ရဟတ်ယာဉ်ကွင်း (၂)ခုရှိတဲ့ “တရွန်အိုင်ဗျူဟာ” တပ်စခန်းကြီးကို AA သိမ်းပိုက်
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၆၊ ၂၀၂၃
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ဟတ်ယာဉ်ကွင်း (၂)ခုရှိတဲ့ “တရွန်အိုင် ဗျူဟာ” တပ်စခန်းကုန်ကြီး တစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီလို့ ယမန်နေ့ ဒီဇင်ဘာ ၅ ရက်ညပိုင်းမှာ ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန် ထားပါတယ်။
နိုဝင်ဘာလ ၁၄ ရက်မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ အဲဒီဗျူဟာကုန်းကို ၂၁ ရက်ကြာ ထိုးစစ်ဆင် ပြီးနောက် ထိုက်သင့်တဲ့ပေးဆပ်မှုနှင့်အတူ ဒီဇင်ဘာလ ၄ ရက်နေ့မှာတော့ သိမ်းပိုက်ရယူခဲ့တယ်လို့ ဆိုပါတယ်။
“တရွန်အိုင်ဗျူဟာ” တပ်စခန်းကုန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းတို့လည်း သိမ်းဆည်းရမိတယ်လို့ပြောပေမယ့် အသေး စိတ် ထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။
အဲဒီ ထိုးစစ်ကာလအတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသော ဗုံးများဖြင့် နေ့၊ ည ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် တဆက်စပ်တည်း လက်ဝမြို့နယ်ထဲက စစ်ကောင်စီရဲ့ “နှုံးဘူးဗျူဟာကုန်း”ကိုလည်း AA က အပြီးသတ်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိနေတယ်လို့ ပြောပါတယ်။
အုတော့ တကျော့ပြန် ရခိုင်ဒေသနဲ့ နယ်စပ်ချင်းဒေသတွေက စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နှစ်ဖက်တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်နေပြီး ရခိုင်ပြည်ထဲက ပေါက်တော မြို့ပေါ် တိုက်ပွဲကလည်း ရက်ပေါင်း ၂၀ ခန့်ထိ ရှိလာပြီ ဖြစ်ပါတယ်။
ဓါတ်ပုံ – AA