ပေါ့ကပ်စ်

နိုင်ငံသားဖြစ်ခွင့် (အပိုင်း ၃)

နိုင်ငံသားဖြစ်ခွင့် (အပိုင်း ၃)

ဒီတပတ်ပေါ့ကတ်မှာတော့ လူ့အခွင့်အရေးမသီရိနဲ့ အဓိကာရတို့ ဆွေးနွေးတဲ့အကြောင်းအရာက စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာတွေကြုံတွေ့နေရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

စစ်တပ်က စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက်ပိုင်း ရိုဟင်ဂျာတွေဟာ ဖိအားပေးခံရပြီး စစ်တပ်ထဲဝင်ဖို့ အဓမ္မဝင်ဆွဲတာတွေ ခံနေရတယ်။ မဖြစ်မနေ စစ်တိုက်ရမယ်ဆိုတဲ့ ဖိအားပေးမှုတွေရှိလာတယ်။ စစ်တပ်နဲ့ အာရက္ခတပ်တော်တို့ကြားမှာ ဒေသကိုထိန်းချုပ်နိုင်ဖို့ ကြိုးစားနေမှုအကြား အထောက်အထားမရှိလို့ ဘယ်ကိုမှ ပြေးလို့မရတဲ့ ဒီနေရာမှာ ပိတ်မိနေသူတွေဟာ ပိုပြီးတော့ ခံကြရပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာအသိုင်းအဝိုင်းထဲမှာ လက်နက်ကိုင်လှုပ်ရှားမှု ရှိလာချိန်မှာ အာဆာ (ARSA) လိုအဖွဲ့ကို အခြေခံပြီး အစ္စလာမ်မစ်အကြမ်းဖက်၊​ အကြမ်းဖက်ရိုဟင်ဂျာဆိုတာမျိုးကို ခုချိန်မှာ ပြန်သုံးလာနေတာတွေ့ရတယ်။​ ဗုဒ္ဓဘာသာစစ်တပ်၊ ဗုဒ္ဓဘာသာလက်နက်ကိုင်တပ်လို့ မသုံးဘူး။

ဒါဆိုရင် အကြမ်းဖက်ရိုဟင်ဂျာဆိုတာမျိုးလည်း မသုံးသင့်ပါဘူး”လို့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ မသီရိက ဆွေးနွေးထားးပါတယ်။

အစီအစဉ် အစအဆုံးနားဆင်ရန် –

Apple Podcast – Listen to Here
 
YouTube –Listen to Here

Related Articles

Back to top button