
ဖက်ဒရယ်လစ်ဇင် ပညာရပ်ဆိုင်ရာလေ့လာခြင်း အပိုင်း (၅၂)
မိတ်ဆက် – ဒီတပတ် ဖက်ဒရယ်လစ်ဇင် ပညာရပ်ဆိုင်ရာ အကြောင်းအရာများထဲက
ပဋိပက္ခအသွင်ပြောင်းလဲခြင်းဆိုင်ရာ စဉ်းစားချက်မူဘောင် ဆွေးနွေးချက် (၃) ကို ဆက်လက် ကြည့်ရှုနားဆင်ရမှာပါ။
အခုအစီအစဉ်ကိုတော့ ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ တိုင်းရင်းသား လူမျိုးများရေးရာ စင်တာ (ENAC) တို့က ပူးပေါင်းပြီး ဖက်ဒရယ် ရေးရာ အသိပညာများကို လေ့လာ သိရှိခွင့်ရရှိ စေဖို့နဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြီး တည်ဆောက် နိုင်ရေးမှာ အထောက်အပံ့ ဖြစ်စေဖို့ မျှော်ရည်ကာ ပူးပေါင်းတင်ဆက်ခြင်း ဖြစ်ပါတယ်။
အခု တင်ဆက်ပေးနေတဲ့ ဖက်ဒရယ်ပညာရပ်ဆိုင်ရာများကို ကဏ္ဍအလိုက်၊ အခန်းဆက် တင်ဆက်ပေးထားပါတယ်။
အခုအစီအစဉ်ကို အပတ်စဉ် သောကြာနေ့ ညနေပိုင်း မြန်မာစံတော် ချိန် ၇ နာရီမှာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာရဲ့ သတင်းကွန်ရက် စာမျက်နှာနဲ့ မိတ်ဖက် မီဒီယာများ၊ အဖွဲ့ အစည်းများရဲ့ သတင်း ကွန်ရက် စာမျက်နှာတို့ကနေ တပြိုင်နက် ထုတ်လွင့် တင်ဆက် ပေးသွားမှာဖြစ်လို့ စောင့်မျှော် ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ပါတယ်။
ဖက်ဒရယ်လစ်ဇင် ပညာရပ် သင်ခန်းစာနှင့် စပ်လျဉ်း ပြီး ပိုမိုသိရှိလိုတဲ့ အကြောင်းအရာ ရှိပါက ဖက်ဒရယ်ဂျာနယ်၊ မြန်မာရဲ့ အီးမေးလ် လိပ်စာ [email protected] / Federal Journal Facebook Messenger တို့မှာ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#FJMM_Federalism_Lecture_series_Part_52
#Conflict_Transformation_Part_3
