သမ္မတရာထူးလစ်လပ်ခြင်းနှင့် သမ္မတဖြစ်ပိုင်ခွင့်
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၄၊ ၂၀၂၄
မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းချိန်မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ သမ္မတဖြစ်နေဆဲဖြစ်သလို သမ္မတသက်တမ်းကလည်း ကျန်ရှိနေသေးတယ်။ ဒါပေမယ့် အဲဒီနေ့မနက်မှာပဲ ဒုတိယသမ္မတဖြစ်တဲ့ မြင့်ဆွေက အလိုအလျောက် “ယာယီသမ္မတ” ဖြစ်နေပြီး ကာလုံဆိုတာကြီးကို ခေါ်ရင်းနဲ့ မင်းအောင်လှိုင်ကို အာဏာလွှဲကြောင်း ကြေညာခဲ့တယ်။
ဒီအာဏာသိမ်းမှုဟာ သူတို့ကိုယ်တိုင်ရေးခဲ့တဲ့ ၂၀၀၈ နဲ့လည်း မညီဘူး။ အရေးပေါ်ခြေနေကြေညာနိုင်သူဟာ နိုင်ငံတော်သမ္မတ တဦးတည်းသာဖြစ်တယ်။ ကာလုံခေါ်တာလည်း နိုင်ငံတော်သမ္မတပဲဖြစ်တယ်။
ဒုတိယသမ္မတမဟုတ်ဘူး။ ဒါ့အပြင် ဒုတိယသမ္မတက “ယာယီသမ္မတ” ဖြစ်ေနတာဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၇၃ ပါ ပြဋ္ဌာန်းချက်တွေနဲ့ လုံးဝ မကိုက်ညီနေတာကြောင့် ယာယီသမ္မတလို့တောင် မဖြစ်မြောက်ဘူး။ နောက်ပြီး ဒါဟာ နိုင်ငံတော်သစ္စာဖောက် ပုန်ကန်မှုကြီး (ရာဇသတ်ကြီး ပုဒ်မ ၁၂၁ (ဃ))ဖြစ်တယ်။
ဒုတိယသမ္မတဟာ ဒီနိုင်ငံတော်သစ္စာဖောက်ဖျက်မှုကြီးမှာ ကြံရာပါ ပါဝင်သူဖြစ်တယ်။
နောက်ဆုံးမှာလည်း နိုင်ငံတော် “ယာယီသမ္မတ” ဆိုတဲ့ မြင့်ဆွေက ကျန်းမာရေးအရဆိုပြီး သူ့ရဲ့ “ယာယီသမ္မတ”တာဝန်ကို မင်းအောင်လှိုင်ကို လွှဲအပ်လိုက်ပါတယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲဲ့ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ဟာ “ယာယီသမ္မတ” လုပ်လာပြန်တယ်။ ဒါဟာ နိုင်ငံတော်သစ္စာဖောက်မှုကြီးရဲ့ နောက်ဆက်တွဲအမှုတွေပဲ။
ဒီတပတ် အဓိကာရ ဥပဒေဆိုင်ရာပေါ့ကတ်ရဲ့ အပိုင်း ၅ မှာ အစီအစဥ်တင်ဆက်သူ တရားလွှတ်တော်ရှေ့နေ ကိုဟယ်ရီနဲ့ လာရောက်ဆွေးနွေးသူ ကိုပိုင်သက်တို့က ဆွေးနွေးထားပါတယ်။
အစီအစဉ်အပြည့်အစုံနားဆင်ရန် –
Spotify – Listen to Here
Youtube – Listen to Here