သတင်း

နမ့်ဆန်မှာ လေကြောင်းဗုံးကြဲခံရလို့ TNEC က ဆရာ/ဆရာမ ၅ ဦးသေဆုံးပြီး အရပ်သား ၆ ဦးဒဏ်ရာရ

နမ့်ဆန်မှာ လေကြောင်းဗုံးကြဲခံရလို့ TNEC က ဆရာ/ဆရာမ ၅ ဦးသေဆုံးပြီး အရပ်သား ၆ ဦးဒဏ်ရာရ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၈၊ ၂၀၂၄

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆမ်မြို့နယ် မြို့သစ်ကျေးရွာမှာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရလို့ တအာင်း အမျိုးသား ပညာရေးကော်မတီ (TNEC) က ဆရာ/ဆရာမ ၅ ဦး သေဆုံးခဲ့ပြီး အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိ ခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ပါတယ်။

ယမန်နေ့က ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီ ၃၅ မိနစ်ခန့်မှာ မြို့သစ်ကျေးရွာထဲဦးတည်ပြီး စစ်ကောင်စီ စစ်တပ်က ဂျက်ဖိုက်တာဖြင့် (၂)ကြိမ်၊ ဗုံး (၅)လုံးတိတိ လာရောက် ဗုံးကြဲတိုက်ခိုက် ခဲ့တာပါ။

အဲဒီလေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် စာသင်ကျောင်း နဲ့ လူနေအိမ် ၇ လုံးပါ ပျက်ဆီးခဲ့ ရသလို စာသင်ကျောင်း အတွင်းက TNEC ကျောင်းဆရာ/ဆရာမ ၅ ဦး ထိခိုက်သေဆုံးခဲ့ပြီး အရပ်သား ၆ ဦး ကျည်စ ထိမှန်ကာ ပြင်းထန်တဲ့ ဒဏ်ရာများ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အခုတော့ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် မြို့သစ်ကျေးရွာအပါအဝင် အနီးတဝိုက်က အရပ် သားတွေဟာ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီ ပေးနေတဲ့ တအာင်း အမျိုးသမီး အဖွဲ့အစည်း (TWO) က သတင်းထုတ်ပြန် အသိပေး ထားပါ တယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီ စစ်တပ်က ပထမအကြိမ် လေကြောင်း ကနေ ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့ပြီး ၇ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဓာတ်ပုံ – TNLA / ဇန်နဝါရီလ ၇ ရက်နေ့၊ နမ့်ဆန်မြို့ မြို့သစ်ရွာ ဒုတိယအကြိမ် လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှုမြင်ကွင်း။

Related Articles

Back to top button