စကားဝိုင်း

၉ ဦးမကသော အာဇာနည်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက် ဘယ်လိုအကောင်အထည်ဖော်ကြမလဲ(စကားဝိုင်းအနှစ်ချုပ်)

၉ ဦးမကသော အာဇာနည်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက် ဘယ်လိုအကောင်အထည်ဖော်ကြမလဲ(စကားဝိုင်းအနှစ်ချုပ်)

၉ ဦးမကသော အာဇာနည်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက် ဘယ်လိုအကောင်အထည်ဖော်ကြမလဲ(စကားဝိုင်းအနှစ်ချုပ်)

 

ကိုမင်းဟန်ထက် (ဗဟိုကော်မတီဝင်၊ ကျောင်းသားလက်ရုံးတပ်တော်)

သမိုင်းထဲက အာဇာနည်တွေရဲ့ ရည်မှန်းချက်

၁) အာဇာနည်ဆိုတာကို ဘယ်လိုမျိုးအဓိပ္ပါယ်ဖွင့်ဆိုကြမလဲ၊ အာဇာနည်အဖြစ် အသိအမှတ်ပြုဖို့ ဂုဏ်အင်္ဂါရပ် တွေကို ဘယ်လိုသတ်မှတ်ချင်လဲ။ 

အာဇာနည်ဆိုတာကို ဘယ်လို ဂုဏ်အင်္ဂါရပ်တွေနဲ့ သတ်မှတ်မလဲဆိုတာ မပြောခင်ဘာကြောင့် အာဇာနည်နေ့ကို ကျင်းပကြတာလဲ။ လူမျိုးစု အသီးသီးမှာရော နိုင်ငံတိုင်းမှာရော သူတို့ရဲ့ ဆိုင်ရာ ဆိုင်ရာ အာဇာနည်တွေက ရှိကြတယ်။ ဘာကြောင့် အာဇာနည်တွေထားလဲ ဆိုရင် အာဇာနည်တွေ လုပ်ပေးခဲ့တဲ့ ကိစ္စတွေကို၊ လွတ်လပ်ရေးပဲဖြစ်ဖြစ်၊ လူ့ ဂုဏ်သိက္ခာပဲဖြစ်ဖြစ်၊ တော်လှန်ရေး တစ်စုံတစ်ခုအတွက်ပဲ ဖြစ်ဖြစ် အဲ့ဒါတွေက တန်ဖိုးကြီးမားကြောင်း။ ဒါတွေ ရလာဖို့ ဒီလူတွေက ဘယ်လောက်အထိ စွန့်လွှတ်အနစ်နာခံခဲ့ရလဲ ဆိုတာကို ကျနော်တို့က မမေ့ဖို့၊ အမြဲ အသိမှတ်ပြုနေဖို့ အာဇာနည်ဆိုတာ သတ်မှတ်ကြတယ်။ အဲ့လူက တကယ်ပြောင်မြောက်တဲ့ အလုပ်ကို လုပ်ရမယ်။ ပြီးတော့ ပြည်သူကို တကယ် မျက်နှာ မူတဲ့ သူမျိုးဖြစ်ရမယ်။

၂) ပြည်မမှာနေထိုင်ကြတဲ့ ဗမာလူမျိုးတွေ အများစုက လေးစားတန်ဖိုးထားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည် ၉ ဦးရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေက ဘာတွေလဲ။ သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ခေတ် အဆက်ဆက်က ဗမာနိုင်ငံရေးသမားတွေက တာဝန်ယူ၊ တာဝန်ခံပြီး ဘယ်လောက်ထိ အကောင် အထည် ဖော်နိုင်ခဲ့လဲ။

၁၉ ရက်နေ့ကို တတိုင်းပြည်လုံးရဲ့ အာဇာနည်နေ့လို့ သတ်မှတ်ထားတဲ့ ဆီမှာတော့ အပြည့်အဝ သဘောတူတဲ့ အထဲတော့ မပါပါဘူး။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အာဇာနည်နေ့ကို အသိအမှတ်ပြုရမယ်ဆိုတဲ့ သူထဲမှာ ကျနော်လည်း ပါပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည် ၉ ဦး လုပ်ကြံခံလိုက်ရတဲ့ ဆီမှာ နိုင်ငံရေး ယဥ်ကျေးမှု ပျက်သွားတယ်လို့ မြင်တယ်။ နိုင်ငံရေး ယဥ်ကျေးမှုပျက်သွားတဲ့နောက်မှာ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေရော၊ တိုင်းပြည်ကို ဘယ်လို တည်ဆောက်မလဲ ဆိုတဲ့ ကတိကဝတ်တွေလည်း ပျက်စီးသွားတယ်။ အဲ့ ဒီနောက်ပိုင်း ဒီ ကတိကဝတ်တွေကို အကောင်အထည်ဖော်ပေးရမယ့် အစိုးရ မရှိခဲ့ဘူးလို့ မြင်တယ်။ ဦးနု အစိုးရတက်လာတော့လည်း အပြည့်အဝ အကောင်အထည်မဖော်နိုင်ခဲ့ဘူး။

၃) ယခင်နိုင်ငံရေးခေါင်းဆောင်များ/ လူမျိုး အသီးသီးရဲ့ ချမှတ်ထားတဲ့ နိုင်ငံရေး ရည်မှန်းချက်၊ ခံယူချက်တွေ၊ အယူအဆတွေက ယနေ့ ခေတ် နိုင်ငံရေးအခြေအနေရယ်၊ ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရေးနဲ့ ကိုက်ညီမှု မရှိခဲ့ရင် ဒီအယူအဆ တွေကို ဆက်ပြီး လက်ကိုင်ထားဖို့ လိုမလား။ ပြုပြင်ပြောင်းလဲသင့်လား။

ကျနော်တို့ နိုင်ငံမှာ ပြည်ထောင်စုဆိုတဲ့ အရာက တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဘူး။ အင်္ဂလိပ်တွေ ဝင်ရောက်အုပ်ချုပ်ပြီးတဲ့ ခေတ်ကနေစပြီးမှ ပင်လုံစာချုပ်ကနေ ပြည်ထောင်စုကို တည်ဆောက်ဖို့ စပြီး ကြိုးစားခဲ့ကြတယ်။ ပြည်ထောင်စုကို စာရွက်ပေါ်မှာ တည်ဆောက်ခဲ့ကြတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ပြည်ထောင်စု စိတ်ဓာတ်က တကယ် မရှိခဲ့ကြဘူး။ တကယ့် ပြည်ထောင်စုစိတ်ဓာတ်မဖြစ်ခဲ့ဘူး။ တန်းတူရေးက မဖြစ်ခဲ့ဘူး။ တပြည်ထောင် စနစ်နဲ့သာ သွားခဲ့ရတယ်။ လက်ရှိ တော်လှန်ရေးမှာတော့ ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်ကြမယ်လို့ ပြောခဲ့ကြတယ်။ ကျနော်တို့ စဥ်းစားမိတာ တစ်ခြားရှု့ထောင့်ကနေကြည့်မိတာ Confederate ဆိုတဲ့စနစ်မျိုးကိုပါ ထည့်သွင်းစဥ်းစားသင့်တယ်။ လက်တွေ့ကျတဲ့ စဥ်းစားချက်တွေ စဥ်းစားမိလာပြီးဆိုရင်လည်း ရဲရဲ ချီတက်ဖို့လိုမယ်လို့ မြင်တယ်။

လက်ရှိ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ အာဇာနည်တွေရဲ့ ရည်မှန်းချက်

၁) ခေတ်အဆက်ဆက်က တော်လှန်ရေးများနဲ့ လက်ရှိနွေဦးတော်လှန်ရေးမှာ ပေးဆပ်ခဲ့တဲ့ တော်လှန်းရေး ရဲဘော်အာဇာနည်တွေကို ဘယ်လို သမိုင်းမှတ်တမ်းတင် အသိအမှတ်ပြုဖို့ လိုအပ်မလဲ။ (လူမသိ သူမသိ ကျဆုံးခဲ့ရတဲ့ တော်လှန်ရေး လူငယ်တွေအများကြီး ရှိနေပါတယ်)

တော်လှန်ရေး ရည်မှန်းချက်တွေ ပြည့်ရင်တော့ အမြင့်ဆုံး ချီးမြှောက်ရပါမယ်။ ကျဆုံးခဲ့ရတဲ့ ရဲဘော် တစ်ဦး တစ်ယောက်ချင်းဆီကို အသိအမှတ်ပြုသလို သမိုင်းကြောင်း အရ မှတ်တမ်းတင်ဖို့လိုပါတယ်။ အဲ့ဒီထက်ပိုပြီးတော့ အရေးကြီးတာကတော့ ကျနော်တို့က သူတို့မျှော်ရည်တဲ့လမ်းကို ဆက်လျှောက်ဖို့ပါပဲ။ အဲ့ဒါက လက်တွေ့ တော်လှန်ရေးထဲမှာ အရေးကြီးပါတယ်။ သူတို့မျှော်ရည်တဲ့ လမ်းကို မဖောက်မပြန်ပဲ မသွေမဖယ်ပဲ ဆက်လုပ်ဖို့ ကလည်း သူတို့ကို ဂုဏ်ပြုရာ ကျတယ်လို့ မြင်ပါတယ်။

၂) တော်လှန်ရေးမှာ အသက်ပေးဆပ်ခဲ့ရတဲ့ အာဇာနည်တွေရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို ဘယ်လို အကောင် အထည်ဖော်ပေးဖို့ လိုအပ်မလဲ။ အကောင်အထည် ဖော်နိုင်ဖို့ ဘယ်သူတွေမှာ တာဝန်ရှိသလဲ။

ဘယ်သူ့မှာတာဝန်ရှိလဲဆိုရင် လူထုမှာ တာဝန်ရှိတယ်။ လူထုလို့ပဲ ပြောရမှာပေါ့။ လူထုလို့ ပြောခြင်းက ကျနော်တို့မှာလည်း တာဝန်ရှိပါတယ်။ လက်ရှိမှာဆိုရင်လည်း ရှေ့က အာဇာနည်တွေ မျှော်ရည်တဲ့ နိုင်ငံရေး လမ်းကြောင်းကိုပဲ ဆက်လျှောက်နေတယ်။ လမ်းမတွေပေါ်မှာ၊ တောထဲမှာ၊ အကျဥ်းထောင်ထဲမှာ၊ စစ်ကြောရေးစခန်းမှာ ပုံစံမျိုးစုံဖြစ် ကျရှုံးခဲ့ရတဲ့ သူတွေရဲ့ မျှော်လင့်ချက်တွေက အတူတူပဲ။ ဒီမိုကရေစီအရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ တန်းတူညီမျှမှု စတာတွေဖြစ်တယ်။ အဲ့လို ဆက်လျှောက်နေစဥ်မှာ ပြည်သူတွေကို မျက်နှာ မမူတဲ့ အဖွဲ့တွေပေါ်လာရင်လည်း ပြည်သူတွေက တားရမှာပဲ။ တော်လှန်ရေးဆိုတဲ့ခေါင်းစဥ်အောက်က ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ အဖွဲ့တွေကို ပြည်သူတွေကပဲ ပြန်လည်ထိန်းကြောင်းဖို့လိုပါတယ်။

၃) ၉ ဦးမကသော အာဇာနည်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ထိရောက်အောင် ဘယ်လိုအကောင်အထည် ဖော်ကြမလဲ၊ လက်ရှိ တော်လှန်ရေးမှာ ဦးဆောင်နေတဲ့ NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေအနေနဲ့ ဆက်လက် ဘယ်လို ဦးဆောင် အကောင်အထည် ဖော်ပေးသင့်သလဲ။

ဒီတော်လှန်ရေးထဲမှာ လူငယ်တွေများပါတယ်။ ဒီလူငယ်တွေက တန်းတူညီမျှရေးအတွက်၊ တိုင်းရင်းသားအရေးအတွက် ရည်မျှော်ကြတဲ့သူတွေကလည်း အများကြီးရှိပါတယ်။ လက်ရှိတော်လှန်ရေးမှာ တိုင်းရင်းသား တန်းတူညီမျှမှုအတွက် စပြီး စကားပြောရမယ့် အချိန်ရောက်ပြီးလို့ ပြောရမယ်။ ကျနော်တို့က ဒီတော်လှန်ရေးမှာ အတူတူတိုက်ခဲ့ပြီးတော့ ဘယ်လိုနိုင်ငံကို တည်ဆောက်မှာလဲ။ ဘယ်လို တန်းတူညီမျှမှုကို တည်ဆောက်မှာလဲ။ ဖက်ဒရယ်ဆိုရင်လည်း ဘယ်လောက်အထိ အာမခံချက်ရှိတဲ့ ဖက်ဒရယ်ကို တည်ဆောက်မှာလဲ။ ဒီလိုကိစ္စမျိုးကို လက်တွေ့မှာ အကောင်အထည်ဖော်တာနည်းတယ်။ ရှေ့မှာ NUG အပါအဝင် NUCC တို့ ပေါ်လာခဲ့တာရှိတယ်။ NUCC ထဲမှာ လက်နက်ကိုင်အစုအဖွဲ့ လူမျိုးစု သပိတ် ကျောင်းသား သမဂ္ဂတွေအနေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ စဖွဲ့ တုန်းက ရှိခဲ့တယ်။ NUCC က လည်း မျှော်မှန်းသလောက် မဖြစ်လာခဲ့ဘူး။ စစ်တပ်က ပြိုကျသွားခဲ့ရင် ကျနော်တို့ကြားထဲမှာ လက်နက်ကိုင်အဖွဲ့အစည်းကြားထဲမှာ နိုင်ငံရေး ခေါင်းဆောင်တွေကြားထဲမှာ သဘောတူညီချက်တွေ ရေရေရာရာနဲ့ ခိုင်ခိုင်မာမာနဲ့ မရှိဘူးဆိုရင် သေနတ်ပြောင်းတွေက အချင်းချင်း ပြန်လှည့်သွားသလို ဖြစ်မှာစိုးတယ်။

၄) စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ခဲ့ကြမယ်ဆိုရင် အာဇာနည်နဲ့ အာဇာနည်နေ့ ဆိုတာကို ပြည်ထောင်စု အဆင့်၊ ပြည်နယ်အဆင့်၊ ဒေသန္တရအဆင့်တွေမှာ ဘယ်လို သတ်မှတ်ပြဌာန်းကျင့်သုံးသင့်သလဲ။  

ပြည်နယ်တွေ လူမျိုးစု အသီးသီးမှာလည်း သူတို့ရဲ့ အာဇာနည်တွေ ရှိတယ်။ ဒါကလည်း လူမျိုးစုလိုက် ပုံစံမျိုးစုံအနေနဲ့ ရှိနေမှာပဲ။ အရေးကြီးဆုံးက အသိအမှတ်ပြုဖို့ပါပဲ။ ကျနော်တို့ ပြောရမယ်ဆိုရင် ပညာရေး စနစ်က သတင်းအမှောင်ချခံရတယ်။ အာဇာနည် ၉ ဦးကလွဲပြီး ကျန်တဲ့ အာဇာနည်တွေကို ကျနော်တို့ မသိခဲ့ရဘူး။ ဒါက ကျောင်းသင်ခန်းစာတွေထဲမှာလည်း မပါဘူး။ ကျနော်တို့နဲ့ လက်တစ်ကမ်းမှာရှိတဲ့ စာအုပ်စာပေတွေမှာဖြစ်စေ မတွေ့ခဲ့ရဘူး။ ကျနော်တို့ မတွေ့ခဲ့ရအောင်လည်း ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တယ်။ ကျနော်တို့ အရေးကြီးဆုံးက အသိအမှတ်ပြုမှုပဲ။ အသိအမှတ်ပြုမှုကလည်း တိုင်းပြည်တည်ဆောက်ရေးအတွက် အရမ်းအရေးကြီးလာတယ်။ အဲ့ဒီ ကိစ္စကို ကျနော်တို့လုပ်ဖို့ လိုတယ်။

 

SaAiSue (ကရင်လူငယ်ဖွံ့ဖြိုးရေး တက်ကြွလှုပ်ရှားသူ)

သမိုင်းထဲက အာဇာနည်တွေရဲ့ ရည်မှန်းချက်

၁) မြန်မာပြည်ရဲ့ သမိုင်းထဲက အာဇာနည်တွေနဲ့ အာဇာနည်နေ့ အထိမ်းအမှတ်ကို ဘယ်လိုကျင့်သုံး နေကြပါသလဲ။ တိုင်းရင်းသား လူမျိုးစုတိုင်းရဲ့ အာဇာနည်တွေကိုရော ဘယ်လိုမျိုး သတ်မှတ်သင့်သလဲ။

ကျနော်တို့ ငယ်ငယ်တုန်းကဆိုရင်တော့အာဇာနည်နေ့ကို အဓိပ္ပါယ်နားမလည်ဘူး။ အာဇာနည်နေ့မှာ ပျော်ပွဲရွှင်ပွဲ အားကစားပွဲတွေလုပ်ကြတယ်။ အဲ့ထက်ပိုပြီးတော့ ပျော်ပွဲရွှင်ပွဲနေ့ဆိုတာထက် အာဇာနည်တွေရဲ့ သူတို့ လုပ်ပေးခဲ့တာတွေကို အောက်မေ့ သတိရသင့်တယ်။ အာဇာနည်တွေရဲ့ နိုင်ငံရေး ခံယူချက်တွေ သူတို့ရဲ့ ရည်မှန်းချက် ရည်ရွယ်ချက်တွေကို ဖော်ဆောင်သင့်တယ်။

တိုင်းရင်းသားတွေရဲ့ အာဇာနည်နေ့နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တိုင်းရင်းသား လူမျိုးတွေမှာလည်း အာဇာနည်နေ့ဆိုတာရှိတယ်။ ကျနော်တို့ ကရင်မှာဆိုရင် စောဘဦးကြီး။ ဒါပေမဲ့ ကျနော်တို့က စစ်အာဏာရှင်လက်ထပ်မှာရော NLD အစိုးရ လက်ထပ်မှာရော ခွင့်ပြုမိန့်မရရှိခဲ့ဘူး။

၂) မြန်မာပြည်ရဲ့ သမိုင်းထဲက အာဇာနည်တွေနဲ့ အာဇာနည်နေ့ အထိမ်းအမှတ်ကို ဘယ်လိုကျင့်သုံးနေကြပါသလဲ။ တိုင်းရင်းသား လူမျိုးစုတိုင်းရဲ့ အာဇာနည်တွေကိုရော ဘယ်လိုမျိုး သတ်မှတ်သင့်သလဲ။

ကျနော်တို့ ငယ်ငယ်တုန်းကဆိုရင်တော့အာဇာနည်နေ့ကို အဓိပ္ပါယ်နားမလည်ဘူး။ အာဇာနည်နေ့မှာ ပျော်ပွဲရွှင်ပွဲ အားကစားပွဲတွေလုပ်ကြတယ်။ အဲ့ထက်ပိုပြီးတော့ ပျော်ပွဲရွှင်ပွဲနေ့ဆိုတာထက် အာဇာနည်တွေရဲ့ သူတို့ လုပ်ပေးခဲ့တာတွေကို အောက်မေ့ သတိရသင့်တယ်။ အာဇာနည်တွေရဲ့ နိုင်ငံရေး ခံယူချက်တွေ သူတို့ရဲ့ ရည်မှန်းချက် ရည်ရွယ်ချက်တွေကို ဖော်ဆောင်သင့်တယ်။

တိုင်းရင်းသားတွေရဲ့ အာဇာနည်နေ့နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တိုင်းရင်းသား လူမျိုးတွေမှာလည်း အာဇာနည်နေ့ဆိုတာရှိတယ်။ ကျနော်တို့ ကရင်မှာဆိုရင် စောဘဦးကြီး။ ဒါပေမဲ့ ကျနော်တို့က စစ်အာဏာရှင်လက်ထပ်မှာရော NLD အစိုးရ လက်ထပ်မှာရော ခွင့်ပြုမိန့်မရရှိခဲ့ဘူး။

၃) တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်/ တိုင်းရင်းသား အာဇာနည်တွေရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကရော ဘာတွေဖြစ်ခဲ့လဲ။ ဒါတွေကိုရော ဘယ်လောက်အထိ အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ကြလဲ။ ဘယ်လောက် အထိ အကောင်အထည် ဖော်နိုင်ခဲ့ပြီလဲ။

စောဘဦးကြီးခေတ်ကနေ အခုထိမှာ အသက်ပေးဆပ်သွားတဲ့ ခေါင်းဆောင်တွေ မြောက်မြားစွာရှိတယ်။ သူတို့ရဲ့ ကြိုးပမ်းမှုတွေလည်း မြောက်မြားများစွာရှိတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်တွေကိုပြန်စုကြည့်လိုက်မယ်ဆိုရင်တော့ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်၊ ကရင်အမျိုးသား အပါအဝင် တိုင်းရင်းသား အားလုံး တန်းတူညီမျှရှိတဲ့ စနစ်ကို တည်ဆောက်ရန်ဖြစ်တယ်။

၄) ယခင်နိုင်ငံရေးခေါင်းဆောင်များ/ လူမျိုး အသီးသီးရဲ့ ချမှတ်ထားတဲ့ နိုင်ငံရေး ရည်မှန်းချက်၊ ခံယူချက်တွေ၊ အယူအဆတွေက ယနေ့ ခေတ် နိုင်ငံရေးအခြေအနေရယ်၊ ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရေးနဲ့ ကိုက်ညီမှု မရှိခဲ့ရင် ဒီအယူအဆ တွေကို ဆက်ပြီး လက်ကိုင်ထားဖို့ လိုမလား။ ပြုပြင်ပြောင်းလဲသင့်လား။

ပထမ ကရင်နိုင်ငံရေး ခံယူချက်က အမျိုးသားရေး အမြင်အရ ကရင်နိုင်ငံ ရကို ရရမယ်ဆိုတဲ့ အမြင်ရှိခဲ့ကြတယ်။ ၁၉၅၃ မှာတော့ နိုင်ငံရေး ဒုတိယ လမ်းစဥ်ကို ချမှတ်ခဲ့တယ်။ ဒုတိယ လမ်းစဥ်မှာတော့ ကရင်အမျိုးသားတွေ အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကော်သူးလေပြည်ခေါ် ကရင်ပြည်ကို ထူထောင်ရန်။ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်ပေါင်းစု ဖက်ဒရယ်စနစ်ကို တည်ဆောက်ရန်။ ကရင် အမျိုးသားများ အပါအဝင် တိုင်းရင်းသား အားလုံး တန်းတူညီမျှမှုကို ခံစားရစေရန်ဆိုတဲ့ ဖက်ဒရယ်ဘက်ကို ပြောင်းလဲ သွားတယ်။ ဖက်ဒရယ်စံစနစ်အနေနဲ့ မကိုက်ဘူးဆိုရင် ဆက်လက်မလုပ်ဆောင်ပဲနဲ့ ဖက်ဒရယ် စံ စနစ်နဲ့ အညီသာ လုပ်ဆောင်ရမယ်လို့ မြင်ပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ အာဇာနည်တွေရဲ့ ရည်မှန်းချက်

၁) ခေတ်အဆက်ဆက်က တော်လှန်ရေးများနဲ့ လက်ရှိနွေဦးတော်လှန်ရေးမှာ ပေးဆပ်ခဲ့တဲ့ တော်လှန်းရေး ရဲဘော်အာဇာနည်တွေကို ဘယ်လို သမိုင်းမှတ်တမ်းတင် အသိအမှတ်ပြုဖို့ လိုအပ်မလဲ။ (လူမသိ သူမသိ ကျဆုံး ခဲ့ရတဲ့ တော်လှန်ရေး လူငယ်တွေအများကြီး ရှိနေပါတယ်)

လူတိုင်းမှာ ဘဝတွေရှိကြတယ်။ ဘယ်သူကမှ ကိုယ့်အသက်ကို အလကား အဆုံးရှုံးမခံချင်ကြဘူး။ လူတိုင်းမှာ အိပ်မက်ရှိတယ်။ မိသားစုတွေရှိတယ်။ သူတို့တွေကို သာမန်ကာလျှံကာ မဟုတ်ဘဲ အလေးအမြတ် ဂုဏ်ပြုပေးဖို့လိုအပ်တယ်။ သူတို့ရဲ့ မိသားစုဝင်တွေကိုလည်း ဂုဏ်ပြုပေးဖို့ လိုအပ်မယ်လို့ မြင်ပါတယ်။ လူမသိ၊ သူမသိ ကျဆုံးခဲ့ရပင်မဲ့ နိုင်ငံရေး ရည်မှန်းချက်တွေပြည့်ဝ တဲ့ တစ်နေ့ရောက်လာရင်တော့ museum တစ်ခုအနေနဲ့ လူသာသေမယ် နာမည် မသေရအောင် နောက်လာတဲ့ မျိုးဆက်တစ်ခုကို လက်ဆင့်ကမ်းခြင်း အားဖြင့် လူမသိ သူမသိမဖြစ်ရအောင် ဂုဏ်ပြုပေးသင့်တယ်လို့ မြင်ပါတယ်။

၂) တော်လှန်ရေးက ကာလ ကြာမြင့်တာလာတဲ့အမျှ တော်လှန်နေသူ အချင်းချင်းရဲ့ မညီညွှတ်မှု၊ ပွတ်တိုက်မှု ဖြစ်လာရင် တော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ အာဇာနည်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေက လွဲချောမှု ဖြစ်လာနိုင်မလား။ တော်လှန်ရေး အာဇာနည်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ပြည့်၀အောင် ဘယ်လို ထိန်းကျောင်းဖို့ လိုအပ်မလဲ။

ဒီတော်လှန်ရေး ကာလမှာ တစ်ခု သိခဲ့ရတာက စစ်အာဏာရှင်ရဲ့ ဆိုးယုတ်မှုတွေကို ခံရတာ ငါတို့ တိုင်းရင်းသားတွေပါ မက ဗမာပါ ပါဝင်နေပါလားဆိုတာ။ ဗမာလူမျိုးကြီးဝါဒတွေ သွတ်သွင်းခဲ့ပြီး လူထုကြားမှာ သွေးခွဲခဲ့တယ်။ အခုအာဏာသိမ်းလိုက်တဲ့အချိန်မှာ စစ်တပ်ရဲ့ ဆိုးယုတ်မှုတွေက ဗမာတွေပါခံစားခဲ့ရတာကို တိုင်းရင်းသားတွေအနေနဲ့ သိလာသလို ဗမာတွေအနေနဲ့လည်း သူတို့ အမှားတွေကို သူတို့ မြင်လာခဲ့ပြီး တစ်ဖက်နဲ့ တစ်ဖက်စာနာနားလည်နိုင်လာတယ်။ တော်လှန်ရေးကာလ ကြာမြင့်လာတဲ့အချိန်မှာ အဖွဲ့အစည်းတွေအကြား ပွတ်တိုက်မှုတွေ ဖြစ်လာတာကို လူထုဆန္ဒခံယူပြီး ရည်မှန်းချက်တွေအတိုင်း လုပ်ဆောင်သင့်တယ်လို့ သွားသင့်တယ်။

၃) ၉ ဦးမကသော အာဇာနည်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ထိရောက်အောင် ဘယ်လိုအကောင်အထည် ဖော်ကြမလဲ၊ လက်ရှိ တော်လှန်ရေးမှာ ဦးဆောင်နေတဲ့ NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေအနေနဲ့ ဆက်လက် ဘယ်လို ဦးဆောင် အကောင်အထည် ဖော်ပေးသင့်သလဲ။

အာဇာနည်တွေရဲ့ နိုင်ငံရေး လမ်းစဥ်တွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲဆိုတာ အဖွဲ့အစည်း တွေမှာသာ တာဝန်ရှိတာ မဟုတ်ဘူး။ အဓိက အားဖြင့် ပြည်သူရဲ့ ပါဝင်မှုအားက အရမ်းကိုအရေးကြီးတယ်။ မြန်မာနိုင်ငံမှာက တာဝန်ယူမှု တာဝန်ခံမှုအားက အရမ်းကိုနည်းကြတယ်။ အခုဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းကနေ လူငယ်တွေ သင်ခန်းစာယူကြဖို့နဲ့ ကိုယ်တက်နိုင်တဲ့ အခန်း ကဏ္ဍ ကနေ တာဝန်ယူကြပါ။ လက်ရှိတော်လှန်ရေးကို ဦးဆောင်နေတဲ့ အဖွဲ့တစ်ခုအနေနဲ့ NUG ကို ကျနော်လက်မခံနေဘူး။ ဘာကြောင့် လက်မခံလဲဆိုရင်တော့ သူ့ထပ် သက်တမ်းကြာရင့်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အများကြီးရှိတယ်။ NUG တစ်ခုကပဲ တော်လှန်ရေးကို ဦးဆောင်နေရတဲ့ လက်သုံးစကားကို ကျနော် လက်မခံချင်ဘူး။ တော်လှန်ရေး ကိစ္စနဲ့လုပ်ငန်းစဥ်နဲ့ ပတ်သက်ပြီး အချင်းချင်းကြား လက်တွဲခေါ်ပြီး ဆက်လက်ပြီးတော့မှ ဖော်ဆောင်ကြဖို့လိုပါတယ်။

၄) စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ခဲ့ကြမယ်ဆိုရင် အာဇာနည်နဲ့ အာဇာနည်နေ့ ဆိုတာကို ပြည်ထောင်စု အဆင့်၊ ပြည်နယ်အဆင့်၊ ဒေသန္တရအဆင့်တွေမှာ ဘယ်လို သတ်မှတ်ပြဌာန်းကျင့်သုံးသင့်သလဲ။ 

ဖက်ဒရယ်စနစ်ကို သွားမယ်ဆိုရင် သက်ဆိုင်ရာပြည်နယ်အလိုက်ရှိမယ်။ အဲ့ပြည်နယ်တွေမှာ သူတို့နဲ့ သက်ဆိုင်တဲ့ အာဇာနည်ရဲ့ သမိုင်းတွေကို သင်ခန်းစာထဲထည့်ပြီး ပြန်လည်သင်ကြားတာတွေ ပြုလုပ်သင့်တယ်။ မတူညီတဲ့ အာဇာနည်တွေရဲ့ ရည်မှန်းချက်တွေက ဘာလဲ မျှော်မှန်းချက်တွေကဘာလဲ။ အဲ့ဒီမျှော်မှန်းချက်တွေကို ဘယ်လိုဆက်လက်ပြီးမှ ဖော်ဆောင်မှာလဲ လုပ်ဆောင်ကြမလဲ ဆိုတဲ့ အကြောင်းအရာတွေ။ အာဇာနည်နေ့ ဆိုတာကို ပျော်ပွဲရွှင်ပွဲတစ်ခုထပ်ကျော်ပြီး မြင်ရမယ်။

 

နန်းခွမ်လိတ် (ပဋိပက္ခ နှင့်ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားလေ့လာနေသူ)

သမိုင်းထဲက အာဇာနည်တွေရဲ့ ရည်မှန်းချက်

၁) အာဇာနည်ဆိုတာကို ဘယ်လိုမျိုးအဓိပ္ပါယ်ဖွင့်ဆိုကြမလဲ၊ အာဇာနည်အဖြစ် အသိအမှတ်ပြုဖို့ ဂုဏ်အင်္ဂါရပ် တွေကို ဘယ်လိုသတ်မှတ်ချင်လဲ။ 

စွန့်လွှတ်အနစ်နာခံခဲ့တဲ့ လုပ်ရပ်ကြောင့် ရလာတဲ့ ရလဒ်ပေါ့။ နိုင်ငံတစ်ခုအတွက်၊ လူအုပ်စုတစ်ခုအတွက်၊ အာဇာနည်ဖြစ်နေပင်မဲ့ အခြားလူအုပ်စုတစ်ခုအတွက် ပြစ်မှုကျူးလွန်တဲ့ သူတွေလည်း ဖြစ်နိုင်တယ်။ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကတော့ မတူနိုင်ဘူး။ ကျမတို့ သတ်မှတ်တဲ့ နေရာမှာလည်း မတူနိုင်တာ ဖြစ်သလို ကျမတို့ ဘယ်လိုမျိုး ဂုဏ်အင်္ဂါတွေနဲ့ သတ်မှတ်လို့ ရမလဲဆိုရင် moral principle မှန်ကန်တဲ့ တရားမျှတဲ့ ခံယူချက်တွေ မှန်ကန်မှု ငြိမ်းချမ်းမှု အားလုံးကို လူသား အခြေခံပြီးတော့မှ ကြိုးပမ်းမှုတွေ အတွက် စွန့်လွှတ်တဲ့ သူကို အာဇာနည်လို့ သတ်မှတ်သင့်တယ်။

၂) တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်/ တိုင်းရင်းသား အာဇာနည်တွေရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကရော ဘာတွေဖြစ်ခဲ့လဲ။ ဒါတွေကိုရော ဘယ်လောက်အထိ အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ကြလဲ။ ဘယ်လောက် အထိ အကောင်အထည် ဖော်နိုင်ခဲ့ပြီလဲ။

ဒီလုပ်ကြံခံရတဲ့ အပြီးမှာ ရှမ်းပြည်ရဲ့ လွတ်လပ်ရေးဟာ ဗိုလ်ချုပ်နဲ့ အတူပါသွားပြီးလို့ သီချင်းသီဆိုခဲ့တာ လည်းရှိပါတယ်။ ပင်လုံကတိကဝတ်ထဲမှာ အမျိုးသား တန်းတူရေး နဲ့ ဒီမိုကရေစီအချက်အလက်တွေ လည်းပါတယ်။ ပြီးတော့ ကိုယ်ပိုင်စီမံခွင့်  ကတိကဝတ်တွေလည်းပါတယ်။ အဲ့ ကတိကဝတ်တွေမှာ ရှမ်းတွေပဲ မဟုတ်ဘူး။ တခြားသောတိုင်းရင်းသားတွေလည်းပါတယ်။ တိူင်းရင်းသားတွေရဲ့ မျှော်ရည်ချက်က တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုပဲ မျှော်ရည်ထားကြပါတယ်။ အဲ့ဒါတွေကို ကျမတို့ ရခဲ့ပြီးလားဆိုတော့ နှစ်ပေါင်း ၇၀ ကျော်အကြာ ပြည်တွင်းစစ်ဖြစ်နေတော့ ကျမတို့ မရခဲ့သေးပါဘူး။

၃) ယခင်နိုင်ငံရေးခေါင်းဆောင်များ/ လူမျိုး အသီးသီးရဲ့ ချမှတ်ထားတဲ့ နိုင်ငံရေး ရည်မှန်းချက်၊ ခံယူချက်တွေ၊ အယူအဆတွေက ယနေ့ ခေတ် နိုင်ငံရေးအခြေအနေရယ်၊ ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရေးနဲ့ ကိုက်ညီမှု မရှိခဲ့ရင် ဒီအယူအဆ တွေကို ဆက်ပြီး လက်ကိုင်ထားဖို့ လိုမလား။ ပြုပြင်ပြောင်းလဲသင့်လား။

လက်ရှိဖြစ်နေတဲ့ အခင်းအကျင်း အခြေအနေပေါ်မူတည်ပြီးမှ design လုပ်ဖို့အတွက် ပိုပြီး သင့်တော်တယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဘာလို့ တောင်းဆိုလဲ ဆိုရင် ဖက်ဒရယ်က အာမခံနိုင်ဆုံး စနစ်ဖြစ်တယ်လို့ သူတို့ မြင်တယ်။ ဖက်ဒရယ်က တချို့ခေါင်းဆောင်တွေလက်ခံထားတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမ မခံပေးနိုင်ဘူးဆိုရင် ပြန်ပြောင်းပြီး ကျင့်သုံးလို့ရပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ အာဇာနည်တွေရဲ့ ရည်မှန်းချက်

၁) တော်လှန်ရေးမှာ အသက်ပေးဆပ်ခဲ့ရတဲ့ အာဇာနည်တွေရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို ဘယ်လို အကောင် အထည်ဖော်ပေးဖို့ လိုအပ်မလဲ။ အကောင်အထည် ဖော်နိုင်ဖို့ ဘယ်သူတွေမှာ တာဝန်ရှိသလဲ။

အဓိက လူငယ်တွေပဲ ပြောပြော၊ ရှေ့ကတိုင်းရင်းသား ခေါင်းဆောင်တွေပဲ ပြောပြော သူတို့ စွန့်လွှတ်အနစ်နာခံခဲ့ရတာတွေကိုပြန်ကြည့်ရင် လွတ်လပ်ခွင့်နဲ့ အမျိုးသား တန်းတူရေး အတွက် သူတို့က အသက်ပေးဆပ်ခဲ့ရတာဖြစ်တယ်။ သူတို့ပေးဆပ်ခဲ့ရတာတွေကို မမေ့ဖို့အပြင် သူတို့ရဲ့ ရည်မှန်းချက်ကို ဆက်လက်ပြီးတော့မှ အကောင်အထည်ဖော်သွားဖို့ လိုပါမယ်။ ကျမတို့ မလိုချင်တဲ့ အတွေးအခေါ်တွေကို ဖြိုရင်းနဲ့ ကျမတို့ လိုချင်တဲ့ အတွေးအခေါ်တွေကို တည်ဆောက်သွားရမယ့် ပုံစံမျိုး သွားသင့်တယ်။ အာဏာရှင်စနစ်ကိုတော်လှန်ရင်း အာဏာရှင် မဖြစ်ရအောင် principle တွေနဲ့ ထိန်းသိမ်းသင့်တယ်လို့မြင်တယ်။ ဘယ်သူ့မှာတာဝန်ရှိလဲ ဆိုရင် လူထုပါဝင်မှုက အရေးကြီးတယ်။

၂) တော်လှန်ရေးက ကာလ ကြာမြင့်တာလာတဲ့အမျှ တော်လှန်နေသူ အချင်းချင်းရဲ့ မညီညွှတ်မှု၊ ပွတ်တိုက်မှု ဖြစ်လာရင် တော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ အာဇာနည်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေက လွဲချောမှု ဖြစ်လာနိုင်မလား။ တော်လှန်ရေး အာဇာနည်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ပြည့်၀အောင် ဘယ်လို ထိန်းကျောင်းဖို့ လိုအပ်မလဲ။

လူငယ်တွေအနေနဲ့လည်း ဒီတော်လှန်ရေးမှာ အဓိက အခန်း ကဏ္ဍ နေရာမှာ ပါဝင်နေကြတယ်။ ဗမာနဲ့ တိုင်းရင်းသားတွေကြားမှာ အပြန်အလှန်နားလည်မှုတွေရလာတယ်။ ဒါကလည်း အခွင့်အလမ်းတစ်ခု ဖြစ်တယ်။ အထူးသဖြင့်က စစ်ရေးအရ ပွတ်တိုက်မှုတွေဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်း generation တွေမှာဆိုရင် အတွေးအခေါ်ပိုင်းလည်း ပြောင်းလဲလာတယ်။ ဒီတော့ ပွတ်တိုက်မှုတွေကို အချင်းချင်းကြားထဲမှာ ညှိနှိုင်းပြီး သွားလို့ရတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေက အားကောင်းမယ်ဆိုရင်လည်း ထိန်းကြောင်းလို့ရတယ်။

၃) ၉ ဦးမကသော အာဇာနည်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ထိရောက်အောင် ဘယ်လိုအကောင်အထည် ဖော်ကြမလဲ၊ လက်ရှိ တော်လှန်ရေးမှာ ဦးဆောင်နေတဲ့ NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေအနေနဲ့ ဆက်လက် ဘယ်လို ဦးဆောင် အကောင်အထည် ဖော်ပေးသင့်သလဲ။

ဒီတော်လှန်ရေးက အခွင့်ကောင်းတစ်ခုဖြစ်တယ်။ ဒီအခင်းအကျင်းကို မျှော်ရည်ပြီးတော့မှ ကျမတို့လိုချင်တဲ့ နိုင်ငံရေး ရည်မှန်းချက်ကိုတွေ ဖော်ဆောင်ဖို့လိုတယ်။ အဖက်ဖက်ကနေ စစ်ရေးအရရော နိုင်ငံရေး အရရော တခြားသော တော်လှန်တဲ့ ပုံစံနဲ့ရော ကျမတို့ ပါဝင်ဖို့လိုတယ်ဆိုတာကိုတော့ သက်ဆိုင်ရာ အင်အားစုကိုတွေ အကောင်အထည်ဖော်ဖို့လိုတယ်။ အနှစ်သာရရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သင့်တယ်။ ခေါင်းဆောင်တွေရဲ့ စဥ်းစားတွေးခေါ်ပုံတွေကို ပြောင်းသင့်တယ်။ ဒီအခွင့်အရေးကိုယူသင့်တယ်လို့ မြင်တယ်။

၄) စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ခဲ့ကြမယ်ဆိုရင် အာဇာနည်နဲ့ အာဇာနည်နေ့ ဆိုတာကို ပြည်ထောင်စု အဆင့်၊ ပြည်နယ်အဆင့်၊ ဒေသန္တရအဆင့်တွေမှာ ဘယ်လို သတ်မှတ်ပြဌာန်းကျင့်သုံးသင့်သလဲ။ 

အာဇာနည်နေ့ သတ်မှတ်တယ်ဆိုတာကလည်း Nation building၊ တိုင်းပြည်တည်ဆောက်ရေးတစ်ခုပဲ။ အတူတကွဖြစ်တယ်ဆိုတာ ထက် အဲ့ဒီအခြေအနေကို ရောက်သွားမှ မဟုတ်ဘူး အခုချိန်ကတည်းက တပြိုင်နက် အချင်းချင်း အသိမှတ်ပြုတာမျိုးလုပ်သင့်တယ်။ သတ်မှတ်တဲ့ အချိန်မှာ နည်းလမ်းဟောင်းမဖြစ်ဖို့ သမိုင်းထဲမှာဆိုရင်လည်း လူမျိုးတစ်ခုရဲ့ သမိုင်းကိုပဲ ပိုပြီး လေ့လာရတယ်။ ရှေ့အနာဂတ်မှာ သွားချင်တဲ့ စုံလင်ကွဲပြားတဲ့ သက်ဆိုင်ရာ အာဇာနည်တွေကို အသိအမှတ်ပြုတဲ့ သက်ဆိုင်ရာ သမိုင်းကြောင်းတွေကို ရေးသား ပြဌာန်းထားတဲ့ စနစ်တွေလိုအပ်တယ်။

Related Articles

Back to top button