သတင်း

သထုံမှာ စစ်ကောင်စီ၏ လက်နက်ကြီးကျလို့​အရပ်သား သေဆုံးပြီး၊ နေအိမ်ထိခိုက်ပျက်စီး

သထုံမှာ စစ်ကောင်စီ၏ လက်နက်ကြီးကျလို့​အရပ်သား သေဆုံးပြီး၊ နေအိမ်ထိခိုက်ပျက်စီး

ဖက်ဒရယ်ဂျာနယ်၊မြန်မာ
ဒီဇင်ဘာ ၁၄၊ ၂၀၂၃
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရ ရှိခဲ့တယ်လို့ KNU ဗဟိုမှ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၇ ရက်နေ့တွင် စစ်ကောင်စီ၏ အမတ-၁၃၄ တပ်ရင်းမှ လက်နက်ကြီး ၂၃ လုံးပစ်ခတ်ခဲ့ရာ အောင်ပန်းကုန်းကျေးရွာအနီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
အဆိုပါလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အဝန်းကြီးကျေးရွာမှ ဆိုင်ကယ်စီးနင်းလာခဲ့တဲ့ စောလော်လှ(အမည်လွဲ)
၏ ဦးခေါင်းနှင့် ခြေထောက်တို့ကို ထိမှန်ကာ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ထို့ပြင် ရွှေရောင်ပြကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူပိုင် နွား ၃ ကောင်ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။
ဒီဇင်ဘာလ ၇ ရက်နေ့အတွင်းမှာပင် စစ်ကောင်စီတပ် ခမရ-၉ မှ လက်နက်ကြီး ၁၇ လုံးပစ်ခတ်ခဲ့ရာ ရွှေရောင်ပြကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၅ လုံး ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့က စစ်ကောင်စီတပ် အမတ-၃၁၄ နှင့် ခလရ-၈ တပ်ရင်းတို့မှ လက်နက်ကြီး ၃၁ ပစ်ခတ်ခြင်းလည်း ရှိခဲ့ပါတယ်။
ထိုလက်နက်ကြီးမှာ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြိး ပြည်သူနေအိမ် ၄ လုံးထိခိုက်ပျက်စီးခဲ့ရပါတယ်။

Photo – KNU

Related Articles

Back to top button