ကဗျာ

မပြီးဆုံးသေးတဲ့ ပန်းချီကား

မပြီးဆုံးသေးတဲ့ ပန်းချီကား

နိုင်ငံတော်ဟာ စာအုပ်အစိမ်းကြီးရဲ့အရိပ်မှာ
အခန့်သား ပိတ်လှောင်လို့
ဒီအမှောင်ထုကို ဖြိုခွင်းပစ်ဖို့
လွင့်ကျလာတဲ့မီးစတွေဟာ
မျိုးဆက်တဆက်ချင်းစီရဲ့
အသက်တွေ၊နုပျိုမှုတွေနဲ့ လွတ်လပ်ခွင့်တွေ။

တချက်တချက်ထတောက်တဲ့
မီးတောက်တွေကိုကြည့်ရင်း
ငါတို့မာန်တင်းခဲ့ကြ
ဒီခရီးဟာမနီးဘူး
ယုံကြည်ချက်နဲ့လျှောက်တဲ့လမ်းဟာ
ဘယ်တော့မှမချော့မွေ့ဘူးရဲဘော်
လာပါ.. ငါတို့ရှေ့ဆက်လျှောက်မှဖြစ်မယ်။

စစ်ဝါဒီတွေရဲ့ နောက်ဆုံးခံကတုတ်ကို
နင်းချေပစ်ဖို့
စစ်ဗျူရိုကရက်ယန္တယားရဲ့ခွေးသွားစိပ်တွေကို
ဖြိုဖျက်ပစ်ဖို့
ရှူံးလို့မဖြစ်ဘူးဆိုတဲ့အသိနဲ့
ငါတို့လျှောက်ကြမယ်။

ဓမ္မက အဓမ္မကိုနိုင်တဲ့တနေ့
အာရုံဦးရဲ့လင်းရောင်ခြည်အောက်မှာ
တဖျက်ဖျက်လွင့်လူးနေတဲ့
ခွပ်ဒေါင်းအောင်လံတော်ကို ဦးညွှတ်နိုင်ဖို့
ငါတို့ရှေ့ဆက်လျှောက်မှဖြစ်မယ်ရဲဘော်။

-အခါလွန်မိုး

Related Articles

Back to top button