သတင်း

ရခိုင်မှာ AA ရဲ့ စစ်ဆင်ရေး ၁၀ ရက်အတွင်း စစ်တပ်စခန်း ၄ ခု တိုက်ခိုက်သိမ်းပိုက်

ရခိုင်မှာ AA ရဲ့ စစ်ဆင်ရေး ၁၀ ရက်အတွင်း စစ်တပ်စခန်း ၄ ခု တိုက်ခိုက်သိမ်းပိုက်၊

စစ်သားများက စခန်း ၄၀ ကျော် စွန့်လွှတ်မှုရှိလာ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၂၂၊ ၂၀၂၃

ရခိုင်ဒေသမှာ နိုဝင်ဘာ ၁၃ ရက်နေ့က စတင်တဲ့ ရက္ခိုင့်တပ်တော်(AA) ရဲ့ စစ်ဆင်ရေး ၁၀ ရက်အတွင်း စစ်ကောင်စီရဲ့ စစ်တပ်စခန်း ၄ ခုကို တိုက်ခိုက် သိမ်းပိုက် ထားနိုင်သလို စစ်ကောင်စီ စစ်သားများက စခန်းပေါင်း ၄၀ ကျော် စွန့်လွှတ်ခဲ့လို့ AA က သိမ်းဆည်း ထားနိုင်ခဲ့တယ်လို့ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့မှ အသိပေး ထုတ်ပြန်ပါတယ်။

ရက္ခိုင့်တပ်တော်(AA) က သိမ်းပိုက်ထားတဲ့ တပ်စခန်းမျာဟာ ရသေ့တောင် မြို့နယ်ထဲက ဒုံးပိုက်နယ်ခြားစောင့် တပ်စခန်း၊ “ချိန်ခါလီ”နယ်ခြားစောင့် တပ်စခန်း၊ မောင်တောအခြေစိုက် “ဒုံးညို”နယ်ခြားစောင့်တပ်စခန်း၊ ချင်းပြည် နယ်၊ ပလက်ဝမြို့နယ်ထဲက“တရွန်အိုင်ဗျူဟာ” နှင့် “နှုးဘူးဗျူဟာ” တပ်စခန်း တို့ကို တိုက်ခိုက် သိမ်းဆည်းနိုင်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် စခန်းသိမ်း တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဖွဲ့များက လူသားဒိုင်း ကာအဖြစ် အသုံးပြုဖို့ ဓါးစာခံ ဖမ်းဆီးထားတဲ့ ပေါက်တောမြို့ထဲက ရဟန်း သံဃာများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေး သူငယ်များအပါအဝင် မြို့ခံ (၁၀၀) ခန့်ကိုလည်း လွတ်မြောက်အောင် ရက္ခိုင့် တပ်တော်(AA) က ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ပြန်လည် ကယ်ဆယ် ပေးနိုင်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်းကျေးရွာ လမ်းသုံးခွဆုံ အနီးမှာလည်း ထီးချိုင့်မြို့ အခြေစိုက် ခမရ (၃၆၇) တပ်ရင်း နှင့် ရက္ခိုင့် တပ်တော်(AA) တပ်ဖွဲ့တို့ကြား နိုဝင်ဘာလ (၂၁) ရက်နေ့ နေ့လယ် (၁၂) နာရီ (၁၅) မိနစ်ခန့်က စတင်ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – AA Info Desk

Related Articles

Back to top button