သတင်း

၄ လအတွင်း လေကြောင်းတိုက်ခိုက်မှု ၇၅၀ ကြိမ်ထိရှိခဲ့

၄ လအတွင်း လေကြောင်းတိုက်ခိုက်မှု ၇၅၀ ကြိမ်ထိရှိခဲ့

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဖေဖော်ဝါရီ ၉၊ ၂၀၂၄

စစ်ကောင်စီက ၄ လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၇၅၀ ထိ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ စောင့်ကြည့် လေ့လာနေတဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလကနေ ဒီဇင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်မှု ဖြစ်စဉ် ၇၅၀ ထိ ရှိခဲ့တာပါ။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေး အဆောက်အအုံ ၅၁ ခု ထိခိုက်ပျက်စီးခဲ့ပြီး စာသင် ကျောင်း ၂၂ ခုနှင့် ဆေးရုံ ၂ ခု ထိ မြင့်တက်ခဲ့ပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ စာရင်းဇယားတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ အတွင်း စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှု အရေအတွက် ၁၆၅၂ ကြိမ်ထိ ရှိခဲ့ပြီး လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် ဘာသာရေး အဆောက်အအုံ ၁၃၇ ခု၊ စာသင်ကျေင်း ၇၆ ခု၊ ဆေးရုံ ၂၈ ခု ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက် ဓါတ်ပုံ – ဉာဏ်လင်းသစ်သုတေသနအဖွဲ့ (ပေးပို့)

စစ်ကောင်စီ၏လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ လေ့လာမှုအစီရင်ခံစာ (၃)

မြန်မာဘာသာဖြင့် – https://bit.ly/3UGULYS

အင်္ဂလိပ်ဘာသာဖြင့် – https://bit.ly/4budnS2

Related Articles

Back to top button