သတင်း

နှုံးဘူး စစ်တပ်ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် အပြီးသတ်သိမ်းပိုက်

နှုံးဘူး စစ်တပ်ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် အပြီးသတ်သိမ်းပိုက်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၁၂၊ ၂၀၂၃

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက စစ်ကောင်စီရဲ့ ဗျူဟာကုန်းဖြစ်တဲ့ ” နှုံးဘူး” တပ်စခန်းကို ရက္ခိုင့် တပ်တော်(AA)က စတင်ထိုးစစ်ဆင်တိုက်ခဲ့ပြီး ၂၇ ရက်မြောက်နေ့မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ တယ် လို့ ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

” နှုံးဘူး ” ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်မှ နိုဝင်ဘာလ ၁၄ ရက်နေ့ကစပြီး ထိုးစစ်ဆင် တိုက်ခိုက် ခဲ့တာဖြစ်ကာ ဒီဇင်ဘာလ ၁၀ ရက်နေ့ ည (၁၁) နာရီ ( ၄၅) မိနစ်မှာ အပြီးသတ် သိမ်းပိုက် ရရှိခဲ့ တာ လို့ဆိုပါတယ်။

အဆိုပါ ဗျူဟာကုန်းအား သိမ်းပိုက်ရမိချိန်မှာ ဗျူဟာမှူးရဲ့ အလောင်းအပါအဝင် စစ်ကောင်စီ တပ်သားတွေရဲ့ အလောင်းတချို့၊ လက်နက်ခဲယမ်း အမြောက်အမြားတို့ကိုလည်း သိမ်းပိုက် ရရှိခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော်(AA)ဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ” တရွန်အိုင်ဗျူဟာ” နဲ့ ” နှုံးဘူးဗျူဟာ” စခန်းနှစ်ခုအား နိုဝင်ဘာလ ၁၄ ရက်နေ့က စပြီး ရှေ့ဆင့် နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ တာ ဖြစ်ပြီး ရဟတ် ယာဉ်ကွင်း (၂) ကွင်းပါရှိတဲ့ ” တရွန်အိုင်ဗျူဟာကုန်း” ကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။

“နှုံးဘူး” ဗျူဟာကုန်းစခန်းကို သိမ်းပိုက်ရရှိရေးအတွက် ရက္ခိုင့်တပ်တော်မှ မရပ်မနား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဖက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ကူပေးမှုတွေနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်သူလူထုတွေကို နှစ်ရှည်လများ ဒုက္ခပေးနေတဲ့ ” နှုံးဘူးဗျူဟာကုန်း” စခန်းသိမ်းတိုက်ပွဲအတွင်း အသက်၊ ခန္ဓာ၊ သွေး၊ ချွေး ရင်းနှီးစွာပေးဆပ်ခဲ့ရတဲ့ အရက္ခစစ်သည်တော်‌တွေ အားလုံးကို လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဓါတ်ပုံ – AA

Related Articles

Back to top button