တော်လှန်သူလူငယ်တစ်ယောက်
ဓားသွေးရင်းဓားရှတော့
လက်ကိုဓားနဲ့ခုတ်တယ်
အကောင်းလည်းမမြင်ဘူး
အဆိုးလည်းမမြင်ဘူး
ဒါပေမယ့် မျက်ကန်းလည်းမဟုတ်ဘူး
အတိတ်ကိုပြန်သမနေဘူး
အနာဂတ်ကိုလှမ်းငေးမနေဘူး
ဒီ့နေ့နေ့စွဲဟာ ဒီနေ့ပွင့်တဲ့ပန်းပဲ
ဘောလုံးပွဲဲကြည့်တယ် ဂိမ်းဆော့တယ်
အဆဲသန်တယ်
လှည်းဘီးနွံထဲကျွံနေတော့ သူအုပ်တစ်ချပ်သဲတစ်ပွင့်
ပိုက်ဆံမရှိရင်ရှာတယ်
ပိုက်ဆံရှိတော့ လွှင့်ပစ်တယ်
ညကြီးသန်းခေါင် ဟေးလေးဟားလား အရင်နှစ်တွေက
ညကြီးသန်းခေါင် ခြင်ကိုက်မှတ်ကိုက်ကင်းကျလို့ အခုရက်ထဲ…
အုတ်နံရံကိုခေါင်းနဲ့ဖြိုလို့ရမှန်း(လူညီရင် )
သူသေသေချာချာသိပြီးမှ….
သေတော့ မထီပြုံးနဲ့ နှုတ်ခမ်းထောင့်ကသွေးစကို ပြန်မသိမ်းဘူး
ဖတ်ဖူးတဲ့ဝဲလ်သားရင်းဟိုက်ထဲက “ဟိကလစ်”လို..
သူအမြဲဆိုတဲ့သီချင်းက “ကမ္ဘာမကြေဘူး”
သူမုန်းတာက စစ်အာဏာရှင်
ငါသိတဲ့ညီငယ်တစ်ယောက်…။ ။
အဿထိုရ်