တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 55, July 9, 2024)

၁။  TNLA ကိုထိန်းပေးဖို့ SSPP က ‘ဝ’ထံ အကူအညီတောင်း၊ စစ်ဆင်ရေးမှာ SSPP နှောင့်ယှက်တယ်လို့ TNLA ထုတ်ပြန်
 July 9, 2024
၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ စတင်ပြီးနောက်ပိုင်း တအာင်းတပ် – TNLA နဲ့ ရှမ်းတပ် SSPP တို့ကြား စစ်ရေးထိတွေ့မှု တွေရှိလာပြီးနောက် TNLA ကို ထိန်းပေးဖို့ SSPP က ‘ဝ’တပ်ဖွဲ့ – UWSA ကို ဇူလိုင်လ ၆ရက်က အကူအညီတောင်းခဲ့သလို လက်ရှိ စစ်ဆင်ရေးမှာ SSPP က ဝင်ရောက်နှောက်ယှက်တပ်လို့ TNLA ဘက်ကလည်း ဇူလိုင်လ ၈ ရက် ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါ တယ်။ UWSA စစ်ဦးစီးချုပ် ‘ဦးကျောက်ကျုံးတန်’ ထံ လိပ်မူထားတဲ့ SSPP ရဲ့ အကူအညီတောင်းခံစာမှာ ဇူလိုင်လ ၅ရက်နေ့က TNLA တပ်တွေဟာ SSPP တပ်တွေကို ၄ကြိမ်တိုင်တိုင် အစီအစဉ်ရှိရှိတိုက်ခဲ့ကြောင်း၊ TNLA နဲ့ SSPP ကြား ဆက်ဆံရေးကို အပြန်အလှန်လေးစားမှု၊ ကူညီဖေးမမှုတွေနဲ့ ရှေ့ဆက်သွားနိုင်ရေး UWSA က ကူညီထိန်းကြောင်းပေးရန်လိုအပ်ကြောင်း ဖော်ပြ ထားတယ်။
TNLA ထုတ်ပြန်ချက်မှာတော့ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့က ဖော်ဆောင်ထားတဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ မှာ SSPP က ဝင်ရောက်နှောင့်ယှက်တာကြောင့် TNLA တပ်ဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။ ဇူလိုင် ၅ ရက်နေ့မှာ တအာင်းတပ် စစ်ဆင်ရေးကြီးကြပ်တဲ့အဖွဲ့ဟာ ကျောက်မဲမြို့ နောင်ပိန်အနီးက တောင်ခြေနီးစခန်းကို လှည့် လည်ကြီးကြပ်နေစဉ်မှာ SSPP တပ်ဖွဲ့က ဝိုင်းရံပြီး ပစ်ခဲ့ပြီး အဲဒီပစ်ခတ်မှုကြောင့် တအာင်းတပ် အရာရှိ ၃ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အခုဖြစ်လာတဲ့ပြသာနာတွေကို FPNCC ထံတင်ပြထားပြီး အမြန်ဆုံးကြားဝင် ထိန်းသိမ်းညှိနှိုင်းမှုကို နာခံ ဆောင်ရွက်ရန် စောင့်ဆိုင်းမယ်လို့ TNLA က ထုတ်ပြန်ခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တွေအချင်းချင်းကြားနယ်မြေအငြင်းပွားမှုတွေ အရင်ကတည်းကရှိခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ လ နောက်ပိုင်းမှာတော့ KIA, TNLA, SSPP နဲ့ MNDAA တို့ကြား ထိတွေ့မှုတွေပိုမိုဖြစ်ပေါ်လာပါတယ်။ Read ni full

၂။ မတူပီမှာ အရပ်သား နှစ်ဦးကို AA ဖမ်းဆီး
 July 8, 2024
 ချင်းပြည်၊ မတူပီမြို့နယ်၊ ကလားကျေးရွာက အရပ်သားနှစ်ကို အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်များက ပြီးခဲ့တဲ့ ဇူလိုင် လ ၆ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲဒီက ဒေသခံများက ပြောပါတယ်။ AA ဖမ်းဆီးထားသူများမှာ ကလားကျေး ရွာနေ ဆလိုင်းမားဆောမ်နဲ့ ဆလိုင်းရိုမင်းထန် တို့ဖြစ်တယ်လို့ ၎င်းတို့က ဆိုပါတယ်။“AA က အရပ်သားတွေကို ဘာအတွက် ဖမ်းတာလဲဆိုတာ အသေးစိတ်မသိရသေးဘူး။ ပြန်လည် လွတ်မလာကြသေးဘူး” လို့ အဲဒီကဒေသခံအမျိုးသားတစ်ဦးက ပြောပါ တယ်။ ဒါ့အပြင် ကုလားကျေးရွာက CDM ကျောင်းဆရာ ဦးခေါင်ဘွေးဆိုသူ စစ်ဘေးရှောင်နေရာမှ အိမ်သို့ ခေတ္တပြန်လာကြည့် စဉ် မိုင်းနင်းမိလို့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။“AA က သူတို့ တပ်စွဲတဲ့နေရာတွေမှာ မိုင်းတွေ ထောင်တယ်” လို့ အထက်ပါအမျိုးသားက ပြောပါတယ်။ ဒါ့အပြင် AA တပ်ဟာ လာလွီးကျေးရွာမှာလည်း တပ်အင်အားအများအပြားနဲ့ တပ်စွဲထား ပြီး ကျေးရွာထဲက အရပ်သားတွေကို ခေါ်ယူစစ်ဆေး ရိုက်နှက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“AA က ရွာထဲဝင်လာပြီး အမျိုးသားတွေကို တစ်ယောက်ပြီး တစ်ယောက် ခေါ်ယူစစ်ဆေးတယ်။ သူတို့မေးတာ မသိရင် ဆဲတယ်။ ပါးရိုက်တယ်။ အရပ်သားတွေ ကြောက်လန့်အောင် အမျိုးမျိုး ခြိမ်းခြောက်တယ်။ အခုရွာထဲမှာလည်း AA ချည်းပဲ။ ကျွန်တော်တို့က အခုဆို AA ဘက်ကိုလည်း ကြောက်နေရပြီ” လို့ ဒေသခံအမျိုးသားက ပြောပါတယ်။ ဇူလိုင်လ ၅ ရက်နေ့က လည်း မတူပီမြို့နယ်က Valangte ကျေးရွာမှာ AA နဲ့ ချင်းလဲန်းကောင်စီ(CC)ရဲ့ တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါ တယ်။ AA တပ်ဖွဲ့အနေနဲ့ မတူပီမြို့နယ်မှာ အင်အားအများအပြားနဲ့ တပ်စွဲတာ၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ အရပ်သားတွေ ပိုင် အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသုံးတာတွေ လုပ်ဆောင်နေတာကြောင့် အဲဒီလုပ်ရပ်တွေကို လုံးဝကန့်ကွက်တယ်လို့ Global Matupi CDF Supporting Committee က ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

၃။ လားရှိုးတိုက်ပွဲ ၆ ရက်အတွင်းမှာ အရပ်သား ၁၈ ဦးသေဆုံးပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေ
 July 8, 2024
ရှမ်းမြောက်၊ လားရှိုးမြို့မှာ ဖြစ်ပွားနေတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲ ၆ ရက်တာ ကာလ အတွင်း အရပ်သားပြည်သူ သေဆုံးမှု ၁၈ ဦးထိ ရှိနေပြီဖြစ်ကြောင်း ဒေသသတင်းများအရ သိရပါတယ်။ ဇူလိုင်လ ၂ ရက် ညက တည်းက ဖြစ်ပွားလာတဲ့ လားရှိုးမြို့ဝန်းကျင်တိုက်ပွဲကာလ ၆ ရက်တာကာလအတွင်း အရပ်သားပြည်သူ ၁၈ ဦးအထိ သေဆုံးခဲ့ရ တာဖြစ်ပြီး အများဆုံးသေဆုံးရမှုမှာ လက်နက်ကြီး၊ ဒရုန်းနဲ့ ရှော့တိုက်ဒုန်းတွေကြောင့် သေဆုံးကြရတာဖြစ်သော်လည်း မြေပြင် သတင်းအရ လက်နက်ငယ်ထိမှန်သေဆုံးတာလည်း ရှိလာတယ်လို့ သိရပါတယ်။  ဇူလိုင် ၅ ရက် နေ့လယ် ၁ နာရီခန့်မှာ လားရှိုး ကနေ ၅ မိုင်ခန့်အကွာက နမ့်နွန်းရွာမှာ အသက် ၄၀ အရွယ် လင်မယား ၂ ဦး စစ်တပ်နဲ့ ကိုးကန့်တပ်အကြားတိုက်ပွဲအတွင်း လက် နက်ငယ်ကျည်ထိမှန်လို့ သေဆုံးခဲ့တာလို့ သိရပါတယ်။ တောင်နောက်၊ စုန်ကွယ် နမ့်နွန်းရွာကြားမှာ မြေမြုပ်မိုင်းတွေမြုပ်ထား ပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် လားရှိုးမြို့ရှောင်လမ်းက ကုန်းကြမ်းရွာဘုန်းကြီးကျောင်းမှာ နမ့်နွမ်းရွာက စစ်ဘေးရှောင် ၄၀၀ လောက် ခိုလှုံနေရတယ်လို့ သိရပါတယ်။ ရပ်ကွက် ၇ ကွက်သစ်ထဲကို ဒီနေ့ နေ့လယ် ၁း၂၅ နာရီခန့်က ကျတဲ့ ဗုံးကြောင့် အမျိုးသား ၁ ဦး သေဆုံးကာ အမျိုးသမီး ၁ ဦး ဒဏ်ရာခဲ့တာရှိပြီး နေအိမ်အချို့လည်း ပျက်စီးတယ်လို့ကြားရပေမယ့် သီးခြား အတည်ပြုလို့ မရသေးပါဘူး။

လားရှိုးမြို့နယ် အီနိုင်းရွာနဲ့ ၁၀ မိုင်ကုန်းကြားကိုလည်း စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ယနေ့ ညနေ ၄ နာရီခန့်မှာ အထက်မန်အိုင်ကုန်း ရပ်ကွက်-၅ Holiday ကစားကွင်းအောက်နား တစ်ဝိုက်မှာ လက်နက်ကြီး ၂ လုံးကျခဲ့တာရှိပြီး လူထိခိုက်မှု ရှိ၊ မရှိ မသိရသေးဘူးလို့ မြေပြင်သတင်းအရ သိရပါတယ်။ လားရှိုးမြို့အနီးတဝိုက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ ၆ ရက်တာကာလအတွင်း မနေ့က အထိ အရပ်သား ပြည်သူ ၁၅ ဦးသာ သေဆုံးခဲ့တာဖြစ်ပြီး ယနေ့ သေဆုံးစာရင်းအရ ၁၈ ဦး ဖြစ်လာတဲ့အတွက် ၁ ရက်ကို ပျှမ်းမျှ ပြည်သူ ၃ ဦး သေဆုံးနေရတာဖြစ်ပါတယ်။ နှစ်ဖက်တိုက်ပွဲတွေကြောင့် အရပ်သား ဒဏ်ရာရတာကတော့ လူဦးရေ ၃၀ ဦးခန့်ရှိနေပြီဖြစ်ပြီး ဆေးရုံမှာ သေဆုံးမှု ရှိ၊ မရှိကိုတော့ စုံစမ်းလို့ မရသေးပါဘူး။ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ လက်ရှိတိုင်းမှူး ဗိုလ်ချုပ်စိုးတင့်ဖြစ်ပြီး အလုပ်သင်ဗိုလ်သင်တန်း(တေဇ-၁၆)ဆင်းက ဖြစ်ပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ လက်အောက်မှာ တပ်ရင်းတပ်ဖွဲ့ပေါင်း ၂၃ ခုရှိပြီး လားရှိုးတပ်နယ် ခံစစ်ကိုတော့ ဒုတိုင်းမှူး ဗိုလ်မှုးချုပ် တင်ထွန်းအောင်က တာဝန်ယူကွက်ကဲနေတာပါ။ တပ်နယ်မှူးကတော့ ခြေလျှင်တပ်ရင်း ခလရ-၁၂၂ ကပြောင်းလာတဲ့ ဒုဗိုလ်မှူး  ကြီး ကံခိုင်ဇော်စိုးက ကွက်ကဲနေတယ်လို့ CDM အရာရှိတစ်ဦးထံက သိရပါတယ်။ Read ni full

၄။  ရခိုင်က စစ်ကောင်စီ၏ ကျန်ရှိ တပ်ရင်းဌာနချုပ်များနှင့် ကျောက်ဖြူရေတပ်ကို AA က ပိတ်ဆို့ထား
 July 8, 2024
ရခိုင်ပြည်အတွင်း အာဏာသိမ်း စစ်ကောင်စီမှာ ကျန်ရှိနေသေးသော အမ်း နပခ ဌာနချုပ်၊ စကခ ၅ တောင်ကုတ်ဌာန ချုပ်၊ စစ်တွေ ဒကစ ဌာနချုပ်နှင့် ကျောက်ဖြူမြို့က ဓညဝတီရေတပ်ဌာနချုပ်တို့ကို အာရက္ခတပ်တော် AA က ဝိုင်းရံပိတ်ဆို့ထား ကြောင်း သိရသည်။ ဇူလိုင်လ ၇ ရက်နေ့ ရခိုင်ပြည်အတွင်း စစ်ရေးသတင်းထုတ်ပြန်ချက်တွင် အာရက္ခတပ်တော် AA က ထည့် သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲကို AA က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က စတင် ခဲ့ပြီး လက်ရှိတွင် ၇ လခွဲကျော် ကြာမြင့်ကာ မြို့နယ် ၁၀ ခုနှင့် စစ်ကောင်စီတပ်စခန်း အမြောက်အများကို သိမ်းပိုက်ထားပြီဖြစ် သည်။ ဝိုင်းရံပိတ်ဆို့ထားသော ရခိုင်ပြည်အတွင်း စစ်ကောင်စီ၏ ကျန်ရှိ တပ်ရင်းဌာနချုပ်များနှင့် ကျောက်ဖြူရေတပ်ဌာနချုပ်တို့ မှ အချို့စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ပြောဆိုထားသည်။ အမ်းမြို့နယ်က စစ်ကောင်စီ၏ အရေးပါသော တောဟိန်းတောင်ဗျူဟာကုန်းကို ဇွန်လ ၂၃ ရက်နေ့က AA မှ သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်သားအလောင်း အမြောက် အများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

တောဟိန်းတောင်ဗျူဟာကုန်းကို ဧပြီလ ၁၅ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် နှစ်လကျော်အကြာတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများကိုလည်း လိုက်လံရှင်းလင်းနေ ကြောင်း သိရသည်။ မောင်တောဒေသက စစ်ကောင်စီ၏ နခခ ၂ နယ်ခြားစောင့်တပ်စခန်းကို ဇူလိုင်လ ၆ ရက် နေ့လယ် ၂ နာရီ ခန့်က စစ်ကောင်စီတပ်သား အလောင်း ၃၅၀ ကျော်နှင့် AA က သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ မောင်တောဒေသတွင် စစ်ကောင်စီ၏ ကျန်ရှိနေသေးသော နခခ ၂ လေးမိုင်တပ်စခန်း၊ နခခ ၅ မြို့သူကြီး တပ်စခန်းနှင့် အခြားသော တပ်စခန်းများကို AA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နခခ ၂ တွင် စကခ ၁၇ လက်အောက် ခံတပ်ရင်းများ စုပေါင်းခုခံနေကြောင်း သိရသည်။ Read ni full

၅။  လွိုင်ကော်တကျော့ပြန်တိုက်ပွဲ ဆက်ပြင်းထန်
 July 8, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် တကျော့ပြန်ဖြစ်ပွားနေသည့်တိုက်ပွဲ ရက်သတ္တပတ်ခန့်ကြာလာပြီး ယနေ့အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ လွိုင်ကော်မြို့တောင်ဘက်ရှိ နန့်ဘော်ဝမ်ရပ်ကွက်၊ နောင်ယားရပ်ကွက်နှင့်မိုင်းလုံးရပ်ကွက်တို့တွင် ဇူလိုင်လ ၃ ရက် နေ့မှ စတင်ကာ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (ဇူလိုင်လ ၈ ရက်)တွင် လွိုင်ကော်မြို့၊ မိုင်းလုံရပ်ကွက်၌ တိုက်ပွဲ ဖြစ် ပွားနေသဖြင့် ဒေသခံပြည်သူအချို့ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။“စစ်ကောင်စီရဲ့ အခြေစိုက် တပ် စခန်းတွေကတော့ ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ပြည်သူတွေကတော့ မြို့ပေါ်ရပ်ကွက်တချို့မှာ ရှိနေသေးတယ်။ လောဆယ် တိုက် ပွဲကလည်း ဖြစ်နေတဲ့အတွက် ရှောင်နေတာမျိုးလည်း ရှိပါတယ်” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုး က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် စတင်ခဲ့သည့် ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း လွိုင်ကော်မြို့တွင်းမှ ဒေသခံများသည်  ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အခြားဒေသများသို့ စစ်ဘေးတိမ်းရှောင်ခဲ့ကြသည်။ ထို့နောက် လ အနည်း ငယ် အကြာ တိုက်ပွဲပြန်လည်ငြိမ်သက်စဉ် စစ်ကောင်စီဘက်မှ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရန် ဒေသခံများအား မြို့တွင်း၌ ပြန်လည်နေရာချထားရေးကြိုးစားခဲ့သည်။“စကစ ဘက်ကတော့ မြို့ထဲပြန်ဝင်ဖို့တော့ သူတို့ လော်ဘီတွေနဲ့ တိုက်တွန်းနေတာ တွေရှိတယ်ပေါ့နော်။ ပြန်နေကြတဲ့သူတွေကတော့ အစတည်းက မရှောင်တဲ့သူတွေပေါ့နော်။ လူတွေက တော့ ပြန်နေကြတယ် ဆိုတာထက် ပြန်ကြည့်ပြီး ပြန်ထွက်ကြတယ်ဗျ။ မြို့ထဲမှာတော့ စစ်မဖြစ်တဲ့ ရပ်ကွက်တွေမှာ ပြန်နေကြတာများတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတဦးက ပြောသည်။ လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေ၍ မြို့တွင်း၌ ပြန်လည်အခြေမချသင့် သေးကြောင်း၊ မြို့တွင်း၌ ရှိနေသူများကလည်း  စစ်ကောင်စီတပ်များရှိရာအနီးတွင် မနေထိုင်သင့်ကြောင်းနှင့် စစ်ရေးသတိဖြင့် နေထိုင်ကြရန်လိုအပ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ဘေးရှောင်ကူညီသူများက သတိပေးထားသည်။ လတ်တလော တိုက်ပွဲများကြောင့် ထိခိုက်မှုအခြေအ‌နေကို အသေးစိတ် မသိရှိရသေးပေ။ Read ni full

၆။ တီးတိန်မြို့နယ်က အသက်မပြည့်ကလေး ၈ ယောက်ကို စစ်မှုထမ်းရန် ZRA က ဖမ်းဆီးခေါ်ဆောင်ဟုဆို
 July 8, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တုန်းဇန်ကျေးရွာက အသက်မပြည့်သေးသော ကလေး ၈ ယောက်ကို စစ်မှု ထမ်းဆောင်ရန် Zomi Revolutionary Army -Eastern Command (ZRA-EC) က ဇူလိုင်လ ၆ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင် သွားသည်ဟုသိရသည်။ တီးတိန်မြို့မှ မိုင် (၂၀) ကျော်ခန့်ဝေးသော တုန်းဇန်ကျေးရွာတွင် ZRA-EC တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၆ ရက် စနေနေ့ က ရောက်ရှိလာပြီးနောက် ရွာထဲကကလေးငယ်များကို စစ်မှုထမ်းရန် မဲနှိုက်ခိုင်းကာ မဲပေါက်သော အသက် ၁၃ ဝန်းကျင်အရွယ် ကလေး ၈ ဦး ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု တီးတိန်မြို့ခံတစ်ဦးကပြောသည်။  “ရွာထဲမှာ တအိမ်တက် ဆင်း မဲနှိုက်ခိုင်းပြီး မဲပေါက်တဲ့ကလေးတွေကိုခေါ်သွားတာ၊ အဲ့ထဲမှာ (၄/၅) တန်း ကလေး လေးတွေရှိတယ်၊ မနေ့ကနေစပြီး တော့ ရွာထဲမှာ (၄) တန်း အထက်ကလေးသူငယ် ယောကျာ်း လေးတွေအကုန်လုံး ကြောက်လို့ ထွက်ပြေးကြတယ်ရွာထဲ မနေကြ ဘူး”ဟု တီးတိန်ဒေသခံကပြောသည်။

ZRA-EC တပ်ဖွဲ့က ကလေးငယ်များအား ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် တုန်းဇန်ကျေးရွာက မိဘပြည်သူ များ သည် စိုးရိမ်ထိတ်လန့်နေကြသော ကြောင့် အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။  အလားတူ တွန်းဇံမြို့နယ် ကျီခါးမြို့ ပေါ်အပါအဝင် (Vom) ဝမ် ကျေးရွာ၊ တန့်စောက်လ်ကျေးရွာ၊ ခွာဒမ်ကျေးရွာတို့တွင်လည်း ZRA ထံ  စစ်မှုထမ်းရန်အတွက် တစ်အိမ်တက်ဆင်း နာမည်စာရင်း ကောက်ခြင်းများပြု လုပ်နေသည်ဟုသိရသည်။

၇။ KNU/KNLA ပြိုကွဲ၊ ကျဆုံးစေလို၍ စစ်ကောင်စီက သတင်းမှားများဖြန့်လျက်ရှိကြောင်း KNU ပြော
 July 8, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA အတွင်း နေရာလုမှုဖြစ်ပွား ခဲ့ပြီး ခေါင်းဆောင်နေရာအချို့ အပြောင်းအလဲပြုလုပ်သည့် သတင်းမှာ စစ်ကောင်စီက KNU/KNLA ပြိုကွဲ၊ ကျဆုံးစေလိုသဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့်  သတင်းမှားများ ဖြန့်ဝေလျက်ရှိကြောင်း KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။ KNU/KNLA တွင် နေရာလုမှုဖြစ်ပွားပြီးနောက် KNLA ၏ လက်ရှိ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး စောဂျော်နီအား ရာထူးမှဖယ်ရှားခဲ့သလို KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုးကိုလည်း KNU နာယက နေရာမှ ထုတ်ပယ်လိုက်သည့် သတင်းများသည် စစ်ကောင်စီ၏ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အချို့တွင် ပြီးခဲ့သည့် ဇူလိုင်လ(၃)ရက်နေ့မှစတင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါသတင်းအမှားနှင့် ပတ်သက်၍ စစ်ကောင်စီအနေဖြင့် KNU/KNLA ကို ပြိုကွဲစေလိုခြင်း၊ KNU ၏ လုပ်ဆောင်ချက်များအား ပျက်စီးစေလိုခြင်း စသည့်ရည်ရွယ်ချက်ဖြင့် လုပ်ကြံဖန်တီးသည့် သတင်းမှားသာဖြစ်ကြောင်း KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးက ယခု လိုပြောသည်။

“ဒါကသတင်းအမှားပါ သတင်းထဲမှာပါလာတဲ့ ခေါင်းဆောင်တွေရဲ့အမည်ကို ပြန်ကြည့်တော့ ခေါင်းဆောင်တွေက ဘာမှမသိကြဘူး။ သတင်းထွက်လာတဲ့အချိန်မှာ မိမိအလုပ်မိမိ လုပ်ဆောင်နေတဲ့အချိန်ဖြစ်တယ်။ KNU ရဲ့ ထိပ်ပိုင်း ခေါင်း ဆောင်တွေကိုမှ ပစ်မှတ်ထားပြီး သတင်းမှားဖြန့်တဲ့ကိစ္စက KNU ရဲ့အတွင်းရေးကိစ္စ KNU ရဲ့လက်ရှိဆောင်ရွက်နေတဲ့အရာကို ပြိုကွဲစေချင်လို့ ကျဆုံးစေချင်လို့ပဲ ကျနော်တို့မြင်ပါတယ်။” ဟု ပဒိုစောကလယ်စေး က ပြောသည်။ ထို့အပြင် စစ်ကောင်စီသည် လူထုထံသို့ သတင်းအမှားဖြန့်ဝေခြင်းကို အမြဲတစေလုပ်ဆောင်လေ့ရှိပြီး သတင်းမှားဖြန့်ဝေသည့် လုပ်ဆောင်ချက်အပေါ်တွင် လည်း များစွာ အားကိုးအားထားပြုလျက်ရှိကြောင်းကိုလည်း KNU ပြောခွင့်ရ ပုဂ္ဂိုလ်က ဖြည့်စွက်ပြောသည်။ စစ်အာဏာသိမ်းပြီး နောက် တစ်နိုင်ငံလုံးရှိပြည်သူများ တော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာကြသည်တွင် စစ်ကောင်စီက KNU ကဲ့သို့ အာဏာရှင် စနစ်ဆန့်ကျင်၍ တော်လှန်ရေးလုပ်ဆောင်နေကြသူများအပေါ် ပြည်သူ လူထု အထင်မှားစေသည့် သတင်းတု၊ သတင်းမှား ဖြန့်ဝေမှုများကို ပိုမိုလုပ်ဆောင်လာနေကြောင်း ၎င်းသတင်း မှားဖြန့်သည့် ဒီဂျစ်တယ်ပလက်ဖောင်းများကို စောင့်ကြည့်လေ့လာ ချက်အရ သိရသည်။ ၎င်းပလက်ဖောင်းများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ဖြန့်ဝေမှု အင်တိုက်အားတိုက်လုပ်ဆောင်နေသလို KNU/ KNLA ခေါင်းဆောင်နေရာအပြောင်းအလဲရှိသည်ဟု ဆိုထားသော အဆိုပါသတင်းမှားကိုလည်း ပါဝင်သူ သောင်းနှင့်ချီရှိ သည့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အချင်းချင်း ဆင့်ပွားဖြန့်ဝေနေသည်ကို တွေ့ရသည်။ Read ni full

၈။ နိုင်ငံရေးပါတီနှစ်ခု မှတ်ပုံတင်လျှောက်ထားချက် စစ်ကောင်စီ UEC ငြင်းပယ်
 July 9, 2024
 (KNC)နဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (DHRP) တို့ရဲ့ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်လိုက်တယ်လို့ ဇူလိုင်လ ၉ ရက်နေ့ထုတ် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေကတစ်ဆင့် ကြေညာပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေရဲ့ ပုဒ်မ-၅ နဲ့ ပုဒ်မ-၆ မှာပါဝင်တဲ့ ပြဌာန်း ချက်တွေနဲ့ မညီညွတ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်ခဲ့တာပါ။ ပုဒ်မ-၅ ပြဋ္ဌာန်းချက်ထဲမှာ ပါတီတည်ထောင်ရတဲ့ မူဝါဒနဲ့ ရည်ရွယ်ချက်တွေ၊ ပါတီအမှတ်တံဆိပ်အလံတွေနဲ့ ပါတီစည်းမျဉ်းဖွဲ့စည်းပုံ တွေကို တိတိကျကျ တင်ပြရမယ်လို့ ဖော်ပြထားပါတယ်။ ပုဒ်မ-၆ မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့် ရှောက်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ လူမျိုးရေးပဋိပက္ခဖြစ်စေမဲ့ ဟောပြော စည်းရုံးလှုံ့ဆော်မှုတွေ မလုပ်ဖို့ဆိုပြီး ရေးသားထားပါတယ်။

အခုငြင်းပယ်ခံရတဲ့ နိုင်ငံရေးပါတီနှစ်ခုဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကတည်းက နိုင်ငံရေးပါတီတွေ အဖြစ် မှတ်ပုံတင်ထားခဲ့တဲ့ ပါတီတွေ ဖြစ်ပါတယ်။ ကချင်အမျိုးသား ကွန်ဂရက်ပါတီ(KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေအကြောင်း လူမှုကွန်ရက်မှာ ဝေဖန်ရေးသားခဲ့တာကြောင့် ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ စစ်ကောင်စီကဖမ်းဆီးပြီး နိုင်ငံရေးပုဒ်မဖြစ်တဲ့ ရာဇသတ်ကြီးပုဒ်မ-၅၀၅-က နဲ့ ထောင်နှစ်နှစ် ချမှတ်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အရင်ကလည်း ရခိုင်အမျိုးသားပါတီအပါအဝင် နိုင်ငံရေးပါတီလေးခု ကို မှတ်ပုံတင်ခွင့် ငြင်းပယ်ထားတာကြောင့် အခုနှစ်ပါတီနဲ့ဆိုရင် မှတ်ပုံတင်ခွင့် ငြင်းပယ်ခံရတဲ့ပါတီ ခြောက်ပါတီ ရှိလာပါတယ်။ Read ni full

၉။ စစ်ကောင်စီနဲ့ PNO ဓါးစာခံလုပ်ထားတဲ့ ဆောင်းပြောင်းရွာသားတွေကို တော်လှန်ရေးတပ်တွေက ကယ်ထုတ်နိုင်ခဲ့
 July 8, 2024
ရှမ်းတောင်၊ ပင်လောင်းနယ်၊ ဆောင်ပြောင်းရွာမှာ ပြည်သူတွေကို လူသားဒိုင်းလုပ်ထားတဲ့ စစ်ကောင်စီတပ်နဲ့PNO တွေ ကို တော်လှန်ရေးတပ်ဖွဲ့တွေ မောင်းထုတ်လိုက်နိုင်ပြီလို့ ဒေသစစ်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကတည်းက ဆောင်းပြောင်းရွာခံ ၃၀၀ ခန့်ကို ဆောင်းပြောင်းဘုန်းကြီးကျောင်းမှာ လူသားဒိုင်းအနေနဲ့ဖမ်းဆီးပြီး ဓားစာခံလုပ်ထားတာပါတယ်။ စစ်ကောင်စီပူးပေါင်း PNO ပြည်သူ့စစ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင်လ ၅ ရက်နေ့မှာ အပြီးတိုက်ခိုက်နိုင်ခဲ့ပေမယ့် တိုက်ပွဲကြားပိတ်မိနေတဲ့ ပြည်သူတွေဟာ ဒီနေ့မှ လွတ်မြောက်လာတာပါ။ တိုက်ပွဲအတွင်း ပိတ်မိ နေတဲ့ ပြည်သူထဲက ဆောင်းပြောင်းရွာသား ခွန်ကျော်လွန် ၅၀ နှစ်ကတော့ ဒရုန်းဗုံးဒဏ်ကြောင့် ဗိုက်မှာရရှိထားတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပြီး ရွာသား ၃ ဦးလဲ ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

“သူက ဇူလိုင် ၁ ရက်နေ့ကတဲက ဒဏ်ရာကို ကုသခွင့် မရပဲ သွေးလွန်ပြီး ဆုံးရတာပါ၊ ကျန် ၃ ဦးကတော့  ဒဏ်ရာတွေ ကုနေတယ်၊ စစ်တပ်က ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားလို့ StarLink ရှိတဲ့နေရာကပဲ ဆက်သွယ်လို့ရ တယ်၊ စစ်တပ်က ထီရီးဘက်က လက်နက်ကြီးကို မှော်ဘီဘက် ပြန်သယ်သွားတယ်ကြားတယ်”လို့ စစ်သတင်းအရင်းအမြစ် ၁ ဦးက ပြောပါတယ်။ လက်ရှိ ဆောင်းပြောင်းတိုက်ပွဲ အခြေအနေသတင်းထုတ်ပြန်မှုကို တာဝန်ရှိသူတွေက မထုတ်ပြန်သေးလို့ အသေးစိတ်မသိရှိရသေးပါဘူး။ စစ်ကောင်စီတပ်နဲ့ PNO တွေဟာ လူသစ်ပါဝင်တဲ့ အင်အား ၁၅၀၀ လောက်နဲ့ ဆောင်းပြောင်း၊ နမ်းဖာမူ၊ နန်းတုတ်ဘက်ကို စစ်ကြောင်း ၄ ကြောင်းထိုးလာတယ်လို့ သိရပါတယ်။  စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေကို KNDF နဲ့ ရှမ်းတောင်တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူပေးခဲ့မယ့် အကျအဆုံးများစွာနဲ့ ဆုတ်ခွာသွားတာလို့ သိရပါတယ်။ စစ်ကောင်စီ ဆုတ်ခွာရာလမ်းတလျှောက် ပြည်သူတွေ ကို သတ်ဖြတ်ဒုက္ခပေးသွားနိုင်တာဖြစ်လို့ စစ်လမ်းကြောင်းကျရွာတွေက ပြည်သူတွေအတတ်နိုင်ဆုံး ရှောင်ထွက်ထားကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။ Read ni full

၁၀။ CDF-မတူပီ တပ်မဟာ-၂ သို့  AA နှင့် ချင်းညီနောင်တို့ ထိုးစစ်ဆင်လာ၍  နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့
 July 9, 2024
ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ (၂)  ထိန်းချုပ်နယ်မြေဘက်သို့ အာရက္ခတပ်တော် (AA) ကထိုးစစ်ဆင် လာ ၍  ချင်းအမျိုးသားတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ချင်းအမျိုးသားတပ်မ‌တော်ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးကာ တစ်ဦးဖမ်း ဆီးခံထားရ ကြောင်းသိရသည်။ အာရက္ခတပ်တော်(AA) က ဦး‌‌ဆောင်၍  ချင်းညီနောင်နှင့်အတူ မတူပီမြို့ကို သိမ်းပိုက်ပြီးနောက် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ (၂) ဘက်သို့ အင်အားအများအပြားဖြင့် ဆက်လက်ထိုးစစ်ဆင်လာခဲ့ပြီး လက်ရှိတွင် ငလိုင်ကျေးရွာ ကျော်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်ထံက  သိရသည်။“မနေ့က ဒုတိယအချီ ထိုးစစ် ဆင်လာတယ်။ အခုက ချင်းလဲန်းအစိုးရအဖွဲ့ကို တောင်ပိုင်းကနေ အကုန်မောင်းထုတ်ဖို့အထိ ကြိုးစားနေတယ်။ နှာရိန်မြို့အထိ ပေါ့။ ထိတွေ့မှုဆက်တိုက်ရှိတယ်။ လုံလှောကို ဆက်ပြီးတိုးလာကြတယ်။ ပြီးတော့ လောက်တူဘက်ကိုလည်း ထိုးစစ်ဆင်ဖို့ မရာနယ်ထဲကနေ မရာကာကွယ်ရေး တပ်ဖွဲ့(MDF)နဲ့ ပေါင်းပြီး တက်လာတာရှိတယ်” ဟု  မြေပြင်သတင်းရင်းမြစ်က ပြောသည်။ ထိုသို့ မတူပီမြို့၊ ခမရ ၃၀၄ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် AA နှင့်ချင်းညီ‌နောင်တပ်များသည် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ-၂ ထိန်းချုပ်နယ်မြေရှိ ခလရ-၁၄၀ တပ်ရင်းကိုထပ်မံသိမ်းပိုက်ရန် ဖနိုင်ရွာသို့ရောက်ရှိလာရာ ချင်းလဲန်အစိုးရ လက် အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့တို့ နှင့် ဇွန်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းမှ စတင်၍ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါနှစ်ဖက်ထိတွေ့မှုနှင့်ပတ်သက်၍ နှစ်ဖက် အပြန်အလှန်စွတ်စွဲမှုများလည်းရှိနေကာ လက်ရှိအချိန်ထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံး မှုများပြားကြောင်း သိရသည်။ ထိုသို့ ထိခိုက်ကျဆုံးမှုနှင့်ပတ်သက်၍ နှစ်ဖက် စလုံး မှ တရားဝင်ထုတ်ပြန်ထားခြင်း မရှိပေ။“ချင်းကာကွယ်ရေးတပ်ဖွဲ့၊ တပ်မဟာ(၁)နဲ့ တပ်မဟာ (၂) ပထမဦးဆုံး ထိတွေ့မှုဖြစ်ပွား တာက တပ်မဟာ (၂)၊ တပ်ရင်း-၂ ထိန်းချုပ်နယ်မြေမှာပါ။ သူတို့ ဝင်ရောက်လာမှုကို လုံးဝအကြောင်းမကြားတာဟာ ချင်းကာ ကွယ်ရေးတပ်ဖွဲ့ (မတူပီ)ရဲ့ မူဝါဒနဲ့ တပ်မူဝါဒကို တပ်မဟာ (၁) က ဂရုမစိုက်ဘဲ တိတိလင်းလင်းချိုး ဖောက်တာဖြစ်တယ်။ အခု ထပ်မံဖြစ်ပွားရခြင်းကတော့ တပ်မဟာ (၂) ၊ တပ်ရင်း ၃ ထိန်းချုပ်နယ်မြေ အတွင်းမှာ ရက္ခိုင့်တပ်တော်(AA)နဲ့ တပ်ချခြင်းတွေနဲ့ ပြည်သူတွေကို ရန်သူသဖွယ် ဖမ်းဆီးခြင်းကြောင့်ပဲ ဖြစ်ပါတယ်” ဟု  တပ်မဟာ-၂ မှ  ဆလိုင်းအားလီက ပြောကြားသည်။ Read ni full

၁၁။ တနင်္သာရီမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ဝက်အတွင်း အရပ်သား ၈ ဦးသေ၊ ၃၀ ကျော် ဒဏ်ရာရ
 July 8, 2024
စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တနင်္သာရီတိုင်းမှာ အခုနှစ် ပထမခြောက်လအတွင်း အရပ် သား ရှစ်ဦးထက်မနည်းသေဆုံးပြီး သုံးဆယ်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိ ခိုက်သေဆုံးမှု အများဆုံးဒေသကတော့ သရက်ချောင်းမြို့နယ်ဖြစ်ပြီး အရပ်သား ခုနှစ်ဦး သေဆုံးကာ ၂၇ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါဟာ တစ်တိုင်းလုံးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့အရေအတွက်ရဲ့ ၉၀ ရာခိုင်နှုန်း ဖြစ်ပါ တယ်။ ထိခိုက်ဒဏ်ရာရရှိမှုကတော့ တစ်တိုင်းလုံးအတိုင်းအတာနဲ့ဆိုရင် ထက်ဝက်ကျော်ပါတယ်။ ဒေါနတနင်္သာရီ စစ်ဘေး ရှောင်များ ကူညီရေးအဖွဲ့က ကိုယောနသံ က “စစ်ကောင်စီတပ်က လူစည်တဲ့ အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက် ခိုက်ခဲ့လို့ သရက်ချောင်းမြို့နယ်က တခြားမြို့နယ်တွေထက် ထိခိုက်သေဆုံးမှုများခဲ့တာ” လို့ ယူဆပါတယ်။ ကိုယောနသံရဲ့ ပြော ပြချက်အရ စစ်ကောင်စီဟာ သရက်ချောင်းမြို့နယ်ကို လေကြောင်းကနေတိုက်ခိုက်ခဲ့ရာမှာ လူစည်ကားတဲ့နေရာတွေဖြစ်တဲ့ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဆိပ်ကမ်းနဲ့ ဘာသာရေးအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့တဲ့ အခြားမြို့နယ်တွေကတော့ ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေပဲ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းမှာ မြို့နယ် ၁၀ ခုရှိတဲ့အနက် မြိတ်မြို့နယ်နဲ့ ကော့သောင်း မြို့နယ်ကလွဲလို့ ကျန်တဲ့ မြို့နယ် ရှစ်ခုစလုံးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။  လေကြောင်း တိုက်ခိုက်မှု အများဆုံးဖြစ်ပွားခဲ့တာကတော့ မတ်လနဲ့ မေလဖြစ်ပြီး မတ်လမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် ၁၄ ခုနဲ့ မေလမှာ ဖြစ်စဥ် ၁၅ ခု ရှိခဲ့ပါတယ်။“လေယာဥ်ဆိုရင် ရိုးရိုးလေယာဥ်အသံကြားတာတောင်မှလန့်နေပြီ။ အမြဲတမ်းသတိနဲ့နေနေရတယ်” လို့ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရတဲ့ တနင်္သာရီမြို့ယ်၊ သာရဖုံကျေးရွာက ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။  စစ်ကောင်စီ လေတပ်ကနေ တနင်္သာရီတိုင်းထဲက လေကြောင်းတိုက်ခိုက်မှုတွေမှာ K-8W တိုက်လေယာဥ်၊ Mi – 2 ရဟတ်ယာဥ်နဲ့ Yak-130 တိုက်လေယာဥ်တို့ကို အသုံးပြု တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။  Read ni full

၁၂။ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရ
 July 8, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သား ငါးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ဇူလိုင်လ ၇ ရက်နေ့ မနက် ၁၀ ဝန်းကျင်က မင်းတပ်မြို့ အခြေစိုက် ခလရ ၂၇၄ တပ်ရင်းမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် တိုက်နယ်(၃)ဘက်ရှိ မွီတွီကျေးရွာ၊ မောင်းချောင်းတွင် ကျပေါက်ကွဲပြီး အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ “မောင်းချောင်းရဲ့ ဥယာဥ်မှာရှိတဲ့ အရပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ တာဖြစ်တယ်။ ဒရုန်းကလေးစီးလာတာ။ အဲ့ထဲကနှစ်စီးက ဗုံးကြဲသွားတာဖြစ်တယ်။ ဒဏ်ရာရတဲ့လူတွေဟာ မျက်နှာထိတဲ့ လူနာ နဲ့ လည်ပင်းထိတဲ့ လူနာတွေဖြစ်တယ်။ အခုသူတို့ကို နီးစပ်ရာ ကျေးရွာဆေးခန်းမှာ ဆေးကုသပေးနေပါတယ်” ဟုဒေသခံတစ်ဦး က ပြောသည်။ မင်းတပ်မြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသော်လည်း အရပ်သားများ နေထိုင်သည့် ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်ခြင်းများကို နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် မင်းတပ်မြို့တွင် ယခင်ကထက် လုံခြုံရေးတင်းကြပ်ထားပြီး မြို့တွင်းမှ ထွက်ပြေးတိမ်း ရှောင်နေကြသည့် စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်များကို လုံခြုံရေးအကြောင်းပြုပြီး ခိုးယူဖောက်ထွင်းမှုများ ပြုလုပ်နေ ကြောင်း သိရသည်။ “မင်းတပ်မြို့မှာ စစ်တပ်က ကင်းပုန်းတွေ နေ့ည မပြတ် လုံခြုံရေးချထားတယ်။ နေ့ဘက်လည်း ကားနဲ့ ကင်း ပတ်တယ်။ လူမရှိတဲ့ နေအိမ်တချို့ဆို မသင်္ကါ ပုံစံနဲ့ အိမ်ပေါ်တက်ပြီး ပစ္စည်းခိုးယူတာရှိတယ်။ မြို့ထဲမှာ လူတွေမရှိသလောက် ပါပဲ” မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။ မင်းတပ်မြို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီက ရဟတ်ယာဥ် နှစ်စီးဖြင့် တပ်အင်အားနှင့် လက်နက်ခဲယမ်း၊ ရိက္ခာများ ဖြည့်တင်းလျက်ရှိကြောင်း သိရသည်။ Read ni full

၁၃။ မြေမြှုပ်မိုင်းနင်းမိ၍ မင်းပြားဒေသခံ လူငယ်တစ်ဦး သေဆုံး
 July 8, 2024
ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ လူငယ်တစ်ဦးမှာ ဇူလိုင် ၇ ရက်က မိုင်းနင်းမိ၍ သေဆုံးသွားကြောင်း သိရ သည်။  အသက် ၂၆ နှစ်အရွယ် မောင်ဆန်းသိန်းမှာ ကျေးရွာအနီးတောင်တန်းတွင် ထင်းခုတ်နေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံး သွားခြင်း ဖြစ်သည်။“သူက ထင်းခုတ်ဖို့ဆိုပြီး မနက်စောစောကတည်းက အိမ်ကထွက်သွားတာ။ တောင်ထက်မှာ မိုင်းနင်း မိတာ ၈ နာရီလောက်မှာပါ။ ဘယ်ဖက်ခြေထောက်ပြတ်ပြီး သွေးထွက်လွန်တာကနေ ဆုံးသွားတာ” ဟု ဒေသခံတစ်ဦးက ပြော သည်။ ရခိုင်တွင် တိုက်ပွဲဖြစ်ပွားရာ‌ဒေသများနှင့် AA ထိန်းချုပ်မြို့နယ်များရှိ စစ်ကောင်စီတပ်စွဲခဲ့သည့် နေရာများ၌ မိုင်းပေါက်ကွဲ မှုများကြောင့် အရပ်သားသေဆုံးမှုများစွာ ရှိနေသည်။

မိုင်းအန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှုများ မကြာခဏရှိနေ၍ လက်လုပ်လက်စားများ၊ တောတောင်ကိုမှီခို၍ ဝမ်းရေး ဖြေရှင်းရသူများအတွက် စိုးရိမ်စရာဖြစ်နေသည်။“ကျမတို့လို လက်လုပ်လက်စားတွေက ဟင်းရှာငါးရှာလုပ်စားပြီး စားဝတ်နေ ရေး ဖြေရှင်းနေကြရတာ။ စစ်ဒဏ်ကို ခံရလွန်းလို့ လူတွေကပြားပြားဝပ်နေကြပြီ။ ကိုယ့်ဒေသမှာ တိုက်ပွဲပြီးသွားပြန်တော့လည်း အလုပ်လုပ်ဖို့ အားထားရတဲ့နေရာတွေမှာ မိုင်းပေါက်လိုက်၊ လူသေလိုက်ဖြစ်နေတော့ စားရေးသောက်ရေး ပိုခက်ခဲလာတယ်။ ဟင်းတစ်ဆုပ်စာ၊ ထင်းတစ်စည်းစာအတွက် အသက်ဆုံးရမှာက မတန်ဘူးဆိုပေမယ့် မရှိတော့လည်း အရဲစွန့်ကြရတာပါပဲ” ဟု ဖားပြိုကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ Read ni full

၁၄။ လုံခြုံရေးကြောင့် ပြောင်းရွေ့ထားရတဲ့ စစ်ရှောင်စာသင်ကျောင်းဆောင်အတွက် အကူအညီလိုအပ်
 July 8, 2024
 ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ လုံခြုံရေးအခြေအနေကြောင့် တောတောင်ထဲကိုရွေ့ပြောင်းထား ရတဲ့ စာသင်ကျောင်းရဲ့ ကျောင်းဆောင်ဆောက်လုပ်ဖို့ အကူအညီတွေလိုနေတယ်လို့ ကျောင်းကော်မတီ ဥက္ကဌ ကပြောပါတယ်။  စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ် မကြာခဏ ပျံဝဲနေတဲ့အပြင် လက်နက်ကြီးကျရောက်မှာကို စိုးရိမ်တာကြောင့် အဆိုပါ စာသင်ကျောင်းကို ရွေ့ပြောင်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။ “အရင်တုန်းကတော့ စာသင်ကျောင်းမှာပဲ သူတို့က သင်တာပေါ့။ ဒါပေမဲ့အခုကလုံခြုံရေးအရက စာသင်ကျောင်းမှာ စာမသင်တော့ပဲနဲ့ တောထဲတစ်နေရာကိုပြန်ရွှေ့လိုက်တဲ့ ပုံစံမျိုး ပေါ့။ ဒီပတ်ထဲမှာ ကျောင်းဖွင့်တာ။” လို့ ကျောင်းကော်မတီ ဥက္ကဌ ကပြောပါတယ်။ အဆိုပါကျောင်းမှာ ကျောင်းဆောင်သစ် တစ်‌‌ဆောင်ကိုသာ ဆောက်လုပ်ထားနိုင်ပြီး ထပ်မံကျောင်းဆောင်‌‌သစ် တစ်ဆောင် ဆောက်လုပ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းအတွက်လိုအပ်တဲ့ ရေလှောင်ကန်၊ မိုးကာ စတာတွေလည်း လိုအပ်နေတယ်လို့ ကျောင်းကော်မတီ ဥက္ကဌက ဆက်ပြောပါတယ်။

” လောလောဆယ်တော့ စာရေးကိရိယာက ‌ဘုတ်အဖွဲ့က လုပ်ပေးထားတာရှိတယ်ပေါ့။ ဒါပေမဲ့ကျနော်တို့က အရင်က ကျောင်း (အစိုးရ လက်ထက်ကကျောင်း) မှာပဲ သင်တာဖြစ်ခဲ့တာ ခုကျောင်းပြန်ရွှေ့မယ်ဆိုတော့ အ‌ဆောင်ဆောက်ဖို့အတွက် သစ်တွေ မိုးကာတွေ သွပ်ရနိုင်ရင်တော့ သွပ်ပိုကောင်းတယ်ပေါ့နော။ သွပ်ကတော့ ရေရှည်သုံးလို့ရတယ်ပေါ့ အဲ့ဒါတွေကတော့ အဓိကလိုအပ်ချက်ပဲပေါ့” လို့ သူကဆိုပါတယ်။ ကျောင်းရဲ့ စာသင်ဆောင်ကို ဆောက်လုပ်တာ တစ်ပတ်ဝန်းကျင်ရှိနေပြီဖြစ်ပြီး  ကျောင်းဆောင်သစ် ဆောက်လုပ်ဖို့ အခက်အခဲဖြစ်နေတာကြောင့် စာသင်ကြားမှုကို မပြုလုပ်နိုင်သေးဘဲ ခေတ္တရပ်နားထား တယ်လို့ သိရပါတယ်။ အဆိုပါ ကျောင်းမှာ ကျောင်းသူကျောင်းသား (၂၀၀)ကျော်ရှိပြီး ဆရာ၊ ဆရာမ (၁၆)ယောက် ရှိပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ကရင်နီပြည်မှာရှိတဲ့ ‌စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဘာသာရေးအဆောက် အအုံတွေကို လေယာဉ်နဲ့ ဗုံးကျဲတာတွေကို ပြုလုပ်နေတာပါ။ အဆိုပါ တိုက်ခိုက်မှုတွေကြောင့် မလုံခြုံတဲ့ စာသင်ကျောင်းမှာ သင်ကြားတာထက် တောတောင်ထဲမှာ ကျောင်းတွေကို ရွေ့ပြောင်း သင်ကြားနေကြဖြစ်ပါတယ်။

၁၅။ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏လက်နက်ကြီးကြောင့် တစ်လအတွင်း အရပ်သား(၁၆)ဦးသေဆုံးဟု KNU ပြော
 July 8, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ဇွန်လ တစ်လတာအတွင်း အရပ်သား ပြည် သူ စုစုပေါင်း(၁၆)ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ ကျောက်ကြီးမြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဝါးမူက ပြော သည်။ ကျောက်ကြီးမြို့နယ် အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ-၂၆၄) (ခလရ-၆၀) နှင့် စစ်ကောင်စီ ခြေမြန် တပ်ရင်း (ခမရ-၃၀၇) (ခမရ-၂၀) တပ်ရင်းများမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးအလုံး (၁၅၀)ကျော် ပစ်ခတ်ခဲ့သလို လေကြောင်း ဖြင့်ပါ ဗုံးကြဲခဲ့ခြင်းကြောင့် ယခုလို အရပ်သားထိခိုက်သေဆုံးမှုများဖြစ်ပွားရခြင်းဖြစ်ကြောင်း ပဒိုစောဝါးမူက ယခုလို ပြောသည်။“စစ်ကောင်စီက တစ်လအတွင်းမှာ လက်နက်ကြီးနဲ့ လေကြောင်းကိုပဲ အဓိက အသုံးပြုလာကြတယ်။ စစ်တောင်းမြစ်အနောက် ဘက်ခြမ်းက ရွာတွေက လက်နက်ကြီးတွေကြောင့် ရှောင်နေရတယ်။ ဒရုန်းတွေရော လက်နက်ကြီးတွေရော ဂျက်လေယာဉ်တွေ ကိုပဲ အဓိကအသုံးပြုလာကြတယ်။” ဟု ၎င်းက ပြောသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဆောထိမြို့နယ်မှတဆင့် ကုန်းမြင့်သာယာ အနီးတဝိုက်တွင် အခြေချ တပ်စွဲထားပြီး ကေအဲန်ယူ ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် နှစ်ဖက်စစ်ရေးတင်းမာမှုများလည်း ရှိနေကြောင်း ကျောက်ကြီးမြို့နယ် ပြောခွင့်ရသူက ဆက်ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းအသုံးပြုမှုကြောင့် ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာ(၈)ရွာနှင့်စစ်တောင်းမြစ်အနောက်ဘက်ခြမ်းရှိ ဒေသခံများမှာလည်း ကျေးရွာ အတွင်းနေ ထိုင် မရဲတော့ဘဲ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ညောင်လေးပင် ခရိုင်တွင် ပြီးခဲ့သည့်မေလအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် ဒေသခံ ပြည်သူ စုစုပေါင်း(၄၉၄,၅၉၀)အထိ စစ်ဘေး တိမ်းရှောင်နေကြရကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ထားချက်အရ သိရသည်။ Read ni full

၁၆။ မိုးမိတ်မှာ စားသောက်ကုန်ဈေးနှုန်း အဆမတန် မြှင့်တက်၊ စစ်ဘေးရှောင်တွေ အကူအညီ လိုအပ်နေ
 July 8, 2024
ရှမ်းမြောက် မိုးမိတ်မြို့မှာ တိုက်ပွဲကြား စားသောက်ကုန်ရဲ့ဈေးနှုန်း အဆမတန် မြှင့်တက်လာတာကြောင့် ဒေသခံတွေ အခက်အခဲ ကြုံနေရပြီး စစ်ဘေးရှောင် ၁ ထောင်နီးပါးကလည်း အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲ ဖြစ်ပွားပြီးနောက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ဆီ၊ ဆား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်ဥစျေးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်ကစပြီး ဇူလိုင် ၇ ရက်အထိ တစ်ပတ်အတွင်း ၃ ဆ၊ ၄ ဆ တက်လာတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ လက်ရှိ ဆီ တစ်ပိဿာကို ၄ သောင်းကနေ ၅ သောင်း၊ ဒေသထွက် ကြက်သွန်ဖြူ တစ်ပိဿာ ကို ၁ သောင်းခွဲ၊ ဆားတစ်ပိဿာကို ၄ ထောင်၊ ကြက်သွန်နီ တစ်ပိဿာကို ၇ ထောင်၊ ခရမ်းချဥ်သီး တစ်ပိဿာကို ၁ သောင်းခွဲ၊ ကြက်ဥ ၁ လုံးကို ၁ ထောင်ကနေ (၁,၅၀၀)ကျပ်အထိ ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၈ မတိုင်ခင် ဆီ တစ်ပိဿာကို ၁ သောင်း၊ ဒေသထွက် ကြက်သွန်ဖြူ တစ်ပိဿာကို ၉ ​ထောင်၊ ဆားတစ်ပိဿာကို ၁ ထောင်၊ ကြက်သွန်နီ တစ်ပိဿာကို (၃,၅၀၀)၊ ခရမ်းချဥ်သီး တစ်ပိဿာကို ၅ ထောင်၊ ကြက်ဥ ၁ လုံးကို ၃၀၀ ကျပ် ရှိခဲ့ပါတယ်။

“စကစတွေက မိုးမိတ်မြို့ရဲ့ အဝင်အထွက်ကို ပိတ်လိုက်တယ်။ မပိတ်ရင်လည်း တိုက်ပွဲဖြစ်တော့ ကားတွေ ကုန်စည် တွေ မလှုပ်ရှားဘူး။ ဆီက ရိုးရိုးပဲဆီဘဲ။ ဒါတောင် ​ရောင်းတဲ့လူ နည်းတယ်။ ဓာတ်ဆီလည်း တစ်လီတာကို ၁ သောင်း ရှိတယ် အခု။ အရင်က ၃,၅၀၀ လေ။” စစ်ဘေးရှောင် ၁ ထောင်နီးပါး (၉၈၆ ဦး)ရှိပြီး အခုလို ကုန်ဈေးနူန်း မြှင့်တက်လာတဲ့အပြင် တိုက်ပွဲ ဖြစ်ပြီး ​ဒေသခံတွေက အလုပ်အကိုင် မရှိတာကြောင့် အကူအညီ လိုအပ်နေတယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “စစ်ဘေးရှောင်တွေကို ကူညီပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ။ ကျနော်တို့ အဝင်အထွက် လုပ်လို့မရဘူး။ သူများ ရပ်ရွာက ဘုန်းကြီးကျောင်းမှာနေပြီး အခက်အခဲ တွေ့နေတယ်” ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကစပြီး ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ သီပေါနဲ့ မိုးကုတ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းအဖြစ် TNLA နဲ့ ပူးပေါင်း တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။ Read ni full
၁၇။  စစ်ကောင်စီကန့်သတ်ထား၍ သံတွဲဒေသ၌ ဆေးဝါးပြတ်လပ်လာ
 July 8, 2024
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ မြို့ပေါ်နှင့်ကျေးရွာများတွင် ဇွန်လနှောင်းပိုင်းမှစတင်ကာ အိမ်သုံးဆေးတချို့နှင့် နာတာ ရှည် လူနာများအတွက် ဆေးဝါးများဝယ်ယူ၍ မရတော့ဘဲ ပြတ်လပ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ရွှေလှေတိုက် နယ် ဒေသခံတဦးက “ဆေးက လုံးဝပြတ်သွားပြီ၊ ငွေရှိတဲ့သူတွေကတော့ သူတို့သောက်ရမယ့်ဆေးကို ကြိုပြီး များများဝယ်ထား နိုင်တယ်။ ရွာမှာ လစဉ်ဆေးသောက်နေရတဲ့ နာတာရှည်သမားတွေရှိတယ်။ ဆေးဝယ်ဖို့ ငွေမရှိလို့ စားဖို့ ဆန်ကိုရောင်းပြီး ကျနော့ကို ဆေးဝယ်ခိုင်းတယ်။ သံတွဲကိုတက်ပြီး ရှာဝယ်တာ ဘာဆေးမှ မရသလောက်ဖြစ်နေပြီ” ဟု ပြောသည်။ ရွှေလှေတိုက်နယ်၊ ရွှေလှေရွာတွင် တိုက်နယ်ဆေးရုံရှိသော်လည်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ဆေးရုံပါ ပြိုကျပျက်စီးသွားပြီ ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ “ကျနော်က ဆေးဓာတ်မတည့်တဲ့ ရောဂါရှိတော့ တည့်တဲ့ဆေးတွေ တခုမှ ဝယ်မရလို့ အခက်အခဲ ဖြစ်နေတယ်” ဟု သံတွဲ-တောင်ကုတ်လမ်းပိုင်းရှိ ကျေးရွာတရွာမှ ဒေသခံတဦးက ပြောသည်။

လွန်ခဲ့သည့် ၂ လကျော်ကာလ သံတွဲဒေသတိုက်ပွဲများ စတင်ချိန်ကတည်း က စစ်ကောင်စီသည် ဆေးဝါးတင်သွင်ခွင့် ကန့် သတ်ထားသလို၊ လေ ကြောင်းမှ သယ်ယူရောင်းချနေသော ပုဂ္ဂလိက ဆေးဆိုင်များ၏ ဆေးပစ္စည်းများကို အဓမ္မ သိမ်းဆည်း ခြင်းများ ပြုလုပ်ခဲ့သည်။ ဇွန် ၃ ရက်ကစတင်ကာ စစ်ကောင်စီသည် လေယာဉ်ကွင်းကို ပိတ်ဆို့လိုက်သည့်နောက်ပိုင်း ဆေးဝါးတင်သွင်းခြင်းများ ရပ်ဆိုင်းခဲ့ကြသလိုလက်ကျန်ဆေးဝါးများကိုသာဆက်လက်ရောင်းချနေရကြောင်း၊ ဆေးဝါးများ ဝယ်ယူ၍မရသည်မှာ လွန်ခဲ့သည့် ၂ လခန့်ကပင်ဖြစ်ပြီး ယခု ပြတ်တောက်လုနီးပါးဖြစ်နေကြောင်း သံတွဲမြိုပေါ်တွင် နေထိုင်သူများနှင့် ဆေး အရောင်းဆိုင်အချို့က သိရသည်။ သံတွဲဒေသသို့ ရန်ကုန်မှပို့ပေးရန် ကြိုးစားနေသည့် စေတနာ့ဝန်ထမ်းတဦးက “ပြီးခဲ့တဲ့ တခေါက်က မြို့အတွက် အိမ်သုံးဆေးလိုတဲ့သူတွေကို နည်းနည်း ဝယ်ပို့ပေးတာ ဆေးဖိုးက ၁ သိန်း၊ ကားတင်ခက ၅ သောင်း ကျ တယ်၊ နောက်တခေါက်ထပ်ပို့ဖို့မေးတာ ဘယ်ကားကမှ မသယ်ပေးရဲဘူး။ ပို့ပေးဖို့ ဆေးအသင့်ရှိတာတောင် တရားမဝင်ကုန် ပစ္စည်းဖြစ်နေလို့ ပို့မရဖြစ်နေတယ်”ဟု ပြောသည်။ Read ni full
၁၈။ စစ်မှုထမ်းဖို့ငြင်းဆန်ခဲ့တဲ့ သရက်ချောင်းဒေသခံတွေဆီက တစ်ဦးကိုကျပ်သိန်းလေးဆယ်တောင်းခံ
 July 8, 2024
စစ်မှုထမ်းဖို့ ငြင်းဆန်ခဲ့တဲ့ အိမ်ရှေ့ပြင်ရွာခံတွေဆီကနေ ကျပ်သိန်းဆယ်ချီပြီး စစ်ကောင်စီတပ်က တောင်းတာတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သရက်ချောင်းမြို့နယ်ထဲမှာရှိတဲ့ အိမ်ရှေ့ပြင်ရွာက အုပ်ချုပ်ရေးမှူးနဲ့စစ်ကောင်စီ တပ် သားတွေဟာ အခုလ ၃ ရက်နေ့မှာ အိမ်ရှေ့ပြင်ရွာထဲကို  ဗီဂိုးကားငယ်နှစ်စီးနဲ့ ဝင်လာပြီး အိမ်သုံးအိမ်က အမျိုးသားတစ်ဦးချင်းစီ ကို စစ်မှုထမ်းဖို့ လာရောက်ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်မှုထမ်းဖို့ ခေါ်ခံရတဲ့ ကာယကံရှင် အပါအဝင် မိသားစုဝင်တွေက ငြင်းဆိုခဲ့တဲ့အတွက် လူအစားထိုးငှားဖို့ဆိုပြီး တစ်ဦးကို ကျပ်သိန်းလေးဆယ်တောင်းခဲ့တယ်လို့ ဒေသခံတွေ က ပြောပြပါတယ်။“ပိုက်ဆံမပေးနိုင်သေးတော့ ငိုယိုပြီး ပိုက်ဆံလိုက်ချေးနေတာပေါ့။ သူတို့ကိုကြည့်ပြီး ကိုယ်တိုင်လည်း စိတ်မကောင်းဘူး။” လို့ ရွာခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ အခုလို ငွေတောင်းခံတာမျိုး အိမ်ရှေ့ပြင်ရွာမှာ အရင်က မရှိခဲ့ဖူး ဘူးလို့လည်း ဒေသခံတွဆီက သိရပါတယ်။ ငွေတောင်းခံခဲ့တဲ့ အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်သားတွေက ရွာကိုနောက် တစ်ခေါက် ပြန်လာခဲ့မယ်လို့ ပြောဆိုခဲ့ပြီး ဘယ်နေ့ဆိုတာကိုတော့ အတိအကျပြောခဲ့တာမျိုးမရှိဘူးလို့ သိရပါတယ်။
အိမ်ရှေ့ပြင်ရွာနဲ့ နှစ်ရွာသာခြားတဲ့ ဆင်ဖြူပြင်ရွာမှာတော့ စစ်မှုထမ်းစာရင်းပါပြီး မလိုက်လိုတဲ့သူတွေအနေနဲ့ လူအစား ထိုးငှားဖို့အတွက် စစ်ကောင်စီတပ်ဆီကို ကျပ် ၁၅ သိန်းပေးနေရတယ်လို့လည်း ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ အိမ် ရှေ့ပြင်ရွာမှာ စစ်မှုထမ်းဖို့ လူစာရင်းလာကောက်တာက ပျူစောထီးတွေလိုက်ပါလာတဲ့ ကားငယ်နှစ်စီးကို ထားဝယ်-မြိတ်ကား လမ်းမပေါ်မှာ ဒေါင်းညီနောင်စစ်ကြောင်းက ပစ်ခတ်တဲ့ ဖြစ်စဉ်ဖြစ်ပြီးနောက်မှာ ရောက်လာတာလို့ ရွာခံတချို့ကယူဆပါတယ်။ “တမင်လာရွေးခေါ်သလို ဖြစ်နေတယ်။ သရက်ချောင်းမှာ တစ်ခုခုဖြစ်ရင် ရွာကိုမကြာမကြာဒုက္ခလာပေးမယ့်ပုံမျိုး။ အုပ်ချုပ် ရေးမှူးက ကားရှေ့ခန်းထိုင်ပြီး လိုက်လာတယ်။ သူပဲအိမ်တွေကို လက်ညှိုးထိုးပြီး တံခါးတွေ အတင်းဖွင့်ဝင်တာ။” လို့  ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့အတူပါလာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးကလည်း  အခု လို အိမ်တိုင်ယာရောက် စစ်မှုထမ်းဖို့လာခေါ်တာဟာ အုပ်ချုပ်ရေးမှူးရဲ့ဦးဆောင်မှုနဲ့ရောက်လာတာလို့ ပြောဆိုခဲ့တဲ့အကြောင်း ကိုလည်း အဆိုပါဒေသခံအမျိုးသမီးက ပြန်လည်ပြောပြပါတယ်။ တခြားကျေးရွာအများစုမှာလည်း အုပ်ချုပ်ရေးမှူးရုံးမှာ အစည်း အဝေးထိုင်ပြီးမှာ မဲနှိုက်ရွေးချယ်တာမျိုး လုပ်ဆောင်လေ့ရှိတာကို တွေ့ရပါတယ်။ Read ni full

၁၉။ အောင်ဇေယျစစ်ကြောင်းကို နည်းဗျူဟာကျကျ ချေမှုန်းချိုးဖျက်သွားမည်ဟု KNU ဆို
 July 8, 2024
စစ်ကောင်စီတပ်၏ နိုင်ငံတော်အဆင့်စစ်ဆင်ရေးဖြစ်သည့် “အောင်ဇေယျ” အမည်ရစစ်ကြောင်းကို နည်းဗျူဟာကျကျ ချေမှုန်းချိုးဖျက်သွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးကပြောသည်။ “အောင်ဇေယျ”အမည်ရစစ်ကြောင်းကို ချေမှုန်းချိုးဖျက်နိုင်ရန် သက်ဆိုင်ရာတပ်မှူးများနှင့် အစီစဉ်ရေးဆွဲလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ ပဒိုစောကလယ်စေးက “အောင်ဇေယျစစ်ကြောင်းက နိုင်ငံတော်အဆင့်ဖြစ်တဲ့အပေါ်မှာ ကျွန်တော်တို့လျော့တွက်လို့ တော့မရဘူး။ အဲ့တာကြောင့်မို့ ကျွန်တော်တို့ သူတို့ချီတက်ရာလမ်းကြောင်းတလျောက်ကို သေသေချာချာစနစ်တကျနဲ့ နည်းဗျူ ဟာကျကျနဲ့ ချေမှုန်းဖို့ချိုးဖျက်ဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့သိရှိထားတယ်” ဟု ဆိုသည်။ ဇူလိုင်လ ၅ ရက် နံနက် တွင် စစ်ကောင်စီ‌၊ အောင်ဇေယျစစ်ဆင်ရေး နောက်တန်းနေရာအား ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အောင်ဇေယျစစ်ဆင်ရေးအား ပူးပေါင်းတပ်ဖွဲ့နှင့်အတူ အစွမ်းကုန်ရိုက်ချိုးသွားမည်ဖြစ်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA က ထုတ် ပြန်ထားသည်။ ထို့ပြင် မိမိဆန္ဒမပါဘဲ စစ်တပ်ထဲ အတင်းအဓမ္မသွပ်သွင်းခံရကာ အကြပ်ကိုင်ခိုင်းစေမှုကြောင့် အောင်ဇေယျ စစ် ဆင်ရေးရှေ့တန်းတစ်နေရာသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတကာဥပဒေစံနှုန်းနှင့်အညီ အသက် ရှင်သန်ခွင့်ရလိုလျင် KNLA ထံသို့ လာရောက် လက်နက်အပ်နှံရန် သတိပေးထားသည်။

နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ဆင်ရေးတွင် တပ်မ ၅၅ ကို အဓိကအသုံးပြုထားပြီး မြဝတီမြို့ မြို့စောင့်တပ် ခြေလျင်တပ်ရင်း ခလရ၏ တပ်မ ၄၄ က လက်ကျန်အင်အားများနှင့် တပ်မ ၅၅ မှ လောက်ကိုင်အညံ့ခံတပ်သားများ လည်းပါ ဝင်သည်။ အောင်ဇေယျစစ်ကြောင်းသည် ၃ လကျော်ကြာမြှင့်သည့်အချိန်ထိ တောနော်အနီး ဝန်းကျင်သာရှိသည်ဟု KNU ပြော ရေးဆိုခွင့်ရှိသူ  ပဒိုစောကလယ်စေးက ဆိုသည်။ ၎င်းက “လက်ရှိ အောင်ဇေယျစစ်ကြောင်းရဲ့ အခြေအနေနဲ့ ရောက်ရှိတဲ့နေရာ ကတော့ တောနော်ရေတံခွန် အထက်နား တောင်ပေါ်မရောက်တစ်ရောက်လို အခြေ အနေမျိုးမှာပဲ သူတို့ရှိနေတုန်းပဲလို့ ပြောလို့ ရပါတယ်။ နေ့စဉ်နဲ့အမျှ သူတို့ရှေ့တိုးနိုင်ဖို့ ကြိုးစားတဲ့အခါမှာ ကျဆုံးမှုတွေ ဒဏ်ရာရမှုတွေကတော့ ကျွန်တော်တို့ ရှေ့တန်းတပ် မှူးတွေရဲ့ ပြောပြချက်အရတော့ တော်တော်များပါတယ်။ သူတို့ရောက်ရှိတဲ့ ခရီးကတော့ ဘယ်မှတိတိကျကျမရောက်သေးဘူး အဝေးကြီးရှိ နေတုန်းပဲဆိုတာပြောလို့ရပါတယ်” ဟုဆိုသည်။  Read ni full

၂၀။ ဝူယန်ကျေးရွာ၊ ခါနန်စစ်ရှောင်စခန်းက ကျောင်းသူ/သား အယောက် ၁၀၀ ကျော် ကျောင်းမတက်ရသေး
 July 8, 2024
ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာက ခါနန်စစ်ရှောင်စခန်းက ကျောင်းသူ/သား ၁၀၀ ကျော် ကျောင်းမတက်ရသေးတဲ့ အတွက် မိဘတွေစိုးရိမ်နေပါတယ်။ ငွေကြေးတတ်နိုင်တဲ့ မိဘတချို့ကတော့ ကလေးတွေကို မြစ်ကြီးနားမြို့ဘက်မှာ ကျောင်း ထားပြီး တချို့က နောင်းချိန်းစစ်ရှောင်ဘက်မှာ ပြောင်းနေပြီးတော့ ကျောင်းအပ်နှံကြပေမဲ့ တချို့က ကျောင်းမတက်နိုင်သေးဘူး လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။ “တစ်ဝက်လောက်ကတော့ ဘယ်မှာမှကျောင်းမတတ်နိုင်ဘဲ စခန်းမှာပဲ နေနေကြတယ်။ ကျွန်တော်တို့လည်း ကလေးတွေကို Grammar(သဒ္ဒါ) ပဲဖြစ်ဖြစ် သင်မလို့လုပ်ပေမဲ့ နေရာမလုပ်နိုင်တော့ မသင် နိုင်သေးဘူး။ အဲဒါကြောင့် မူကြိုပဲဖြစ်ဖြစ် ဖွင့်နိုင်အောင် ပြင်ဆင်နေတယ်။”လို့ တာဝန်ခံက ဆိုပါတယ်။ ကျောင်းမတက်နိုင်တဲ့ ကလေးတွေကို စာနဲ့အဆက်မပြတ်စေဖို့ စခန်းအတွင်းမှာပဲ အင်္ဂလိပ်၊ Grammar ၊ သင်္ချာ၊ သိပ္ပံ စတဲ့ ဘာသာရပ်တွေကို တစ်ပတ် ၃ ရက် လောက် သင်ပေးဖို့ ဆရာ/မတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

ကျောင်းမတတ်ဘဲ နေမယ်ဆိုရင် ကျောင်းစာနဲ့အဆက်ပြတ်မှာကို မိဘတိုင်းက စိုးရိမ်နေတဲ့အတွက် တတ်နိုင်တဲ့ဘက် က လုပ်ဆောင်ပေးစေချင်တယ်လို့လည်း တောင်းဆိုနေကြပါတယ်။ တိုက်ပွဲအခြေအနေငြိမ်သွားပြီး ရွာအတွင်းကျောင်းပြန်ဖွင့် နိုင်တဲ့ အခြေအနေရောက်ရင် ကလေးတွေ စာလိုက်နိုင်အောင် စခန်းတွင်းသင်ကြားနိုင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့လည်း တာဝန်ခံက ဆိုပါတယ်။ စခန်းမှာ အိမ်ခြေ ၂၃၀ ရှိပြီး ကျောင်းသူ/သား အယောက် ၂၀၀ ကျော်ရှိတဲ့အထဲက ၁၀၀ နီးပါးလောက် တခြားနေရာကိုပြောင်းပြီး ကျောင်းသွားတက်နေတဲ့အတွက် စစ်ရှောင်စခန်းမှာ ကျောင်းမတက်ရတဲ့ ကလေးအယောက် ၁၀၀ ကျော် ကျန်နေတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ စစ်ရှောင်စခန်းကပြည်သူတွေ စားဖို့အတွက် အစားအစာလိုအပ်ပြီး မိုးတွင်းဖြစ်တဲ့အတွက် ငှက်ဖျားနဲ့ တုပ်ကွေးစတဲ့ အခြေခံဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

၂၁။ ဖရူဆိုမှာ ကျောင်းစာသင်ဆောင် မလုံလောက်တာကြောင့် ကျောင်းသားတွေ အချိန်ပြည့် အတန်းတက်ခွင့်မရ
 July 8, 2024
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း၊ ထီးဖရူနူစစ်ရှောင်စခန်းမှာရှိတဲ့ အထက်တန်းကျောင်းမှာစာသင်ဆောင် မလုံလောက်တာကြောင့် ကျောင်းသူ၊ ကျောင်းသားတွေဟာ ကျောင်းကို တစ်ပတ်မှာ ၃ရက်သာ တက်ခွင့်ရတယ်လို့ ကျောင်း ဆရာတစ်ဦးက ပြောပါတယ်။“အခု ကျောင်းဆောင်လိုအပ်ချက်အနေနဲ့ ကျနော်တို့ ဘာတွေရှိမလဲဆိုတော့ ကျောင်းဆောင် အသစ်တိုးချဲ့တာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ကျနော်တို့ကျောင်းတက်နေတဲ့ အချိန်ကာလမှာဆိုရင် နှစ်ပိုင်းခွဲတက်ရတယ်။ ဒီမှာဆိုရင် မူလတန်းမှာဆိုရင် ၃ ရက်တက်တယ်၊ အထက်တန်းနဲ့ အလယ်တန်းကို ၃ရက်တက်တယ် အဲ့လိုခွဲပြီး တက်ရတဲ့ အနေ အထားမှာဆိုရင် လိုအပ်ချက်တွေ အများကြီးရှိတယ်ပေါ့” လို့ အဆိုပါ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ စာသင်နှစ် အထိ စာသင်ကျောင်းကို အလယ်တန်းအဆင့်အထိသာ ဖွင့်လှစ်ခဲ့ပေမယ့် ကျောင်း သားဦးရေများပြားလာတဲ့အတွက် အထက် တန်းအဆင့် တိုးချဲ့ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။ ကျောင်းသားဦးရေ များပြားပြီး စာသင်ဆောင်မလုံလောက်တာကြောင့် မူလတန်း၊ အလယ်တန်း ၊ အထက်တန်း အဆင့်ကို ရက်ပိုင်းခြားပြီး သင်ကြားပေးနေရတာပါ။

“ကျနော်တို့က ဒီအလယ်တန်းအထိဘဲ ဖွင့်တယ်ပေါ့နော။ အခုနောက်ပိုင်းမှာဆိုရင် ကျနော်တို့အထက်တန်း ဖြစ်တဲ့ Grade 10 နဲ့ Grade 11 ကို ထပ်တိုးချဲ့ဖွင့်လှစ်တာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ကျောင်းဆောင်အသစ်တွေလိုတယ်။ ဟောင်းနေ တဲ့ဟာကို ထပ်မံမွမ်းမံတယ်။ အခန်းတွေ လိုအပ်နေတာ ဖြစ်တာကြောင့်မလို့ ကျနော်တို့ထပ်ပြီး တိုးချဲ့ဆောက်လုပ်ထားတာ ပေါ့နော်။” လို့ အဆိုပါ ကျောင်းဆရာတစ်ဦးက ဆက်ပြောပါတယ်။ စာသင်ဆောင်အပြင် ကျောင်းဖတ်စာအုပ်လည်း လုံလောက် မှုမရှိဘဲ ကျောင်းသားနှစ်ဦးလျှင် ဖတ်စာအုပ်တစ်အုပ်နှုန်းနဲ့သာ စုပေါင်း ကြည့်နေရပါတယ်။ အထက်တန်းအဆင့်ထိ တိုးချဲ့ဖွင့် လှစ်ထားပေမယ့် သင်ကြားမယ့် ဆရာ၊ ဆရာမ ဦးရေ လိုအပ်နေတာကြောင့် ပညာရေးနှောင့်နှေးမှုတွေလည်း ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ စာသင်ကျောင်းကို ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်ကစပြီး အနီးအနားရှိ ကျေးရွာဒေသခံတွေနဲ့ စစ်ရှောင်စခန်းမှ ကျောင်းသားတွေ စုပေါင်းတက်ရောက်နေကြပါတယ်။ ကျောင်းသားဦးရေ ၂၀၀ ကို ဆရာ၊ ဆရာမ (၁၅)ဦးနဲ့ သင်ကြားပေးလျက် ရှိပါတယ်။ လက်ရှိမှာတော့ စာသင်ဆောင်၊ ဆရာ၊ ဆရာမ၊ အမိုးအကာ၊ အခင်း၊ ကျောင်းသုံးဖတ်စာအုပ်တွေ လိုအပ်နေဆဲဖြစ် ပါတယ်။ Read ni full

၂၂။  တောတောင်ထဲရောက် ပင်လောင်း စစ်ရှောင်များအတွက် အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါးလိုအပ်
 July 9, 2024
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်ဘက်ရှိ တောတောင်ထဲတွင်ရှောင်နေရသော စစ်ဘးရှောင်များသည် စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့်မိုးကာများလိုအပ်နေကြောင်း စုံစမ်းသိရသည်။ ထိုစစ်ရှောင်များသည် ဆောင်းပြောင်း၊ နမ်းနိန်း၊ တောင်စလုံး၊ မြောက်စလုံး ဒေသခံများဖြစ်ပြီး၊ ယင်းစစ်ရှောင်များသည် တိုက်ပွဲမဖြစ်သည့်ကျေးရွာများတွင် ဆွေမျိုးများမရှိသည့် အပြင် ဘုန်းကြီးကျောင်းများတွင်လည်း ထပ်မံပြီး လက်မခံတော့သောကြောင်း တောထဲတွင်တဲထိုးပြီး ရှောင်နေရကြောင်း စစ် ရှောင်တစ်ဦးက ပြောသည်။“ရွာတွေမှာ ဘုန်ကြီးကျောင်းတွေမှာ လက်မခံတော့လို့ တော ဖက်ပြန်ရှောင်တာ။ မိုးကာနဲ့ ဆိုတော့ လုံခြုံမှုလည်းမရှိဘူး။”ဟု စစ်ရှောင်တစ်ဦးက ပြောသည်။ တောထဲတောင်ထဲရှောင်နေရသော စစ်ရှောင်များသည် တစ်ထောင်နီး ပါးရှိပြီး သက်ကြီးရွယ်အိုများ၊ကလေးငယ်များ ၊အမျိုးသမီးများ အများဆုံးပါဝင်ပြီး အကူအညီများလည်း မရရှိကြောင်းသိရသည်။

“စားနပ်ရိက္ခာ၊မိုးကား၊ဆေးဝါးလိုအပ်နေတယ်။မိုးကလည်း တစ်ခါတစ်လေ မိုးက တစ်ညလုံးရွာတော့ အိပ်တောင် မအိပ်ရဘူး။ မြေပေါ်ဘဲ အခင်းခင်းပြီးအိပ်ကြတော့ ဖျားကြတယ်။ချောင်းဆိုး၊နှာစေးတာများတယ်။ထွက်ပြေးတုန်းလည်း ဘားမှ မယူနိုင်တော့ အလှူရှင် လာကူညီဖို့ဘဲမျှော်လင့်နေရတယ်။”ဟု နောက်စစ်ရှောင် တစ်ဦးကပြောသည်။ ယခု ပင်လောင်းမြို့နယ် တောင်ဖက်တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ကျေးရွာ ၃၀ ကျော်မှ ရွာသားများလည်း ရွာမပြန်နိုင်ကြသေးကြောင်း သိရသည်။ ပင်လောင်းမြို့နယ် တစ်ခုလုံးတွင် တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ ၂၅၀၀၀ နှင့် အထက်ရှိကြောင့် ပအိုဝ်းလူငယ် အစည်းအရုံး PYO ထုတ်ပြန်လျက်အရသိရသည်။ Read ni full

၂၃။ သထုံ ရွှေသံလွင်တိုးဂိတ်တွင် လက်နက်ခဲယမ်းများ ဖမ်းမိ
 July 8, 2024
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာ၊ ရွှေသံလွင်တိုးဂိတ်မှာ ဇူလိုင် ၆ ရက်က စစ်ကောင်စီတပ်သားတွေက ယာဉ်တစီးပေါ်ကနေ အမျိုးသားတဦးကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ရွှေသံလွင်တိုးဂိတ်မှာ စစ်ကောင်စီတပ်သားတွေ မနက် ၁၀ နာရီလောက်က စစ်ဆေးနေတဲ့အချိန် ဘားအံဘက်ကနေ သထုံဘက် ကို မောင်းလာတဲ့ ဟွန်ဒါဖစ် အနက်ရောင် ကားပေါ်ကနေ ပစ္စတိုတလက်၊ ရှော့ဂန်းတလက်နဲ့အတူ အသက် ၄၀ အရွယ် ကိုအောင်ကျော်မိုး ဆိုသူကို ဖမ်းဆီးရမိခဲ့ပါတယ်။ ရဲစခန်းနဲ့ နီးစပ်သူတဦးက “ပုံမှန်အတိုင်း ရွှေသံလွင်ဂိတ်မှာ စစ်နေတဲ့အချိန် ကားမောင်းလာတဲ့လူက အမူအရာမမှန်လို့ တကားလုံး စစ်‌လိုက်တဲ့အချိန်မှာ ကျည် ၁၀ တောင့်စီရှိတဲ့ ပစ္စတိုတလက်နဲ့ ရှော့ဂန်း တလက် တွေ့တာ။ အခု စစ်ဆေးနေတုန်းပဲဆိုတော့ ဘယ်လို‌အရေးယူမလဲ ဆိုတာတော့ သေချာမသိသေးဘူး” လို့ ပြောပါတယ်။

လက်နက်တွေနဲ့အတူ ဖမ်းဆီးခံရတဲ့ ကိုအောင်ကျော်မိုးဟာ ကျိုက်ထို သိမ်ဇရပ်မြို့မှာ နေထိုင်ပြီး သူ့ကို သထုံရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ကိုအောင်ကျော်မိုး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ကျိုက်ထိုမြို့နယ်ရှိ တော်လှန်ရေးအဖွဲ့တွေကို ဆက်သွယ်မေးမြန်းရာမှာတော့ သူတို့မသိသလို ပတ်သက်တာလည်း မရှိဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်က လည်း မုဒုံမြို့နယ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်မှာ ပစ္စတို ၅ လက်၊ ကျည်ဆန်တွေနဲ့အတူ အမျိုးသားတဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ Read ni full
၂၄။ ကော့ကရိတ်ဒေသခံ စစ်ရှောင်များ၏ အိမ်မွေးတိရစ္ဆာန်များကို စစ်ကောင်စီတပ်က စိတ်ကြိုက် ဖမ်းယူစားသောက်နေ
 July 8, 2024
 ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် မြို့အနီးကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယာယီ စစ်ရှောင် နေရသည့် ဒေသခံပြည်သူများ၏ နေအိမ်ရှိအိမ်မွေးတိရစ္ဆာန်များကို စိတ်ကြိုက် ဖမ်းယူသတ်ဖြတ်စားသောက် နေကြကြောင်း ဒေသခံများက ပြောသည်။ ယခုနှစ်ဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့သည့် ကော့ကရိတ်မြို့ပေါ် တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရသည့် ကော့ကရိတ်မြို့အနီးကျေးရွာမှ ဒေသခံများသည် ယနေ့ အချိန်ထိ နေအိမ်မပြန်ရဲ ကြသေး ဘဲ ၎င်းတို့မွေးထားသည့် ကျွဲ၊ နွား၊ ဝက်နှင့် ကြက်များကို ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စိတ်ကြိုက် ဖမ်းယူ သတ်ဖြတ်စားသောက်နေကြကြောင်း မျက်မြင်တွေ့ရှိသည့် ၎င်းစစ်ရှောင်ဒေသခံများ က ပြောသည်။ ကြောင်လျှာကုန်း ရွာသားတစ်ဦးက “စစ်ကောင်စီတပ်က ရွာသားတွေရဲ့ နွားတွေ ကြက်၊ ဝက်တွေ အများကြီး သတ်စားနေတယ်။ အရင်က ဝက် တွေကြက်တွေပဲစားတယ်။ ကြက်၊ ဝက်တွေ နည်းလာတော့ အခု နွားတွေပါ သတ်စားနေတယ်။ ကျနော်သိရသလောက် နွား တွေ လည်း မနည်းဘူး သတ်စားနေတာ၊ ရွာသားတွေ ပြန်မရဲတော့ စိတ်ကြိုက်သတ်စားတာပေါ့”ဟု ပြောသည်။

“ရွာသားတွေ မွေးထားတဲ့ တိရစ္ဆာန်တွေ သူတို့(စစ်ကောင်စီ) တွေသဘောရှိ ဖမ်းစားတာမကဘူး၊ အိမ်တွေလည်း တော် တော်ထပ်ပြီးမီးရှို့ဖျက်ဆီးနေတယ်။ ကျနော့်အိမ်ရှိတဲ့အပိုင်းတော့အကုန်ထပ်ရှို့လိုက်ပြီး။ ဒီတစ်ခါတော့ကော့နွဲရွာနဲ့ ရွာသစ်ကုန်း ရွာက အိမ်တွေအများအပြား မီးရှို့ဖျက်ဆီးခံရတယ်”ဟု ကော့နွဲရွာသားတစ်ဦးက ပြောသည်။ စစ်ရှောင်နေရသည့် ဒေသခံရွာသား များအနေဖြင့် ၎င်းတို့မွေးမြူထားသည့် ကျွဲ၊ နွား တိရစ္ဆာန်များကို ပြန်လည် ဖမ်းယူရာတွင်လည်း စစ်ကောင်စီတပ် ဖွဲ့ဝင်များမရှိ သည့် ကျေးရွာအနီးတွင်သာ လိုက်ရှာဖမ်းယူနေကြရကြောင်းလည်း ဒေသခံများကပြောသည်။ ထို့အပြင် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် ကျေးရွာများအနီးတွင် လယ်များလုပ်ကိုင်၍ မရကြသေးသလို စစ်ကောင်စီတပ်၏ လက်နက်ကြီး များ၊ ဒရုန်းများနေ့စဥ် ပစ်ခတ်ဗုံးကြဲမှုကြောင့် ဒေသခံ ရွာသားများ မကြာခဏထိခိုက်သေဆုံးမှုများရှိနေကြောင်းလည်း စစ်ရှောင် ရွာသားများက ပြောသည်။ Read ni full

၂၅။ လွိုင်ကော်အရှေ့ဘက်ခြမ်းရှိ ယေရုရှင်လင်စစ်ရှောင်စခန်းမှာ စာသင်ကြားနိုင်မယ့် ဆရာ ၊ ဆရာမ လိုအပ်နေ
 July 8, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းရှိ ယေရုရှင်လင် စစ်ရှောင်စခန်းက မူလတန်း ကိုယ်ထူကိုယ်ထ စာသင် ကျောင်းမှာ စာသင်ကြားနိုင်မယ့် ဆရာ၊ ဆရာမ လိုအပ်နေတယ်လို့ ကျောင်းတာဝန်ခံ ဆရာမ ဒေါ်မာရီယာက ပြောပါတယ်။ အဆိုပါ စာသင်ကျောင်းမှာ ကျောင်းအသုံးအဆောင်ပစ္စည်းနဲ့ စာရေးကိရိယာတွေလည်း လိုအပ်မှုရှိနေတယ်လို့ ဆိုပါတယ်။“ ကျမတို့ လိုအပ်နေတာ မြေဖြူတို့ ကျောင်းပရိဘောက ဒီလိုမျိုး သင်ပုန်းတွေ အဲ့လိုမျိုးတွေ လိုအပ်နေတယ်။ ခဲဖျက်တွေ ဆရာမ စာရေးခုံတွေ ထိုင်ခုံတွေ မလုံလောက်သေးဘူးပေါ့နော် ကလေးတွေက အောက်မှာပဲ ထိုင်နေရတာပေါ့။ သင်ကြားပေးနေတဲ့ ဆရာမတွေက နည်းနေတာပေါ့ ဆရာမတို့ သင်တာက ၃ ယောက်ပေါ့နော် ဒါပေမယ့် ဆရာမ နည်းနေတဲ့ခါကျတော့ အခန်းက ၅ ခန်း ရှိနေတဲ့ခါကျတော့ နည်းနည်းတော့ ခက်ခဲမှုရှိတာပေါ့” လို့ သူက ပြောပါတယ်။
စာသင်ကျောင်းမှာ KG တန်းကနေ ၄ တန်းအထိဖြစ်ပြီး ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၃၄) ဦးကို ဆရာမ ၃ ဦးနဲ့ သင်ကြားပေးနေပါတယ်။ လာမယ့် စာသင်နှစ်မှာတော့ ၅ တန်းအထိ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။  စာသင် ကြားတဲ့အခါမှာလည်း WhiteBoard မလုံလောက်တာကြောင့် သုံးထပ်သားပျဉ်နဲ့ အသုံးပြုပြီး သင်ကြားနေရတယ်လို့ စစ်ရှောင် ကော်တီမဝင်တစ်ဦးက ပြောပါတယ်။“Whiteboard  အခက်အခဲ ရှိတယ် ကျနော်တို့ ဒီသုံးထပ် သားဝယ်ပြီး ကိုယ်ကိုယ့်  ဒီတိုင်း မြေဖြူနဲ့ အဲ့လိုနဲ့ရေးတယ်။ စာရေးခုံက မရှိဘူး ဒီလိုပဲ ခုံပျက်တွေပေါ့ ခြေထောက်ကျိုး တဲ့ဟာ ပြန်ပြုပြင်တာ အခက်အခဲရှိတယ်။ KG နဲ့ ပထမတန်းတော့ ဒီလိုမျိုးထိုင်ပြီးတော့ ရေးတယ်” လို့ သူကပြောပါတယ်။  လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာ ကိုယ်ထူ ကိုယ်ထ ကျောင်းအပါအဝင် စာသင်ကျောင်း ၄၀ ကျော်ရှိပြီး စာသင်ကျောင်းအများစုကို ဇွန်လအတွင်းကစတင်ကာ သင်ကြားနေ ပေမယ့်  ဆရာ၊ ဆရာမဦးရေ၊ ကျောင်းအသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ Read ni full

၂၆။ ရေဖြူမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးအား ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်မှ ဖမ်းဆီးထိန်းသိမ်း
 July 9, 2024
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ရေဖြူမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးအား ဖမ်းဆီးထိန်းသိမ်းကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) မှ သတင်းထုတ်ပြန်သည်။ ရေဖြူမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးအား ၎င်း နှင့်အတူပါလာသည့် ပစ္စည်းများနှင့်အတူ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၆) ရက်နေ့တွင် ရေဖြူမြို့နယ်အတွင်း၌ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း ဇူလိုင်လ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ (၃)ရက်နေ့ကလည်း ရေဖြူမြို့မရဲစခန်းကို DNLA နှင့် မဟာမိတ်တပ်ဖွဲ့တို့မှ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။ ပြည်သူလူထုအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆင်ရေးများ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်နေသည့်အချိန်ဖြစ်သည့်အတွက် စစ်ရေးအသိ၊သတိဖြင့် သွားလာနေထိုင်ကြရန် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) မှ အသိပေးထားသည်။ Read ni full

၂၇။ နှစ်လအတွင်း စစ်တွေဒေသခံ ၇၀၀ ထက်မနည်းကို စစ်ကောင်စီဖမ်းဆီး
 July 9, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် မေလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ နှစ်လတာအတွင်း စစ်ကောင်စီကဒေသခံ ၇၀၀ ထက် မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၃၀၀ ခန့်သာ ပြန်လွတ်လာသေးကြောင်း DMG မှ ပြုစုထားသော စာရင်းအရ သိရ သည်။  ဒေသခံ ၄၀၀ ခန့်မှာ ဆက်လက်ဖမ်းဆီးခံထားရပြီး ယင်းအထဲမှတချို့ကို အမှုဖွင့်အရေးယူထားကာ တချို့မှာ မည်သည့် ပုဒ်မ ဖြင့် အရေးယူခံထားရသည်ကို မသိရသည့်အပြင် အဆက်အသွယ်လည်းမရကြောင်း မိသားစုဝင်များထံမှ သိရသည်။“ရခိုင်နဲ့ ဆက်စပ်လို့ တက်တူးထိုးထားတဲ့သူတွေကို ပြန်မလွှတ်ပေးဘူး။ ရွာက ၈ ယောက် အခုချိန်ထိ လွတ်မလာသေးဘူး။ အဆက်အသွယ်လည်းမရဘူး။ မိသားစုတွေကလည်း သွားမစုံစမ်းရဲဘူးဖြစ်နေကြတယ်” ဟု အမြင့်ကျွန်းကျေးရွာမှ လွတ်မြောက် လာသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်တွင် စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာမှ ဒေသခံ ၄၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ဇူလိုင်လ ၃ ရက်မှာ ပြန်လည်လွှတ်ပေးခဲ့သော်လည်း ၈ ဦးကို ဆက်လက်ဖမ်းဆီး ထားခဲ့သည်။ စစ်ကောင်စီက စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းဝင်ရောက်ပြီး ဒေသခံများကို သံသယဖြင့်ဖမ်းဆီး ခြင်း၊ မြို့ပေါ်တွင်လည်း ဧည့်စာရင်းအကြောင်းပြ၍ လူအစုအလိုက်အပြုံလိုက် ဖမ်းဆီးမှုများ လုပ်ဆောင်နေသည်။

“လွတ်လာသူတွေလည်းရှိတယ်။ မလွတ်တဲ့သူတွေက ပုဒ်မ ၁၇(၁)နှင့် အမှုဖွင့်ခံထားရတယ်။ သူတို့မှာ ဘာအပြစ်မှ မရှိပေမယ့်လည်း AA နဲ့ဆက်စပ်တယ်ဆိုပြီး တရားစွဲခံရတာ” ဟု မင်းဂံရပ်ကွက်မှ ဖမ်းဆီးခံထားရသူ၏မိသားစု အမျိုး သမီးတစ်ဦးက ပြောသည်။ စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ဒေသခံ ၂၀၀ ခန့်ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင် ဖမ်းဆီး ခဲ့ပြီးနောက် ၁၅၀ ခန့်ကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် ၅၀ ဦးထက်မနည်းကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားသည်။ “အမှတ် ၁ ရဲစခန်းမှာ သွားမေးရင်လည်းမရှိဘူး။ တခြား လွတ်လာသူတွေကိုမေးရင်လည်း မတွေ့ခဲ့ဘူးလို့ ပြောတယ်။ ဘယ်ကိုသွားလို့ ဘယ်မှာရှာရမလဲ မသိတော့ဘူး” ဟု ဗျိုင်းဖြူရွာမှ ဖမ်းဆီးခံထားရသူ၏ မိသားစုဝင် တစ်ဦးက ပြော သည်။ ပြီးခဲ့သည့်လအတွင်း စစ်တွေမြို့နယ်အနီးရှိ ကျေးရွာပေါင်း ၁၄ ရွာမှ ဒေသခံများကို စစ်ကောင်စီက မြို့ပေါ်သို့ အတင်း အဓမ္မ ရွှေ့ပြောင်းခဲ့ပြီး၊ ၎င်းတို့မှာ စားဝတ်နေရေးအပြင် လုံခြုံရေးပိုင်းမှာပါ ခြိမ်းခြောက်ခံနေရသည်။  Read ni full

၂၈။ တာချီလိတ် ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်
 July 9, 2024
 မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ဘုန်းကြီးကျောင်းဝန်းထဲတွင် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထား သည့် လောင်းကစားဆိုင်ခန်းပေါင်း ၈၀ ထက်မနည်း ရှိနေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။ ဇွန်လ ၁၈ ရက်မှ စ၍ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ တော်ကော့ပြင် ဘုန်းကြီးကျောင်းဝန်းအတွင်း ဖွင့်လှစ်ထားပြီး လိုင်းကြေးအနေဖြင့် ဆိုင်ခန်း ၁ ခန်းကို တစ်ညလျှင် ဘတ် ၃၀၀၀ (မြန်မာငွေကာလပေါက်ဈေး ကျပ်သုံးသိန်းကျော်) ပေးထားကြောင်း တာချီလိတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။“စိုင်းလေးဝင်းက ပွဲကန်ထရိုက်ဗျ။ သားကြီးနဲ့ အဖွဲ့က လုံခြုံ ရေးနဲ့ လိုင်းကြေးတာဝန်ယူပေးထား တယ်။ ဘုန်းကြီးကျောင်းကို ရန်ပုံငွေ ဘတ် ၅ သိန်းနဲ့ အပြတ်လှူထားတာ။ ဂေါပကအဖွဲ့တွေလည်း ခွင့်ပြုထားတယ်။ ပွဲမိန့်ခွင့်ပြု မိန့်ရဖို့က ဗျူဟာ၊ နယ်ထိန်း၊ စရဖ တွေကခွင့်ပြုထားတာ” ဟု ၎င်းကပြောသည်။

အဆိုပါ လောင်းကစားဝိုင်းကို ဇွန်လ ၁၈ ရက် ဇူလိုင် ၁၈ ရက်အထိ တစ်လတိတိဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရ သည်။ လက်ရှိ မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ အသက်လုပြီး ထွက်ပြေးတိမ်းရှောင် နေရချိန် တာချီလိတ်မြို့တွင် လောင်းကစားဝိုင်းများကြီးကြီးကျယ်ကျယ် ဖွင့်လှစ်နေသည်မှာ ပြည်သူများကိုမျက်စီမှိတ်၊ နားပိတ်အောင် တစ်ဖက်သောနည်းဖြင့်လုပ်ဆောင်နေသည်ဟု ဒေသခံများကပြောကြသည်။ ထို့အပြင် ဝါဆိုကာလသို့ရောက်ရှိလာတိုင်း တာချီလိတ်မြို့ရှိ တော်ကော့ပြင် ဘုန်းကြီးကျောင်းတွင် နှစ်စဉ်နှစ်တိုင်း လောင်းကစားဝိုင်းပြုလုပ်နေပြီး ဒေသခံများကမကြိုက် ၍ တိုင်ကြားသော်လည်း မည်သည့်အဖွဲ့အစည်းမှ တားမြစ်ပိတ်ပင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ Read ni full

၂၉။ စစ်ကောင်စီထံ လေယာဉ်ဆီတင်ပို့မှုတွေဆက်ရှိနေတယ်လို့ AI အဖွဲ့ထုတ်ပြန်
 July 8, 2024
 နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့နေကြပေမဲ့ မြန်မာစစ်တပ်လက်ထဲ လေယာဉ်ဆီတွေ ဆက်ရောက်နေသေးတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဇူလိုင်လ ၈ ရက်နေ့ ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ဒီနှစ် အစောပိုင်း ခြောက်လအတွင်း မြန်မာစစ်တပ်လက်ထဲ လေယာဉ်ဆီတင်ပို့မှု အနည်းဆုံးနှစ်ကြိမ်ကနေ သုံးကြိမ်အထိ ရှိခဲ့တယ်လို့ ပြောထားပါတယ်။ တရုတ်အစိုးရပိုင် CNOOC Trading (Singapore) Pte. Ltd၊ စင်ကာပူအခြေစိုက် Sahara Energy International Pte. Ltd နဲ့ တခြားကုမ္ပဏီတွေ ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။ အဲဒီကုမ္ပဏီတွေဟာ HUITONG78 လို့ ခေါ်တဲ့ တရုတ်ဆီတင်သင်္ဘောကြီးနဲ့ ဗီယက်နမ်နိုင်ငံကနေတစ်ဆင့် မြန်မာနိုင်ငံထဲပို့နေတာလို့ AI အဖွဲ့ရဲ့ အစီရင်ခံစာမှာဖော် ပြပါတယ်။ တတိယအခေါက်တင်ပို့တာကတော့ အာရပ်စော်ဘွားများနိုင်ငံ UAE ဘက်ကဖြစ်နိုင်ခြေရှိတယ်လို့လည်း ပြောထားပါတယ်။

မြန်မာစစ်တပ်ဟာ လေကြောင်းသုံးပြီး အရပ်သားပြည်သူတွေကို တိုက်ခိုက်နေတာကြောင့် ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံ တော်တော်များများက လေယာဉ်ဆီပိတ်ဆို့ဖို့ တောင်းဆိုထားတာပါ။ စစ်ကောင်စီဘက်က လေကြောင်းသုံး တိုက်ခိုက်တဲ့ လုပ်ရပ်တွေ ထပ်တိုးလာနေတယ်လို့လည်း AI အဖွဲ့က ပြောပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် တစ်နယ်တည်းမှာတင် ပြီးခဲ့တဲ့ဇွန်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄၉ ယောက် သေဆုံးပြီး ၁၀၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ Read ni full

၃၀။ မဲ့သဝေါလမ်းပိုင်းအသုံးပြု မြန်မာပြည်တွင်းသို့ပို့ကုန်အချို့အဖမ်းအဆီးရှိ၊ တရားဝင်ကုန်သွယ်ခွင့်ရရေး KNU  စဥ်းစားနေ
 July 8, 2024
 ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)၊ ဖားအံခရိုင်အုပ်ချုပ်မှုအောက်ရှိ လှိုင်းဘွဲမြို့နယ်၊ မဲ့သဝေါ ဒေသ လမ်းပိုင်းကိုအသုံးပြု၍ မြန်မာပြည်တွင်းသို့ တင်ပို့နေသော စားသုံးကုန်ပစ္စည်းအချို့ စစ်ကောင်စီဂိတ်တွင် ဖမ်းဆီးခံရမှု များရှိနေသဖြင့် ပြည်သူများတရားဝင်ကုန်သွယ်နိုင်ရေး စဥ်းစားနေကြောင်း KNU ဖားအံခရိုင်တာဝန်ရှိသူထံမှ သိရသည်။ ဇွန်လ ကုန်ပိုင်းမှစ၍ ကရင်နယ်ခြားစောင့်တပ်-BGF က ဖားအံမြို့အထိပေါက်ရောက်သော မဲ့သဝေါလမ်းပိုင်းကို တရားဝင်ကုန်စည်သွား လာခွင့်ရရေး ထိုင်းနိုင်ငံနှင့်တကွ KNU ဖားအံခရိုင်ဘက်ကို ညှိနှိုင်းနေသည့်သတင်းများ ပေါ်ထွက်လာပြီးနောက် ကုန်တင်ယာဥ် အချို့မှာ အဆိုပါလမ်းပိုင်းကို အသုံးပြု ကုန်သွယ်နေကြခြင်းဖြစ်သည်။ သို့သော် တရားဝင် ကုန်သွယ်ခွင့်ပြုမထားသည့် အဆိုပါ လမ်းပိုင်းပေါ်ဖြတ်သန်း၍ ကုန်ပစ္စည်းတင်သွင်းကြရာတွင် ထိုင်းမှမြန်မာပြည်တွင်း ပို့ကုန်အချို့အား စစ်ကောင်စီတပ်ဘက်မှ ဖမ်းဆီးခဲ့ခြင်းရှိသဖြင့် ပြည်သူလူထုအကျိုးစီးပွားအတွက် တရားဝင်ကုန်သွယ်ခွင့်ရရန် စဥ်းစားနေကြောင်း KNU ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေး က ပြောသည်။

၎င်းက “ဒီဘက်ကို ပိတ်တော့မပိတ်ပါဘူး။ တရားဝင်လာမယ်ဆိုရင်တော့ ခွင့်ပြုမှာပါ။ ဒီအပိုင်းမှာလည်း ထိုင်းကဘယ် လောက်ခွင့်ပြုမလဲ ရှိသေးတယ်။ ထိုနည်း၎င်းပဲ မြန်မာနိုင်ငံကလည်း ဒီလမ်းကတရားမဝင်ဘူးလို့ ပြောလာတဲ့အပေါ်မှာ ဆီပုံး တွေဘာတွေကို သူများဖမ်းတာရှိတယ်။ ပြည်သူအကျိုးအတွက် တရားဝင်ဖြစ်အောင် ဘယ်လိုကြိုးစားရမလဲဆိုတာ ကျနော်တို့ စဥ်းစားနေတဲ့ အဆင့်မှာပဲရှိသေးတယ်။ အဖြေရှာနေတုန်းပဲ”ဟု ပဒိုစောအောင်မော်အေးက ပြောသည်။ BGF, KNU နှင့် ထိုင်း နိုင်ငံ သုံးဖွဲ့မှ မဲသဝေါလမ်းပိုင်း အသုံးပြုကုန်သွယ်ခွင့် တရားဝင်ရရန် ညှိနှိုင်းနေဆဲအခြေအနေတွင် သောင်ရင်းမြစ်ကိုဖြတ်သန်း ၍ ကုန်သွယ်နေကြရာ မြန်မာဘက်ခြမ်း စစ်ကောင်စီဂိတ်များတွင်သာမက ထိုင်းနိုင်ငံဘက်ခြမ်းမှလည်း အဖမ်းအဆီးရှိလာ သဖြင့် ယခုလတ်တလောတွင်မူ ကုန်သွယ်ကမ်းကူးမှု လျော့ကျသွားကြောင်း ယာဥ်မောင်းအချို့ထံမှ သိရသည်။ အမည်မဖော်လို သူ ယာဥ်မောင်းတစ်ဦးက “မဲ့သဝေါလမ်းကတော့ လူသွားနည်းသွားပြီ၊ ဒီဘက်(မဲ့သဝေါလမ်း)က သွားမှန်းသိသွားတော့ ပုလိပ် ဂိတ်တွေပေါ်လာပြီး ပိုက်ဆံလည်းကောက်တယ်။ ဘယ်သူမှသိပ်မသွားတော့ဘူး။ ပုလိပ်ကြေးနဲ့တင်ကုန်သွားမယ်။ ကျနော် တောင် မြဝတီဘက် ကားပြန်ဆွဲနေရတယ်” ဟု ပြော သည်။ Read ni full

၃၁။ တိုက်ပွဲများကြောင့် ဟိုပန်တွင် ကုန်ဈေးနှုန်း မြင့်တက်လာ
 July 8, 2024
 ၁၀၂၇ စစ်ဆင်ရေး ပြန်လည် စတင်လာခြင်းနှင့်အတူ ရှမ်းမြောက်ဒေသအတွင်း၌ တိုက်ပွဲများကြောင့် လမ်းပန်းဆက် သွယ်ရေး ပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်မြို့တွင်လည်း ကုန်ဈေးနှုန်းမြင့်တက်လာ ကြောင်း ဒေသခံများထံက သိရသည်။ ဟိုပန်မြို့တွင် အခြေခံ စားသောက်ကုန်များဖြစ်သည့် ကုန်စိမ်း/ကုန် ခြောက်များကို လားရှိုးမြို့မှတဆင့် ဝယ်ယူရောင်းချရခြင်းဖြစ်ပြီး ယခု ကုန်စည်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများမှာ ပိတ်နေကြောင်း ဒေသခံများက ဆိုသည်။“ကုန်ခြောက်အများစုက  လားရှိုးလို အောက်ပြည်ဘက်က မှာယူရတာ၊ အခု လမ်းတွေပိတ်တော့ မှာလို့ မရကြဘူး။ ပုဇွန်ခြောက်သွားဝယ်တာ ၁ ပိဿာ ၉ သောင်းလောက်ရှိတယ်” ဟု ဒေသခံအမျိုးသမီးတဦးက ပြော သည်။ ဟိုပန်မြို့ အား “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ပြီး ၆ လအကြာတွင် ငွေဈေးမှအစ လူသုံး ကုန်ပစ္စည်း၊ စား သောက်ကုန် စျေးများမြင့်တက်လာခြင်း ဖြစ်သည်။
လက်ရှိ ဟိုပန်မြို့တွင် ကုန်ပစ္စည်းစျေးကို တရုတ်ယွမ်ငွေနှင့်တွက်၍ ရောင်းချလျက်ရှိပြီး ယခုကဲ့သို့ ကုန်စျေးနှုန်း မြင့်တက်မှုအပေါ်  ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) အနေဖြင့် တစုံတရာ ထုတ်ပြန်ခြင်းမျိုး မရှိသေးကြောင်း သိရ သည်။ ငွေလဲလုပ်ငန်းလုပ်ကိုင်သော ဒေသခံတဦးက “ငွေဈေးက အရမ်းတက်တယ်။ ဘယ်ပစ္စည်းမဆို တရုတ်ငွေနဲ့ တွက်ကြ တယ်။ ဒီနေ့ ငွေဈေးက ကျမတို့ဆိုင်မှာ ယွမ် ၁၀၀ ကို မြန်မာငွေ ၆၁၅၀၀ နဲ့ တွက်တယ်” ဟု ပြော သည်။ ဟိုပန်မြို့၌ ကုန်ဈေးနှုန်း မြင့်တက်မှုကို မကြာခဏကြုံတွေ့ရလေ့ရှိပြီး လက်ရှိတွင် ဒေသတချို့ရှိ သီးနှံစိုက်ခင်းများ ရေနစ်မြုပ်မှုများလည်း ဖြစ်ပေါ်နေ ကြောင်း သိရသည်။ လက်ရှိ ဟိုပန်ကုန်စျေးနှုန်းများအနေဖြင့် ကြက်ဥ တကတ်လျှင် ကျပ် ၁၂၀၀၀၊ ငါးခြောက် တပိဿာ ၃၆၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (အကြီး/သေး) ၁ ပိဿာ ၁၅၀၀၀ မှ ၁၈၀၀၀ ကျပ်၊ ကြက်သွန်နီ ၁ ပိဿာ ၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး ၁ ပိဿာ ၈၀၀၀ ကျပ်၊ ဂျင်း ၁ ပိဿာ ၁၄၀၀၀ ကျပ် ဖြစ်ပေါ်လျက်ရှိသည်။  Read ni full

၃၂။ လဟယ် မြို့မှာ စစ်ကောင်စီနဲ့ ပျူအဖွဲ့တွေကမူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို အရေးယူဆောင်ရွက်မှု မရှိ
 July 8, 2024
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့အဝင်ဂိတ်မှာ စစ်ကောင်စီနဲ့ပျူအဖွဲ့တွေက မူးယစ်ဆေးဝါးတင်ဆောင် လာတဲ့ကားကို စစ်ဆေးဖမ်းဆီးမှုတွေပြုလုပ်ပြီး အရေးယူဆောင်ရွက်မှုမရှိပဲနှစ်ဖက်ညှိနှိုင်းကာ ပြီးစီးသွားတယ်လို့ဒေသခံတစ်ဦး ထံက သတင်းရရှိပါတယ်။ ခန္တီးမြို့ကနေ တက်လာတဲ့ မူးယစ်ဆေးဝါး တင်ဆောင်လာတဲ့ ၎င်း ကားကို လဟယ်မြို့ အဝင် ဂိတ်မှာ စစ်ဆေးဖမ်းဆီးခဲ့တယ်လို့သိရပြီး အဆိုပါကားမှာ ခန္တီးမြို့နဲ့လဟယ်မြို့ကြား ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လုပ်ဆောင် နေတဲ့ ကုန်သည်တစ်ဦးရဲ့ ကား ဖြစ်တယ်လို့သိရပါတယ်။  ဖမ်းဆီးမှုအယောင်ပြ လုပ်ဆောင်ခဲ့ပေမယ့် ဖမ်းဆီးခံရသူနဲ့ ဒေသခံအများစု ကလည်း သတင်းပေါက်ကြားမှုကို ဖုံးဖိထားကြပြီး ဒေသတွင်း မူးယစ်ဆေးဝါးများတင်ပို့ ရောင်းချနေမှုမှာ စစ်ကောင်စီနဲ့ အပေါင်း အပါတွေ အားလုံး ပါဝင်သက်နေတာ ဖြစ်ပါတယ်။
နာဂဒေသမှာ မူးယစ်ဆေးဝါး လွတ်လပ်စွာ ရောင်းချနေတဲ့ လုပ်ငန်းအားလုံးဟာ စစ်ကောင်စီတပ်နဲ့ သူတို့နဲ့ ပူးပေါင်းတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်ပတ်သက်နေတာကြောင့် ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်နိုင်ရုံမက အရေးယူဆောင် ရွက်နိုင်မည့် အဖွဲ့အစည်း မရှိတော့တဲ့ အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် နောက်ပိုင်း နာဂဒေသမှာ ယခင် ကထက် မူးယစ်ဆေးဝါး သုံးစွဲသူ အဆမတန် များလာပြီး အလုပ်အကိုင် ရှားပါးမှုကို အကြောင်းဖန်ကာ ရောင်းချသူတွေများတာ ကလည်း အလွယ်တကူ ဝယ်ယူရရှိစေတဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။ Readnifull

၃၃။ PNO ပြည်သူ့စစ်တွေ ရွာကိုမီးရှို့ပြီး အရပ်သား ၃ ဦးကို ရွာလယ်ခေါင်မှာပစ်သတ်
 July 8, 2024
 ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာကို ဇူလိုင်လ ၆ ရက် မနက်ပိုင်းက စစ်ကြောင်းထိုးဝင်လာတဲ့ PNO ပြည်သူ့စစ်တွေက ရွာထဲကို လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နေအိမ် ၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သလို ရွာသား ၃ ဦးကိုလည်း ရွာလယ်ခေါင်မှာ ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။ နားခိုက်ရွာမှာ PNO ရဲ့ လူမဆန်စွာ အသတ်ခံခဲ့ရတဲ့သူတွေဟာ ခွန်တမျို့၊ ခွန်ခင်နဲ့ အမည်အတည်မပြုနိုင်သေးတဲ့ ဒေသခံတစ်ဦးလို့ PNLO ပြောရေးဆိုခွင့်ရှိသူထံက သိရပါတယ်။ “အသတ်ခံရသူတွေက နားခိုက်ရွာသား ပအိုဝ်းလူမျိုးတွေသာဖြစ်ပါတယ်၊ အပြစ်မဲ့ပြည်သူကို သတ်ပြီး PDF တွေကိုသတ်ဖြတ်နိုင်တယ်လို့ ၀ါဒဖြန့်လိမ် လည်နေတာပါ”လို့ PNLO စစ်ရေးဆိုင်ရာ ပြောခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။

PNO ပြည်သူ့စစ်တွေဟာ ရွာခံ အရပ်သား ၁၀ ဦးကို ဖမ်းဆီးထားပြီး ၃ ဦးကို ပစ်သတ်ခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံထား ရတဲ့သူထဲက ဦးတောင်း ဆိုသူကိုလည်း ခြေတဖက်နဲ့လက်တဖက် ကျိုးတဲ့အထိ ရိုက်နှက်ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့လဲ သိရပါ တယ်။ နားခိုက်ကျေးရွာဟာ PNLO စစ်ဦးစီးချုပ် ခွန်ကျော်ထင်ရဲ့  ဇာတိရွာဖြစ်လို့  ရွာကိုနှိပ်စက်ပြနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်ကလည်း PNLO ဦးစီးချုပ်ရဲ့နေအိမ်နဲ့ အခြားနေအိမ် ၇ လုံးကို PNO ပြည်သူ့စစ်က မီးရှို့ခဲ့ပြီး ယခု တစ်ကြိမ်ထပ်ရောက် လာကာ နေအိမ်တွေကို မီးရရှို့တဲ့အပြင် ရွာသားတွေကို ရွာလည်ခေါင်မှာ ဖမ်းဆီးသတ်ဖြတ် လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ Read ni full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button