သတင်း

ပြည်သူ့စစ်ခေါင်းဆောင်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု ဒေါနစစ်ကြောင်း ထုတ်ပြန်

ပြည်သူ့စစ်ခေါင်းဆောင်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု ဒေါနစစ်ကြောင်း ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဧပြီ ၂၅၊ ၂၀၂၄

အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ​၏ စစ်မှုထမ်းဥပဒေအတွက် တပ်သားစုဆောင်းနေသည့် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်အဖွဲ့ထံမှ လက်နက်ခဲယမ်းများကို ပြည့်သူကာကွယ်ရေးတပ်မတော်ဒေါနစစ်ကြောင်းနှင့်တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့မှ သိမ်းဆည်းရမိခဲ့တယ်လို့ ဒေါန စစ်ကြောင်းမှ သိရပါတယ်။

ပြည်သူ့စစ်အဖွဲ့ဝင် ၅ ဦးအား တော်လှန်ရေးမဟာမိတ်တပ်များမှ ဧပြီလ ၂၃ရက်နေ့ နံနက် ၇နာရီအချိန်တွင်ခေါ်ယူစစ်ဆေးခဲ့ပြီး ၃ ဦးအားပြန်လည်လွှတ်ပေးခဲ့ပြီး ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့အား စစ်ဆေးမေးမြန်းနေစဉ် သိမ်းဆည်းထားသောလက်နက်များကို လုယူကာပစ်ခတ်သဖြင့် ထိုသူနှစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း သိရပါတယ်။

အဆိုပါ ပြည်သူ့စစ်နှစ်ဦး၏ ပစ်ခတ်မှုကြောင့် ဒေါနစစ်ကြောင်းက ရဲဘော်တစ်ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း သိရပါတယ်။

ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့ထံမှ M4 Carbine ၂လက်၊ ကိုးလုံးပြောင်းချောသေနတ် ၂လက်၊ 380 ပစ္စတို ၂လက် ၊ ကိုးလုံးအတို ၁လက်၊ .23 အတို ၁လက်၊ တူမီး ၁လက်၊ လက်ပစ်ဗုံး ၄လုံး ၊ 5.56 ကျည်ဘောက် ၄ခု ၊ 5.56 ကျည် ၃၈၅ တောင့် ၊ ကိုးလုံးကျည် ၄၇ တောင့်၊ 380 ကျည် ၅၀ တောင့်၊ .23 ကျည် ၄၁ တောင့်၊ ဓါးတစ်လက် ၊ စကားပြောစက် ၃လုံး၊ စကားပြောစက် အားသွင်းခုံ ၂ခု၊ Equipment အီကွေးမင်း ၁ခု၊ ရေဗူးတစ်လုံး၊ မှန်ပြောင်းတစ်ခု တို့ကို သိမ်းဆည်းရမိကြောင်း သိရပါတယ်။

ထိုပြည်သူ့စစ်အဖွဲ့များကို ဖမ်းဆီးစစ်ဆေးရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ်( MSRF ) ၊ရေးသိမ်းငှက်(ဒေါနစစ်ကြောင်း လုံခြုံရေးတပ်ခွဲ)၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) – ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) – ဒေါနတပ်ခွဲ(၇) တို့ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

Photo – ဒေါနစစ်ကြောင်း

Related Articles

Back to top button