့် စစ်ကောင်စီတို့သည် ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက်နေ့ကတည်းက ဂွမြို့နယ်၊ ချင်းကွင်းနှင့် ကျိန္တလီ တို့တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး AA က  ကျိန္တလီမြို့ကို ထိန်းချုပ်ထားကြောင်း သိရသည်။ စစ်ကောင်စီသည် ကျိန္တလီမှ ဂွသွား လမ်းတစ်လျှောက်ရှိ ဆပ်သွားကျေးရွာ၊ ကုလားပြင်၊ ကမ်းသာယာရှိ လက်ကျန်တပ်များနှင့် ပြန်လည်ခုခံတိုက်ခိုက်နေပြီး ဂွမြို့ တပ်ရင်းများမှနေ၍လည်း လက်နက်ကြီးများဖြင့် ပစ်ကူလျက်ရှိသည်။ https://www.facebook.com/photo/?fbid=8436483 97904181&set=a.583120810623609

၂၄။အေးသာယာရောက် လွိုင်ကော်နဲ့ဖယ်ခုံစစ်ဘေးရှောင်တွေကို မှတ်ပုံတင်၊အိမ်ထောင်စုစာရင်းပြခိုင်းပြီးဆန်ပေးဝေ
 September 10, 2024
ရှမ်းပြည်နယ်၊ အေးသာယာမြို့မှာရှိတဲ့ မွှေးဆန်ဆိုင် ကနေ ရှမ်းပြည်ရောက် လွိုင်ကော်နဲ့ ဖယ်ခုံ စစ်ဘေးရှောင်တွေကို မှတ်ပုံတင် ( သို့မဟုတ် ) အိမ်ထောင်စုစာရင်းပြခိုင်းပြီး တစ်အိမ်ကို ဆန် ၃ပြည်နှုန်းနဲ့ ၃ရက်ဆက်တိုက် လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့မှာ လှူဒါန်းပေးခဲ့တာဖြစ်ပြီး လူမထပ်အောင်ရည်ရွယ်ပြီး မှတ်ပုံတင် (သို့မဟုတ်) အိမ်ထောင်စုစာရင်းပြခိုင်းရခြင်းဖြစ်တယ်လို့ ဆန်လှူဒါန်းပေးခဲ့တဲ့ မွှေးဆန်မျိုးစုံလက်လီလားကားရောင်းဝယ်ရေး ပိုင်ရှင်တစ်ဦး က ပြောပါတယ်။ “တစ်ရက်ကို ၃ပြည်နှုန်းပေါ့နော် တစ်အိမ်ကို။ လူအယောက် ၃၀ စာ ၃ ရက်တိတိလှူပေးတယ်။ လာစောင့်တဲ့ လူများလို့လေ အိမ်ထောင်စုပဲဖြစ်ဖြစ် ၊ မှတ်ပုံတင်ပဲဖြစ်ဖြစ် ပြပြီး လာထုတ်ရပါမယ်။ လွိုင်ကော်ကော ဖယ်ခုံစစ်ရှောင်ကော လှူဒါန်းပေးပါတယ်။ လူမထပ်အောင်လို့ မှတ်ပုံတင်မဟုတ်ရင် အိမ်ထောင်စုနဲ့တကွပေါ့နော် စစ်ပေးမယ့်စာရေးမတွေထားထား ပြီး လှူပေးပါတယ်”လို့ သူက ပြောပါတယ်။ တစ်ရက်ကို လူဦးရေ ၃၀ အတွက် လှူဒါန်းဖို့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ တချို့ရက်တွေမှာတော့ သတ်မှတ်ထားတဲ့အရေအတွက်ထက် ပိုများတယ်လို့ သိရပါတယ်။

ရှမ်းပြည်က မြို့နယ်တချို့မှာ ကရင်နီစစ်ဘေးရှောင်တွေ ငှားရမ်းနေထိုင်တဲ့ အိမ်ငှားခဈေးမြှင့်တက်လာတာကြောင့် ငွေ ကြေးမတတ်နိုင်တော့တဲ့သူတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းလည်း မြှင့်တက်လာတာကြောင့် စားဝတ်နေရေးပူပန်နေရချိန်မှာ အခုလိုဆန်ပေးဝေမှုရှိတဲ့အတွက် စစ်ဘေးရှောင်တွေ အဆင်ပြေစေတယ်လို့ အေးသာယာ ရောက် လွိုင်ကော်ဒေသခံ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။“ဟုတ်တယ် မွှေးဆန်ဆိုင်က အေးသာယာမှာ လှူပေး တာ။ မွေးဆန်ဆိုင်က တအိမ်ကို ဆန် ၃ ပြည် နှုန်းနဲ့ တရက်ကို အိမ် ၃၀ အိမ်စာ ပဲလှူပေးတာ တရက်ကို ပြည် ၉၀ ပေါ့ အဲ့လိုမျိုး လှူပေးတာ။ ဒီလိုအခြေအနေက တစ်ပြည်လှူပေးလည်း အကျိုးရှိ ဘယ် လောက်ပဲလှူပေးပေး စစ်ရှောင်တွေအတွက်တော့ တစ် တောင့်တစ်နေရာ ပိုအဆင်ပြေစေတယ်။”လို့ သူကပြောပါတယ်။ အေးသာယာမြို့မှာရှိတဲ့ စက်မှုဇုန်လမ်း နာရီစင်ဘေး မွှေး ဆန် ဆိုင်မှာလှူဒါန်းပေးခဲ့တာဖြစ်ပြီး လွိုင်ကော်နဲ့ ဖယ်ခုံစစ်ရှောင်ကို မလှူဒါန်းပေးခင် အေးသာယာရောက် လားရှိုး စစ်ရှောင်တွေ ကိုလည်း ၃ ရက်ဆက်တိုက် လှူဒါန်းပေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ရှောင်တွေကို ဆန်လှူဒါန်းပေးတဲ့သူတွေဟာ မြေပြင်မှာ မလှူဒါန်းခင် သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့် ကြိုတင်အသိပေးလေ့ရှိတယ်လို့ သိရပါတယ်။ https://www.kan tarawaddytime s.org/%e1%80%a1%e1%80%b1%e1%80%b8%e1%80%9e%e1%80%ac%e1%80

၂၅။ မင်းတပ်မြို့တွင် အမျိုးသား ၃ ဦးထက်မနည်း ဖမ်းဆီးခံရ
 September 10, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စက်တင်ဘာလ ၇ ရက်နေ့ တစ်ရက်တည်းတွင် အရပ်သား သုံးဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။ ဖမ်းဆီးခံရသည့် အရပ်သားများသည် အသက် ၃၅ နှစ်အရွယ် နှင့် အသက် ၄၀ နှစ်အရွယ်ရှိ အမျိုးသားများဖြစ်ပြီး ၎င်းတို့ကို စစ်ကောင်စီက ခလရ ၂၇၄ တပ်ရင်းသို့ ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်သည်။ “စစ်သားတွေ ဖမ်းသွားတာက ဟုတ်ပါတယ်။ မျက်မြင်တွေ့တာက စုစုပေါင်း သုံးယောက်ပါ။ နောက် ထပ် ဖမ်းဆီးခံရတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ဘာအတွက်အကြောင်း ဖမ်းတာလဲတော့ မသိရသေးပါ။”ဟု မင်းတပ်ဒေသခံ တစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသည့် အမျိုးသားများသည် ယနေ့မနက်ထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်းနှင့် ဖမ်းဆီးခံ ရသူများသည် ခလရ ၂၇၄ တပ်ရင်းတွင် ရှိနေသေးကြောင်းသိရသည်။

မင်းတပ်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့ကလည်း ကျောင်းသားများကို ဖမ်းဆီး၍ စစ်ဆေးမှုများ ပြုလုပ်ပြီး ပြန်လွှတ်ပေးသည့်ဖြစ်စဉ်လည်း ဖြစ်ပွါးခဲ့သည်။  https://www.facebook.com/photo/?fbid=843180607950960&set=a.583 120810623609

၂၆။  “ဝ” ဒေသ၌ ရေကြီး၊ မိုင်းပေါက်−ပန်ဆန်းလမ်းပိုင်းနှင့် နေအိမ်အဆောက်အဦအချို့ပျက်စီး
 September 10, 2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းနှင့်မိုင်းပေါက်မြို့၌ ယမန်နေ့နံနက်မှ စတင်ပြီး မိုး အဆက်မပြတ် ရွာသွန်းနေမှုကြောင့် ရေကြီးရေလျှံမှုကြုံတွေ့နေကာ  မိုင်းပေါက်−ပန်ဆန်းလမ်းလည်း ရေ‌တိုက်စား၍ ပျက်စီးမှုရှိကြောင်း ဒေသခံများက ပြောသည်။“မိုးက မနေ့ကတည်းက ဆက်တိုက် မိုးကြီးနေတာ။ အဆက်မပြတ်ပဲ။ မိုင်းပေါက်မြို့ ပေါ် မှာတော့ အချို့ရပ်ကွက်တွေက အမြင့်ပိုင်းတွေမှာဆို ရေမဝင်ဘူး။ အဓိကက ပန်ဆန်းဘက်ထွက်တဲ့ဘက်တွေနဲ့ အနိမ့်ပိုင်းတွေ မှာ ရေကြီးနေတာ” ဟု မိုင်းပေါက်ဒေသခံတဦးကပြောသည်။ မိုင်းပေါက်မြို့၏ နယ်မြေ တဝက်ခန့်သည် ရေကြီးနစ်မြုပ်ခဲ့ရပြီး “ဝ” ပြည်သူ့အစိုးရ ရဲဌာနမှ ရေကြီး၊ရေလျှံမှု ဖြစ်ပေါ်နေသည့် နေရာအသီးသီးတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင် ပေးနေကြောင်း “ဝ” ဒေသတွင်းသတင်းအချက်အလက်များကို ဖော်ပြပေးနေသည့် Wa News Land လူမှုကွန်ရက် စာမျက်နှာက ယ‌နေ့ (စက်တင်ဘာလ ၁၀ ရက်) ဖော်ပြထား သည်။ မိုင်းပေါက်−ပန်ဆန်းလမ်းပိုင်း၌လည်း မိုးကြီးကာ တောင်ကျ ရေစီးဆင်း နေမှုကြောင့် လမ်းပိုင်းအချို့ ရေ ကျော်ကာ လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်‌ တောက်နေကြောင်းဒေသခံများက ပြောသည်။ အလားတူ “ဝ” ပြည်မြို့တော်ပန်ဆန်း၌လည်း အနိမ့်ပိုင်း နေရာအချို့၌ ရေကြီးနစ်မြုပ်မှုကြုံတွေ့နေကြရသည်။ ရေကြီးရေလျှံမှု ကြောင့် အကူအညီလိုအပ်နေသူများအနေဖြင့်လည်း မိုင်းပေါက် တရားရေးကော်မတီနှင့်တကွ ပြည်သူ့လုံခြုံရေး ဌာနများထံ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း Wa News Land က အသိပေးထားသည်။

ပန်ဆန်း−မိုင်းပေါက်လမ်းပိုင်းသည် ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးသီတင်းပတ်အတွင်းကလည်း ဒေသတွင်းမိုး အဆက် မပြတ်ရွာသွန်းမှုကြောင့် တောင်ပြိုကျမှုနှင့် လမ်းပိုင်းပျက်စီးမှုများဖြစ်ပေါ်ခဲ့သေးသည်။  လက်ရှိ၌ ထိုလမ်းပိုင်းသည် ရေဘေးကြောင့် ပျက်စီးမှုထပ်မံကြုံတွေ့နေရခြင်းဖြစ်သည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း၌ လက်ရှိမိုးသည်းထန်စွာရွာသွန်းနေခြင်း သည် တောင်တရုတ်ပင်လယ်တွင် ပြီးခဲ့သည့်ရက်ကဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းYAGIမှ အကြွင်းအကျန်တိမ်တိုက်များ ထိုင်း နိုင်ငံကိုဖြတ်ပြီး မြန်မာနိုင်ငံအရှေ့ပိုင်းမှ တဆင့် ရှမ်းပြည်နယ်သို့ ဝင်ရောက်နေခြင်းကြောင့် ဖြစ်ကြောင်း မိုးလေဝသအရေး လေ့လာသူ ဦးဝင်းနိုင်က ပြောသည်။ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်တို့တွင် စက်တင်ဘာလ ၉ ရက်မှစ၍ စက်တင်ဘာလ ၁၂ရက်အထိ မိုးကြီးနိုင်ပြီး ရေဘေးနှင့် မြေပြိုမှုဘေးသတိပြုကြရန် အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန (MOHADM) က စက်တင်ဘာလ ၉ ရက်တွင် သတိပေးချက်ထုတ်ပြန်ထားသည်။ https://bur.mizzima.com/2024/09/10/32554

၂၇။ ထားဝယ်၊ ပကာရီမှာလက်နက်ကြီးထိတဲ့လူငယ် ဆေးကုနေချိန်သေဆုံး
 September 10, 2024
ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်လို့ ရန်ကုန်မှာ ဆေးကု သမှုခံယူနေတဲ့လူငယ် သေဆုံးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ အခုလ ၅ ရက်နေ့နေ့လယ်ပိုင်းက ပကာရီရွာရဲစခန်းကနေ ရွာထဲကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ‌အမျိုးသားလေးဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီ ထဲက အသက် ၂၀ ကျော်အရွယ် ပကာရီရွာခံ ကိုအောင်ကိုဖြိုးက‌တော့ ဒဏ်ရာပြင်းထန်တာကြောင့် ထားဝယ်မြို့မှာရှိတဲ့ စစ်တပ် ဆေးရုံကတစ်ဆင့် ရန်ကုန်ဆေးရုံကြီးကိုကာနဲ့ တင်ဆောင်သွားခဲ့တာပါ။ ရန်ကုန်မှာဆေးကုနေရင်း မနေ့ညပိုင်းမှာတော့ ဒဏ်ရာ နဲ့ သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ဒေသခံတွေကဆိုပါတယ်။ “လက်နက်ကြီးကခေါင်းမှာထိတာ။ ပွင့်ထွက်သွားတယ် ကြားတယ်။ ထိတဲ့အချိန်ကတည်းက အခြေအနေမကောင်းတာ။ ထိတဲ့အချိန်ကဆို သွေးကွက်ကြီးတောင်လမ်းပေါ်ကျန်ခဲ့တယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

သေဆုံးသူ ကိုအောင်ကိုဖြိုးမှာ ကလေးငယ်နှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကျန်ရစ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ သူနဲ့အတူလက်နက်ကြီးထိမှန်ခဲ့တဲ့ အမျိုးသားသုံးဦးကတော့ ဒဏ်ရာအနည်းငယ်ပဲရရှိတာကြောင့် လက်ရှိမှာ သက်သာနေပြီလို့ ဒေသခံတွေကဆိုပါတယ်။ အဲဒီနေ့မှာ ပကာရီရဲစခန်းကနေ ၆၀ မမလက်နက်ကြီးနှစ်ချက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပကာရီရွာလမ်းဆုံအနီးက ဖုန်းဆိုင်တစ်ဆိုင်လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ အခုလိုလက်နက် ကြီးနဲ့ပစ်ခတ်တာဟာ ကော်သူး လေတပ်မတော်ရဲဘော်တွေက လက်နက်ကြီးတစ်ချက်ပစ်ခတ်ပြီး ပြန်သွားတာကြောင့် စစ်ကောင်စီတပ်ဘက်ကပြန်လည် ပစ် ခတ်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။ https://www.facebook.com/photo?fbid=537462352004852&set=a.19663156

၂၈။ပေါ်တာဆွဲခံရတဲ့ အရပ်သားသုံးဆယ်နီးပါး စစ်ကောင်စီတပ်သားတွေကို ခုခံထွက်ပြေး
 September 10, 2024
စစ်ကောင်စီတပ်က အဓမ္မစစ်သားစုဆောင်းပြီး ပေါ်တာဆွဲလာတဲ့ အရပ်သားတွေဟာ လက်နက်ကိုင် အစောင့်တပ် သားတွေကို ပြန်လည်ခုခံပြီး လက်နက်လုယူထွက်ပြေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ တပ်သားသစ် အဖြစ် အတင်းအဓမ္မ စုဆောင်းခံထားရတဲ့အမျိုးသား ၂၉ ဦးဟာ မြိတ်မြို့ကနေ ပလောက်မြို့အခြေစိုက် တိုင်းဗဟို (၁၂)ကို ရေလမ်းခရီးကနေပို့ဆောင်စဉ်လမ်းမှာ စစ်ကောင်စီတပ်သားတွေကို ခုခံပြီး ထွက်ပြေးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။ အတင်းအဓမ္မ စုဆောင်းခံထားရတဲ့သူတွေကို တင်ဆောင်လာတဲ့ ငါးဖမ်းလှေသုံးစီးဟာ မြိတ်မြို့ကနေ ပလောက်မြို့ အခြေစိုက် တိုင်းဗဟို (၁၂)ကို အခုလ ၇ ရက်နေ့က ထွက်ခွာလာခဲ့တယ်လို့ ဆိုပါတယ်။ အခုလ ၈ ရက်နေ့ ညမှာ ပုလောမြို့နယ်၊ ခန္တီရွာအနီး ပင်လယ်ပြင်ကိုရောက်လာပြီး လှေသုံးစီးထဲက တစ်စီးဟာ လှေပေါ်မှာပါလာတဲ့ စစ်သားစုဆောင်းခံရသူတွေဟာ  စစ်ကောင်စီ အစောင့် တပ်သားနှစ်ဦးကို ရေထဲတွန်းချပြီး သူတို့ဆီက လက်နက်နှစ်လက် လုယူ ထွက်ပြေးခဲ့တာလို့ ဒေသခံ တွေက ပြောပါတယ်။“ဝိုင်းလုံးပြီးသတ်ပုတ်ပြီးမှ ရေထဲပစ်ချတယ်ပြောပါတယ်။” လို့ ပြန်လည်လွတ်မြောက်လာသူတွေဆီက သိရတဲ့ သတင်းအချက်အလက်ကို ကိုးကားပြီး ဒေသခံအမျိုးသားတစ်ဦးက ပြန်ပြောပြပါတယ်။ ပြန်လည်ခုခံထွက်ပြေးခဲ့တဲ့ လှေပေါ်မှာ စစ်သားအဖြစ်စုဆောင်းခံရသူ ၂၉ ဦးနဲ့ လက်နက်ကိုင် စစ်ကောင်စီတပ်သားနှစ်ဦးပါလာပြီး ကျန်တဲ့လှေတွေမှာတော့ ဒီထက်ပိုများတယ်လို့ လွတ်မြောက်လာသူတွေဆီကသိရတာကို ဒေသခံတွေက ပြန်ပြောပြပါတယ်။

လတ်တလောမှာ စစ်သားတပ်သားတွေကို ခုခံပြီးထွက်ပြေးလာတဲ့သူတွေထဲက ၂၇ ဦးကို KNU ရဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO)တပ်ရင်း (၇) က စောင့်ရှောက်ထားတယ်လို့ KNU တပ်မဟာ ၄ တာဝန်ရှိသူတွေ ဆီကသိရပါတယ်။ လှေသုံးစီးစလုံးမှာပါလာတဲ့ အမျိုးသားတွေဟာ ထိုင်းနိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး ပြန်လာတဲ့ မြန်မာ နိုင်ငံသားတွေဖြစ်ပြီး ကော့သောင်းမြို့ ဆိပ်ခံဘောတံတားမှာ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက အတင်းအဓမ္မ ဖမ်းဆီးခဲ့ တာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ မြိတ်က ပို့လာတဲ့ စစ်မှုထမ်းသင်တန်းသားတွေကို ကုန်းလမ်းကနေ ကြိုဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် (၁)တပ်ရင်း၊ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ခန္တီရွာအနီးမှာ  နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တယ်လို့ တိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့ ရဲဘော်တွေဆီက သိရပါတယ်။ “လက်နက်ကြီးဖိပစ်နေတော့ ရွာအထိနာမယ်ဆိုပြီး ကျွန်တော်တို့ မဟာမိတ်တပ်တွေဘက်က ပြန်ဆုတ်တယ်။ ၁၂ နာရီလောက်မှာ ရှေ့တိုးပြီးထပ်ဖြစ်တာပါ။” လို့ ပုလော(ပကဖ)ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ https://www.facebook.com/photo/?fbid=538091321941955&set=a.196212679463156

၂၉။ ပလက်ဝမှာ စက်လှေအချင်းချင်း မတော်တဆ တိုက်ခိုက်မူဖြစ်လို့ ကလေးငယ်တစ်ဦး ရေနစ်သေဆုံး
 September 10, 2024
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ လေးမြိုမြစ်ရေမှာ စက်လှေ အချင်းချင်း မတော်တဆ တိုက်ခိုက်မှုဖြစ်လို့ ကလေး တစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စက်တင်ဘာ ၆ ရက်နေ့က မိသားစုတွေနဲ့အတူ ဆွေမျိုးတွေရှိတဲ့ ကိုဖေကြီးကျေးရွာကို ဟွန်ဒါစက်လှေဖြင့် သွားရောက်စဥ် ရှေ့ကနေ မောင်းနင်းလာတဲ့ စစ်လှေတစ်စီးက မတော်တဆ တိုက်မိ သွားတာလို့သိရပါတယ်။ “ဝင်တိုက်တဲ့ စက်လှေက ကြီးတော့ ဟွန်ဒါစက်လှေက မှောက်ကုန်တာ။ လူကြီးတွေက ဘာမှမဖြစ် ဘူး။ ကလေးကတော့ ရေမကူးတတ်တော့ ကယ်ဖို့အချိန်မရလိုက်ဘူး။ ရေနစ်ပြီး ဆုံးသွားတယ်။ အလောင်းတော့ပြန်ရတယ်။ “လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ရေနစ်သေဆုံးတဲ့ ကလေးငယ်ဟာ ကျေးတောကျေးရွာက အသက် (၈) နှစ်ဝန်းကျင် ဆလိုင်းမားလုံ သိရပါတယ်။ အဲ့ဒီ ယာဉ်တိုက်မှုကျူးလွန်တဲ့သူဟာ ပလက်ဝမြို့နယ်၊ အောက်ချိုင်းစကျေးရွာကဖြစ်ပြီး လက်ရှိသူကို CDF(Daai) ဖမ်းဆီးထိန်းချုပ် ထားတယ်လို့ သိရပါတယ်။ https://zalen.info/%e1%80%95%e1%80%9c% e1%80%80%e1%80%ba%e1%80%9d%e1 %80%99%e1%80%be%

၃၀။ ပလမှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် တစ်ဦး PDF ထံ အလင်းဝင်
 September 9, 2024
တနင်္သာရီတိုင်း ပလမြို့အနီးမှာ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းဆင်း တပ်သားသစ် တစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ အလင်းဝင်လာတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့မှာ ပလမြို့အနီး စစ်ကောင်စီတပ်တွေနဲ့တော်လှန်ရေးပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေစဉ် အဲဒီတပ်သား ဟာ စစ်ဘေးရှောင်တွေနဲ့အတူလိုက်ပါလာပြီး အလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။ အလင်းဝင်လာတဲ့ တပ်သားဟာ အသက် ၂၆ နှစ်အရွယ် ကိုစောသန်းဌေး မန္တလေးဇာတိဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတာခံရပြီးနောက် စစ်ကိုင်းတိုင် ရွှေဘိုမြို့ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂ တက်ရောက်ခဲ့ရပါတယ်။

သင်တန်းပြီးနောက် ပုလောမြို့အခြေစိုက် အမှတ် ၂၈၅ ခြေလျင်တပ်ရင်းထံ ပို့ဆောင်ခဲ့ရပြီး ရှေ့တန်းသို့ စေလွှတ်ခံခဲ့ ရတာပါ။ ထွက်ပြေးလာတဲ့ တပ်သားကို လတ်တလောမှာ နေထိုင်စားသောက်ရေးအတွက် ကူညီပေးထားပြီး ပြည်သူ့ရင်ခွင် အဖွဲ့ နဲ့ချိတ်ဆက်ကာ သူဆန္ဒအတိုင်းလုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။ အာဏာသိမ်းကာလအတွင်း မြိတ်ခရိုင်တပ်ရင်း ၁ အဖွဲ့ထံ လာရောက်ခိုလှုံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ရှိပြီး လာရောက်ခိုလှုံနေသူတွေထဲက စစ်ကောင်စီကို ပြန်တိုက်နေ သူတချို့လည်း ရှိနေတယ်လို့ သိရပါတယ်။ https://www.facebook.com/phot o/?fbid=572401232017354&set=a.290136 596910487

၃၁။ ပလက်ဝမှ ဆောမြို့အထိ ဆိုင်ကယ်ဖြင့် ကုန်စည်သယ်ခ ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ ရှိနေ
 September 10, 2024
ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံထားရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ပလက်ဝမြို့နှင့် ဒိုင်ရ်ဒေသ များကို မကွေးတိုင်း၊ ဆောမြို့မှတစ်ဆင့် ကုန်စည်များသယ်ယူရာတွင် ဆိုင်ကယ်ကယ်ရီခမှာ တစ်စီးလျှင် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ ပေးနေရကြောင်း ကုန်သည်တချို့ထံက သိရသည်။ ယင်းဒေသများတွင် လမ်းပြိုခြင်း၊ ရေးကြီး၍ တံတားများ ပျက်စီး ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲလာပြီး ကုန်စည်စီးဆင်းမှုများ အင်မတန် နည်းပါးလာကြောင်း၊ အနီးစပ်ဆုံး ကုန်ပစ္စည်းများ ဝယ်ယူနိုင်သည့် ဆောမြို့နယ်ထဲ ကို ပစ္စည်းဝယ်ယူနိုင်ရေး သွားလျှင်ပင် အသွားအပြန် ၅ ရက်မှ ၁၀ ရက်အထိ ကြာမြင့်ကြောင်း သိရသည်။“အဲ့ဒီအခက်ခဲမှုတွေကြောင့် ဆိုင်ကယ် ကယ်ရီခလည်း ဆောမြို့ ကနေ ဒိုင်ရ်ဒေသ- ဟုမ်းရွာ အထိ ပုံမှန်အားဖြင့် ကျပ် ၁၀သိန်း နဲ့ ၁၅ သိန်းအထိပေးရတယ်၊ ၊ မိုးတွင်းဆိုတော့ ကားမရောက်နိုင်ဘူး၊ ဆိုင်ကယ်ပဲရတာ၊ ဒါတောင် ဆိုင်ကယ် ကယ်ရီရဖို့ မလွယ်ကူဘူး၊ ခက်ခက်ခဲခဲ သွားလာရတာမို့ မလိုက်ချင်ကြဘူး။ အဲ့ဒီ ခက်ခဲမှုကြောင့် စားနပ်ရိက္ခာ ပြတ် တောက်လာပြီး၊ စျေးနှုန်း အဆမတန် မြင့်တက်လာတယ်” ဟု ဒိုင်ရ်ဒေသကို ကုန်ကူးနေသူ တစ်ဦးက ပြောသည်။

ပလက်ဝမြို့နယ်ထဲက ဒေသများနှင့် ဒိုင်ရ်ဒေသကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဘက်၊ ရခိုင်ပြည်နယ် ကျောက်တော်တို့မှ ကုန်စည်များ သွင်းယူနိုင်သော်လည်း လမ်းကြောင်းများ ပိတ်ခံထားရသောကြောင့် မကွေးတိုင်း၊ ဆောဒေသဘက်မှ တစ်ဆင့် သယ်ယူနေရကြောင်း သိရသည်။ ဒိုင်ရ်ဒေသတွင် 92 ဓါတ်ဆီ တစ်ဂါလံလျှင် ကျပ်ငါးသောင်း ရှိပြီး ဒိုင်ရ်ဒေသ၏ တချို့နေရာတွင် ဓါတ်ဆီ တစ်ပုလင်း လျှင် တစ်သောင်းခွဲခန့် ပေးနေရကြောင်း၊ ပရီမီယာ ကော်ဖီမစ် အထုတ်ကြီး တစ်ထုပ်လျှင် ကျပ် သုံးသောင်း ရှိနေကြောင်း ကုန်ကူးနေသူတချို့ ထံမှ သိရသည်။“ကျနော်တို့ဘက် ကုန်စျေးနှုန်းမြင့်တက်တာက လမ်းပန်းဆက်သွယ်ရေး အခက်ခဲနဲ့ ကုန်စည်စီးဆင်းမှု အားနည်းတာ ကြောင့်ပေမယ့် ဆောမှာ ဝယ်စျေးကလည်း ပြီးခဲ့တဲ့ ၃ လအတွင်း စျေးနှုန်း နဲ့ ယခု စျေးနှုန်း ၂ ဆလောက်ကို မြင့်တက် နေတာကြောင့်ပါ။ အခြေခံစားသောက်ကုန်တွေ ကုန်စျေးနှုန်း မြင့်လာတက်မှုနဲ့ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲကြာရှည်လာရင်၊ ကျနော်တို့ ဒိုင်ရ်ဒေသအပြင် ပလက်ဝမြို့နယ် နဲ့ ရခိုင်ပြည် နယ်အနှံ့ စားသောက် ကုန်နဲ့ ဆေးဝါး ပြတ်လပ်မှုတွေ လုံးဝ ကြုံတွေ့နိုင်တယ်” ဟု ကုန်ကူးနေသူ တစ်ဦးက ပြောသည်။ မိုးရာသီးကုန်လျှင် ကားသွား၍ ရလာပါက သယ်ယူပို့ဆောင်ခများမှာ ယခုထက် ပိုမိုသက်သာလိမ့်မည်ဟု ဒေသခံများက မျှော်လင့်နေကြသည်။ ဒိုင်ရ်ဒေသသည် မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ ကန်ပက်လက်မြို့နယ်ကြားတွင် ရှိသော်လည်း မည်သည့်မြို့နယ်ဘက်မှ ကောင်းမွန်သော ကုန်သွယ် ရေးလမ်းကြောင်း မရှိခြင်းကြောင့် ဒေသခံများ ကိုယ်ထူကိုယ်ထ ဖောက်ထားသည့် လမ်းသာရှိနေ၍ လက်ရှိတော်လှန်ရေး ကာလ တွင် ကုန်စည်စီးဆင်းမှု ပိုမိုခက်ခဲနေကြောင်း သိရသည်။  https://www.faceb ook.com/photo/?fbid=104106274135611 2&set=pcb.1041063601356026

၃၂။ ကော်သူးလေနယ်မြေအတွင်း လုံခြုံသော ပညာရေးပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် KNU ကတိပြု
 September 10, 2024
ကော်သူးလေနယ်မြေအတွင်း နေထိုင်သည့် ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ကို အသိအမှတ်ပြု ပြီး ပဋိပက္ခ များနှင့် မတည်ငြိမ်မှုများကြောင့် စိန်ခေါ်မှုများရှိနေသော်လည်း လုံခြုံသော ပညာရေး ပတ်ဝန်းကျင်တစ်ခု ဖန်တီးသွားမည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ကတိပြုပြောသည်။ ကေအဲန်ယူအနေဖြင့် စက်တင် ဘာလ ၉ ရက်တွင် “ကော်သူး လေ အတွင်းရှိ ကျောင်းများ ဘေးကင်းမှုဆိုင်ရာ ကြေညာ စာတမ်း” တစ်စောင်ကို ထုတ်ပြန်ရာ၌ ယခုလို ကတိပြုပြောဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စာတမ်းတွင် အရေးပေါ် အကူအညီများ၊ ပညာရေးတိုက်ခိုက်ခြင်းမှ ကာကွယ်ခြင်း၊ ကလေး များနှင့် ဆရာများ ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ မှတ် တမ်းပြုစုခြင်းနှင့် အစီ ရင်ခံခြင်းစသည့် အပိုင်း ၄ ပိုင်းကို ကေအဲန်ယူက အဓိကထား လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။ ထို့အပြင် ကော်သူးလေနယ်မြေတွင်းရှိ စာသင်ကျောင်းများအတွင်း အခြေစိုက်စခန်း၊ စုဆောင်းရေးနေရာ အဖြစ် စစ်ရေးရည်ရွယ်ချက်ရှိရှိ အသုံးမပြုရခြင်းကို လိုက်နာရန်ကတိပြုကာ လက်ခံကျင့် သုံးရန်အတွက် အားပေး ထောက်ခံသွားမည်ဟု စာတမ်းတွင် ဖော်ပြထားသည်။

“ကော်သူးလေအတွင်းရှိ ကျောင်းများဘေးကင်းလုံခြုံရေးဆိုင်ရာ ကြေညာစာတမ်းထဲမှာ ပါရှိတဲ့ လုပ်ငန်း ဆောင်တာ တွေနဲ့ လမ်းညွှန်ချက်တွေကို အကောင်အထည်ဖော်တဲ့အခါမှာ အခက်အခဲ၊ စိန်ခေါ်မှုတွေ အများကြီးရှိနေအုံးမှာ သေချာပါပဲ။ ဒါကြောင့် မိမိတို့ရဲ့ မိတ်ဖက်၊ လုပ်ဖော်ကိုင်ဖက်တွေ တော်လှန် ရေးကို ကိုယ်ချင်းစာနာတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေကပါ ဝိုင်းဝန်းပံ့ပိုးကြဖို့ အထူးလိုအပ်တယ်” ဟု စာတမ်းမိတ်ဆက်ပွဲ၌ ကေအဲန်ယူဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ ပြောသည်။ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက် ကေအဲန်ယူ၊ ထိန်းချုပ်နယ်မြေထဲတွင် စစ်ကောင်စီက လက်နက်ကြီး၊ လေယာဉ်၊ ဒရုန်းများအသုံးပြုကာ ကျောင်းအဆောက်အဦးများ ပစ်ခတ်တိုက်ခိုက် မှုကြောင့် ကော်သူးလေ၏ အနာဂတ်မျိုးဆက်သစ်များ အသက်ဆုံးရှုံးမှုများကို ရင်ဆိုင်ကြုံတွေ့ ခဲ့ရသည်။ ထိုသို့ တိုက်ခိုက်ခဲ့မှုကြောင့် ၂၀၂၁ စစ်တပ်အာ ဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်အထိ ကော်သူးလေဒေသတွင် ကျောင်းနေအရွယ်ကလေး ၁၈၆ ဦး ဒဏ်ရာရရှိပြီး ၆၃ ဦး သေဆုံးကာ ၁၅ ဦး အဖမ်းခံခဲ့ရသည်။ ထို့အပြင် စာသင်ကျောင်းအဆောက်အဦး ၄၇ ကျောင်း ပျက်စီးခဲ့ပြီး အချို့ စာသင်ကျောင်း များမှာ ပိတ်ထားရခြင်းမျိုးရှိသည်ဟု ကေအဲန်ယူက ပြောဆိုသည်။ https://kicnews.org/2024/09/%e1%80%80%e1 %80%b 1%e1%80%ac%e1%80%ba%e1%80%9e%e1%80%b0%e1

၃၃။ မိုင်းရယ်မြို့မှာ SSPP တပ် အင်အားလျှော့ချနေပြီး စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းလာဖြည့်နေ
 September 9, 2024
စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ယာယီအခြေစိုက်ထားတဲ့ မိုင်းရယ်မြို့ထဲမှာ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)တပ်က အင်အား တဖြည်းဖြည်းလျှော့ချနေပြီး စစ်ကောင်စီတပ်က အင်အားအလုံးအရင်းလာဖြည်တင်းနေတယ်လို့ မိုင်းရယ်မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကတုန်းက SSPP တပ်ဖွဲ့တွေဟာ ကားအစီး ၂ဝ နဲ့ မြို့ကနေထွက်သွားပြီးတဲ့နောက် ကျေးသီးကနေလာတဲ့ စစ်ကောင်စီတပ်တွေက ဒီနေ့အထိ စစ်အင်အား အများအပြားဝင်လာ ကြတယ်လို့ ဆိုပါတယ်။ မိုင်းရယ်မြို့ခံ အမျိုးသမီးတစ်ဦးက “မြို့ပေါ်ကနေ SSPP တွေ အများကြီးပြန်ထွက်သွားကြတယ်။ ကား အစီး ၂ဝ လောက်ရှိတယ်။ အဲနေ့မှာဘဲ စကစ တွေလဲ ကျေးသီးလမ်းကနေ အများကြီးပြန်ဝင်လာကြတယ်။ မြို့ခံတွေကတော့ စကစတွေ ရမခ ဌာနချုပ်ထားတာ မကြိုက်ကြဘူး။ သူတို့လာမှ ပိုဆိုးလာနိုင်တယ်။ အခု မြို့ထဲမှာ SSPP တော့ နည်းနည်းဘဲ ကျန်တာ”လို့ ပြောပါတယ်။ လက်ရှိမှာတော့ မိုင်းရယ်မှာရှိတဲ့ တပ်စခန်းတွေထဲမှာ တပ်မိသားစုဝင်တွေမရှိကြတော့ဘူးလို့ အထက်ပါ အမျိုးသမီးက ဆိုပါတယ်။

“တပ်ထဲမှာတော့ တပ်မိသားစုဝင်တွေ မရှိကြတော့ဘူး။ သူတို့စစ်တပ်ဘဲရှိကြတယ်။ မြို့ထဲမှာတော့ စကစ က အများ ဆုံးဘဲ။ စစ်အင်အားတွေက နေ့တိုင်းဝင်လာကြတယ်” လို့ ပြောပါတယ်။ ဒီနေ့ စက်တင်ဘာ ၉ ရက်ကလည်း စစ်ကောင်စီတပ် ဘက်က အင်အားအလုံးအရင်း လာဖြည့်တင်းနေတဲ့အတွက်ကြောင့် မြို့ခံတွေ စိုးရိမ်ကြပြီး ပစ္စည်းတွေ သိမ်းနေကြတယ်လို့ နောက်ထပ် မိုင်းရယ်မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။“အခြေအနေကတော့ ဒီနေ့စစ်ကြောင်းတွေတအားလာနေတယ်။ သူတို့တအား လာလို့ ပြည်သူတွေကြောက်နေကြတာ။ ပစ္စည်းတွေသိမ်းနေကုန်ကြတယ်။ ကျမတို့လည်း ပစ္စည်းတွေသိမ်းနေတာအခု တချို့ ဆိုင်တွေတောင် ဒီနေ့မဖွင့်ဘူး”လို့ ပြောပါတယ်။ မိုင်းရယ်မြို့နယ်ထဲက မိုင်းဟပြည်သူစစ်နယ်မြေထဲမှာ ကိုးကန့်နဲ့ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကနေ ထွက်ပြေးလာတဲ့ ထောင်နဲ့ချီတဲ့ တရုတ်ငွေလိမ်ဂိုဏ်း(ကျားဖြန်)တွေဟာလည်း လက်ရှိ မိုင်းဟအုပ်စု နမ့်အွန်ရွာက ၂ နေရာနဲ့ မန်ကြူအုပ်စုက ၃ ခု နေရာအသစ်တွေ ရှင်းပြီးပြန်နေထိုင်ကြတယ်လို့ အထပ်ပါ အမျိုးသမီးက ပြောပါတယ်။ https://www.facebook.com/photo/?fbid=843748224599110&set=a.404503215190282

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button