ပေါ့ကပ်စ်

တော်လှန်ရေးမှာ အလုပ်သမားတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍ | အပိုင်း ၁

တော်လှန်ရေးမှာ အလုပ်သမားတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍ | အပိုင်း ၁

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၂၀၊ ၂၀၂၃

အဓိကာရပေါ့ကတ်ရဲ့ ကနေ ပြန်လည်ကြိုဆိုပါတယ်။ မြန်မာ့ နွေဦးတော်လှန်ရေးမှာ အလုပ်သမား တွေဟာ ကနဦးအစ လမ်းမထွက်ဆန္ဒပြပွဲတွေမှာလည်း ရှေ့ဆုံးက ပါဝင်ခဲ့တဲ့ အစုတွေထဲက တခု ဖြစ်သလို တော်လှန်ရေးအစကနေ ခုချိန်ထိ အခန်းကဏ္ဍ ကနေ အစဥ်တစိုက် ပါဝင်လာကြသူတွေ ဖြစ်ပါတယ်။ တော်လှန်ရေးမှာ ပါဝင်ရာမှာ အလုပ်သမား တွေအနေနဲ့ အခက်အခဲ၊ စိန်ခေါ်မှုနဲ့ ခြိမ်းခြောက်မှုအန္တရာယ်တွေလည်း အမျိုးမျိုးကြုံတွေ့ခဲ့ကြရပေမဲ့ ခုချိန်ထိလည်း ပါဝင်နေကြဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီတပတ် Episode 11 မှာတော့ အလုပ်သမားအရေးလှုပ်ရှားသူလည်းဖြစ်၊ အလွတ်တန်း သုတေသီတဦးလည်းဖြစ်တဲ့ ကိုမောင်ကို အဓိကာရက ဖိတ်ခေါ်ပြီး ဆွေးနွေးထားပါတယ်။

အခုအစီအစဉ်ကိုတော့ လူထုအသိပညာ တိုးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာများကို လေ့လာခွင့် ရရှိ စေဖို့ ရည်ရွယ်ကာ အဓိကာရ(Adhikāra)က စီစဉ်ပြီး FJMM ကလည်း ပူးပေါင်း တင်ဆက်ပေးနေ တာ ဖြစ်ပါတယ်။

အခုတင်ဆက်နေတဲ့ အစီအစဉ်များကိုတော့ အဓိကာရ(Adhikāra)ရဲ့ မိတ်ဖက် သတင်း မီဒီယာများရဲ့ သတင်း ကွန်ရက် စာမျက်နှာများမှာလည်း သွားရောက် နားဆင်နိုင်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အဓိကာရ(Adhikāra)ရဲ့ တင်ဆက်ထားတဲ့ Podcast အစီအစဉ်အားလုံးကိုတော့ ကွန်းမန့်က လင့်ခ်မှာ တစုတစည်းတည်း သွားရောက် နားဆင်နိုင်ပါတယ်။

Related Articles

Back to top button