သတင်း

လွိုင်ကော်ရပ်ကွက်တချို့တွေမှာ အိမ်ဖောက်ခိုးယူမှုတွေဖြစ်ပွားနေ

လွိုင်ကော်ရပ်ကွက်တချို့တွေမှာ အိမ်ဖောက်ခိုးယူမှုတွေဖြစ်ပွားနေ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၂၄၊ ၂၀၂၃။
 
ယခုရက်ပိုင်းအတွင်း ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ထဲ ရပ်ကွက်တချို့တွေမှာ လူငယ်တချို့ အုပ်စုဖွဲ့ပြီး အိမ်တွေလိုက်ဖောက်ကာ ခိုးယူမှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ရက်တွေမှာဘဲ အိမ်တွေလိုက်ဖောက် ခိုးယူတဲ့အုပ်စုတွေကို ဖမ်းမိတာတွေရှိခဲ့ပြီး အရေးယူ တာတွေ၊ နယ်နှင်ဒဏ် ပေးတာတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။
 
ဒေသခံတဦးမှ ” ကျနော်တို့ ရပ်ကွက်ထဲမှာဘဲ ဖမ်းမိတာ (၁၀)ယောက်ကျော်တယ်လို့သိရတယ်၊ တခြား ရပ်ကွက်တွေမှာလည်း (၆)ယောက်၊ (၃)ယောက် အဲလိုအုပ်စုလိုက် ဖမ်းမိတာလည်း ရှိတယ်လို့ကြားရ တယ်” လို့ ပြောပါတယ်။
 
တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရကာ အိမ်ပိုင်ရှင်တွေမရှိတာကို အခွင့်ကောင်းယူပြီး ရည်ရွယ်ချက်ရှိရှိ အိမ်ဖောက် ခိုးယူနေတာလို့လည်း ဒေသခံတွေကပြောပါတယ်။
 
လွိုင်ကော်မြို့တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် ရေယို၊နာနတ်တော၊ ထေးဌားလျား၊ နောင်ယား(က)(ခ)၊ ဘာဒို၊ ဒေါဥခူ၊ မင်းစု နှင့် တခြားရပ်ကွက် တွေက ထွက်ပြေးတိမ်းရှောင် နေရပါတယ်။
 
စစ်ရှောင်ရတာကတဖက် အနောက်ကနေအိမ်တွေအဖောက်ခံရ အခိုးခံရတာတွေရှိနေတာကြောင့် တပူပေါ်တပူထပ်ဆင့် ခံစားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဓါတ်ပုံ – Getty / လွိုင်ကော်မြို့ပေါ် ရက်ကွက်တခုမြင်ကွင်း။

Related Articles

Back to top button