ကဗျာ

“နွေဦးပန်းများ” အိုင်ချင်း

“နွေဦးပန်းများ” အိုင်ချင်း

ချစ်တဲ့သူငယ်လေ…
သူငယ်ချင်းကောင်း ယောက်မတို့လေ ။

တော်လှန်းရေးကြီး အောင်မြင်ပြီးလျှင်
ချီးကျူးဂုဏ်ယူ တို့ပြည်သူများ
တူညီစွာပင် ပျော်ရအောင်ရှင် ။

အရေးတော်ပုံ ပြီးမြောက်ကုန်လျှင်
ဆုံစည်းဧကန် စီဒီအမ်များ
ပြန်လည်ကာပင် တွေ့ရအောင်ရှင် ။

လိပ်ပြာလုံစွာ ကျောင်းတော်သာတွင်
ညီညာဆုံစည်းကြစို့ကွယ် ။

ခေါင်းမော့ရင်ကော့ ဟန်ကျော့ကျော့နှင့်
ဘွဲ့တော့ယူပြီးကစို့ကွယ် ။

အလို နွေဦးပန်းများ မောင်မယ်များရေ
အားတင်းထားပါ ရောင်နီလာပြီ
သာယာ တေးသံလွင့်ပျံလေး ။

ဟံသာရှင်ထွေးညို

Related Articles

Back to top button