တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 17, February 27, 2024)

၁။  စစ်တပ်လက်အောက်က ခွဲထွက်မည့် BGF တပ်ဖွဲ့များ စစ်တပ်နှင့် ပူးပေါင်းခြင်းမရှိဘဲ တံဆိပ်ဖြုတ်ချထား
   February 26, 2024

စစ်ကောင်စီတပ် လက်အောက်က ခွဲထွက်ပြီး ပြည်နယ်အခြေစိုက် ငြိမ်းချမ်းရေးလုပ်ဆောင်မည့် နယ်ခြားစောင့်တပ်ဖွဲ့ -BGF အနေဖြင့် ယခုရက်ပိုင်အတွင်း မူလတပ်ဆင်ထားသည့် စစ်တပ်ကိုယ်စားပြု ဘက်တံဆိပ်များအား ဖြုတ်ချထားပြီး ဒေသ အတွင်း စစ်တပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်းမရှိတော့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရ သည်။ မြဝတီ မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “BGF တွေ မြဝတီမှာတော့ စစ်တပ်ဘက်တံဆိပ်တွေ မတပ်တော့ဘူး။ ဒီအတိုင်း ဘက် တံဆိပ်မပါဘဲ သွားလာနေကြတယ်။ ဒီရက်ထဲမှာဘက်တံဆိပ်အသစ် တပ်ဆင်ပွဲတွေလုပ်မယ်လို့သတင်းထွက်နေတယ်။ စစ်တပ် နဲ့တော့အတူ ကင်းလှည့်တာ သွားလာတာ မရှိတော့ဘူး။ လက်နက်အပြည့်အစုံနဲ့တော့ မြဝတီမြို့မှာ ကင်းပတ်နေတာ မျိုးတော့ လုပ်နေတယ်။”ဟု ပြောသည်။ BGF တပ်စခန်းအချို့တွင် မူလဘက်တံဆိပ်ကို ဖြုတ်ထားလိုက်ခြင်းသည် အထူးအဆန်း မဟုတ် ဘဲ မည်သည့်ဘက်တံဆိပ်ကို ပြန်လည်တပ်ဆင်မည့်ကိစ္စမှာ အများပြည်သူကပို၍ စိတ်ဝင်တစားစောင့်ကြည့်နေကြကြောင်း BGF နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း BGF တပ်များ တပ်နယ်အလိုက် စစ်တပ်လက်အောက်က ခွဲထွက်ရန် သီးခြားရပ်တည် ခွင့်ပြုရန် စစ်ကောင်စီကို တင်ပြတောင်းဆို ဆွေးနွေးထားသာ်လည်း BGF တပ်နယ်အချို့မှာ စစ်တပ်လက်အောက်တွင် ဆက်လက် စစ်မှုထမ်းမည့် တပ်နယ်များလည်းရှိနေကြာင်း BGF စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။ “အခုက BGF တပ်နယ် ၄ ခု ရှိတယ်။ တပ်နယ် ၄ က စစ်တပ်နဲ့ ဆက်နေမယ့် သဘောရှိတယ် ကြားတယ်။ ကျန်တဲ့တပ်နယ် ၁/၂/၃ က တော့ အားလုံးပေါင်းပြီး အဖွဲ့အသစ် ဘက်တံဆိပ်အသစ်နဲ့ တစ်ဖွဲ့တစ်စည်းထဲ ဖြစ်သွားမယ်ပေါ့။ ပြီးတော့မှ ကရင့်လက် နက်ကိုင်အဖွဲ့တွေအားလုံး မဟာမိတ်ပေါင်းပြီး ကရင်ပြည်နယ်ကြီး ငြိမ်းချမ်းရေးဖွံ့ဖြိုးရေးတွေ ဆက်လုပ်သွားမယ်ပေါ့။ အဲဒီပုံစံမျိုး သတင်း ကြားထားတယ် ”ဟု အမည်မဖော်လိုသူ BGF စစ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည် ။ လတ်တလော BGF တပ်ဖွဲ့မှ Karen National Army -KNA ကရင်အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့ အမည်သစ်ဖြင့်ပြောင်းလဲဖွဲ့စည်းမည်ဟု သတင်းများကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ်နေသည့်ကိစ္စအား BGF တပ်ဖွဲ့ခေါင်းဆာင်များထံ ဆက်သွယ်မေးမြန်းသော်လည်း အတည်ပြုပြောဆို ဖြေကြား မှုတစ်စုံတရာ မရရှိသေးပါဘူး။ https://www.facebook.com/photo/?fbid=801410992015781&set=a.599857992171083
၂။ တာမခံ ရဲစခန်း KIAPDF သိမ်းပိုက်ရရှိထားပြီး စစ်တပ်ကုန်းကိုဆက်လက်တိုက်ခိုက်နေ
   February 27, 2024

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခံကျေးရွာထဲက စစ်ကောင်စီတပ်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပြီး စစ်တပ်စခန်းကုန်းကိုသိမ်းပိုက်နိုင်ဖို့ ဆက်ပြီးတိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။ တာမခံကျေးရွာ အထက်တန်းကျောင်း အနီးက တောင်ကုန်း ဒေသအခေါ်(နန့်ရေတောင်ကုန်း) မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို မနေ့က ဖေဖော်ဝါရီ ၂၆ ရက် နေ့ည ၄ နာရီကတည်းက KIA၊KPDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရဲစခန်းသိမ်းပိုက်ထားပြီး လက်ရှိစခန်းသိမ်း ဖို့အတွက် ဆက်လက်တိုက်ပွဲပြင်းထန်နေတယ်လို့ဖားကန့် KPDF တာဝန်ရှိသူတစ်ဦးကအတည်ပြု​ပြောကြားခဲ့ပါတယ်။ ”ရဲစခန်း ကတော့ မနေ့က ငါးနာရီမှာသိမ်းလိုက်ပြီအခု ကျန်နေတဲ့စစ်တပ်ကုန်းကို သိမ်းဖို့အတွက်ဆက်ပြီး တိုက်နေတယ်  ဖားကန့်ကနေ တော့လက်နက်ကြီးတွေခုမနက်ထိကိုပစ်ကူနေတုန်း ရဲစခန်းနဲ့စစ်တပ်ကုန်းက မနီးမဝေးမှာပဲရှိနေတာ”လို့ သူကပြောပါတယ်။

ရဲစခန်းကိုမနေ့က သိမ်းလိုက်ပေမယ့် တပ်စခန်းကုန်းကိုတဆက်တည်း သိမ်းနေတာကြောင့် ရဲစခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲသေဆုံးမှုနဲ့ လက်နက်ခဲယမ်း ရရှိထားမှုအခြေအနေတွေကို အသေးစိတ်သိရှိဖို့ ခက်ခဲနေဆဲလို့သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့က ရဲစခန်းသိမ်းခံလိုက်ရတာကြောင့် တာမခံရွာထဲကို လက်နက်ကြီးတွေ နေရာစုံကနေ ပစ်ကူ သလို ဂျက်ဖိုက်တာတစ်စီးနဲ့လည်းလာရောက်ဗုံးကျဲခဲ့တာကြောင့်နေအိမ်တွေပျက်စီးပြီး ဒီကနေ့မနက်ထိ လေယာဥ်တွေ ပျံဝဲနေတယ်လို့ တာမခံကျေးရွာ နေအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေယာဥ်ဗုံးကျဲမှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နေအိမ်မီးလောင် ပျက်စီးသွားတဲ့အရေအတွက်ကို စုံစမ်းပြုနေဆဲ ဖြစ်ပါတယ်။ KIA ၊KPDF ပူးပေါင်း တပ် တွေဟာ ဖားကန့်မြို့နယ်ထဲက ဝှေခါစစ်တပ်ကုန်းကို ဇန်နဝါရီလ ၂၀ ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် နန့်တိန်း စစ်တပ်ကုန်း ကိုလည်း ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ထပ်မံသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ https://www.face book.com/photo /?fbid=800892238738716&set=a.601270192034256
၃။  ဟိုပုံးမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်မှူး ၂ ဦး၊ဗိုလ်ကြီး ၃ ဦး နှင့် စစ်သား ၁၆ ဦး သေဆုံး
    February 26, 2024

သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး နှစ်ဦး၊ဗိုလ်ကြီး ၃ ဦး အပါ အဝင် စစ်သား ၁၆ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲလမ်းများကို သိမ်းဆည်းရမည့်ခဲ့ကြောင်း PNLA မှ (ဖေဖော်ဝါရီ ၂၆)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည် ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်တနေရာတွင် လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုဆောင်ရွက်နေသည့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ကို စစ်ကောင်စီတို့က စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့သည့်အတွက် (ဖေဖော်ဝါရီ ၂၅ ) ရက် နံနက် ၁၀ နာရီမှ ညနေ ၃း၄၀ နာရီထိ တိုက်ပွဲများပြင်း ထန်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွား ပြီးနောက် PNLA စစ်ကြောင်းမှ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာကို ရှင်းလင်းမှုပြုလုပ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ဗိုလ်မှူးအဆင့်ရှိသူ ၂ ဦး၊ ဗိုလ်ကြီး အဆင့်ရှိသူ ၃ ဦးနှင့် စစ်သား ၁၆ ဦး တိုက်ပွဲအတွင်းတွင် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုတိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ MA လက်နက်ငယ် ၁၅ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ ပစ္စတို ၁ လက်နှင့် လက်နက်ခဲယမ်းကျည်ဆံများကို သိမ်းဆည်းရမိခဲ့ကြောင်း PNLA မှ ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီသည် ထမ်းဆန်းဂူ ဒေသတွင် လက်နက်ကြီးများအထိုင်ချကာ မဲနယ်တောင်ဒေသကို ဆက်လက်ပစ်ခတ်တိုက်ခိုက်နေသည်။ ထိုတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူများ၏ ကားများကို ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ပြီး၊ လက်နက်ကြီး ပတ်ခတ်မှုတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ လူထုများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူများ၏ အိုးအိမ်စည်းစိမ်များ လည်းပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။  သျှမ်းပြည် ဟိုပုံးမြို့နယ် ထမ်ဆမ်းဂူ မှ မိုင်းပွန်မြို့ကြား တိုက်ပွဲပြင်းထန်လာနိုင်သဖြင့် လမ်းမကြီးဘေးရှိ ပုံအယ်ကျေးရွာအပြင် အခြားကျေး ရွာ ဒေသခံများလည်း အရေးပေါ် ပြောင်းရွှေ့နေရကြောင်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=721231146783266&set=pcb.721231340116580

၄။ နန့်ရင်းချောင်းကူးတံတားကို စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်က ဖျက်ဆီး
   February 26, 2024

ဟိုပင်မြို့ရှိ နန့်ရင်းချောင်းကူးတံတား ထိပ်နှစ်ဖက်ကို ဖြတ်သန်းသွားလာမရစေရန် စစ်ကောင်စီနှင့် ရှမ်းနီအမျိုးသား များတပ်မတော် SNA ပူးပေါင်းတပ်တို့က ဘက်ဟိုးများဖြင့် မြေတူးဖော်ကာဖျက်ဆီးခဲ့ကြောင်း သိရသည်။ အင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်တို့က နန့်ရင်းကျေးရွာသို့ ရောက်ရှိလာပြီး လမ်းကိုဘက်ဟိုးဖြင့် အနက် ၈ ပေခန့်ရှိ သည့် တွင်းများဖြစ်အောင် တူးဖော်ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “နန့်ရင်းချောင်းကူး တဲ့တံတား။ အခိုင်အမာကြီးလုပ်ထားတာလေ။ တံတားဟိုဘက်ဒီဘက်ချောင်းကူးတဲ့ဟာပေါ့။ တံတားတော့မဖျက်သေးပါဘူး။ ဘက်ဟိုးနဲ့မြေတွေကော်သွားတော့ဟိုဘက်ဒီဘက်လမ်းကြော ဖြတ်လိုက်တာ ပေါ့။ ဆိုင်ကယ်လည်းသွားမရအောင် လုပ်လိုက် တာလေ”ဟု ဆိုသည်။ အဆိုပါလမ်းမှာ ဟိုပင်မြို့မှ ဆင်ဘိုမြို့အထိသွားလာနိုင်သည့် လမ်းဖြစ်သောကြောင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအတွက် ရိက္ခာပို့ဆောင်နေသည်ဟုဆိုကာ ဖြတ်တောက်ခြင်းဖြစ်သည်ဟု အခြားဒေသခံအမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

“အဲဒီလမ်းက ဗန်းမော်အထိတောင် ကားလမ်းပေါက်တယ်။ သရီးကရောင်းတွေဆို အဲဒီကနေ သွားကြတာ။ အဓိက တော့တောင်သူတွေရဲ့ကုန်ထုတ်လမ်းတံတားကြီးပေါ့။ အတွင်းထဲမှာရွှေမှော်တွေရှိတယ်။ ဆီ၊ စားသောက်ကုန်တွေတို့ ရန်းဖောင် (ကားကြီး)တွေနဲ့သယ်တာပေါ့ဗျာ။ အဲဒါကိုရှမ်းနီတွေရဲ့အတွေးကကြတော့ PDF တွေကို ပေးတယ်ဆိုပြီး အဲဒီလိုထင်မြင်ချက်နဲ့ လုပ်တာ” ဟုပြောသည်။ ထို့အပြင် စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်တို့က ယနေ့ နံနက်ပိုင်းမှစတင်ကာ နန့်ရင်းကျေးရွာနှင့် အနီးတစ်ဝိုက် ကားများဖြင့် ကင်းလှည့်နေသည့်အပြင် ဟိုပင် ခလရ (၄၀) တပ်မှလည်း လက်နက်ကြီးများ ပစ်ခတ်နေကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=717778493883155& set=pcb.717778620549809
၅။  CDF-Hakha နဲ့ စစ်ကောင်စီကြားတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ ၄ ဦးသေဆုံး
   February 26, 2024

ချင်းပြည်နယ် ဟားခါးမြို့မှာ ဖေဖော်ဝါရီလ ၂၅ ရက်မှာ CDF- Hakha နဲ့ စစ်ကောင်စီတို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် သား ၄ ဦးသေဆုံးခဲ့တယ်လို့ CDF-Hakha က သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲကို ရုန်းစစ်ဆင်ရေး (Rung Operation) လို့နာမည်ပေးထားပြီး စစ်ကောင်စီတပ်သားများ သေဆုံးတဲ့အပြင်ဒဏ်ရာရသူများလည်းရှိခဲ့တယ်လို့ဆိုပါတယ်။ “ဖေဖော်ဝါရီလ ၂၅ ရက် တနင်္ဂနွေနေ့မှာ ရုန်းစစ်ဆင်ရေးကို ဟားခါးမြို့ကနေအပေါ်ဘက် စစ်ကောင်စီရဲ့ဌာန ချုပ်ရှိရာ ရုန်းတောင် ပေါ်မှာ ဖော်ဆောင်ခဲ့တာဖြစ်ပြီး ၃ နာရီကြာနှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်။ တိုက်ပွဲ အတွင်း မိမိတို့ရဲ့မျက်စိရှေ့မှာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးသွားပြီး ၅ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်” လို့ CDF-Hakha စစ်ရုံးက သတင်းထုန်ပြန်ပါတယ်။

တိုက်ပွဲက ပြင်းထန်တယ်၊ ဟားခါးဆေးရုံကြီးဘက်ကနေလည်း ပစ်ခတ်သံတွေကြားရသလို ဟားခါး မြို့ဂန့်ဂေါလမ်း ဘက် စစ်တပ်ရေအိုင် ဘက်ကနေလည်း ပစ်ခတ်သံတွေကြားရတယ်။ စစ်ကောင်စီဘက်ကနေလည်း ဟားခါးမြို့ဘော်လုံးကွင်းပွဲ ကြည့်စဉ်တွေမှာ နေရာယူထားကြတယ်လို့ကြား တယ်လို့ ဟားခါးမြို့မှာ နေထိုင်သူတစ်ဦးက ဆိုပါတယ်။ “ကျနော်တို့ စစ်ဆင် ရေး စထွက်တာက မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာစထွက်တာ တစ်ကယ်တိုက်ပွဲစဖြစ်တာ။ ရုန်းတောင်ပေါ်တာဝါတိုင်စောင့်တဲ့ စစ်ကောင်စီတပ်သားတွေကို စနိုက်ပါနဲ့ အနီးကပ်သွားပစ်တာ၊ ကျနော်တို့အကွာအဝေးက မီတာ ၃၀၀ နဲ့ ၅၀၀ ကြားဖြစ်မယ်။ အနီးကပ် ပစ်တာ ဆိုတော့ ၄ ဦးသေဆုံးတာကို အတည်ပြုနိုင်တယ် ။ဒဏ်ရာရသူတွေလည်းရှိတယ်” လို့ CDF-Hakha တပ်မဟာ ၅ စခန်းမှူးက ပြောပါတယ်။ https://www.facebook.com/photo?fbid=741847 581379744&set=a.603254748572362
၆။ တပ်မဟာ(၅) နယ်မြေအတွင်းရှိ ဖော်ဖူး(ရိုးစလင်းစခန်း)ကို KNLA နှင့်အတူ FFD Drone တပ်ဖွဲ့များမှတိုက်ခိုက် သိမ်းပိုက်
 February 26, 2024

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် KNU တပ်မဟာ(၅)နယ်မြေအတွင်းက စစ်ကောင်စီရဲ့ ‌ဖော်ဖူး(ရိုးစလင်းစခန်း)ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ Force for Federal Democracy ဒရုန်းတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၆ ရက်နေ့ မှာ အသိပေးထုတ်ပြန်ပါတယ်။ ဖော်ဖူး(ရိုးစလင်းစခန်း)ကို KNU တပ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA ရဲ့ စစ်ရေးဦးဆောင်မှုနဲ့ FFD Drone တပ်ဖွဲ့ကတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုကို ဖေဖော်ဝါရီလ (၁၇)ရက်နေ့ ကစတင်ကာ (၂၄)ရက်နေ့အထိ FFD Drone တပ်ဖွဲ့က Drone နဲ့  ဗုံးသီးအလုံးပေါင်း (၄၀)ကျော်ကြဲချကာ စစ်ရေး ဖိအားပေးခဲ့ပြီး KNLAတပ်ဖွဲ့ကလည်း စနိုက်ပါနဲ့  ဖိအားပေးတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို Droneနဲ့ဆက်တိုက် တိုက်ခိုက် စစ်ရေးဖိအားပေးခဲ့တာကြောင့် တစ်ပါတ်အကြာ ဖေဖော်ဝါရီ(၂၄)ရက်နေ့ မနက် အစောပိုင်းမှာ အင်အား(၄၀)ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ စခန်းမှာ ဆက်လက်မနေနိုင်တော့ဘဲ စခန်းကို စွန့်ပြီးဆုတ် ခွါသွားခဲ့တယ်လို့ FFD Drone တပ်ဖွဲ့က ပြောထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းကိုစွန့်ခွာပြီးနောက်မှာ KNLA နဲ့ FFD တပ်ဖွဲ့ဝင်တွေဟာ စခန်းကိုနယ်မြေရှင်းလင်းရေးသွားခဲ့ပြီး အဲ့ဒီကနေ ၆၀ မမ အလုံး(၆၀)နဲ့ ရှေ့ထွက်မိုင်း(၃)လုံးကို သိမ်းယူရရှိခဲ့ တယ်လို့သိရပါတယ်။ အခုသိမ်းပိုက်ရရှိခဲ့တဲ့ ဖော်ဖူး(ရိုးစလင်းစခန်း)ဟာ ရိုးစလင်းချောင်းဘေးမှာတည်ရှိပြီး ၁၉၉၅ ခုနှစ်က တည်းက အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်စခန်းလို့လည်း သိရပါတယ်။ https://www.faceb ook.com/photo/?fbid=7958725 39248104&set=pcb.795872765914748
၇။ ပအိုဝ်းတိုင်းရင်းသားအပါ အရပ်သား ၄၅ ဦးကို SSPP/SSA ကဖမ်းဆီးထားပြီး တပ်သားသစ်နှင့်လာလဲခိုင်းနေဟုဆို
  February 26, 2024

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပအိုဝ်းရွာနှင့် တအာင်းရွာ. အရပ်သား ၄၅ ဦးကို SSPP/SSA တပ်က ဖမ်းဆီး ထားပြီး တပ်သားသစ်နှင့် လာရောက်လဲစေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)တပ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးနှင့် ရပ်ရွာတာဝန်ရှိသောဥက္ကဋ္ဌများအပါ အရပ်သား ၄၅ ဦးကို အစည်းအဝေးခဏလုပ်မည်ဆိုပြီး ခေါ်ယူထိန်းချုပ်ထားခဲ့ကြောင်းသိရသည်။ “သန်းခေါင်စာရင်းအရ တပ်သားသစ်မပေးနိုင် တော့ မနေ့ည သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးအပါ ကျေးရွာဥက္ကဋ္ဌတွေကိုအစည်းဝေးခဏခေါ်မယ်ဆိုပြီးအဲ့မှာ တစ်ခါထဲထိန်းချုပ် ထားလိုက်တယ်။ စခန်းမှာပဲပေါ့။ တပ်သားသစ်နဲ့ပြန်လဲရမယ်ပေါ့၊ မပေးမချင်းမလွတ်ဘူး အဲ့လိုနဲ့အကြပ်ကိုင်တာ။”ဟု ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

SSPP/SSA ရှမ်းတပ်သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၆ ရက်မှ စပြီး နောင်စံဖူး၊ ခေးအုံအွေ့၊ ဖာခေါင်၊ စုံလော ကျေးရွာ အုပ်စု ၄ ခုကို သန်းခေါင်စာရင်းကောက်ပြီး သန်းခေါင်စာရင်းပါ အမျိုးသား ၂ ဦးဆိုလျှင် ၁ ဦးမှာမဖြစ်မနေ သွားရမည် ဆိုပြီးလိုက် လံကောက်ယူရာ လူငယ်အများစုပြည်ပထွက်ပြေးသည့်အတွက် သန်းခေါင်စာရင်းအတိုင်းမပေးနိုင်ခြင်းကြောင့် ယခုလို အရပ် သားကို ဖမ်းဆီးခဲ့ကြောင်းသူကဆက်ပြောသည်။ မိုင်းကိုင်မြို့၏ တောင်ပေါ်ဒေသကျေးရွာဖြစ်သည့် တအာင်းမျိုးနွယ်စုနှင့် ပအိုဝ်းမျိုးနွယ်စုကိုဦးတည်ပြီး အကြပ်ကိုင်တပ်သားသစ်ခေါ်ဆောင်နေပြီး ရှမ်းတိုင်းရင်းသားများကို ဖမ်းဆီးခြင်းအကြပ်ကိုင် ခြင်းမရှိကြောင်း ဒေသခံပြောပြချက်အရသိရသည်။ ထို့အပြင်ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင်လည်း မိုင်းကိုင်မြို့အရှေ့ မြောက်ဘက် ရှိကျေးရွာများကို အစည်းအဝေးဟုဆို၍ ထပ်မံဖမ်းဆီးထားခြင်းရှိနေပြီး ယင်းတို့မှာ လူဦးရေမည်မျှဖမ်းဆီးထားသည်ကို မသိရှိ ရသေးကြောင်းဆိုသည်။ ရှမ်းဆိုလည်းရှမ်းတပ်မတော်ထဲဝင် ဒါသမိုင်းပေးတာဝန်ကရှိပြီးသား။ ဘာမှမဆိုင်တဲ့ တအာင်း၊ပအိုဝ်း နောက်အခြားမျိုးနွယ်စုတွေကို ဖမ်းဆီးပြီးလုပ်နေတာက မဖြစ်သင့်ဘူးပေါ့။ အကောင်းဆုံးက သူ့မျိုးနွယ်စုနဲ့သူပဲသွား အဲ့လို မြင်တယ်။ မဟုတ်ရင် တိုင်းရင်းသားချင်းချင်း အငြိုးတွေဖြစ်ပွားမယ်။ ပဋိပက္ခတွေပိုကြီးထွားမယ်ဒါမျိုး ဖြစ်လာမှာကိုတော့ မကောင်းဘူး။”ဟု သုံးသပ်ပြောဆိုခဲ့သည်။ https://www.facebook.com/photo/?fbid=797765982386584&set=pcb.797 766079053241

၈။ စစ်ကောင်စီအဖွဲ့၀င် ဒေါက်တာမှုထန်၏ နေအိမ်ကို CDF-Hakha က ပြည်သူပိုင်အဖြစ်သိမ်းဆည်း
February 26, 2024

စစ်ကောင်စီအဖွဲ့၀င် ဒေါက်တာမှုထန်၏ ဟားခါးမြို့က နေအိမ်ကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းလိုက် ကြောင်း CDF-Hakha က ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကထုန်ပြန်သည်။ ဒေါက်တာမှုထန်သည် စစ်ကောင်စီနှင့်လက်တွဲပူပေါင်းသည်သာမက ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က  ဟားခါးမြို့ရှိ မြို့တော်ခန်းမမှာ စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲ မှာ ပြည်သူများ ပူးပေါင်း ပါဝင်ကြဖို့ စည်းရုံးခဲ့သောကြောင့် ဟားခါးမြို့ ဆပ်သာလမ်း (Sakta Lam) ရှိသူ၏ နေအိမ်ကို ပြည်သူ ပိုင် အဖြစ်သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု CDF-Hakha ကထုန်ပြန်သည်။

ဒေါက်တာမှုထန်၏ နေအိမ်ကို တော်လှန်ရေးကာလအတွင်း လိုအပ်သလိုအသုံးပြုသွားမည်ဟုလည်း CDF-Hakha က ဆိုသည်။ ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌလည်းဖြစ် ဒေါက်တာမှုထန်သည် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ခန့်အပ်ခံရသူဖြစ်သည်။ သူ၏ ဇာတိမြို့ ထန်တလန် ကို စစ်ကောင်စီက ပြာပုံအတိဖြစ်အောင် မီးရှို့ဖျက်ဆီးခဲ့သော်လည်း စစ်ကောင်စီနှင့် ပူးပေါင်းလက်တွဲသည့်အပေါ် ချင်းပြည်သူ များ၏ အပြင်းအထန်‌ေ၀ဖန်မှုခံနေရသူလည်းဖြစ်သည်။ ထို့အပြင် ဒေါက်တာမှုထန်နှင့် စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင် ၃ ဦး အပါအ၀င် လက်နက်ပွဲစား လက်နက်ပွဲစား ကုမ္ပဏီ ၂ ခုတို့ကို ဥရောပသမဂ္ဂက EU က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က ပိတ်ဆို့အရေးယူခဲ့သည်။ https://www.facebook.com/photo?fbid=9006555453 96833&set=pcb.900655645396823
၉။ ဆင်ဘိုဒေသခံတွေ နီးစပ်ရာတောတောင်တွေနဲ့ မြစ်ကြီးနားမြို့ဘက်ကို တိမ်းရှောင်
 February 26, 2024

တိုက်ပွဲတွေဖြစ်ပွားလာမှာ စိုးရိမ်တာကြောင့် မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့က ဒေသခံအယောက် ၅၀ ကျော်ဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ မြစ်ကြီးနားမြို့ဘက်ကို တိမ်းရှောင်လာခဲ့ကြပြီး နီးစပ်ရာဆွေမျိုးအသိုင်းအဝိုင်းတွေဆီ သွားရောက် ခိုလှုံနေကြတယ်လို့ သိရပါတယ်။ ဒေသခံတချို့က တောထဲ၊ အခင်းတွေထဲ ဝင်ရောက်တိမ်းသွားကြပြီး တချို့က မြစ်ကြီးနားမြို့ ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာ ဖြစ်တယ်လို့ ဆင်ဘိုမြို့က တိမ်းရှောင်လာသူ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “မြို့ထဲမှာတော့ မကျန်သလောက်ဖြစ်သွားပြီ။ တချို့ပိုက်ဆံမရှိတဲ့ တစ်နေ့လုပ်တစ်နေ့စားတွေကြ အခင်းကြားတွေပြေး၊ နောက် အောက်ရွာ၊ ဘေးရွာလေးတွေ လျှောက်ပြေးကြတာပေါ့။”လို့ ဒေသခံက ဆိုပါတယ်။ ဆင်ဘိုဒေသခံတွေဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့လောက်က မြို့ဘက်ကို ထွက်ပြေးလာခဲ့ကြတာဖြစ်ပြီးတော့ အခုဆိုရင်မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်၊ နောင်ခမ်းရှမ်းရွာက ကံသာရာမ ဘုန်းကြီးကျောင်းမှာ အယောက် ၆၀ လောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

တချို့က မြစ်ကြီးနားမြို့ပေါ်က နီးစပ်ရာဆွေမျိုးအသိုင်းအဝိုင်းတွေဆီ ဆက်သွယ်ပြီးနေကြသလို တချို့ကမြို့ဘက် ပြေး ဖို့ အခက်အခဲရှိတဲ့အတွက် ဆင်ဘိုမြို့အနီးအနားက အခင်းတွေထဲ၊ တောထဲဝင်ရောက် ပုန်းရှောင်နေကြတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ KIA  ပူးပေါင်းတပ်ဖွဲ့တွေက ဆင်ဘိုမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်တာကြောင့် စစ်ကောင်စီဘက် က လေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေရှိတဲ့အတွက် ဒေသခံပြည်သူတွေဟာ မြို့ထဲမနေရဲကြတော့ဘဲ ဘေးလွတ်ရာကို အခုလို တိမ်းရှောင်သွားကြတာ ဖြစ်ပါတယ်။ ဆင်ဘိုမြို့ဟာ ဧရာဝတီမြစ်ကမ်းနံဘေးက မြို့တစ်မြို့ဖြစ်ပြီး ၂၀၁၄ သန်း ခေါင်းစာရင်းအရ လူဦးရေ ၁၀,၀၀၀ ကျော်နေထိုင်ပါတယ်။ https://www.facebook.com/photo/?fbid=4170 13631005636 &set=a.2660134
၁၀။ မင်းတပ်မြို့မှာ စစ်ကောင်စီက အရပ်သားတွေကို ဖမ်းဆီးမှုတွေ လုပ်ဆောင်နေ
  February 26, 2024

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက အရပ်သား ပြည်သူတွေကို ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရှိရပါတယ်။ မင်းတပ်မြို့နယ် အနောက်တောင်ဘက်က ရွီတွီကျေးရွာမှ အသက်မပြည့်သေးတဲ့ ကလေးအပါ ဝင် အရပ်သား ၄ ဦးကို စစ်ကောင်စီ အင်အား ၁၀၀ ခန့်က ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်က ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ သိရပါတယ်။ “ဖမ်းသွားတာက အမျိုးသား ၄ ဦးပါ။ ၅ မိုင်ကနေ ဆင်းလာတဲ့ စစ်သားက ဖမ်းသွားပြီး ခလရ ၂၇၄ တပ်ရင်းကို ခေါ်သွားတာပါ။ ဘာကြောင့် ဖမ်းသွားတာလည်းဆိုတာ မသိရသေးဘူး။” လို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦး က ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ အမျိုးသား ၄ ဦးကို မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၇၄ တပ်ရင်းသို့ ခေါ်ဆောင် သွားပြီး အသက်မပြည့်သေးတဲ့ အမျိုးသား ၁ ဦးကိုတော့ ဒီနေ့နေ့လည်က ပြန်လွတ်ပေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် မင်းတပ်မြို့ ၃ မိုင်ဂိတ်မှ ပန်းအော့ကျေးရွာသို့သွားတဲ့ လမ်းတစ်လျှောက် အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင် သွားသလို ၎င်းတို့ရဲ့ ဆိုင်ကယ်တွေကိုလည်း လုယူသွားတယ်လို့ သိရပါတယ်။  မင်းတပ်မြို့မှာ ယခုရက်ပိုင်းအတွင်း မြို့အနီးနား ကျေးရွာတွေမှာ စစ်ကောင်စီက အင်အားအများပြားနဲ့ စစ်ကြောင်းတွေ ထိုးတဲ့အပြင် ကျေးရွာထဲက နေအိမ်တွေကိုလည်း ဝင်ရောက်ရှာဖွေ စစ်ဆေးမှုတွေ လုပ်နေပါတယ်။ https://www.facebook.com/photo?fbid=74177490 8053678&set=a.60 3254748572362
၁၁။ ရမ်းဗြဲမြို့ကို စစ်ကူလာပို့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအများပြား သိမ်းဆည်းရမိ
 February 26, 2024

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို ရဟတ်ယာဥ်ဖြင့်စစ်ကူလာပို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်း အများပြား သိမ်းဆည်းရမိခဲ့တယ်လို့ မြောက်ပိုင်းညီနောင် သုံးဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက ရမ်းဗြဲမြို့ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အနောက်တောင်ပိုင်း စစ်ဋ္ဌာနချုပ် လက်အောက်ခံ ကျုံပျော်မြို့ အခြေ စိုက် ခလရ ၃၆ တပ်ရင်းနဲ့ အနောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် လက်အောက်ခံ အမ်းမြို့က ခမရ ၃၈၃ တပ်ရင်းမှ အင်အား ၁၂၀ ခန့် ပါတဲ့ ရဟတ်ယာဥ် ၄ စီးဖြင့် ၇ ကြိမ်တိုင်တိုင် စစ်ကူပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ စစ်ကူလာပို့တဲ့ တပ်ရင်း နှစ်ရင်း စစ်ကြောင်း ကို ရက္ခိုင့်တပ်တော် (AA)မှ ချေမှုန်းတိုက်ခိုက်ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၀ ကျော်သေဆုံးပြီး ကျန်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို ဆက်လက်ချေမှုန်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင် အလောင်းအမြောက်များစွာနဲ့အတူ လက်နက်ခဲယမ်းအများပြားကိုလည်း သိမ်းဆည်းရမိပြီး စစ်ကောင်စီက တနေ့လုံးနီးပါး တောက်လျှောက် မရပ်မနား လေကြောင်းကနေ တိုက်ခိုက်နေတဲ့ကြားမှ စစ်ကောင်စီ တပ်ဖွဲ့တွေ ကို တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက ရမ်းဗြဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွေကို နေ့တိုင်းပြု တာကြောင်း ရမ်းဗြဲတစ်မြို့လုံးရှိ လူနေအိမ်၊ အဆောက်အအုံ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ သာသနိကအဆောက် အအုံတွေမှာ အားလုံးနီးပါး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ရခိုင်မှာ ပေါက်တောမြို့ ပြီးလျှင် ရမ်းဗြဲမြို့ဟာ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခံရမှု၊ အပျက်အစီး အများဆုံးမြို့ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မင်းပြားမြို့၊ ကမ်းနီကျေးရွာက စစ်ကောင်စီရဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကို ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှာ ရက္ခိုင့်တပ်တော်မှ ၈ ရက်မြောက် ထိုးစစ်နေ့ အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။ https://www.facebook.com/photo/?fbid=74214816 4683019&set=a.603254748572362
၁၂။ ကရင်နီ သိမ်းပိုက်ထားတဲ့မြို့တွေမှာ အုပ်ချုပ်ရေး ယန္တရားတွေ ပြန်တည်ဆောက်မည်
   February 26, 2024

ကရင်နီပြည်နယ်လို့လည်း ခေါ်ကြတဲ့ ကယားပြည်နယ်မှာ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ လက်ရှိ မြို့ ၄ မြို့ ထက်မနည်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ဆန်ပိုင်းလောက်က ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီးတဲ့နောက် ကရင်နီဒေသတခွင် နေရာအနှံ့မှာ နေ့စဉ်နဲ့အမျှ ယခုချိန်ထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးအရ တော်လှန်ရေးတပ်ပေါင်းစု တွေဘက်က မြေပြင်မှာ အသာစီးရနေပါတယ်။ စစ်ကောင်စီတပ်တွေ ခြေကုတ်ယူထားတဲ့ မြို့တွေ တစ်မြို့ပြီး တစ်မြို့ ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က တိုက်ခိုက် သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်း၊ စစ်သုံးပန့်အများအပြားလည်း ဖမ်းဆီးရ မိပါတယ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ခုလိုပြောပါတယ်။“မြို့ကတော့ ရွာသစ်မြို့၊ မယ်စဲ့မြို့၊ ရှားတောမြို့၊ မော်ချီးပေါ့ မော်ချီးက မြို့တော့ မဟုတ်ဘူး၊ ဒါပေမယ့် မြို့နီးနီးပဲပေါ့နော်၊ နောက် ပြီးတော့ ဒီးမော့ဆိုမြို့နယ်မှာပါတဲ့ နန်းမယ်ခုံပေါ့ စတဲ့မြို့တွေကတော့ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ လက်ထဲအကုန်လုံး ရောက်သွားပြီးပေါ့နော်။ ဆိုတော့ အဲ့မြို့နယ်တွေမှာ ကျနော်တို့ လောလောဆယ်တော့ ပြန်လည် ထောင်ရေး ကိစ္စတွေကတော့ ကျနော်တို့ လုပ်ဖို့ စီစဉ်တုန်းပဲဖြစ်ပါတယ်။ အဲ့မှာ စစ်မြေပြင်ဖြစ်ခဲ့တဲ့အတွက် မိုင်းတွေ ရှိတယ်ပေါ့နော်။ လောလောဆယ် ပြည်သူ လူထုပြန်လည်နေထိုင်ဖို့က သိပ်ပြီးတော့ အဆင်သင့်မဖြစ်သေးတဲ့ အခြေအနေမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် မကြာခင်တော့ သက်ဆိုင်ရာပေါ့နော် အုပ်ချုပ်ရေးအဖွဲ့တွေကနေ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်တည်ဆောက်ဖို့တွေတော့ ရှိပါတယ်ခင်ဗျ။” ဒီမြို့တွေဟာ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပေမဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ မိုင်း အန္တရာယ်ကြောင့် ဒေသခံတွေ နေရပ်ပြန်နေထိုင်ဖို့ မသင့်တော်သေးဘူးလို့ ဆိုပါတယ်။ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေဘက် က နယ်မြေရှင်းလင်းရေးလုပ်ရင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းတွေလည်း လုပ်ဆောင်နေပါတယ်။

တပ်ပေါင်းစုတွေ ထိန်းချုပ်ထားတဲ့ မြို့တွေမှာ အုပ်ချုပ်ရေးယန္တရားနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အကောင် အထည်ဖော်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေပြီလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) အတွင်းရေးမှူး(၂) ဗညားခွန်အောင်က ပြောပါတယ်။“ဒီမြို့တစ်မြို့ချင်းစီရဲ့ တည်နေရာနဲ့ စစ်ရေးအခြေအနေပေါ် မူတည်ပြီးတော့မှ အုပ်ချုပ်ရေး လုပ်ငန်းတွေ နောက်ပြီးတော့မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကတော့ သူ့ဟာနဲ့ သူတော့ အဆင်ပြေသလိုတော့ လည် ပတ်နေတာတော့ ရှိတာပေါ့နော်။ တစ်မြို့နဲ့ တစ်မြို့မတူဘူးပေါ့နော်။ ဥပမာအားဖြင့်ဆို အုပ်ချုပ်ရေးလုပ်ငန်းကို စတင်ဖို့ ကြိုးစားနေတဲ့ မြို့ကတော့ ကျနော်တို့ ဒီဖက် မယ့်စဲပေါ့နော်၊ မယ်စဲ့နဲ့ ရှားတောမြို့ပေါ့နော်။” မယ်စဲ့မြို့မှာတော့ တိုင်းရင်း သား လက်နက်ကိုင်တွေဖြစ်ကြတဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) ၊ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက် ရေးတပ်ဦး(ကလလတ) နဲ့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) တို့ ပူးပေါင်းအုပ်ချုပ်မှုစနစ်နဲ့ လုပ်ဆောင်သွား မှာဖြစ်တယ်လို့ IEC အတွင်းရေးမှူး(၂) ဗညာခွန်အောင်က ပြောပါတယ်။ https://www.faceb ook.com/photo/?fbid=805433 631611994&set=pcb.805434318278592
၁၃။ ဆီဆိုင်မြို့ တစ်လပြည့် တိုက်ပွဲတွေအတွင်း အရပ်သား ၄၀ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၅၁ ဦးရှိ
  February 26, 2024

ဖေဖော်ဝါရီ ၂၄ ရက်က ၁ လပြည့်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တိုက်ပွဲကာလအတွင်း အရပ်သား သေဆုံး မှု ၄၀ ဦးရှိနေပြီး ဒဏ်ရာရသူ ၅၁ ဦးရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး(Pa-o Youth Organization) က ဖေဖော်ဝါရီ ၂၆ ရက် နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းက စတင်ဖြစ်ခဲ့တဲ့ စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ် တွေနဲ့ PNLA ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ၁ လပြည့်ခဲ့တာ ဖြစ်ပေမယ့် ဟိုပုံး၊ ဆီဆိုင်၊ လွယ်လင်ဒေသ တိုက်ပွဲဖြစ်စဉ်ဟာ ဟိုပုံးမြို့နယ် စံဖူးမှာ စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကနေ ဇန်နဝါရီ ၂၁ ရက် ကနေ စတင် ခဲ့တာဖြစ်ပါတယ်။ ယင်း ကာလအတွင်းမှာ အရပ်သား သေဆုံး၊ ဒဏ်ရာရတာတွေအပြင် အရပ်သား ဖမ်းဆီးခံရသူ ၁၃ ဦး၊ အရပ် ဖက်အဆောက်အဦပျက်စီးမှု ၉၇ လုံး၊ ဘာသာရေးအဆောက်အဦပျက်စီးမှု ၁၂ လုံးတို့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၂၉၃ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၈၀၈ ကြိမ်ရှိခဲ့ပြီး စစ်ရှောင်ဦးရေဟာလည်း ၉၄၃၀၀ ဦးအထိရှိနေတယ်လို့ ဖော်ပြထားပေမယ့် မြေပြင်မှာ ကျန်နေခဲ့တာတွေ ရှိနေနိုင်တာဖြစ်လို့ ဒိထက် ပိုမိုနိုင်တယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင်ရတဲ့ ကျေးရွာပေါင်းဟာ ဟိုပုံး၊ ဆီဆိုင်နဲ့လွိုင်လင်မြို့နယ် စုစုပေါင်းမှာ ကျေးရွာပေါင်း ၁၂၀ နဲ့ ရပ်ကွက် ၆ ရပ်ကွက်ရှိတယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင်တွေလည်း  စစ်ဘေးရှောင်ကာလ ၁ လကျော်လွန်လာခဲ့တာမှာ စပြေးစကတည်းက အဝတ် ၁ ထည် ကိုယ် ၁ ခု ပြေးလာကြရတာဖြစ်တဲ့အပြင် ဝင်ငွေမရှိ နောက်မှာကျန်ခဲ့တဲ့ အိမ်တွေပျက်စီး၊ ဖောက်ထွက်ခိုးယူခံရ၊ အိမ်ပြန်ယူလို့မရ၊ ပြန်တော့လဲ လက်နက်ကြီးနဲ့ပစ်ခံရလို့ သေကြေဒဏ်ရာရ ဖြစ်နေရပြီး ကာလ ရှည်လာတဲ့နဲ့အမျှ နေစရာ၊ စားစရာ၊ ကျန်းမာရေးကအစ လိုအပ်ချက်တွေ များပြားလာနေတာဖြစ်လို့ အကူအညီတွေ အများအပြားလိုအပ်နေတယ်လို့ သိရ ပါတယ်။ https://www.facebook.com/photo/?fbid=42640257 9746192&set=pcb.426404523079331
၁၄။ မင်းတပ်မြို့နယ်မှာ စစ်ဘေးတိမ်းရှောင်စဉ် ဆေး၀ါးမလုံလောက်မှုကြောင့် မီးတွင်း မိခင်သေဆုံးမှုနှင့် မွေးကင်းစ ကလေး သေဆုံးမှု ၂၀ ၀န်းကျင်ရှိ
  February 26, 2024

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ဘေးတိမ်းရှောင်စဉ် ဆေးဝါးပြတ်လပ်မှုနှင့် ဆေး၀◌ါးမလုံလောက်မှု တို့ကြောင့် ၃ နှစ်တာကာလအတွင်း မီးတွင်းမိခင်သေဆုံးမှုနှင့် မွေးကင်းစကလေးသေဆုံးမှု (၂၀) ၀န်းကျင်ထိ ရှိခဲ့သည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံမှသိရသည်။ စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း ၃ နှစ်တာ ကာလအတွင်းမှာ စစ်ကောင်စီသည် မင်းတပ်မြို့နယ်ကို စစ်အုပ်ချုပ် ရေးကြေညာကာ ဆေးဝါးသယ်ယူခွင့်ကန့်သတ် ပိတ်ထား သည့်အတွက် မင်းတပ်မြို့နယ်အတွင်း စစ်ရေးကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များသည် ဆေးဝါးပြတ် လပ်မှုနှင့် ဆေးဝါးကျွမ်းကျင်သည့် ဆရာဝန်များ မရှိခဲ့ သည့်အတွက်အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု မင်းတပ် မြို့နယ် စစ်ဘေး ရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီတာဝန်ခံ ကိုလောရင့်က ပြောသည်။ “အိမ်ထောင်သည်အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တဲ့ အခါ၊ ကလေးမွေးတဲ့အခါ ဆေးဝါးပြသာနာ၊ ဆေးဝါးလုံလောက်မှု မရှိဘူး၊ သင့်တင့်လျောက်ပတ်တဲ့ အာဟာရဖြည့်စွပ်မှု တော်တော်လေးလိုပါတယ် ကျွမ်းကျင်ဆရာဝန်၊ သက်ဆိုင်ရာ ဆရာဝန်တွေ လုံလောက်မှုမရှိတဲ့အခါကျတော့ သေဆုံးမှုကလည်း တော်တော် လေးမြင့်တက်နေသေးတယ်။ ကိုယ်ဝန် ဆောင်တွေဆိုရင် ရွာလက်သည်နဲ့ပဲ မွေးတာ။ သယ်ယူပို့ဆောင်ရေးက လည်းလိုတာကိုး ဒီတိုင်းဆိုင်ကယ်နဲ့ သွားဖို့ လမ်းကြမ်းမှာသွားဖို့ကလည်း အဆင်မပြေပြန်ဘူး” ဟု ကိုလောရင့်ကပြောသည်။

မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီ၏ စာရင်းမှတ်တမ်းအရ ၂၀၂၁ ခုနစ်မှ ၂၀၂၃ ခုနစ်အထိ စစ်ဘေးရှောင်ပြည်သူများထဲမှ မီးတွင်းသေဆုံးသူ အမျိုးသမီး (၁၂) ဦးနှင့် မွေးကင်းစကလေးသေဆုံးသူ (၂၀) ဦးအထိ ရှိခဲ့သည် ဟု သိရသည်။ ထိုကဲ့သို့ သေဆုံးမှုမှာ ယခုထက်ပိုများနိုင်သော်လည်း ဆက်သွယ်ရေးဖုန်းလိုင်း အခက်အခဲများကြောင့် အသေး စိတ် စာရင်းများကောက်ယူရန် ခက်ခဲနေသည်ဟု ကိုလောရင့်ကပြောသည်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့်စစ်ရှောင်သည့် ကာလအတွင်း ငွေကြေးခက်ခဲမူတို့ကြောင့် စစ်ရှောင်အမျိုးသမီး များသည် ကိုယ်ဝန်ဆောင်ချိန်အတွင်း လိုအပ်သည့် အစာ အာဟာရဓာတ်များနှင့် ဖြည့်စွက်ဆေးဝါးများလည်း နေ့စဥ်မှီဝဲ သုံးစွဲရန် အခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု မင်းတပ် မြို့နယ် စစ်ဘေး ရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီ က ကျန်းမာရေးမှူးကပြောပါတယ်။“ကိုယ်ဝန် ဆောင်အမျိုးသမီး၊ နို့တိုက်မိခင်အတွက်လည်း ဆေးဝါးအာဟာရတွေလိုတယ် ရှိတဲ့ဆေးခန်းမှာပေးပေမယ့် ရာခိုင်းနုန်းအနေနဲ့ နည်းနည်းလေးပဲ လုပ်ပေးနိုင်သေးတယ်။ ဒါကြောင့် သူတို့အတွက် ကိုယ်ဝန်ဆောင်ဗီတာမင်တွေ၊ ဆေးဝါးလေးတွေကတော့ အများကြီးလိုအပ် ချက်ရှိနေသေးတယ်” ဟု သူကပြောသည်။ https://www.facebook.com/photo?fbid=899396795522708&set=pcb.89939 7855522602
၁၅။ ကျောက်မဲမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကြောင့် ကြံခင်းအလုပ်သမား တစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရ
   February 26, 2024

ရှမ်းမြောက် ကျောက်မဲမြို့နယ် ကျောင်းကုန်းနဲ့ နောင်ပြစ်ကျေးရွာကြားက ကြံခင်းမှာ မပေါက်ကွဲသေတဲ့ လက်နက်ကြီး ကြောင့် အမျိုးသားငယ် တစ်ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်း ၄ နာရီဝန်းကျင်မှာ အသက် ၁၉ နှစ် အရွယ် အမျိုးသားငယ်တစ်ဦးက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကို ဆွဲနှုတ်မိရာမှာ ပေါက်ကွဲဖြစ် ပွားပြီး နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။“ လေးယောက်လုံးက ခုတ်ပြီးတဲ့ ကြံတွေကို ကြံကားနဲ့ကြံလာတာ။ သေသွားတဲ့တစ်ယောက်က ငှက်ပျောဖူး(လက်နက်ကြီး)ကို နင်းမိတာတာတော့ မဖြစ်နိုင်ဘူး။ သွားတွေ့လို့ ဆွဲနှုတ်ပြီး ကွဲသွားတာ ဖြစ်နိုင်တယ်။ သူနင်းမိတာတော့ မဖြစ်နိုင်ဘူး။  သူ့ဘေးက ကြံတင်နေတဲ့ ၃ ယောက် အစ တွေလာမှန်တာ” ထိခိုက်ဒဏ်ရာရရှိထားတဲ့ အမျိုးသား ၃ ဦးထဲက ၂ ဦးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိထားတာကြောင့် လူမှုကူညီ ရေးအသင်းတွေက မန္တလေးဆေးရုံသို့ ပို့ပေးနေတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားငယ်ဟာ နောင်ချိုမြို့နယ်ကဖြစ်ပြီး ဒဏ်ရာရရှိထားတဲ့ အမျိုးသား ၃ ယောက်ကတော့ ‌ကျောက်မဲမြို့ နောင်ပြစ်ကျေးရွာက ဖြစ်တယ်လို့ အထပ်ပါ အမျိုးသားက ဆက်ပြောပါတယ်။ ကျောက်မဲမြို့ထဲ စစ်ကောင်စီရဲ့ ၅၀၁၊ ၅၀၂ တပ်ကလည်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ဖေဖော်ဝါရီ ၂၄ ရက်နေ့ညက လက်နက်ကြီး နဲ့ လက်နက်ငယ်တွေ ၂ နာရီကြာ ပစ်ခတ်တာတွေလည်း ရှိတယ်လို့ နောက်ထက် မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ မ နက် ၉ နာရီဝန်းကျင် တအာင်းဒေသ နမ့်ဆန်မြို့နယ် ဇယန်းကြီးရွာ ရပ်ကွက် ၇ ဆေးရုံအောက်မှာ အသက် ၁၁ နှစ်အောက် ကလေးငယ် ၃ ဦးက မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်လို့ ၃ ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။ https://www.facebook.com/photo?fbid=726320509675216&set=pcb.726320609675206

၁၆။ စစ်တွေမြို့တွင်း စစ်ဆေးရေဂိတ်များတွင် ငွေတောင်းခံမှုရှိနေ၊ မွတ်လူမျိူများဆိုလျှင် ပိုမိုတောင်းခံမှုပြုလုပ်နေ
  February 26, 2024

ရခိုင်ပြည်၊ စစ်တွေမြို့အတွင်းရှိ စစ်ဆေးရေးဂိတ်အချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများထံမှ ငွေကြေး တောင်းခံလျှက်ရှိနေပြီး ပစ္စည်းများပါလျှင်လည်း သိမ်းဆည်းမှုများ ရှိနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ စစ်တွေ-ပလ္လင်ပြင်ကားလမ်းရှိ လုံခြုံရေးဂိတ်များဖြစ်သော ဘုမေကျေးရွာ အဝင်အထွက်ဂိတ်နှင့် အမှတ် (၁၄) ရဲတပ်ရင်းရှေ့ရှိ လုံခြုံ ရေးဂိတ်များတွင် ငွေတောင်းခံနေကြောင်း ဒေသခံများက ပြောသည်။ အမည်မဖော်လိုသည့် အိန္ဒိယသုံးဘီးဆိုင်ကယ်မောင်းနှင် သူ တစ်ဦးက “ကျွန်နော်ဆီကနေ ပါတဲ့ ခရီးသည်အယောက်တိုင်းအတွက် တစ်ယောက်ကိုငွေတစ်ထောင် တောင်းတယ်။ ဒီအချိန် ဒီကာလမှာ ဒီလောက်ခက်ခဲ ကြပ်တည်းနေတာကို သူတို့မို့ မရှက်မကြောက်နဲ့ တောင်းတာ။ သူတို့တောင်းတဲ့ငွေကို မပေးရင် ဂိတ်ကိုပေးမဖြတ်ခိုင်းဘူးဆိုပြီး တောင်းတာပါ။ ကျွန်နော့်ခရီးသည်တွေက အလျင်လိုနေလို့ သူတို့တောင်းတဲ့ငွေကို ပေးခဲ့ရပါ တယ်” ဟု ပြောသည်။

ထို့အပြင် အဆိုပါလမ်းသည် မွတ်ဆလင်ကျေးရွာများနှင့် ချိတ်ဆက်ထားသော အဓိကလမ်းမဖြစ်ပြီး အဆိုပါလမ်းမှ သွားလာသည့် မွတ်ဆလင်များကိုလည်း ငွေကြေး တောင်းခံလျှက်ရှိနေကြောင်း ငွေကြေးတောင်းခံခြင်းခံရသည့် မွတ်ဆလင်များ က ဆိုသည်။ “ဘုမေရွာထိပ်ကဂိတ်က ကျွန်တော်တို့ဆေးကုဖို့သွားရင်တောင် တစ်ခါသွားရင် ငါးထောင်ပေးရပါတယ်။ ရဲတပ်ရင်း ရှေ့က ဂိတ်ကကျတော့ တစ်ယောက်ကို တစ်ထောင်နှစ်ထောင်ပေးရတယ်။ သူတို့မူးနေရင် ပိုပေးရတယ်။ တစ်ခါတစ်လေဆိုရင် သူတို့မူးပြီးပြောတာကို နားမလည်လို့ဆိုပြီး ကျနော်တို့ရွာက ခလေးတွေကို ပါးရိုက်တာမျိုးလည်းရှိပါတယ်” ဟု ဒါးပိုင်ကျေးရွာမှ အမည်မဖော်လိုသည့် မွတ်ဆလင်တစ်ဦးက ဆိုသည်။ ထိုသို့ ငွေကြေးတောင်းခံခြင်းအပြင် တစ်ခါတစ်ရံ၌ မိမိတို့တွင်ပါလာသည့် စားသောက်ကုန်များကိုလည်း ယူဆောင်ခြင်းခံကြရကြောင်း မွတ်ဆလင်များက ပြောသည်။ https://www.facebook.com/ photo/?fbid=845200017619426&set=a.682731967199566
၁၇။  ထားဝယ်အရှေ့တော‌ဒေသကို စစ်ကောင်စီက တိုက်လေယာဥ်နဲ့ဗုံးကြဲ
   February 26, 2024

နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ထားဝယ်မြို့နယ်၊ အရှေ့တော‌ဒေသကို စစ်ကောင်စီက တိုက်ခိုက်ရေးဂျက် လေယာဥ် နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံနဲ့ တော်လှန်ရေးရဲဘော်တွေကဆိုပါတယ်။  အရှေ့တောဒေသ ထားဝယ်-ထီးခီးလမ်းပေါ်က တောင်သုံးလုံးကျေးရွာအုပ်စု၊ ရွှေချောင်းရွာနဲ့ ကျောက်မဲတောင်ရွာတွေမှာ မနေ့ညနေပိုင်းကစလို့ ဒီနေ့အထိ နှစ်ဖက်လက်နက်ကြီး၊ ငယ်တွေနဲ့ တိုက်ပွဲတွေ​ဖြစ်ပွားနေတာပါ။ တောင်သုံးလုံးရွာနဲ့ ရွှေချောင်းရွာတဝိုက်ကို  တိုက်လေယာဥ်နဲ့ ဗုံးသီးနှစ်လုံးကြဲချသွားတယ်လို့ တော်လှန်ရေးရဲဘော်တွေနဲ့ ဒေသခံတွေကဆိုပါတယ်။ “ဗုံးပေါက်သံက အရင်ကနဲ့လုံးဝမတူဘူး။ ကျမတို့နဲ့တော်တော်ဝေးတာတောင် အနီးကပ်ကြီးလိုခံစားရတယ်။ တော်တော်ကိုကြမ်းတယ်” လို့ အနီးအနားရွာမှာနေထိုင်သူ အမျိုးသမီးတစ်ဦးကပြောပါတယ်။

အခုဗုံးကြဲတိုက်ခိုက်မှုဟာ အရှေ့တော​ဒေသကို လေးကြိမ်​​​​မြောက်ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး အရင်ကသုံးကြိမ်မှာတော့ MI-2 အမျိုးအစားရဟတ်ယာဥ်ကိုပဲ အသုံးပြုပြီးဗုံးကြဲခဲ့တာပါ။ ဗုံးကြဲခံရတဲ့ ရွှေချောင်းရွာကနေအိမ်တချို့ ဒီနေ့နေ့လယ်ပိုင်းမှာ မီးလောင်နေတယ်လို့လည်း ဒေသခံတွေကပြောဆိုပေမယ့် သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။ “အဲဒီဘက်က ဆက် သွယ်ရေးလိုင်းတွေပြတ်နေတော့။ ဘာတွေ​ဖြစ်သွားလဲ သေချာမသိရသေးဘူး” လို့ ထားဝယ်-ထီးခီးလမ်းပေါ်က ကျေးရွာတခုမှာ ရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။ တိုက်ပွဲတွေကြောင့် ထားဝယ်-ထီးခီးလမ်းပေါ်မှာရှိတဲ့ တောင်သုံး လုံးနဲ့ ရွှေချောင်းရွာမှာနေထိုင်သူတွေ ဒီနေ့မနက်စောစောပိုင်းကတည်း နီးစပ်ရာစစ်ဘေးရှောင်ထွက်ပြေးနေကြပေမဲ့ ဒီနေ့ည နေပိုင်းအထိ ရွာတွေထဲပိတ်မိနေတဲ့ရွာသားတွေရှိနေသေးတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးဆီက သိရပါတယ်။  https://www.facebook.com/photo?fbid=422752933475795&set=a.196212682796489
၁၈။ နျူကလီးယားကုန်ကြမ်း ရောင်းဝယ်ရေးနဲ့ မဆက်နွယ်ဘူးလို့  RCSS ပြော
   February 26, 2024

နျူကလီးယားလက်နက်ထုတ်လုပ်နိုင်တဲ့ ယူရေနီယံနဲ့ ပလူတိုနီယံ ဓာတ်သတ္တုကုန်ကြမ်း ထုတ်လုပ်ရောင်းချတဲ့ ကိစ္စ ဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ မပတ်သက်ဘူးလို့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ငြင်းဆိုလိုက်ပါ တယ်။ ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင် တာကီရှီအီဘီဆာဝ (Takeshi Ebisawa )ကို မြန်မာနိုင်ငံကထွက်တဲ့ ယူရေနီယံနဲ့ ပလူတိုနီယံဓာတ်သတ္တုကုန်ကြမ်းရောင်းချဖို့ကြံစည်မှုနဲ့ စွဲချက်တင် အရေးယူလိုက်ကြောင်း အမေရိကန်တရားရေးဌာနက ပြီးခဲ့ တဲ့ သီတင်းပတ်ထဲမှာ ကြေညာပါတယ်။ အဲဒီယာကူဇာဂိုဏ်းခေါင်းဆောင်ဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အတွက် ကုန်သွယ်ပေးဖို့ ကြိုးပမ်းခဲ့တယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်လာပြီးနောက် ဗိုလ်ချုပ်ကြီး ယွက်စစ်ဘက်က ငြင်းချက်ထုတ်လာတာဖြစ်ပါတယ်။

RCSS အနေနဲ့ ထုတ်လုပ်ရောင်းချရေး အရောင်းအဝယ် ကိစ္စတွေကို ဘယ်သူနဲ့မှ ဆွေးနွေးခဲ့တာမရှိတဲ့အပြင် အဲဒီသတ္တု ကုန်ကြမ်းတွေအကြောင်းတောင် နားမလည်ဘူးလို့ ဗိုလ်ချုပ်ကြီးယွက်စစ်က RCSS ရဲ့ သတင်းဌာနဖြစ်တဲ့ Tai Freedom ကို အခု လို ပြောဆိုထားတာပါ။ စွပ်စွဲပြောဆိုမှုတွေဟာ တစ်ဖက်သတ်စွပ်စွဲပြောဆိုချက်တွေ၊ အခြေအမြစ်မရှိတဲ့ လုပ်ရပ်တစ်ခုသာဖြစ် တယ်လို့ ဆိုပါတယ်။ ဒီကိစ္စတွေမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့အကြီးအကဲ ပါဝင်နေတယ်လို့ အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (DEA) အရာရှိရဲ့ အိတ်ပိတ်တိုင်ကြားချက်မှာ ဖော်ပြဖူးပါတယ်။ ဒါပေမဲ့ အမေရိကန်တရားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ RCSS လို့ ဖော်မပြထားဘဲ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တစ်ဖွဲ့လို့သာ ထုတ်ပြန်ထားပါတယ်။ https://www.facebook.com/photo/?fbid=80941171122 0233&set=a.583637430464330
၁၉။ ရွှေကူအထက်လေးလမ်းဆုံ ဂိတ်ကိုလာတိုက်တဲ့ စစ်ကောင်စီတပ်အထိနာပြီး ပြန်ဆုတ်ခွာ
   February 27, 2024

ကချင်ပြည်နယ် ရွှေကူမြို့အထွက် ရွှေကူနယ်ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF) တွေထိန်းချုပ်ထားတဲ့ အထက်လေးလမ်း ဆုံဂိတ်ကို လာရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းတွေက အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ် LPDF အဖွဲ့ က သိရပါတယ်။ ရွှေကူ – ဗန်းမော်–မန္တလေးကားလမ်းပိုင်းမှာရှိတဲ့ LPDF တွေရဲ့ အထက်လေးလမ်းဆုံဂိတ်ကို စစ်ကောင်စီတပ် အင်အား ၅၀ ကျော်ပါတဲ့စစ်ကြောင်းက မနေ့ နေ့လည် ၁၂ နာရီအချိန်မှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကာကွယ် ရေးတပ် တွေဘက်က ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီးပြန်ဆုတ်သွားတယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။“ပထမတော့ကျွန်တော်တို့ဘက်က ၁၀ ယောက်ပဲရှိတော့ခနပြန်ဆုတ်ပေးလိုက်တာ။ ခနကြာတော့ KIA၊ KPDF တွေထပ်ရောက်လာတော့ ထိုးစစ်ပြန်ဆင်ပြီးမှ သွားတိုက်တာ အထိနာပြီးပြန်ဆုတ်သွားတယ်။ သူတို့အားလုံး ၁၂ ယောက်ထိ တယ် ၈ယောက် ကတော့ကားပေါ်ကိုတင်သွားတယ်။ ကျန်တဲ့လေးယေက်က နည်းနည်းပဲထိသွားတယ်”လို့ သူကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ တပ်မ ၇၇ နှင့် တပ်မ ၈၈ ပူးပေါင်းစစ်ကြောင်းဖြစ်ပြီး KIA ၊ KPDF နှင့် LPDF ပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် မိနစ်သုံးဆယ်ကြာအပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး နောက် အထိနာပြီးပြန်ဆုတ်သွားတယ်လို့သိရပါတယ်။“တိုက်ပွဲက သိပ်တော့မကြာဘူး နေ့လယ် ၁၂ နာရီ ကနေစဖြစ်တာ ၁ နာရီခွဲအထိ မိနစ်သုံးဆယ်ကျော်ပဲကြာတယ် ကျွန်တော်တို့ဘက်ကတော့ တစ်ယောက်ပဲ နည်းနည်းထိထားတယ်”လို့ အထက် တာဝန်ရှိသူကဆက်ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၅ ရက် မ‌နေ့က စစ်ကောင်စီတပ်တွေတိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တဲ့ ရွှေကူ အထက် လေးလမ်းဆုံဂိတ်ဟာ KIA၊ KPDF နဲ့ LPDF တပ်တွေ ၂၀၂၃ ခုနှစ် စက်တင်ဘာလကတည်းက စစ်ဆေးရေးဂိတ်ထိုင်ထားတဲ့နေရာ ဖြစ်ပါတယ်။ https://burmese.kachinnews.com/2024/02/26/zz1-71/
၂၀။ ကော့ကရိတ်မြို့ကို ၆၀ ရာခိုင်နှုန်း သိမ်းပိုက်ထားနိုင်ပြီလို့ တောင်ပိုင်းတိုင်းစစ်ဒေသ ကြေညာ
   February 26, 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက တိုက်ခိုက်နေတာ သုံးလခန့်ကြာမြင့်လာချိန်မှာ မြို့ရဲ့ ၆၀ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားနိုင်ပြီလို့ တောင်ပိုင်းတိုင်းစစ်ဒေသက ဖေဖော်ဝါရီလ ၂၆ ရက် မနေ့က ထုတ်ပြန်ကြေညာပါတယ်။ အဲဒီထုတ်ပြန်ချက်အတိုင်း မှန်ကန်တယ်လို့ SOF အထူးစစ်ဆင်ရေးတပ်ဖွဲ့ တာဝန် ရှိသူ ရဲဘော်အောင်စံရှားက အတည်ပြုပြောကြားပါတယ်။ “မြို့ရဲ့မြောက်ဘက်ခြမ်းတစ်ဖက်နဲ့ တောင်ဘက်ခြမ်းပေါ့နော်။ မြို့ရဲ့ မြောက်ဘက်ခြမ်းမှာ အမှတ် ၃ ဂိတ်တို့ ဘာတို့ကို ကျွန်တော်တို့ တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့အချိန်မှာ ကျားဖြူစစ်ကြောင်းတွေက အဓိကတာဝန်ယူပြီးတော့ နယ်မြေစိုးမိုးရေး ထိန်းချုပ်လုပ်ထားတယ်ပေါ့နော်။ ဒီဘက်အပိုင်းမှာကျတော့ ကျွန်တော်တို့ S.O.S၊ S.O.G၊ ဒေါန (၅၁၀၁) လည်းပါတယ်ပေါ့နော်။ နောက် နဂါးဖြူပေါ့။ အဲ့ဒီစစ်ကြောင်းတွေက နယ် မြေစိုးမိုးထိန်းချုပ်ရေး လုပ်ထား တယ်ပေါ့။ မြို့ဧရိယာရဲ့ အနည်းဆုံး ၆ဝ ရာခိုင်နှုန်းလောက်ရှိပြီ” လက်ရှိမှာ ကော့ကရိတ်မြို့ကိုတိုက်ခိုက်နေတဲ့ KNLA မဟာမိတ် ပူးပေါင်း PDF တပ်တွေကို စစ်ကောင်စီ ခလရ ၉၇ တပ်ဝင်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ခုခံနေပြီး တစ်ပြိုင်နက်မှာ PDF စစ်ကြောင်းတွေဟာ မြို့အပြင်ဘက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်စကခ ၁၂ နဲ့ လှိုင်ဝ အမြောက်ကုန်းတပ်စခန်းတွေကိုလည်း တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲကာလ သုံးလနီးပါး ရှိလာချိန် မှာ စစ်ကောင်စီတပ်ဘက်က ၃၀ ကျော် သေဆုံး ပြီး KNLA မဟာမိတ် ပူးပါင်းတပ်ဘက်ကို လက်နက်ချလာသူ ၁၄ ယောက် ရှိတယ်လို့လည်း ရဲဘော် အောင်စံရှား က ပြောပါတယ်။ အခုလို တိုက်ပွဲ ကာလအတွင်း ကော့ကရိတ် မြို့ပေါ် ရပ်ကွက် ခုနစ်ခုက ဒေသခံ လူသုံးသောင်းကျော် စစ်ဘေးရှောင်နေရပြီး စားသောက်စရာနဲ့ နေရာထိုင်ခင်း ခက်ခဲနေတယ်လို့ လုံခြုံရေးအရ အမည်မဖာ်လိုသူ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် နေရပ်စွန်ခွာ စစ်ဘေးရှောင်နရတဲ့ ဒေသခံ စစ်ဘေးဒုက္ခသည်အစုအဖွဲ့တွေကို KNU မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) လက်အောက်ခံ ပြည်သူလူထုလုံခြုံရေးဌာနတို့ ပူပေါင်းပြီးကူညီနေတယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။ https://www.rfa.org/burmese/program_2/pdf-military-kawkareik-02262024170051.html
၂၁။ ကရင်နီ လယ်တောကြီးစစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာပြတ်နေ 
  February 27, 2024

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ခြမ်းမှာရှိတဲ့ လယ်တောကြီး စစ်ရှောင်စခန်းမှာရှိတဲ့ စစ်ရှောင်တွေ ဟာ အရေးပေါ် စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရ ပါတယ်။ ၂၀၂၂ ခုနှစ် နှစ်စပိုင်းကတည်းက ဖရူဆို၊ ဒီးမော့ဆို၊ လွိုင်ကော်နဲ့ ဘော်လခဲမြို့ကဒေသခံတွေဟာ အဆိုပါ လယ်တောကြီးစစ်ရှောင်နေရာ လမ်းနယ်နိမိတ်မှာ ရွက်ဖျင်တဲတွေထိုးပြီး နေထိုင် နေကြတာပါ။ လယ်တောကြီးစစ်ရှောင်စခန်းမှာ လယ်တော ၁၊ လယ်တော ၂၊ သစ်ယားတော၊ ဆုံစည်းရာဆိုပြီး စစ်ရှောင် စခန်းငယ် ၄ ခုခွဲခြားထားပြီး ၁၈ နှစ်အောက်ကလေးငယ် ၄၆၉  ဦးအပါအ၀င် လူဦးရေ ၁၀၄၇ ဦးနေထိုင်ကြကာ ဒေသတွင်း တော်လှန်ရေးတပ်ပေါင်းစုတွေရဲ့ ညွှန်ကြားချက်အရ နေရပ်ပြန်လို့လည်း မရသေးဘူးလို့ သိရပါတယ်။

စစ်ရှောင်စခန်းနေသူ တဦးက “ဒီးမော့ဆိုမှာက ၂၀၂၁ ခုနှစ် ၅ လပိုင်းကတည်းက စစ်စဖြစ်တာ။ အဲဒီတုန်းက တခါ စစ်ရှောင်ရတယ်။ အဲဒီကနေ အိမ်တွေမှာ ခဏပြန်နေလိုက်သေးတယ်။ တချို့တွေလည်း လယ်ပြန်စိုက်ကြတယ်။ အလှူရှင်မလို ဘဲ စား၀တ်နေရေးအဆင်ပြေတယ် ပြောရမှာပေါ့။ အဲဒီကနေ ၂၀၂၂ ခုနှစ်မှာ စစ်ထပ်ရှောင်ရတော့ အခုနေရာကို ရောက်လာတာ ၂၀၂၄ ဇန်န၀ါရီတုန်းကတော့ တခါအလှူရှင်လာတယ်။ အဲဒီကတည်းကနေ မလာတော့တာ။ အဲဒီတုန်းကလည်း တယောက်ကို ဆန် ၁ ပြည်ရတယ်” လို့ ပြောပါတယ်။ အဓိက ဆန်၊ ဆီ၊ ဆားနဲ့ အမိုးအကာတွေ လိုအပ်နေပြီး ရာသီတုပ်ကွေး၊ ယားနာတွေ ကြောင့် ဆေးကုသဖို့တွေလည်း လိုအပ်နေကြကာ ဆန်ကတချို့တွေဆို စားစရာ လုံး၀မရှိ ကြတော့ဘူးလို့ စစ်ရှောင်စခန်းမှာ နေထိုင်သူတွေကပြောပါတယ်။ https://burmese.dvb.no/post/640485
၂၂။ CNDF ဒုတိယစစ်ဦးစီးချုပ် နှင့် ရဲဘော်များ၏ ရုပ်အလောင်းများ ပြန်မရ၊ စစ်ကောင်စီက မီးရှို့ဖျက်ဆီး
   February 26, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က စခန်းသိမ်းစစ်ဆင်ရေးအတွင်း ကျဆုံးသွားသော CNDF ဒုတိယစစ်ဦးစီးချုပ် နှင့် ရဲဘော်များ၏ ရုပ်အလောင်းများ ပြန်မရဘဲ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က ပြောသည်။ CNO/CNDF ဒုတိယစစ်ဦးစီချုပ် ဆလိုင်းဒေးဗစ်နယူး(ခ) Joshua ၊ ရဲမေ ရွှေနွန်ကိမ် (ခ) A Nge နှင့် ရဲဘော် အာမောစ်ဗန်နိုက်လျန်(ခ) Amos တို့ ရုပ်အလောင်းများကို စစ်ကောင်စီအရာရှိအပါအဝင် ရုပ်အ လောင်းများဖြင့် အလဲအလှယ်ပြုလုပ်ရန် ဆွေးနွေးခဲ့သော်လည်း အစီအစဉ်မဖြစ်မြောက်ခဲ့ကြောင်းသိရသည်။ “အလောင်းက မရတော့ဘူး။ မီးရှို့ ပစ်လိုက်ကြတယ်။ သိပ်ပြီးတော့လည်း မျှော်လင့်ချက်လည်း မထားတော့ဘူး။ အလောင်းကို လဲဖို့ ၊ ဗိုလ်ကြီးတစ်ယောက်ရဲ့ အလောင်းနဲ့ ကျနော်တို့ သုံးယောက်ရဲ့ အလောင်းနဲ့ လဲဖို့ ရှိခဲ့သေးတယ်။ သူတို့ဘက်က ပြန်ရုတ်သွားတယ်။” ဟု CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က ပြောသည်။

ဖေဖော်ဝါရီလ ၂၂ ရက်က ကလေးမြို့နယ်အတွင်းက တပ်ရင်းတစ်ခုမှ ရဲဘော်များနှင့် တွေ့ဆုံအပြီးတွင် ဖေဖော်ဝါရီလ ၂၃ ရက်က သတင်းပေါက်ကြားပြီး အောင်သာယာကျေးရွာအနီးမှာ စစ်ကောင်စီနှင့် ပျူစောထီးများက စောင့်ကြို၍ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ဆိုင်ကယ်တစ်စီးဖြင့် ဒုစစ်ဦးစီးချုပ်နှင့် ရဲဘော်တို့ ပြန်အလာတွင် စောင့်ကြိုတိုက်ခိုက်ခံရမှု ဖြစ်ပွား ရာ ဒုစစ်ဦးစီးချုပ်နှင့် ရဲဘော် တစ်ဦးမှာ တိုက်ပွဲအတွင်း ကျဆုံးခဲ့ပြီး ရဲဘော် အမျိုးသမီးမှာ ခြေထောက်ဒဏ်ရာဖြင့် အဖမ်းခံရ ပြီးနာက် သတ်ဖြတ်ခံလိုက်ရ ကြောင်း သိရသည်။ ဒုတိယစစ်ဦးစီချုပ် တာဝန်ယူထားသူ ဆလိုင်းဒေးဗစ်နယူး(ခ) Joshua သည် စစ်အာဏာသိမ်းပြီးနောက် ဖလမ်းမြို့ လူထုဆန္ဒ ပြပွဲများတွင် ပါဝင်လာခဲ့ပြီး ချင်းလက်နက်ကိုင်တော်လှန်ရေး စတင်ချိန်တွင် ချင်းအမျိုးသားတပ်ဦး CNA/ CNF တွင် စစ်သင်တန်း တက်ရောက်ခဲ့သည်၊၊ ထို့နောက် ဖလမ်းမြို့နယ်အခြေစိုက် CNO/ CNDF ချင်းတော်လှန်ရေးတပ်ဖွဲ့ကို တည်ထောင်ရာတွင် ဦးဆောင်သူများထဲ ပါဝင်ခဲ့ပြီး လက်နက်တပ်ဆင်နိုင်ရေးကိစ္စများအပါအဝင် CNDF ၏ စစ်သင်တန်း အပတ်စဉ်များကို ဦးဆောင်၍ တာဝန်ယူ လုပ်ဆောင်ခဲ့သူဖြစ် သည်။ https://www.facebook.com/ph oto/?fbid=900842535378134&set=pcb.90084361537 8026
၂၃။ မွန်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီ၏ မလွှဲတောင်စစ်ဆေးရေး ဂိတ်ကို ဒရုန်းဖြင့်တိုက်ခိုက်
    February 26, 2024

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကြားရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် မွန်အမျိုးသားနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းထံက သိရသည်။ ရန်ကုန်-ထားဝယ် အမှတ်(၈) အဝေးပြေးလမ်းမပေါ်ရှိ စစ်ကောင်စီကစခန်းချထားသည့် မလွှဲတောင်စစ်ဆေးရေးဂိတ် စခန်းကုန်းကို  SFZ Drone ဖြင့် ဗုံးသီး ခုနစ် လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ဒရုန်းဗုံးသီး နှစ်လုံးမှာ စစ်ဆေးရေးဂိတ်ပေါ်သို့ တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ငါးလုံးမှာလည်း အဆိုပါစခန်းကုန်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“မွန်ပြည်နယ်နဲ့ တနင်္သာရီအစပ်‌ဆိုတော့ သူတို့က အင်အားတော့များတယ်။ ထိခိုက်မှု တွေကတော့ စုံစမ်းဆဲဖြစ်တယ်။ ဗုံးသီးကျရောက်ပေါက်ကွဲတာကတော့ သူတို့ဆီ တည့်တည့် ကျရောက်ပေါက်ကွဲတယ်။ ထိခိုက်ဒဏ်ရာရ သေဆုံးသတင်း က တော့ စုံစမ်းဆဲပါ။ ဒရုန်းမစ်ရှင်လုပ်တုန်းကတော့ လမ်းပိတ်တာမျိုးတွေရှိတယ်။ အခုတော့ လမ်း ပြန်ဖွင့်နေပါပြီ” ဟု ဒေါနစစ် ကြောင်း စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ရန်နိုင် က ပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီဘက်မှ  လက်နက်ငယ်များ ဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သည့်အတွက် ရန်ကုန်-ထားဝယ် အဆိုပါလမ်းပိုင်းမှာ ညနေ ၃ နာရီအထိ ကားလမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ ကြောင်းလည်းသိရသည်။ အဆိုပါတိုက်ခိုက်မှုကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါနတပ်ခွဲ-၄) ဒရုန်းတပ်ဖွဲ့၊ ဒေါန စစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ABSDF ၊ Ye Air Force (YAF) ၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-T1 တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ https://www.facebook.com/photo?fbid=727214676214 221&set=a.583120810623609
၂၄။  ကရင်ပြည်နယ်  ပလောမော်ခို့ ကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ၍  စစ်သုံ့ပန်းတစ်ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ
 February 26, 2024

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)  တပ်မဟာ(၃) ထိန်းချုပ် နယ်မြေဖြစ်သည့် ကျောက်ကြီးမြို့နယ်  ပလောမော်ခို့ ကျေးရွာအနီးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင်  စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် ခဲ့၍  စစ်သုံ့ပန်းတစ်ဦးသေဆုံးပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်မှုများ  ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း  တစ်ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ငါး ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။

“တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေယာဥ်နဲ့ ဗုံးလာကြဲတာ။  လေယာဥ်ပေါ်က စက်သေနတ် တွေနဲ့ပါပစ်တာ။ စစ်သုံ့ပန်းတွေ ထားတဲ့နေရာနဲ့ အခြားတော်လှန်ရေး ရဲဘော်တွေရှိတဲ့နေရာ နှစ်နေရာကို တရစပ်ပစ်တာ။   စုစုပေါင်း လေယာဥ်ပစ်ချိန် လေး နာရီကျော် လောက်ရှိတယ်။ အဓိက ပစ်မှတ်ကတော့ စစ်သုံ့ပန်းတွေ ထားတဲ့နေရာပဲ။  အဲဒါကြောင့်လည်း  KNU က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေ အများဆုံးထိခိုက်တာ”ဟု မြေပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့က တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများသို့ တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ လက်နက်ကြီးများနှင့် ရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့၍  အသက် (၉) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ ကာ ဒေသခံအချို့ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း  သိရသည်။  https://www.facebook.c om/photo?fbid=727261639542858& set=a.583120810623609
၂၅။ ဖားကန့်မှာစျေးဝယ်ထွက်လာတဲ့ ရဲနှစ်ဦးပစ်ခံရပြီးတစ်ဦးသေ တစ်ဦးအရှင်ဖမ်းမိ
   February 26, 2024

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမနက် စျေးထဲမှာစျေးဝယ်ထွက်လာတဲ့ ရဲတပ်သားနှစ်ဦး ပစ်ခတ်ခံ ရပြီး တစ်ဦးသေဆုံးကာ တစ်ဦး အရှင်ဖမ်းမိထားတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက် ၇ နာရီလောက်မှာ စစ်ကောင်စီ ရဲတပ်သားနှစ်ဦး ဆိုင်းတောင်စျေးထဲမှာ အရပ်ဝတ်တွေနဲ့စျေးဝယ်ထွက်လာတဲ့အချိန်မှာ ဖားကန့် PDF ဘက်က ပစ်ခတ်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး နေတစ်ဦးအရှင်ဖမ်းမိသွားတယ်လို့ ဖားကန့် KPDF တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။ ”ဟုတ်ပါတယ် အရပ်ဝတ်တွေနဲ့ထွက်လာတဲ့ချိန်မှာ ဒီဘက်ကသတင်းကြိုရထားလို့စောင့် ပြီးပစ်ခတ်ခဲ့တာ တစ်ယောက်ကတော့ အဲ့မှာပဲ ပွဲချင်းပြီးသေဆုံး သွားပါတယ်။ တစ်ယောက်ကတော့ အရှင်ဖမ်းမိတယ် အခုအပေါ်ကို ခေါ်ထားပါတယ် စိစစ်တုန်း ပါ”လို့ သူကပြောပါတယ်။ အဲ့ဒီရဲတပ်သား နှစ်ဦးဟာ ဆိုင်းတောင်နယ်မြေရဲစခန်းကဖြစ်ပြီး နှစ်ဖက်ပစ်ခတ်မှု ၅ မိနစ်လောက် ကြာမြင့်ခဲ့တယ်လို့သိပါတယ်။

”ဒီဘက်ကနေအရင်စပြီးပစ်ခတ်ခဲ့တာပါ နောက်ဆုံးသူတို့နှစ်ယောက်က ကျည်အရင်ကုန်သွားတယ်ဗျ အရပ်ဝတ်နဲ့လာ တာဟုတ်တယ်”လို့ ဖားကန့် PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ဒေသခံတွေမျက်မြင်ပြောပြချက်အရ သေဆုံးသွားတဲ့ ရဲတပ် သားတစ်ဦး ရုပ်အလောင်းကိုရဲစခန်းက လာရောက်သယ်ယူ သွားတယ်လို့သိရပါတယ်။ ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေး ရွာ ထဲမှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း ရဲတပ်သားသုံးဦးစီးနင်လာတဲ့အိမ်စီးကားကို အမည်မသိလူတစ်စုက ပစ်ခတ်ခဲ့ရာ ရဲတပ်ကြပ်တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=800495782 1 11695&set=a.601270192034256
၂၆။ ရခိုင်မှာ စစ်ဘေးဒုက္ခသည် သုံးသိန်း‌ကျော်လာကြောင်း AA ပြော
   February 27, 2024

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်ကစတင်ခဲ့တဲ့ တိုက်ပွဲသုံးလအတွင်း စစ်ဘေးဒုက္ခသည် သုံးသိန်းခန့် (၂၆၈,၇၃၁) ရှိလာတယ်လို့ ရက္ခိုင့်တပ်တော် (ULA/AA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲမစခင်က စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော် (၆၂,၃၃၂ ဦး) ရှိခဲ့တာကြောင့် ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် စုစုပေါင်း သုံးသိန်းကျော် (၃၃၁,၀၆၇ ဦး) ရှိလာပြီလို့ ဆိုပါတယ်။ စစ်ရှောင် ရတဲ့ မြို့နယ် ၁၂ ခုထဲမှာ ပေါက်တောမြို့နယ်က စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် (၁၁၇, ၅၀၈ ဦး) နဲ့ အများဆုံးဖြစ်ပြီး မြောက်ဦးမြို့နယ်က စစ်ဘေးဒုက္ခသည် လေးသောင်းကျော် (၄၆,၂၉၉ ဦး) နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

HDCO ရဲ့ စစ်ရှောင်ရတဲ့ မြို့နယ်စာရင်းထဲမှာ ချင်းပြည်နယ်၊ပလက်၀မြို့နယ်ပါ ပါ၀င်ပြီး စစ်ဘေးဒုက္ခသည် တစ်သောင်း နီးပါး (၉,၅၇၈ ဦး) ရှိနေပါတယ်။ အဲဒီစစ်ဘေးဒုက္ခသည်တွေဟာ နီးစပ်ရာရွာ၊ စစ်ဘေးဒုက္ခသည်စခန်းနဲ့ ဘာသာရေးအဆောက်အအုံတွေမှာ ခိုလှုံနေရပြီး ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားကို ပြောင်းရွှေ့နေထိုင်ကြသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ရခိုင်တိုက်ပွဲ သုံးလအတွင်းမှာ အရပ်သား တစ်ရာကျော် (၁၁၁ ဦး) သေဆုံးခဲ့ပြီး သုံးရာကျော် (၃၅၇ ဦး) ဒဏ်ရာရရှိခဲ့ တယ်လို့လည်း HDCO က ဖော်ပြထားပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံရတဲ့ အရပ်သား သုံးရာနီးပါး (၂၉၂ ဦး) ရှိခဲ့တယ်လို့လည်း HDCO က ဆိုပါတယ်။ https://www.rfa.org/burmese/news/rakhine-refugees-02262024220924.html
၂၇။ ကလေးမြို့နှင့် ခိုင်ကမ်းမြို့အနီးတိုက်ပွဲပြင်းထန် စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်
   February 26, 2024

စစ်ကိုင်းတိုင်း၊ကလေးမြို့နှင့် ချင်းပြည်နယ် ခိုင်ကမ်းမြို့ ရဲစခန်း တို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့တို့ ယနေ့မနက်ပိုင်းကစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရ သည်။  ကလေးမြို့ခံတစ်ဦးက “အမြောက်ကတော့ မနက်အစောကြီးကတည်းက တောက်လျှောက်ထု နေတယ် ဆက်တိုက်ပဲ၊ တိုက်လေယာဉ်နဲ့မြောက်ပိုင်းလဲလည်းကြဲသွားတယ်၊မြို့ထဲမှာလဲ သူတို့က ကားတွေကို သံပြားတွေနဲ့အပြည့်ကာ ထားတာ သံလုံး ကားလို့ခေါ်ကြတာအဲ့ကားတွေ၊အိမ်စီးကာတွေနဲ့ မြို့ထဲမှာ အရှေ့အ နောက်သွားလိုက်နဲ့ ပြီးရင် ဒကစ ထဲဝင်လိုက် နဲ့ ရူပ်နေ တာပဲ။” ဟု ပြောသည်။ ကလေးမြို့မြောက်ပိုင်းတွင်ရှိသည့် ဆည်တော်ဦးကျေးရွာ၊ ကျောင်းတိုက်ကျေးရွာ၊ အောင်မြင်သာ (သဲကုန်းတန်း) ကျေးရွာနှင့် ကလေး-ချင်းအစပ် ခိုင်ကမ်းမြို့ တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ခိုင်ကမ်းမြိုခံတစ်ဦးက “သောကြာနေ့ မနက်ပိုင်းတုန်းက လူငယ်တွေက ထွက်တော့လို့လာပြောတာ တချို့ကထွက် တယ်၊ မထွက်တဲ့သူတွေလည်း ရှိတယ်၊ ဒီနေ့တော့ဖြစ်ပြီလေ။ ကိုးမိုင်ရဲစခန်းအရှေ့ဖက်မှာ လမ်းကြား ဖက်တွေမှာ လက်နက်ကြီးတွေကျတာ အိမ်တွေလည်း ပျက်စီးတယ်၊ ဘယ်နှစ်အိမ်ပျက်စီးလဲဆိုတာ ထွက်မကြည့်ရဲသေးဘူး။ ဖြစ်နေတုန်းဆိုတော့။” ဟု ပြောသည်။ လက်ရှိတွင် ကလေးမြို့အနောက်ဖက် ကိုးမိုင်တွင်နေထိုင်ကြသည့် ပြည်သူများနှင့် ခိုင်ကမ်းမြို့ခံတို့သည် နီးစပ် တောထဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တိုက်ပွဲအတွင်း ပိတ်မိနေသူများလည်းရှိသည်ဟု ဒေသခံများထံမှ သိရ သည်။ ဖေဖော်ဝါရီလ ၂၁ နှင့် ၂၃ ရက်နေ့ကလည်း ကလေးမြို့ပေါ်နှင့် မြို့အနီးတဝှိက်တွင် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီအခြေစိုက် စခန်းရှိသည့် စက္ကန့်ရွာ၊ကံကြီးရွာနှင့် ကံသာရွာကျေးရွာ တို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ https://www.facebook .com/photo/?fbid=90 0701642058890&set=pcb.900701875392200
၂၈။ လားရှိုးမှာ ပြည်သူ့စစ်တွေက လောင်းကစားဝိုင်းတွေကို မောင်းပြန်သေနတ်ကိုင်ပြီး လုံခြုံရေးယူ
  February 26, 2024

ရှမ်းပြည်မြောက်၊ လားရှိုးမြို့ပေါ်က ရပ်ကွက်တွေမှာ စစ်တပ်ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်ယူနီဖောင်းဝတ်တွေဟာ မောင်း ပြန်သေနတ်တွေကိုင်ပြီး လောင်းကစားဝိုင်းတွေမှာ လုံခြုံရေးယူပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေးကောင်ဂျင်၊ ငါးမန်းဂိမ်း၊ ရှမ်းကိုးမီးနဲ့ဒေသအခေါ်ဂုံးကင်းဟုခေါ်သော ကြိုးနဲ့ဆွဲရတဲ့ ခြောက်ကောင်ဂျင် လောင်းကစားဝိုင်းတွေကို ပြည်သူ့စစ်တွေဟာ ပေါ်ပေါ်ထင်ထင်ပြုလုပ်နေတယ်လို့ လာရှိုးမြို့ခံတွေက ပြောပါတယ်။“ခေးနင်းပြည်သူ့စစ်နာမည်နဲ့ လောင်းကစားဝိုင်း တွေက ရပ်ကွက် (၅/၆/၇)နားမှာ တစ်ဝိုင်းမြို့ပြင်ကားကြီးကွင်းနားက သူတို့ပြည်သူ့စစ်ရုံးမှာ တစ်ဝိုင်းဖွင့်ထားတာ၊ ရိုးရိုးသား သား လောင်းကစားရုံဖွင့်ထားတာမဟုတ်ဘူး ခေးနင်းပြည်သူ့စစ်ယူနီဖောင်းဝတ်ထားပြီး မောင်းပြန်ရိုင်ဖယ်လက်နက်တွေကိုင် ထားတဲ့ ပြည်သူ့စစ် ဆယ်ယောက်လောက်က အစောင့်လုပ်ပြီးကိုဖွင့်နေတာပါ” လို့ လားရှိုးမြို့ သတင်းအရင်းမြစ် တစ်ဦးက ပြောပါတယ်။

အဲ့ဒီ့ ခေးနင်းပြည်သူ့စစ်ကို ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ဖွဲ့စည်းခဲ့ပြီး စစ်တပ်နဲ့အတူ လုံခြုံရေးယူကာ ဒေသကိုကာကွယ်ဖို့ ဖွဲ့ထားတာဆိုပေမယ့် လက်ရှိမှာတော့ လောင်းကစားဝိုင်းတွေကိုသာ ဦးဆောင်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ လောင်းကစား ဝိုင်းတွေကို ဦးဆောင်ပြုလုပ်နေသူဟာ ခေးနင်းပြည်သူ့စစ်လို့ နာမည်ပေးထားတဲ့ အဖွဲ့က ဝဏ္ဏမင်းဆိုသူဖြစ်တယ်လို့ ဆိုပါ တယ်။ အဲ့ဒီ့ ဝဏ္ဏမင်းဆိုသူဟာ စစ်ကောင်စီ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) မှ ဒုတိုင်းမှူးဆိုတဲ့သူကိုလည်း မကြာခဏ ပြောဆို ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။ လားရှိုးမြို့ပေါ် လောင်းကစားရုံတွေကို ရဲ၊ နယ်ထိန်း၊ စရဖတို့ကို လိုင်းကြေးပေးဖွင့် လှစ်ထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ရှမ်းမြောက်တိုက်ပွဲများ မစခင်မှာ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်း တွေဟာ လောင်းကစားဝိုင်းတွေကို စိတ်ကြိုက်ဖွင့်လှစ်ခွင့် ပေးခဲ့တာကြောင့် လားရှိုးမြို့တွင်း ခိုးဆိုးလုနှိုက်မှုတွေပိုများလာတယ် လို့ မြို့ခံတွေက ပြောကြပါတယ်။ https://www.facebook.com/photo/?fbid=426431173076666&set=pcb.42643129987
၂၉။ မှတ်ပုံတင်ပျောက်ဆုံးခြင်း နဲ့ လဲလှယ်ခြင်းကို လုပ်ဆောင်လို့မရတဲ့ ကရင်နီဒေသခံတွေ အခက်အခဲရှိ
   February 26, 2024

ကရင်နီဒေသခံတွေ ကိုင်ဆောင်တဲ့ ၂/ နိုင်ငံသားစိစစ်ရေးကဒ်ပြား ပျောက်ဆုံးခြင်းနဲ့ ၁၈ နှစ်ပြည့် မှတ်ပုံတင် လဲလှယ် ခြင်းကို လုပ်ဆောင်လို့မရတာကြောင့် အခက်အခဲရှိနေတယ်လို့ ရှမ်းပြည်နယ်ကို ရောက်ရှိနေတဲ့ ကရင်နီဒေသခံတွေက ပြောပါ တယ်။ ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဌာနဆိုင်ရာရုံးတချို့က ဝန်ထမ်းတွေကို တောင်ကြီး မြို့မှာ ရုံးလုပ်ငန်းလည်ပတ်နိုင်ဖို့ ရွေ့ပြောင်းထားတယ်လို့ သိရပါတယ်။ နိုင်ငံကူးလက်မှတ်ရုံးနဲ့ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက) ရုံး လုပ်ငန်းတွေ မလည်ပတ်သေးတဲ့အတွက် ခရီးသွားလာတဲ့အခါ အခက်အခဲရှိတယ်လို့ ကရင်နီဒေသခံတစ်ဦးက ပြောပါတယ် “ကားလိုင်စင် သက်တမ်းတိုးတာတော့ရတယ်ဗျ။ အခြားသော အသိ ဌာန ဆိုင်ရာ ဝန်ထမ်းတွေလည်း အလုပ် ဆင်းနေရတယ် ကြားတယ် ၊ အရေးကြီးတဲ့ မှတ်ပုံတင်တွေကျမှ ဘာလို့ မလုပ်ပေးလည်း နားမလည်တော့ဘူး ” လို့ သူက ပြောပါတယ်။

တိုက်ပွဲကြောင့် ရှမ်းပြည်နယ်အတွင်းကို တိမ်းရှောင်ကြတဲ့ ကရင်နီဒေသခံတွေဟာ မှတ်ပုံတင်ပျောက်ဆုံးတာ၊ အိမ်ထောင်စုစာရင်းမရှိတာ၊ အရေးကြီးစာရွက်စာတမ်း မပါလာတာကြောင့် စစ်ကောင်စီရဲ့ စစ်ဆေးရေးအဖွဲ့က စစ်ဆေးတဲ့အခါ အခက်ကြုံရတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် အရေးကြီးတဲ့ မှတ်ပုံတင်လျှောက်ထားတာကို လတ်တလောမှာ မပြုလုပ်ပေးတဲ့ အတွက် နေထိုင်ရေးနဲ့ သွားလာရေးမှာ အခက်အခဲရှိတယ်လို့ တောင်ကြီးမြို့ရောက် ကရင်နီ စစ်ရှောင်တစ်ဦးက ပြောပါတယ် “မှတ်ပုံတင် ပျောက်သွားတော့ ခုကအသစ်လည်း ပြန်လျှောက်မရဘူး။ လမ်းမှာအစစ်အဆေးတွေကလည်း အရမ်းရစ်တယ်။ တည်းဖို့ ဘာညာလည်း အဆင်မပြေနေဘူး”လို့ သူက ပြောပါတယ်။ https://www.kantarawaddytim es.org/%e1%80%9 9%e1%80%be%e1%80%90%e1%80%ba%e1%80%95%e1%80
၃၀။ ချင်းလက်နက်ကိုင်ချင်းချင်း တိုက်ပွဲကြောင့် ဒေသခံတွေ အသက်အန္တရာယ် စိုးရိမ်နေရ
    Febriaru 27, 2024

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာဖြစ်ပွားတဲ့ တိုက်ပွဲကြောင်း ဒေသခံတွေဟာ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ သိရပါတယ်။ ချင်းတော်လှန်ရေး တပ်ဖွဲ့အချင်းချင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွင်း အရပ်သား ထိခိုက်မှု၊ လူနေအိမ် ပျက်စီးမှုတွေ ရှိနေ တာကြောင်း ဒေသခံတွေဟာ အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုမရှိသလို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ “ပြီးခဲ့တဲ့ တိုက်ပွဲ တုန်းက ပါရာရွာက အရပ်သား တစ်ဦးထိခိုက်ဒဏ်ရာရတယ်။ လူနေအိမ် ၁၀ လုံးခန့် ပျက်စီးသွားတယ်။ ပထိန်တလန်ရွာအနီးနား က ကျေးရွာ ၈ ရွာလောက်က တိုက်ပွဲကြောင်း ရွာသားအချို့ တောထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်။ “လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံ ချင်းတော်လှန်ရေးတပ်ဖွဲ့ အချင်းချင် ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့်အရပ်သားတွေ ဖမ်းဆီးမှုရှိသလိုဒေသခံတွေရဲ့ မြန်မာ-အိန္ဒိယ နယ်စပ် အဓိကလမ်းကြောင်းတွေလည်း ပိတ်ထားတာကြောင့် အခြေခံစားသောက် ကုန်တွေ ဆေးဝါးဝယ်ယူခွင့် လည်း ပိတ်ထားတယ်လို့ သိရပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်အပြန်အလှန် စစ်အင်အားဖြည့်တင်းနေကာ စစ်ရေး ပြင်းထန်နေတဲ့ အခြေနေမျိုးမှာ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစပြီး ချင်းတော် လှန်ရေး တပ်ဖွဲ့အချင်းချင်း တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုရှိကာ ယနေ့ထိ စစ်ရေးတင်းမားနေဆဲ ဖြစ်ပါတယ်။ https://www.facebook.com/photo?fbid=742634994634336&set=a.603254745239029
၃၁။ အင်းလေးအရှေ့ဘက်ရွာတွေကို စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူတစ်ဦး ဒဏ်ရာရ
    February 27, 2024

ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးကန်အရှေ့ဘက်ခြမ်းရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရပြီး ဘုရားကျောင်းအပါအဝင် နေအိမ်တံခါးတွေပျက်စီးတယ်လို့ သတင်းရင်းမြစ်တွေထံကသိရပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ ထီရီးဂိတ်စောင့် စစ်ကောင်စီတပ်က ဟိုပန်ရွာနဲ့တောင်ပို့ကွဲ  ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဟိုပန်ရွာဘုရားကျောင်း၊ နေအိမ် ၁ လုံးရဲ့ မှန်တံခါးတွေနဲ့တောင်ပို့ကွဲရွာက အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက လက်နက်ကြီးနဲ့ ၇ လုံးပစ်ခတ်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကျည်စ ထိမှန်ခံရတဲ့အမျိုးသမီးဟာ ဝမ်းဗိုက်၊ ညာပေါင်နဲ့ ဘယ်ခြေသလုံးတွေမှာ ဒဏ်ရာတွေရခဲ့တာလို့ သိရပါတယ်။ အဲလိုပစ်ခတ်ချိန်မှာ ရွာတွေအတွင်း ဌာနေပြည်သူများနဲ့ စစ်ဘေးရှောင်တွေသာ ရှိနေပြီး မည်သည့် တော်လှန်ရေးတပ်ဖွဲ့တွေမှ ရှိမနေသလို ဘာတိုက်ပွဲမှလည်း ရှိနေတာမဟုတ်ပဲ သက်သက်မဲ့ ပြည်သူတွေကို တိုက်ခိုက်တာလို့ ဒေသခံတွေဆီက သိရပါတယ်။ https://www.facebook.com/photo/?fbid=4 26877343032049&set=pcb.426877413032042
၃၂။ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၁၄ ဦးပြန်လည်လွှတ်မြောက်
    February 27, 2024

ဗန်းမော်မြို့ စီဟဲရွာ ၅ မိုင်ဂိတ်မှာ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၁၄ ဦးကို ပြန်လွတ်ပေးလိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီအရပ်သား ၁၄ ဦးဟာပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ စီခမ်းကြီး စခန်းသိမ်းတိုက်ပွဲတွင်း စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စီခမ်းကြီးရွာရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ ပန်တိုင်းရွာ ရွှေကျင်တောကနေ ဗန်းမော်မြို့ ဘက် ထွက်ပြေးတိမ်းရှောင်လာချိန် ဖမ်းဆီးခံရတာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဖမ်းခံရသူတွေထဲက အမျိုးတော်စပ်တဲ့သူ စစ်မှုထမ်းဟောင်းတစ်ဦးဟာ  နာမည်စာရင်းနဲ့တကွ သက်ဆိုင်တဲ့ဗျူဟာမှုးတွေဆီကို ဖမ်းဆီးထားတဲ့ အရပ်သားတွေအားလုံး လွတ်ပေးဖို့တောင်းဆိုခဲ့တဲ့အပြင် ဗန်းမော်မြို့ သိမ်တော်ကြီး စစ်ရှောင်နေရာတွင်း ဝန်ကြီးချုပ်တွေ လာရောက်တွေ့ဆုံချိန်မှာလည်း စီခမ်းကြီးဒေသခံတွေ ထပ်ပြီးတောင်းဆိုခဲ့ တာကြောင့် လွတ်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ဝန်ကြီးချုပ်ခရီးစဉ်မှာပေါ့ ဝန်ကြီးချုပ်က သွားပြီး အလှူငွေတို့ဘာတို့ပေးတာပေါ့ ပေးတဲ့အခါ တင်ပြစရာဘာရှိလဲဆို တော့ စီခမ်းကြီးရွာသားတစ်ယောက်ကနေပြီးတော့ ကျွန်တော်တို့ ရွာသား ၁၄ ယောက် စီဟဲဂိတ်မှာ ဖမ်းခံထားရတာလွတ်ပေး ဖို့ဆိုပြီး တင်ပြလိုက်တာ”လို့ပြောပါတယ်။ အဲ့ဒီဖမ်းဆီးခံရသူတွေထဲက အသက် ၄၄ နှစ်အရွယ် ဦးဝင်းမော်ဆိုသူဟာ အရင်စစ်မှု ထမ်းဟောင်း တစ်ဦးရဲ့ သမက်ဖြစ်ပြီး ရွှေကျင်းထောင်ထားတဲ့သူဖြစ်ကာ စီခမ်းကြီးရွာကသူရဲ့တပည့် ၁၃ ယောက်နဲ့အတူ ဖမ်းခံ ထားရတာ ဖြစ်ပါတယ်။ ဒေသခံတစ်ယောက်ရဲ့ ပြောဆိုချက်အရ လွတ်မြောက်လာသူ ၁၄ ယောက်ထဲက တစ်ယောက်ဟာ ထိုးကြိတ်ရိုက်နှက်ခံထားရတယ်လို့သိရပါတယ်။ စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲတွင်း အရပ်သားတွေထိခိုက်သေဆုံးတာအပြင် ကျေးရွာနေပြည်သူတွေဟာ လက်ရှိထိချိန် ဗန်းမော်မြို့နဲ့ ဘေးလွတ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပါတယ်။ https://burmese.kachinnews.com/2024/02/26/bb1-77/
၃၃။ ပုလောမှာ KNDO နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပေါင်းပြီး စစ်ကြောင်းအသစ်ဖွဲ့
   February 26, 2024

မြိတ်ခရိုင်၊ ပုလောမြို့နယ်က ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါင်းပြီး စစ်ကြောင်းအသစ်ဖွဲ့လိုက်တယ်လို့ ဒုစစ်ကြောင်းမှူး ကိုနေဝန်းက ပြောပါတယ်။ စစ်ကြောင်းကို နဂါးမဲမဟာမိတ်ပူးပေါင်း စစ် ကြောင်းလို့ အမည်ပေးထား ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ကိုနေဝန်းက ဆိုပါတယ်။“အဖွဲ့တွေ အမိန့်တစ်ခုအောက်ကနေ သွားလာ လှုပ်ရှားမယ် စစ်ရေးဖော်ဆောင်တဲ့အချိန်ဆိုရင် စနစ်တကျ စုဖွဲ့ပြီးတော့ သွားနိုင်အောင်ပေါ့ဗျာ။” လို့ ဒုစစ်ကြောင်းမှူး ကိုနေဝန်း က စစ်ကြောင်းဖွဲ့ရခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောပါတယ်။  အခုဖွဲ့စည်းတဲ့စစ်ကြောင်းမှာ KNDO တပ်ရင်း (၇) ရဲ့  တပ်ခွဲ (၁)၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၃)၊ တပ်ခွဲ(၄)၊ တပ်ခွဲ(၅)နဲ့ ဗိုလ်မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပုလောစစ်ကြောင်း- ၁ ၊ ပုလောဒေသပြည်သူ့ ကာကွယ်ရေးအဖွဲ့(PRDF) နဲ့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)တပ်ရင်းတွေပူးပေါင်းဖွဲ့စည်းထားတယ်လို့ ဒုစစ်ကြောင်းမှူးဆီက သိရပါတယ်။

အားလုံးတစ်စုတစ်စည်းတည်း ဖွဲ့စည်းလိုက်တဲ့ နဂါးမဲမဟာမိတ် ပူးပေါင်းစစ်ကြောင်းအတွက် အဘက်ဘက်က လိုအပ် ချက်တွေရှိနေပြီး ထောက်ပို့အားတွေလည်းလိုအပ်နေတယ်လို့ ကိုနေဝန်းက ပြောပါတယ်။  ပုလောမြို့နယ်ထဲမှာ မိကျောင်း စစ်ကြောင်း၊ ပုလောစစ်ကြောင်း-၁ နဲ့ ပူရိယက္ခစစ်ကြောင်းတွေအရင်က ဖွဲ့စည်းခဲ့ဖူးပါတယ်။  တိုင်းရင်းသားလက်နက်ကို တပ်ဖွဲ့ ပါဝင်တဲ့စစ်ကြောင်းတွေကို တနင်္သာရီမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာလည်း ဖွဲ့စည်းထားပါတယ်။ https://www.face book.com/photo?fbid=422760566808365&set=a.196212682796489

၃၄။ စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းပြီး နှစ်ပတ်အကြာမှာ လူငယ်လူရွယ် ၁၀၀ ကျော် PDF Zoland ထံဝင်ရောက်လာ
  February 26, 2024

စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းပြီး နှစ်ပတ်နီးပါးအကြာတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ ZFU/PDF Zoland ထံကို စစ်အာဏာသိမ်းမှုကို တော်လှန်ရန် လူငယ်လူရွယ် ၁၀၀ ကျော် ထပ်မံဝင်ရောက်လာကြောင်း PDF Zoland မှ ပြောရေးဆိုခွင့်ရှိသူ ကိုထော်နီက ပြောသည်။ ဖေဖော်ဝါရီလ ၁၀ ရက် စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းအပြီး ဝင်ရောက်လာသူ များတွင် အမျိုးသမီး ၂၀ ရာခိုင်နှုန်း၊ အမျိုးသား ၈၀ ရာခိုင်နှုန်း ရှိနေပြီး စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှ အများဆုံး ဝင်ရောက်လာ ကာ နယ်မျိုးစုံကလူငယ်လူရွယ်များ ရောက်လာကြကြောင်း ၎င်းကပြောသည်။“အခုတလောက လာဝင်တဲ့လူတွေများနေတယ် ဆိုတော့ အဆောင်တွေရော၊ အစစအရာရာပေါ့နော်။ မိုးကားတွေ တဲတွေဆောက်ဖို့လိုတယ်။ ဖိနပ်တွေ လိုတယ်။အင်္ကျီတွေ လို တယ်။ လက်နက်ပိုင်းရော၊ အစားအသောက်ပိုင်း၊ အဆောင်တွေက အစ ရုန်းကန်နေဆဲပဲ။ အစစအရာရာအတွက် ရုန်းကန်းနေရ ဆဲပဲ” ဟု PDF- Zoland ပြောရေးဆိုခွင့်ရှိ သူကပြောသည်။

လာရောက်ကြသူများတွင် လူငယ်နှင့်ကျောင်းသားပိုများပြီးလူကြီးပိုင်းကနည်းပါးကြောင်း၊ တချို့မှာအသက်မပြည့်သေး သူများပင် လာရောက်ကြသောကြောင့် လက်မခံချင်သော်လည်း ၎င်းတို့မှာအိမ်မပြန်ချင်၍ စခန်းမှာနေခွင့်ပေးထားရကြောင်း သိရသည်။ လက်ရှိတွင် အသစ်ရောက်လာသော ရဲဘော်များအတွက် အဆောင်များ ဆောက်လုပ်ရန် ပစ္စည်းများ၊ အဝတ် အထည်များ၊ လက်နက်ခဲယမ်းများလိုအပ်နေပြီး ယင်းတို့အတွက် ပြည်သူများမှ ထောက်ပံ့ကူညီမှုများ လိုအပ်နေကြောင်းသိရသည်။ စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေနှင့် အကျုံးဝင်နေသည့် လူငယ်လူရွယ်များကို စစ်အာဏာရှင်စနစ် ဖြုတ်ချရေးတွင် ပူးပေါင်း ပါဝင်လာကြရန် ချင်းအမျိုးသားတပ်ဦး – CNF/CNA ကလည်း ထုတ်ပြန်ထားသည်။ https://www.facebook.com/pho to?fbid=900907002038354&set=pcb.900907195371668
၃၅။ ရခိုင်တွင် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်ကြီးများ စစ်ရှုံးနေပြီး အရှုံးသမားကောင်း ပီသအောင်ကြိုးစားရန် AA စစ်ဦးစီးချုပ်ပြော
  February 26, 2024

ရခိုင်တွင် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်ကြီးများစစ်ရှုံးနေပြီးအရှုံးသမားကောင်းပီသအောင်ကြိုးစားရန် ရခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူမှုကွန်ရက် X တွင်သတိပေးရေးသားသည်။ “ခင်ဗျားတို့ရဲ့စစ်ပညာနဲ့ကြိုးစားမှု့ကို လေးစားပါတယ်။ ဒါပယ်မဲ့ လူကြီးမင်းတို့က သေချာပေါက်ရှုံးနေပြီဖြစ်လို့ အရှုံးသမားကောင်း ပီသအောင်ကြိုးစားခြင်းကသာ သင်တို့ရဲ့တစ်ခုတည်းသော အကောင်းဆုံး ‌‌ရွေးချယ်စရာဖြစ်ပါလိမ့်မည်”ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကဆိုသည်။ ရခိုင်ပြည်နယ် တွင် စစ်ရှုံးနိမ့်နေသည့် စစ်ကောင်စီက ရခိုင်ပြည်သူများကို ဖမ်းဆီးမှုများ၊ လေယာဉ်စီးခရီးသည်များကို ဖမ်းဆီးထားခြင်း၊ အဝေး ပြေးကားပေါ်မှ ရခိုင်သွားမည့်ပြည်သူနှင့်လူငယ်များကို ဖမ်းဆီးစစ်ဆေးခြင်းများ၊ ရခိုင်ပြည်နယ်ရှိမြို့အချို့ကို လေ‌ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

” တပ်အချင်းချင်း တိုက်မနိုင်လို့ ဘာလက်နက်မှ မရှိတဲ့ အပြစ်မဲ့ ပြည်သူလူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ် ညစ်လုံးစုံနဲ့ ဆက်ပြီး လက်နက်အားကိုး မိုက်တွင်းနက်နေဦးမယ်ဆိုရင် မင်းတို့ရဲ့ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရင်တောင် ခင်ဗျား တို့ရဲ့ ရှင်ကျန်ခဲ့မယ့် သားသမီးမြေးမြစ်တွေအတွက် သိက္ခာနည်းနည်း ချန်ထားခဲ့သင့်ပါတယ်”ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က‌ရေးသားသည်။ ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် နို၀င်ဘာ တိုက်ပွဲများမစခင်ကလည်း အမ်းမြို့အ‌ခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကိုလည်း အာရုံနောက်မည့်ကိစ္စများ မလုပ်ရန် AA စစ်ဦးစီးချုပ်က သတိ‌ပေးခဲ့ဖူးသည်။ ယင်းသို့ သတိပေးပြီး မကြာမီတွင် ရခိုင်တွင် ၁၀၂၇ စစ်ဆင်ရေးအဖြစ် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ရခိုင်တွင် ‌မြောက်ပိုင်းမြို့များဖြစ်သည့် ပေါက်တော၊ ‌မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ‌မြေပုံမြို့နှင့် ချင်းပြည်နယ် ပလက်ဝြမို့များ ကို သိမ်းပိုက်ထားသည်။ https://www.facebook.com/photo/?fbid=733090 145631913&set=a.585999830340946

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button