သတင်း

လောက်ကိုင်မြို့ကို သိမ်းနိုင်ဖို့ နီးစပ်နေပြီလို့ MNDAA အသိပေး

လောက်ကိုင်မြို့ကို သိမ်းနိုင်ဖို့ နီးစပ်နေပြီလို့ MNDAA အသိပေး

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၇၊ ၂၀၂၃

ကိုးကန့်ဒေသ ပြန်လည် ထူထောင်ရေးနိုင်အတွက် အဓိကကျတဲ့ လောက်ကိုင် မြို့ ကို သိမ်းနိုင်ဖို့ နီးစပ်နေပြီး စစ်ကောင် စီတပ်စခန်း ၄ ခုသာ ကျန်ရှိတော့ တယ်လို့ MNDAAမှ ဒီဇင်ဘာလ ၆ ရက်က အသိပေး ထုတ်ပြန် ထားပါတယ်။

လောက်ကိုင်မြို့ရှိ စစ်တပ်ရဲ့ အရေးကြီးသော High Point တစ်ခုဖြစ်တဲ့ တာရင်တောင် စစ်ကောင်စီ တပ်စခန်းကို ဒီဇင်ဘာလ ၆ရက်က MNDAA က အောင်မြင်စွာသိမ်းယူ နိုင်ခဲ့ပြီးနောက် အဲဒီလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

တာရင်တောင်တပ်စခန်းကို ဒီဇင်ဘာလ ၃ရက်က စတင်ထိုးစစ်ဆင် တိုက် ခိုက်ခဲ့တာဖြစ်ပေမယ့် ဒီဇင်ဘာလ ၆ရက်မှသာ အပြီးသတ် သိမ်းပိုက် နိုင်ခဲ့ တာဖြစ်ပြီး စစ်သုံ့ပန်း ၁၁ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတပ်စခန်းကိုသိမ်းပိုက်ပြီးနောက်မှာ ကိုးကန့်ဒေသတွင်း မီရှင့်ကုတ် ၊ နန်ထင်မိန် ၊ ရန်လုံကျိုင့် နဲ့ တာရွှေထန်စတဲ့ တပ်စခန်းတွေသာ ကျန်ရှိ တော့သလို လောက်ကိုင်မြို့ကို ပတ်ပတ်လည် ပိတ်ဆို့ ထားပြီဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုန်ကြမ်းမြို့သိမ်းတိုက်ပွဲမှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်-စကခ (၁၂) မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်းဟာ ဒီဇင်ဘာ ၆ ရက်နေ့မှာ MNDAA က နယ်မြေရှင်းလင်းစဉ်မှာ ပစ်ခတ်ခံရပြီး သေဆုံး သွားတယ်လို့ ကိုးကန့်တပ်က ဒီကနေ့မှာ အတည်ပြုထုတ်ပြန် ထားပါတယ်။

ဓါတ်ပုံ – The Kokang

Related Articles

Back to top button