သတင်း

မြဝတီတိုးချဲ့ ရပ်ကွက်ကို စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်

မြဝတီတိုးချဲ့ ရပ်ကွက်ကို စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဖေဖော်ဝါရီ ၂၊ ၂၀၂၄

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် တိုးချဲ့ရပ်ကွက်ကို စစ်ကောင်စီ၏ သင်္ကန်းညီနောင် ဗျူဟာတပ်မှ ယနေ့ နေ့လယ်ပိုင်းတွင် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲ အချိန်မှာ မြဝတီမြို့နယ် ရွှေမြစန္ဒီတိုးချဲ့ ရပ်ကွက်သစ်ကို တော်လှန်ရေးတပ်ဖွဲ့များရောက်ရှိနေပြီးဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

” နေလယ် ထမင်းစားပြီးတော့ ညီနောင်ဝှေ့ရှမ်းလမ်းမပေါ်ရှိ ဗျူဟာတပ်ကနေ လက်နက်ကြီးတွေ စတင်ပစ်လွှတ်တာကို ကြားခဲ့ရတာပါ ” လို့ ဒေသခံတစ်ဦးမှ FJMM ကိုပြောပါတယ်။

အဆိုပါပစ်ခတ်မှုများကြောင့် ထိခိုက်ပျက်စီးမှုကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါ။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများပစ်ခတ်ပြီးနောက် နှစ်ဖက်ထိတွေ့ တိုက်ပွဲများဆက်လက်ဖြစ်ပွားလျှက်ရှိကာ မြဝတီ – သင်္ကန်းညီနောင် အာရှလမ်းမကြီးကိုလည်း ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲများကြောင့် ညီနောင်တိုးချဲ့မြို့သစ် (ရွှေမြစန္ဒီ) က ပြည်သူတွေကတော့နေရပ်ပြောင်းရွှေ့ကာနီးစပ်ရာ စစ်ရှောင်စခန်းတွေမှာ ပြောင်းရွှေ့နေထိုင် နေကြတယ်လို့ သိရပါတယ်။

သင်္ကန်းညီနောင်မြို့ခံများမှာလည်း တိုက်ပွဲဖြစ်ပွားရာဒေသနဲ့ နီးစပ်ရာမှာ တည်ရှိနေခြင်းကြောင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို စိုးရိမ်နေရတယ်လို့ သိရပါတယ်။

Photo – CJ

Related Articles

Back to top button