သတင်း

NUG နှင့် KPICT တို့ တွေ့ဆုံ

NUG နှင့် KPICT တို့ တွေ့ဆုံ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၁ ၊ ၂၀၂၃
 
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) မဟာမိတ်ဆက်ဆံရေးကော်မတီနှင့် ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် အပါအဝင် ကချင်နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (Kachin Political Interim Coordination Team – KPICT) တို့ကြား ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းမှာ အွန်လိုင်းကနေတဆင့် တွေ့ဆုံဆွေးနွေး ခဲ့တယ်လို့ NUG ဘက်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
 
တော်လှန်ရေးကာလအတွင်း စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းအရပ်ရပ်အား ဆွေးနွေး သုံးသပ်ခဲ့ကြပြီး၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းရန်၊ တော်လှန်ရေး အောင်မြင် ရေးအတွက် လက်တွဲ ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဆွေးနွေးပွဲထဲမှာတော့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်နှင့်အတူ KPICT ဥက္ကဋ္ဌ ဦးတူးရှန်တို့ ဦးဆောင်တဲ့ အဖွဲ့ဝင် များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီမှ အဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ အကြံပေးများနှင့် အတွင်းရေးမှူးများ ပါဝင်တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
 

ကချင်နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(KPICT) ဘက်ကို FJMM က ဆက်သွယ်မေးကြည့်ခဲ့ပေမယ့် နှစ်ဖက် အင်အားစုတွေကြား တွေ့ဆုံခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သတင်း ထုတ်ပြန်မှုကိုတော့ NUG ဘက်ကတာ တာဝန်ယူထားတာ ဖြစ်တယ်လို့ တာဝန်ရှိသူတဦးက အကြောင်းပြန်မှု ရှိခဲ့ပါတယ်။

Related Articles

Back to top button