သတင်း

လောင်းလုံးမြို့နယ်ရဲစခန်းအတွင်း ပစ္စည်းခွဲဝေနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

လောင်းလုံးမြို့နယ်ရဲစခန်းအတွင်း ပစ္စည်းခွဲဝေနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ဖက်ဒရယ်ဂျာနယ်၊မြန်မာ
ဒီဇင်ဘာ ၁၇၊ ၂၀၂၃

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မြို့မ ရဲစခန်းအတွင်း ပြည်သူထံမှ ဓားပြတိုက်လာသောပစ္စည်းများကို ဝေစုခွဲနေချန် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) မှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီတွင် လောင်းလုံးမြို့မ ရဲစခန်းအတွင်းသို့ LLPDF မှာ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦးနှင့် ရဲတပ်သား ၁ ဦးသေဆုံးပြီး ၈ ဦး အပြင်းအထန် ဒဏ်ရာ ရခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုစစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များဟာ လောင်းလုံးမြို့နယ် အောက်ပိုင်းရှိ စစ်ပြဲကျေးရွာ နှင့် ပြင်းထိန်ကျေးရွာ ကို ဒီဇင်ဘာလ ၁၅ရက်နေ့ နံနက် ၆:၀၀ နာရီခန့်တွင် စစ်ကြောင်းဝင်ရောက်ခဲ့ပြီး ကျွေးရွာရှိ ပြည်သူများထံမှာ ရွှေငွေ နှင့် ဆိုင်ကယ် (၂၇) စီးကို အတင်းအဓမ္မ သိမ်းယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

Photo – LLPDF

Related Articles

Back to top button